no
...
...
ကျုံးပေါ်၏စီရင်စုခြောက်ခုသည် ငွေလင်လန်းပေါ်တင်၍ တိုင်းတစ်ပါးရန်သူများလက်ထဲ ထိုးကျွေးခံခဲ့ရပြီး ရှန်ဇယ်ချွမ်းတစ်ယောက် မြို့တော်မှာ အကျဥ်းချခံရကာ ရေနစ်နေသောခွေးတစ်ကောင်အဖြစ် အဆင့်ကျသွားခဲ့၏။ TN: 'ရေနစ်နေတဲ့ခွေး' က ချစ်ခင်မြတ်နိုးမှု ဒါမှမဟုတ် အာဏာကို ဆုံးရှုံးသွားတဲ့ တစ်စုံတစ်ယောက်ကိုပြောတာပါ။ ရှောင်ချီးရယ်က ကြွက်ကြွက်စီနေသည့်ရနံ့နောက်လိုက်၍ ရောက်ချလာခဲ့သည်။ သို့သော် သူက တခြားသူများကို တိုက်ခိုက်ခိုင်းရမည့်အစား ရှည်လျားလွန်းသော သူ၏ခြေထောက်များဖြင့် ရှန်ဇယ်ချွမ်းကို ကန်ကျောက်၍ မသေရုံတမယ် ဖြစ်စေခဲ့လေ၏။ သို့သော်လည်း ထိုသေအံ့ဆဲဆဲလူက ကစားပွဲကိုပြောင်းပြန်လှန်ကာ သူ့အား သွေးသံတရွှဲရွှဲဖြစ်သွားစေသည်အထိ တန်ပြန်ကိုက်ခဲလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမိမည်နည်း။ ဤသည်မှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံလိုက်တိုင်း အချင်းချင်းဆုတ်ဖြဲပစ်ကြမည့်လူနှစ်ယောက်၏ ဂန္တဝင်ရန်ငြိုးအစပင်တည်း။ "ကံကြမ္မာက ငါ့ကို ဒီနေရာမှာ ထာဝရချည်နှောင်ထားချင်ပေမဲ့ ဒါ ငါရွေးချယ်တဲ့လမ်းမဟုတ်ဘူး။ အဝါရောင်ဖုန်မှုန့်တွေက ငါ့ရဲ့ညီအစ်ကိုတွေကို ဟိုးအောက်ဆုံးထိ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံလိုက်ပြီ။ ငါ အတုအယောင်ကံကြမ္မာကို အညံ့ခံဦးညွတ်ဖို့ ဆန္ဒမရှိဘူး။ တော်ဝင်အမိန့်ပြန်တမ်းက ငါ့ရဲ့တပ်သားတွေကို မကယ်တင်နိုင်ခဲ့သလို တော်ဝင်ရုံးတော်က ငါ့မြင်းတွေရဲ့ဝမ်းဗိုက်ကို မဖြည့်တင်းပေးနိုင်ဘူး။ ငါ ဒီရည်မှန်းချက်ပန်းတိုင်အတွက် ငါ့ဘဝကိုချခင်းပေးဖို့ ဆန္ဒမရှိဘူး။ ငါ ဒီတောင်ကို ကျော်ဖြတ်ချင်တယ်။ ငါ ငါ့ကိုယ်ငါအတွက် တိုက်ခိုက်တော့မယ်။" *** Aurora Novel Translation Team Tuesday တိုင်း အပိုင်းသစ် ၇ ပိုင်းတင်ပေးပါတယ်ရှင့် (◕ᴗ◕✿)
Chapter21
QJJ
0
Chapter22
QJJ
0
Chapter23
QJJ
0
Chapter24
QJJ
0
Chapter25
QJJ
0
Chapter26
QJJ
0
Chapter27
QJJ
0
Chapter28
QJJ
0
Chapter29
QJJ
0
Chapter30
QJJ
0
Chapter31
QJJ
0
Chapter32
QJJ
0
Chapter33
QJJ
0
Chapter34
QJJ
0
Chapter35
QJJ
0
Chapter36
QJJ
0
Miss_Clearwest
4 months ago
ချီး ငါက အခုမှ သုံးဖူးတော့ bookmark ကို နှိပ်ရင် အမည်းလေးဖြစ်သွားမှရတာ် ထင်ပြီးဇွတ်နှိပ်နေတာ ၁၉ခုတောင် ဖြစ်သွားတယ်