no

Font
Theme

အပိုင်း (၆)

လက်ရှိအချိန်တွင် လုဝမ်ဝမ်သည်အလုပ်အကိုင်မရှိဘဲ အိမ်တွင်သာနေ့တိုင်း အပျင်းတက်နေခြင်းဖြစ်သည်။

သူ(မ)သည် တကယ်တမ်းတွင် အလုပ်ရှာချင်ပါသော်လည်း ၎င်းသည် သူ(မ)၏ ပျင်းရိသည့် သိုက်တူးသမားပုံစံနှင့် ကိုက်ညီမှုမရှိပေ။ ဘယ်လိုလုပ်ပြီး သူ(မ)ကဲ့သို့ မာနကြီးတဲ့မမလေးက အလုပ်လုပ်ရမှာလဲ!... ထို့ကြောင့် ယခုအချိန်တွင် သူ(မ)လုပ်ရန် စီစဉ်ထားသည်မှာ ရှန်းရီ၏ပိုက်ဆံများကိုဖြုန်းပြီး အခြားလှေပေါ်သို့ ခုန်ကူးကာ သူ့အား အမျက်ထွက်အောင်လုပ်ရန်ဖြစ်သည်။

လုဝမ်ဝမ်တစ်ယောက် သူ(မ) ရှန်းရီနှင့်ကွာရှင်းနည့် ဆန္ဒပြီးမြောက်နောက်ပိုင်း အနာဂတ်တွင် ဘာလုပ်ရင်ကောင်းနိုး စဉ်းစားနေလေသည်။ သူ(မ) ဤစာအုပ်သို့မကူးပြောင်းလာခင်က သူ(မ)သည် သိပ်ပြီးမထင်ပေါ်သည့် ကာတွန်းရေးဆရာမ ဖြစ်ခဲ့သည်။ သူ(မ)သည် သူမ၏မိသားစုကိုထောက်ပံ့ရန် အခန်းဆက်လိုက် စာအုပ်များကိုထုတ်ဝေခဲ့သည်။

ရှန်းရီကိုသာ ပေးမသိရင်ဖြစ်သည်မို့ အရင်အလုပ်ကိုပြန်လုပ်ရန်မှာ မဖြစ်နိုင်သည်တော့မဟုတ်ပေ။

လုဝမ်ဝမ်သည် ချက်ချင်းပင် အကောင့်တစ်ခုဖွင့်လိုက်သည်။ ထို့နောက် ပစ္စည်းဟောင်းများသိမ်းဆည်းထားသည့်အခန်းမှ သူ(မ) ယခင်ကဝယ်ခဲ့သည့် ပုံဆွဲဘုတ်ပြားကို ရှာတွေ့ခဲ့သည်။  သူ(မ)သည် လျင်မြန်စွာပင် စိတ်ပါဝင်စားသွားပြီး တစ်မနက်ခင်းလုံး ပုံငယ်များထိုင်ဆွဲနေပြီးနောက်‌ တုံ့ဆိုင်းမနေဘဲ ပုံများအား ပို့လိုက်သည်။

သူ(မ)၏ကွန်ပြူတာအားပိတ်လိုက်သည့်အချိန်တွင် လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့၏။

'လင်းရှု' ဆိုသည့်စကားလုံးနှစ်လုံးသာ် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

ထိုခန့်ညားလှပါသော ကျောင်းနေဖက်သူငယ်ချင်းသည် လုဝမ်ဝမ်အားချဉ်းကပ်ရန် အစပျိုးခဲ့သည်သာမက သူ(မ)အား တစ်ဖက်သတ်ချစ်ကြိုက်နေသူတစ်ဦးလည်းဖြစ်သည်။ ဇာတ်လမ်းအရ ထိုကျောင်းနေဖက်သူငယ်ချင်းသည် လုဝမ်ဝမ်အား ချစ်စကားချိုချိုများဖြင့် ချော့မော့အယုံသွင်းကာ ရှန်းရီ၏ ရှယ်ယာရှင်များနှင့်ဆိုင်သည့်လျှို့ဝှက်ချက်များကို ယူစေပြီး သူ့အား အလုပ်ဖြုတ်ခံရစေပြီး ကုမ္ပဏီအသေးလေးအား ဒေဝါလီခံသွားစေခဲ့သည်။

လုဝမ်ဝမ်သည် ညင်သာစွာဖြင့် ဖုန်းကို ဖြေလိုက်ပြီး တီးတိုးဆိုလိုက်သည်။

"လူကြီးမင်းလင်း ဘာကိစ္စရှိလို့လဲမသိဘူးနော်?"

"ဝမ်ဝမ် ကိုယ်တို့တွေ တွေ့လို့ရမလား? ကိုယ် မင်းကိုပြောစရာလေးရှိလို့"

ရတယ်ရတယ်ရတယ် သေချာပေါက်ရတာပေါ့.…

လုဝမ်ဝမ်သည် တုံ့ဆိုင်းချင်ယောင်ဆောင်ကာ "ဘာပြောမလို့လဲ ဖုန်းကနေပဲ ပြောလို့မရဘူးလား? အပြင်မှာတွေ့ဖို့က ငါ့အတွက်နည်းနည်အဆင်မပြေဘူးလေ..နင်သိတဲ့အတိုင်း ငါ့ယောကျာ်း ဒီလူက…"

တစ်ဖက်မှလူသည် သူ(မ)အား ပြတ်သားစွာ ကြားဝင်ဖြတ်လာ၏။

"မင်းယောကျာ်းနဲ့ပတ်သက်ပြီး ဘာမှစိတ်ပူမနေနဲ့ သူ မင်းကို ဘာမှပေးနိုင်တာလည်းမဟုတ်ဘူး အကယ်၍ကိုယ်သာစောစောသိခဲ့ရင်…"

အနည်းငယ်ရပ်တန့်လိုက်ပြီး "ကိုယ်မင်းကို တီရန်ရှန်ကဖေးဆိုင်မှာစောင့်နေမယ် မင်းမလာမချင်းကိုယ်လုံးဝမပြန်ဘူး"

လုဝမ်ဝမ် သေချာပေါက်ကို သွားမည်ဖြစ်သည်။ အခြားယောကျာ်းတစ်ယောက်နှင့်သွားတွေ့ရန် သူ(မ)၏မျက်နှာကိုပင် လှပစွာခြယ်သနေလေသည်။ သို့သော် သူမ၏ဤမျက်နှာလေးကား မပြင်မဆင်ဘဲနေလျှင်တောင်မှ ဆွဲဆောင်မှုရှိနေဆဲ။

လက်ဖဝါးအရွယ် မျက်နှာလေးနှင့် ဖြူဖွေးနေသော အသားအရည်ထက် သွေးကြောနီနီမျှင်ကလေးများဖြင့် မျက်နှာလေးကို ညှစ်ကြည့်လိုက်လျှင် ပျားရည်များ ထွက်ကျလာမည်သကဲ့သို့၊ မွှေးကြိုင်သော ရနံ့လေးများ သင်းပျံ့နေသယောင်ပင်။ 

ပြင်ဆင်ချယ်သပြီးသည့်နောက်တွင် လုဝမ်ဝမ်သည် အသစ်စက်စက် ဝယ်ထားသည့်ဂါဝန်ကို ရွေးချယ်ဝတ်ဆင်ကာ တက္ကဆီငှားပြီး ချိန်းဆိုထားသည့် နေရာသို့ သွားလေသည်။

လင်းရှု ဖုန်းခေါ်ဆိုပြီး နာရီဝက်ကြာသွားသည့်နောက်တွင် လုဝမ်ဝမ်သည် ကဖေးဆိုင်သို့ရောက်လာခဲ့၏။ ဒေါက်မြင့်ဖိနပ်များဖြင့်‌လျှောက်လာပြီးမှန်တံခါးကိုတွန်းဖွင့်လိုက်ကာ တစ်ချက်ကြည့်ရုံဖြင့် ပြတင်းပေါက်နားတွင် ကျက်သရေရှိရှိ ထိုင်နေသည့် လင်းရှုအား တွေ့မြင်လိုက်ရသည်။

ထိုကျောင်းနေဖက်သည် မင်သက်ဖွယ်ကောင်းလောက်အောင် မခန့်ညားသော်လည်း သူ၏မျက်နှာသည် အလွန်ပင် ကြည့်ကောင်းသည့်အထဲတွင် ပါစ။

လုဝမ်ဝမ်သ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကာ တောင်းပန်သည့်အပြုံးလေဖြင့် "တောင်းပန်ပါတယ်နော် ငါနောက်ကျသွားတယ်"

"ရပါတယ်ဟာ ရောက်လာတာနဲ့တင် ရနေပါပြီ"

လင်းရှုသည် သူ၏အရှေ့တွင်ထိုင်နေသည့်သူ(မ)အား မြတ်နိုးစွာဖြင့်ကြည့်လိုက်လေသည်။ သူ(မ)သည်ကျောင်းတုန်းကထက်ပင် ပို၍လှလာလေသည်။

လုဝမ်ဝမ်သည် သောက်စရာတစ်ခုမှာကာ လင်းရှုအား ကြည့်လိုက်ပြီး "ငါ့ကိုဘာလို့ ဒီနေရာကိုခေါ်တာလဲ? တခုခုပြောချင်တာရှိလို့လား?"

"မင်းနဲ့ရှန်းရီလက်ထပ်လိုက်တယ်လို့  ကိုယ်ကြားတယ်"

"ဟုတ်တယ်"

စိတ်အလိုမကျသည့် အရိပ်အယောင်များ လုဝမ်ဝမ်၏မျက်လုံးများထဲတွင်ဖြတ်ပြေးသွားပြီး သူ(မ)သည် တမင်တကာ လင်းရှုအားမြင်စေရန် သရုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး သူကလည်း ၎င်းကို လုံးဝ မလွဲချော်သွားပါချေ။

"ဒီအတောတွင်း မင်းအဆင်ပြေရဲ့လား? သူမင်းကိုရော ကောင်းကောင်းဆက်ဆံရဲ့လား"

"အဆင်ပြေပါတယ်"

သူ(မ)၏စိတ်ဓာတ်ကျနေသည့် သနားစဖွယ် မျက်နှာငယ်လေးသည် ကောင်းကောင်းမွန်မွန်နေရသည့်သူနှင့်  လုံးဝမတူပေ။

လင်းရှုမှာ သူ(မ)အတွက်အလွန်စိတ်မကောင်းဖြစ်ရသည်။ ကျောင်းတုန်းကတည်းက ရှန်းရီဆိုသည့် ထိုလူသည် သူ(မ)နှင့်မတန်ဟုသူထင်ခဲ့သည်။ မကြာခင် သူတို့နှစ်ယောက် လမ်းခွဲမှာပဲဟု၍ သူ တွေးခဲ့သော်ငြား လက်ထပ်သည်အထိ ခရီးရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 

လင်းရှုသည် နှလုံးသားထဲမှ ခါးသီးသည့် ခံစားချက်များကို ဖုံးဖိပြီး သူ့အရှေ့မှ သူ(မ)အား နွေးထွေးကြင်နာမှုများဖြင့် ကြည့်ကာ "တကယ်တော့ ကိုယ်မင်းကို ဘယ်တော့မှမပြောရဲတဲ့ဟာ စကားတစ်ခွန်းရှိတယ်"

"ဘာကိုလဲ?"

"ကိုယ်မင်းကို အများကြီးသဘောကျခဲ့ဖူးတယ်ဆိုတာ"

လုဝမ်ဝမ်သည် အတန်ကြာအောင်အံ့ဩသွားသည့်ပုံစံဖြင့် "ငါတကယ်ကို လုံးဝမသိခဲ့ဘူး"

လင်းရှုသည် ခါးသက်စွာ ပြုံးလိုက်ရင်း : "အဲ့တုန်းက ကိုယ် တကယ် သတ္တိမရှိခဲ့တာပါ မင်းပျော်နေမယ်ဆိုရင် ကိုယ်လည်းပျော်တယ်"

သူ ပြောရနမ တုံ့ဆိုင်းနေမိသော်လည်း တစ်ခဏကြာ စဉ်းစားကြည့်ပြီးနောက်တွင် အံကြိတ်ကာ ဆိုလိုက်၏။

"ဒါပေမဲ့ အခုကိုယ်ကြည့်ရသလောက်တော့ မင်းပျော်နေပုံမရဘူး"

လုဝမ်ဝမ်၏မျက်နှာမှာ ထိုကိစ္စအားဆက်ပြောရန် တွန့်ဆုတ်မှုများဖြင့် ပြည့်နေ၏။ မျက်လွှာလေးချထားသည့် သူ(မ)၏သနားစရာပုံစံလေးက သူ့အား သူမကိုအပြည့်အဝကာကွယ်စောင့်ရှောက်ပေးချင်သည့် စိတ်များ တဖွားဖွားဖြစ်ပေါ်စေသည်။

"အဲ့အကြောင်းတွေပြောမနေပါနဲ့တော့ဟာ အဲ့ကိစ္စပတ်သက်ပြီး ငါဘာမှမပြောချင်ဘူး"

"အိုခေအိုခေ ကိုယ်ဆက်မပြောတော့ဘူးနော်…ဒါဆို.…ကိုယ်တို့ နောက်ဆို တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်လို့ရမလား?"

လုဝမ်ဝမ်သည် သူ့အား အခက်တွေ့နေရသည့် ပုံစံဖြင့် ကြည့်ကာ :  "ငါ လက်ထပ်ပြီးသွားပြီလေ…"

"သူငယ်ချင်းလေးတောင် ဖြစ်ခွင့်မရှိတော့ဘူးလား"

အနည်းငယ်တုန့်ဆိုင်းပြီးသည့်နောက်မှာ လုဝမ်ဝမ်သည် စိတ်သက်သာရာရသွားဟန် အပြုံးလေးဖြင့် ဆိုလာ၏။

"အင်း ရတယ်"

သူမ၏လှပလွန်းသောအပြုံးလေးကြောင့် လင်းရှုခမျာ နေရာမှာတင် မှင်သက်သွားရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment