no

Font
Theme

အပိုင်း (၃)

မာမားလုသည် ရှန်းရီစကား‌ကိုကြားလိုက်သည့်အချိန် ဟားတိုက်စွာ ရယ်လိုက်ပြီး လေသံခပ်မာမာဖြင့် ဆိုလာ၏။ 

“ငါ နင်နဲ့တောင် ခုထိစာရင်းမရှင်းရသေးဘူး နင်က သူ့ကိုပြန်ခေါ်သွားရဲတယ်လား”

မားမာလုတစ်ယောက် ရှန်းရီကို မြင်သည့်အချိန် သူ(မ)သမီး၏ဒဏ်ရာများကို ပြန်မြင်ယောင်လာကာ ဒေါသက တစ်ဖန် နိုးထလာပြန်ရင်း ခါးခါးသီးသီးလေသံဖြင့် :

“ငါ့သမီးကို နင်နဲ့ပြန်မထည့်ပေးရဲတော့ဘူး ငါ့သမီးကိုယ်ပေါ်ကဒဏ်ရာတွေက နင့်ရဲ့ဂရုစိုက်လွန်းမှုတွေကြောင့် မဟုတ်ဘူးလား? အခုရော ငါတို့အိမ်ထဲကို ဘာလာလုပ်တာလဲ ငါ ပြောလိုက်မယ် မနက်ဖြန် နင်တို့နှစ်ယောက်စလုံး တရားရုံးသွားပြီး ချက်ချင်းကွာရှင်းပါ!”

ရှန်းရီသည် မျက်လုံးများ ပင့်လာပြီး အမူအရာသည်လည်း အနည်းငယ်ပြောင်းလဲသွားကာ အသံခပ်နိမ့်နိမ့်ဖြင့်။မေးလာ၏။

“သူ(မ) ဒဏ်ရာရထားတာလား” 

မာမားလုသည် ရှန်းရီ၏အံ့ဩချင်ယောင်ဆောင်သည့်ပုံစံက စစ်မှန်သည်ဟု ခံစားလိုက်ရသည်။ သူ(မ)သည် ရှန်းရီအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး၊ လူပုံစံကတော့ ရိုးရိုးအေးအေးလေးပါပဲ ကိုယ့်မိန်းမကိုယ် ရိုက်နှက်မဲ့ပုံလဲမပေါ်ဘူး ဟု တွေးမိလေသည်။ သို့သော် သူ(မ)သမီးခန္ဓာကိုယ်ပေါ်မှ အပြာရောင်၊ခရမ်းရောင်ဒဏ်ရာများကား အတုလုပ်ရန်လည်း မဖြစ်နိုင်ပေ။

သူ(မ) ရှန်းရီအား ထေ့ငေါ့စွာပြန်လည်တုန့်ပြန်မည်အပြုတွင် လုဝမ်ဝမ်သည် အပေါ်ထပ်မှနေ အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့၏။ သူ(မ)သည် ဖြောင့်စင်းပြီး ဖြူဝင်းနေသော ခြေထောက်များကို ဖော်ထားသည့် ဒူးထိသာရှိသော ညအိပ်ဂါဝန်ကို ဝတ်ဆင်ထားပြီး လည်ညှပ်ရိုးကိုလည်း ရှင်းလင်းစွာ မြင်နေရပေသည်။ သူ(မ)၏ ရှည်လျားပြီး နှင်းပမာ ဖြူဥနေသည့် လည်တိုင်အား မြင်ရသူအဖို့ သူ(မ)၏အရသာလေးအား ကိုက်မြည်းကြည့်ချင်ရန် ဆွဲဆောင်လွန်းလှသည်။

လုဝမ်ဝမ် အောက်ထပ်သို့ဆင်းလာရခြင်းမှာ ရှန်းရီက သူ(မ)၏အလိမ်အညာများအား ဖော်ထုတ်လိုက်မည် စိုးသောကြောင့်ပင်။

သူ(မ)သည် မျက်ခုံးများကို စုကျုံ့ထားပြီး သူ(မ)၏အားနည်းသည့်သွင်ပြင်က မကြာခင်ငိုတော့မည့် ပုံစံလေးဖြင့် သူ(မ)အမေ၏လက်မောင်းကို လှမ်းဖက်လိုက်သည်။ သူ(မ)အမေ၏အင်္ကျီစလေးကို ဆွဲကိုင်ပြီး : 

“မား ထပ်မပြောပါနဲ့တော့ ဒီဒဏ်ရာတွေက တကယ်ကို သူနဲ့မဆိုင်တာပါ”

ထိုသို့ဖုံးကွယ်ပေးနေဟန် ရှင်းပြချက်နှင့် သူ(မ)၏သနားစရာကောင်းသည့်ပုံစံကို တွဲကြည့်လိုက်ရုံဖြင့် သူ(မ)သမီးက ရှန်းရီကို ကာကွယ်ပေးချင်သဖြင့် သူ(မ)အား လိမ်ပြောနေသည်ဟု မာမားလုကို အခိုင်အမာ ခံစားရစေ၏။

မာမားလုသည် သမီးဖြစ်သူ၏လက်လေးကို နှစ်သိမ့်ပေးရန်အတွက် ပုတ်ပေးလိုက်သည်။ ထို့နောက်သူ(မ)၏စကားလုံးများက ပေါက်ကွဲလာတော့မည့် ဗုံးတစ်လုံးကဲ့သို့ : 

“ကွာရှင်းလိုက်တော့! မားအတွက် ကွာရှင်းပေးလိုက်စမ်းပါ!”

ထိုအချိန်တွင် ရှန်းရီ၏ဖျော့တော့သွားသည့် မျက်နှာလေးကား အလွန်ကိုမှ သနားစရာကောင်းလှသည်။ သူသည် လက်သီးများကို ဆုပ်ကာ နှုတ်ခမ်းကိုဖွင့်ပြီး ဖြည်းညင်းစွာ ဆိုလာ၏။ 

“ကျွန်တော်........”

မာမားလုသည် စိတ်မရှည်စွာဖြင့် ကြားဝင်ဖြတ်ပြောလာ၏။

“နင်တို့နှစ်ယောက်လက်ထပ်လိုက်ကတည်းက ငါသဘောတူခဲ့တာမဟုတ်ဘူး ၊ ငါတို့လုမိသားစုက ချမ်းသာတယ် ဗီလာနဲ့နေနိုင်တယ် ဈေးအကြီးဆုံးကားကို စီးတယ် ငါတို့နာမည်နဲ့ ကုမ္ပဏီတွေလည်း အများကြီး ၊ ဒါပေမယ့် နင့်မှာကရော? ဆင်းရဲတဲ့အပြင် လိမ္မာပါးနပ်မှုက မရှိဘူး အခုချိန်ထိ ကုမ္ပဏီသေးသေးလေးမှာပဲ လုပ်နေရတုန်းမလား နင်နဲ့အတူနေရတာနဲ့တင် ငါတို့ဝမ်ဝမ်လေးက ဆင်းရဲဒုက္ခတွေကိုခံစား‌နေရပြီ အခု နင်က ငါ့သမီးလေးကို အနိုင်ကျင့်ရိုက်နှက်ပြီး ဆူငေါက်တယ် ၊ အဲ့ဒါကို ငါက ဘယ်လိုလုပ်ပြီး စိတ်ဖြောင့်ဖြောင့်နဲ့ နင့်ကို ယုံကြည်ပြီး ငါ့သမီးလေးကို ပြန်ထည့်ပေးရမှာလဲ”

ရှန်းရီ၏အမူအရာသည် တန့်သွား၏။ သူ၏မျက်လုံးများကို ပင့်လိုက်ပြီး လုဝမ်ဝမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ(မ)၏လက်မောင်းမှ ဒဏ်ရာများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဩရှသောအသံဖြင့် ဆိုလာ၏။

“ကျွန်တော်က သူ့ကိုရိုက်တာလား”

ယခင်ကလည်း ရှန်းရီသည် လုဝမ်ဝမ်အား ဤသို့သော အကြည့်မျိုးဖြင့် မကြာခဏကြည့်လေ့ရှိသည်။ ရှန်းရီဆိုသည့် အနှီပုဂ္ဂိုလ်သည် ဘယ်အရာကိုမှ ဂရုမစိုက်ဟန်ဖြင့် အလွန်တရာမှ အငြိုးကြီးသည့် လူသား။

ယခုတစ်ကြိမ်တွင် သူ(မ)အနေနှင့် အနှီပုဂ္ဂိုလ်ကို စိတ်ကျေနပ်အောင် ခယ‌နေပေးဖို့ စိတ်ကူးမရှိတော့ကတည်းက ကွာရှင်းတာကပဲ သူ(မ)၏ပန်းတိုင် ဖြစ်လေသည်။ ထို့ကြောင့် သူ(မ)တွင် စိုးရိမ်နေစရာအကြောင်း မရှိချေ။ 

သူ(မ)သည် မရှိမဲ့ရှိမဲ့မျက်ရည်များကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြီး နှာတရှုံ့ရှုံဖြင့် : 

“မား သူ သမီးကို ရိုက်ဖို့မရည်ရွယ်ပါဘူး သမီးတို့လက်ထပ်ပြီးကတည်းက တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ ရိုက်တာပါ ၊ သမီးထင်ပါတယ် သူ သေချာပေါက် ပြောင်းလဲမယ်လို့”

လုဝမ်ဝမ်သည် ထိုအခွင့်ရေးကို အခွင့်ကောင်းကိုယူပြီး သူ့ကို အပြစ်ပုံချလိုက်သည်။ ဒါက သူ့ရဲ့အချစ်ဦးဖြစ်တဲ့ သူ(မ)ရဲ့လှပတဲ့ပုံရိပ်ကို ဖျက်စီးပစ်ဖို့ အကောင်းဆုံးအချက်ပဲ၊ ဒါမှလည်း သူ(မ)ရဲ့ဟန်ဆောင်ကောင်းလွန်းတဲ့ တကယ့်မျက်နှာအစစ်ကို မြင်ပြီး ပြတ်ပြတ်သားသားနဲ့ သူ သူမကို ကွာရှင်းပေးမှာ။

ဒီနည်းလမ်းကပဲ အဲ့ဒီစိတ်ဝေဒနာသည် ရှန်းရီလက်ထဲကနေ သူ(မ) လွတ်မြောက်နိုင်မှာ။

“ဒါက ဒုတိယအကြိမ်ပေါ့လေ!”

မာမားလုတစ်ယောက် သူ(မ)ရဲ့အသံကို အသံကုန်မြင့်ကာ မယုံကြည်နိုင်သကဲ့သို့ ပြန်မေးလာ၏။

ရှန်းရီ၏နှုတ်ခမ်းထောင့်လေးသည် အပေါ်သို့ အနည်းငယ်ညွှတ်တက်သွားပြီး အပြုံးသဲ့သဲ့ဖြင့် လုဝမ်ဝမ်အား ဝေ့ကြည့်လိုက်သည်။ မကြာလိုက်၊ သူ၏အေးတိအေးစက်ပုံစံပြန်ဖြစ်သွားပြီး ပြောလာသည်မှာကား : 

“ဒါက တကယ်ကို ဒုတိယအကြိမ်ပဲ” 

လုဝမ်ဝမ်နှင့် သူ(မ‌)အမေနှစ်ယောက်စလုံးသည် သူ ယခုကဲ့သို့ တိုက်ရိုက်ကြီး ဝန်ခံလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် နေရာမှာတင် တောင့်တောင့်ကြီးဖြစ်သွားရသည်။

ထို့နောက်မှာတော့ ချက်ချင်းဆိုသလိုပင် လုဝမ်ဝမ်တစ်ယောက် သူ(မ)အရှေ့မှ ထိုယောကျာ်း၏အသံကို ထပ်ကြားလိုက်ရပြန်၏။ 

“သူ မူးပြီး လှေကားကနေပြုတ်ကျလို့ ဒဏ်ရာရတာ ဒါက တကယ်ကို ဒုတိယအကြိမ်ပဲ”

“……”

“……”

လုဝမ်ဝမ်မှာ သူ(မ)၏ပုံစံကို မထိန်းချုပ်နိုင်လုနီးနီး သူ့ဆီပြေးသွားပြီး “နင့်ပါးစပ်ကို ပိတ်ထားစမ်း” လို့သာ အော်ဟစ်ပစ်လိုက်ချင်တော့သည်။

မာမားလုသည် အရက်သောက်သည့်သူများကို မုန်းတီးရွံရှာ၏၊ အထူးသဖြင့် အမူးသမားတွေ။

မာမားလု၏ တစ်ဦးတည်းသောမောင်လေးသည် အရက်မူးပြီး ဟိုင်းဝေလမ်းပေါ် ကားမောင်းကာ အသိပျောက်ဆုံးပြီး လှိုင်ခေါင်းအဝင်ဝမှ နံရံကို တည့်တည့်ဝင်ဆောင့်ခဲ့ကာ အရက်သောက်လွန်မှုကြောင့် အသေဆိုး၊အဖြစ်ဆိုးဖြင့် သေဆုံးခဲ့ရသည်။

ကားအရှေ့ပိုင်းတစ်ခုလုံး နံရံထဲသို့ နစ်ဝင်သွားခဲ့ပြီး လူကိုကားထဲမှထုတ်သည့်အချိန်တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီပင်။

လုဝမ်ဝမ် သူ(မ)ကိုယ်တိုင်ကလည်း ကောလိပ်တက်စဉ်က အရက်သောက်ထားသည်ကြောင့် မတော်တဆ ဖြစ်လုနီးနီး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် မာမားလုသည် သူ(မ)အား အရက်မသောက်ရန် တားမြစ်ထား၏။ 

ရှန်းရီ၏စကားလုံးများသည်  တကယ်ကို အရှိုက်တည့်တည့် ထိလေသည်။ 

မာမားလုသည် သူ(မ)သမီးကို စူးစူးဝါးဝါး စိုက်ကြည့်လာ၏။ 

“နင် ဘယ်လိုတောင် အရက်သောက်ရဲရတာလဲ! ငါထင်တယ် နင်သေချင်နေပြီနဲ့တူတယ်!”

လုဝမ်ဝမ်သည် အမှားကိုဝန်မခံဘဲ အံကို တင်းတင်းကြိတ်ထား၏။ 

“ဟင့် အဟင့် ဟင့် မား သမီးမလုပ်ရပါဘူး ဟင့် ဟင့် “

ရှန်းရီသည် ဖြည်းညင်းသောအသံဖြင့် ဆိုလာပြန်၏။

“အမေ ၊ အမေ တကယ်လို့ ကျွန်တော့်ကို မယုံရင် စီစီတီဗီကြည့်လို့ရပါတယ်”

သူသည် မျက်လွှာကို ချပြီး ခါးသက်သက် ပြုံးလိုက်ရင်း အသံကိုနိမ့်ချကာ : 

“ကျွန်တော်စည်းကမ်းတင်းကျပ်လွန်းလို့ ဝမ်ဝမ်ကို စိတ်ဆိုးအောင် လုပ်မိခဲ့ပြီ”

ရှန်းရီက စီစီတီဗီရှိတယ်ပြောနေမှတော့ တကယ်ကို သူ့မှာ အချက်အလက်တွေ ရှိနေမှာပဲ..

လုဝမ်ဝမ်မှာ ထပ်ပြီး ငြင်းဆန်မနိုင်တော့‌ပေ။ သူ(မ)သည် ချက်ချင်း အငိုရပ်လိုက်ပြီး ရှန်းရီ၏အနားသို့ သွားကာ သူ့ကို ပွေ့ဖက်လိုက်သည်။ သူ(မ)၏မျက်လုံးထောင့်စွန်းလေးများက မျက်ရည်များဖြင့်ဝေ့သီနေပြီး အသံကို မနည်းလုပ်ယူကာ : 

“ရီရီ အခုဏက ငါမှားသွားပါတယ်လို့ အဟင့် အဟင့် ဟင့်”

မာမားလုသည် သူတို့နှစ်ဦးကိုကြည့်ကာ သူ(မ)ခေါင်းမှာ ကိုက်လာရတော့သည်။

အတန်ကြာသည်ထိ ထိုလင်မယားနှစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာ သူ(မ) နားမလည်နိုင်တော့ချေ။ 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment