"ရှေ့က၂ကီလိုမီတာလောက်ရောက်ရင်ဓာက်ဆီဆိုင်ရှိတယ်ငါတို့အဲ့မှာရပ်ပြီးတော့ဓာက်ဆီထပ်ထည့်ကြတာပေါ့"ကားထဲမှာAမြို့အထိသွားဖို့ဓာက်ဆီအလုံအလောက်ရှိသော်လည်းဟဲဇီကျုံးသည်သူ့နောက်မှ ကားများတစ်ကောက်ကောက်အလိုက်မခံချင်ပေ။ ရပ်ဖို့နေရာရှာပြီးတော့ထိုလူတွေလူမှား လိုက်နေကြောင်းသိရှိစေပြီးနောက်မှသူတို့ထွက်ခွာသင့်သည်။အဲ့ဒါပြီးမှသူတို့နေရာလွတ်ထဲဝင်ရန် နေရာတစ်ခုကိုရှာနိုင်ပြီးတစ်ညလုံးအနားယူနိုင်မှာ ဖြစ်သည်။ဒီနည်းလမ်းကအခုသူလုပ်ချင်နေတဲ့ နည်းလမ်းဖြစ်သည်။
ဖန်ဟောင်မှာစောဒကတက်စရာမရှိဘူး-ဓာက်ဆီများလေပိုကောင်းလေဖြစ်သည်။
နှစ်ကီလိုမီတာအကြာတွင်ဟဲဇီကျုံးသည် အရှိန်လျှော့ပြီးဓာက်ဆီဆိုင်ထဲသို့မောင်းဝင်လာခဲ့ သည်။သေချာပေါက်ကိုအနောက်ကကားတွေကလည်းမဝံတရဲနဲ့အရှိန်လျှော့လိုက်ကြပြီးလမ်းဘေးမှာ ရပ်ထားပေမယ့်သူတို့နှစ်ယောက်လိုတော့ချက်ချင်း မဆင်းလာကြပေ။
အကြောင်းပြချက်လား?
---ဓာက်ဆီဆိုင်ထဲမှာဇွန်ဘီအနည်းငယ်ရှိနေသည်။
သူတို့နှစ်ယောက်ကတော့နောက်ကကားတွေကို လျစ်လျူရှုပြီးဇွန်ဘီအနည်းငယ်ကိုကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းလိုက်သည်။ဟဲဇီကျုံးကသူ့လက်ထဲကစတီးပိုက်ကိုအသုံးပြုပြီးသူထိမိသော အဏုမြူကျောက်တုံးကိုနေရာလွတ်ထဲသို့ လျင်မြန်စွာထည့်လိုက်သည်။ဖန်ဟောင်သည်ကားကိုဆီဖြည်ရန်သွားပြီးဟဲဇီကျုံးသည်ဓာက်ဆီဆိုင် အခန်းထဲသို့ဝင်ကာဓာက်ဆီဘူးအသေးလေးတွေကို လည်းနေရာလွတ်ထဲသို့ထည့်လိုက်သည်။
ဖန်ဟောင်ဆီဖြည့်ဖို့သွားနေတာနှင့်ဇွန်ဘီတွေရှင်းလင်းသွားတာကိုသူတို့ရှာတွေ့သွားကြသည်။ကျန်တဲ့လူတွေကဘယ်လိုလုပ်ကားအထဲမှာနေနိုင်တော့မှာလဲ။သူတို့ကဓာက်ဆီဆိုင်သို့အလျင်အမြန်မောင်းလာပြီးဓာက်ဆီပိုက်ကိုယူကာဆီဖြည့်ကြတော့သည်။
သူတို့ထဲကလူတစ်ယောက်ကအလျင်အမြန်စဉ်စားမိသွားပြီးခုနလေးတင်ကဓာက်ဆီတွေကိုစုဆောင်းပြီးသွားပြီဖြစ်တဲ့ဟဲဇီကျုံးကိုဖြတ်ကာဓာက်ဆီဆိုင်ရဲ့အခန်းထဲသို့ အလျင်အမြန်ပြေးသွားသည်။
နောက်မှရောက်လာတဲ့လူ၏မျက်နှာသည် ရှက်ရွံ့သွားသည်။သူတို့ကဟဲဇီကျုံးရဲ့ကားအနောက်ကနေလိုက်နေတဲ့သူတွေဖြစ်ပြီးဒီယာဉ်တန်းကြီးအတန်းလိုက်ဖြစ်သွားရတဲ့အကြောင်းရင်းကို သေသေချာချာသိသူများဖြစ်သည်။ဟဲဇီကျုံးသည် သူတို့ကိုလျစ်လျူရှုလိုက်ပြီးလက်ဗလာဖြင့်ကားဆီသို့ပြန်လျှောက်လာသည်။
"ဖြည့်ပြီးသွားပြီလား"
ဖန်ဟောင်ကအသံကြားတော့သူ့ခေါင်းကို လှည့်လိုက်သည်။ဟဲဇီကျုံးဖြစ်နေသောကြောင့် သတ်ပြင်းချလိုက်ပြီးခေါင်းညိတ်လိုက်သည်။
ဟဲဇီကျုံးကပတ်ပတ်လည်ကိုကြည့်လိုက်သည်။သူတို့မြို့ပြင်ကနေမောင်းထွက်လာပြီးနောက်သူတို့ကိုလိုက်ဖမ်းနေသည့်ဇွန်ဘီများသည်နှေးကွေးသော ကြောင့်အနောက်မှကျန်ခဲ့သည်။အခုချိန်မှာတော့ လမ်းကအတော်လေးလုံခြုံနေသေးသည်။
"ခဏလောက်နားပြီးတစ်ခုခုစားကြရအောင်ပြီးမှ သွားကြတာပေါ့"
လူအနည်းငယ်ကလျှောက်လာပြီးဖန်ဟောင်ကိုတစ်စုံတစ်ခုလာမေးမြန်းသည်"မင်းတို့ယာဉ်တန်းက ဘယ်ကိုသွားမှာလဲ"
ဟဲဇီကျုံးကသူတို့ကိုကြည့်လိုက်ပြီးအနီးနားပတ်ပတ်လည်ကလူတွေကလည်းသူတို့၏စကားဝိုင်းကို နားထောင်ရန်ရှေ့သို့ကိုင်းညွတ်ကာနားစွင့်နေကြသည်ကိုတွေ့လိုက်ရသည်။အဲ့ဒါကြောင့်ဘဲသူကမနားလည်သောပုံစံဖြင့်"ဘယ်ယာဉ်တန်းလဲ"
လူအနည်းငယ်ကတုန်လှုပ်သွားပြီးအချင်းချင်းကြည့်ကာမေးလိုက်ကြသည်"မင်းတို့မြို့ထဲကနေ ထွက်ပြေးလာတာမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"အဲ့ဒါဘဲလေငါတို့လည်းမင်းတို့အဖွဲ့ဘယ်ကိုသွားနေတာလဲဆိုတာကိုမေးချင်တာ၊အခုချိန်မှာကအပြင်မှာအရမ်းအန္တရယ်များတယ်၊တစ်ယောက်တည်း လှုပ်ရှားဖို့မလုံခြုဘူး၊အဖွဲ့လိုက်သွားတာက ပိုကောင်းတယ်"
ဟဲဇီကျုံးကမျက်မှောင်ကြုံလိုက်ပြီး"ကျွန်တောတို့ကကားတစ်စီးနဲ့လူနှစ်ယောက်ထဲအခြားအဖွဲ့ဝင်မရှိဘူး"
ဖန်ဟောင်ကလည်းဘေးကနေဝင်ပြောလိုက်သည်"အစကတော့ကျွန်တော်တို့ကအစားစာရှာဖို့ ထွက်လာတာဒါပေမယ့်ကားမောင်းရင်းလမ်း တစ်ဝက်မှာကားတွေကနောက်ကလိုက်လာခဲ့တာ ပြန်လှည့်ဖို့စဉ်စားခဲ့ပေမယ့်ကျွန်တော်တို့ ပြန်လှည့်လို့မရဘူးလေအနောက်မှာ ဇွန်ဘီအုပ်လိုက်ကြီးရှိနေတာအဲ့ဒါနဲ့ကျွန်တော်တို့ လည်းမတက်နိုင်ဘဲမြို့ပြင်ကိုမောင်းထွက်လာတာ"သူပြောပြီးနောက်မျက်မှောင်ကြုံလိုက်ကာ "ကျွန်တော်တို့ကလည်းမေးချင်နေတာခဗျားတို့ဘယ်ကိုသွားမလို့လဲလို့ကျွန်တော်တို့အရှိန်လျှော့လိုတုန်းကဘာဖြစ်လို့ကျွန်တော်တို့ကိုမကျော်တက်သွား ကြတာလဲ"
လူအနည်းငယ်ကအံ့ဩတုန်လှုပ်သွားကြသည်။တစ်ချို့ကရှက်သွားပြီးတစ်ချို့ဒေါသထွက်လာကြသည်။သူတို့ကတင်မင်တကာကျယ်ကျယ်လောင်လောင် ဖြင့်"ငါတို့လည်းရှေ့ကိုမောင်းသွားချင်တာဘဲဘယ်သူ့ကားကရှေ့ရောက်နေတာလဲ ဟိုဘတ်ဒီဘတ်ယိမ်းထိုးနေပြီးတော့လမ်းလည်းမဖွင့်ပေးဘူး"
"ကျွတ်စ်ကားတွေနဲ့ဇွန်ဘီတွေကလည်းလမ်းပေါ်မှာရှိသေးတယ်ငါတို့ကအဲ့ဒါတွေကိုမရှောင်ဘဲနဲ့ဝင်တိုက်သွားရမှာလား"
"တကယ်ဘဲသူတို့ကဘာလို့မျက်စိစုံမှိတ်လမ်းပြ နေကြတာလဲ၊ပြီးတော့မှလာရှင်းပြမနေနဲ့"
"ဟေးဘာဖြစ်လို့ဓာက်ဆီဆိုင်မှာဓာက်ဆီမရှိတော့တာလဲ?ဘယ်အရူးကဓာက်ဆီတွေကိုအကုန်လုံးထည့်သွားတာလဲ'
ဟဲဇီကျုံးကဖန်ဟောင်ပုခုံးကိုပုတ်လိုက်ပြီးကားထဲ ဝင်ရန်တိုက်တွန်းခဲ့သည်။
သူတို့နှစ်ယောက်ကားကိုစတင်မောင်းထွက်လိုက်ပြီးမြောက်ဘတ်သို့မောင်းသွားခဲ့သည်။သူတို့နောက်ကိုလိုက်နေတဲ့ကားအနည်းငယ်ရှိနေသေးပြီးမနောက်ယှတ်ဖို့တွန်အားပေးလို့ရမည့်ပုံမပေါ်ပေ။ကံကောင်းစွာဖြင့်ခုနကကားတန်းကြီးနှဲ့ယှဉ်ကြည့်ရန်ခုအရေအတွက်သည်အများကြီးနည်းသွားသည်။
ခဏလောက်မောင်းပြီးနောက်တွင်ဟဲဇီကျုံးသည်၂၄နာရီစတိုးဆိုင်မှာရန်ရန်ရွှေးချယ်လိုက်သည်။သူတို့ နောက်ကလိုက်လာတဲ့ကားသုံးစီးကလည်းရပ်သွား ကြသည်။
ဒီလမ်းကိုကဖြတ်သွားတဲ့လူတွေသိပ်မရှိပေ။ ရံဖန်ရံခါသာတစ်ဖတ်ကနေလာတဲ့ကားတွေနဲ့လမ်းဆုံကနေဖြတ်သွားတဲ့ကားတွေလည်းရှိသည်။
ဟဲဇီကျုံးကသတ်ပြင်းချလိုက်ပြီးခုနကဓာက်ဆီဆိုင်မှာလည်းတွေခဲ့ရတဲ့အမျိုးသားကိုမြင်လိုက်သည်။ ထိုအမျိုးသားသည်သူ့ဘတ်ကိုလျှောက်မလာခင် နောက်ကကားနှစ်စီးကလူတွေနှင့်တစ်ခုခုဆွေးနွေးခဲ့ပုံရသည်။အဲ့ဒါကိုမြင်တော့ဟဲဇီကျုံးသည်တံခါးကိုဖွင့်ပြီးနှုတ်ဆက်လိုက်သည်။
"ဒီကညီငယ်အကို့မျိုးရိုးကဝမ်နာမည်က ဝမ်ထန်းချောင်"ထိုအမျိုးသားကစီးကရက်တစ်လိပ်ကမ်းပေးရင်းပြောလိုက်သည်။
ဟဲဇီကျုံးကခေါင်းယမ်းကာငြင်းဆိုလိုက်ပြီး "ရပါတယ်ကျွန်တော်မသောက်တော့ဘူး"
"အမ်…..ငါတို့အကုန်လုံးကFမြို့ကနေ ထွက်ပြေးလာကြတာခုနကငါတို့ထင်မြင်လွဲမှားမှုတွေရှိခဲ့ပေမယ့်ဘာဘဲဖြစ်ဖြစ်ပါကမ္ဘာကြီးကအခု မငြိမ်းချမ်းသေးဘူးလမ်းတစ်ခုကိုလူတွေများကြီးနဲ့သွားတာပိုကောင်းတယ်၊မင်းတို့ဘယ်သွားကြမှာလဲ သွားမယ့်လမ်းတူရင်ငါတို့အတူတူသွားကြမလား"
ဟဲဇီကျုံးကနှုတ်ခမ်းတောင့်တွေတွန့်သွားပြီးထိုလူတွေကိုစူးစိုက်ကြည့်လိုက်ကာ"ကျွန်တော်တို့ကသွားစရာနေရာမရှိဘူး၊ဒါပေမယ့်Aမြို့မှာဆွေမျိုးတွေရှိတယ်အဲ့တာကြောင့်အဲ့ကိုတစ်ချက်လောက်သွားကြည့်မလို့"
ထိုအသံကိုကြားသောအခါထိုလူများသည်ကြက်သေသေသွားပြီးဝမ်ထန်းချောင်ကမျက်မှောင်ကြုံလိုက်ကာဖျောင်းဖျသောပုံစံဖြင့်"မင်းFမြို့ကအခြေနေကိုလည်းမြင်တာဘဲ၊ငါလိုင်းပေါ်မှာ ဖတ်ကြည့်သလောက်တော့ငါတို့မြို့လိုဘဲကမ္ဘာကြီးတစ်ခုလုံးဇွန်ဘီတွေပျံ့နှံ့နေပြီတဲ့ပြီးတော့Aမြို့က Fမြို့ထက်တောင်လူဦးရေပိုများသေးတယ်၊ခုခြေနေတိုင်းဆိုFမြို့ကပိုအန္တရယ်များမယ်လို့ငါထင်တယ်"
ဟဲဇီကျုံးပြန်မပြောရသေးခင်တစ်ခြားကားထဲက အမျိုးသမီးကရုတ်တရက်ဖြတ်ပြောလိုက်သည်"ဘာဘဲဖြစ်ဖြစ်Aမြို့ကအဓိကမြို့တော်လေဒီနေရာကို ဘယ်သူမှဂရုမစိုက်ပေမယ့်ဟာAမြို့ကိုတော့ဂရုမစိုက်ဘဲမနေလောက်ဘူးမလား"
"ဒါပေမယ့်လည်းအင်တာနက်ပေါ်မှာပြောထားတာတော့Aမြို့ရဲ့လမ်းတွေပေါ်မှာဇွန်ဘီတွေအပြည့်ဘဲတဲ့ပုံတွေကိုကြည့်ရတာလည်းFမြို့ထက်တောင် အခြေနေဆိုးတဲ့ပုံဘဲ"
"ငါအထင်ကတော့ရွာတွေကပိုအဆင်ပြေတယ်ဖျားတဲ့လူလည်းနည်းမယ်အစားစားနဲ့လယ်မြေတွေ လည်းပေါ်တယ်ပြီးတော့မြို့ထက်စာရင်ဇွန်ဘီတွေ နည်းမှာသေချာတယ်"
"အနောက်မြောက်ဘတ်ကိုသွားတာပိုမကောင်းဘူးလားအဲတာကပါအဆင်မပြေရင်လိုင်းပေါ်မှာပြောတဲ့အတိုင်းချင်ဟိုင်_တီးဗတ်ကုန်းမြေမြင့်ကို သွားကြမလား"
ကားသုံးစီးပေါ်မှလူတစ်ဒါဇင်ကျော်သည်ခုချိန်ထိသဘောတူညီမူမရသေးပေ။ဟဲဇီကျုံးကကူကယ်ရာမဲ့စွာဖြင့်ဝမ်ထန်းချောင်ကိုပြောလိုက်သည်"နောက်မှ ထပ်ပြီးဆွေးနွေးကြတာပေါ့ဒါပေမယ့်Aမြို့ကိုသွားဖို့ကငါတို့အတွက်ပိုဖြစ်နိုင်ချေများမှာကိုစိုးရိမ်တယ်"
ဖန်ဟောင်ကဟဲဇီကျုံးကားထဲကိုပြန်လာတာတွေ့ တော့သူကမေးလိုက်သည် "စီနီယာဘယ်လိုဖြစ်သွားပြီလဲ"
ဟဲဇီကျုံးကသူ့ခေါင်းကိုခါလိုက်ပြီး"သူတို့တွေခုထိသဘောတူညီမှုမရသေးဘူးဒါပေမယ့်ဒီနေ့ညတော့ စခန်းချရတော့မယ်"
မြို့Aဟဲဇီကျုံးကခုချိန်မှာအခြေစိုက်စခန်းထောင် ထားပြီလားဆိုတာရှင်းရှင်းလင်းမသိသော်လည်း ဒါပေမယ့်အနှေးနဲ့အမြန်တော့တည်ထောင်မှာဖြစ်သည်။
သူ့အရင်ဘဝကအမျိုးမျိုးသောအကြောင်းပြချက် ကြောင့်ကျန့်ကြာနေကာသူ့Aမြို့ကိုနှစ်လကျော် လောက်မှရောက်သွားသည်။ဒါပေမယ့်အခုသူနှောင့်နှေးနေဖို့ရည်ရွယ်ချက်မရှိပေ။
ဖန်ဟောင်ကပတ်ပတ်လည်ကိုကြည့်လိုက်သည်။ အဝေးပြေးလမ်းမကြီးရဲ့ရှေ့မှာလည်းရွာမရှိဘဲ အနောက်ပြန်ကြည့်တဲ့အခါမှာလည်းမြင်နိုင်တဲ့ အဆောက်အဦးမရှိပေ။သို့သော်အဝေးကအထပ်မြင့် အဆောက်အဦးအနည်းငယ်၏အရိပ်တွေတော့မြင်နိုင်သည်။
"ကျွန်တော်ဒီညဘဲစခန်းချလို့ရမလား"
ဟဲဇီကျုံးကခေါင်းငြိမ့်လိုက်ပြီး"ကားပေါ်မှာအိပ်ကြတာပေါ့ညဘတ်အလှည့်ကျကင်းစောင့်ပြီး အိပ်ကြတာပေါ့"
ဖန်ဟောင်ကခဏလောက်စဉ်စားပြီး"အဲ့တာဆို စီနီယာအရင်အိပ်လိုက်လေညလယ်လောက်ရောက်မှကျွန်တော်နိုးလိုက်မယ်၊မနက်ကြရင်အလှည့်ကျ ကားမောင်းကြတာပေါ့အဲ့ဆိုအိပ်ရေး သိပ်မပျက်တော့ဘူး"
ဟဲဇီကျုံးကညတိုင်းဖျားနေတုန်းဖြစ်ပေမယ့်ဖျားတဲ့အချိန်ကတော့သိပ်မကြာတော့ဘူး၊အရင်ဘဝက ထက်စာရင်တော့ပိုကောင်းလာသည်။သူ့အရင်ဘဝတုန်းကတခြားသူတွေနဲ့သာခရီးသွားနိုင်ခဲ့ပြီးညချိန်မှာလည်းတခြားသူတွေနဲ့သာကင်းစောင့်နိုင်သည်။ နေရာလွတ်ထဲမှာဘဲနေပြီးထွက်လာဖို့ငြင်းဆန်သည့်သိုက်ကျွင်းကိုတော့ထည့်တွက်ဖို့မဖြစ်နိုင်ပေ။
ဆန့်ကျင်ဘတ်ဖြစ်စေအတိတ်နှင့်ပစ္စုန်ကမည်သို့ပင်ဖြစ်စေသူ့အရင်ဘဝမှာလည်းဖန်ဟောင်နဲ့အတူတူရှိခဲ့ပေမယ့်တစ်ချိန်လုံးစီနီယာလို့ခေါ်နေပြီးချစ်သူ တော့မဖြစ်ခဲ့ပေ။
"ညစာစားမယ်လေ"သူ့ဆံပင်တွေကိုပွတ်ပေးရင်း ဟဲဇီကျုံးသည်ဖန်ဟောင်မနေ့ကလုပ်ထားတဲ့ ခရီးဆောင်အစားစာတွေဖြစ်တဲ့-အကြော်လိပ်နှစ်လုံးနဲ့အသားမုန့်မျိုးစုံအပြင် ကောင်ညှင်းဆုပ်နှစ်လုံးနဲ့နေရာလွတ်ထဲကရေအပြည့်ထည့်ထားတဲ့ပုလင်းတွေကိုထုတ်လိုက်သည်။
ရနံ့ကိုအနံခံရင်းသူတို့နှစ်ယောက်သည်အလုပ်များ နေသည်။သူတို့တခြားအသတ်ရှင်ကျန်ရစ်သူများနှင့် တွေ့ခဲ့ပြီးလမ်းပေါ်တွင်အချိန်အကြာကြီးရှိနေသောကြောင့်သူတို့ခုချိန်ထိတစ်လုပ်တောင်မစားရသေး ပေ။သူတို့အကယ်လို့နေရာလွတ်ထဲကနေရုပ်ပိုင်းဆိုင်ရာခွန်အားပြန်လည်မြှင့်တင်နိုင်တဲ့ရေမရှိဘူးဆိုရင် သူတို့ခုချိန်ထိဘယ်လိုလို့တောင့်ခံနိုင်ပါမလဲ?
"ကမ္ဘာပျက်ကပ်မှာဝနေတဲ့လူတွေကတော့ဝိတ်ကျသွားတော့မှာဘဲ"ဖန်ဟောင်ကအကြော်လိပ်နှစ်လိပ်ကိုယူပြီးတစ်ကိုက်ကိုက်လိုက်သည်။
ဟဲဇီကျုံးသည်ရယ်လိုက်ပြီး"နောင်အနာဂတ်မှာ Tangမင်းဆက်လိုဝတဲ့သူတွေကသာအလှတရားလိုမျိုးဖြစ်လာမယ်လို့ခန့်မှန်းမိတယ် …..ဟား…ဟား.."စဉ်စားကြည့်ရင်သိပ်မကြာခင်တစ်နှစ်ခွဲလောက်မှာဝတဲ့သူတွေကိုမြင်နိုင်ဖို့ခဲယဉ်းလာလိမ့်မည်။
သူတို့ကားထဲမှာအစားသောက်တွေရဲ့ရနံတွေနဲ့ပြည့်နေသည်။ထမင်းလုံးကအဆင်ပြေသည်။ နောက်ဆုံးတော့အေးပြီးအနံကလည်းအကန့်သတ်ရှိသည်။ဒါပေမယ့်ဟင်းသီးဟင်းရွတ်နဲ့အသားတွေအဆာသွပ်ထားပြီးဖုတ်ထားသည့်မုန့်တွေသည်နေရာလွတ်မှာတည်းကပူပူလေးဖြစ်နေသောကြောင့်ခုချိန်ထိလည်းပူသေးသည်။လတ်လတ်ဆတ်ဆတ် ဖုတ်ထားသောအရာတစ်ခုကဲ့သို့မွှေးရနံများပြည့်လျှံလာစေရန်ပြီးပြည့်စုံသောအပူချိန်ဖြစ်သည်။
မနီးမဝေးကကားတွေကအနံကိုအနံခံနေရင်း"ဘယ်သူအိမ်ကဟင်းချက်နေတာလဲ"
ဒါပေမယ်အနီးနားကနေရာသည်မြေလွတ်များနှင့်လယ်ကွင်းများဖြစ်ပြီးအဝေးမှအထပ်မြင့်အဆောက်ဦးချို့ရဲ့အရိပ်ကိုသာမြင်နိုင်သည်။သူတို့ဘယ်နေရကလည်းဆိုတာရှာတွေ့နိုင်မလဲ။
ကံကောင်းစွာဖြင့်ကမ္ဘာပျက်ကပ်ဖြစ်တာ ရက်အနည်းငယ်ဘဲရှိသေးတာဖြစ်သောကြောင့် လူတိုင်းသည်အစာနှင့်ရေကိုတက်နိုင်သလောက်အများကြီးစုဆောင်းထားကြပြီးသူတို့ရဲ့အစာအိမ်ကို ဖြည့်ရန်အတွက်တခြားသူတွေကိုမတိုက်ခိုက်ချင်ပေ။
ထို့နောက်သူတို့ညစာစားပြီးရေသောက်ပြီးတဲ့အထိကားတံခါးတွေကမပွင့်လာကြပေ။
အဲဒီလူတွေကသူတို့ရဲ့ကြွတ်သားတွေနဲ့အရိုးတွေကို လုပ်ရှားဖို့နဲ့လတ်ဆတ်တဲ့လေကောင်းလေသန့်ရဖို့ အောက်ကိုဆင်းလာပုံရသည်။အရင်ကသူတို့နဲ့ပြောဖူးတဲ့သူကပြန်လာသည်။
"ငါတို့အနောက်မြောက်ဘတ်ကရွာလေးတစ်ရွာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်အဲ့မွေးရပ်မြေက အဲ့မှာလေ"
ဖန်ဟောင်ကခေါင်းငြိမ့်လိုက်ပြီးဘာမှမပြောပေ။ ကမ္ဘာပျက်ကပ်ပြီးနာက်မှာကူးစက်ရောဂါအခြေနေသိပ်မပြင်းထန်သောကျေးရွာအချို့အမှန်တကယ်ထိန်းသိမ်းထားနိုင်ကြောင်းသိသည်။အထူးအခြေနေမရှိသရွှေ့ရွာရှိဇွန်ဘီများကိုရှင်းလင်းပြီးရွာမှာဘေးကင်းအောင်ပြုလုပ်ပြီးနေနိုင်သည်။
"ငါတို့Aမြို့ကိုမသွားပေမယ့်ငါတို့လမ်းတစ်ဝက် လောက်တော့တူနေသေးတာဘဲငါတို့ခဏလောက်အတူတူသွားကြမလားအဲ့တာပိုလုံခြုံတာပေါ့"
အစကထိုလူတွေကအားလုံးအတူတကွလုပ်ဆောင်သင့်သည်မျိုးကိုလုံးဝဂရုမစိုက်ပေ။သို့သော်လည်းဟဲဇီကျုံးရဲ့ကားနောက်ကိုလိုက်လာသောသူများသည်ဇွန်ဘီများကိုရှင်းလင်းရန်အသုံးပြုသောသေသပ်သောနည်းလမ်းများကိုတွေ့မြင်ခဲ့ကြရသည်။
ထိုဇွန်ဘီများသည်လူသားများမဟုတ်တော့သည်မှာထင်ရှားသော်လည်းခေတ်သစ်လူအများစုသည်ငါးတစ်ကောင်ကိုတစ်ခါမျှမသတ်ဖူးသေးဘဲ၎င်းတို့၏ ဆွေးမျိုးဟောင်းများနှင့်ရင်ဆိုင်ရသောအခါတွင်မည့်သည်အရာမှမလုပ်နိုင်ကြပေ။တစ်ချို့ကသူတို့ကို အန္တရယ်ဖြစ်စေတဲ့ဇွန်ဘီတွေကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်တောင်ဟဲဇီကျုံးနဲ့ဖန်ဟောင်လောက် လွယ်ကူရိုးရှင်းစွာမတိုက်ခိုက်နိုင်ပေ။
လမ်းတစ်လျှောက်တွင်သန်မာသောသူများနှင့် ပူပေါင်းချင်သည်မှာသဘာဝပင်ဖြစ်သည်။
အကယ်၍သူတို့ရွာရောက်တဲ့အထိအနည်းဆုံး တစ်နှစ်စာလောက်သာအစားအစာ လုံလောက်လောက်မရှိခဲ့ဘူးဆိုရင်ဒီလူငယ် နှစ်ယောက်ကိုအနိုင်ရဖို့အတွက်ပြင်းပြင်းထန်ထန် ကြိုးစားနိုင်သည်။