no

Font
Theme

အပိုင်း (၄)

ရှန်းရီမှ  : “ အိမ်ပြန်ကြရအောင်” 

အိုခေလေ၊ ပြန်ကြတာပေါ့ ဘယ်သူက ဘယ်သူ့ကိုကြောက်နေစရာ လိုလို့လဲ။

မကြာခင်တွင် အထက်တန်းတုန်းက လုဝမ်ဝမ်အား တစ်ဖက်သတ်သဘောကျနေခဲ့သည့် ခန့်ညားသည့် လူတစ်ယောက် တံခါးလာခေါက်‌လိမ့်မည်ပင်။

သူ(မ)အနေဖြင့် ဇာတ်လမ်းအတိုင်း ရေလိုက်ငါးလိုက်,လိုက်နေရုံနှင့် ရှန်းရီအား ဖယ်ထုတ်နိုင်လိမ့်မည်၊ ပြီးရင် မည်သည့် ပြဿနာမှမရှိဘဲ ကွာရှင်းကြမည်။

လုဝမ်ဝမ်တစ်ယောက် အပေါ်ထပ်သို့ တက်သွားပြီး လက်ဆွဲအိတ်နှစ်လုံးဖြင့် လှပသည့်အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ကောက်ထည့်လိုက်သည်။ သူ(မ)၏အဝတ်စားဗီရိုရှေ့သို့ရပ်ရင်း မကျေမနပ်ဖြစ်နေသည့်မျက်နှာဖြင့် ဆိုလိုက်သည်။ 

“အားယား ဒီအဝတ်အစားတွေအကုန်လုံးက ဒိတ်ကုန်နေပြီ ငါတကယ် ဒါတွေကို ထပ်မဝတ်ချင်တော့ဘူး ယွမ်သောင်းလောက်ပဲ တန်တဲ့အဝတ်အစားတွေက တကယ်ကို ဘာမှအဖိုးမတန်တာဘဲ “

သူ(မ)သည် တံခါးဝတွင် ရပ်နေသည့် ရှန်းရီကို လှည့်ကြည့်ပြီး ချိုသာစွာ ပြုံးလိုက်သည်။ 

“ရီရီ ငါ့ကို ဒီအဝတ်အစားတွေသယ်ပြီး အမှိုက်ပုံးထဲ ကူပစ်ပေးပါအုံးနော်”

သူ(မ)သည် ဒီလိုမျိုး အသုံးအဖြုန်းကြီး၊ လက်ဖွာပြီး တစ်ကိုယ်ကောင်းဆန် လောဘကြီးသည့် လူစားမျိုးဖြစ်သည်။

ထိုနှစ်များက မူလခန္ဓာကိုယ်ပိုင်ရှင်သည် ချိုမြိန်ပြီး ရိုးသားသည့် အဖြူရောင် ပန်းပွင့်လေးအဖြစ် ဟန်ဆောင်ထားသောကြောင့် ရှန်းရီအား ပိုးပန်းနိုင်ခဲ့ခြင်းပေ၊ ရှန်းရီသည်လည်း ထိုရိုးရိုးအအပုံစံလေးကို ကြိုက်နှစ်သက်ဟန်တူသည်။

ယခုချိန်မှာတော့ လုဝမ်ဝမ်သည် သူ(မ)၏မျက်နှာဖုံးကို ရှန်းရီအရှေ့တွင် ခွာချပြတော့မည်ဖြစ်သည်။

ဟီး ဟီးဟီး...

လုဝမ်ဝမ်သည် ရှန်းရီ၏မျက်နှာပေါ်တွင် သူ(မ)အား ရွံရှာသွားသည့်အရိပ်အယောင်များ မတွေ့ရပေ။ သို့သော် ဤလူသားသည် စိတ်ဆိုးဒေါသထွက်နေလျှင်တောင်မှ ဘယ်သောအခါမှ သူ့မျက်နှာပေါ်တွင် အရိပ်ယောင်ပြသည့် လူစားမဟုတ်။

ရှန်းရီသည် စကားတစ်ခွန်းမဆိုဘဲ ရှေ့သို့တိုးလာကာ သူ(မ),မလိုချင်ဘူးဟု ပြောသော အဝတ်အစားများကို အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် အမှိုက်ပုံးထဲသို့ လွှတ်ပစ်ပေးခဲ့သည်။

သူကတော့ စိတ်သောကရောက်ခြင်း တစိုးတစိမရှိ။ ဒါပေမဲ့ လုဝမ်ဝမ်ခမျာ ထိုဖြစ်စဉ်ကိုကြည့်ပြီး သောကရောက်နေရသည်။

လုဝမ်ဝမ်သည် နုံးချည့်စွာဖြင့် တွေး‌တောလိုက်ပြီး ခဏကြာပြီးနောက်တွင် သူ(မ)အမေအား သူ(မ)၏အဝတ်အစားများကိုပြန်ယူထားပေးရန် စာပို့လိုက်လေသည်။

သူတို့နှစ်ယောက်လက်ထပ်ပြီးသည်မှာ တစ်နှစ်ကြာပြီဖြစ်သည့်တိုင် လုဝမ်ဝမ်မှာ သူ(မ)အား ရှန်းရီက မချစ်တာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခံစားမိသည်။ အိပ်ရာထဲတွင်သာ သူ၏အလိုရမ္မက်များ ပြည့်နေသည့် ရူးသွပ်နေသော ပုံစံကို မြင်နိုင်၏။ 

လုဝမ်ဝမ်သည် မောင်းသူထိုင်ခုံဘေးရှိ ခုံတွင် ဝင်ထိုင်ကာ သူ(မ)ဘေးရှိ ထိုလူသားကို ကြည့်လိုက်သည်။ သူသည် အင်္ကျီစကိုခေါက်တင်ကာ အဖြူရောင် လက်ကောက်ဝတ်ရိုးကို လှစ်ဟထားသည်။ မည်းနက်သည့် ဆံစများသည် နူးညံ့ပျော့ပျောင်းကာ အသွင်အပြင်က စူးရှထက်မြက်နေပြီး နှုတ်ခမ်းပါးပါးလေးကို စေ့ရုံစေ့ထားလေသည်။

သူ၏အသွင်သည် အေးမြပြီး ပုံစံမှာ အေးတိအေးစက်အလှမျိုး ဖြစ်သည်။

ရှန်းရီအား ပထမဆုံးစတွေ့သည့်အချိန်ကို လုဝမ်ဝမ် မှတ်မိနေပါသေးသည်။ သူသည် လမ်းကြားထဲရှိ မြေပြင်ပေါ်တွင် လဲကျနေခဲ့ပြီး မျက်နှာသည်လည်း ဖျော့တော့နေကာ မြေပြင်ပေါ်လဲကျနေသည့် သူ၏အားလျော့သော ပုံစံမှာ သနားစရာကောင်းလှသည်။

လုဝမ်ဝမ်သည် သူ(မ)၏အကြည့်များကို ပြန်ရုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ ကားသည် ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်ကို ဖြတ်လာခဲ့သည်။ သူ(မ)နှလုံးသားသည် တစ်ချက် လှုပ်ရှားသွားပြီး သူ(မ)၏မည်သည့်အဆင်တန်ဆာမှ မဝတ်ဆင်ထားသည့် လက်ချောင်းများကို ဆန့်ထုတ်ကာ သက်ပြင်းချဟန်ဆောင်လိုက်သည်။ 

“ငါ့ရဲ့ကောလိပ်ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကလေ လွန်ခဲ့တဲ့ရက်ကမှ လက်ထပ်သွားတာ သူ‌လေ 30 မီလီယန်တန်တဲ့ ဘယက်နဲ့ စိန်လက်စွပ်ကိုပါ ရခဲ့တယ် သိလား ငါလည်း တစ်စုံလောက်လိုချင်လိုက်တာ” 

သူ(မ)သည် ရှန်းရီအား တောက်ပသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ချွဲချွဲနွဲ့နွဲ့ ဆိုလိုက်သည်။   

“ရီရီ ငါ့ကိုလည်း တစ်စုံလောက် ဝယ်ပေးရမယ်နော် ရတယ်မလား”

လုဝမ်ဝမ်သည် တမင်သက်သက် ထိုသို့ပြောလိုက်ခြင်း၊ ယခုချိန်တွင် ရှန်းရီသည် ပိုက်ဆံမရှိမွဲတေနေသည်မဟုတ်ပါလား။ သေချာပေါက် သူ ဝယ်ဖို့တတ်နိုင်လိမ့်မည် မဟုတ်။ 

“ချမ်းသာတဲ့သခင်လေးရဲ့  နူးညံ့တဲ့အချစ်” ဆိုသည့်ဝတ္ထုသည် ဇာတ်ဆောင်အား ကြားရသူအဖို့ မျက်ရည်လည်လောက်အောင် ကြေကွဲရမည့် ကြမ်းတမ်းခက်ခဲသည့် လူငယ်ဘဝကို ပေးထားခဲ့ခြင်းဖြစ်သည်။

သူ၏အမေဖြစ်သူသည် လက်တွဲဖော်အသစ်ရပြီးနောက်ပိုင်းတွင် သူ့အား စွန့်ပစ်သွားခဲ့သည်။ ထို့အပြင် အလယ်တန်းနှင့် အထက်တန်းဘဝတွင်လည်း ကျောင်းရှိလူများက သူ့အား ပစ်ပယ်ထားခဲ့ကြသည်။ သူ့မှာ နောက်ဆုံးတွင်မှ ချစ်ကျွမ်းဝင်မိခဲ့သော်ငြား သူ၏အချစ်ဦး ကြာပန်းဖြူလုမမလေးကလည်း သူ့အား နောက်ကျောဓားနှင့် ထိုးရန် အပြင်လူများနှင့် မဟာမိတ်ဖွဲ့ပြီး သူ ခက်ခက်ခဲခဲနှင့် ကြိုးစားထားရသည့် ကုမ္ပဏီငယ်‌လေးအား ဒေဝါ‌လီခံသည်အထိ နင်းချေခဲ့သည်။ 

ယခုအချိန်တွင် ရှန်းရီသည် ရှန်းမိသားစုနှင့် ပြန်လည်မဆုံဆည်းသေးသောကြောင့် သူမနှင့် လက်ထပ်ပြီးသည့်အချိန်တွင် သူဝယ်ထားသည့် ကားနှင့် တိုက်ခန်းသည် သူစုဆောင်းထားသမျှ အကုန် ဖြစ်လိမ့်မည်ဟု လုဝမ်ဝမ် ထင်မိသည်။  

သူ(မ)ပြောခဲ့သည့် 30မီလီလောက်တန်သည့် ရတနာမျိုးကို သူ၏အိမ်မက်ထဲတွင်တောင် ဝယ်ရန် တတ်နိုင်လိမ့်မည်မဟုတ်ပေ။

ရှန်းရီသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလာခဲ့၏။  

“မင်း ဘယ်လိုပုံစံမျိုးကို သဘောကျလဲ”

? ? ?


သူ၏အမေးသည် သူဝယ်ပေးနိုင်သည့် ပုံစံမျိုးနှင့်။

လုဝမ်ဝမ်သည် ချောင်းနှစ်ချက်ဟန့်လိုက်ပြီး :

“အမ် ငါက ပတ္တမြားဘယက်မျိုးကို သဘောကျတာ အဲ့ဒါကိုသာ ဝတ်လိုက်ရရင် ကြည့်ကောင်းရုံတင်မဟုတ်ဘူး သူများတွေမြင်ရင်လည်း ငါ့ကို မနာလိုဖြစ်ပြီး အားကျနေကြမှာ”

ရှန်းရီ ငါ့ကိုကြည့်စမ်း! ငါက တကယ် အဲ့လိုလူစားမျိုး!

ရှန်းရီသည် ခေါင်းညိတ်လာပြီး : “ကောင်းပြီလေ”

လုဝမ်ဝမ်တစ်ယောက် သူ(မ)နှင့် ပတ်သက်ပြီး စိတ်ရှုပ်နေမည့် သူ့ပုံစံကို ရှန်းရီမျက်နှာပေါ်တွင် ခက်ခက်ခဲခဲ ရှာဖွေကြည့်လိုက်သော်လည်း ဘာဆိုဘာမှ မတွေ့ရချေ။ 

သူ(မ) အနည်းငယ် စိတ်ပျက်သွား၏။ ကားထဲမှ ထွက်လာပြီးသည့်နောက်တွင် သူ(မ)သည် ရှန်းရီကားကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာမဲ့ကာ : 

“ငါတို့ဘယ်တော့မှ အဲ့ဒီကားအစုတ်ကြီးကို ချိန်းမှာလဲ ဟမ်၊ အပြင်သွားတိုင်း တစ်ခါမှလည်း မျက်နှာမရဘူး ရှက်လွန်းလို့ သေတော့မယ်”

လုဝမ်ဝမ်၏စကားလုံးများသည် ရှန်းရီအားအရှိုက်ထိစေချင်သည်နှင့် အတူတူပင်။ ဒါဟာ သူ ပိုက်ဆံမရှိ၊ မွဲပြာနေသည်ကို မကြိုက်သည့် သူ(မ)၏သဘောထားကို အတိအလင်း ဖော်ပြနေခြင်းဖြစ်သည်။

ဇာတ်ဆောင်သည် သူ(မ)ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ခန့်မှန်းကြည့်နေစရာမလိုအောင်ပင် ထက်မြက်သည့်သူ ဖြစ်သည်။

ရှန်းရီ၏ခြေလှမ်းများသည် ရပ်တန့်သွားပြီး စကားဆိုရင်းဖြင့်လည်း သူ၏အဖက်လုပ်မနေသည့်ပုံစံကို ပြသလာ၏။ 

“ကောင်းပြီ”

‘ကောင်းပြီ’  ဆိုတာ ဘာကိုဆိုလိုချင်တာလဲ???

စာအုပ်ထဲတွင် တတိယအကြိမ်မြောက် ပြန်ရှင်သန်လာခဲ့သည်အထိ လုဝမ်ဝမ်မှာ ရှန်းရီဆိုသည့် ဒီလူ ဘာတွေ တွေးနေ၊ စဉ်းစားနေလဲဆိုတာကို နားလည်နိုင်စွမ်းမရှိသေးချေ။ 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment