အပိုင်း (၁၁)
လုဝမ်ဝမ်တစ်ယောက် သူ(မ)ကိုယ်သူ(မ) သံသယဝင်မိတော့သည်။ ပထမတော့ သူ(မ) ကြာပန်းဖြူပုံစံသရုပ်ဆောင်သည်မှာ ပြီးပြည့်စုံလှပြီဟု ခံစားမိသော်ငြား ရှန်းရီကတော့ ရိပ်မိဟန်မတူ၊ စိတ်ဆိုး စိတ်အနှောင့်အယှက်မဖြစ်သည့်အပြင် သူ(မ)အား သူ့ကို အနိုင်ကျင့်ရန် ခွင့်ပြုပေးထားသေး၏။
အဲ့လိုလည်မဟုတ်သေးပါဘူး သူစိတ်ဆိုးသွားခဲ့တယ်မလား...
မနေ့ညက သူ(မ) လင်းရှုကားထဲမှထွက်လာသည်ကို သူမြင်သွားတုန်းက ဖြစ်သည်။
သူ(မ) ဤဇာတ်ရံအမျိုးသားကို အားကိုးနေရအုံးမည်မှာ အမှန်ပင်။ မူလဇာတ်လမ်းအတိုင် ရှေ့ဆက်သွားနေသ၍ ထိုလူအား ကွာရှင်းပြီး ထားခဲ့ရန်မှာ ပြဿနာတစ်ခု ဟုတ်ဟန်မတူပေ။
မနက်စာစားပြီးသည့်နောက်တွင် လုဝမ်ဝမ်တစ်ယောက် မနေ့က သူ(မ)တင်ခဲ့သည့် ရုပ်ပြကာတွန်း နာမည်ကြီးနေပြီလားကို ဝေ့ပေါ်တွင် ဝင်ကြည့်ရန် မစောင့်နိုင်တော့ချေ။
«0 မှတ်ချက်» «0 ကြိုက်နှစ်သက်မှု».….သူမမျက်လုံးများဆီသို့ ဓားတစင်းအလား လာစိုက်လေ၏.။
သူမ ဒီလောက်တောင် သုံးစားမရဖြစ်သွားပြီလား? ဘယ်လိုပဲဆိုအုံးတော့ စာအုပ်ထဲ မကူးပြောင်းလာခင်က သူ(မ)က သင့်တင့်တဲ့ ကာတွန်းရေးဆရာမတစ်ယောက်ပါနော်!
လုဝမ်ဝမ်သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ ကွန်ပြူတာအား ပိတ်လိုက်တော့သည်။ သူ(မ)အချိန်အတန်ကြာစဉ်းစားသည့်တိုင် ဘာကြောင့်လဲဆိုသည့် အဖြေကို ရှာမရဆဲ။ သို့သော် အရှုံးပေးရန် ငြင်းဆန်ကာ ပုံဆွဲဘုတ်ပြားကိုကောက်ကိုင်လိုက်ပြီး Q ဒီဇိုင်းကာတွန်းအား ရေးဆွဲလေတော့သည်။
(Eng TL’s note : Qဒီဇိုင်းက ဘာလဲဆိုတာမသိပေမဲ့ စာဖတ်သူတစ်ယောက်ပြောပြထားတာက Chibi ဒီဇိုင်းပါတဲ့)
ပုံဆွဲပြီး သူ(မ)ကိုယ်သူ(မ) မထောက်ပံ့နိုင်သည်ကို သူ(မ) မယုံကြည်နိုင်ပေ။
*
ယနေ့တွင် ရှန်းရီသည် ရုံသို့ နာရီဝက်နောက်ကျပြီးမှ ရောက်လာပြန်၏။
လီရှင်းသည် ရုံးခန်းထဲမှ ကုလားထိုင်တွင် ထိုင်နေကာ : “ရီကော ဒီတစ်ခါလည်း အိမ်မှာပန်ကန်းတွေဆေးနေလို့ နောက်ကျရပြန်တာလား?”
ရှန်းရီသည် အမူအရာမဲ့သည့် မျက်နှာတည်ဖြင့် : “မဟုတ်ဘူး”
“ဒါဆို ဘာလို့တုံး”
“ဒီနေ့က ဝမ်ဝမ့်အဝတ်တွေ လျှော်ပေးဖို့ ကူပေးနေလို့”
“….”
လုဝမ်ဝမ်တစ်ယောက် အိမ်တွင် စားရန်၊ သောက်ရန်နှင့် ပျော်ပါးရန်မှ လွဲ၍ ဘာမှလုပ်စရာမလိုသည်အထိ တကယ်ကို ဖူးဖူးမှုတ်ခံထားရပါလားဟု လီရှင်း သူ့ကိုယ်သူ တွေးလိုက်သည်။
ရှန်းရီ စာရွက်စာတမ်းများ ဖတ်နေစဉ် လီရှင်းသည် ဟာသအနည်းဖြင့် သူ့အား စနောက်နေပြီး သူသည် ဖုန်းမဝင်လာခင်အထိ စကားတစ်ခွန်းမှမဆို၊ တစ်ဖက်မှပုဂ္ဂိုလ် ဘာပြောလိုက်သလဲကို လီရှင်း မသိသော်ငြား ရှန်းရီ၏ရေခဲတုံးမျက်နှာသည် တဖြည်းဖြည်း အရည်ပျော်ကျကာ သူ၏မျက်ခုံးစွန်းလေးများတွင် ကွယ်ဝှက်ထားသော အပြုံးရိပ်လေး သန်းနေတော့သည်။
“ဘယ်သူခေါ်တာလဲ ရီကော”
“ဝမ်ဝမ်”
ထို့နောက် ရှန်းရီသည် စကားအနည်းငယ် ဖြည့်စွက်ပြောလာ၏။
“ဝမ်ဝမ်ပြောတာ နေ့လည်ကျရင် ငါ့အတွက် ထမင်းဘူးယူလာပေးမယ်တဲ့”
“သူ့ရဲ့ လက်နုနုလေးတွေက ထမင်းဟင်းချက်တတ်တယ်ပေါ့?”
ရှန်းရီ၏မျက်လုံးထောင့်လေးများမှ အပြုံးသည် မှေးမှိန်သွား၏။ သူသိတာပေါ့ သူ(မ)မချက်တတ်ဘူးဆိုတာ၊ သူမ ဘာဆိုဘာမှမလုပ်တတ်ဘူးဆိုတာကိုရောပေါ့။ ယနေ့တွင် သူ့အား ကုမ္ပဏီအထိ လာရှာသည်မှာလည်း သူ(မ)စိတ်ထဲ အခြားအကြောင်းပြချက်တစ်ခုခုရှိနေတာကြောင့် ဖြစ်မည်။
ရှန်းရီသည် အရာရာကို သိနေသော်ငြား သူ၏အမူအရာသည် ဘာကိုမျှ နားမလည်သည့်အတိုင်း မထုံးတက်သေးနေနေ၏။ သူ(မ) ပြဿနာလိုက်ရှာသည်အား သူ့အနေနှင့် တိုးတိတ်စွာဖြင့် ကြည့်နေရုံသာ။
ဖျတ်လပ်တက်ကြွပြီး သက်ဝင်နေသည့် လုဝမ်ဝမ်ကို သူ နှစ်သက်သည်။ အလွန်တရာမှလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။
သူ(မ) သူ့အား လိမ်ညာနေသည့်အချိန်တိုင်း၊ ထိုအရည်လဲ့လဲ့မျက်ဝန်များက သူ့အား ကြောက်ရွံ့နေသည့်တိုင် ထိုအကြောက်တရားကိုဖုံးကွယ်ထားသည့် အချိန်တိုင်း သူ(မ)နှင့်ပတ်သက်သည့် အရာအားလုံးက သူ့ကိုစိတ်ဝင်စားရန် ဆွဲဆောင်နေလေ၏။
လီရှင်း : “ကျွန်တော်တောင် မရီးနဲ့ မတွေ့ဖြင့်တာ တော်တော်ကြာသွားပြီပဲ ဒီတစ်ခေါက်တော့ သူနဲ့ စကားအများကြီးပြောရအုံးမယ်”
ထိုအချိန်က သူတို့နှစ်ဦးစလုံးသည် တစ်ကျောင်းတည်းဖြစ်သော်ငြား အထက်တန်းကျောင်းတွင် သူတို့နှစ်ဦး၏ဆက်ဆံရေးသည် သာမန်မျှသာဖြစ်ပြီး လုဝမ်ဝမ်နှင့် ရှန်းရီတွဲပြီးနောက်တွင် တစ်ယောက်နှင့်တစ်ယောက် တွေ့ဖြစ်သည်မှာ ရှားသွားတော့သည်။ သူ(မ)နှင့် ရှန်းရီ လက်ထပ်သည့်နေ့က လီရှင်း လုဝမ်ဝမ်ကို နောက်ဆုံးတွေ့ခဲ့သည့်အချိန်ပင်။ ရှန်းရီသည် လုဝမ်ဝမ်အားကုမ္ပဏီသို့ ခေါ်လာလေ့မရှိသည့်အပြင် အနီးစပ်ဆုံးသူငယ်ချင်းများဖြစ်သည့် သူတို့ကိုပင် အိမ်လည်မဖိတ်တတ်သူ ဖြစ်သည်။
ရှန်းရီ သူ့မိန်းမအား အလွန် ဂရုတစိုက်နှင့် ဖွက်ထားသည်မှာ တန်ဖိုးကြီးရတနာတစ်ပါးသဖွယ်ပင်။
သူတို့တွေ လုဝမ်ဝမ်နှင့်ပတ်သက်ပြီး များများစားစား မတွေးမိကြပေ။ သူ(မ)သည် ပကာသနများကို မက်မောပြီး အဆင်းသာရှိပြီး အချင်းမရှိသည့် မိန်းကလေးမျိုး၊ထို့အပြင်..အမျှော်အမြင်ကလည်း နည်းသေး။
ယခုတွင် ရှန်းမိသားစု၏ဆက်ခံသူဖြစ်သည့် ရှန်းရီနှင့် ထိုမိန်းကလေးမျိုးသည် ပိုလို့တောင် လိုက်ဖက်မှု မရှိပေ။ ဘယ်သူပဲကြည့်ကြည့် လုဝမ်ဝမ် ရှန်းရီကို လက်ထပ်လိုက်နိုင်သည်က သူ(မ)၏အခြေအနေထက်ပင် ပို၍မြင့်မားသည်ဟုဆိုရမည်။
သို့သော် ရှန်းရီ သူ(မ)အား သဘောကျနေမှဖြင့် အဘယ်သို့သောအရာက တားဆီးနိုင်ပါမည်နည်း။
*
ဟုတ်ပါ၏၊ လုဝမ်ဝမ်သည် ချက်တာပြုတ်တာကို ဘာမှန်း နားမလည်သူ ဖြစ်သောကြောင့် စားသောက်ဆိုင်ကနေ တိုက်ရိုက်မှာယူကာ ရှန်းရီ၏ကုမ္ပဏီဆီသို့ ယူလာလိုက်သည်။
ရှန်းရီသည် သာမန်ဝန်ထမ်းပေါက်စလေးတစ်ယောက်ဟု သူ(မ)ထင်ထားခဲ့သော်ငြား ကုမ္ပဏီထဲသို့ ဝင်လာချိန်တွင် သူ(မ) သဘောပေါက်လိုက်သည်မှာ ထိုလူသည် အထွေထွေဒါရိုက်တာရာထူးနှင့် ဆင်တူသည့်နေရာတွင် ရှိလောက်ဟန်တူသည်ပင်။
သူ(မ)သည် အပေါ်တွင် အနီရောင်ဆွယ်တာနှင့် အကွက်စိတ်စကပ်ကို တွဲဖက်ဝတ်ဆင်ထားသည်က သူ(မ)၏ပုံစံအား ချစ်စရာကောင်းပြီး ငယ်ရွယ်မှုများဖြင့် ပြည့်နှက်နေစေသည်။ ပေါ့ပေါ့ပါးပါမိတ်ကပ်လေးထပ်လောင်း၍လည်း သူ(မ)၏အလှလေးက ညှို့ယူဖမ်းစားနိုင်သည်ထက် ရိုးသာပြီး ချိုမြိန်နေဟန်။
လုဝမ်ဝမ်သည် မည်သည့်အနှောင့်အယှက်မှမရှိဘဲ ရှန်းရီ၏ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ ဝင်လာပြီးကာမှ အထဲတွင် အခြားပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေသေးမှန်း တွေ့လိုက်ရသည်။
သူ(မ)သည် ရုံးခန်းထဲရှိ လက်ဖက်ရည်စားပွဲပေါ်သို့ ထမင်းဘူးကို ချကာ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း : “ရီရီ ငါနင့်အတွက် ငါ့လက်နဲ့ကိုယ်တိုင်ထမင်းဘူးလေးထုတ်လာခဲ့တယ် လာပြီး စားကြည့်ပါအုံး”
လီရှင်းသည် တစ်ဖက်တွင် ထိုင်နေပြီး ဟင်းပွဲနံ့များ ရပြီးသည့်အချိန်ကတည်းက ပိုင်းရှန်စားသောက်ဆိုင်မှဟင်းပွဲများဖြစ်မှန်း ချက်ချင်းသိလိုက်ကာ ကျိတ်ရယ်လေ၏။ လုဝမ်ဝမ် သူတို့ကို အရူးများမှတ်နေတာလား၊ တကယ်ကိုအရှက်မရှိလိုက်ပုံများ။
ရှန်းရီသည် ထမင်းဘူးအား ဖွင့်ရင်း သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူသည် တစ်လုပ်စားကြည့်ပြီး သူမ၏အလိမ်အညာအား ဖော်ထုတ်မနေဘဲ ပြုံးရင်း ဆိုလာ၏။
“အရသာရှိတယ်”
လီရှင်းသည် လုဝမ်ဝမ်အား ကြည့်နေရင်း သူ(မ)၏စိတ်နေသဘောထားအလုံးစုံက ပြောင်းလဲသွားသကဲ့သို့ ယခင်ကလို အပေါစားမဆန်းတော့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လုဝမ်ဝမ်သည် သူ(မ)၏အခြားတစ်ဖတ်တွင် အကြည့်တစ်ခုကို ခံစားမိကာ သူ့ဘက်သို့ ခေါင်းလှည့်မေးလိုက်၏။
“လီရှင်း ငါ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား?”
သူ(မ) လီရှင်းကို ကောင်းကောင်း မှတ်မိပါ၏။ ထိုပုဂ္ဂိုလ်သည် လီမိသားစုမှ အဆင့်တန်းမြင့် သခင်ငယ်လေးတစ်ဦးဖြစ်သည်။
“မတွေ့ရတဲ့ ဒီနှစ်အတောအတွင်း မရီးက တော်တော်လေးလှလာတယ်နော်”
“ကျေးဇူးပါပဲ နင်လည်း ကြည့်လို့ကောင်းလာတယ်”
လုဝမ်ဝမ်သည် ရှန်းရီ၏သူငယ်ချင်းများနှင့်ပတ်သက်၍ မည်သည့်ခံစားချက်မှ ရှိမနေပေ။ ထိုလူများသည် မူလ လုဝမ်ဝမ်အား အစကတည်းက ဖော်ဖော်ရွေရွေ မရှိကြသည်ကိုသာ သူ(မ)သိသည်။
ကောင်ကင်ဘုံ၏ရွှေမင်းသားများက ဤကဲ့သို့သော အချည်းနှီးမိန်းမမျိုးကို သဘောမကျကြသည်မှာလည်း အဆန်းတော့မဟုတ်ပေ။
သူ(မ)၏အဓိကကိစ္စများကို မပြောခင် လုဝမ်ဝမ်သည် ရှန်းရီ နေ့လည်စာ,စားနေသည်အား အဖော်ပြုပေးလိုက်သည်။