no

Font
Theme

အပိုင်း (၁၃)

ရှန်းရီသည် သူမ၏နူးညံ့ဖြူဥနေသော ကိုယ်ပေါ်မှ သူ၏ကိုယ်ပိုင်အမှတ်အသားများကို ကြည့်ပြီး စိတ်ကျေနပ်မှုများဖြင့် ပြုံးလိုက်သည်။ သူမ၏ချိုမြမြအရသာလေးအား ပြန်လည်တွေးမိရင်း သူ၏မျက်ဝန်းများသည် နှစ်ထောင်းအားရမှုများဖြင့် ပြည့်နှက်နေလေ၏။

လုဝမ်ဝမ်တစ်ယောက် ကောင်းကောင်း အိပ်ပျော်သွားခဲ့ပြီး သူမနိုးလာသည့်အချိန်တွင် သူ(မ)ကိုယ်သူ(မ) ရှန်းရီပေါင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ အနည်းငယ် အိပ်ချင်နေဆဲဖြစ်ကာ အကြောချင်များဆန့်ရင်း ပျင်းရိစွာ ထထိုင်လိုက်သည်။

ရှန်းရီ သူ့လက်ကို မြှောက်လိုက်သည့် အချိန် သူမကိုယ်တိုင် သတိမမူမိလိုက်ပါဘဲ အလိုလိုနောက်ပြန်ဆုတ်သွာမိ၏။

“ဘာဖြစ်လို့လဲ?”

သူသည် ပေါ့‌ပါးနေသော အသံဖြင့် : “မင်းအင်္ကျီဆွယ်တာကော်လာ လျှောကျနေတယ်”

“အိုး ကျေးဇူးပဲ”

ရှန်းရီမှ သတိပေးလိုက်သည်နှင့် လုဝမ်ဝမ်သည် သူမ၏အင်္ကျီအား သပ်ရပ်အောင် ပြန်ပြင်လိုက်သည်။ သူမ၏စိတ်ထဲတွင် ရှန်းရီက မည်သို့ပင်ဆိုစေ အတော်လေးလူကြီးလူကောင်းဆန်သည်ဟု ခံစားမိ၏။ ဒီရက်များအတွင်း ရှန်းရီသည် တကယ်ကို စည်းကမ်းရှိနေသည်ကိုတွေ့ရ၏။ သူမ၏ဖရိုဖရဲပုံစံအား တွေ့လျှင်တောင်မှ သူသည် မျက်ခုံးပင်မလှုပ်ဘဲ လေးနက်ပြီး စည်းကမ်းရှိနေမြဲဖြစ်သည်။

သူမသည် နံရံပေါ်ရှိ နာရီအား တစ်ချက်လှမ်းကြည့်ကာ ဆိုလိုက်သည်။ ‌

“နင် အလုပ်ဆင်းပြီလား”

“အင်း”

“အို့ ဒါဆို ငါတို့ အခု အိမ်ပြန်ကြတော့မှာလား”

ရှန်းရီ တစ်ခဏ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာ၏။

“ဒီည ကိုယ်တို့အပြင်မှာသွားစားကြမယ်လေ”

သူမ မပျော်မရွှင်ဖြစ်သွားမည်ကိုကြောက်၍လည်း ရှန်းရီသည် ဆက်ပြောလာသည်။

“ကုရှင်းနဲ့ တခြားသူတွေက မင်းကိုလည်း မတွေ့ရတာကြာပြီဆိုတော့ မင်းနဲ့အတူ ညစာစားချင်တယ်ဆိုလို့လေ”

“အို့ ဒါဆို ငါတို့ဘယ်မှာ သွားစားကြမှာလဲ”

“ကျူယွမ်မှာ”

ထိုနေရာသည် ဆိတ်ငြိမ်သော ခြံဝင်းကျယ်တစ်ခုတွင် တည်ရှိနေသည့် လီရှင်းမှ ဦးစီးသော အဆင့်တန်းမြင့် ကိုယ်ပိုင်စားသောက်ဆိုင်ဖြစ်မှန်း လုဝမ်ဝမ်‌ ရေးတေးတေး မှတ်မိနေ၏။ ပိုက်ဆံရှိလျှင်တောင်မှ ဝင်စားလို့ မရနိုင်သည့် ဆိုင်တစ်ဆိုင် ဖြစ်သည်။

သူမ၏ ပထမအကြိမ်ကူးပြောင်းမှုအတွင်း၊ တိုက်ခန်းထဲတွင် ဆယ်စုနှစ်တစ်ခုကျော်အထိ အကျဉ်းချခံရသည့်အချိန်အတွင်း သူမ တွေ့ခွင့်ရခဲ့သည့် လူများမှာ ရှန်းရီ၏ ထိုသူငယ်ချင်းအနည်းသာဖြစ်သည်။ ကောင်းကင်ဘုံ၏ ပစားပေးခံအထက်တန်းစားကလေးများက သူမအား ကရုဏာသက်စွာ ကြည့်လာကြသော်ငြား ကူညီပေးရန်မူ ဆန္ဒမရှိကြပေ။

သူ(မ)တို့နှစ်ဦး ရုံးအဆောက်အဦးမှ ထွက်လာသည့်အချိန်တွင် လီရှင်းက ကားထဲတွင်ထိုင်နေပြီး သူတို့နှစ်ဦးအား စောင့်နေ၏။

“ရီကော ဖုချန်ဟိုက် နဲ့ ကျောင်းရှီကျုံက ကျူယွမ်မှာ ရောက်နှင့်နေပြီတဲ့ ကျွန်တော်တို့ အဲ့ဒီကို တစ်ခါတည်း သွားကြတာပေါ့”

ထိုလူနှစ်ယောက်စလုံးသည် မြို့ထဲရှိကျော်ကြားသည့် သခင်ငယ်လေးများဖြစ်ကြသည်။

မူလခန္ဓာပိုင်ရှင် ရှန်းရီနှင့် ချက်ချင်းမကွာရှင်းရသည့် အကြောင်းရင်းမှာလည်း ထိုကောင်းကင်ဘုံ၏ အလိုလိုက်ခံသားတော်များနှင့်အဆက်အသွယ် ရှိချင်ရုံသက်သက်ပင် ဖြစ်နိုင်လောက်၏။

လုဝမ်ဝမ် မျက်စိလျင်ကာ လီရှင်းမောင်းနေသည့်ကားသည် ရှန်းရီ ယခင်ကမောင်းနေသည့် ကားဖြစ်မှန် သတိထားမိလိုက်၏။ သူ(မ)သည် ရှန်းရီ၏လက်မောင်းကို လက်‌ချောင်းထိပ်လေးဖြင့်ထိုးကာ မေးမြန်းလိုက်သည်။

“နင် သူနဲ့ကားလဲလိုက်တာလား”

ရှန်းရီမှ ခေါင်းညိတ်ပြလာ၏။

“အင်း ဟုတ်တယ်”

သူသည် လုဝမ်ဝမ်အား ကြန့်ကြာမနေဘဲ ရှင်းပြလာပြန်၏။

“သူ ကိုယ့်ကားကို သဘောကျနေတာဆိုတော့ ကိုယ်လည်း သူနဲ့လဲပေးလိုက်တာ”

လုဝမ်ဝမ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုက ထူးဆန်းနေသည်ဟု ခံစားမိသော်လည်း ဘာမှားနေသလဲကိုတော့ သူမလည်း မပြောပြတတ်ချေ။

အပြင်ဘက်တွင် လေကြမ်း‌နေသဖြင့် ရှန်းရီသည် သူ၏ကုတ်အင်္ကျီကို ချွတ်ကာ သူ(မ)ကိုယ်ပေါ် ခြုံပေးလာ၏။ နက်နက်နဲနဲစဉ်းစားနေသည့်အလား မျက်ခုံးများကို တွန့်ချိုးထားသည့် သူ(မ)၏မျက်နှာလေးကို ကြည့်ကာ သူသည် မပြုံးဘဲ မနေနိုင်တော့ချေ။

“မင်း ကိုယ်ရဲ့ကားကိုမကြိုက်ဘူးမဟုတ်လား..အဲ့ဒါကြောင့် ကိုယ်သဘောတူလိုက်တာလေ”

အမှန်တကယ်တွင် ရှန်းရီ လိမ်ညာပြောနေချင်မဟုတ်ရချေ။

လီရှင်း သူ့ကားကို မျက်စိကျနေသည်မှာ အတော်ကြာပြီဖြစ်ပြီး၊ သူနှင့် ၎င်းကို အတော်လေး သာမာန်ကျသည့် Porsche တစ်စီးနှင့် လဲလှယ်ပေးခဲ့ရုံပင်။

လုဝမ်ဝမ် ဤမျှအထိ ချစ်ဖို့ကောင်းနေလိမ့်မည်ဟု ရှန်းရီ တစ်ခါမှ မတွေးခဲ့ဖူးချေ။ သူမသည် နာမည်ကြီးတံဆိပ်များစွာအကြောင်း တစ်နေကုန်ပြောနေသည့်တိုင် တံဆိပ်တော်တော်များများကို မှတ်မိဟန်မတူ၊ အထူးသဖြင့် ကားတံဆိပ်များနှင့်ပတ်သက်ပြီး။

သူ(မ)သည် ရေပန်းစား လူကြိုက်များကြသည့် တံဆိပ်တစ်ချို့ကိုသာ သိပုံရသည်။

*

မိနစ်နှစ်ဆယ်ခန့်အကြာ ကားမောင်းခဲ့ပြီးနောက် သုံးယောက်သားသည် ကျူယွမ်သို့ ရောက်လာကြသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ရှိပြီး အနီရောင်‌မီးပုံးလေးနှစ်ခုကို အဓိက ဝင်ပေါက်တွင် ချိတ်ဆွဲထား၏။

ကိုယ်ပိုင်အခန်းထဲရှိ လေထုသည် ငြိမ်သက်နေကာ ဖုချန်ဟိုက်နှင့် ကျောင်းရှီကျုံတို့နှစ်ယောက်သည် လက်ထဲတွင် စီးကရက်ကိုယ်စီဖြင့်။ ထိုနေရာတွင်ထိုင်နေကြသည့် ထူးချွန်ထက်မြက်လှပါသော အမျိုးသားနှစ်ယောက်က လူထုအား အလွယ်တကူ ဖမ်းစားနိုင်လေ၏။

ကျောင်းရှီကျုံ သူမအား အလွန်မုန်းတီးနေသည်ကို လုဝမ်ဝမ် မှတ်မိသည်။

စာအုပ်ထဲသို့ ဝင်စားခဲ့သည့် ယခင်နှစ်ကြိမ်အတွင်း သူသည် ထိုကဲ့သို့ပင်။ သူမနှင့် သူ့အကြားတွင် မည်သည့် အပြန်အလှန်ဆက်ဆံရေးမျိုးမှ မရှိခဲ့ကြသည့်အပြင် သူ(မ)ဘက်မှလည်း သူ့အပေါ် အကောက်မကြံခဲ့ဖူးသော်ငြား ကျောင်းရှီကျုံသည် သူမကို မြင်သည့်အချိန်တိုင်း တောသားသူဌေးဟူ၍ အမြဲ လှောင်ပြောင်ပြောတတ်လေသည်။

လုဝမ်ဝမ်သည်လည်း “ငါက အင်အားအကြီးဆုံး၊ ငါက အကြွယ်ဝဆုံး” ဆိုပြီး ဟစ်ကြွေးနေသည့် ထိုကျောင်းရှီကျုံအား သဘောမကျပေ။

မီနူးသည် ရှန်းရီလက်ထဲတွင် ရှိနေပြီး လုဝမ်ဝမ်အား မေးမြန်းခြင်း မပြုဘဲ သူသည် အစားအသောက်များကို တိုက်ရိုက်မှာပေးလေ၏။

ကျောင်းရှီကျုံသည် ကြင်နာမှုများ ပြည့်နေသည့် မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်တစ်စုံရှိသည့် သူမနှင့် မျက်နှာဆိုင်တွင်ထိုင်ကာ သူမအား အပြုံးဖြင့်ကြည့်ပြီး : “လုမမလေးက အခုနောက်ပိုင်း အလုပ်တွေအရမ်းများနေတယ် မဟုတ်ဘူးလား?”

လုဝမ်ဝမ် သူ(မ)နှလုံးသားထဲတွင် ရယ်မိလိုက်သည်။ သေချာပေါက် ကျောင်းရှီကျုံ နောက်ပြောလာမည့် စကားလုံးများက ကောင်းတော့မည်မဟုတ်မှန်း သိလိုက်ပါ၏။ ထိုပုဂ္ဂိုလ်သည် သူမအား ယုတ်မာသည့် နည်းလမ်းများဖြင့် ထိုးနှက်ရသည်ကို နှစ်သက်ကာ၊ ဤကဲ့သို့စကားလုံးများ‌ဖြင့် “လုမမလေးက ကျွန်တော်မြင်ဖူးသမျှထဲမှာ အလုပ်အရှုပ်ဆုံးသူပဲနော် စားဖို့သောက်ဖို့နဲ့ ပျော်ပါးတဲ့အလုပ်လေ”

သို့ပေမဲ့ ယခုတစ်ခါတွင်တော့ သူမသည် ရှန်းရီကို မျက်နှာသာပေးတော့မည်မဟုတ်သလို သူ၏သူငယ်ချင်းများကိုလည်း ထပ်ပြီးတော့ သည်းခံ လိုက်လျောပေးတော့မည် မဟုတ်ပေ။

လုဝမ်ဝမ်သည် ရှန်းရီကို တရင်းတနှီး ဖက်ကာ ကျောင်းရှီကျုံကို မူပိုစွာ စိုက်ကြည့်လိုက်ပြီး သူမ၏အသံချိုချိုလေးက ချိုဆိမ့်လွန်းနေသည်မှာ လူအား ဆို့နစ်သွားစေသည့်အထိပင်။

“အားရှီ နင် ဘယ်လိုလုပ်ပြီး ငါ့ကို မမလေးလုလို့ ခေါ်နေသေးတာလဲ အခု ငါက ရှန်းမမလေးဖြစ်နေပြီလေ ငါနဲ့ရီရီလက်ထပ်ပြီးသွားတာကို မေ့သွားလောက်တဲ့အထိတော့ နင် မအိုသေးပါဘူးနော်?”

ကျောင်းရှီကျုံ၏မျက်နှာသည် ချက်ချင်း အရုပ်ဆိုးကျသွား၏။

လုဝမ်ဝမ်သည် ဟန်ဆောင်သက်ပြင်းလေးချရင်း : “ငါ အလုပ်များနေတယ်ဆိုတာကတော့ တကယ်ပဲဟ..နင်တို့ယောက်ျားတွေက နားလည်မှာ မဟုတ်ပါဘူးလေ..ဆိုင်ကြီးတစ်ဆိုင်ကနေပြီး တခြားဆိုင်ကိုသွားပြီး သူတို့ရဲ့ပစ္စည်းအသစ်လေးတွေ ဝယ်ရဖို့အရေး ပြေးလွှားနေရတာကလည်း အရမ်း အရမ်းကို ပင်ပန်းရတာ”

“……”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment