no

Font
Theme

အပိုင်း (၃၀)

ရှန်းရီသည် မလှုပ်မယှက် ရပ်နေပြီး မျက်လွှာချထား၏။ သူက ဘာမှမကြားသကဲ့သို့ပင် သူ၏အမူအရာမှာ နည်းနည်းလေးမှ မပြောင်းလဲသွားချေ။ သူက တိတ်တဆိတ် လုဝမ်ဝမ်အတွက် ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး သူမကိုကမ်းပေးလာ၏။

“ရေနည်းနည်းသောက်လိုက် ပြီးရင်အခန်းထဲသွားနားနေနော် ကိုယ် ခဏနေ ခေါ်လိုက်မယ်”

လုဝမ်ဝမ် ပြန်ပြောတော့မည့်ဆဲဆဲ လုကျောက်ဇီမှာ ခြေတစ်လှမ်းသာကာ အေးအေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး ဆိုလာ၏။

“ဘာကိုနားမယ်လို့ပြောတာလဲ? ကျယ်ကျဲ ဒီည ငါ ကျဲအတွက် ကြိုပြီတော့ ကလပ်မှာ ဘွတ်ကင်လုပ်ထားပြီးပြီ အဲ့မှာ ကောင်‌လေးငယ်ငယ်ချောချောလေးတွေ အများကြီးနော် ကျဲ သူ့တိုကိုကြည့်ရတာ အကြိုက်ဆုံးမဟုတ်ဘူးလား? လာ ငါခေါ်သွားပေးမယ်!”

[အဲ့လိုမောင်လေးမျိုးတစ်ယောက်လောက် ပေးသနားကြပါ🥲]

ထိုစကားများပြောပြီးသည့်နောက် သူက ရှန်းရီကိုပင် ဂုဏ်သိက္ခာရှိသည့်ဟန်လေးဖြင့် :

“ယောက်ဖ စိတ်မရှိဘူးမလား?”

ရှန်းရီ၏မျက်လုံးများက လုဝမ်ဝမ်ဆီသို့ရောက်သွားပြီး အပြုံးသဲ့သဲ့ဖြင့် အသံက အနည်းငယ်အေးစက်နေ၏။

“ဘာလဲ? မင်းက အဲ့ဒီကို သွားချင်လို့လား?”

သူ၏နက်ရှိုင်းရှိုင်းအကြည့်များနှင့် ဆုံလိုက်ရချိန် လုဝမ်ဝမ်မှာ နှလုံးသားရဲ့အောက်ခြေမှပင် ကြက်သီးမွေးညင်းများ ထလာတော့သည်။ သူမ၏နောက်ကျောမှာ အနည်းငယ်တောင့်တင်းလာပြီး နှုတ်ခမ်းမှာ ဖြူဖျော့လာကာ နဂိုကပင် နေမကောင်းနေသည့်မျက်နှာက ပုံမှန်မဟုတ်စွာ နီမြန်းလာတော့သည်။

သူမ၏အားနွဲ့သည့်အသွင်အပြင်က သူမအား အတော်လေး သနားချင့်စဖွယ် ကောင်းနေစေ၏။

လုကျောက်ဇီသည် သူ့အစ်မ၏ အားနွဲ့သည့်အသွင်အပြင်ကို တစ်ခါမှ မမြင်ဖူးသည်ဖြစ်၍ ချက်ချင်းပင် ရှန်းရီက သူ့အစ်မကို ခြောက်လန့်နေသည်ဟုထင်မှတ်လိုက်ပြီး စိတ်ဆိုးစွာဖြင့် အော်ဟစ်လာတော့သည်။

“မင်း ငါ့အစ်မကို အမြဲတမ်းအနိုင်ကျင့်နေတယ် မဟုတ်လား? ရှန်းရီ ငါပြောလိုက်မယ် ငါမင်းကိုသည်းခံနေတာ ကြာပြီနော်”

“ငါသိနေပြီးသား မင်းက မကောင်းတဲ့အကောင်ဆိုတာ ငါ့အစ်မဘာသာ ခပ်ချောချာငယ်ငယ်ကောင်လေးတွေကိုကြည့်တော့ ဘာဖြစ်လဲ? ပြီးတော့ ငါ့အစ်မက တစ်ခါမှ အဲ့လိုကောင်လေးမျိုးတွေကို မမြင်ဖူးတာလည်း မဟုတ်ဘူး”

လုဝမ်ဝမ်၏ အသံရှုနှုန်းများသည် လေးလံလာကာ ဦးနှောက်မှာ ချာချာလည်နေပြီး သူမ၏ခန္ဓာကိုယ်တွင် အင်အားဟူ၍ အနည်းငယ်သာကျန်တော့၏။ သူမ၏ပါးများမှာ လုကျောက်ဇီ၏အရိပ်အကင်း နားမလည်သောစကားများကြောင့် ဒေါသဖြင့် နီမြန်းလာရသည်။

ရှန်းရီ၏အကြည့်များမှာ အေးစက်နေပြီး လုကျောက်ဇီကို အာရုံမထားဘဲ လုဝမ်ဝမ်ကိုသာ စိုက်ကြည့်ရင်း နှေးကွေးစွာ မေးမြန်းလာ၏။

“မင်း တကယ်ပဲ အဲ့ဒီကောင်ချောချောလေးတွေကို သွားကြည့်ချင်တာလား?”

လုဝမ်ဝမ်သည် ပါးစပ် ဖွင့်လိုက်သော်ငြား သူမ၏လည်ချောင်းမှာ မီးလောင်နေသကဲ့သို့ ခံစားရကာ နာကျင်ပြီး ဩရှနေ၏။ ထို့နောက် ခြေထောက်များမှာ ပျော့ခွေလာပြီ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။

ရှန်းရီက သူမကို ခါးကနေ ပွေ့ဖမ်းလိုက်သည်။ သူမကို ဖက်ထားလိုက်ပြီး သူ၏လက်ဖဝါးဖြင့် သူမ နဖူးပေါ်ကို စမ်းကြည့်လိုက်သည်။

“အဖျားရှိနေတာပဲ”

သူ၏လက်မောင်းထဲသို့ကျသွားသည့်လုဝမ်ဝမ်မှာ သူမခါးတစ်ဝိုက်ကို သူပတ်ထားသည့်လက်မှာ အားအတော်လေး သုံးထားကြောင်းကို ခံစားနေမိသည်။

သူမမျက်လုံးကို ပင့်လိုက်ပြီး သူ၏အကြည့်များနှင့်ဆုံသည့်အခိုက်တွင်တော့ အနည်းငယ်တွန့်သွားရ၏။

ယခုလက်ရှိတွင်ရှိနေသည့် ရှန်းရီ၏အမူအရာမှာ အလွန် ဖော်ရွေနေသည်ဟုတော့ ဖော်ပြ၍မရပေ။ သူ၏နှုတ်ခမ်းများကို အနည်းငယ်တွန့်ချိုးထားပြီး မျက်လုံးများမှာ စိမ်းကားနေဟန်အပြည့်ဖြင့်။

သူက အမျိုးသမီး၏ပါးပြင်နုနုလေးကို ထိလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးမြန်းလာ၏။

“ဝမ်ဝမ် ကိုယ်ရဲ့မေးခွန်းကို ပြန်မဖြေရသေးဘူးနော်”

တုန်ယင်နေသည့်အသံတို့နှင့် လုဝမ်ဝမ်သည် တီးတိုးပြောလေသည်။

“ဟင့်အင်း ငါမသွားချင်ပါဘူး”

ရှန်းရီက ပေါ့ပါးစွာ ပြုံးလိုက်ပြီး : “ကိုယ့်ရဲ့လိမ္မာတဲ့ ဝမ်ဝမ်လေး”

လုဝမ်ဝမ်သည် ထိုရင်းနှီးနေသည့်စကားလုံးများကို ပြန်ကြားလိုက်ရသည့်အချိန်တွင် သူမ၏နှလုံးသားမှာ ပို၍တုန်လှုပ်လာရသည်။ သူမမှာ သူ၏ထိန်းချုပ်မှုအောက်မှ တင်းကျပ်ထားသော ချုပ်နှောင်မှုအောက်တွင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သည့် သနားစရာအရာတစ်ခုကဲ့သို့ အကူညီမဲ့သလို ခံစားနေရသည်။

လုဝမ်ဝမ်မှာ သူမ၏ဦးခေါင်းသည် ဝေဝါးလာသည်ဟု ခံစားရပြီး ရင်ဘက်ထဲတွင်လည်း အသက်ရှုမရဖြစ်လာရကာ မျက်လုံးများဖွင့်ထားနိုင်ဖို့ပင် ခက်ခဲလာတော့သည်။ ထို့နောက်တွင် သူမအိပ်ပျော်သွားသလို ခံစားရသည်။ ဘာကြောင့် သူမဖျားရသလဲကို သူမသိပါ၏၊ မနေ့က နှင်းကျနေခဲ့ပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်‌ဘဲ ရပ်ကွက်ထဲတွင် တစ်ညနေခင်းလုံး သွားကစားခဲ့ခြင်းကြောင့်ပင်။

မနေ့ညက သူမ၏ခေါင်းမှာ အနည်းငယ်လေးလံနေသည်ဟု ခံစားရပြီး ယ‌နေ့တွင်တော့ သူမ၏အဖျားမှာ လုံးဝကို ဆိုးရွာလာခဲ့သည်။

လုဝမ်ဝမ်၏ခန္ဓာကိုယ်သည် တစ်ကိုယ်လုံးနွမ်းနယ်နေပြီး အရိုးများက ပျော့ခွေသွားသည့်အလား ရှန်းရီရင်ဘက်ပေါ်တွင် မှီထားလိုက်၏။ သူ့ထံမှ ရင်နှီးသောအငွေ့အသက်များက သူမကို လုံခြုံစိတ်ချမှုများ ပေးစွမ်းနိုင်သယောင်ယောင်။

အဖျားကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပြီး လုဝမ်ဝမ်သည် ရှန်းရီရှေ့တွင် သူမပုံမှန်လုပ်နေကျ နိုင်ထက်စီးနင်းနိုင်စားမှုများရှိမနေကာ သူမ၏ဖိနပ်များသာမက ကုတ်အင်္ကျီကိုပါ ရှန်းရီကို ချွတ်ခွင့်ပေးထား၏။ သူမခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သူမကိုယ်သူမတင်းကျပ်စွာပတ်ထားသည့်စောင်များဖြင့် လုံးထွေးနေ၏။

ရှန်းရီသည် သူမကိုယ်သူမ ဖက်ထုပ်‌လေးပမာ ပတ်ထားသည့် လုဝမ်ဝမ်ကိုကြည့်ပြီး မနေနိုင်ကာ ရယ်မိလိုက်သည်။ သူက စောင်ကိုအနည်းငယ်ဆွဲချပေးရန် လက်ကိုမြှောက်လိုက်သော်လည်း သူမလေးက လိုက်လိုက်လျောလျောမရှိဘဲ နှုတ်ခမ်းကို စူထားပြီး တစ်စုံတစ်ခုကိုသာ မရှင်းမလင်းဖြင့် တီးတိုးရေရွတ်နေ၏။

နဂိုဖြူဖွေနေသည့် အမျိုးသမီးငယ်လေး၏မျက်နှာမှာ မွန်းကြပ်မှုများကြောင့် နီမြန်းလာပြီး နှင်းပမာ ဖြူဥနေသည့် လည်းပင်ကို ပြေလျော့ကျလာသည့်ဆံပင်များက ဖုံးကာထားလေသည်။ သူမ၏အသံက ကလေးဆန်နေပြီး အနှီအမျိုးသားကို ပုံမှန်အတိုင်းပင် အမိန့်ပေးခိုင်းစေလာ၏။

“ရှန်းရီ မီးပိတ်ပေးအုံး အဲ့ဒါက ငါ့မျက်လုံးတွေကို နာအောင်လုပ်နေတယ်”

ထိုစကားများပြောပြီးနောက် လုဝမ်ဝမ်သည် ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွား၏။

ရှန်းရီက သူမဆန္ဒအတိုင်း မီးအိမ်ကို ပိတ်ပေးလိုက်ပြီး အိပ်ရာအစွန်း၌ တိတ်တဆိတ် ရပ်နေရင်း သူမကို အတန်ကြာသည်အထိ ငေးကြည့်နေ၏။ သော်တာလမင်း၏ မိန်ပျပျရောင်ခြည်လေးများက သူ မြတ်နိုးရပါသော သူမ၏မျက်နှာအသွင်အပြင်အစိတ်အပိုင်းတိုင်းအပေါ် တန်ဆာဆင်ထားကြသည်။

အတန်ကြာ ရပ်ကြည့်နေပြီးနောက် ရှန်းရီသည် တံခါးကို ဖွင့်ကာ အပြင်သို့ထွက်လာသည်။

လုဝမ်ဝမ်၏အဖေက သူ့ကို ဧည့်ခန်းထဲတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီဖြစ်ပြီး သူ့နှလုံးသားလေး(ပါးပါးလု)ခမျာ သောကဗျာပါဒဝေနေရ၏။ သူသည် ကုမ္ပဏီငယ်လေးများစွာကိုပိုင်ပြီး ပိုက်ဆံလည်း အတော်ရှာနိုင်ပါ၏။ အကယ်၍ ယခင်ကသာဆိုလျှင် သူ့အနေနှင့် ထိုသားမက်ကို လုံးဝလက်ခံ အသိအမှတ်ပြုမည်မဟုတ်။ သမီးဆိုတာ ဘယ်လောက်တောင် အဖိုးတန်တဲ့ရတနာလေးလဲ! သူမ သူ့လိုအကောင်မျိုးကို လက်ထပ်ခဲ့တာကိုက အရမ်း မှားတယ်!

သို့သော် လွန်ခဲ့သောတစ်လခန့်က လုဝမ်ဝမ်၏အဖေသည် ပွဲကြီးကြီးတစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့ပြီး သူ့မျက်လုံးနှင့်ကိုယ်တိုင် မြို့တော်၏အင်အားအကြီးဆုံးမိသားစုဖြစ်သည့် ရှန်းမိသားစုက အရင်က ပျောက်ဆုံးသွားခဲ့သည့် ဒုတိယသား ရှန်းရီကို ပွဲထုတ်ကြေညာခဲ့သည်ကို ကြည့်ခဲ့ရသည်။

သူတစ်ချိန်က အထင်သေးရွံရှာခဲ့သည့် သားမက်လေးမှာ သူ တက်ဖို့ပင်မမျှော်လင့်နိုင်သည့် သစ်ပင်ကြီးတစ်ပင်ဖြစ်လာခဲ့သည်။ လုဝမ်ဝမ်၏အဖေသည် လွန်ခဲ့သည့်နှစ်နှစ်က ရှန်းရီအပေါ်ပြုမူခဲ့သည် သူ၏သဘောထားများကို ပြန်တွေးရင်း စိတ်ရှုပ်ထွေးလာရသည်။ သူ အတော်လေး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိခဲ့ပါလားဟု ခံစားမိပြီး ယခုတွင်တော့ သူ၏ ဤသားမက်လေးက သူ့ကို အငြိုးထားလေတော့မလားဟူ၍ တွေးပြီး စိုးရိမ်ပူပန်လာရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment