no

Font
Theme

⚠️This content includes discussions of suicidal thoughts and suicide attempts, which may be distressing for some readers. Please proceed with caution and prioritize your mental well-being.⚠️

အပိုင်း (၈၉)

ရှန်းရီသည် သဘောတူကာ အတန်းတစ်လုံးရှေ့တွင်ပင် သူ(မ)ကို ကောက်ချီပြီး ကျောင်းအဝင်ဝတစ်‌လျှောက်လုံးအထိ လမ်းလျှောက်သွားခဲ့သည်။

ထိုအခါမှပဲ လုဝမ်ဝမ်တစ်ယောက် အရှက်ကြီးရှက်လာရကာ အခြာသူများ မြင်သွားမည်ကို ကြောက်သည့်အလား သူ(မ)မျက်နှာလေးကို သူ့ရင်ဘက်ထဲတွင် ဖွက်ထားခဲ့သည်။

ဟုတ်ပါ၏။ ကျောင်းရှိဆရာများက သူတို့နှစ်ယောက်ကို အလွှတ်မပေးခဲ့ပါချေ။

သို့သော် ဆရာက ကောင်းမွန်လွန်းသည့်အဆင့်များနှင့် ရှားရှားပါးပါးအရည်အချင်းရှိသည့် ရှန်းရီကိုတော့ ခက်ခဲအောင် မပြုလုပ်ခဲ့၊ သူတို့ကို အရမ်းကြီးပေါ်ပေါ်ထင်ထင်မနေဖို့သာ ပြောဆိုဆုံးမခဲ့သည်။

လုဝမ်ဝမ်သည် ထိုစကားကိုကြားရသည့်အချိန် ရှေ့သို့ ထွက်ကာ ဆရာကို ရင်ဆိုင်တွေ့ပြီး ထိုအကြောင်းကို တစ်ကျောင်းလုံးသိသွားစေချင်ခဲ့သည်။

ရှန်းရီက သူ(မ)အား တားဆီးခြင်း မရှိကာ သူ(မ)လုပ်ချင်သည့်အရာမှန်းသမျှကို လုပ်ခွင့်ပြုထား၏။

သူက အရာများစွာနှင့်ပတ်သက်၍ သူ(မ)အား လိုလိုလားလားနှင့် အလိုလိုက်ထားချင်သည်ကို ရှန်းရီကိုယ်၌လည်း သိသည်။

“နင် ဘာတွေစဉ်စားနေတာလဲ၊ ဘာလဲ ငါက ရိုင်းပြီး ကျိုးကြောင်းမဆီလျော်ဘူးလို့ တွေးနေတာလား၊ ငါ့ကို ဖြည့်ဆည်းပေးနေရတာကို နင် မပျော်တာလား”

ရှန်းရီသည် သူ(မ)အား ဖိနပ်ကူဝတ်ပေးပြီး ပြုံးလိုက်သည်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတစ်ခုကို ကိုယ် သွားတွေးမိလို့ပါ”

သူ သူ(မ)အား ဖိနပ်ကူ‌စီးပေးပြီးနောက်တွင် လုဝမ်ဝမ်သည် သူ့ကို မျက်နှာသာ‌မပေးဘဲ သူ(မ)၏ယိုင်နဲ့နဲ့ခြေထောက်ဖြင့် သူ့ကို ထပ်ကန်လိုက်ပြန်သည်။

သူ(မ)ဗိုက်ကို ညွှန်ပြပြီး လိပ်ပြာမလုံမဖြစ်ပါဘဲ သူ့အား ထပ်မံခိုင်းစေတော့သည်။

“ငါ ဗိုက်ဆာနေပြီ တစ်ခုခု စားချင်တယ်၊ နင် သွားချက်လာခဲ့”

ရှန်းရီသည် မတ်တပ်ထရပ်လိုက်သည်။

“ကောင်းပါပြီကွာ”

သူ အစားအသောက်များ ပြင်ဆင်ပေးပြီး သူ(မ)ထံ ယူလာပေးခဲ့ချိန်တွင် လုဝမ်ဝမ်သည် ရုတ်တရက် စားချင်သောက်ချင်စိတ် မရှိတော့ပေ။ သူ(မ)သည် တူကိုမချခင် ယဉ်ကျေးမှုအရ နှစ်လုံးလောက် စားပေးလိုက်သည်။

သူ(မ)၏ စပျစ်သီးကဲ့သို့မျက်လုံးများက သူ့အား မျက်တောင်မခပ်စတမ်း စိုက်ကြည့်ပြီး မေးလာ၏။

“ရှန်းရီ နင် ငါ့ခြေထောက် ဘယ်လိုခေါက်သွားလဲဆိုတာ မမေးကြည့်တော့ဘူးလား”

ရှန်းရီသည် ပန်းကန်များ ဖယ်ရင်း ပြန်ဖြေလာခဲ့သည်။

“ကိုယ်က မေးရင်တောင် ‌မင်းက ပြန်ဖြေပါ့မလား”

လုဝမ်ဝမ်သည် ပြုံးလိုက်ရင်း မျက်လုံးမျာက ကွေးတက်သွားက သူ(မ)ပုံစံက စိတ်ပျော်‌ရွှင်နေသည့်နှယ်။

“သိရအောင် မေးကြည့်ကြည့်လေ ငါပြောပြမှာပေါ့လို့”

သူ(မ)အပေါ်ကျရောက်လာသည့် အနှီအမျိုးသား၏မျက်ဝန်းများက လေးလံပြီး ဖိနှိပ်ထားသည့်ဟန်။

“ဘယ်လို ဒဏ်ရာရလာတာလဲ?”

လုဝမ်ဝမ်က သူ(မ)လည်ချောင်းကို စိုစွတ်သွားစေရန် ရေတစ်ငုံသောက်ကာ တောက်ပစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။

“နင့်ရဲ့သူငယ်ချင်းကောင်းနဲ့ တွေ့ခဲ့တာလေ၊ ပြီးတော့ ငါတို့ နည်းနည်းလေးစကားများခဲ့ကြတယ် သူက ငါ့ကိုရိုက်ချင်နေတာလေ အဲ့ဒါနဲ့ ငါလည်း ပြေးဖို့ကြံတာပေါ့”

“ဒါပေမဲ့ ငါက ဒေါက်မြင့်တွေ ဝတ်ထားပြီး အရမ်းမြန်မြန်ကြီးပြေးလိုက်တော့ ငါ့ခြေထောက်က ခေါက်သွားတာ”

သူ(မ)စကားကို ကြားရပြီးနောက်တွင် ရှန်းရီတစ်ယောက် အတန်ကြာ ငြိမ်သက်သွား၏။ ထို့နောက် သူ့ပါးစပ်ကို ဖွင့်ကာ ဝဏ္ဏသုံးလုံးကို ပြောလာခဲ့သည်။

“ကျောင်းရှီကျုံး?”

သူ(မ)က သူ့သူငယ်ချင်းအနည်းငယ်လောက်ကိုသာ သိပြီး ထိုလူများထဲတွင် သူ(မ)နှင့်အဆင်မပြေဆုံးက ကျောင်းရှီကျုံးတစ်ယောက်တည်းသာ။ နှစ်ယောက်သားက မကြာခဏဆိုသလို ရန်ဖြစ်စကားများတတ်ကြသည်။

သို့သော် ကျောင်းရှီကျုံးသည် အမျိုးသမီးတစ်ယောက်ကို လက်နှင့် ရွယ်တတ်သည့်လူစားမျိုးတော့မဟုတ်။

လုဝမ်ဝမ်သည် အံ့အားသင့်ချင်ယောင်ဆောင်ကာ အာမေဍ္ဍိတ်ပြုလိုက်သည်။

“အား! နင် တကယ်သိတာပဲ”

“ဒါဆို နင် ငါ့ကို လက်‌စားပြန်ချေပေးမယ်မလား၊ သူတို့အားလုံးက ငါ့ကို နင်နဲ့မတန်ဘူးလို့ထင်နေကြတာ”

သူ(မ)ဆံပင်များက အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး ပါးပြင်တစ်ဝိုက်တွင် ဆံချည်များက ဟိုတစ်စ သည်တစ်စနှင့် ပြန့်ကျဲနေ၏။ ရှန်းရီသည် သူ(မ)မျက်နှာလေးကို ပွတ်သပ်ပြီး မေးလာ၏။

“သူ ဘယ်နေရာကို ရိုက်လိုက်တာလဲ”

“ငါ့လက်ကိုလေ နာလိုက်တာမှ”

သူ(မ)သရုပ်ဆောင်နေသည်က ပီပြင်လှသည်ဟုထင်ကာ ဆက်၍လည်း : “လောလောဆယ်တော့ သူ ငါ့ခြေထောက်ကိုဒဏ်ရာရအောင် လုပ်ထားတဲ့ကိစ္စကို ထည့်မတွက်သေးဘူး”

ရှန်းရီသည် နှုတ်ခမ်းကို စေ့ကာ ညင်သာစွာ ရယ်လေ၏။

“လာ ကိုယ်နှိပ်ပေးမယ်”

“မနှိပ်ချင်ဘူး၊ နင်သာ နောက်တစ်ခါ‌ သူ့ကိုတွေ့ရင် ငါ့အစား ပြန်ရိုက်လာခဲ့ပေး”

ကျောင်းရှီကျုံးသည် တကယ်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်၊ သူက သူ(မ)ကို ဒေါသထွက်စေရန်အတွက် သူ(မ)နှင့် ဆင်သည့် ကောင်မလေးကို အငယ်မယားအဖြစ် ထားထား၏။

လုဝမ်ဝမ်သည် သူ(မ)ဒေါသကို ထုတ်ပြမှရမည်ဟု ခံစားနေရသည်။

“ကောင်းပြီ”

ရှန်းရီ၏ လိုက်လျောလွန်းမှုက လုဝမ်ဝမ်ကို လုံခြုံမှုအရိပ်အသန်း မပေးချေ။

လုဝမ်ဝမ်သည် အနည်းငယ် ပင်ပန်းနေပြီဖြစ်ကာ ဆိုဖာဆီ နှေးကွေးစွာလျှောက်သွားပြီး မှီချလိုက်သည်။ တီဗီထက်တွင် ရုပ်ရှင်တစ်ကားကို ပြသနေ၏။

ညဆယ်နာရီမတိုင်ခင်အထိ လုဝမ်ဝမ်သည် အိပ်ခန်းထဲသို့ဝင်ရန် စိတ်ကူးမရှိသေးချေ။ ရုပ်ရှင်ပြီးသွားသည့်နောက်တွင် သူ(မ)က ရုတ်တရက် ထမေးလာ၏။

“ငါ ဒီနေ့ အော်ပရာပွဲသွားကြည့်တာ နင်ဘယ်လိုသိလဲ၊ ငါ နင့်ကို မပြောပြထားသလိုပဲ”

ရှန်းရီသည် တစ်ခဏ တန့်သွားပြီးနောက် တည်ငြိမ်စွာ ‌ပြန်ဖြေလာ၏။

“ကိုယ် စုံစမ်းကြည့်လိုက်တာ”

လုဝမ်ဝမ်သည် သူ သည်လောက်မြန်မြန်ကြီး ဝန်ခံလိမ့်မည်ဟု မထင်ထားသဖြင့် အေးတိအေးစက်သာ ရယ်လိုက်သည်။

ရှန်းရီသည် သူ(မ)စိတ်ထဲတွင် ဒေါသထွက်နေမည်ကို သိ၍လည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူသည် သူ(မ)အား အမြတ်တနိုး ငေးကြည့်ပြီး ဆိုလာ၏။

“မင်း ဘယ်သွားတယ်ဘယ်လာတယ်ဆိုတာ ကိုယ် လုံးဝ သိရမယ်လို့လည်း မဟုတ်ပါဘူးကွာ”

“အို့”

သူ(မ)သည် ခေါင်းကို ငုံ့ထားလိုက်ပြီး သူ့ကို ကြည့်ဖို့ရာ စိတ်မပါတော့ချေ။

ရှန်းရီသည် အတင်းကာရော သူ(မ)မေးကို ဆွဲမကာ သူ(မ)အား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လာ၏။

“ဝမ်ဝမ် အဲ့ဒီတုံးအအ အတွေးတွေကို မစဉ်းစားပါနဲ့တော့”

လုဝမ်ဝမ် ဘာတွေတွေးနေမှန်း သူ သိနေသည်မှာ ကြာလှပြီပင်။ ယခုလေးတင် ယာဉ်အသွားအလာကို ကြည့်နေခဲ့သည့် သူ(မ)၏မျက်ဝန်းများက တစ်ချိန်က သူ(မ) ထိုပြတင်းပေါက်ကို မခုန်ချခင် ကြည့်နေခဲ့သည့်အကြည့်များနှင့် အတူတူပင်။

“နင်ကသာ တုံးတဲ့သူ”

~~~

ရှန်းရီသည် ယခင်က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိနေပြီဖြစ်ရာ မူလက သူ ထပ်ပြီး အိပ်မက်တွေ မမက်လောက်တော့ဘူးလို့ ထင်ထားမိသည်။

သို့သော် ညသန်းခေါင်ယံတွင် အကျွမ်းတဝင်ရှိလှသော လူတစ်ချို့ ကို အိပ်မက်မက်နေဆဲ။

ဤတိုက်ခန်းထဲတွင်သာဖြစ်ပြီး သူသည် အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားခဲ့သည်။ နဖူးထက်မှ ဆံပင်ရှည်များက သူ၏မျက်လုံးများကိုပင် ဖုံးကာထားလုနီးနီး။ သူသည် အမူအရာမဲ့စွာ တံခါးကို လှည့်ဖွင့်လိုက်ပြီးနောက် သူ၏အပေါ်ကုတ်အင်္ကျီထဲမှ သော့သေးတစ်ချောင်းကို ထုတ်ကာ အိပ်ခန်းအတွင်းထဲမှ တံခါးသေးသေးလေးတစ်ခုကို ထပ်ဖွင့်လိုက်သည်။

ကြောက်လန့်ဖွယ်ကောင်းလောက်သည့် တိတ်ဆိတ်ငြိမ်သက်မှုကြီးတစ်ခုသာ ရှိပြီး…

ရေချိုးခန်းထဲမှ ရေကျသံတစ်ခုတည်းကိုသာ ကြားနေရသည်။

သူ့နှလုံးသားထဲတွင် ဗလာကျင်းသွားပြီး ဖော်ပြ၍မရသည့် မသက်မသာဖြစ်မှုကြီးကို ခံစားလိုက်ရသည်။

အ‌ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်သွားပြီးမှ သူ့လက်များက တံခါးလက်ကိုင်ဘုတွင် ရပ်တန့်သွားကာ လှုပ်ရန် မဝံ့မရဲဖြစ်သွားရပြီး သူ့မျက်နှာက တင်းမာနေခဲ့သည်။ နောက်ဆုံးတွင် ရေချိုးခန်းတံခါးကို ဖွင့်ချလိုက်သည်။

ရေနွေးနွေးလေးဖြည့်ထားသည့် ရေချိုးကန်ထဲတွင် အေးချမ်းစွာ အိပ်ပျော်နေသည့် လူတစ်ယောက်ရှိနေခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment