no

Font
Theme

အပိုင်း (၁၉)

ရှန်းရီသည် တစ်လျှောက်လုံး စကားတစ်ခွန်းပင် ဝင်မပြောချေ။

လုဝမ်ဝမ် ပြုံးလိုက်ပြီး : “တကယ်တော့လေ ငါ့အတွက်က အဲ့လောက်မခက်ခဲပါဘူး ရီရီကလေ ငါ့အပေါ်ဆို အရမ်းကောင်းတာ တွေ့လား ဒီလည်ဆွဲကလေ ရီရီ ငါ့အတွက် ဝယ်လာပေးတာ နင်တို့ဆီမှာ ဒီလိုမျိုး‌မရှိဘူး မဟုတ်လား”

စုစုနှင့် အခြားသူများသည် ထိုလည်ဆွဲကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေကြသည်။ ပထမတော့ သူမလည်း ၎င်းက အတုတစ်ခုသာသာပဲဟု ထင်လိုက်သော်ငြား လုဝမ်ဝမ် အနားသို့ ကပ်လာချိန် သူမ နှစ်ကြိမ်လောက် ပြန်ကြည့်ပြီးသည့်အခါတွင် ၎င်းသည် လုံးဝ အတုနှင့်မတူတော့ချေ။

သူမ ထိုအရာနှင့် တစ်ပုံစံတည်းတူသည့် လည်ဆွဲကို လေလံပွဲတစ်ခုတွင် မြင်ဖူးခဲ့ပြီး ၎င်းကို ခြောက်ဆယ်မီလီယံနှင့် လေလံပိတ်သွားခဲ့သည်။ ထိုလည်ဆွဲကို မျက်နှာမဖော်ပြထားသည့် တက်သစ်စသူဌေးတစ်ဦးက ဝယ်ယူခဲ့ပြီး သူ့ဇနီးကို ပေးဖို့အတွက်ဟူ၍လည်း သတင်းထွက်လိုက်သေးသည်။

သို့ရာတွင် မည်သို့ပင်ဖြစ်စေ လုဝမ်ဝမ်ထံတွင် ရှိနေသည်က အစစ်ဖြစ်နေမည်ဟု သူမ,မယုံကြည်နိုင်ပေ။

“ငါတို့မှာ မရှိတာကတော့ တကယ် အမှန်ပဲ..ဘယ်လိုပဲဖြစ်ဖြစ်လေ ငါတို့က အတုတွေ ဝတ်ဖို့တော့ စိတ်မဝင်စားဘူး”

“ငါ သူတို့ကို Porscheကားထဲကနေ  ထွက်လာတာတွေ့လိုက်တယ်”

“လုဝမ်ဝမ် ငါတို့တွေအားလုံးကအတန်းဖော်တွေလေ ဒီလိုမျိုး နင့်မှာရှိတာထက်ပိုပြီး ချမ်းသာချင်ဟန်ဆောင်စရာမလိုပါဘူး”

ကောင်းတယ် အားလုံးကောင်းတယ်။

ဒါက လုဝမ်ဝမ်လိုချင်နေသည့် ရလဒ်အတိအကျပင်။

သူမသည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်ပြီး အရည်လဲ့လဲ့မျက်ဝန်းများက ရှန်းရီကို သနားချင့်စဖွယ် ကြည့်ကာ သူ၏အင်္ကျီစကို ဆွဲကိုင်လိုက်သည်။ သူမ၏မျက်လုံးများမှာ အလွန် မခံမရပ်နိုင်ဖြစ်နေသကဲ့သို့ပင် နီရဲလာသည်။

သူမသည် စားပွဲပေါ်ရှိ ‌စိန်ဖြင့်ထွင်းထားသည့် သီချင်းသေတ္တာလေးကို မတော်တဆပင် ခွဲမိလိုက်သေး၏။

စုစုသည် လုဝမ်ဝမ် သူမကိုယ်သူမအရူးလိုက်နေသည်ကို မြင်ရသဖြင့် ပျော်ရွင်နေ၏။

“ဒါက ရိုးရိုးအသုံးဆောင်မဟုတ်ဘူးနော် ဒီပစ္စည်းရဲ့ဒီဇိုင်နာကလေ ဒီဟိုတယ်ပိုင်ရှင်ရဲ့ဇနီး၊ တကယ်လို့ နင်သာ သူ့ကို စိတ်ဆိုးအောင်လုပ်လိုက်ရင် နောက်တစ်ခါ ဒီကို ထပ်လာရဖို့ စဉ်းတောင်မစဉ်းစားနဲ့တော့”

“သူတို့က အစကတည်းက ဒီထဲဝင်နိုင်တာမှ မဟုတ်တာ ဟုတ်တယ်မလား? ဒီနေရာက ပိုက်ဆံရှိတိုင်းဝင်လာလို့ရတဲ့နေရာမှ မဟုတ်တာကိုး”

“ဒီလောက်နှစ်တွေကြာသွားတာတောင်မှ လုဝမ်ဝမ်ကတော့ ဘယ်လိုလုပ်ပြီး နည်းနည်းလေးမှ မပြောင်းလဲလာရတာလဲ မျက်နှာလေး လှနေတာကလွဲပြီး ကျန်တာက သုံးစားမရ”

သူတို့၏ဆွေးနွေးသံများက အလွန် တိုးဖျသော်လည်း ရှန်းရီနားသို့ ရောက်နေဆဲဖြစ်သည်။

သူ၏မျက်လုံးများသည် အေးစက်သွားကာ လက်ကိုမြှောက်ပြီး လုဝမ်ဝမ်၏မျက်နှာလေးအား ချစ်မြတ်နိုးစွာ ထိလိုက်ပြီး နူးညံ့စွာဖြင့် နှစ်သိမ့်ပေးလာ၏။

“မကြောက်နဲ့နော်”

တစ်ခဏ ငြိမ်သက်သွားပြီးနောက်မှ ထပ်ကာ : “မင်းကြိုက်သလောက်ခွဲလို့ရတယ်”

“???”

လုဝမ်ဝမ် အနည်းငယ် ခေါင်းရှုပ်သွားသည်။

“ရှန်းရီ စကားကြီးစကားကျယ်တွောပြောမနေနဲ့ ဒီလက်ရာက နင် ပြန်လျော်ပေးလို့တတ်နိုင်တဲ့ဟာမျိုး မဟုတ်ဘူး နင်ထပ်ပြီးခွဲနေရင် နင့်ရဲ့နှစ်ဝက်လစာနဲ့ဆိုရင်တောင် ဒါရဲ့တန်ဖိုးကိုပေးနိုင်မှာမဟုတ်ဘူး”

စုစုသည် ယဉ်ယဉ်ကျေးကျေးပြောမနေတော့ဘဲ သူ့ကို အေးတိအေးစက်မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။

ရှန်းရီ၏မျက်လုံးများသည် အစကနေအဆုံးထိ ရွေ့လျားမှုပင် မရှိဘဲ သူ၏အာရုံအလုံးစုံသည် လုဝမ်ဝမ်တွင်သာ။

သူသည် လုဝမ်ဝမ်၏လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးများက လုဝမ်ဝမ်ကို ယုယကြင်နာစွာ ငေးကြည့်လို့နေ၏။ သူသည် လေးနက်နေသည့် အမူအရာနှင့် သူမကို ကြည့်ကာ တစ်လုံးချင်းစီ ဆိုလာသည်မှာ စနောက်နေဟန်တော့မတူ။

“မင်း ဒါတွေကိုဆက်ပြီးခွဲချင်သေးလား”

လုဝမ်ဝမ်  :   “……”

လုဝမ်ဝမ်သည် နှုတ်ခမ်းကိုစေ့ပိတ်ကာ နှစ်ကြိမ်ညည်းကာ ဟန်ဆောင်ပန်ဆောင်ဖြင့် : “ထားလိုက်တော့ ငါ ထပ်ပြီးမခွဲချင်တော့ဘူး ဒေါသထွက်လွန်းလို့ ငါ့ဒေါသကိုဖြေဖျောက်ဖို့ အားအင်တောင် မရှိတော့ဘူး”

အကယ်၍ သူမသာ ထပ်ပြီး ခွဲနေအုံးမည်ဆိုပါက ရှန်းရီစုဆောင်းထားသမျှအကုန်,ကုန်သွားမည်ကို ကြောက်နေခြင်းဖြစ်ပါ၏။

“ယို့ ဒါက ဘယ်လိုစကားကြီးလဲ လေကြီးလေကျယ်နဲ့ မသိရင်အရမ်းချမ်းသာနေသလို ပြောနေလိုက်ကြတာများ”

“သူတို့က ရိုးရိုးသာမန်ကားလေးကို မောင်းနေပြီးတော့များ အတုတွေလည်း ဝတ်လာသေးတယ် သူရဲ့ဒီဘဝင်မြင့်နေတဲ့စိတ်က တကယ်ကို မပြောင်းလဲသေးတာ”

“ပိုက်ဆံလေးနည်းနည်သာ ပေးလိုက်တာနဲ့ ဒီကောင်မက ဘယ်သူမဆို -ုပ်လို့ရတဲ့ မိန်းမမျိုးပဲဟာ”

ထောင့်နားမှ အမျိုးသားတစ်ယောက်သည် သူ့စကားကို မည်သူမှ မကြားနိုင်ဘူးအထင်နှင့် တီးတိုးဆိုလာ၏။

“ရှန်းရီ ငါ ကြားတာ စုန့်ဟွေ့ရှန်ရဲ့စိတ်က အတော်လေးဆိုးပြီး သူ့မိန်းမကိုလည်း အတော်လေးကာကွယ်ပေးတတ်တာတဲ့နော်၊ တကယ်လို့ လုဝမ်ဝမ်သာ ဒီမှာ တမင်တကာပြဿနာရှာနေပြီး မစ်စတာစုန့်ကို စိတ်ဆိုးသွားမယ်ဆိုရင် ဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး”

ထိုသို့ပြောလိုက်သူက တစ်ချိန်က တန်းခွဲ-၁၁၏ ကျောင်းပန်းဟောင်းလေးပင်။ သူမသည် လှပပြီး အသံလေးကလည်း လွန်စွာမှ ချိုမြန်လှသည်။ မျက်နှာအချိုးအစားသည် ဘဲငန်ဥကဲ့သို့၊ အသားအရည်မှာ နူးညံ့နေပြီး တောက်ပကြည်လင်နေသည့် မျက်ဝန်းတစ်စုံဖြင့်။ ထိုအမျိုးသမီးသည် ခြုံပြောရလျှင် အရာရာ ရှင်းလင်းသပ်ရပ်နေ၏။

သူမသည် ကုမိသားစု၏ အဖိုးတန်သမီးလေးဖြစ်သည်။ ပညာတတ်မိသားစုမှမွေးဖွားလာသူဖြစ်သည့်အလျောက် မိသားစုက ကောင်းမွန်စွာ သွန်သင်ဆုံးမပေးခံထားရသူလေးဖြစ်သည်။ ထိုနှစ်က သူမ တန်းခွဲ-၁၁ သို့ ဝင်ရောက်လာခဲ့ခြင်းမှာလည်း မတော်တဆတစ်ခုသာ ဖြစ်သည်။

အကယ်၍ လုဝမ်ဝမ်က ယုတ်ညံ့သည့်‌ လူဆိုးမဆိုလျှင် ကုရှန့်သည် ယောက်ျားသားများက သူတို့လက်ပေါ်တင်ပြီး အလိုလိုက်ဖူးဖူးမှုတ်ထားချင်ကြသည့် ရိုးသာနုံအသည့် အသည်းအသက်လေးဖြစ်သည်။

မူလလုမမလေးနှင့် ဇာတ်ဆောင်တို့ ကွာရှင်းသွားပြီးနောက်တွင် ကုရှန့်သည် ရှန်းရီအပေါ် ကြင်နာစွာ ဆက်ဆံပေးခဲ့သည်။ ရှန်းမိသားစုနှင့် ကုမိသားစုကလည်း လက်ထပ်ကြောင်းလမ်းချင်ကြသဖြင့် သူတို့နှစ်ဦးအား စီစဉ်ပေးနိုင်ရန် အကောင်းဆုံးကြိုးစားကြတော့သည်။

အိုး ဟုတ်သားပဲ!

ရှန်းမိသားစု၏အဖိုးသည် မူလခန္ဓာပိုင်ရှင်ကို အလွန်သဘောမကျမှန်း သူမ မေ့သွားခဲ့သည်။ သူသည် သူမကို ဩဇာအရှိန်အဝါနှင့် အာဏာကိုသာ မက်မောသည့် သိုက်တူးသမားဟု ထင်ခဲ့သည်။ ထို့ကြောင့် သူမ ရှန်းရီနှင့်မကွာရှင်းခင် သူသည် သူမအား တိတ်တဆိတ်လာရှာခဲ့သေးသည်။ တီဗီဇာတ်လမ်းတွဲများတွင် တွေ့မြင်ရသည့်အတိုင်း သူမအား မီလီယံအနည်းငယ်ပေးပြီး ထွက်သွားပေးရန် အမိန့်ပေးလာခဲ့သည်။

လုဝမ်ဝမ်၏မျက်လုံးများသည် တိမ်ဝင်နေခဲ့ပြီး ရှန်းမိသားစုက မည်သို့သော မိသားစုမျိုးဖြစ်သည်ကို မစုံစမ်းကြည့်ဘဲ ငွေကိုယူကာ စကားတစ်ခွန်မှမဆိုဘဲ ရှန်းအဖိုး၏အမြင်အောက်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ရှန်းရီသည် သူ့မျက်လုံးများကို မော့ကာ ပြုံးလိုက်ပြီး အံကြိတ်ကာ မေးမြန်းလာ၏။

“စုန့်ဟွေ့ရှန်လား?”

သူတို့ စကားပြောနေကြစဉ်အတွင်း စားသောက်ဆိုင်၏အဝင်ဝတွင် အသံများ ရုတ်တရက် ထွက်လာခဲ့ပြီး ပိန်ပါးသည့် ခန္ဓာကိုယ်နှင့် ဝတ်စုံပြည့်ကို သာနားစွာ ဝတ်စားထားသည့် အမျိုးသားတစ်ဦးသည် သူတို့စားပွဲဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။

အချို့သောစုံထောက်မျက်စိများက စုန့်ဟွေ့ရှန်ကို မြင်သည်နှင့် တန်းမှတ်မိသွားကြသဖြင့် အချင်းချင်းတီးတိုး ဆွေးနွေးနေကြတော့သည်။

“လုဝမ်ဝမ်တော့ ဘယ်လိုဇာတ်သိမ်းမလဲ ကြည့်ကြသေးတာပေါ့ စုန့်ဟွေ့ရှန်က သူ့မိန်းမကို အလိုလိုက်တဲ့နေရာမှာ ဒီလောက်နာမည်ကြီးတာ သူ့မိန်းမရဲ့လက်ရာလေး ပျက်စီးသွားမှန်းသိလို့ကတော့ သေချာပေါက်ဒေါသထွက်မှာ စုန့်သခင်လေးရဲ့ဒေါသကတော့ တစ်ခုခုပဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment