no

Font
Theme

ကောပင်းနှင့်သူ့အသင်းများသည်ထင်းခုတ်ရာမှ ၎င်းတို့၏ခွန်အားကိုအသုံးပြုသလိုအရှေ့သို့တဟုန်ထိုးပြေးသွားခဲ့ပေမယ့်ဇွန်ဘီရဲ့လည်ပင်းဒဏ်ရာ နက်ရှိုင်းသွားရုံမျှဘဲဖြစ်သွားသည်။ဇွန်ဘီက မက်တပ်ရပ်လာပြီးဟိန်းဟောက်ခဲ့ကာထိုအား ကြောင့်ပတ်ပတ်လည်ကလူတိုင်းလွှင့်ထွက်သွားသည်။

ပုံရိပ်တစ်ခုသည်ဇွန်ဘီလက်မောင်းမြှောက်နေတာကိုအခွင့်ကောင်းယူပြီးနောက်တစ်ကြိမ်ထိုးချက်ကို ပစ်လွှတ်လိုက်က်သည်။ဇွန်ဘီရဲ့နောက်ထပ်မျက်လုံးတစ်လုံးလည်းပေါက်ထွက်သွားသည်။

အဆင့်နိမ့်ဇွန်ဘီများအဖြစ်ပြောင်းသောအခါဆိုးဝါးတဲ့အမြင်အာရုံရှိပြီးသူတို့လှုပ်ရှားရန်အသံနှင့်အနံ့ ပေါ်ကိုသာမှီခိုရသည်။ဒါပေမယ့်သူတို့level 1ဇွန်ဘီ အဖြစ်ဆင့်ကဲပြောင်းလဲလာသောအခါသူတို့ရဲ့ အမြင်အာရုံသည်အနည်းငယ်ပိုကောင်းလာသည်။ level 2သို့ရောက်သောအခါသူတို့ရဲ့အမြင်အာရုံသ ည်သူတို့လူသားဖြစ်ခဲ့တုန်းကလိုပြန်လည်ကောင်းမွန်လာသောကြောင့်မျက်လုံးများဒဏ်ရာရခြင်းသည် သူတို့ရဲ့လှုပ်ရှားမူကိုသက်ရောက်စေနိုင်သည်။ ဖန်ဟောင်ကမျက်လုံးအနောက်ကအရိုးတွေအထိ ထိုးဖောက်ခဲ့တာကိုပြောစရာမလိုပေ။ဒဏ်ရာက မနက်သောလည်းဦးနှောက်ကိုနာကျင်စေဆဲဖြစ်သည်။

ဘေးသို့ဆုတ်နေသောဟဲဇီကျုံးသည်အခြားသူများဇွန်ဘီများကိုတားဆီးနေတာကိုအခွင့်ကောင်းယူကာနေရာလွတ်ရေတစ်ဘူးကိုထုတ်ယူလိုက်ပြီး သူ့အင်အားပြန်လည်ပြည့်လာစေရန်ရေနှစ်ငုံကို သောက်ခဲ့သည်။ပတ်ပတ်လည်ကလူများကိုခါထုတ်လိုက်သောအခါဖန်ဟောင်သည်အရှေ့ကနေဇွန်ဘီ၏ပစ်ခတ်မူစွမ်းရည်ကိုနောက်တစ်ကြိမ်နှိုးဆွလိုက် ပြန်သည်။သူသည်အရှေ့သို့ရောက်သွားစေရန်သူ့ ခြေထောက်ပေါ်တွင်လေစွမ်းအင်ကိုအသုံးပြုလိုက် အခါသူ့ဓားသွားရှိရွှေစွမ်းအင်နှင့်အရှိုန်နှုန်းကိုတိုး သွားစေပြီး၎င်း၏သေစေနိုင်နှုန်းအလွန်မြင့်မားလာသည်။နောက်ထပ်တစ်ချက်ထိုးလိုက်ပြီးဇွန်ဘီ ခေါင်းကိုထပ်ဖြတ်ခဲ့ပြီးခန္ဓာကိုယ်နဲ့တွဲဆက်ထား သောတစ်ရှူကြွတ်သားအပိုင်းအစအတိုလေးသာကျန်တော့ပေမယ့်ဇွန်ဘီကလှုပ်ရှားနေသေးသည်။

ထိုအချိန်တွင်Samsaraအသင်းကခွန်အားစွမ်းအားရှင်သည်ထလာပြီးတစ်နေရာရာမှလုံခြုံရေးပုဆိန်တစ် ချောင်းကိုကောက်ယူကာသူ့လက်နှစ်ဖက်ဖြင့်ပုဆိန်ကိုကိုင်ထားပြီးအော်ဟစ်ကာရှေ့သို့တစ်ဟုန်ထိုး‌ ပြေးသွားပြီးလွှဲခုတ်လိုက်သည်၊နောက်ဆုံးတွင်ဇွန်ဘီရဲ့လည်ပင်းပြတ်သွားသည်။

"ဒုတ်!!"

ဇွန်ဘီခေါင်းပြုတ်ကျလာသည်နှင့်တစ်ပြိုင်နက် သူ့ရဲ့ကြီးမားသောခန္ဓာကိုယ်ကြီးလည်းတစ်စဆီ ပြိုကွဲပျက်စီးကာမြေကြီးပေါ်သို့ပြုတ်ကျလာသည်။

ဝမ်း၊တူး၊သရီး….လူတိုင်းသည်တစ်ယောက်ပြီးတစ်ယောက်မြေကြီးဆီသို့လှဲကျသွားသည်။ဘယ်သူကမှန်းမသိအသံတိုးတိုးဖြင့်ကျိန်ဆဲလိုက်သည်" အဲ့တာကြီးဘာကြီးတုန်းf***Kဘဲညဘက်မှမအိပ်ဘဲအဲ့အစားအစာရှာထွက်လာတယ်"

ဇွန်ဘီဆီမှလွှင့်ပစ်ခံလိုက်ရသောလူတစ်ချို့သည် ချောင်းဆိုးကာပါးစပ်အပြည့်သွေးနှစ်ခါအန်ထုတ်လိုက်ပြီး"ချီးဘဲငါနံရိုးတွေကျိုးတော့မလို့"

Samsaraအသင်းကလူများသည်ဒဏ်ရာကိုကုသရန် အလျင်အမြန်ပြေးလာကြသည်။ဟဲဇီကျုံးကသူ့လက်ကိုဝှေ့ယမ်းလိုက်ပြီးသူ့အားကုန်သွားရုံဘဲဖြစ်ပြီး ဒဏ်ရာမရကြောင်းပြောလိုက်သည်။ဖန်ဟောင်ကသူ့လက်နဲ့ခြေထောက်များကိုစစ်ဆေးရန်ဘေးသို့အလျင်အမြန်ရောက်လာခဲ့သည်။

"ခေါင်းကော?"ဟဲဇီကျုံးကအသံတိုးတိုးဖြင့်မေးလိုက်သည်။

ဖန်ဟောင်ရဲ့မျက်နှာကအနည်းငယ်ထူးဆန်းသွားပြီးသူ့ကိုမျက်လုံးမှိတ်ပြကာ"အထဲမှာ…."

ဟဲဇီကျုံးကအံ့ဩသွားပြီးနေရာလွတ်ထဲသို့အလျင်အမြန်ကြည့်လိုက်တော့အလွန်ရင်းနှီးနေသောအသွင်အပြင်ဖြင့်လေထဲလွှင့်မျောနေသောသွမ့်ဇီကိုတွေ့လိုက်ရသည်။၎င်း"တုန်လှုပ်ကြောက်ရွံ့"နေရာမှအင်အားပြည့်ဖြိုးစေသောအသွင်ဖြစ်ပေါ်နေကာသွမ့်ဇီရဲ့ ခန္ဓာကိုယ်ကနေအလင်းလွှာများတစ်လွှာပြီးတစ် လွှာထုတ်လွတ်နေသည်။ဘယ်အချိန်တုန်းက သွမ့်ဇီကအဏုမြူကျောက်တုံးကိုရသွားတာလဲ။ ခေါင်းကသေချာပေါက်ခုနလေးတင်ကမှဖြတ်ပြီး သွားတာကိုဟုတ်ပြီလား!!!

ဖန်ဟောင်ကပြုံးလိုက်ပြီးအသက်ကိုချောချောမွေ့မွေ့ရှုနိုင်ရန်အတွက်သူ့ရဲ့လက်ကိုဟဲဇီကျုံးရင်ဘက်ပေါ်သို့တင်ထားလိုက်သည်။ကောပင်းကအထဲသို့ဝင် လာတော့ဟဲဇီကျုံးလည်းဒဏ်ရာရထားတယ်ထင် ပြီးဟဲဇီကျုံးကိုအလျင်အမြန်မေးလိုက်သည်"ဘယ် နေရာကနာနေတာလဲ၊အရိုးတွေဘာတွေကျိုးသွား တာလား၊ငါကြည့်ပါရစေ"

"ငါအဆင်ပြေပါတယ်"ဟဲဇီကျုံးကခေါင်းခါလိုက်ပြီး ထရပ်လိုက်ကာ"လူအင်အားဆုံးရှုံးသွားသေးလား"

"အဲ့တာကအဆင်ပြေပါတယ်၊ရှောင်စန်ရဲ့လက်မောင်းကျိုးသွားတယ်၊မုန့်ဇီကအပြင်းထန်ဆုံးဒဏ်ရာရတာဘဲနံရိုးလေးချောင်းကျိုးသွားတယ်၊ကျန်တဲ့လူ တွေကလည်းအရိုးအနည်းငယ်ကျိုးသွားကြပြီးပွန်းပဲ့ဒဏ်ရာတစ်ချို့တော့ရှိတယ်၊ဘယ်သူမှတော့အသက်မခံလိုက်ရဘူး"ကောပင်းကဟဲဇီကျုံးကိုအလေး အနက်ကျေးဇူးတင်လိုက်သည်"ဒီတစ်ကြိမ်တော့ ကျေးဇူးအများကြီးတင်ပါတယ်၊မင်းသာမရှိရင်ငါတို့ဒီတစ်ခေါက်လူတွေအများကြီးဆုံးရှုံးသွားမှာကို ငါကြောက်တယ်"

"ဘာမှမဟုတ်ပါဘူး၊ဒါကအစကတည်းကငါတို့ရဲ့ တာဝန်ဘဲလေ"သူတို့ပူးပေါင်းဆောင်ရွတ်လိုက် ကတည်းကဟဲဇီကျုံးသည်သင့်လျော်သောတာဝန်ကိုထမ်းဆောင်ရမှာသဘာဝပင်။အခြားအသင်းများနှင့်ပူးပေါင်းဆောင်ရွက်မူကိုရယူရန်ကြိုးပမ်းမူရဲ့ အရေးကြီးဆုံးအကြောင်းပြချက်မှာသူနှင့်ဖန်ဟောင်၏တိုက်ခိုက်ရေးအကျိုးသက်ရောက်တိုးတက်မူကို လိုချင်သောကြောင့်ဖြစ်သည်။သူတို့ပျင်းနေလို့မရ  ပေ။သူ့တို့ရဲ့သွမ့်ဇီသည်အပြစ်ကင်းစင်စွာနဲ့မပြောမဆိုဖြင့်အဏုမြူကျောက်တုံးကိုမြိုချလိုက်တာတော်င်မှလေ…….

ဟဲဇီကျုံးကဇွန်ဘီသတ်ရတွင်အများဆုံးပါဝင်အားထုတ်ခဲ့သော်လည်းနည်းနည်းလမ်းကျကျပြောရရင် အကျိုးအမြတ်ပိုပြီးရသင့်ပေမယ့်သူကဘယ်လိုလုပ် အဲ့လိုစကားမျိုးကိုပြောထွက်မှာလဲ။အခြားသူများကလည်းဇွန်ဘီကိုသတ်ဖြတ်ရာတွင်ပူးပေါင်းအားထုတ်ကြိုးပမ်းခဲ့ခြင်းကြောင့်သာတိုက်ပွဲကအလျင်အမြန် ပြီးဆုံးသွားတာဖြစ်သည်။ပြီးတော့သွမ့်ဇီကလည်း ဘာမပြောညာမပြောနဲ့အဏုမြူကျောက်တုံးကို မြိုချခဲ့တယ်…..အဲ့တာကနည်းနည်းလေးတော့ရှက်စရာကောင်းတယ်။

ဟဲဇီကျုံးကခုနတုန်းကမှတ်ခဲ့တဲ့အိမ်မက်ကိုရုတ်တရက်ပြန်သတိရသွားသည်-ဖတ်ထုပ်တစ်ကောင်ရဲ့ အစားသောက်ကြီးတဲ့သဘာဝကိုနမိတ်ပြတာလား?အဲ့တာကရှေ့ဖြစ်ဟောများလား?

Samsaraအသင်းသည်အခြေစိုက်စခန်းအတွင်း၌ အဆက်အသွယ်တစ်ချို့ရှိပုံရပြီးအခြေစိုက်စခန်း၏ အထက်ပိုင်းများကအဏုမြူကျောက်တုံးအပေါ် အာရုံစိုက်နေမှန်းကိုသိထားသည်။ထိုကြောင့်သူတို့ ကျောင်းမှာမရပ်ခင်တုန်းကသူတို့သတ်ခဲ့တဲ့ဇွန်ဘီတွေရဲ့ဦးနှောက်ထဲကအဏုမြူကျောက်တုံးအားလုံးကိုထုတ်ယူခဲ့ပြီးစုဆောင်းခဲ့သည်။

အသင်းထဲကဒဏ်ရာမရထားတဲ့အဖွဲ့ဝင်နှစ်ယောက်ကထလာပြီးဇွန်ဘီခေါင်းပြုတ်ကျသွားတဲ့နေရာကို အဏုမြူကျောက်တုံးရှာဖို့ဦးတည်သွားတာမြင်တော့  ဟဲဇီကျုံးအနည်းငယ်စိုးရိမ်သွားသည်။ယင်းအစားသူတို့က အံ့ဩမှုဖြင့်အော်ဟစ်ခဲ့သည်"အာ?ဇွန်ဘီ ခေါင်းဘယ်ရောက်သွားလဲ"

ဟဲဇီကျုံးကမသိစိတ်အရနေရာလွတ်ထဲသို့နောက်တစ်ကြိမ်ပြန်ကြည့်ခဲ့သည်။သွမ့်ဇီကအဏုမြူကျောက်တုံးထဲကစွမ်းအားတွေကိုစုပ်ယူပြီးသွားပြီဖြစ်ပြီးလေထဲတွင်ပျော်ရွှင်မူဖြင့်ပျံသန်းနေပြီးသူ့ရဲ့ကြီးမားဝိုင်းစက်သောမျက်လုံးတစ်စုံသည်ကျေနပ်နေသော အမူအရာဖြင့်မှေးမိတ်ထားသည်။အဲ့တာ……သူဇွန်ဘီခေါင်းကြီးတစ်ခုလုံးကိုမြိုချလိုက်တာလား?

ထိုအတွေးကအရမ်းဆိုးရွှားလွန်းသည်။ကံကောင်း စွာဖြင့်ထိုအချိန်တွင်ဖန်ဟောင်ကဟဲဇီကျုံးရဲ့ လက်မောင်းကိုတိတ်တဆိတ်ဆွဲညှစ်လိုက်သည်။သူ့ အကြည့်ထဲကအရိပ်အယောင်ပြမှုကိုမြင်မှဟဲဇီကျုံးသည်ဇွန်ဘီခေါင်းပျောက်နေခြင်းသည်ဖန်ဟောင်နဲ့ ဆက်စပ်နေမှန်းသဘောပေါက်သွားသည်။သို့သော်လည်းဇွန်ဘီကသေသွားအောင်ခုတ်ဖြတ်ခံလိုက်ရမှန်းသိပြီးနောက်ဇွန်ဘီရဲ့ခေါင်းကိုဖန်ဟောင်ကတိုက်ရိုက်ကြီး"ခိုးယူ"လိုက်ရင်တောင်သူကဖန်ဟောင်ကို အပြစ်မတင်ပေ။ငါဇနီးလေးကငါသားအတွက်အစာရှာပေးနေတာ!!!

အကယ်လို့သွမ့်ဇီကပထမဆုံးလှုပ်ရှားမူကိုတိတ်တဆိတ်လုပ်ခဲ့တယ်ဆိုရင်သူသေချာပေါက်ကိုအပြစ် ပေးမှာဖြစ်သည်!!!!

ဇွန်ဘီရဲ့ခေါင်းကပျောက်သွားသည်။လှုပ်ရှားနိုင် သေးသောSamsaraအသင်းကလူများသည်အခန်းထဲကိုရှာဖွေရန်ဓာက်မီးများကိုအသုံးပြုခဲ့ပေမယ့် ပတ်ပတ်လည်ကိုမီးထိုးကြည့်ပြီးနောက်မှာတောင်၎င်းကိုရှာမတွေ့ခဲ့ပေ။နောက်ဆုံးတွင်သူတို့ထဲက တစ်ယောက်သည်ပြတင်းပေါက်အပြင်ကိုလက်ညိုးထိုးလိုက်ပြီး"အပြင်ကိုမြန်းပြုတ်ကျသွားတာလား"

အဲ့တာကဖြစ်နိုင်တယ်။

မြို့ပြဧရိယာ၏လျှပ်စစ်ဓာက်အားသည်အချိန်ကြာမြင့်စွာကတည်းကပြတ်တောက်သွားတာဖြစ်ပြီးတိုက်ပွဲကလည်းအဆုံးတွင်အလွန်ကိုပရမ်းပတာဖြစ်ခဲ့သည်။ဇွန်ဘီရဲ့ခေါင်းကိုသူလက်နဲ့ကိုယ်တိုင်ဖြတ်ခဲ့တဲ့သူတောင်ဇွန်ဘီရဲ့ခေါင်းဘယ်ကိုကျသွားမှန်းမသိလိုက်ပေ။အခြားသူဆိုပြောမနေနဲ့တော့?အရင်ကဇွန်ဘီတွေရိုက်ချိုးဖျက်ဆီးခဲသောကြောင့်စာသင်ခန်းရဲ့ ကြမ်းပြင်တွေမှာတောင်အပေါက်တွေရှိနေပြီးတံခါးနဲ့ပြတင်းပေါက်တွေတောင်ပျက်ဆီးသွားတာကြာပြီ ဖြစ်သည်။ဘယ်သူကဇွန်ဘီရဲ့ခေါင်းဘယ်မှာရှိမှန်း ဘယ်လိုသိမှာလဲ?

"ပြန်ပြီးအနားယူကြရအောင်"ကောပင်းကသူတို့အသင်းအဖွဲ့ဝင်တွေမဟုတ်ဟဲဇီကျုံးနဲ့ဖန်ဟောင်ကို သံသယမဝင်တာတော့မဟုတ်ပေမယ့်သူတို့ နှစ်ယောက်လုံးကတိုက်ပွဲအဆုံးတွင်ဇွန်ဘီရဲ့အဝေးတွင်ရှိနေခဲ့သည်။သူတို့ကပွလွန်းတဲ့အင်္ကျီတွေဝတ်ထားတာမဟုတ်သောကြောင့်အကယ်လို့သူတို့တစ်ခုခုဝှက်ထားရင်အကြည့်တစ်ချက်နဲ့တင်ပြောနိုင်သည်။အကယ်လို့ဇွန်ဘီခေါင်းပျောက်သွားတာသူတို့နှစ်ယောက်နဲ့ဆက်စပ်နေခဲ့ရင်တောင်ဇွန်ဘီသတ်ရာတွင်အများဆုံးပါဝင်ခဲ့သောလူများဖြစ်သောကြောင့်ဇွန်ဘီခေါင်းထဲကအဏုမြူကျောက်တုံးကိုသူတို့အား ပေးသင့်သည်။

အရင်ကလူတိုင်းအနားယူခဲ့တဲ့စာသင်းခန်းထဲသို့မပြန်ခင်ချန်နင်သည်ခဏလောက်စစ်ဆေးကြည့်ခဲ့သည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့စုံတွဲကိုသူကစိုက်ကြည့်လိုက်သည်။သူတို့နှစ်ယောက်သည်သူတို့ရဲ့ပစ္စည်း များဆီသို့ချက်ချင်းမပြန်ခဲ့ပေပြီးတော့သူတို့ခုကအသုံးပြုခဲ့တဲ့လက်နက်မှလွဲ၍သူတို့မှာဘာမှမရှိပေ။သူတို့ဝတ်ဆင်ထားတာတွေကိုမြင်တော့သူရဲ့နောက် ဆုံးလက်ကျန်သံသယများပျောက်ကွယ်သွားပြီး  ကောပင်းဆီသို့လျှောက်သွားခဲ့သည်"အခုကအရမ်း မှောင်လွန်းတယ်၊မနက်ဖြန်မနက်ခင်းကျမှဆက်ရှာ ကြတာပေါ့"

"အန်ဇွန်ဘီခေါင်းကပြုတ်ကျသွားတာဖြစ်လောက်တယ်၊မနက်ဖြန်မှပြောကျတာပေါ့"

ပရမ်းပတာအခြေနေထဲတွင်Samsaraအသင်းကလူ၅ယောက်ဒဏ်ရာရခဲ့သည်။ကျိုးသွားသောခြေလက်အင်္ဂါများနဲ့သူတို့သည်လှဲလျောင်းလဲနေပြီးသူတို့အသင်းသားများကထိခိုက်ထားတဲ့ဒဏ်ရာတစ်ဝိုက်ကိုကုသနိုင်ရန်ကူညီပေးခဲ့သောကြောင့်သူတို့အားပြန် ပြည့်လာသည်။ညဘက်ကင်းစောင့်ရန်ပြန်လည်စီစဉ်ခဲ့ပြီးအနည်းငယ်ဘဲထိခိုက်ထားတဲ့လူတွေကိုပတ်ပတ်လည်အားစောင့်ကြည့်ရန်အစားထိုးခဲ့သည်။

ဟဲဇီးကျုံးကသတ်ပြင်းချလိုက်သည်။သူတို့အသင်းထဲကလူတွေသည်တကယ်ကိုကံကောင်းသည် ။ အဆင့်၂ဇွန်ဘီနဲ့ကြုံတွေ့ခဲ့တာတောင်မှဘယ်သူမှ မသေခဲ့ပေ။ထိခိုက်သွားတဲ့လူတွေသည်ခြေလက် များသာကျိုးကျပြီးဘယ်သူမှဇွန်ဘီဆီကအကိုက်ခံရသို့မဟုတ်ကုတ်ခြစ်ခံရတာမရှိပေ။အဲ့တာကအံ့ဩဖွယ်ဖြစ်ရပ်တစ်ခုလို့ဘဲသူပြောနိုင်တော့သည်။

နောက်တစ်နေ့မနက်အစောတွင်Samsaraအသင်းကလူတွေကအနီးနားပတ်ဝန်းကျင်ကိုရှာဖွေခဲ့ပေမယ့်ဇွန်ဘီခေါင်းကိုရှာမတွေ့ပေ။ကျောင်းနောက်ဘက်မနီးမဝေးတွင်လူနေရပ်ကွတ်တစ်ခုရှိသည်။ရပ်ကွတ်နဲ့ကျောင်းနံရံကြားမှအဆောက်အအုံတစ်ချို့ရှိ သော်လည်းထိုနေရာတွင်ဇွန်ဘီအများကြီးရှိကြောင်းမြင်နိုင်သည်။ဇွန်ဘီခေါင်းကိုဖြတ်လိုက်တဲ့အချိန် အဲ့တာကလွှင့်ထွက်သွားပြီးခြံစည်ရိုးကိုကျော်သွားမယ်ဆိုရင်အဏုမြူကျောက်တုံးကိုရှာဖို့နည်းလမ်းမရှိ‌ တော့ပေ။

"မေ့လိုက်တော့၊သွားကြစို့အပြင်မှာဇွန်ဘီတွေများလွန်းတယ်တစ်လမ်းလုံးဘဲ၊မင်းအဏုမြူကျောက်တုံးတွေကိုတူးထုတ်ချင်တယ်ဆိုရင်ကုန်ချတဲ့ဆိပ်ကမ်းကိုဘဲသွားကြစို့"ကောပင်းကသိပ်အာရုံမစိုက်ဘဲ လက်ဝှေ့ယမ်းပြလိုက်ပြီးသူ့အသင်းကိုဦးဆောင်ကာ အောက်သို့ဆင်းသွားသည်။

သူတို့ကားထဲပြန်ရောက်ပြီးနောက်ဟဲဇီကျုံးကအသံတိုးတိုးဖြင့်မေးလိုက်သည်။"မနေ့ညကဘာလိုလုပ်လိုက်တာလဲ"သံသယဖြစ်မှာကိုရှောင်ဖို့သူတစ်ည လုံးမမေးခဲ့ပေမယ့်နေရာလွတ်မြေအာက်ထပ်ရဲ့ ထောင့်မှာဇွန်ဘီခေါင်းကိုမြင်ခဲ့သည်…..

ဖန်ဟောင်သည်တစ်ညလုံးထိန်းထားခဲ့ပြီးနောက် သွမ့်ဇီကိုပြင်းပြင်းထန်ထန်ဖြစ်ညှစ်လိုက်သည်။"မ နေ့ကညတုန်းကဇွန်ဘီခေါင်းဖြတ်ခံလိုက်ရတာနဲ့ ချက်ချင်းသူ့ဇွန်ဘီခေါင်းဆီကိုပြေးထွက်သွားတာ ကျွန်တော်မြင်လိုက်တာလေ၊အဲ့တာနဲ့ကျွန်တော်လည်းနေရာလွတ်ထဲကိုဇွန်ဘီခေါင်းကောသူ့ကိုကော အမြန်ပြန့်ပို့လိုက်ရတာလေ"

ရလဒ်အနေနဲ့တော့ခေါင်းကမြေအောက်ထပ်ထဲကိုဝင်သွားခဲ့ပြီးအဏုမြူကျောက်တုံးနဲ့သွမ့်ဇီကတော့ လေထဲမှာမျောနေတယ်လေ။ဒီသောက်မြင်ကပ်စရာဖက်ထုပ်ကချက်ချင်းဘဲအဏုမြူကျောက်တုံးကို မြိုချပစ်ခဲ့တာလေ!!!

"အဲ့ကိုပြေးသွားခဲ့တယ်?!"မနေ့ညကမှောင်လွန်းပြီး သူ့စိတ်စွမ်းအင်ကုန်သွားတုန်းကသူ့စိတ်စွမ်းအင်ပြန်ပြည့်ဖို့နံရံဘက်ကိုနောက်ပြန်ဆုတ်ခဲ့တာကြောင့် ရဲဘော်သွမ့်ဇီရဲ့"လှုပ်ရှားမူ"ကိုမမြင်ခဲ့ပေ။

ပါးကိုဆွဲဆိတ်ခံထားရသောသွမ့်ဇီသည်ဖြူစင်ရိုးသားသောအမူအရာလေးဖြင့်သူ့မားမားကိုကြည့်နေပြီး သူ့ပါးကိုဘာကြောင့်မားမားကဆွဲဆိတ်နေလဲဆိုတာကိုအံ့ဩနေသည်။

"ဟုတ်တယ်လေ!!!ကံကောင်းတော့သူ့ကမမြင်ရဘူးလေ"ဖန်ဟောင်၎င်းပါးကိုထပ်ညှစ်လိုက်ပြီး"တံခါးကနေတစ်ခုခုဖြတ်ပြေးသွားတာကိုတွေ့လိုက်တယ်လေ။သွမ့်ဇီကသူ့ကိုယ်သူ့မမြင်နိုင်အောင်လုပ်ထား ပေမယ့်-သူ့ဖြတ်သွားတဲ့ဘယ်နေရာမဆိုလေထုက ရွှဲ့စောင်းသွားတယ်လေ။သူ့ခုန်ထွက်လာတော့ တခြားသူတွေသူကိုတွေ့သွားမှာစိုးရိမ်ပြီး ကျွန်တော်အရမ်းစိတ်ဆိုးသွားတာ"

"အဆင်ပြေပါတယ်၊မင်းကိုယ်မင်းအပြစ်မတင်ပါနဲ့"ဟဲဇီကျုံးကဖန်ဟောင်ကိုနှိမ့်သိမ့်ရန်သူ့ဆံပင်လေးကိုပွတ်ပေးလိုက်ပြီးသွမ့်ဇီရဲ့နဖူးကိုနှစ်ကြိမ်လောက်တောက်လိုက်ပြီး"မင်းပြောစမ်း-အဏုမြူကျောက်တုံးတွေအများကြီးစားပြီးသွားတာတောင်ဘာကြောင့်အခြားသူတွေပြောတာကိုမင်းကနားမထောင်တာလဲ"

သွမ့်ဇီသည်ဖန်ဟောင်လက်မောင်းထဲသို့မကျေမနပ်နဲ့ဝင်ပုန်းလိုက်ပြီးသူ့နာသွားသောနဖူးကိုဖန်ဟောင်လက်မောင်းထဲတွင်ပွတ်သပ်လိုက်ပြီးသူ့ကိုနှိမ့်သိမ့် ပေးရန်တောင်းဆိုနေသည်။

ချော့မွေ့စွာဆက်သွယ်မပြောဆိုနိုင်ခြင်းသည်အရမ်းကိုဒုက္ခရောက်လွန်းသည်။သူတို့နှစ်ယောက်ဆီအလှည့်ကျသွမ့်ဇီကိုဆူနေပေမယ့်သူတို့စကားတွေကို နားလည်လားဆိုတာသိနိုင်ရန်နည်းလမ်းမရှိပေ။

ဖန်ဟောင်ကသူ့မကျေနပ်ချက်ကိုပြောပြပြီးနောက်ဟဲဇီကျုံးကိုဗီတာမင်ပြည့်စေရန်နေရာလွတ်ထဲက လက်ဆက်တဲ့အသီးတစ်ချို့ကိုဖျော်ရည်လုပ်ရန်ထုတ်ယူချင်ပေမယ့်နေရာလွတ်ထဲတွင်ထူးခြားမူရှိနေတာကိုမမျှော်လင့်ဘဲသူ့ရှာတွေ့ခဲ့သည်။

"ဇီကျုံးနေရာလွတ်ထဲမှာမြူတွေထပ်ဆိုင်းနေပြန်ပြီ"

နေရာလွတ်သည်ဆင့်ကဲပြောင်းလဲလာပြီးနောက်နေကောညဘက်ကောရှိလာပြီးပြင်ပကမ္ဘာနဲ့တူညီလာ ခဲ့သည်။မနေ့ကညရောက်သောအခါကောင်းကင်သည်လုံးဝမှောင်မဲနေခဲ့သည်။

မနေ့ညကအရမ်းမှောင်နေသောကြောင့်အဏုမြူကျောက်တုံးစားပြီးနောက်သွမ့်ဇီနေရာလွတ်ပတ်ပတ်လည်မှာမျောလွင့်နေတာကိုသာမြင်ခဲ့ပြီးအခြား မူမမှန်တာကိုရှာမတွေ့ခဲ့ပေ။ဒါပေမယ့်အခုချိန်တွင် လေထဲတွင်မြူများရှိနေသည်။

အရင်ကနေရာလွတ်ဆင့်ကဲပြောင်းလဲတုန်းကနဲ့အတူတူပင်!!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment