no

Font
Theme

အပိုင်း (၆၄)

ယခုအခိုက်အတန့်တွင် လုဝမ်ဝမ်၏အသားအရည်မှာ အမှန်တကယ်ကို ကြည့်မကောင်းနေချေ။ သူ(မ)က အတော်လေး ဖြူဖျော့နေပြီး နှုတ်ခမ်းက သွေးများ ကင်းမဲ့နေကာ အားအင်ဟူ၍မရှိတော့ချေ။

ရှန်းရီက သူ(မ)ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူ(မ)ခေါင်းကို ညင်ညင်သာသာ နှိပ်နှယ်ပေးလိုက်သည်။

“‌သက်သာရဲ့လား?”

နာကျင်နေသေးဆဲပါပင်။ သို့သော် ထိုအ‌ပျော့စားနာကျင်မှုလေးက သည်းမခံနိုင်လောက်သည်အထိတော့ မဟုတ်ချေ။

“နည်းနည်းတော့ သက်သာနေပါပြီ”

သူ(မ)က ကိုယ်လေးကို ကွေးကျုံ့ကာ :

“ငါ အရမ်းအိပ်ချင်နေပြီ”

ရှန်းရီက သူ(မ)ကို အိပ်ခန်းထဲသို့ ချီခေါ်သွားပြီး ခုတင်ပေါ် ညင်သာစွာ ချပေးလိုက်သည်။ သူ့အကြည့်များက ယုယကြင်နာမှုများအပြည့်ဖြင့်ပင်။

“အိပ်တော့”

သန်းခေါင်ယံတွင် လုဝမ်ဝမ်တစ်ယောက် အဖျားကြီးလာခဲ့ပြီး ပါးစပ်မှနေ အဓိပ္ပာယ်မရှိသည့်စကားများကို အဆက်မပြတ် တီတိုးပြောနေခဲ့သည်။ ရှန်းရီလည်း အများကြီး နားမလည်ပေ။

နောက်ပိုင်းတွင် သူ(မ)က ရေရွတ်တီးတိုးနေသည်ကိုရပ်လိုက်သော်လည်း သူ့နာမည်ကိုသာ ထပ်ခါထပ်ခါခေါ်နေခဲ့သည်။

သူ(မ) *ရှန်း ရီ* ဟု တစ်ကြိမ်ခေါ်တိုင်း သူ့နှလုံးသားက ယားယံလာရသည်။

အဖျားတက်နေသည့်လုဝမ်ဝမ် မက်နေခဲ့သည့်အိမ်မက်က စိတ်ချမ်းမြေ့ဖွယ်ကောင်းသည့်မှတ်ဉာဏ်တစ်ခု မဟုတ်ခဲ့ချေ။ ထိုအချိန်က သူတို့နှစ်ဦးလက်ထပ်ပြီးနောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အသေးအဖွဲကိစ္စတစ်ချို့ကြောင့် စကားများခဲ့ကြသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်၏။

စကားများကြသည်ဟု သတ်မှတ်၍မရသော်လည်း လုဝမ်ဝမ်ဖက်မှ တစ်ဖက်သတ်ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

ထိုလူက အသံတစ်သံမထွက်ဘဲ သူ(မ)ဘဝအား စီမံခြယ်လှယ်နေသည်ကို သိလိုက်ရချိန်တွင် လုဝမ်ဝမ်တစ်ယောက် အလွန်အမင်း ဒေါသထွက်သွားခဲ့ရသည်။ စိတ်ဆိုးမာန်ဆိုးဖြင့် သူ(မ)အရှေ့မှအမျိုးသားကိုကြည့်ပြီး ပြောလာသည့် သူ(မ)အသံတို့က အလွန်ခက်ထန်မာ‌ကျောနေခဲ့သည်။

“ငါနင့်ကို ပြောပြီးပြီလေ ငါ့ကိစ္စတွေထဲဝင်မပါ,ပါနဲ့လို့၊ ငါက အရွယ်ရောက်ပြီးသားလူတစ်ယောက်၊ ငါ့မှာလည်း ကိုယ်ပိုင်‌ဆုံးဖြတ်ချက်ဆိုတာရှိတယ်”

ရှန်းရီသည် ခက်လဲမခက်ထန်သလို၊ နူးလဲမနူးညံ့သည့်အသံနှင့် သူ(မ) ဒေါသထွက်နေသည်ကို မမြင်သည့်အလား ဖြည်းညင်းစွာဖြင့် အလေးအနက်မေးလာ၏။

“အိမ်ကို ပြန်မလာခင် တစ်ခုခုစားလာခဲ့သေးလား?”

လုဝမ်ဝမ်၏အမျက်‌ဒေါသက နှလုံးသားထဲတွင် ပို၍တောက်လောင်,လောင်ကျွမ်းလာတော့သည်။

“ငါ့မေးခွန်းကိုသာ အရင်ဖြေစမ်းပါ၊ နင်ခေါင်းရှောင်ဖို့မကြိုးစားနဲ့!”

ရှန်းရီက အမ်း ဟုဆိုပြီး မျက်လွှာချကာ : “ဘားတွေက အရမ်းပရမ်းပတာနိုင်တာ၊ အဲ့ဒီကလူတွေကလည်း ကောင်းတဲ့သူတွေမဟုတ်ဘူး၊ ကိုယ်က မင်းအတွက်စိတ်ပူရုံလေးပါ”

အရင်က လုဝမ်ဝမ်သည် သူ၏ သူ(မ)ကိုစိတ်ပူလို့ပါဆိုသည့်အကြောင်းပြချက်ကို လက်ခံနိုင်သော်လည်း နောက်ပိုင်းတွင် ရှန်းရီက ကိစ္စကြီးကြီး၊သေးသေးမဆို ဝင်ပါလာတတ်ပြီး “ကိုယ် မင်းကိုစိတ်ပူလို့ပါ” ဆိုသည့်စကားကိုသာ တွင်တွင်သုံးလာပြန်သည်။

သူ(မ)အလုပ်ကို ပြောင်းလဲခဲ့ရပြီး သူ(မ)သူဌေးက ရှန်းရီဖြစ်လာခဲ့သည်။

ကုမ္ပဏီတွင် သူမ၏ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားပြီးနောက်တွင်တော့ တစ်စုံတစ်ခုက မှားယွင်းနေကြောင်း သူမ တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။

တစ်စုံတစ်ယောက်အတွက် စိတ်ပူခြင်းက ဤမျှအထိ အစွန်းရောက်သွားရန် မလိုအပ်ပေ။

လုဝမ်ဝမ်သည် ပင်ကိုအားဖြင့် တက်တက်ကြွကြွနေတတ်သူဖြစ်ပြီး အလုပ်ချိန်ပြီးနောက်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ဈေးဝယ်ထွက်လျှင်ထွက်၊ မဟုတ်လျှင် သွားသောက်ရသည်ကို နှစ်သက်၏။ သူ(မ)က အိမ်ပြန် အလွန်မနောက်ကျသော်လည်း ရှန်းရီက ထိုကိစ္စနှင့်ပတ်သက်၍ မပျော်ရွှင်ပေ။

ထိုပုဂ္ဂိုလ်တွင် မှုန်မှိုင်းမှိုင်းသဘာဝရှိပြီး သူ့စိတ်ထဲတွင် မကျေနပ်နေလျှင်တောင် အပြင်သို့ထုတ်မပြောတတ်သည့်တိုင် သူ့ထံတွင် သူ၏အလိုမကျမှုများကို ဖြေဖျောက်ရန် နည်းလမ်းများစွာရှိလေသည်။

ဤတစ်ကြိမ်က ပိုတောင်ကောင်းသေး၏။ သူက ရဲကိုတိုက်ရိုက်အကြောင်းကြားလိုက်သဖြင့် ဘားမှာ စစ်ဆေးခံခဲ့ရကာ၊ သူဌေးနှင့်ဝန်ထမ်းများအားလုံးက ရဲစခန်းသို့ လက်ဖက်ရည်သောက်ကြွလာရန် ဖိတ်ကြားခံခဲ့ရလေသည်။

လုဝမ်ဝမ်တစ်ယောက် ဘားကနေ မောင်းထုတ်ခံရချိန်တွင် ရှန်းရီကားကို တစ်ချက်တည်းဖြင့် တွေ့လိုက်ရပြီး သူက ဘာမျှရှင်းပြမနေဘဲ တံခါးနားတွင်သာရပ်ပြီး သူ(မ)ကိုစောင့်နေခဲ့သည်။

“အိမ်ပြန်ကြရအောင်”

လုဝမ်ဝမ်မှာ အတော်လေး အာဏာမဲ့သလို ခံစားလာရပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ သူ(မ)နောက်မှ ဆိုဖာပေါ်တွင်ထိုင်ချပြီး အကူညီမဲ့စွာ မေးလိုက်မိ၏။

“ရှန်းရီ နင်ဘာလို့ ဒီလောက်သဝန်တိုရတာလဲ?”

ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ အသက်ကြီးသည်ဖြစ်စေ သူက လူတိုင်းကို သဝန်တို၏။

ကလေးဖြစ်နေလျှင်တောင်မှ သူတို့က သူ(မ)နှင့် အနည်းငယ်လေး အ‌နေနီးလာလျှင် ရှန်းရီဆိုသည့် ထိုလူက မပျော်မရွှင်ဖြစ်လာရပြန်သည်။

“ကိုယ်မတိုပါဘူး”

သူက သေနေသည့်ဘဲလို ဟန်ဆောင်ကာ ဝန်မခံခဲ့ချေ။

ထို့နောက် ရန်ပွဲများက ပုံမှန်ဖြစ်စဉ်တစ်ခုလို ဖြစ်လာရသည်မှာ တစ်နေ့တွင် လုဝမ်ဝမ်တစ်ယောက် သူ(မ)က ဤတိုက်ခန်းမှ အပြင်သို့ မထွက်နိုင်တော့သည်ကို သိရှိသွားခဲ့သည့်အထိပင်၊ သူ(မ)ဖုန်းမှာ လိုင်းမမိတော့ပြီး မည်သူနှင့်မျှလည်း အဆက်အသွယ်မလုပ်နိုင်တော့ချေ။

နေ့‌နေ့ညည သူ(မ)ကို ထိုအမှောင်ခန်းထဲတွင်သာ ပိတ်လှောင်ထားခဲ့သည်။

သူ(မ)၏ကောက်ကြောင်းလှသည့် ခန္ဓာကိုယ်တွင် ပေါင်ကိုဖုံးရုံသာဖုံးသည့် သူ၏ရှပ်အင်္ကျီများကိုသာ ဝတ်ဆင်ရပြီး သူ(မ)သည် နေ့တိုင်း မိန်တွေလျက်ဖြင့်သာ ကုန်ဆုံးခဲ့ရသည်။

ပျောညံ့စွာ င်ိုယိုပြခဲ့ပြီး သူ(မ)တတ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် စမ်းသပ်ကြည့်ခဲ့သည့်တိုင် အနှီအမျိုးသားက သက်ညှာမှု နည်းနည်းလေးမှ မရှိခဲ့ချေ။

ညသန်းခေါင်ယံတွင် မိန်ပျပျမီးရောင်လေးက သူတို့၏ခန္ဓာပေါ်ထက် ကျဆင်းလျက်ရှိပြီး နဖူးထက်မှ ချွေးစက်များဖြင့် အမျိုးသမီးလေးက သူ(မ)၏ညှဉ်းပန်းခံရမှုကြောင့် ရှိုက်ငိုနေပြီး လက်သည်များက သူ့နောက်ကျောကို ကုတ်ခြစ်ကာ သူ့နာမည်ကို တီးတိုးခေါ်နေခဲ့သည်။

“ရှန်းရီ....ရှန်းရီ..”

လုဝမ်ဝမ် အိပ်ရာနိုးလာသည့်အချိန်တွင် အားအင်များကုန်ခမ်းကာ နုံးချည့်နေသလိုခံစားနေရသော်လည်း မနေ့ညကလောက် သူ(မ)၏ခေါင်းကိုက်မှုကြီးက မနာကျင်တော့ချေ။

သူ(မ)လက်ဖမိုး‌တွင် အပ်တစ်ချောင်းစိုက်သွင်းထားပြီး ခုတင်ခေါင်ရင်းတွင် ဆေးချိတ်ထားလေသည်။

သူ(မ)သည် အိပ်ရာမှ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး တစ်ကိုယ်လုံးက နုံးချည့်နေကာ ဦးခေါင်းတစ်ခုလုံးက အနည်းငယ် လေးလံနေသလို ခံစားနေရသေး၏။

လုဝမ်ဝမ်မှာ အတိတ်က ဖြစ်ရပ်များကို ပြန်တွေးမိတိုင်း ရှန်းရီကို နောက်တစ်ကြိမ် မြင်တွေ့ရချိန်တွင် အနည်းငယ် ကြောက်ရွံမိနေ၏။ ထိုကဲ့သိုသော တိတ်တဆိတ် ဒေါသထွက်ပြီး ကြီးကျယ်သောကိစ္စရပ်များကို လုပ်နိုင်စွမ်းရှိသည့် လူမျိုးက ကိုင်တွယ်ရအခက်ဆုံးပေ။

ဒီတစ်ကြိမ်မှာရော သူဘယ်အချိန်အရူးထမလဲဆိုတာ ဘယ်သူကသိမှာမလို့လဲ?

ရှန်းရီက သူ(မ)အတွက် မနက်စာကို အခန်းထဲသို့ ယူလာပေးခဲ့သည်။ သူ့မျက်နှာက အနည်းငယ် မျက်တွင်း‌ချောင်နေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ခြည်ကြောင့် သူ့အသားအရေက ကြည်လင်လုနီးပါး တောက်ပနေကာ အေးစက်စက်လက်ချောင်းများက သူ(မ)နဖူးကို ခဏကြာအောင် ညင်သာစွာ စမ်းပြီးနောက် မျက်ခုံးများက တွန့်ချိုးသွား၏။

“အဖျားရှိနေသေးတယ်”

လုဝမ်ဝမ်သည် ပါးစပ်ကိုဖွင့်လိုက်ချိန်တွင် လည်ချောင်းက အလွန်နာကျင်နေသည်ကို ခံစားလိုက်ရသည်။

“အဲ့ဒါ နင်ကြောင့်လေ နင်ကသာ ငါ့ကိုကူးအောင်လုပ်ခဲ့တာ”

တကယ်တွင် ဤအဖျားက သူ့ကြောင့်မဟုတ်မှန်း သူ(မ)စိတ်ထဲတွင် ရှင်းလင်းစွာ သိပေ၏။

ရှန်းရီ သူ့အဖျားမှသက်သာလာပြီးသည်မှာ ရက်အတော်ကြာနေပြီပင်။

“အင်းပါ၊ အားလုံးက ကိုယ့်အပြစ်တွေ”

သူက ဆန်ပြုတ်တစ်ဇွန်းခပ်ကာ သူ(မ)နှုတ်ခမ်းနားသို့ ယူလာပေး၏။

“အရင်ဆုံး ဆန်ပြုတ်လေးသောက်လိုက်အုံးနော်”

ဆန်ပြုတ်သည် ကောင်းစွာကျိုချက်ထားသဖြင့် အသားအနည်းငယ်၏အနံ့က အလွန်ကြွယ်ဝနေသည်။

လုဝမ်ဝမ်သည် တကယ်ကို ဗိုက်ဆာနေခြင်းဖြစ်ရာ ပါးစပ်ကို ဖွင့်ပြီး တစ်လုပ်အပြည့် မျိုချပြီးနောက် သူ့ထံမှ ပန်းကန်လုံးကို ကမ်းယူလိုက်သည်။

“ငါ့ဘာသာ စားလိုက်မယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment