no

Font
Theme

Chapter 34.1

“ကျွန်တော်က အသက်နှစ်ဆယ်ရှိပြီ”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏စကားကြောင့် ထိတ်လန့်သွားပြီး သူ့ကိုအပေါ်အောက်စစ်ဆေးကြည့်လိုက်သည်။ “မင်းကိုထိသွားသေးလား?”

ရှန်းယုဟန်က ခေါင်းခါလိုက်ပြီး သူ့ရှေ့က ဂျူနီယာညီမလေးကို ကြည့်နေသည်။

ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာ သူဘာကိုဆိုလိုတာလဲ နားလည်သွားပြီး စိတ်ထဲကနေ ရေးတေးတေးပျော်ရွှင်နေသည်။ ရှန်းယုဟန်က သူ့အနားကလူတွေကို ဂရုစိုက်လာခဲ့ပြီ။ ထို့နောက် သူက သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

“ဒါက ငါရဲ့ကောလိပ်က ဂျူနီယာညီမလေး.. နဥ်ချုံ”

လှပသောဂျူနီယာညီမလေး၏ မျိုးရိုးနာမည်က နဥ်ဖြစ်ပြီး သူမနာမည်က ချုံဖြစ်သည်။ သူက ရှန်ချီဟွမ်း၏ ကောလိပ်ဒုတိယနှစ်က တွေ့ဆုံခဲ့သည့် ဂျူနီယာညီမဖြစ်ပြီး ဆရာတူတာကြောင့် နှစ်ယောက်သားက သိကျွမ်းလာခဲ့သည်။ သူတို့ကောလိပ်တက်စဥ်က သူတို့၏အကျိုးစီးပွားအတွက် အဖွဲ့တစ်ခုတည်ထောင်ကာ ဉာဏ်ရည်မြင့်ဆော့ဖ်ဝဲတစ်ခုကို တီထွင်ခဲ့ပြီး နောက်တော့ လုပ်ငန်းနယ်ပယ်က ခက်ထန်သောပြိုင်ဘက်တစ်ဦးကြောင့် သူတို့က စျေးကွက်ကနေ ဖြည်းဖြည်းချင်း နှုတ်ထွက်ခဲ့ပြီး သူတို့၏ သီးခြားအသက်မွေးဝမ်းကြောင်းတစ်ခုစီကို ရွေးချယ်ခဲ့သည်။

အဖွဲ့မှနှုတ်ထွက်ပြီးနောက် ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း ထောက်ပံ့ခဲ့သော စွန့်ဦးလုပ်ငန်းရန်ပုံငွေကို အသုံးပြုကာ လက်ရှိကုမ္ပဏီကိုတည်​ထောင်ခဲ့ပြီး သူ့ကုမ္ပဏီက ဒီနေ့လို တိုးတက်အောင်မြင်လာခဲ့သည်။ ထိုတည်ထောင်မှုလုပ်ငန်းစဥ်မှာ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပေမယ့် တည်ငြိမ်မှုလည်းရှိခဲ့သည်။ ထိုလုပ်ငန်းတည်ထောင်ဖို့ ရန်ပုံငွေကြောင့် သူက ရှန်ထျန်းဖုန်း၏ အကျပ်ကိုင်တာကို ခံခဲ့ရပြီး ရှန်းယုဟန်ကို လက်ထပ်ဖို့ သဘောတူသည့် အခြေအနေသို့ရောက်ခဲ့ရသည်။ ရှန်ချီဟွမ်းက သူ့မျိုးရိုးနာမည်ရှန်ကြောင့် ရှန်မိသားစု၏လှေပေါ်မှာ တစ်သက်လုံးချည်နှောင်ခံရတော့မည်ဟု တွေးခဲ့ဖူးသည်။

နဥ်ချုံက ထက်မြက်ပြီး အမှီအခိုကင်းသော အမျိုးသမီးဖြစ်ပြီး သူမမှာ သူမကိုယ်ပိုင်အတွေးရှိသည်။ သူမ၏မိဘနှစ်ပါးလုံးက ပညာတတ်များဖြစ်ကြသည်။ သူမက ရှန်ချီဟွမ်းလို ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ မရွေးချယ်ခဲ့ပေမယ့် ဘွဲ့ရပြီးနောက် သူမက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီငါးရာ စာရင်းဝင်ခဲ့ပြီး ထိပ်တန်းအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေခဲ့သည်။ သူမက သုံးဆယ်မပြည့်သေးပေမယ့် သန်မာပြီး နာမည်ကြီးသော အမျိုးသမီးဖြစ်သည်။

သူမနဲ့ရှန်ချီဟွမ်းက အဆက်အသွယ်ရှိကြပြီး ရံဖန်ရံခါ သူမက ကျန်းချန်ကိုလာရင် သူတို့နှစ်ယောက်က နေ့လည်စာအတူစားလေ့ရှိပြီး ကျန်တာဘာမှမရှိပေ။ သူတို့နှစ်ယောက်မှာ ရိုးရှင်းသော စီနီယာနဲ့ဂျူနီယာဆက်ဆံရေးသာရှိပြီး ရှန်ချီဟွမ်း၏ အသိအမှတ်ပြုမှု​ကြောင့် သူမကိုယ်ပိုင်အရည်အချင်းက တိုးတက်လာပြီး လူတွေကိုရင်ဆိုင်ဖို့ သတ္တိရှိလာသည်။

“နဥ်ချုံ၊ ဒါက ငါ့လက်တွဲဖော် ရှန်းယုဟန်၊ မကြာသေးခင်က လက်ထပ်ထားတာ။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နဥ်ချုံနှင့် မိတ်ဆက်ပေးလိုက်သည်။

နဥ်ချုံက ရှန်းယုဟန် သူမကိုပေးသော ခံစစ်အကြည့်ကို မမေ့သေးပဲ ရှန်ချီဟွမ်း၏ မိတ်ဆက်မှုကိုကြားပြီးနောက် သူမက ခဏလောက်အံ့အားသင့်သွားကာ အပြုံးတစ်ခု အမြန်တပ်ဆင်လိုက်သည်။ “ဟယ်လို.. ယောင်းမလေး” သူ့ကိုအထင်လွဲနေတာလား?

ဤသည်မှာ အကျပ်အတည်းကိုရင်ဆိုင်ရာတွင် အချိန်မရွေးတည်ငြိမ်နိုင်စွမ်းရှိသော အလုပ်သမားတစ်ယောက်၏ အခြေခံအရည်အသွေးဖြစ်သည်။

“ဟယ်လို” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ဦးဆောင်မှုကို ခံနေရဆဲဖြစ်ပြီး မိတ်ဆက်ပြီးနောက် သူ့နှလုံးသားက အနည်းငယ်သက်သာလာသဖြင့် သူကခေါင်းမော့ကာ သူ့ကိုမေးလိုက်သည်။ “ခင်ဗျားမှာ အစည်းအဝေးရှိလား?”

ရှန်ချီဟွမ်းက အစည်းအဝေးအချိန်ဇယားကို ရှင်းပြလိုက်သည်။ “တစ်နာရီလိုသေးတယ်၊ မင်းရုံးခန်းထဲအရင်သွားနှင့်လိုက်။”

“ကောင်းပြီ” ရှန်းယုဟန်၏ တ​ခြားလက်က ရှန်ချီဟွမ်း၏လက်နောက်ပေါ်မှာ တင်ထားသည်။

စကားပြောပြီးနောက် နဥ်ချုံက ရှန်းယုဟန်၏လက်ပေါ်က လက်စွပ်ကိုတွေ့ကာ သူမက ထိုလက်စွပ်ကိုမှတ်မိပြီး စျေးနှုန်းကိုသိသည်။ သူမက သူမ၏စီနီယာအကိုရင်ထဲက ရှန်းယုဟန်၏အရေးပါပုံကို ချက်ချင်းသိသွားပြီး တအံ့တသြပြောလိုက်သည်။ “စီနီယာအကိုလက်ထပ်ပြီးတာကို ကျွန်မမသိခဲ့ဘူး၊ နောက်ကျရင် လက်ဖွဲ့ပို့ပေးလိုက်ပါမယ်။”

ရှန်ချီဟွမ်းက လက်ဖွဲ့လက်ခံတာအဆင်ပြေတယ်လို့ အစကတွေးခဲ့ပေမယ့် သူ့လက်ချောင်းများက ရှန်းယုဟန်၏ ဆွဲဆိတ်တာကိုခံလိုက်ရသည်။ “မလိုပါဘူး၊ ငါတို့ကသာ မင်းကိုဒင်နာလိုက်ကျွေးသင့်တာ။” သူသည် အစက ရှန်းယုဟန်နှင့်သူ့ကြားမှာ တိုးတက်မလာနိုင်ဘူးလို့ တွေးခဲ့သဖြင့် ဂျူနီယာညီမကိုဖိတ်ဖို့လည်း မတွေးခဲ့ပေ။

နဥ်ချုံက ပြုံးကာပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ကျွန်မ ရှင်နဲ့ ယောင်းမတို့ ထမင်းဖိတ်ကျွေးမှာကို စောင့်နေပါ့မယ်။”

ရှန်ချီဟွမ်း၊ နဥ်ချုံနှင့် တခြားသူများက အစည်းအဝေးခန်းကိုရောက်မှသာ သူက ရှန်းယုဟန်၏လက်ကို လွှတ်ပေးတော့သည်။

သူ့လက်ကိုဆုပ်ကိုင်ထားသော နွေးထွေးမှုမရှိတော့သောအခါ ရှန်းယုဟန်က တစ်ခုခုကို ထပ်မံဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရုံးခန်းကိုရောက်ပြီးနောက် သူက လေဖောင်းဂျာကင်ကိုချွတ်ကာ သူ့ခင်ပွန်းထိုင်လေ့ရှိသည့် ကုလားထိုင်မှာထိုင်ပြီး သားရေကုလားထိုင်က အတော်လေးသက်တောင့်သက်သာရှိနေသည်။

သူက သူ့ရှေ့က ကွန်ပျူတာကို စိတ်မဝင်စားပဲ မေးထောက်ကာ မိန်းမောနေသည်။

သူက အမှားမလုပ်ခဲ့ပေ။ ရှန်ချီဟွမ်းက သူ့ကို နဥ်ချုံနှင့် မိတ်ဆက်ပေးစဥ် နဥ်ချုံ၏မျက်လုံးထဲမှာ အံ့အားသင့်မှုအရိပ်အယောင်ကို တွေ့ခဲ့ရသည်။ သူက နဥ်ချုံမှာ ရှန်ချီဟွမ်းအတွက် ခံစားချက်ရှိနေတာကို ခန့်မှန်းမိပြီး သူ၏ အလိုလိုသိစိတ်အရ ယင်းမှာ တစ်ဖက်သတ်ကြိုက်နေခြင်းဖြစ်နိုင်သည်။

သို့သော် ဒီတစ်ကြိမ်မှာ သူက အကူအညီမဲ့မှုကို ခံစားမိပြီး ဤခံစားချက်က ထိုထိပ်တန်းကျောင်းသားအကြောင်းကို ကြားခဲ့စဥ်ကနှင့် ကွာခြားသည်။

သူ့က အတော်ကြာအောင် မေးထောက်ထားပြီးနောက် ရှန်းယုဟန်က စားပွဲပေါ်မှာလှဲကာ ဆက်ပြီးအတွေးလွင့်နေခဲ့သည်။ သူက ဒီဘဝမှာ နဥ်ချုံရဲ့ အဆင့်ကိုရောက်နိုင်ပါ့မလား။

သူမက ကြည့်ကောင်းပြီး အရည်အချင်းရှိကာ သူမ၏ ကိုယ်ပိုင်အဖွဲ့အစည်းလည်းရှိသည်။ သူမက လူတွေကို ထိန်းချုပ်နိုင်ပြီး သိမ်သိမ်မွေ့မွေ့ ဆက်ဆံသလို အရှက်အကြောက်လည်းကြီးသည်။

အကူအညီမဲ့မှုကို မကျော်ဖြတ်နိုင်ပဲ သူက စားပွဲပေါ်က ဘောပင်နှင့် စာရွက်ကိုယူကာ စာရေးလိုက်သည်။ သုံးထားသော အက္ခရာများက ခေတ်သစ်က ရိုးရှင်းသောအက္ခရာမဟုတ်ပဲ ဂန္ဓဝင်ကဗျာတစ်ပုဒ်ဖြစ်သော သူတို့ချီတိုင်းပြည်က အက္ခရာဖြစ်သည်။

စာရေးတာက အာရုံလွှဲပေးနိုင်သည်။

မသိလိုက်ပါပဲ နာရီဝက်ကျော်သွားပြီး ရှန်ချီဟွမ်းက တိုတောင်းသောအစည်းအဝေးမှ ပြန်လာခဲ့သည်။ သူက ပူးပေါင်းဆက်ဆံရေးကို အဆုံးသတ်ဖို့ တာဝန်ရှိပြီး ကျန်အသေးစိတ်ကိုတော့ နဥ်ချုံတို့အဖွဲ့အစည်းနှင့် ဆွေးနွေးမည့် တာဝန်ခံကိုလွှဲပေးခဲ့သည်။

ရှန်းယုဟန်က သူအထဲဝင်လာတာကိုတွေ့တော့ လက်ထဲကဘောပင်ကိုချလိုက်သည်။

ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းဘာရေးနေတာလဲ?”

ရှန်းယုဟန်က စိတ်မကြည်တာကြောင့် မှုန်ကုပ်ကုပ်ပြန်ဖြေလိုက်သည်။ “ဒီတိုင်းလျှောက်ရေးနေတာ၊ စိတ်ကိုပျိုးထောင်ဖို့။”

ရှန်ချီဟွမ်းက သူတကယ်ကို စိတ်ကို ပျိုးထောင်နေသည်ဟု ခံစားမိသည်။ သူ၏နေ့စဥ်ဘဝ၊ အစားအသောက်နှင့် အဝတ်အစား၊ အခြေခံလိုအပ်ချက် ဘယ်နေရာမှာဖြစ်​ဖြစ် သူက ဗုဒ္ဓနဲ့တူပြီး အသက်နှစ်ဆယ်အရွယ်နဲ့မတူပေ။ သူက ရှန်းယုဟန် ဂိမ်းမကစားတာကိုလည်း ရှာတွေ့ခဲ့ပြီး သူက ဖုန်းကိုသတင်းဖတ်ဖို့သာသုံးသည်။ စာရိုက်ရင်တောင် နှေးကွေးသော်လည်း လက်ဖြင့်ရေးနေဆဲဖြစ်သည်။

(ကီးဘုတ်က စာလုံးကိုမသုံးပဲ ကိုယ်တိုင်လက်နဲ့ရေးပို့တာကိုပြောတာပါ၊ ဥပမာ ဖုန်းကနေလက်မှတ်ထိုးရင် လက်နဲ့ရေးဆွဲရသလိုပါ။)

ရှန်ချီဟွမ်းက သူဘာလို့ကီးဘုတ်ကိုမသုံးတာလဲမေးတော့ ရှန်းယုဟန်က သူက လက်ရေးလှလေ့ကျင့်နေတာလို့ ပြောခဲ့သည်။ ရှန်ချီဟွမ်းက ဒါဆိုရင်တော့ ပြဿနာမရှိဘူးလို့တွေးလိုက်သည်။ သူက သူ့ကို လက်ရေးလှလေ့ကျင့်ဖို့ အရင်ကပြောခဲ့ဖူးပြီး အခုတော့ သူက အလေ့အကျင့်တစ်ခုကို မွေးမြူခဲ့သည်။ သူက ရှန်းယုဟန် ထိုအလေ့အကျင့်ကောင်းကို မွေးမြူထားသဖြင့် အတော်လေးကျေနပ်နေသည်။

ရှန်းယုဟန်က သူ့နောက်မှာ ဘယ်သူမှပါမလာတာကိုတွေ့တော့ သူကမေးလိုက်သည်။ “ခင်ဗျားရဲ့ဂျူနီယာညီမ နဥ်ချုံကဘယ်မှာလဲ?”

“ငါ့ရဲ့လက်အောက်ငယ်သားတွေနဲ့ ဒင်နာစားဖို့ထွက်သွားတယ်၊ သူတို့က နေ့လည်ကျရင် ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်ကို အပြီးသတ်တော့မှာ။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အကြောင်းအရာများစွာ လိုလိုလားလားရှင်းပြချင်နေသည်။

ရှန်းယုဟန်က သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားသည်နှင့် နှာချေလိုက်သည်။

ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းဘာလို့ကုတ်မဝတ်ထားတာလဲ?”

“အခန်းထဲမှာပူလို့၊ ကုတ်ဝတ်တာက လူကိုချွေးပျံစေတယ်။” ရှန်းယုဟန်က အခန်းတွင်းအပူချိန်မြင့်မားမှုကြောင့် ကုတ်ကိုချွတ်ခဲ့တာဖြစ်သည်။

ရှန်ချီဟွမ်းက လေအေးပေးစက်၏ အပူချိန်ကိုညှိရန် ဘေးကိုသွားခဲ့ပြီး သူပြန်လှည့်လာတော့ ရှန်းယုဟန်၏ အတွင်းဆွယ်တာက အနည်းငယ်ပါးလွှာနေကြောင်း သိလိုက်ရသည်။ “မင်းဘာလို့ နောက်တစ်ထပ်မဝတ်တာလဲ?”

“ကျွန်တော်အပြင်မှာ ကုတ်ထူထူဝတ်ထားလို့ အဲ့လောက်မအေးပါဘူး။” သူက ထိုစကားပြောပြီး နှာထပ်ချေသည်။ လေဖောင်းဂျာကင်က တကယ်ကိုနွေးသည်။

ရှန်ချီဟွမ်းက သူဖျားသွားမှာကို စိုးရိမ်နေသည်။ “ငါမင်းအတွက် သိုးမွေးအနွေးထည်တစ်ထည် ရှာပေးမယ်၊ ဗီရိုထဲမှာ မဝတ်ရသေးတဲ့တစ်ထည်ရှိတာကို မှတ်မိတယ်။”

ရှန်းယုဟန်က သူနဲ့အတူ အနောက်ခန်းကိုလိုက်လာပြီး ရှန်ချီဟွမ်းက ဗီရိုဖွင့်ကာ ထိုထဲတွင် သူမကြာခဏဝတ်လေ့ရှိသော ဝတ်စုံများအပြင် နေ့စဥ်အဝတ်အစားများ ရှိနေသည်။ မကြာသေးခင်က သူက ဆောင်းတွင်းအဝတ်အစားတချို့ကို ထပ်ဖြည့်ထားတာကြောင့် အခန်းအပူချိန်နှင့် သင့်တော်သော မီးခိုးရောင်သိုးမွှေးအနွေးထည်ရှိတာကို သတိရခဲ့သည်။

သူက ထိုသိုးမွေးအင်္ကျီကို ရှာမတွေ့ခင် လက်ဖြူဖြူတစ်စုံက သူ့ခါးကိုဖက်လာပြီး ရင်းနှီးသောရနံ့က သူ့နှာခေါင်းကိုလွှမ်းမိုးထားသဖြင့် သူ့တစ်ကိုယ်လုံးက အနည်းငယ်အေးခဲသွားသည်။ သူ့လက်လှုပ်ရှားမှုကလည်း ထိုလူကြောင့်ရပ်တန့်သွားသည်။

ဒီကပ်တွယ်လွန်းတဲ့ဟာလေးကတော့….

“ယောကျာ်း” ရှန်းယုဟန်၏အသံက မသဲမကွဲဖြစ်နေပြီး သူက ရှန်ချီဟွမ်း၏ပခုံးပေါ်မှာ သူ့ခေါင်းကိုမှီထားပြီး ပွတ်သပ်လိုက်သည်။ သူ့ခင်ပွန်းနှင့်နီးကပ်နေတာက သက်တောင့်သက်သာဖြစ်စေပြီး သူက သူ့ရနံ့ကိုရှူရတာကြိုက်သည်။

ရှန်ချီဟွမ်းက သူ့ကိုမမြင်နိုင်ပေမယ့် သူ့အလေးချိန်တစ်ဝက်လုံးက သူ့ကိုဖိထားသလို ခံစားလိုက်ရသည်။ “အွန်း..မင်းဘာလုပ်နေတာလဲ?” ယခုအချိန်လေထုက သူ့ကိုနာကျင်စေမည့် စကားကိုပြောခွင့်မပြုသဖြင့် သူက ဘာမှမပြောတော့ပေ။ သူက ရှန်းယုဟန်၏နှလုံးသားက အနည်းငယ်နူးညံ့တယ်လို့ ခံစားမိပြီး အခြေအနေတိုင်းမှာ ကပ်တွယ်လွန်းပြီး ငိုရတာကြိုက်သည်။

ရှန်းယုဟန်က ဘာပြောချင်တာလဲ?

သူက ရှန်ချီဟွမ်း သူ့ကိုမယုံတာကိုသိသည်။ သူက သူ့နှလုံးသားထဲမှာ နစ်မြုပ်နေသော စကားအများကြီးကို မပြောတတ်ပေ။ သူတို့နှစ်ယောက်က အရင်က စကားသီးသန့်မပြောဖူးပဲ လက်ထပ်ခြင်းကသာ လက်ရှိနေရာကို ပို့ပေးခဲ့တာဖြစ်သည်။ ရှန်ချီဟွမ်းက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကိုကောင်းကောင်းဆက်ဆံတာကြောင့် သူက သူတို့ဆက်ဆံရေးခရီးကို ရှေ့ဆက်ချင်သည်။

သူက ဒီကမ္ဘာကိုရောက်လာတာ မကြာသေးပေမယ့် ဒီလူအပေါ် စတင်မှီခိုလာခဲ့သည်။

သူက ရှန်ချီဟွမ်းနှင့်မခွဲချင်ပေ။

ရှန်းယုဟန်၏မျက်လုံးများက ဝမ်းနည်းမှုနှင့် ပြည့်နှက်နေပြီး သူက သူတစ်ယောက်တည်းသာ ကြားနိုင်သောအသံဖြင့် ပြောလိုက်သည်။ “ကျွန်တော့်မှာခင်ဗျားပဲရှိတာ။”

သို့သော် သူက ရှန်ချီဟွမ်းနှင့် ကပ်နေသဖြင့် ရှန်ချီဟွမ်းက သူ့နှလုံးခုန်သံက မြန်လာပြီး ဖရိုဖရဲဖြစ်လာတာကို ကြားရပြီး ရှန်းယုဟန်၏ စကားလုံးများကိုလည်း ကြားရသဖြင့် သူက အလေးအနက်ပြန်ဖြေလိုက်သည်။ “ငါသိပါတယ်။”

သူက ရှန်းယုဟန်မှာ အမေရောအဖေရောမရှိတာကိုသိသည်။ ပြီးတော့ သူ့ကိုအရမ်းချစ်သောအဘိုးကလည်း မနှစ်ကဆုံးပါးသွားခဲ့ပြီး လက်ရှိအချိန်မှာ သူမှီခိုနိုင်သော တစ်ဦးတည်းသောသူက သူဖြစ်သည်။ သူက ကျန်းလောလင်း၏ ရှန်းယုဟန်အား ဖော်ပြပုံကိုမှတ်မိသည်။ “သူ့နှလုံးသားနဲ့မျက်လုံးတွေက မင်းနဲ့ပြည့်နေတာပဲ” သူကပါ ရှန်းယုဟန်ကို စွန့်လွတ်လိုက်မယ်ဆိုရင် သူ့ရဲ့နောက်ဆုံးကောက်ရိုးမျှင်ကို ဖိနင်းလိုက်တာနဲ့ မတူသွားဘူးလား။

သူက ရှန်ချီယွင်ကို အရူးအမူးလိုက်ခဲ့ဖူးပြီး အဲ့ဒါကလည်း သူရဲ့စိတ်ဝိညာဥ်ကို ထောက်ပံ့ဖို့လုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်နေမလား?

သူက အဖြေကိုသိဖို့နည်းလမ်းမရှိသလို ထိုတုံးအသောမေးခွန်းကိုလည်း မမေးချင်ပေ။

ရှန်းယုဟန်က သူ့အဖြေကိုကြားတော့ သူက ရှန်ချီဟွမ်း၏ ခါးကို ပိုတင်းအောင်ဖက်လိုက်သည်။ နောက်တစ်​ကြိမ် နှာမချေခင်အထိ မလွှ​တ်ပေးခဲ့ပေ။ ထို့နောက် ရှန်ချီဟွမ်းက သိုးမွေးအနွေးထည်ကို ကောက်ယူလိုက်ပြီး နောက်လှည့်ကာ သူ့ကိုပေးလိုက်သည်။

“ဝတ်ထား.. မင်းအအေးမိရင် ငါပဲပြုစုရလိမ့်မယ်။” ထိုအချိန်မှာ သူက သူ၏ အပေါက်ဆိုးသော စကားတွေကို ထပ်ပြောလာသည်။

“အို” ရှန်းယုဟန်က ဝတ်ပြီးနောက် ရှန်ချီဟွမ်းကို ပြုံးပြလိုက်သည်။ သူ့ခင်ပွန်း၏အဝတ်အစားကို ပထမဆုံးအကြိမ် ဝတ်ဖူးတာမဟုတ်ပေမယ့် သူပျော်သည်။

ရှန်းယုဟန် ကုတ်ဝတ်နေတာကိုကြည့်ရင်း ရှန်ချီဟွမ်းက သူ့ရှေ့မှာရပ်ကာ အဝတ်အစားပေါ်က တွန့်နေတာကို ရှင်းပေးသလိုဟန်ဆောင်ကာ သူ့ကိုရှင်းပြခဲ့သည်။

“နဥ်ချုံက သာမန်ဂျူနီယာညီမလေးပါပဲ၊ ငါသာ သူနဲ့တစ်ခုခုဖြစ်ချင်ရင် ဖြစ်ပြီးတာကြာပြီ။”

ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်က သိုးမွေးဆွယ်တာ၏အစွန်းကို ဆွဲထားတာကို ငုံ့ကြည့်ပြီး သူ့အတွေးကို မိသွားခဲ့ပြီဖြစ်လို့ သူက ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်သည်။ “အွန်း”

“သွားစားရအောင်၊ မီးဖိုချောင်ထဲမှာ ရှာလကာရည်ဗူး လုံလုံလောက်လောက်ရှိရဲ့လား မေးပေးမယ်။”

ရှန်းယုဟန်က သူ့ကိုကြည့်ရန် ခေါင်းမော့ကာ ရှန်ချီဟွမ်း၏ ပြုံးနေသောမျက်လုံးများကို တွေ့လိုက်ရပြီး သူ့နားရွက်က ပူနွေးလာသည်။ သူက လှည့်ထွက်ကာ ရေရွတ်လိုက်သည်။ “ခင်ဗျားကမှ ရှာလကာရည်သောက်နေတဲ့သူပဲ။”

ရှန်ချီဟွမ်းက နောက်ကနေ တိတ်တဆိတ်ပြုံးမိသွားသည်။

&&&&&&&&&

Chapter 34.2

“ကျွန်တော်က အသက်နှစ်ဆယ်ရှိပြီ”

သူတို့နှစ်ယောက်က ရုံးမှာနေ့လည်စာစားကြပြီး ရှန်ချီဟွမ်းက ရှန်းယုဟန် အအေးမိမှာကို စိုးရိမ်သဖြင့် သူက လက်ထောက်ချွီကို အအေးမိကာကွယ်ဆေးယူလာခိုင်းပြီး သူ့ကိုသောက်ခိုင်းလိုက်သည်။ ထို့နောက် ရှန်းယုဟန်ကို ကုတင်ပေါ်မှာ တရေးအိပ်ခိုင်းလိုက်သည်။

ရှန်းယုဟန်က အိပ်မောကျသွားတော့ ရှန်ချီဟွမ်းက သူစားပွဲမှာပြန်သွားထိုင်လိုက်ပြီး အီးမေးလ်တစ်ချို့ကိုကိုင်တွယ်ဖို့ ပြင်ဆင်နေသည်။ မေးလ်ထဲမှာ နေ့စဥ်အီးမေးလ်ရာချီရှိပြီး တချို့ကို လက်ထောက်ချွီက ကိုင်တွယ်ကာ တချို့ကိုတော့ သူကိုယ်တိုင်စစ်ဆေးဖို့လိုသည်။

ကွန်ပျူတာဖွင့်ဖို့ စက္ကန့်အနည်းငယ်လိုပြီး ရှန်ချီဟွမ်းက မောက်စ်ကိုချိန်ညှိကာ ရှန်းယုဟန် ပျင်းရိနေစဥ်က ရေးထားသော ကုမ္ပဏီတံဆိပ်ပါသည့် စာရွက်ပေါ်က ကဗျာတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ ကြည့်ရတာ ဂန္ဓဝင်ကဗျာဖြစ်ပုံရပြီး ထိပ်ဆုံးကနေ အောက်ခြေ၊ ညာဘက်ကနေဘယ်ဘယ်ထိ ရေးထားပုံမှာ အတော်လေးရှေးရိုးဆန်သည်။ အက္ခရာစာလုံးများက ရိုးရှင်းသောတရုတ်စာမဟုတ်သော်လည်း သူက နားလည်နိုင်ဆဲဖြစ်သည်။

ဝန်လက်ငှက်က စမ်းချောင်း၏သဲခုံပေါ်မှာ ဂွမ်ဂွမ်ဆိုနေ….နူးညံ့သိမ်မွေ့တဲ့ အပျိုစင် မင်းသားလေးအတွက် လိုက်ဖက်နေတယ်…(မှတ်စုတစ်)

(ဝန်လက်ငှက်- ငါးမျှားလင်းယုန်လို့လည်းခေါ်ပါတယ်။ သိမ်းငှက်တစ်မျိုးပါ)

ရှန်ချီဟွမ်းက ထိုကဗျာဆုံးသွားသည့် နေရာကွက်လပ်မှာ စာကြောင်းအချို့ရေးလိုက်သည်။

ကျူးပင်နှင့်နှင်းက အလွန်စိမ်းလန်းပြီး နှင်းဖြူများက နှင်းဆဲအဖြစ်ကို ပြောင်းသွားခဲ့တယ်….ငါတွေးနေတဲ့လူက ရေနဲ့ပတ်သတ်နေတယ်…ငါသူ့ကိုရှာဖို့ စမ်းချောင်းကနေ ထလာပေမယ့် လမ်းက ခက်ခဲရှည်လျားလွန်းတယ်…ငါသူ့ကိုရှာဖို့ စမ်းချောင်းထဲ ဆင်းသွားတော့ သူက ရေအလယ်မှာရှိနေခဲ့တယ်….(မှတ်စုနှစ်)

သူရေးပြီးနောက် သူက သူ့လက်ရေးကို ရှန်းယုဟန်နှင့် ယှဥ်ကြည့်လိုက်သည်။ ရှန်းယုဟန်၏လက်ရေးက သိမ်မွေ့ပြီး ကျက်သရေရှိသော ဆွဲချက်များနှင့် ပုံစံကထူးခြားပြီး တခြားတစ်ဖက်မှာ သူ့ကိုယ်ပိုင်လက်ရေးကတော့ ပြတ်သားသော ရေးဆွဲချက်များနှင့် စာရွက်ပေါ်မှာ အရာထင်နေသည်။ သူက လက်ရေးကို မှတ်မိလွယ်သော စာရွက်ပေါ်မှာရေးထားသဖြင့် စာရွက်ကိုယူကာ အံဆွဲထဲထည့်ထားလိုက်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းကြောင့်နိုးလာပေမယ့် သူက သူ့ကို အချက်အပြုတ်သင်တန်းသို့ တန်းမပို့ခဲ့ပေ။

ရှန်ချီဟွမ်းက ဖုန်းကိုယူကာ ရှန်းယုဟန်ကို ဆွယ်တာပေးလိုက်သည်။ “ဝတ်ထား၊ ငါ မင်းကို အသေးစားနေရာတစ်ခုကြည့်ဖို့ ခေါ်သွားပေးမယ်။”

သူက အခုမှနိုးလာလို့ နားမလည်နိုင်ဖြစ်နေပေမယ့် ရှန်ချီဟွမ်းက သူ့ကို ဂျာကင်ဝတ်ဖို့မပြောတာကြောင့် သူက ကုမ္ပဏီမှ ထွက်ခွာစရာမလိုတာဖြစ်နိုင်သည်။

“ဘယ်သွားမှာလဲ?”

“ကုမ္ပဏီက အပန်းဖြေဖို့ ဖျော်ဖြေရေးဧရိယာတစ်ခု ဖွင့်ထားတယ်၊ ငါမင်းကိုလိုက်ပြမယ်။”

“ဘယ်လိုအပန်းဖြေဖျော်ဖြေတဲ့နေရာလဲ?”

“မင်းခန့်မှန်းကြည့်လေ”

ရှန်းယုဟန်က သူ့ခေါင်းကိုခါလိုက်သည်။ “ခန့်မှန်းလို့မရဘူး”

ရှန်ချီဟွမ်းက ယုံကြည်ချက်ရှိစွာပြောလိုက်သည်။ “မင်းခန့်မှန်းနိုင်မှာမဟုတ်တာလည်းသေချာတယ်။” သူက ရှန်းယုဟန်ကို ဓာတ်လှေကားထဲဆွဲခေါ်ကာ ဆယ်လွှာကို ဆင်းသွားသည်။

ထိုအချိန်မှာ အလုပ်စတင်လာသည်။ ရှန်းယုဟန်က သူ့ကိုစပ်စုနေသော ဝန်ထမ်းများစွာကို တွေ့ခဲ့ရပြီး ရှန်ချီဟွမ်းကိုတွေ့သည့် လူတိုင်းက ဥက္ကဋ္ဌရှန်လို့ခေါ်ကြပြီး ရှန်းယုဟန်ကို တိတ်တဆိတ်ကြည့်နေသည်။ သူတို့ထွက်သွားတော့ သတင်းဖြန့်ဖို့ ဖုန်းကိုကိုင်ကာ ပြေးလွှားနေကြသည်။

သူဌေးက သူ့ဇနီးလေးကို လည်ပတ်ဖို့ခေါ်သွားတယ်၊ နတ်သားနဲ့တူတဲ့ သူဌေးရဲ့ဇနီးကို လာ​ကြည့်ကြပါဦး!

ထိုအချိန်မှာ ရှန်းယုဟန်က ကောင်တာက မိန်းကလေး၏ လူသိရှင်ကြားကြော်ညာခြင်း ခံခဲ့ရတာကို မသိခဲ့ပေ။ သူက နတ်သားနဲ့တူတဲ့ သူဌေးရဲ့ဇနီးလို့ နာမည်ပေးခံထားရသည်။

အောက်ထပ်လမ်းတစ်လျှောက်မှာ ဂရုသတင်းပို့မှုများက တိုးတက်မှုရှိနေပြီး သူတို့ဘယ်သွားနေလဲ သိချင်နေကာ အနုပညာရှင်များထက် ပိုလှသည်ဟု ပြောကြသည့် လျှို့ဝှက်ဆန်းကြယ်သော သူဌေး၏ဇနီးအကြောင်းကို လေ့လာချင်နေသည်။

သူဌေးနှင့် သူဌေး၏ဇနီးက အလွန်ရင်းနှီးပြီး ကုမ္ပဏီ၏ ဝန်ထမ်းများက သူတို့၏ နှစ်ဦးနှစ်ဖက် ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး ကောလာဟလများကြားဖူးကာ အခုတော့ ယုံသွားကြလေပြီ။ သူတို့က မအံ့သြပေမယ့် ယင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် သူဌေးနှင့် ​သူဌေး၏ဇနီးက ကောလာဟလတွေအတိိုင်း တကယ်ကိုချစ်နေကြတာဖြစ်သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဆယ်ထပ်ကိုခေါ်သွားခဲ့ပေမယ့် သူတို့က ရုံးဧရိယာကို မသွားခဲ့ပဲ ဆယ်လွှာက ဝန်ထမ်းအပန်းဖြေဖို့ ဖျော်ဖြေရေးဧရိယာကိုသွားခဲ့သည်။

အုပ်ချုပ်ရေးဌာနက စွမ်းဆောင်ရည်မြင့်မားလာပြီး တနင်္လာမှာ ပေးအပ်ခဲ့သော တာဝန်များက ယနေ့မနက်မှာ ပြီးစီးသွားခဲ့သည်။

ယနေ့က ဆယ်လွှာမှာ အသစ်ထပ်ဖွင့်ထားသော အပန်းဖြေဖျော်ဖြေရေးဧရိယာ၏ ပထမဆုံးနေ့ဖြစ်သည်။

ရှန်ချီဟွမ်းကုမ္ပဏီ၏အပြင်အဆင်က အလွန်ခေတ်မီပြီး နည်းပညာမြင့်မားသည်။ ကြမ်းပြင်ကြွေပြားအရောင်က ရှန်းယုဟန်မမြင်ဖူးသည့်အရောင်ဖြစ်ပြီး သူက စာပို့သေတ္တာကို ကိုင်ဆိုင်ထားသော စက်ရုပ်တစ်ရုပ်ကိုမြင်လိုက်ရသည်။ ထိုစက်ရုပ်က ရှန်ချီဟွမ်းကိုတွေ့တော့ ဟယ်လိုလို့ နှုတ်ဆက်လာပြီး ရှန်ချီဟွမ်းက သူ့ကို 'မင်းအလုပ်ကြိုးစားခဲ့ပါတယ်’လို့ ပြန်ဖြေလိုက်သည်။ ရှန်းယုဟန်က မျက်လုံးပွင့်စေသော အတွေ့အကြုံနောက်တစ်ခုကို ရခဲ့ပြီး သူ့ခင်ပွန်းက အံ့ဖွယ်ကောင်းလောက်အောင်တော်သော လူတစ်ယောက်ဆိုတာကို ပိုပိုနားလည်လာခဲ့သည်။

သူတို့က သူတို့၏ဦးတည်ရာကိုရောက်တော့ ရှန်ချီဟွမ်းက ဖောက်ထွင်းဖြစ်နိုင်သော ဖန်တံခါးရှေ့မှာ ရှန်းယုဟန်ကို ရပ်ခိုင်းလိုက်သည်။ သူတို့က အခန်းထဲက စင်များနှင့် အေပရွန်ဝတ်ထားသော ဝန်ထမ်းနှစ်ယောက်ကို တွေ့ခဲ့ရပြီး ထိုဝန်ထမ်းနှစ်ယောက်က ကြောင်တွေ သို့မဟုတ် အရုပ်တွေကို ချီထားကြသည်။

သူက အထဲမှာ ကြောင်တွေအများကြီးရှိတာကို တွေ့လိုက်ရသည်!

တချို့က ခုန်ပေါက်နေကြပြီး တချို့က ပြေးလွှားဆော့ကစား​နေကာ တချို့က ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်လေးအိပ်နေကြသည်။

ပြီးတော့ ရှန်းယုဟန် တစ်ခါမှမမြင်ဖူးသော မျိုးစိတ်များစွာရှိပြီး သူတို့က အဖြူကျားကြောင်များနှင့်တူသည်။

ရှန်ချီဟွမ်းက သူ့အိပ်ကပ်ထဲက မတ်စ်(mask)ကိုထုတ်ကာ တပ်လိုက်ပြီး ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းအထဲဝင်ချင်လား?”

“ဝင်ချင်တယ်” ရှန်းယုဟန်က မသိစိတ်က ပြန်ဖြေလိုက်ပေမယ့် မတ်စ်တပ်ထားသော သူ့ခင်ပွန်းကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ “ဘာလို့အဲ့ဒါကိုသုံးတာလဲ?”

ရှန်ချီဟွမ်းက သူ့ကိုရှင်းပြလိုက်သည်။ “ငါက ကြောင်အမွှေးကို ရှူလို့မရဘူး၊ နှာခေါင်းယားတတ်လို့၊ မင်းနဲ့အတူ အထဲကို ခဏလိုက်ကြည့်လို့တော့ရပါတယ်။”

ရှန်းယုဟန်က နည်းနည်းစိတ်ပူနေပြီး သူက တချို့လူတွေ ကြောင်အမွေးရှူမိရင် ဖျားတာကိုသိသည်။ သူက တခြားသူတွေ ကြောင်မွေးတာကို ကားထဲမှာ ပြောခဲ့ဖူးပြီး သူ့ခင်ပွန်းက မွေးလို့မရကြောင်းပြောဖူးတာကို မှတ်မိသေးသည်။ ထိုသည်မှာ သူက ကြောင်မမွေးချင်လို့မဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ဖြစ်ပုံရသည်။

“တကယ်အဆင်ပြေရဲ့လား?” ရှန်းယုဟန်က ဒီအခြေအနေက သူ့ကိုထိခိုက်စေမှာကို စိတ်ပူနေသည်။

“ရပါတယ်၊ အထဲဝင်ရအောင်” ရှန်ချီဟွမ်းက နှာတံပေါ်က မတ်စ်ကိုဖိလိုက်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်း၏ကုမ္ပဏီက ထိုကြောင်များကို ဘာကြောင့်မွေးထားလဲမသိပေမယ့် ကျားကြောင်များကို တွေ့လိုက်ရပြီးနောက် သူ့မျက်လုံးများက အပြုံးနဲ့ပြည့်နေကာ ထိုအချိန်တွင် သူ့ရင်ထဲက မပျော်ရွှင်မှုများက အခိုးအငွေ့လို ပျောက်ကွယ်သွားပြီး တိမ်လိုလွင့်စင်သွားသည်။

သူက ရှန်ချီဟွမ်းကိုမော့ကြည့်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။

ကြောင်များကို ထိန်းနေသော ဝန်ထမ်းများက ဒဏ္ဍာရီလာသူဌေးဖြစ်သူကို တွေ့သွားလို့ အံ့သြသွားပြီး မင်းသားလေးလို နူးညံ့နေသော တခြားတစ်ယောက်ကို ကြည့်မိသောအခါ ယင်းမှာ ကောလာဟလထဲက သူဌေး၏ဇနီးဖြစ်သည်ဟု တွေးလိုက်ကြသည်။

အနည်းငယ်ပြည့်သော မိန်းကလေးတစ်ယောက်က စိတ်လှုပ်ရှားနေပြီး လွတ်ခနဲပြောလိုက်မိသည်။ “မင်္ဂလာပါ…သူဌေးနဲ့ သူဌေးရဲ့ဇနီး!”

ရှန်းယုဟန်က ရယ်မိသွားပြီး သူက သူဌေး၏ဇနီးလို့ ညွှန်းဆိုခံထားရမှန်းတောင် မသိသဖြင့် သူ့မျက်နှာက ပူနွေးလာပေမယ့် ပြန်ဖြေလိုက်သည်။ “ဟယ်လို”

ရှန်ချီဟွမ်းက ခပ်တည်တည် ခေါင်းညိတ်ပြလိုက်သည်။ “မင်းတို့အလုပ်သွားလုပ်လို့ရပြီ၊ ငါတို့က ဒီတိုင်းလာကြည့်တာ”

သို့သော် ရှန်းယုဟန်က ရှန်ချီဟွမ်းထက် ပို၍ဖော်ရွေသည်။ “ကျွန်တော် သူတို့နဲ့ကစားလို့ရလား?”

အနည်းငယ်ပြည့်သော မိန်းကလေးက သူဌေး၏ဇနီးရှေ့မှာ ပိုပြီးတက်ကြွပြီး သတ္တိရှိလာသည်။ “ဟုတ်ကဲ့၊ သူတို့က ကျိုးနွံပြီး လူကြောက်တဲ့ကြောင်တွေက သူစိမ်းတွေကိုတွေ့ရင် ထွက်မလာပါဘူး။”

ထိုစဥ် ကြောင်လေးနှစ်ကောင်က ရှန်းယုဟန်၏ခြေထောက်နားကို ရောက်လာပြီး သားပေါက်လေးလို ပွတ်သပ်လိုက်သည်။

ရှန်ချီဟွမ်းက ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ကာ ကြောင်ကစားကွင်းအနီးကို မသွားခဲ့ပေ။

ရှန်းယုဟန်က ကြောင်များကိုကြည့်လိုက်ပြီး သူတို့ကကျိုးနွံနေသရွေ့ သူက တစ်ကောင်ချင်းစီကို ပွတ်သပ်ကာ ဧကရာဇ်တစ်ပါး၏ ပျော်ရွှင်မှုမျိုးကို ခံစားနေသည်။ ခေတ်သစ်စကားနဲ့ပြောရမယ်ဆိုရင် သူက ကြောင်တစ်ကောင်းချင်းစီကို သည်းသည်းလှုပ်နေသည့် ပင်လယ်ဘုရင်နှင့်တူသည်။

သူက သူ့စကားများကို ဧကရာဇ်အမိန့်ပြန်တမ်းလို ခံယူထားသည့် ဝန်ထမ်းများနဲ့လည်း စကားပြောကောင်းနေသည်။

အနက်ရောင်အမွေးနှင့် အဖြူရောင်အမှီးရှိသောကြောင်ကို မော့လီစန်းကျန်းလို့ခေါ်ပြီး အဖြူရောင်ခြေလေးချောင်းရှိသောကြောင်ကို ထာရွှယ်ရွှင်းမိန်လို့ခေါ်သည်။ အဝါ၊အနက်၊အဖြူ အရောင်စုံရောစပ်ထားသည့် ကြောင်ကိုတော့ ကွမ်တီကျင်းလို့ခေါ်ပြီး ရိုးရိုးကြောင်များမှာလည်း အလွန်တင့်တယ်သော အမည်ပြောင်များရှိကြသည်။

သူဌေး၏ဇနီးက သူဌေး၏ဇနီးပင်၊ သူက တကယ်ကိုထူးခြားပြီး သာမန်လူနှင့်မတူပေ!

သူ့ဘေးမှာထိုင်နေသော ရှန်ချီဟွမ်းကလည်း နားထောင်နေပြီး သူက ရှန်းယုဟန် ကြောင်မေးစေ့ကို ကျွမ်းကျွမ်းကျင်ကျင် မြှောက်ထားနိုင်တာကို မသိခဲ့သဖြင့် သူ့ပါးစပ်ထောင့်က အနည်းငယ်ကော့တက်လာသည်။

ကြောင်အပန်းဖြေဖျော်ဖြေရေးနေရာသည် ပြတင်းပေါက်နဲ့နီးပြီး ကြောင်များနေပူဆာလုံဖို့ အဆင်ပြေသည်။ နေ့လည်ခင်းနေရောင်ခြည်က ရှန်းယုဟန်အပေါ်ကို ကျဆင်းလာပြီး သူနဲ့​ကြောင်အုပ်စုတစ်စုကို ဝန်းရံထားတာက အလွန်နွေးထွေးသောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

ဝန်ထမ်းက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “သူဌေး.. ကျွန်မ သူဌေးရဲ့ဇနီးပုံကို ရိုက်လို့ရမလား?”

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ရတယ် ဒါပေမယ့် မျက်နှာပုံကိုမရိုက်နဲ့” ထို့နောက် သူကလည်း ဖုန်းကိုဖွင့်ကာ ပုံအများကြီးရိုက်လိုက်သည်။

ရှန်းယုဟန်က တစ်ခုခုကိုခံစားမိသွားပြီး သူက ရှန်ချီဟွမ်းဘက်လှည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက ရှန်ချီဟွမ်း၏နှလုံးသားထဲကို ဝင်ရောက်သွားပြီး မြေကြီးထဲမျိုးစေ့ချလိုက်သလိုပင် တိတ်တဆိတ် အညှောက်ပေါက်လာခဲ့သည်။

နာရီဝက်လောက်ကစားပြီး ရှန်းယုဟန်က သူ့မှာအလုပ်ရှိသေးလို့ သူ့ကို တစ်ချိန်လုံးအဖော်မပြုပေးနိုင်တာကို တွေးမိသွားသဖြင့် သူကလက်ဆေးကာ ပျော်လို့ဝပြီလို့ပြောလိုက်သည်။

ရှန်ချီဟွမ်းက အကြာကြီးမနေတော့ပဲ ရှန်းယုဟန်ကို အပန်းဖြေဖျော်ဖြေရေးစင်တာမှ ​ပြန်ခေါ်လာခဲ့သည်။

အပြင်ကိုခြေလှမ်းအနည်းငယ်လျှောက်ပြီး ရှန်ချီဟွမ်းက သူ့ကိုရုတ်တရက်မေးလိုက်သည်။ “အိမ်မှာမွေးဖို့ တစ်ကောင်ပြန်ယူသွားချင်လား?”

ရှန်းယုဟန်က မစဥ်းစားပဲခေါင်းခါကာ ပြောလိုက်သည်။ “မယူဘူး၊ သူတို့ဒီမှာအဆင်ပြေပါတယ်။”

သူက သူ့ကိုယ်သူ ဤထူးဆန်းသည့်ကမ္ဘာမှာ လှည့်လည်သွားလာနေသော ကြောင်လေးတစ်ကောင်လို့တွေးလိုက်ပြီး သူတို့ကိုတွေ့တော့ သူ့ကိုယ်သူပြန်မြင်နေရသလိုပင်။ သူ့ကို သူ့ခင်ပွန်းက ကောက်ယူစောင့်ရှောက်ထားသလို သူတို့ကိုလည်း တစ်ယောက်ယောက်က စောင့်ရှောက်ပေးထားသည်။

အိမ်မှာ သူတစ်​ယောက်တည်းရှိတာနဲ့တင် လုံလောက်သည်။ သူက တခြားကြောင်​နှင့် ခွေးပေါက်လေးတွေကိုသာ မွေးထားရင် ခါးသီးစွာဝမ်းနည်းရလိမ့်မည်။

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “သေချာလား? ရွေးချယ်ဖို့ အခွင့်အရေးတစ်ခါပဲရမယ်။”

ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ “ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကို စောင့်ရှောက်ပေးနေတာနဲ့တင် လုံလောက်ပါပြီ”

ရှန်ချီဟွမ်းက ရယ်မောကာ “မှန်တယ်၊ မင်းကိုစောင့်ရှောက်ရတာပဲ ဒုက္ခများလွန်းနေပြီ။” လူတစ်ယောက်တည်းက သူ့စွမ်းအင်ကိုစားသုံးဖို့ လုံလောက်သည်။

ကံကောင်းစွာပင် သူက ပိုက်ဆံပြတ်လတ်မနေပဲ အားရှိနေသေးလို့ သူ့ကိုချော့နိုင်သေးသည်။

“ကျွန်တော်က ဒုက္ခဘယ်လိုဖြစ်နိုင်မှာလဲ? ရှန်းယုဟန်က သူပြောတာကို သဘောမတူပေ။

ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “ဒါဆို မင်းက ဘယ်နေရာမှာ ဒုက္ခမဟုတ်တာလဲ ပြောကြည့်ပါဦး?”

ရှန်းယုဟန်က ရှန်ချီဟွမ်းကို တစ်ချက်ကြည့်ပြီး ညည်းညူလိုက်သည်။ “ကျွန်တော်က ဘယ်နေရာမှာမှ ဒုက္ခမဟုတ်ပါဘူး။”

ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် ​ပြိုင်ငြင်းမလို့လုပ်လိုက်ပေမယ့် လက်ထောက်ချွီက သူ့ကိုမက်ဆေ့ပို့လာပြီး သူတို့နှစ်ယောက်က ရုံးခန်းကိုပြန်ခဲ့ကြသည်။

လက်ထောက်ချွီက ရှန်းယုဟန်ကို လက်အနွေးအိတ် ကမ်းပေးလိုက်ပြီး အားလည်းသွင်းပေးထားသည်။ ရွေတံဆိပ်ဆုထိုက်တန်သည့် လက်ထောက်ပီသပြီး စဥ်းစားပေးနိုင်ပြီး အသုံးဝင်လွန်းသည်။

ရှန်းယုဟန်က သူရခဲ့သော လက်အနွေးအိတ်ကိုကိုင်ကာ သုံးကြည့်လိုက်တော့ အဆင်ပြေနေသည်။

လက်ထောက်ချွီက သူဌေး၏ဇနီးနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုတော့သဖြင့် သူက ရှန်ချီဟွမ်းကို ခရီးစဥ်အကြောင်း တိုက်ရိုက်အစီရင်ခံလိုက်သည်။ “သူဌေး၊ မနက်ဖြန်ညပွဲအတွက် သူဌေးနဲ့အဖော်လိုက်ပေးဖို့ အမျိုးသမီးလက်ထောက်တစ်ယောက်ကို ရွေးလိုက်ရမလား ဒါမှမဟုတ် တစ်ယောက်တည်းသွားမလား?”

ရှန်ချီဟွမ်းက နက်ဖြန် ဘယ်လိုပွဲမျိုးကျင်းပမှာလဲ မမှတ်မိပေ။ “ဘယ်လိုဧည့်ခံပွဲလဲ?”

“ချီမိသားစုက လူအိုကြီးချီရဲ့ မွေးနေ့ဆိုတဲ့နာမည်နဲ့ ကျင်းပတဲ့ ဧည့်ခံပွဲပါ။ သူ့မြေးအတွက် လမ်းခင်းပေးဖို့၊ အဆက်အသွယ်တည်ဆောက်ဖို့နဲ့ သူ့မြေးမလေးအတွက် အရည်အချင်းရှိတဲ့ လူငယ်လေးတွေကိုရှာဖို့ဖြစ်နိုင်ပါတယ်။” လက်ထောက်ချွီက သူ့သူဌေးကိုသတိပေးလိုက်သည်။ “ရှန်မိသားစုရဲ့ တခြားအိမ်တော်သုံးခုက လူတွေလည်းရှိနေမှာပါ။”

“သူတို့မသွားဘူးဆိုမှ ထူးဆန်းနေမှာ။” ရှန်ချီဟွမ်းက အနွေးအိတ်ကိုင်ထားသော ရှန်းယုဟန်ကို တစ်ချက်ကြည့်လိုက်သည်။ “ဘယ်သူ့ကိုမှခေါ်သွားဖို့မလိုဘူး။”

သူက လက်ထပ်ပြီးပြီမို့ တခြားတစ်ယောက်ဖို့ ခေါ်သွားဖို့မလိုပေ။

“ရှန်းယုဟန်၊ မနက်ဖြန် ငါနဲ့အတူ ဧည့်ခံပွဲကိုလိုက်ခဲ့ပါ။”

ရှန်းယုဟန်က လက်အနွေးအိတ်ကိုကိုင်ကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ” သူက ခေတ်သစ်ရဲ့ ဧည့်ခံပွဲကိုတက်ရမယ်လို့ မမျှော်လင့်ထားပေ။ သူက ဧည့်ခံပွဲခန်းမရှိ တိုက်ပွဲများစွာကို ကြုံဖူးသော်လည်း အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ရှန်းယုဟန်က နေ့လည်ခင်းမှာ နှစ်ကြိမ်တိတိနှာချေခဲ့သဖြင့် ရှန်ချီဟွမ်းက သူ့ကို အချက်အပြုတ်သင်တန်းမပို့ခဲ့ပေ။

ညနေလေးနာရီမှာ သူ့ခင်ပွန်းက အလုပ်စောစောဆင်းခဲ့သည်။

ရှန်းယုဟန်က သူ့အကြိုက်ဆုံးပစ္စည်းအသစ်ဖြစ်သည့် လက်အနွေးအိတ်ကိုကိုင်ကာ ကားထဲဝင်လိုက်ပြီး အပြင်ပိုင်းမှာ ကုတ်ဝတ်ထားပြီး ဗိုက်ပေါ်မှာ အနွေးအိတ်ကိုတင်ထားသဖြင့် တစ်ချက်ကြည့်ရုံနှင့် ကိုယ်ဝန်ရှိနေပုံပေါ်သည်။

ရှန်ချီဟွမ်းက ကားထဲမဝင်ခင် လက်ထောက်ချွီနဲ့ စကားနည်းနည်းပြောပြီး သူကားထဲဝင်လိုက်တာနဲ့ ရှန်းယုဟန်၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

သူက မနေနိုင်တော့ပဲ မေးလိုက်သည်။ “မင်းဘာလို့ ငယ်ငယ်လေးနဲ့ သက်ပြင်းချနေရတာလဲ?”

ရှန်းယုဟန်က သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်က မငယ်တော့ပါဘူး၊ အသက်နှစ်ဆယ်ရှိပြီ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment