no

Font
Theme


"ဖန်ဟောင်!ဖန်ဟောင်!သတိထားပါဦးမအိပ်လိုက်နဲ့! မအိပ်လိုက်နဲ့!"ဟဲဇီကျုံးသည်သူလက်များကို ပြင်းထန်စွာယမ်း လိုက်သည်။သူသည်ပတ်တီးများကိုအကြိမ်အနည်းငယ်ချည်လိုက် သော်လည်းနောက်ထပ်ပတ်တီးမည်မျှပတ်ထားပါစေဟဲဇီကျုံး သည်ဖန်ဟောင်၏ရင်ဘတ်ရှိဒဏ်ရာမှသွေးမထွက်အောင်မတား ဆီးနိုင်ပေ။

ဘာကြောင့်?ဘာကြောင့်လဲအကယ်လို့ဖန်ဟောင်ကသူ့(ဟဲဇီကျုံး)ရဲ့ကျိုးနေတဲ့ခြေ ထောက်ကိုကုသဖို့သူ(ဖန်ဟောင်)ရဲ့ကုသ ရေးစွမ်းအင်ကိုခြေကုန်လက်ပန်းကျတဲ့အထိအသုံးမပြုခဲ့ဘူးဆိုရင် သူရဲ့စိတ်စွမ်းအင်လည်းကုန်မှာမဟုတ်သလိုသူကိုယ်သူ့(ဖန်ဟောင်)မကယ်တင်နိုင်တာမျိုးလည်းဖြစ်မှာမဟုတ်ဘူး။

ဖန်ဟောင်သည်သူ့(ဟဲဇီကျုံး)ချစ်သူသစ္စာဖောက်ပြီးကတည်းကသူနဲ့အတူရှိနေပေးခဲ့သောသူဖြစ်သည်။တစ်စုံတစ်ယောက်ဆီမှလိုက် ဖမ်းခံရခြင်း၊ချစ်သူဆီမှသစ္စာဖောက်ခံရ ခြင်း၊သို့မဟုတ်ချစ်သူအားအခိုးခံရခြင်းတို့ကိုလောလောဆယ်လျစ်လျူရှုထားနိုင်သည်။ ဒါပေမယ့်ခုချိန်မှာတော့ဖန်ဟောင်ကသူကိုယ်သူ့ထိုးနှက်တာကို တားဆီးလိုက်ပြီးနောက်မှာသွေးတွေတောင်ထွက်နေခဲ့ပါတယ်။ဟဲဇီးကျုံးသည်ဒါကိုမတားဆီးနိုင်ခဲ့ပေ။

လက်ကောက်သူ့လက်ကောက်တွေကိုအဲ့ဒီခွေးကောင်တွေသာမခိုးသွားခဲ့ဘူးဆိုရင် ဆေးဝါးတွေအများကြီးရနိုင်ပါသေးတယ်။

ချီးဘဲ!သူတို့ငါရဲ့အားထားရာ(space)ကိုခိုးယူသွားခဲ့ပြီးတာတောင်သူတို့လက်မလျှော့သေးဘဲငါတို့ကိုသေစေနိုင်တဲ့အထိတွန်း အားပေးရတာလဲ။

သူရဲ့လက်မောင်းကြားထဲမှာရှိတဲ့ဖန်ဟောင်ရဲ့အကြည်တွေကစတင်ပြီးမှိန်ဖျော့လာ တော့တယ်။သူ၏(ဖန်ဟောင်)ရင်ဘတ်တွင်ပြင်းထန်သောနာကျင်မှုကြောင့်အသံမထွက်နိုင်ပေမယ့်သူ၏မျက်လုံး များသည်မျှော်လင့်ချက်၊အပြုံးနှင့်ပျော်ရွှင်မှုအရိပ်အငွေ့များဖြင့် တောက်ပနေခဲ့သည်။သူသေဆုံးခါနီးမှာစိတ်ပျက်အားငယ်စရာမရှိ ပါဘူး။

သူ(ဖန်ဟောင်)တစ်ခုခုပြောချင်နေပုံကိုမြင်လိုက်ရသည်နှင့် ဟဲ့ဇီးကျုံးကအလျင်အမြန်ဖန်ဟောင်၏ပါးစပ်နားသို့ငုံ့လိုက်သည်" .မြို့၊သတ္တမတန်း.အလယ်တန်းကျောင်း၊လွန်ခဲ့တဲ့ခြောက်နှစ်.ကစားကွင်း၊ခေါင်ရန်းပင်.သင်ကြားမှု၊ဂုဏ်ပြုပါတယ်.စီနီယာ.."အသံက လုံးဝပျောက်ကွယ်သွားတဲ့အထိအားနည်းလာပြီးအားနည်းလာရင်းသူလက်ကိုမြှောက်ဖို့အပြင်းအထန်ရုန်းကန်နေရသည်။ဟဲ့ဇီကျုံး၏ပါးပြင်ကိုထိလိုက်တာနဲ့သူ(ဖန် ဟောင်)၏လက်သည်အလေးချိန်မဲ့ စွာပြုတ်ကျသွားခဲ့သည်။

ဟဲ့ဇီကျုံးကသူလက်မောင်းထဲကလူကပေါ့ပါးနေပြီးလှုပ်ရှားမှုမရှိ တော့ဘူးလို့ခံစားနေရတယ်။

သေပြီ၊ဖန်ဟောင်ကသေပြီ။

သူ၏အသင်းတူရဲဘော်ရဲဘတ်အနေဖြင့်ကမ္ဘာပျက်ကပ်ကနေလွတ်မြောက်လာခဲ့တဲ့ဒီလူငယ်လေးကသေသွားပြီ၊၊

ဟဲဇီးကျုံးသည်ကမ္ဘာပျက်ကပ်နေ့ရက်များတွင်လူသေများစွာကိုမြင်တွေခဲ့ရသည်။အများစုကခန္ဓာကိုယ်အစိတ်အပိုင်းများပြတ် တောက်နေပြီးပုံသဏ္ဍန်အားဖြင့်ကြောက်စရာကောင်းနေသည်။ပိုပြီးရွှံစ ရာကောင်းတာကကြမ်းပြင်ကိုဦးနှောက်တွေအူတွေနဲ့ပွတ်တိုက်နေတဲ့ဖုတ်ကောင်အမျိုးမျိုးဖြစ်သည်။တစ်ချို့လူတွေကပိုကံကောင်း ပြီးဇွန်ဘီတွေဖြစ်မလာပေမယ့်အရိုးတွေအထိပါဝါးခံခဲ့ရသည်၊၊

သို့သော်သူလက်မောင်းကြားထဲမှာရှိနေတဲ့သူ့ထက်၂နှစ်ငယ်သောလူငယ်လေးကိုကြည့်ပြီးပထမဆုံးအနေဖြင့်ကြောက်ရွှံမူနှင့် ဆုံးရှုံးမူကိုခံစားလိုက်ရသည်။

စီနီယာ၊စီနီယာဟဲ

"ဂါးဂါး.."ဟဲဇီကျုံးသည်ပတ်ဝန်းကျင်မှကျယ်လောင်သောဟိန်း ဟောက်သံများကိုသတိမထားမိပေ။သူလက်ထဲတွင်ပြုံးနေသောမျက်နှာလေးကိုစိုက် ကြည့်ရင်းအဖွဲ့အစည်းထဲမှာဖန်ဟောင်ကိုပထမဆုံးမြင်ခဲ့တဲ့အချိန်တုန်းကသူရဲ့တောက်ပသောမျက်လုံးများနှင့်သိမ်မွေ့ဖြူစင်သောမျက်နှာလေးကိုခုချိန်ထိမှတ်မိနေတုန်းဖြစ်သည်။ထိုမျက်လုံးများသည်ကြီးမားပြီးတောက်ပနေခဲ့သည်။ပြုံးလိုက်တဲံအ ခါဘယ်ဘတ်ပါးပေါ်မှာပါးချိုင့်လေးလည်းရှိပြီးသူ့(ဖန်ဟောင်)သည်အနည်းငယ်သိမ်မွှေ့လွန်းပြီးရင်းနှီးကျွမ်းဝင်လွယ်သည့်ခံ စားချက် မျိုးလည်းရရှိစေပြီးအဲ့ဒါတွေကဘဲသူကိုရင်ခုန်အောင်ပြုလုပ်ခဲ့တာ ဖြစ်သည်။

သူပခုံးပေါ်မှစူးရှသောနာကျင်မှုဖြစ်လာပြီးဟဲဇီးကျုံးသည်ငေးငေး ကြောင်ကြောင်ဖြင့်သူခေါင်းကိုလှည့်လိုက်သောအခါရုပ်ဆိုးသော ခေါင်းသည်သူပခုံးပေါ်တွင်တက်ကြွစွာဝါးနေခဲ့သည်(ပခုံးကိုကိုက် နေတာကိုပြောချင်တာပါ)။

ကောက်ကာငင်ကာဒေါသထွက်လာပြီးဟဲဇီးကျုံးသည်ဇွန်ဘီကို ဒေါသတကြီးနဲ့ထိုးနှတ်ခဲ့သည်။

{{{ ဟဲဇီကျုံးသည်သာမာန်လူတစ်ယောက်ဖြစ်သည်။က⁠⁠မ္ဘာပျက်ကပ်တွင်ဟဲဇီးကျုံးသည် ကောင်းကင်ဘုံ၏ချစ်လှစွာသောသားတော်များကဲ့သို့သဘာဝလွန်စွမ်းရည်ကိုသူမရရှိခဲ့ပေ။ဒါတင်မက သေးဘူးသူကညတိုင်းလိုလိုနှစ်နာရီခန့်အဖျားတက်လေ့ရှိသည်။ထိုအချိန်အတွင်းသူသည်တစ်နေ့တာ၏အားအနည်းဆုံးနှင့်အန္တာရယ်အရှိဆုံးအချိန်ဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာခွန်အားအဆိုးဆုံးအချိန်လည်း ဖြစ်သည်။

ကူကယ်ရာမဲ့စွာဖြင့်အဖျားတက်ပြီးဆယ် နာရီနောက်ပိုင်းတောင်မှသူရဲ့ရုပ်ပိုင်းဆိုင် ရာခွန်အားကအလွန်ဆိုးရွှားနေဆဲဖြစ်သည်။

အဲဒါကြောင့်ဒီလူသူကိုသစ်စ္စာဖောက်ခြင်း၏အဓိကအကြောင်းအရင်းမှန်းလည်းသူသိသည်။သူကသူ့(ဟဲဇီကျုံးရဲ့)လက်ကောက်ကိုခိုးယူပြီးသန်မာတဲ့လူဆီကိုသွားခဲ့သည်။ထပ်ပေါင်းပြောရမယ်ဆိုရင်တစ်ဖတ်လူရဲ့ ကောင်းမွန်တဲ့အသွင်အပြင်နဲ့သာလွန်တဲ့စွမ်းရည်ပြီးတော့သာမာန်လူတွေထက်အားနည်းတဲ့ငါရဲ့ကိုယ်လုံးကိုယ်ပေါက်ကသူ့ရဲ့ဆုံးဖြတ်ချက်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်မှာငါ စိုးရိမ်တယ်။မှန်တယ်။ }}}

သတိပြန်ဝင်လာပြီးနောက်ဟဲဇီကျုံးသည်သူရှေ့ကမြင်ကွင်းကြောင်အလွန်လန့်သွား ပြီးသူလက်သီးဆုပ်ကိုပြန်ချဖို့မေ့သွားခဲ့သည်။သူဘာကိုမြင်လိုက်ရတာလဲ။သူရိုက်လိုက်တဲ့ဇွန်ဘီကကပြောင်းကပြန်လွင့်ထွက်သွာ့းခဲ့တယ်။

အဒါစွမ်းအားမြှင့်တင်မှုစနစ်လား။

သူရဲ့အားနည်းသောလက်သီးကိုငုံ့ကြည့်လိုက်ပြီးမဟုတ်ဟုတ်ဘူးလွန်ခဲ့တဲ့ခြောက်လကဒီလိုမျိုးသာဘာဝလွန်စွမ်းရည်နဲ့အား ကောင်းတဲ့လက်သီးမျိုးကိုသူမြင်ဖူးတယ်။

အခြားသောဇွန်ဘီတွေကထပ်မံပြေးလွှားဟိန်းဟောက်ခဲ့သည့်အ ပေါ်တွင်ဟဲဇီကျုံးသည်သူ၏ခန်ဓာကိုယ်တစ်ခုလုံးဝိုးတိုးဝါးတားနှင့်တင်းကျပ်လာခဲ့သည်။ သူခန္ဓာ ကိုယ်ကိုဗဟိုပြုပြီးနေရာပေါင်းစုံကိုလေပြင်းတိုက်ခတ်မှု ကြောင့်သူဆီပြေးလာသောဇွန်ဘီအများအ ပြားသည်ဂိုထောင်နံရံသို့လွင့်စင်သွားကြသည်။ဒီအချိန်မှာတော့ဒါကလေစွမ်းအင်ဖြစ်ကြောင်းသေချာသွားခဲ့သည်။ဟဲဇီကျုံးသည်ရုတ်တရက်ရယ်မောနေခဲ့သည်ရယ်မောရင်းရယ်မောရင်းမျက်ရည်များထွက်ကျ လာကာသူပခုံးပေါ်မှနာကျင်မှုကိုလျစ်လျူရှုကာသေဆုံးသွားသောလူငယ်လေးကိုသူ့လက်မောင်းထဲတွင်တင်းကြပ်ကြပ်ပွေ့ဖတ်ထားကာရယ်မော ကာတုန်ရီနေခဲ့သည်။

စွမ်းရည်.ကနဦးအဆင့်မှာတင်အားကောင်းနေရင်တောင်မှတ ခြားသူတွေထက်တစ်နှစ်ခွဲလောက်နောက်ကျပြီးမှရရှိလာတဲ့စွမ်းရည်ကအခုဘာအ သုံးဝင်မှာလဲ။

သူ(ဟဲဇီကျုံး)အကိုက်ခံရပြီးပြီး!!!!စွမ်းရည်ရှိတဲ့သူတောင်အကိုက်ခံရလျှင်ချက်ချင်းကယ်ဆယ်ဖို့ကုသရေးစွမ်းရည်ရှိတဲ့သူမရှိဘူးဆိုရင်နောက်ဆုံးတော့၎င်းတို့သည်ဇွန်ဘီအဖြစ်အဆုံးသတ်သွားမည်ဖြစ်သည်။

သူ(ဟဲဇီကျုံး)ဘေးပတ်လည်မှာရှိတဲ့လေတွေကပိုပိုပြီးပြင်းထန်လာပြီးအနီးနားကသွေးနံရတဲ့ဇွန်ဘီတွေကလည်းပိုပိုပြီးစု ဝေးလာကြသည်။

--------

"ပြောစမ်းဘာလို့ခုထိဝင်လို့မရသေးတာလဲ"

ချောမောသောလူသည်အနည်းငယ်ကွေးညွှတ်ကာမြေပြင်ပေါ်တွင်လဲကျနေသောလူငယ်၏သေးသွယ်သောမေးစေ့ကိုရိုက်ပုတ်လိုက်သည်။

မြေပြင်ပေါ်တွင်လဲကျနေသောသူသည်အသတ်နှစ်ဆယ်ကျော်ခန့်သာရှိပုံရပြီးသူပုံစံကပိန်ပိန်ပါးပါးနဲ့သူ့လက်မောင်းတစ်ခြမ်းကိုရှပ်အင်္ကျီပေါ်မှလစ်ဟာထားပြီးသူကသွေးမရှိသကဲ့သို့ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ရှုပ်ပွနေသောဆံပင်နှင့်အဝတ်အစားသည်လူငယ်လေးအားအသတ်ရှုမှားဖွယ်ဆွဲ ဆောင်မှုကိုဖြစ်စေသည်။ကံမကောင်းစွာ ဖြင့်သူမျက်နှာပေါ်ရှိထူပိန်းနေသောမိတ်ကပ်များကသူ့၏မူလအသွင်ပြင်ကိုမြင်နိုင်စွမ်းမရှိအောင်ပြုလုပ်နေသည်။

"အိုက်....အိုက်လွမ်တကယ်ပါဒါကအဲဒီလက်ကောက်ပါ" eyelinerနဲ့မျက်လုံးတွေကရုတ်တရက်ပြူးကျယ်သွားပြီး(အိုက်လွမ်)တပည့် များကလည်းထိတ်လန့်စွာပြူးကျယ်သွား ကြသည်။(ဟဲဇီကျုံးမသေဘူးထင်ပြီးလန့် နေတာပါ)လူငယ်လေးသည်အိုက်လွမ်၏လက်ကိုအမြန်ဆွဲကိုင်လိုက်ပြီး ''သူ(ဟဲဇီကျုံး)တကယ်သေသွားပြီမလား''အိုက်လွမ်ရဲ့မျက်လုံး များသည်အနည်းငယ်ကျဉ်းမြောင်းသွား ကာတုန်တုန်ယင်ယင်အလင်းရောင်ထွက် ပေါ်လာပြီး

"သေချာတာပေါ့သေသွားပြီအလောင်းကိုဇွန်ဘီတွေကအပိုင်းပိုင်းစုတ်ဖြဲလိုက်တာဇွန်ဘီတောင်မဖြစ်သွားဘူး''

ရုတ်တရက်သူအသံကရပ်သွားပြီအေးစက်စက်ဖြင့်ပြောလိုက်သည်သူကအာကာစွမ်းရည်ရှိသူတစ်ယောက်ဘဲမဟုတ်ဘူးလား၊ဒီလက်ကောက်နဲ့ဘာမှမဆိုင်ဘူးမလား

"မဟုတ်ဘူး!!!ဒါဘယ်လိုဖြစ်နိုင်မှာလဲ'' လူငယ်၏အသံကစိတ်ခြောက်ခြားဆောက်တည်ရာမရစွာကျယ် လောင်လာပြီး "ကမ္ဘာပျက်ကပ်အစကတည်းကပထမသုံးလလုံးလုံးငါအဲဒီမှာ နေခဲ့တာအဲဒီမှာစိုက်ပျိုးနိုင်တဲ့လယ်မြေနဲ့ တောင်တွေကောမြစ် တွေကောရှိတယ်၊အခြားအာကာသစွမ်းရည်ပိုင်ရှင်တွေရဲ့နေရာ လွတ်နဲ့လုံးဝမတူဘူး၊ကမ်ဘာပျက်ကပ်မ ရောက်ခင်ကနေရာလွတ်ရှိတဲ့အဲ့လက် ကောက်ကိုရှာတွေ့ခဲ့တာလို့သူကိုယ်တိုင်ငါကိုပြောတာ"

"ဘယ်သူသိနိုင်မှာတုန်းသူကမင်းကိုလှည့် ဖျားနေခဲ့တာလားဒါမှမဟုတ်မင်းလိမ်နေလား"ဆိုတာကိုအိုက်လွမ်ကကိုယ်ကိုမတ်လိုက် ပြီးသူ့အင်္ကျီလက်များကိုခါထုတ်လိုက်ပြီးထိုအမျိုးသားကိုစိန်းစိန်း ဝါးဝါးကြည့်လိုက်သည်။အဲဒီလူပြောတာဟုတ်မဟုတ်ကိုဘုရားသာသိလိမ့်မည်။နေရာလွတ်စွမ်းရည်ရှိပြီးနောက်သူ့(အိုက်လွမ်)ကိုလှည့်စားနေတာလား?အကယ်လို့သူနေ ရာလွတ်ထဲဝင်ရောက်ခဲ့တာကိုအမှန်ပြော တောမဟုတ်ဘူးဆိုရင်နေရာလွတ်ထဲကို သာမာန်အာကာသစွမ်းရည်ပိုင်ရှင်တွေကဝင်လို့မရဘူးလားသူပြောတာတွေကိုဘယ်လိုယုံကြည်နိုင်မည်နည်း။

လူငယ်ကစတင်ပြီးတုန်ရီလာခဲ့ပြီးဖြစ်နိုင်တယ်.သူတကယ်ဘဲ သာမန်ကာလျှံကာပြောခဲ့တာဖြစ်နိုင်တယ်။သေချာတယ်ငါသုံးလ လောက်နေခဲ့တဲ့နေရာလွတ်ကဒီလက် ကောက်ထဲမှာမဟုတ်ဘဲသူခန်ဓာကိုယ်မှာရှိတဲ့တခြားအရာတစ်ခုခုဖြစ်နိုင်သည်။

{{{ မလုပ်ပါနဲ့၊မဖြစ်နိုင်ဘူး!! သူသူ့ရဲ့ရည်းစားဟောင်း

(ဟဲဇီကျုံး)ကိုသစ္စာ ဖောက်ခဲ့တာပြီး တော့

သူ့(ဟဲဇီကျုံး)ရဲ့ပိုင်ဆိုင်မှုကိုယူပြီးတခြားသူဘတ်ပြောင်းလိုက်တာ။အိုက်လွမ်ရဲ့နားမှာချောမောလှပတဲ့ကောင်လေးတွေကောင်မလေးတွေကရှားပါးနေတာမဟုတ်ဘူးအကယ်လို့သူကအဲဒီနေရာလွတ်ရဲ့လျိုဝှတ်ချက်ကိုမသိခဲ့ဘူးဆိုရင်အိုက်လွမ်ကသူကိုလှည့်ကြည့်မှာ တောင်မဟုတ်ဘူး. }}}

လူငယ်(ဟဲဇီကျုံးရဲ့ရည်းစားဟောင်း)ကလက်ကောက်ကြိုးကိုဆွဲကိုင်ကာသူရဲ့အရေ ပြားကိုဓားမြှောင်ဖြင့်ဟတ်တက်ခွဲလိုက်ပြီးပုတီး ကြိုးပေါ်တွင်သွေးဖျန်းလိုက်သော်လည်း ဘာတုန့်ပြန်မှုမှမရှိပေ။

"မဖြစ်နိုင်ဘူး!! မဖြစ်နိုင်ဘူး !!လုပ်နည်းမှားနေတာဖြစ်မယ် !!! "

အိုက်လွမ်သည်ရူးလုမတက်ဖြစ်နေတဲ့ ကောင်ကိုစိတ်ပျက်စွာကြည့်လိုက်သည်။သူကအသင်းထဲကိုအာကာသစွမ်းရည်ပိုင်ရှင်ဆွဲခေါ်ဖို့ နီးစပ်ခဲ့သည်။ဒီအရူးကြောင့်ဘဲသူ့ကလူတွေကိုသတ်ပြီးရတနာတွေကိုယူဖို့ဆန္ဒရှိခဲ့တာဖြစ်သည်။အဲဒါကြောင့်ဘဲသူကသူ့(ဟဲဇီကျုံးနဲ့ဖန်ဟောင်)တို့ကိုသတ်ခဲ့တာဖြစ်သည်။အလွန်ရှားပါးသောကုသ ရေးစွမ်းရည်ရှိတဲ့သူကိုလည်းဆုံးရှုံးခဲ့သည်။

ပြီးတော့ဒီအညစ်အကြေး(ဟဲဇီးကျုံးရဲ့ ရည်းစားဟောင်း)ရဲ့စွမ်းရည်ကလည်းပြောပလောက်စရာမရှိပေ။(စွမ်းရည်မရှိ)သူ့ရဲ့မိတ်ကပ် တွေကိုဖယ်ပြီးကြည့်ရင်တောင်မှသူ့မျက် နှာကခြောက်မှတ်သို့မဟုတ်ခုနှစ်မှတ်သာရမှာဖြစ်သည်။အခုသူကြောင့်ဘဲတန်ဖိုးရှိတဲ့အရာနှစ်ခုကိုတစ်ခုပြီးတစ်ခုဆုံးရှုံးခဲ့သည်.

"အိုက်လွမ်"သွယ်လျသောအမျိုးသမီးကဝင်လာခဲ့ပြီးလက်နှစ်ဖတ်လုံးမှာသွေး များထွတ်နေပြီးမြေပြင်ပေါ်တွင်ထိုင်နေ သောအမျိုးသားအားမထီမဲ့ မြင်ကြည့်ကာလက်ကိုအိုက်လွမ်၏ခန္ဓာ ကိုယ်ပေါ်တင်လိုက်ပြီး "ကျွန်မဝမ်းကွဲနဲ့J Cityကနေထွက်ပြေးလာခဲ့တုန်းကကျွန်မဝမ်းကွဲသူ(ဟဲဇီးကျုံး)ကလက်ကောက်ပေါ်ကိုသူသွေးစက်လေးချလိုက်တာကိုမြင်ခဲ့တယ်၊ ပြီးတော့သူကအကြိမ်တိုင်းကားပေါ်ကနေပျောက်ကွယ်သွားတာ၊သူအခုထိနေရာလွတ်ကိုပိုင်နေတာဖြစ်နိုင်တယ်"

အိုက်လွမ်ကသူမျက်ခုံးကိုပင့်လိုက်ပြီးဒါကသဘောထားကွဲလွဲမှုကိုလှုံ ဆော်ရန်အတွက်ထိုအမျိုးသမီး၏လှည့်ကွတ်မှန်းသူသိသည်။ ဘာဘဲဖြစ်ဖြစ်ဒီအမျိုးသမီးကထူးချွန်တဲ့သစ်သားစွမ်းအင်ပိုင်ရှင်ဖြစ်ပြီးဒီအမျိုးသားကတော့. 

"သိုက်ကျွင်းမင်းဘာပြောမလဲ"

လူငယ်ကအဲဒီစကားကိုကြားတဲ့ခါမှာတော့သူကအမျိုးသမီးကိုမယုံ ကြည်နိုင်စွာနဲ့စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး 

"ချုးလီလီ!!!!"

ချုးလီလီကအောင်နိုင်သူလိုမျက်ခုံးပင့်လိုက်ပြီးအိုက်လွမ်ရဲ့လက် မောင်းကိုကိုင်လိုက်ပြီး

"ငါဝမ်းကွဲကမင်းသတ်တာခံလိုက်ရတယ်၊သူကမင်းကိုအသုံးပြုရတာကြိုက်တော့မင်းသူနောက်လိုက်သွား ပေးလိုက်"

အိုက်လွမ်ကသွေးစွန်းနေတဲ့လက်ကောက်ကိုအဝေးသို့ကန်ထုတ်လိုက်ပြီးလှည့်ထွက်သွားခဲ့သည်။အခန်းထောင့်မှာရပ်နေတဲ့လူနှစ် ယောက်ကတိတ်တဆိတ်လျှောက်သွားလိုက်ပြီးသိပ်မကြာခင်မှာဘဲသေနတ်ပစ်သံ ကြားလိုက်ရသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment