no

Font
Theme

အပိုင်း (၉)

မီးဖိုချောင်ထဲမှ အမျိုးသား ပန်းကန်ဆေးနေစဉ် လုဝမ်ဝမ်သည် ဆိုဖာပေါ်တွင် မှီလှဲရင်း တီဗီထိုင်ကြည့်လေသည်။ ပန်းကန်ဆေးပြီးသွားသည့်အခါ သူသည် လက်ကို သုတ်ကာ မီးဖိုခန်းထဲမှထွက်လာ၏။ ထို့နောက် သူ(မ)ဘေးတွင် တန်းဝင်ထိုင်လိုက်ပြီး ဖြူဖြူသွယ်သွယ်လက်တစ်စုံက သူ(မ)၏ခြေထောက်များအပေါ် ရောက်လာ၏။

လက်ချောင်းများမှာ ဖြူဖွေးပြီး အရိုးတည်ဆောက်ပုံမှာ အချိုးကျလှသည်။

လုဝမ်ဝမ် ခေါင်းအနည်းငယ်စောင်းကာ မော့ကြည့်လိုက်ရာ သူ(မ)၏မျက်ဝန်းများသည် ထိုလူသား၏မေးရိုးပေါ်သို့ တစ်တန်းတည်းကျသွား၏။ သူသည် လက်ကိုမြှောက်ကာ သူမ၏ခေါင်းလေးအား သူ့‌ပုခုံးပေါ်တွင် မှီခိုင်းစေပြီး သူ၏နက်ရှိုင်းပြီး ဩရှသည့်အသံတို့ဖြင့် ဆိုလာ၏။

"ခဏလောက် နားလိုက်အုံးလေ"

အမျိုးသား၏လည်တိုင်သည်လည်း နှင်းပမာ ဖြူဥပြီး ကိုယ်ထက်တွင် ထူးခြားသော သင်းရနံ့တစ်မျိုးရှိနေ၏။

လုဝမ်ဝမ်၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားရပြီး ထရန် ဟန်ပြင်လိုက်သည်။ သို့သော် လှုပ်ရှားသေးသေးသာ ပြုရရုံရှိသေး၊ သူသည် သူ(မ)အား ချက်ချင်းပင် နေရာတွင် ပြန်ထိုင်စေလေသည်။ ထိုလူသားသည် ပိန်ပါးပြီး ထိလွယ်ရှလွယ်သည့် ပုံစံပေါ်သော်ငြား အမှန်တကယ်တွင် အတော်လေး အားသန်ပေ၏။

မသက်သာသည့်အဆုံး သူ(မ)သည် သူ့လက်မောင်းပေါ်တွင် မှီလိုက်ပြီး သမ်းဝေကာ : "ငါ ကျဇီချန်နယ်က 'ရေခဲမင်သားလေးကိုသွားမရှုပ်သင့်ဘူး' ဆိုတဲ့ဟာလေးကြည့်ချင်တယ်"

"အိုခေ"

ရှန်းရီသည် သူ(မ)အလိုကျအတိုင်း ကျဇီချန်နယ်သို့ ပြောင်းပေးလိုက်သည်။

လုဝမ်ဝမ်သည် ရှန်းရီအား စိတ်အနှောင့်အယှက်ဖြစ်စေချင်ရုံပင်။ ထိုလူသားသည် ရှေးရိုးစွဲလူကြီးဖြစ်သည့်အလျောက် တီဗီဆိုလည်းမကြည့်၊ ဒရာမာလည်းမကြည့်၊ ရသစုံအစီစဉ်ဆိုလည် သဘောမတွေ့သလို၊ အိုင်ဒေါများနောက်လည်း မလိုက်၊ အမျိုးသားများကြိုက်ကြပါတယ်ဆိုသည့် အားကစားနှင့် စီးပွားရေးချန်နယ်အကြောင်းကိုပင် စိတ်မဝင်စားပြီး၊ ဘာဆိုဘာမှ စိတ်ဝင်စားဟန်မရှိပေ။

လုဝမ်ဝမ်သည် သူ(မ)ကြည့်နေသည့် ဇာတ်လမ်းတွဲထဲတွင် အာရုံဝင်စားနေလေ၏။ သူ(မ)ကိုယ်တိုင်ကလည်း ကြောင်ငပျင်းလေးပမာ သူ၏လက်မောင်းပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းနေသည်ကို သတိမမူမိပေ။

ထိုလူသား၏အာရုံသည်လည်း တီဗီကနေ သူ(မ)ဆီသို့ ရောက်နေပြီးဖြစ်ကာ သန့်ရှင်းဖြူဥသော မျက်နှာလေးထက် အလင်းရောင်ဖျော့ဖျော့လေး ကျရောက်နေရင်း သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးက တည်ငြိမ်အေးချမ်းနေသယောင် ...သူ၏လည်စလုပ်အနည်းငယ်လှုပ်ရှားသွားကာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူမမေးလေး‌အား မော့စေရင်း နူးညံ့သည့်နှုတ်ခမ်းတစ်စုံအား ညင်သာစွာ ကိုက်ယူလေတော့သည်။

သူ(မ)၏နှုတ်ခမ်းမှ အနည်းငယ်နာကျင်သွားပြီး "စ်စ်စ်" ဟုအသံထွက်လာကာ လုဝမ်ဝမ်သည် ရုတ်တရက် အတွေးနွံထဲမှ ရုန်းထွက်ကာ မျက်နှာကို လွှဲလိုက်သည်။ တစ်ခုခုကို အလိုမကျသည့်မျက်နှာထားဖြင့်  "ငါ တအားပင်ပန်းနေလို့ ရေသွားချိုးလိုက်အုံးမယ်"

ရှန်းရီသည် သူ(မ)ကိုယ်ပေါ်မှ သူ၏လက်များကိုဖြေလျော့ကာ တစ်ချိန်တည်းဆိုသလို တီဗီကိုလည်းပိတ်လိုက်သည်။

"အင်း သွားချိုးလေ"

သူ(မ)ရေချိုးပြီး ရေချိုးခန်းမှထွက်လာသည့်အချိန်တွင် ရှန်းရီသည် အံဆွဲကို ဖွင့်ပြီး လက်ဆောင်ဘူးအသေးလေးတစ်ခုကို ထုတ်ယူကာ သူမအရှေသို့ ပို့ပေးလာ၏။

"အွန့် မင်းကြိုက်လားလို့ ဖွင့်ပြီးကြည့်ပါအုံး"

လုဝမ်ဝမ်သည် နားမလည်သည့်ဟန်ဖြင့် ဘူးကိုဖွင့်လိုက်လေသည်။ အထဲတွင် ပတ္တမြားလည်ဆွဲတစ်ကုံးရှိနေကာ တောက်ပသည့် အရောင်အသွေးက သူ(မ)၏မျက်လုံးကိုပင် ကန်းလုနီးပါးဖြစ်စေ၏။

'ဒါကိုဝယ်ဖို့ ရှန်းရီဘယ်နေရာကနေပိုက်ဆံရခဲ့တာ‌လဲ? ခိုဥလောက်ကြီးတဲ့ပတ္တမြားအတုကြီးကို ငါပျော်ပါစေဆိုပြီး ဝယ်လာပေးတာတော့ မဟုတ်ဘူးမလား?'

လုဝမ်ဝမ်သည် လည်ဆွဲကိုထုတ်ကာ အလွန် ပျော်သွားဟန်ဆောင်လိုက်သည်။

"ရား! အရမ်းလှတာပဲ ဒီလိုကြီးပြီးအရောင်တောက်နေတာကိုမှ ငါက ကြိုက်တာ"  

သူမ၏မျက်တောင်လေးများကို ခပ်ကာ ရှန်းရီကိုကြည့်ပြီး : "နင် ဒါကိုဘယ်လောက်တောင်ပေးပြီး ဝယ်ခဲ့ရတာလဲ ဟင်?"

ရှန်းရီ၏လစာကတ်သည် သူ(မ)လက်ထဲတွင် ဖြစ်‌သောကြောင့် လုဝမ်ဝမ်သည် ရှန်းရီက သူ(မ)အား ချော့မော့ရန်အတုတစ်ကုံးဝယ်လာသည်ဟု သံသယဝင်မိသည်။

အနည်းငယ်စဉ်းစားပြီးသည့်နောက်တွင် ရှန်းရီက သာမန်ကာလျှံကာသာ ပြန်ဖြေလာ၏။

"အများကြီး မကုန်ဘူး"

သူ့အဖြေတွင် တစ်ခုခုမှားနေတယ်လို့ သူ မထင်။ ထိုလည်ဆွဲသည် သူ လွန်ခဲ့သည့်နှစ်က လေလံပွဲတွင် ၆၀မီလီယံလောက်သုံးခဲ့သည့် ပစ္စည်းလေးတစ်ခုပင်။ ထိုအချိန်တုန်းက ဤလည်ဆွဲသည် သူ(မ)နှင့် အလွန်လိုက်ဖက်လိမ့်မည်ဟု သူထင်ခဲ့သော်လည်း သူမသည် ထိုအချိန်က ဤအရာများကိုသဘောကျနှစ်ခြိုက်ဟန်မတူပေ။

ယနေ့တွင် လင်းရှုပြောသည့်အခါတွင်မှ ထိုလည်ဆွဲရှိကြောင်း ပြန်အမှတ်ရမိခြင်းဖြစ်သည်။

လုဝမ်ဝမ်သည် သူ့ကို သေချာစိုက်ကြည့်ကာ နောက်ထပ် ထပ်မေးလိုက်သည်။

"အတိအကျ ဘယ်လောက်ကုန်ခဲ့တာလဲဆို?"

သူသည် သူမမေးခွန်းကို အမှန်တကယ် မဖြေချင်သည့်အလား သူ့နှုတ်ခမ်းကိုသာ စေ့ပိတ်ထားလေသည်။

မည်သို့ဖြေရမလဲကို ရှန်းရီ တကယ် မသိခြင်းပေ။ သူသည် ကောလိပ်စတက်သည့် အစောပိုင်းအချိန်ကတည်းက ကုမ္ပဏီတစ်ခုကို ဦးစီးနေပြီးဖြစ်သည်။ သို့ပေမဲ့ ထိုအချိန်က လုဝမ်ဝမ်သည် သူ့ကို သိပ်စိတ်ဝင်စားဟန်မတူ၊ မည်သည့်အခါတွင်မှလည်း သူ၏အလုပ်ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သည့်လအနည်းငယ်က သူ့အဖိုးသည် မျက်ရည်များဖြင့် သူ့ကို နှစ်တွေအများကြီးအပြင်မှာ ဒုက္ခခံစားမိစေသည့်အတွက် စိတ်မကောင်းဖြစ်ကြောင်းပြောကာ ရောက်လာခဲ့သည်။

ရှန်းရီ ဘာမှမပြောခင် အဖိုးဖြစ်သူသည် ရှန်းမိသားစုပိုင် သူ၏ရှယ်ယာများကို ရှန်းရီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ရှန်းမိသားစုဆီ မပြန်ပါကလည်း 10မီလီယန်လောက်တော့ သူတတ်နိုင်ပါသေးသည်။

ရှန်းရီ သေချာစဉ်းစားပြီးနောက်တွင်မှ :  "နောက်ဆို ကိုယ်ဒီထက်ပိုကောင်းဝာာ ဝယ်ပေးပါ့မယ်"

လုဝမ်ဝမ်သည် သူ၏အဖြေကိုကြားကာမှပဲ သက်ပြင်းချနိုင်တော့သည်။ 'တကယ်ကိုအတုကြီးဘဲ!.….ရပါတယ် ရပါတယ် အတုဆိုလည်းအဆင်ပြေပါတယ် ဒါသာအစစ်ဖြစ်နေရင် ငါ သေလောက်အောင် လန့်သွားမှာ'

နောက်ခြောက်လအကြာတွင် ဇာတ်ဆောင်ရှန်းရီသည် မြို့တော်၏အချမ်းသာဆုံးနှင့် ဩဇာအရှိဆုံးဖြစ်သည့် ရှန်းမိသားစုဆီသို့ ပြန်သွားရတော့မည်ဖြစ်သည်။ ရှန်းမိသားစု၏ မြေးအကြီးဆုံးဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့်အလျောက် နှစ်နှစ်မပြည့်ခင်အတွင်းမှာပင် ရှန်းမိသားစုသည် သူ၏လက်ထဲသို့ရောက်သွားလိမ့်မည်။

ထို့ကြောင့် လုဝမ်ဝမ်အနေနှင့် ဤခြောက်လအတွင်း ဆင်းရဲမွဲတေပြီးသနားစရာကောင်းသည့် ဇာတ်ဆောင်အား ပစ်ပယ်ကာ၊ ခန့်ညားသည့် ယောက်ျားတစ်ယောက်နှင့်‌ ဖောက်ပြန်ပူးပေါင်းရင်း သူ(မ)သေဆုံးခြင်းကိုဖြစ်စေမည့် ဇာတ်တစ်ခုလုံးကိုအပြီးသတ် ကရပေတော့မည်။

သူ(မ)သည် ကောက်ကျစ်စဉ်းလဲပြီးအကြံကြီးသည့် မိန်းမဆိုးတစ်ယောက်ဖြစ်ချင်ရုံသက်သက်ဖြစ်ပြီး ရှန်းရီက ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်သလိုမျိုး သူ(မ)အား စွန့်ပစ်သွားစေချင်ရုံပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment