no

Font
Theme

အပိုင်း (၈၈)

လုဝမ်ဝမ်သည် ရပ်တန့်လိုက်ပြီး သူနှင့် ပြိုင်၍ ဆန့်ကျင်မနေချင်တော့ပေ။

သူ(မ)ပုံစံက ကံကြမ္မာအတွက် လက်နက်ချအညံ့ခံလိုက်သည့် လူအိုတစ်ယောက်ပမာ၊ သူ(မ)အား မည်သို့သောကံကြမ္မာက စောင့်ကြိုနေမှန်းမသိပါဘဲ ရှေ့သို့ အတွန်းပို့ခံလိုက်ရသည်။

ဝတ္ထု၏ဇာတ်ကြောင်းကို ဂရုတစိုက် တွက်ချက်ပြီး မူလဇာတ်ကောင်စရိုက်ကို သတိကြီးကြီးထားပြီး ထိန်းသိမ်းနေမည့်အစား လုံးဝ လက်လွှတ်လိုက်ပြီး သူ(မ)ကိုယ်သူ(မ)ကိုယ်တိုင်အဖြစ် ရပ်တည်ခြင်းကပဲ ပိုကောင်းမွန်ပေလိမ့်မည်။

ရှန်းရီသည် ထိုစကားလုံးများကို ပြောပြီးသည်နှင့် ခေါင်းကို ငုံ့ကာ သူ(မ)အတွက် ဆေးလိမ်းပေးနေသည့်အမှုတွင် လုံးလုံးလျားလျား အာရုံနှစ်ထားတော့သည်။

လိမ်းဆေးက သူ(မ)‌၏ခြေချင်းဝတ်ထက်တွင် အေးစိမ့်စိမ့်နှင့်၊ ယားယံပြီး နာကျင်မှုကို လျော့ကျသွားစေ၏။

လုဝမ်ဝမ်သည် အလွန်ထိန်းမနိုင်၊ သိမ်းမရတော့သည့်ပုံဖြင့် ရှန်းရီကို အမှုန့်ခြေချင်နေသကဲ့သို့ ခြေထောက်ဖြင့် ဆက်ကန်နေ၏။ သူမသည် သူ့အား ဒေါသထွက်ပြီး မထွက်ထွက်သွားအောင် လုပ်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

ရှန်းရီသည် အတိတ်ကို ပြန်အမှတ်ရပြီးသည့် အချိန်မှစ၍ လုဝမ်ဝမ်က အမှန်တကယ်ကို ဇွတ်တရွတ်နိုင်လှမှန်း သူ နားလည်လာခဲ့သည်။

လုဝမ်ဝမ်ဆိုသည်မှာ သူ၏မှောင်မိုက်နေသည့် ကမ္ဘာကြီးထဲ ချိုးဖောက်ဝင်ရောက်လာခဲဲ့သည့် တောက်ပသောအလင်းတန်းလေးသဖွယ် နွေးထွေးပြီး ပူလောင်ပြင်းပြလှသည်။

အမှောင်ထုထဲတွင် ရှင်သန်နေခဲ့ရသည့် လူဆိုသည်မှာ အလင်းရောင်ကို တစ်ကြိမ်တစ်ခါလောက် မြင်တွေ့လိုက်ရရုံဖြင့် ထိုအလင်းလေးကို မလွတ်စတမ်း တင်းကျပ်စွာ တွယ်ကပ်ထားချင်ကြချည်းသာ။

အထက်တန်းပထမနှစ်အတောအတွင်း ရှန်းရီ လုဝမ်ဝမ်ဆိုသည့် အမည်နာမကို အကြိမ်ကြိမ်ကြားဖူးခဲ့သည်။ သူ(မ)သည် ကျောင်းသို့လာချိန်တိုင်း ရည်ရွယ်ချက်ရှိရှိဖြင့် ကြောင်တောင်တောင် ဆံပင်အရောင်များကို ဆိုးတတ်ပြီး သေးသေး‌ကွေးကွေး ကောင်မလေးဖြစ်သည့်တိုင် ယောက်ျားလေးများထက်ပင် ရဲရင့်လှသည့် သတ္တိခဲလေးဖြစ်သည်။

သူ(မ)အတန်းရှေ့ ဖြတ်လျှောက်မိသည့်အချိန်တိုင်း အတန်းရှေ့တွင် မတ်တပ်ရပ် အပြစ်ပေးခံထားရသည့်ကောင်မလေးကို အမြဲ တွေ့ရတတ်သည်။ ဆံပင်များကို မသေမသပ် မြင့်မြင့်ချည်နှောင်ထားပြီး၊ သူ(မ)ရေးထားသည့် အပြစ်သုံးသပ်စာကို ပြတင်းပေါက်တွင် ကပ်ရင်း မျက်မှောင်ကြုတ်ကာ ခဲတံထိပ်ကို ကိုက်ထား၏။ သူ(မ)သည် အဝတ်အစားပါးပါးလေးကို ဝတ်ထားပြီး နေရောင်အောက်တွင် ရပ်နေသည်က သူမ၏ မျက်နှာဖြူဖြူလေးကို တောက်ပနေစေသည်။

ရှန်းရီ သူ(မ)ဘေးနားမှ ဖြတ်သွားသည့်အချိန်တိုင်း ကောင်မငယ်လေး၏ကိုယ်ထက်မှ ထူးခြားသည့်သင်းရနံ့တစ်မျိုးကို ရလေ့ရှိသည်။

ထိုအချိန်တုန်းက လုဝမ်ဝမ်ဆိုသည့် ကောင်မလေးသည့် အလွန်လှသည်ဟု တွေးခဲ့မိရုံမှတစ်ပါး အခြားစိတ်ကူးဟူ၍ မရှိခဲ့သည်မှာ ထို ညနေခင်းမတိုင်သည်အထိ။

သူ(မ)က သူ့ဆီသို့ အမောတကောအပြေးရောက်လာရင်း သွေးများပေရေနေသည့် သူ့ကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ကာ ထပ်ကာတလဲလဲကို မေးမြန်နေခဲ့သည်။

“နင် အဆင်ပြေရဲ့လား”

သူက တကယ့်ကိုမှ အဆင်ပြေခြင်း၊ သူ့ကိုယ်ပေါ်မှသွေးအများစုက အခြားလူများ၏ သွေးများချည်းသာ။

ငယ်ရွယ်လွန်းသည့်အရွယ်ကတည်းက ရှန်းရီသည် လောကကြီးထဲ မည်သို့ရှင်သန်နေထိုင်ရမည်ကို သင်ကြားခဲ့ရသဖြင့် သူဆိုသည်မှာ ရိုးသားဖြူစင်သည့် သူတော့ မဟုတ်၊ ညစ်ပတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းများကို မည်သို့မည်ပုံသုံးရမှန်း သိသည့်သူ။

ငတုံးငအမလေးသည်တော့ အရိုက်ခံရသူက သူသာ ဖြစ်သည်ဟု ထင်နေခဲ့သည်။

ထိုတွေ့ဆုံမှုလေးပြီးနောက်တွင် ။

နေမင်းကြီးကဲ့သို့ တောက်ပသည့် ထိုကောင်မငယ်လေးက သူ့အား လက်လျှော့အရှုံးမပေးဘဲ တကောက်ကောက်လိုက် ပိုးပန်းလာတော့သည်။

ရှန်းရီသည် သူ(မ)ကို ‘ထွက်သွားစမ်း’ ဆိုသည့် စကားလုံးကို မရေတွက်နိုင်လောက်အောင်ကို ပြောပြီး အကြိမ်ကြိမ်၊ အခါခါ တွန်းထုတ်ခဲ့သည့်တိုင် ထိုကောင်မလေးဟာဖြင့် နည်းနည်းလေးမှ အမှတ်သည်းခြေကိုမရှိ။

သူ သူ့နှလုံးသားကို ဆက်ပြီး မတောင့်ခံထားနိုင်တော့ပေ။

အထက်တန်းပထမနှစ်စပြီး သိပ်မကြာခင်တွင် သူနှင့် လုဝမ်ဝမ်တို့ တွဲဖြစ်ခဲ့ကြသည်။

ငယ်ငယ်ရွယ်နဲ့ရည်စားထားခြင်း(puppy love)…

တစ်ကျောင်းလုံးက သတိထားမိကြသည့် အတွဲလေး…

ဒုန်းဆိုင်းဒုန်းဆိုင်းနှင့် လောင်ကျွမ်းတတ်သည့်အချစ်မျိုးဖြင့်…

ကောင်မငယ်လေး၏ သင်းရနံ့က သူစိတ်ကူးထားသည်ထက်ပင် ပိုပို၍ ညှို့ယူဖမ်းစားနေခဲ့သည်။

နှစ်ယောက်သား အတူတွဲပြီးနောက်တွင်မှ ထိုကောင်မလေးက မည်မျှ အလိုလိုက်ခံထားရကြောင်း ရှန်းရီနားလည်လာခဲ့သည်။

သူ(မ)က စိတ်ရှည်သည်းခံတတ်သည့်ကျောင်းသားကောင်းလေးမဟုတ်။ တစ်ခါက အတန်းပြေးရန် ခြံစည်းရိုးပေါ်မှ ခုန်ချပြီးနောက် ခြေထောက်ကို ထိခိုက်ခဲ့သည်။ မျက်ဝန်းထဲမှ မျက်ရည်များဝေ့ဝဲလာသည်အထိ နာကျင်နေခဲ့သည်။ သူ(မ)ပုံစံက အတော်ကို သနားဖို့ကောင်း၏။

ရှန်းရီ အကြိမ်ပေါင်းမနည်း အခါခါသတိပေးပြီးသည့်နောက်တွင် သူ(မ)က နောက်ထပ်တစ်ကြိမ် ထပ်လုပ်လာခဲ့ခြင်းဖြစ်သည်။

သူ(မ)က လျှာရိုးမရှိတိုင်း လိမ်တတ်သည့် လူလိမ်မလေး။ စာကို သေချာကြိုးစားပြီး အတန်းထပ်ပြီး မပြေးတော့မည်ဖြစ်ကြောင်း အပြုံးလေးတစ်ခုဖြင့် သူ့ကို အချိန်တိုင်းကတိပေးတတ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ(မ)က သူ့ကိုပေးထားခဲ့သည့် ကတိများကို မေ့လျော့သွားခဲ့ပြန်သည်။

ထိုအချိန်က ရှန်းရီသည် တကယ်ကို စိတ်ဆိုးသွားခဲ့ပြီး သူ(မ)ကို တစ်လတိတိ စကားမပြောတော့ချေ။

လုဝမ်ဝမ်သည် သူ့ဆီ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာပြီး သနားချင့်စဖွယ်ဟန်ဆောင်ကာ အပြစ်ကင်းစင်သည့်ပုံစံလေးနှင့် ဆိုလာ၏။

“နင် ငါ့ကိုစိတ်ဆိုးတယ်ဆိုရင်လည်း ငါနဲ့ လာရန်ဖြစ်ပေါ့လို့ ဘာလို့ ငါ့ကိုလျစ်လျူရှုထားရတာလဲ ဟမ်”

“သွေးအေးစစ်ပွဲကိုလည်း အိမ်တွင်းအကြမ်းဖက်မှုအဖြစ် သတ်မှတ်လို့ရတယ်နော်”

“ရှန်းရီ နင်သိလား သူတို့တွေ အကုန်လုံးက နင် ငါ့ကို ပစ်သွားပြီလို့ ပြောနေကြတယ်”

“ရှန်းရီ ကောင်းတယ်၊ နင် ငါ့ကို တကယ်ပဲ မချစ်တော့ဘူးပေါ့”

သူ မချစ်တာမဟုတ် သူ့မှာ သူ(မ)ကို ချစ်ရလွန်းလို့သာ။

မသိလိုက်မသိဘာသာဖြင့် ထိုကောင်မလေးက သူ့နှလုံးသားထဲတွင် နေရာယူထားနှင့်ပြီးဖြစ်သည်။

သူက သူ(မ)ကို သူ့အပိုင်အဖြစ်သာ တန်ဖိုးထား သိမ်းထားချင်ရုံ...သူ(မ)ရဲ့အချိန်လေးပဲဖြစ်စေ စိတ်ခံစားမှုလေးပဲဖြစ်စေ မည်သည့်တစ်ဦးတစ်ယောက်နဲ့ မျှ မမျှဝေချင်…

သူက သာမန်မဟုတ်...ဒါကို သူကိုယ်တိုင်လည်း သိတယ်

ဒါပေမဲ့ အဲ့လိုဆိုတော့ရော ဘာ‌ဖြစ်လဲ?

သူ့တစ်ယောက်တည်းကသာ ဒီနူးနူးညံ့ညံ့ပန်းလေးကို အမြတ်တနိုး ယူယထားနိုင်မှာ...

နှစ်ရက်ကြာပြီးနောက်တွင် လုဝမ်ဝမ်တစ်ယောက် သူနှင့် မိန်းကလေးတစ်ယောက်က ကျောင်းဆင်းသည့်အချိန် အိမ်အတူပြန်ကြသည်ဟု ဘယ်နေရာကမှန်းမသိ ကြားလာခဲ့သည်။

ကောင်မငယ်လေး၏လည်ပင်းမှာ ဒေါသဖြင့် နီမြန်းနေ၏။ သူ(မ)က အတန်းချိန်ပင်မပြီးသေးခင် သူ့အခန်းထဲသို့ ပြေးဝင်လာခဲ့ပြီး ပြူးကျယ်ပြီး အမျက်ခြောင်းခြောင်းထွက်နေသောမျက်လုံးများဖြင့် မာကျောပြီး တည်တည်တင်းတင်းအမူအရာတို့နှင့် ပြောလာခဲ့သည့် စကားတို့မှာကား ;

“နင် ငါ့ကို လျစ်လျူရှုထားတာ တခြားတစ်ယောက်ရှိနေလို့‌ပေါ့ ဟုတ်တယ်မလား”

“ကောင်းပြီလေ ဒါဆိုလည်း လမ်းခွဲကြတာပေါ့”

သူ(မ)ပါးစပ်မှ ‘လမ်းခွဲ’ ဆိုသည့်စကားလုံးကို လွယ်လင့်တကူ ထွက်လာခဲ့သည့်အချိန်တွင်တော့ ရှန်းရီ နားလည်လိုက်ရသည်မှာ သူ့အပေါ်ထားတဲ့ လုဝမ်ဝမ်ရဲ့အချစ်က သာမန်မျှဆိုရုံသာ။

သူမှသူပဲ ဖြစ်မှရမယ်ဆိုတဲ့ ထူးခြားပြီး သီးသန့်ဖြစ်ခြင်းမျိုးမဟုတ်…

ရှန်းရီ သဘောမတူခဲ့သဖြင့် သူတို့နှစ်ဦးသား ပြန်ပြေလည်သွားခဲ့ကြသည်။

သို့သော် လုဝမ်ဝမ်ဆိုသည်မှာ သူ့ကို အလွယ်တကူ မလွှတ်ပေးတတ်ချေ။ နောက်တစ်နေ့ ကျောင်းဆင်းချိန်အရောက်တွင် သူ့အတန်းထဲသို့ အလောတလျင် ဝင်လာခဲ့ပြန်သည်။ သူ့စားပွဲခုံပေါ်သို့ သူ(မ)၏ကျောင်းလွယ်အိတ်ကို ပစ်ချရင်း သူ(မ)မေးလေးကို ဝင့်ကြွားနေသည့် မြေခွေးပေါက်လေးကဲ့သို့ မော့ကာ ဆိုလာခဲ့သည်။

“ငါ့ခြေထောက်က နာနေတယ်၊ လမ်းမလျှောက်နိုင်ဘူး နင် နည်းလမ်းရှာကြည့်”

များစွာသော အတန်းဖော်များက သူတို့နှစ်ဦးအား လှမ်းကြည့်နေကြသည်။

ရှန်းရီက တည်ငြိမ်လျက်ရှိပြီး ဒူးထောက်ထိုင်ချလိုက်သည်။

“ငါ မင်းကို သယ်သွားမယ်”

ဆယ့်ခြောက်နှစ်အရွယ် လုဝမ်ဝမ်က အနည်းငယ် ဗိုလ်ကျမှုလေး ဖြည့်စွက်ထားသည့် ရိုးအပြီး ပွင့်ပွင့်လင်းလင်းရှိသော နှလုံးသားနှင့်အတူ ထပ်တူညီသည့်အရာကိုပဲ ဆိုခဲ့သည်။ သူ(မ)ပြုံးနေသည်ပုံက လှပလွန်းစွာဖြင့်ပင်။

“နင့်ကျောပေါ်မှာ သယ်သွားတာကို မလိုချင်ပါဘူးနော် နင့်ရင်ခွင်ထဲ ချီခေါ်သွားတာမျိုးပဲ လိုချင်တာ”

**_**_**

အားလုံး ရှုပ်နေကြမယ်ထင်လို့ တစ်ခုလောက်ပြောချင်လို့ပါ

လုဝမ်ဝမ် ဝင်စားခဲ့တာက နှစ်ကြိမ်ပါပဲနော်

နှင်းထဲမှာ အအေးလွန်ပြီးသေသွားတယ်ဆိုတာက မူလဝတ္ထုထဲက ဇာတ်ကွက်

တိုက်ပေါ်ကခုန်ချခဲ့တာက သူပထမဦးဆုံးဝင်စားလာတဲ့အကြိမ်ပါ

ဒုတိယတစ်ကြိမ်က ရေချိုးခန်းထဲမှချော်လဲပြီး တစ်ခါတည်းအသက်ပါသွားတာပါ

ကြားထဲမှာ သူကိုယ်ကိုယ့်ကိုယ် သေကြောင်းကြံတာတွေနဲ့ဆိုတော့ ရီဒါလေးတွေ ဖတ်ရတာရှုပ်သွားလိမ့်မယ် ထင်လို့ပါ (⁠˘⁠⌣⁠˘)

Thanks for your support ♡

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment