no

Font
Theme

အပိုင်း (၂၄)

သူ့အရှေ့တွင် သူမသည် ပုံမှန်အားဖြင့် အထက်စီးကနေပြီး အလိုလိုက်ခံထားရသည့် ကျိုးကြောင်းမဆီလျော်သော ဗိုလ်ကျတတ်သည့် ဂုဏ်များကို ထိန်းသိမ်းထားတတ်သည်။ သို့သော် ယနေ့ညတွင် သူမမှာ ဤသို့ ပထမဆုံးအကြိမ် အရှက်ကြီးရှက်ရခြင်းဖြစ်၍ ဖြူစင်ရိုးအသည့် ကောင်မငယ်လေးကဲ့သို့ ဖြစ်နေ၏။

ကံကောင်းထောက်မစွာ ရှန်းရီသည် ဤကိစ္စနှင့်ပတ်သက်ပြီး သူမနှင့် ဆက်ပြီးစကားများနေမည့်ပုံ မပေါ်ဘဲ သူ၏ပုံစံက အမှန်တကယ် ပင်ပန်းနေဟန်ဖြင့်၊ သူ့ခေါင်းကို သူမပုခုံးထက်တွင် မှီထားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်သွား၏။ တစ်ခဏကြာသည်ထိ သူသည် မလှုပ်မယှက်၊ ထိုအတိုင်းသာ နေ,နေသဖြင့် သူ အိပ်ပျော်သွားပြီလားကို လုဝမ်ဝမ်လည်း မသေချာချေ။

သူမသည် လက်ချောင်းထိပ်လေးဖြင့် သူ၏ခါးကို ထိုးကြည့်လိုက်သော်လည်း အနှီလူသားသည် မည်သည့် အမူအရာမှ ပြမလာချေ။ လုဝမ်ဝမ် သူ့ကို နောက်တစ်ကြိမ် ထပ်ထိုးကြည့်လိုက်သော်ငြား ထိုကဲ့သို့ပင် ဖြစ်နေဆဲ။

သူ အိပ်ပျော်သွားပြီပဲဟူ၍ သူ(မ) တွေးမိလိုက်သည်။

လုဝမ်ဝမ်မှာ သူ့မျက်နှာကို ဤကဲ့သို့သေချာမကြည့်ရသည်မှာ အတော်လေး ကြာပြီဟု ခံစားမိလေသည်။ သူ၏ပုံစံသည် နူးညံ့သိမ်မွေ့နေပြီး တစ်ချိန်က ငယ်ရွယ်မှုအရိပ်အယောင်များလည်း ရှိနေသေးပြန်၏။ အသားအရည်မှာ ဖြူဖွေးနူးညံ့သည့်အပြင် ရှည်လျားသော မျက်တောင်များနှင့် အိပ်ပျော်နေသည့် မျက်နှာလေးမှာ ငြိမ်းချမ်းမှုတို့ရှိနေပြီး အလွန်လိမ္မာရိုကျိုးနေသကဲ့သို့ပင်။

ထိုနှစ်များအတွင်းက လုဝမ်ဝမ်မှာ အလွန် ရိုးအခဲ့ပြီး သူမရဲ့နှလုံးသားက ဤမျက်နှာလေးအပေါ် အမှန်တကယ်ကို ကျရှုံးသွားရခြင်းဖြစ်သည်။ ဘယ်သူကရော ဒီလိုလှပပြီး ချောမောတဲ့ ကောင်လေးကို မကြိုက်ဘဲ နေနိုင်မှာလဲ? ။ ထို့အပြင် ထိုအချိန်များက ရှန်းရီသည် အလွန်လိမ္မာဟန်ရှိပြီး နားလည်မှုရှိကာ ကိစ္စတိုင်းတွင် သူမပြောသမျှအကုန် နားထောင်ပေးတတ်သည်။ သူ၏စရိုက်များ မည်သည့်အချိန်ကတည်းက ရှုပ်ထွေပွေလီသွားသည်ကိုမူ သူမ မသိရချေ။

၎င်းမှာ နွယ်ပင်များကဲ့သို့ သူ(မ)ကို အသက်ရှုရခက်သည်အထိ တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်ထားသလို နေ့စဉ်နေ့တိုင်း ထိုဖိအားများအောက်တွင် နေထိုင်ခဲ့ရသည်။

လုဝမ်ဝမ်သည် သူဘယ်အချိန် ပြန်နိုးလာမလဲ မ‌သိသဖြင့် ရေချိုးပြီး ဝင်အိပ်တော့မည်ဟု စဉ်းစားကာ ရေချိူးခန်းသို့သွားရန် ပြင်လိုက်စဉ် ရုတ်တရက် အနှီအမျိုးသားက သူမလက်ကို ဖမ်းဆွဲလာ၏။ သူသည် ဩရှရှအသံတို့ဖြင့် ဆိုလာ၏။

“ဘယ်ကိုသွားမလို့လဲ?”

“နင်နိုးပြီလား? အိပ်ရာမဝင်ခင် ရေအရင်သွားချိုးမလို့လေ”

သူက မလွှတ်ပေးသည့်အပြင် သူမကို သူ့ရင်ခွင်ထဲသို့ပင် ဆွဲချကာ ရှည်လျားသောလက်များက သူမခါးကို တင်းကျပ်စွာ ပွေ့ဖက်ပြီး သူမလည်ပင်းပေါ် သူ၏မေးကို ပျင်းရိစွာ တင်လိုက်ရင်း မျက်လုံးထောင့်များမှာ နီမြန်းနေကာ မသဲကွဲ၊ရောထွေးနေသော အသံဖြင့် ဆိုလာ၏။

“မင်းကို နည်းနည်းလောက်ကြာကြာပေးဖက်ပါအုံး”

ပုံမှန်အားဖြင့် ရှန်းရီက သူမကို မဖက်ဖူးသည်တော့မဟုတ်၊ သို့ပေမဲ့ သူ ပွေ့ဖက်ထားသည့်အချိန်တိုင်း သူ၏ထွေးပွေ့မှုများက အလွန်လေးလံသည်ဟု သူမ ခံစားမိသည်။ ယခုတစ်ကြိမ်မှာလည်း ထို့နည်းတူစွာပင်။ မသက်မသာစွာဖြင့် သူမတစ်ကိုယ်လုံးကို တွန့်လိမ်ပြီး ပါးစပ်ကို ဖွင့်ကာ စကားပြောရန် ပြင်လိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာချေ။

အနှီအမျိုးသားက သူမ၏လည်ပင်းနောက်ကျောကို သူ၏လက်ချောင်းရှည်ရှည်များဖြင့် ညင်သာစွာ ပွတ်သပ်ရင်း အသံကိုဆွဲကာဖြင့် နူးညံ့စွာဆိုလာလေ၏။

“လိမ္မာစမ်းပါ ကိုယ့်စကားနားထောင်နော်”

ကောင်းပြီလေ ဒီလောက်တောင် ဖက်ထားချင်သပါ့ဆိုလည်း ဖက်ပေါ့။

လုဝမ်ဝမ်၏ကိုယ်ထက်တွင် မွှေးကြိုင်ပြီး ချိုအီနေသည့် ဇီဇဝါရနံ့ သင်းသင်း‌လေး ရှိနေ၏။ သူမကို ပွေ့ဖက်လိုက်သည့်အခါတွင်လည်း နူးညံ့ပြီး သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။

သူက သူမကို ပွေ့ဖက်ရုံဟုသာ ပြောခဲ့သော်ငြား နောက်ဆုံးတွင် သူမမှာ အိပ်ရာထဲသို့ပင် ရောက်နေလေပြီ ဖြစ်သည်။

သူမမှာ ချွေးဒီးဒီး စီးကျနေပြီး ခန္ဓာကိုယ်က ပျော့ခွေသွားရသည်။ လုဝမ်ဝမ်၏ မျက်လုံးထောင့်များသည် မျက်ရည်များဖြင့် ပြည့်လျှံနေပြီး သူမက အသံတိုးတိုးလေးဖြင့် ငိုရှိုက်နေလေ၏။ အဆုံးတွင်တော့ အလျှော့ပေးကာဖြင့် သူမကို သနားညှာတာပေးရန် တောင်းဆိုရတော့သည်။

“ရှန်းရီ ငါမှားသွားပါပြီ ငါတကယ်ကိုမှားသွားပါတယ်”

သူမ၏မျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး သူ့အား သနားချင့်စဖွယ် မော့ကြည့်လာ၏။

“နင်မစွမ်းနိုင်ဘူးလို့ ငါမပြောခဲ့သင့်ဘူး ငါမှားသွားပါတယ် ဝူး ဝူး ဝူး”

အနှီလူသားက သူ၏လက်ကို မြှောက်ကာ သူမမျက်နှာတစ်ဖက်ခြမ်းတွင် ကပ်နေသော ဆံပင်များကို ဘေးဘက်သို့သပ်ချပေးပြီး သူမ၏မျက်ခုံးကြားကို နမ်းကာ သက်ပြင်းလေးချလာ၏။

“ကိုယ့်ရဲ့ သနားစရာဝမ်ဝမ်လေး”

သူ့အသံမှာ ပူဆွေးနေပြီး သူမအတွက် အမှန်တကယ် စိတ်မကောင်းဖြစ်နေဟန်။

သို့သော် အနှီသားရဲက မရပ်တန့်သည့်အပြင် သူ့၏ခွန်အားကို ဆထက်တိုးကာ သူမထဲသို့ အပြင်းအထန် ထိုးဖောက်ဝင်ရောက်လာပြန်၏။

*

ရှန်းမိသားစုတွင် ရှန်းရီအား အသိအမှတ်ပြုပြီး ပြန်လည်ပေါင်းစည်းပြီးကြသည့် သတင်းကို လူသိရှင်ကြားမကြေညာရသေးပေ။ ရှန်းရီကိုယ်တိုင်ကလည်း ရှန်းမိသားစု၏ မိသားစုအိမ်သို့ ပြောင်းရွေ့နေရန် စိတ်ကူးမရှိချေ။ မည်သို့ပင်ဆိုစေကာမူ ရှန်းရီအဖေနှင့် အဖိုးတို့မှာ နှစ်သစ်ကူး‌နေ့တွင် အိမ်သို့ပြန်လာပြီး ညစာလာစားရန် တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်မေးလာကြသည်။

ရှန်းရီသည် ဖုန်းလက်ခံရရှိသည့်အချိန်တွင် စိတ်ပါဝင်စားမှုမရှိဘဲ သူတို့ပြောသည့်စကားများကိုလည်း နားထောင်နေဟန်မရှိပေ။

ယနေ့ညတွင် ညစာ ဘာချက်ရမလဲ တွေးနေသည်ကြောင့် သူ အမှန်တကယ် စိတ်ပါဝင်စားမှုမရှိနေခြင်းဖြစ်သည်။ ဤရက်များတွင် လုဝမ်ဝမ်သည် အတော်လေး အစားရွေးပုံရပြီး အစာစားချိန်တွင်လည်း အများကြီးမစားပြန်ချေ။

ဖုန်းတစ်ဖက်ခြမ်း၌ အဖိုးကြီးသည် သက်ပြင်းရှည်ကြီးချလို့နေလေ၏။ သူဖုန်းခေါ်သည့်အချိန်တိုင်း ပထမဆုံးဆိုသည့် စကားမှာ :

“အဖိုးက မင်းကိုစိတ်ပျက်စေမိပြီး အဖိုး မင်းကိုအပြင်မှာ ဒုက္ခအများကြီး ခံခိုင်းစေမိပြီ”

ဖုန်းမချခင် အဖိုးရှန်းသည် အနည်းငယ် တွေးတောကြံဆပြီးနောက် သူ၏အသံမှာ မကျေမနပ်ဖြစ်နေသည့်ဟန်ဖြင့် :

“အဲ့ဒီ့မင်းရဲ့ဇနီးလေ..အဖိုးသူ့ကို အရင်ရက်က တစ်ကြိမ်တွေ့ပြီးပြီ သူက တကယ်ကို ...... လူရှေ့သူရှေ့ထုတ်ပြဖို့ တကယ်ကို မသင့်တော်ဘူး!”

ရှန်းရီသည် နှုတ်ဆိတ်နေ,နေ၏။

အဖိုးရှန်းမှဆက်ပြီး : “အဲ့ဒီငါးမိနစ်စာလေးကို လူအများ ကဲ့ရဲ့စရာဖြစ်အောင် အပေါစားဆန်လိုက်တာကွာန ချမ်းသာတဲ့လူတွေအနား လိုက်တွယ်ကပ်နေတာများ နောက်ပြီး အရည်ချင်းရှိတဲ့ကောင်လေးငယ်ငယ်လေးလည်းတွေ့ရော အဲ့ကောင်လေးနားမှာပဲ တဝဲလည်လည် လုပ်နေပြန်ရော”

သူ၏ဩဝါဒစကားများ ဆုံးကာနီးတွင် လေယူလေသိမ်းမှာ ပြောင်းလဲလုနီးနီး။

အဖိုးကြီးမှာ ထိုအကြောင်းကိုပြောလေ ပိုပြီးဒေါသထွက်လာရလေပင်။

ရှန်းရီသည် တိတ်တဆိတ် နားထောင်နေပြီး မျက်တောင်များကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း :

“ကျန်တာ ဘာမှပြောစရာမရှိတော့ရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်”

သူ ဘာမှ မကြားသကဲ့သို့ သူ့အဖိုးပြောသမျှကို နည်းနည်းလေးမျှ စိတ်မဝင်စားသည့်ပုံစံဖြင့်ပင်။

အဖိုးရှန်းမှာ သူ၏နောက်ဆုံးစာကြောင်းကို အလျင်အမြန် ထပ်ဖြည့်ပြောလိုက်၏။

“အတိုချုပ်ပြောရရင် အဖိုး မင်းမိန်းမကို သဘောမကျဘူးကွာ ငါ့မြေး သူ့ကို ကွာရှင်းလိုက်တာ ပိုကောင်းမယ် မင်းရဲ့အခြေ‌အနေနဲ့ဆို ပိုကောင်းတဲ့ဇနီးတစ်ယောက်ရှာဖို့က လွယ်ပါတယ် အဖိုးထင်တာ ကုမိသားစုက ကောင်မလေးဆို မဆိုးလှဘူး”

မိသားစုနှစ်ခုမှာ လိုက်ဖက်ညီလှပြီး၊ အမျိုးသားမှာ အရည်အချင်းရှိကာ အမျိုးသမီးမှာ ချောမောလှပ၏။

ရှန်းရီက အသံတိုးတိုးဖြင့် : “အဖိုး ကျွန်တော် လုပ်စရာအလုပ်လေးတွေရှိသေးတယ်”

သူသည် တစ်ဖက်မှ ပေါက်ပေါက်ဖောက်နေသည့်အသံများကို ပိတ်ပြီး ဖုန်းကို ချပစ်လိုက်သည်။

လီရှင်းတစ်ယောက် စာရွက်စာတမ်းအချို့ကို လက်မှတ်ထိုးရန် ရုံးခန်းသို့ရောက်လာသည့်အချိန်တွင် ရှန်းရီ၏မျက်နှာမှာ ဖျော့တော့နေပြီး သူ၏စိတ်သည်လည်း အလွန် ကြည်နေပုံမပေါ်သည်ကို တွေ့လိုက်ရသည်။ မျက်လုံးများမှာ အေးစက်နေပြီး စိတ်အခြေအနေမှာ ကောင်းမွန်နေသည့်ဟန် မရှိပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment