no

Font
Theme

အပိုင်း (၈)

ရုတ်တရက် ပေါ်လာသည့် ရှန်းရီကြောင့် သူ(မ)မှာ လန့်ဖျပ်သွားရပြီး မည်သည့်အချိန်ကတည်းက သူ ထိုနေရာတွင်ရပ်နေမှန်းလည်း မသိလိုက်ချေ။ သူ(မ)နဲ့ လင်းရှုရဲ့စကားတွေကိုများ ကြားသွားပြီလား?

သူသည် သူ၏ကိုယ်ကို အလွန်ကျစ်လစ်ပုံ ပေါ်စေသည့် အဝါနု‌ရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး အိမ်စီးဖိနပ်အပါးကို စီးထား၏။ လက်ထဲတွင်လည်း အမဲရောင်အမှိုက်အိတ်ထုပ်ကို ကိုင်ထားသေးသည်။ ကြည့်ရသလောက်တော့ အမှိုက်ပစ်ရန် အောက်ထပ်သို့ ဆင်းလာဟန်။

တကယ်တော့ လင်းရှုနဲ့ သူ(မ)ပြောနေတဲ့ စကားတွေကို ရှန်းရီကြားသွားလည်း ကောင်းတာပဲလေ၊ ရှန်းရီရယ် ကျေးဇူးပြုပြီး ငါ့လို ကြာပန်းဖြူလေးကို ဆက်ပေါင်းမနေပါနဲ့တော့ အမြန်ကွာရှင်းပေးပါတော့!

သို့သော် ရှန်းရီ၏ ရူးသွပ်နေဟန်အရိပ်ယောင်ဖြစ်သည့် ရေခဲလိုအကြည့်များက လုဝမ်ဝမ်၏အမူအရာအား တုန်လှုပ်သွားစေ၏။ ယခင်က သူ(မ) ရှန်းရီအား စိတ်ဆိုး‌ဒေါသထွက်အောင် လုပ်မိသည့်အချိန်တိုင်း သူသည် သူ(မ)အားတိတ်တဆိတ် ကြည့်ရုံကြည့်ပြီး၊ နောက်တွင် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် သူ(မ)အား ချမ်းသာပေးရန် တောင်းဆိုလာရသည်အထိ ပြုလုပ်တတ်လေသည်။

လုဝမ်ဝမ်သည် သူ့ကို နှုတ်ဆက်ရန် အားယူသတ္တိမွေးလိုက်ရင်း သူ၏လက်လေးကို ကိုင်လိုက်ပြီး တောက်ပသည့်အပြုံးလေးဖြင့် ဆိုလိုက်သည်။

"ဘာလို့ အောက်ကိုဆင်းတာလဲ? ငါ့ကိုလာကြိုတာလား?"

ထိုလူသားသည် အမူအရာမဲ့နေသော မျက်ဝန်နက်များဖြင့်  သူ(မ)ကို စိုက်ကြည့်နေသည်မှာ သူ(မ)၏နှလုံးသားအား တုန်လှုပ်ခြောက်ခြားစေ၏။

သူသည် အသံတိုးတိုးဖြင့် ဆိုလာ၏။

"အမှိုက်ပစ်ဖို့ အောက်ဆင်းလာတာ"

လုဝမ်ဝမ်သည် အလုပ်လက်မဲ့လေးဖြစ်သည်။ သူ ကုမ္ပဏီမှအိမ်သို့ပြန်ရောက်ကတည်းက  လုဝမ်ဝမ်အား မတွေ့ရသဖြင့် သူ(မ)အား ဖုန်းခေါ်ပြန်သော်လည်း ဖုန်းကမကိုင်၊ စုံးစမ်းကြည့်ကာမှ သူ(မ)၏ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် တွေ့ရန် ထွက်သွားကြောင်းကို သိရသည်။

သူ(မ)သည် ပြုံးလိုက်သည့်အချိန်တိုင်း အလွန် လှပသည့် မိန်းကလေးတစ်ယောက်၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး အဲ့ဒီကောင်ကို ဒီလိုတောက်ပတဲ့အပြုံးမျိုးနဲ့ ပြုံးပြနိုင်ရတာလဲ? ရှန်းရီ တစ်ခဏ စဉ်းစားရကြပ်သွားသည်။ ယင်းမှာ လုပ်ရန် လွယ်သည့်ကိစ္စတော့ မဟုတ်ချေ။ သူ သူ(မ)အား အခန်းထဲ ထည့်ပိတ်ထားလိုက်လျှင် သေချာသည် သူ(မ)ပျော်လိမ့်မည်မဟုတ်။ သို့သော် သူ သူ(မ)၏ဗိုလ်ကျမှုများကို အကြာကြီး အလိုလိုက်ထားခဲ့ပြီးပြီဖြစ်ရာ ယခုတွင် သူ၏သည်းခံမှုများသည် အဆုံးထိရောက်လုနီးနီး ဖြစ်နေပြီပင်။

သူ့ဘေးနား သူ(မ) နေစေရန် သူ(မ)သဘောကျရပါသော ငွေစက္ကူများနှင့် ထိုရတနာများကိုသာ အသုံးပြုမှ ဖြစ်ပေတော့မည်။ ထိုအရာများနှင့်သာဆိုလျှင် သူ(မ)သည် တခြားသူများအား ကြည့်ရန် စိတ်ကူပင် ရှိလိမ့်မည်မဟုတ်။

ထိုကဲ့သို့သော သူ၏စွဲလမ်းပိုင်ဆိုင်လိုစိတ်သည် လုဝမ်ဝမ်က သူ၏ဇနီးမယားတစ်ယောက်ဖြစ်သောကြောင့်ဟု ရှန်းရီ အမြဲ တွေးခဲ့ဖူးသည်။ သို့သော် ယခုတွင်မူ ကိစ္စများက ကွဲပြားဟန်တူသည်။

လုဝေဝေဘေးတွင် ရပ်နေသည့် ထိုယောကျာ်းသားများအား မြင်နေတွေ့နေရသည်ကို သူ တကယ် စိတ်ကုန်နေပြီဖြစ်သည်။

ရှန်းရီ၏ နာခံသိမ်မွေ့တတ်သော အသွင်အပြင်က သူ့အား ပြောဆိုရလွယ်ကူသည့်ကလေးတစ်ယောက်ပမာ လိမ္မာသည်ဟု လုဝမ်ဝမ်အားခံစားရစေသည်။

သူတို့နှစ်ဦးတွဲခဲ့စဉ်အချိန်က ကောင်လေးသည် သူ(မ)စီစဉ်ပေးသမျှအရာအားလုံးကို ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပေ။ သူသည် အလွန် လိမ္မာပြီး နာခံတတ်၏။ ထိုအချိန်တွင် သူ(မ)မသိခဲ့သည်မှာ ထိုလိမ္မာပြီး နာခံလွယ်သည့် ရှန်းရီသည် တကယ်တော့နှမ်းများပြည့်နေသည့်ပေါက်စီတစ်လုံးဖြစ်နေသည်ဆိုတာ ...

သူ၏နှလုံးသားတစ်ခုလုံးက အမှောင်များဖြင့်သာ ဖုံးလွှမ်းနေ၏။

"မင်း ဒီနေ့ ဘယ်သွားခဲ့တာလဲ?"

လုဝမ်ဝမ်၏မျက်လုံးလေးများသည် ကွေးညွှတ်သွားရင်း : "သူငယ်ချင်းဟောင်းတစ်ယောက်ကို သွားတွေ့လာတာလေ"

ထို့နောက် နှုတ်ခမ်းကို ဆူကာ  : " သူက ငါရဲ့ကျောင်းနေဖက်သူငယ်ချင်းလေ ခုဆို ကုမ္ပဏီတွေတောင်ပိုင်နေပြီ အကန့်သတ်နဲ့ထုတ်ထားတဲ့ Rolls Royce တောင်စီးနိုင်တယ်..ငါတောင်တစ်ခါမှမကြားဖူးတဲ့ ဘရန်းနဲ့ငါတို့ရဲ့ရုပ်ဆိုးဆိုးကားလိုမဟုတ်ဘူး"

ရှန်းရီသည် သူ(မ)ပြောသမျှ အသံတိတ် နားထောင်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

သူ(မ)သည် မျက်မှောင်ကြုတ်ကာ မျက်နှာထက်တွင် အထင်သေးမှုများ အပြည့် လွှမ်းခြုံရင်း  : "အဲ့ဒီကားကို လဲချင်နေတာ ကြာပြီ အဲ့ဒီကားကြီး မောင်းပြီသွားရင် မျက်နှာလည်းမရဘူး အထဲမှာတောင် ဝင်ထိုင်ချင်စိတ်မရှိတော့ဘူး ဒါပေမဲ့ အခုနင်ရဲ့လစာနဲ့ဆို ငါတို့ အဲ့ကားကို လဲဖို့ တတ်နိုင်မှာမဟုတ်ဘူး ငါသာစောစောသိခဲ့ရင် အဲ့အချိန်တုန်းက ငါ…."

'ငါ နင့်ကို ဘယ်တော့မှ လက်မထပ်ခဲ့ဘူး' ဆိုသည့်စကားလုံးများက သူ(မ)၏ပါးစပ်ဖျားတွင် အကြိမ်ကြိမ်ရောက်နေပြီဖြစ်သည့်တိုင် ပြန်ပြီး မျိုချလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ရှန်ရီ၏အကြည့်များသည် တစ်စုံတစ်ယောက်အား နေရာမှာတင် ခဲသေသွားစေနိုင်လောက်၏။

ယခုလက်ရှိတွင် လုဝမ်ဝမ်သည် မူလပိုင်ရှင်လျှောက်ခဲ့သည့်လမ်းကို တစ်သဝေမသိမ်း လျှောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင် ရှန်းရီနှင့်ကွာရှင်းရန်မှာ မဝေးတော့ပေဟု ယုံကြည်မိလေသည်။

သူ(မ) အိမ်ကိုပြန်ရောက်သည့်အချိန်တွင် ရှန်းရီက ညစာကိုပင် ပြင်ဆင်ထားပြီးပြီဖြစ်သည်။

အစားအသောက်များကို နွှေးထားဆဲဖြစ်သော်လည်း အရောင်နှင့် အနံ့လေးကို တစ်ချက်ကြည့်ရုံတည်းဖြင့် အရသာရှိမည်မှာ ဧကန်ပင်။

လုဝမ်ဝမ်၏ဗိုက်မှာ ဟောင်းလောင်းဖြစ်နေပြီ ဗိုက်ဆာနေသည်မှာ အတော်ကြာပြီဖြစ်သည်။ သူ(မ)သည် ခုံပေါ်တွင်ဝင်ထိုင်လိုက်ပြီး ပန်းကန်လုံးအလွတ်အား ရှန်းရီရှေ့သို့တွန်းပေးရင်း သဘာဝအတိုင်း ညွှန်ကြားလာလေ၏။

"ထမင်းထည့်ပေးအုံးလေ"

တကယ်တွင် သူမထိုသို့မပြောပါကလည်း ရှန်းရီက ထိုအရာများအားလုံးကို ဦးစွာ လုပ်ပေးစမြဲဖြစ်သည်။

အိမ်ရှိအိမ်မှုကိစ္စများအားလုံးကို ရှန်းရီတစ်ယောက်တည်းကသာ သိမ်းကျုံးလုပ်လေသည်။ လုဝမ်ဝမ်သည် သူမ၏လက်ဆယ်ချောင်းဖြင့် ဘာမှမလုပ်နိုင်သည့် မင်းသမီးလေးတစ်ပါးကဲ့သို့….မည်သည့်အရာကိုမှ လုပ်စရာပင်မလိုချေ။ ထမင်းစားပြီးသည့်နောက်တွင်လည်း တီဗီကြည့်ရန် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်နေရုံသာ လိုအပ်၏။

တကယ်လို့သာ ထိုအတိုင်းဆက်သွားနေပါက သူ(မ)အတွက်က ပြဿနာမဟုတ်ပေ။

သို့ပေမဲ့ ဒါက ကူညီရာမရောက်ပေ၊ ရှန်းရီသည် အနည်းငယ် yandere ဆန်၏။ သူ့ခေါင်းထဲရှိအကြံအစည်များသည် သာမာန်လူတစ်ယောက် နာလည်ဖို့ပင် မတတ်နိုင်အောင်ပင်။

ပြီးနောက်တွင် မသေချာမရေရာသည့် အကြောင်းပြချက်များဖြင့် ထိုအရူးသည် နောင်တွင် သူ(မ)အား အခန်းပိတ်အကျဉ်းချထားပြန်ပေအုံးမည်။

နှစ်ကြိမ်ကျရှုံးဖူးသည့်အတွေ့အကြုံအရ လုဝမ်ဝမ်ရှာဖွေတွေ့ရှိခဲ့သည်မှာ ကလေးလို လိမ္မာပြီး နာခံတတ်သည့် ရှန်းရီ၏ဗိုက်ထဲတွင် မကောင်းဆိုးဝါး ညဏ်နီညဏ်နက်များဖြင့် ပြည့်နေသည်ဆိုတာ။ သူသည် သူ(မ)၏ ကိစ္စကြီးကိစ္စငယ်မှန်သမျှကို သူ(မ) အားထုတ်စရာပင်မလိုအောင် စီမံပေးနိုင်သည်။ အရိုးသားဆုံးဆိုရလျှင် သူ(မ)အား သူမရှိလျှင် သုံးစားမရတော့မည့် တစ်စုံတစ်ယောက်အဖြစ် ပျိုးထောင်နေခြင်းဖြစ်သည်။

အဲ့ဒါသာကြည့်တော့! သူဘယ်လောက်ထိအကြံကြီးလဲဆိုတာ!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment