အပိုင်း (၁၀)
လုဝမ်ဝမ် ပိုစိတ်ဝင်စားနေသည်မှာ ရှန်းရီ ဤလည်ဆွဲအား ဘယ်ကနေ ရလာသလဲကိုပင်။ အခုခေတ်မှာ အတုတွေအားလုံးက အစစ်နဲ့ခွဲမရအောင်တူကြတာပဲလား?
တကယ်လို့သာ ရှန်းရီက ငမွဲဖြစ်ကြောင်းသာ သူ(မ)သိမနေရင် သေချာတယ် သူ(မ)ရဲ့ စူးရှတဲ့မျက်လုံးတွေက အရူးလုပ်ခံလိုက်ရမှာပင်..…
စားပွဲခုံပေါ်က မီးအိမ်ကို ပိတ်လိုက်သည်နှင့် အခန်းထဲတွင် အလင်းရောင်မိန်ပျပျလေးသာ ကျန်တော့သည်။
ရှန်းရီသည် ကျန်းမာသန်းစွမ်းသည့် ယောကျ်ားတစ်ယောက်ဖြစ်ပြီး သူ၏အသွင်အပြင်က သန့်စင်သည့်နှလုံးသားနှင့်ဝိညာဉ်ရှိသည်ဟု ထင်ရသော်ငြား ညအချိန်ရောက်လာလျှင် သူသည် သူ(မ)ကို မလွဲဧကန် တစ်ခုခုလုပ်စမြဲဖြစ်သည်။
အနည်းငယ် အေးစက်စက်လက်ချောင်းများက သူ(မ)၏ခါးသေးသေးလေးအား ဖြည်းညင်းစွာ ဖျစ်ညစ်ပြီး သူ(မ)၏ဝမ်းဗိုက်အပေါ်သို့ တစ်ဖြည်းဖြည်း တက်လာ၏။ လုဝမ်ဝမ်သည် သူ(မ)၏ အလွန်
မကောင်းရှာသည့် မှတ်ညဏ်အနည်းငယ်ကို ပြန်မှတ်မိလာကာ ခန္ဓာကိုယ်မှာ တောင့်ခဲသွားရသည်။
ရှန်းရီဆိုသည့် ထိုလူသားသည် အိပ်ရာထဲတွင် အလွန် ကြမ်းတမ်းသည့် လူစားမျိုး။ သူ(မ)၏နား,နားကပ်ကာ ညစ်ညစ်ပတ်ပတ်စကားလုံးများကို ပြောတတ်ပြီး တစ်ခါစပြီးဆိုသည်နှင့် အချိန်ကြာသည်အထိ မပြီးနိုင်မစီးနိုင်၊ သူ(မ)မှ မျက်ရည်အနည်းငယ်မကျပြဘူးဆိုလျှင် ထိုလူသားသည် အလွယ်တကူရပ်တန့်လေ့မရှိသည့်သူ ဖြစ်သည်။
သူ၏အဆိုးရွားဆုံး စိတ်သဘောထားများအားလုံးက ညဘက်ရောက်လျှင် အလိုလို ထွက်ပေါ်လာ၏။
လုဝမ်ဝမ်သည် သူ၏လက်ကိုတွန်းထုတ်ကာ နူးနူးညံ့ညံ့အသံလေးဖြင့် ဆိုလေသည်။
"ငါ ပင်ပန်းနေပြီ"
"အွန်း"
သူ၏လက်ကစားမှုများအားလုံးသည် ရပ်တန့်သွားပြီး သူ(မ)နံဘေးတွင် နာခံစွာ လဲလျောင်းလိုက်သည်။
ထိုနေ့ညတွင် လုဝမ်ဝမ်သည် တစ်ချိန်က မှတ်ညဏ်များကို အိပိမက်ထပ်မက်ပြန်၏။ အကြောင်းအရာမှာ သူ(မ) ပထမဦးဆုံးအကြိမ် စာအုပ်ထဲသို့ဝင်စားပြီး ရှန်းရီစိတ်အလိုအကျဆောင်ရွက်ပေးရန် စိတ်နှစ်ထားခဲ့သည့်အချိန်ဖြစ်သည်။
ထိုပိန်ပိန်ပါးပါး လူငယ်လေးသည် နဖူးထောင့်တွင် ဒဏ်ရာအနည်းငယ်နှင့်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ့အား မည်သူက အနိုင်ကျင့်ရိုက်နှက်လိုက်သလဲ သူ(မ)မသိပေမဲ့ မြေပြင်ပေါ်တွင် လဲနေသည့် သူ၏ပုံစံမှာ အလွန်ကိုမှ စိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး သနားစရာကောင်းလေ၏။
သူ(မ)သည် သူ့အရှေ့တွင် ဒူးထောက်ထိုင်ကာ ကြင်နာမှုများ ပြည့်နေသည့်မျက်ဝန်များဖြင့် : "ငါ နင့်ကို ဒဏ်ရာတွေစစ်ဆေးလို့ရအောင် ဆေးရုံခေါ်သွားပေးမယ်နော်"
အေးတိအေးစက်လူငယ်လေးသည် ရေသေထက်ပင် ပိုပြီး ဆိတ်ငြိမ်နေသည့် မျက်ဝန်းနက်နက်များကို မြင့်ကာ ကြည်လင်ပြတ်သားစွာဖြင့် ဆိုလာခဲ့သည့် စကားလုံးတစ်လုံးမှာကား :
"ထွက်သွား"
ရှန်းရီသည် အမြဲတမ်း တိတ်ဆိတ်ကာ စကားနည်းပြီး လိမ္မာရေးခြားရှိလှသည့် ကောင်လေးတစ်ဦးဖြစ်သောကြောင့်လည်း နောက်ပိုင်းတွင် သူ(မ)အား အကျဉ်းချတိုက်ပိတ်ထားလိမ့်မည်လို့ သူ(မ) တစ်ခါမှ မတွေးခဲ့ဖူးခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ သူဟာ သူ(မ)အား ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ ပိတ်လှောင်ထားခဲ့သည်။
ထိုအချိန်က ရှန်းရီသည် ယခင်လို ယုတ္တိတန်သူမဟုတ်တော့ဘဲ သူ(မ)အား တင်းကျပ်စွာဖက်ထားရင်း သူ(မ)ရဲ့ဆံစလေးများအား နားနောက်သို့ နူးညံ့စွာ သပ်တင်ပေးပြီး နဖူးကို နမ်းရှိုက်ကာ : "မင်းပြောခဲ့တယ်မလား ကိုယ့်အပေါ် အမြဲတမ်း ကောင်းပေးပါ့မယ်လို့လေ?"
"မင်းပြောခဲ့တယ်မလား ကိုယ့်တစ်ယောက်တည်းကိုပဲ ကောင်းပေးသွားပါ့မယ်လို့လေ"
သူ(မ)သည် ပါးစပ်ကို ဖွင့်သော်ငြား လည်ချောင်းသည် အလွန်နာကျင်စွာကိုက်ခဲနေခဲ့သည်။ အို့ ဟုတ်သားပဲ ဒါကို ဆွံ့အသွားတယ်လို့ ခေါ်ရမလား..
ရှန်းရီ ပြုံးလိုက်သည်မှာ သူ၏နှုတ်ခမ်းထက် ရစ်ဝဲနေသည့် ထိုအပြုံးသည် အလွန်ဖြူစင်ဟန်ရှိလေ၏။
"ဒါဆို မင်းဘာလို့ သူတို့ကို ပြုံးပြရတာလဲ? မင်းမျက်လုံးထဲမှာ ကိုယ်က အဲ့အကောင်တွေနဲ့ တူတူပဲဖြစ်နေလို့လား"
"မင်း ကိုယ့်ကို သဘောမကျတာ ကိုယ် သိပါတယ်ကွာ"
"ဒါပေမဲ့ ကိစ္စမရှိဘူး..မင်း ကိုယ့်ဘေးမှာ နေပေးသရွေ့ လုံလောက်နေပါပြီ"
လုဝမ်ဝမ်မှာ ထိုကဲ့သို့သော စိတ္တဇဝေဒနာရှင်မျိုးနှင့် ဆက်သွယ်ရန် မည်သည့်နည်းလမ်းမှ မရှိတော့ဘူးဟု ခံစားမိလေသည်။ သူပြောနေသည့် ထိုလူတွေဆိုသည်မှာ သူ(မ)၏လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းမိတ်ဆွေများ ဖြစ်သည်။
ဒါပေမဲ့ ကြည့်ရသလောက် ရှန်းရီက သူတို့တစ်ဦးတစ်ယောက်ကိုမှ သည်းခံနိုင်တော့ဟန်မတူပေ။
ထိုလူသားသည် သူ(မ)အား တင်းကျပ်စွာ ပွေ့ဖက်ထားရင်း နူးညံ့စွာ နှစ်သိမ့်ပေးသော်ငြား သူ(မ)တစ်ကိုယ်လုံးသည် အကြောက်တရားများဖြင့် တုန်ယင်နေဆဲ။ သူ၏ပါးစပ်မှ ကြမ်းတမ်းသည့်စကားလုံးများကို နူးညံပျော့ပျောင်းသည့် အသံကို သုံး၍ သူ(မ)ကို ချော့မော့ဆိုလာ၏။
"မကြောက်ပါနဲ့ကွာ.. အိမ်မှာပဲ အမြဲနေပြီး လိမ္မာတဲ့ကောင်မလေး လုပ်တော့နော်"
နောက်တစ်နေ့မနက် သူ(မ)အိပ်ရာနိုးလာသည့်အချိန်တွင် တစ်ခေါင်းလုံး ချွေးများဖြင့် စိုစွတ်နေပြီဖြစ်သည်။
အတော်လေးကြာပြီးသည့်နောက်တွင်မှ လုဝမ်ဝမ်သည် အသိများ ပြန်ရကာ ရေမိုးချိုးသန့်စင်ရန် အိပ်ရာမှ ထလိုက်တော့သည်။
ထိုလည်ဆွဲအတုသည် မှန်တင်ခုံပေါ်တွင်ရှိနေဆဲဖြစ်ကာ အတုဖြစ်သော်ငြားလည်း လုဝမ်ဝမ်သည် ၎င်းနှင့် ပတ်သက်ပြီး မည်သည့်အရာမှ ထုတ်မပြောပေ။ သို့သော် သူ(မ)အဝတ်လဲ ပြင်ဆင်ပြီးသည့်နောက်တွင် ဘေးနားတွင် ရပ်နေသည့် ရှန်းရီက နားမလည်ဟန်ဖြင့် မေးလာ၏။
"မင်းမကြိုက်ဘူးလား? ဘာဖြစ်လို့မဝတ်ထားတာလဲ?"
လုဝမ်ဝမ်သည် ထိုလူအား အပြစ်ကင်းသည့် အပြုံးလေးပြုံးပြလိုက်ရင်း : "အင်း မနေ့ကတော့ ကြိုက်ပါသေးတယ် ဒါပေမဲ့ ဒီနေ့တော့ ငါ မကြိုက်တော့ဘူး အဲ့ဒါကိုလည်း မဝတ်ချင်တော့ဘူး"
"ရီရီ နင် ငါ့ကို လက်ဖွာပြီး ဖြုန်းတီးလွန်းတယ်လို့တော့ မထင်ဘူးမလား ဟင်?"
ရှန်းရီသည် ခေါင်းကိုခါကာ : "မထင်ပါဘူးကွာ အားလုံးက မင်းဆန္ဒအတိုင်းပါပဲ"
လုဝမ်ဝမ်သည် အံကိုကြိတ်ထားရပြီး လေပင် နင်တော့မည်ဖြစ်သည်။ ရှန်းရီကြောင့် ဒေါသထွက်လွန်းလို့သေတော့မယ်..ဒီလူ ဒီလောက်ထိ စိတ်ရှည်တာကို သူ(မ) ဘာလို့ အရင်က မသိခဲ့ရတာလဲ?
သူမ၏စိတ်ထဲတွင် အော်ဟစ်သောင်းကျန်နေကာ 'ငါ နင့်ကိုကစားနေတာလေ နင်မမြင်ဘူးလားလို့'
"ဒါနဲ့လေ နင်တို့ကုမ္ပဏီက နှစ်ကုန်ဘောနပ်စ် ပေးတော့မယ်မလား"
"အင်း"
လုဝမ်ဝမ်သည် သူ(မ)၏သင်ခန်းစာကို နှစ်ကြိမ်တိုင် သင်ယူပြီးနောက်တွင် ရှန်းရီ၏သနားကမားအသွင်အပြင်ကြောင့်ဖြင့် အလှည့်စားခံရတော့မည် မဟုတ်ပေ။ မည်မျှပင် သနားစရာကောင်းနေပါစေ ယခုအချိန်တွင် လုဝမ်ဝမ်သည် သူ(မ)ရဲ့နှလုံးသားကို ရေသေကဲ့သို့ တည်ငြိမ်အောင်ထားနိုင်နေပြီပင်။
ထိုလူသား၏ကောင်းသော အမူအကျင့်အားလုံးက သရုပ်ပြမှုတစ်ခုသာ။
သူ(မ)သည် မျက်လုံးများ ကျဉ်းမြောင်းသည်အထိ ပြုံးလိုက်လေသည်။
"ဒါဆို ပိုက်ဆံရလာတဲ့အချိန်ကျရင် ငါ့ကိုပေးဖို့ မမေ့နဲ့အုံးနော် ဒါမှ နှစ်သစ်ကူးမှာ ငါ့မိဘတွေကို ဝယ်ပေးမယ့်လက်ဆောင်တွေက အရမ်း မစုတ်ချာနေမှာ"
"အိုခေ"
"……"
လုဝမ်ဝမ်သည် ခဏမျှ တိတ်ဆိတ်သွားသော်လည်း နောက်ဆုံးတွင် သိချင်စိတ်ကို မထိန်းထားနိုင်တော့ကာ ထပ်မေးလိုက်သည်။
"နင်ငါပြောတာကို သေချာရော ကြားရဲ့လား"
သူ၏လစာကတ်သည် သူ(မ)လက်ထဲတွင်သာ ဖြစ်ပြီး အကယ်၍ နှစ်ကုန်ဘောနပ်စ်ပါ သူ(မ)ကို ထပ်ပေးရပါက သေချာသည်၊ ရှန်းရီထံတွင် ပိုက်ဆံတစ်ကျပ်တောင် ကျန်တော့မည်မဟုတ်ပေ။
"ကိုယ် မင်းပြောတာကို သေချာကြားပါတယ်ကွာ တကယ်လို့ မင်းသာ စိတ်ကျေနပ်မယ်ဆိုရင် အကုန်လုံးယူလည်း ရတယ်"
အမှန်တကယ်တွင် ထိုအရာက ကောင်းသေးသည်ဟုပင် ရှန်းရီခံစားမိ၏။ တကယ်လို့ သူ(မ)က ပိုက်ဆံကြိုက်တယ်ဆိုလည်း သူ(မ)ကို ပေးရန်အသင့်။
သူအနေနှင့် သူ(မ)လိုချင်သည့် အရာအားလုံးကို ဖြည့်စွက်ပေးနိုင်သလို သူ(မ)၏ကိစ္စအဝဝကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးနိုင်သည်။ သို့မှသာ သူ(မ)လေးသည် သူ(မ)ကို အကောင်းဆုံးဆက်ဆံပေးနိုင်သူမှာ ဤကမ္ဘာပေါ်တွင် သူသာဖြစ်ကြောင်း၊ သူ့တစ်ယောက်တည်းသာရှိကြောင်းကို သိပေလိမ့်မည်။
ဒါမှ တခြားသူတွေရဲ့ လှည့်စားတာကို ခံရပြီး သူ့အနားကနေ မထွက်သွားနိုင်မှာ.....