no

Font
Theme

Chapter30


Aမြို့ရှိယာယီအခြေစိုက်စခန်းတွင်နိုင်ငံ၏အရေးကြီး    ပုဂ္ဂိုလ်အချို့သည်ဗီလာ၏ရှုပ်ထွေးမူနဲ့ပတ်သတ်ပြီးအစည်းအဝေးထိုင်နေကြသည်။

"အခြေနေကတော်တော်လေးဆိုးရွားနေတယ်၊ ဆေးရုံလေးတစ်ခုဘဲရှင်းလင်းရေးလုပ်တာကို   စစ်သား၁၀၀ကျော်လောက်ဆုံးရှုံးသွားတယ်၊ကျည်တွေဆိုရေတွက်လို့တောင်မရဘူး"

"အရင်ကတော့ပြုပြင်မွမ်းမံပြီးစုစည်းဖို့နှင့်စစ်သားတွေကိုမြို့ပြဧရိယာတွေကိုပြန်လည်သိမ်းယူဖို့     အစီစဉ်ဆွဲထားပေမယ့်၊အခုတော့အတိုင်းအတာတစ်ခုအထိတော့ခတ်ခဲမယ့်ပုံဘဲ"

"ဇွန်ဘီတွေရဲ့လှုပ်ရှားမူတွေကပိုမြန်လာတယ်၊ငါတို့ရဲ့စစ်သားတွေကိုခုချိန်ရင်ဆိုင်ခိုင်းလို့မဖြစ်သေးဘူး"

"အကယ်လို့………အဲ့လိုဇွန်ဘီမျိုးသာဆို?အဲ့လို     ဇွန်ဘီမျိုးသာထပ်တွေ့မယ်ဆိုရင်၊ငါတို့မြို့အတွင်းပိုင်းကိုသာဝင်သွားမယ်ဆိုရင်ကြီးမားတဲ့အခတ်ခဲနဲ့         ရင်ဆိုင်ရလိမ့်မယ်"

"ဟုတ်တယ်၊ငါတို့ရဲ့လက်ရှိနေရာကိုအရင်တည်ငြိမ်အောင်လုပ်ပြီးမှဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်ယူဖို့ကိစ္စကိုစဉ်းစားတာကောင်းမယ်"

အခုအခြေနေကသိပ်မတည်ငြိမ်သေးဘူး၊ အကြီးကဲများကသူတို့၏တပ်သားများကိုလမ်းဘေးကကျောက်စရစ်ခဲလိုအသုံးချဖို့ဆန္ဒမရှိပေ။ဆေးရုံကို   ရှင်းလင်းဖို့အတွက်လူအများကြီးဆုံးရှုံးခဲ့တယ်………..အနဂတ်ကျရင်ဘယ်လိုလုပ်မလဲ။

အချိန်အကြာကြီးဆွေးနွေးပြီးနောက်အောက်ပါ အစီစဉ်များကိုရေးဆွဲခဲ့သည်……..

၁-ယာယီအခြေစိုက်စခန်းထဲကဇွန်ဘီတွေအားလုံး        ရှင်းပစ်ရန်နှင့်သုံးရက်အတွင်းဘေးကင်းဇုန်ကိုလုံးဝ ဘေးကင်းတဲ့စံနှုန်းကိုရရှိဖို့ကြိုးစားရန်

၂-လုံခြုံရေးဧရိယာ တစ်ဝိုက်တွင်တက်နိုင်သလောက် ခြံစည်ရိုးများပြုပြင်ခြင်း၊ကတုတ်ကျင်းများတူးခြင်း၊ကာကွယ်ရေးပိုက်ကွန်များလုပ်ခြင်း၊လုံခြုံရေး တာဝန်ထမ်းဆောင်ခြင်း

၃မြို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းနှင့်ရေရှည်ခုခံစစ်ပွဲအတွက်ပြင်ဆင်ရန်ပါဝင်သည့် အစိုးရအဖွဲ့စည်းများမဟုတ်သည့်အဖွဲ့အစည်း များ၊သာမာန်နေထိုင်သူများကိုအခကြေးငွေအနေဖြင့်အစားသောက်များနှင့်အခြားအရာများကိုပေးမည်

၄-အရပ်သားအဖွဲ့များသည်ရိက္ခာရှာရန်အပြင်ကို ထွက်နိုင်သည်။တစ်ချိန်တည်းမှာပင်မြို့ပြဧရိယာကို တက်နိုင်သလောက်အမြန်ဆုံးပြန်ရဖို့ကြိုးစားရန်အတွက်မြို့ပြဧရိယာရဲ့အခြေနေကိုစုံစမ်းရန်နှင့်ဇွန်ဘီများ၏ဗီဇပြောင်းလဲဖြစ်ပေါ်မူများကိုလေ့လာရန်စစ်သားများကိုစေလွှတ်မှာဖြစ်သည်။

ခေါင်းဆောင်ပိုင်းများသည်အပြင်းဖျားဖျားပြီးနောက်သာမာန်လူတစ်ချို့သည်ဇွန်ဘီများမဖြစ်လာဘဲ   စွမ်းအင်များနိုးထလာကြကြောင်းကိုသိသည်။မူလကထို့သို့စွမ်းအင်နိုးထခြင်းသည်အဓိကထားအာရုံစိုက်ရန်ဆွဲဆောင်ခဲ့ပြီးသူတို့ကမထိန်းချုပ်နိုင်သော အခြေနေများကိုရှောင်ရှားရန်စွမ်းအင်နိုးထသူများကိုထိန်းချုပ်ရန်အစီစဉ်ရှိခဲ့သည်။

သို့သော်လည်းဇွန်ဘီများမျိုးရိုးဗီဇများပြောင်းလဲတိုးတက်လာမူသည်ကြီးမားသောကြောင့်အဲ့ဒီကိစ္စကို   ခဏဆိုင်းငံ့ထားခဲ့သည်။ယခုမူပြင်ပအခြေနေကို     မသိရသေးသောကြောင့်ရုတ်တရက်စွမ်းအင် နိုးထသွားသည့်မတည်ငြိမ်တဲ့အကြောင်းရင်းဖြစ်စေနိုင်တဲ့၎င်းတို့ကိုအခြေနေများကိုစုံစမ်းရန်ကူညီ ခွင့်ပြုလိုက်ခြင်းသည်ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းနှင့်ဖြေရှင်းနိုင်မည်ဖြစ်သည်။

အစည်းအဝေးပြီးမှာအသေးစိတ်အချက်လတ်တွေကိုဆုံးဖြတ်ခဲ့ကြသည်။လုံခြုံရေးဧရိယာထဲတွင် ဇွန်ဘီများကိုရှင်းလင်းရန်စစ်သားများကို စေလွှတ်ခြင်းအပြင်ကျန်တစ်ဖွဲဝင်များနှင့်အင်ဂျင်နီယာအားလုံးနီးပါးကိုအစွန်အဖျားမှာရှိတဲ့မြို့နံရံများကိုပြုပြင်မွမ်းမံ့ခြင်း၊ကတုတ်ကျင်းများတူးခြင်း၊         ဝါယာကြိုးများပြုပြင်ခြင်းကိုလည်းစေလွှတ်ခဲ့သည်။

ထို့အပြင်အခြေစိုက်စခန်းအတွင်း၌အလုပ်များစွာကျန်နေသေးသလိုလုပ်အားအကူအညီများလည်း များစွာလိုသေးသည်။

……………..

………………………….

နေရာလွတ်ထဲမှာတစ်ညလောက်အနားယူပြီးနောက်ဖန်ဟောင်သည်နောက်တစ်နေ့မနက်တွင်မနက်စချက်ရန်အိပ်ယာထဖို့စိတ်မပူခဲ့ပေ။အဲ့အစား   အရင်ကသူ့လုပ်ထားတဲ့ဘန်းမုန့်နဲ့ပြောင်းဆန်မတ်ပဲယောဂုကိုသာထုတ်ယူလိုက်သည်။စုံတွဲက  နေရာလွတ်ထဲကနေထွက်ပြီးအပြင်ကဧည့်ခန်းတွင် မနက်စာစားလိုက်သည်။

"လူတွေပိုများလာသလိုဘဲ၊အသစ်ရောက်လာတဲ့သူတွေဖြစ်မယ်"မနက်စာစားပြီးနောက် နှစ်ယောက်သားဒုတိယထပ်ကနားနေခန်းထဲကနေ ကားတွေကိုကြည့်လိုက်သည်။

ဟဲဇီကျုံးကခေါင်းငြိမ့်လိုက်သည်။ဒီလူတွေကမနေ့ကအပြင်မှာတစ်ညလောက်သီးသန့်နေပြီးနောက်      ဝင်ခွင့်ပြုထားတဲ့လူတွေဖြစ်လောက်သည်။ဒီနည်းလမ်းကလူတိုင်းအတွက်တော့မဟုတ်ဘူး။တစ်ချို့လူတွေကအဆက်အသွယ်ကနေတစ်ဆင့်တောင်းဆိုပြီးဝင်လာတာဖြစ်သည်။

အထူးသဖြင့်တစ်ချို့အသစ်ဝင်ရောက်လာသူများ ထဲတွင်အချို့လူများသည်ဗီလာဧရိယာထဲတွင် တိုက်ရိုက်ဝင်ရောက်နေထိုင်နိုင်သည်။ကမ္ဘာပျက်ကပ်မတိုင်ခင်ထဲကဒီမှာအိမ်ရှိနေတာသို့မဟုတ်ဒီနေရာမှာနေထိုင်ရန်အတွက်အထူးအဆင့်တန်းတစ်ခုခုရှိ နေတာကိုပြသနေသည်။

ဘယ်အဖွဲ့ကိုရောက်သွားပါစေ၊သူတို့မှာ တိကျသေချာတဲ့အထောက်အထားရှိတယ်။အဲ့ဒါကို  ငြင်းလို့မရဘူး။

တစ်ချို့စစ်သားများသည်ဗီလာဧရိယာထဲကနေ         လက်နက်များနှင့်အတူလက်ကမ်းကြော်ညာစာများကိုကိုင်ဆောင်လာကြသည်။ခဏအကြာတွင်        တစ်စုံတစ်ယောက်၏တံခါးခေါက်သံကိုကြားလိုက်ရသည်။

ဟဲဇီကျုံးကထလိုက်ပြီးအောက်ထပ်ကို             ဆင်းသွားတော့ဖန်ဟောင်ကလည်းလိုက်လာသည်။သူတို့နှစ်ယောက်သည်အသစ်ထွက်ရှိလာတဲ့   ယာယီဘေးကင်းရေးဇုံရဲ့စည်းမျဉ်းစည်းကမ်းများကို     ဖတ်ပြီးနှစ်ယောက်သားအပြန်အလှန်စိုက်ကြည့်    လိုက်ကြသည်။မမျှော်လင့်ထားစွာဘဲသူတို့ရှာဖွေနေတဲ့အခွင့်အရေးကလျင်မြန်စွာရောက်လာခဲ့သည်။

အိမ်ထောင်စုတစ်စုတွင်လက်ကမ်းစာစောင် တစ်စောင်ဖြစ်ပြီးပရင့်ထုတ်ထားတဲ့A4စာရွတ်တွင်   အရှေ့ကော၊အနောက်ကောအကြောင်းအရာများနှင့်   ပြည့်နေသည်။

အခြေစိုက်စခန်းကမဖြစ်မနေလိုက်နာရမည့်         အလုပ်သမားစည်းမျည်းကိုကြော်ညာခဲ့သည်။လူတိုင်းသည်အခြေစိုက်စခန်း၏ဆောက်လုပ်ရေးထဲတွင်  ပါဝင်ရမည်ဖြစ်သည်။အခကြေးငွေအနေဖြင့်"လစာ"နှင့်ပတ်သတ်ပြီးအလုပ်အမျိုးအစားတစ်ခုချင်းစီအတွက်ရှင်းရှင်းလင်းလင်းရေးသားထားသည်။

လုပ်အားခအနေနဲ့တော့ထမင်းသုံးနပ်၊ရေ၊အစားအစာနှင့်pointတို့ဖြစ်သည်။ဘယ်သူကမှ ကမ္ဘာပျက်ကပ်မတိုင်ခင်ကအသုံးပြုခဲ့သော ငွေကြေးကိုမဖော်ပြခဲ့ပေ။လက်ရှိအခြစိုက်စခန်းတွင်လွန်ခဲ့သောဆယ်စုနှစ်များကဲ့သို့ပင်ယာယီငွေကြေး အနေဖြင့်pointစနစ်ကိုအခြေခံပြီးpointကို အခကြေးငွအဖြစ်အသုံးပြုထားသည်။

စာရင်းကိုပြန်ကြည့်လိုက်တော့သူတို့ရဲ့ လက်ရှိအခြေနေနဲ့အကိုက်အညီဆုံးအလုပ်ဖြစ်တဲ့ ပြာသယ်တဲ့အလုပ်ကိုတွေ့လိုက်သည်။

လက်ရှိအခြေနေရဇွန်ဘီအလောင်းများနှင့်ထိတွေ့လျင်သူတို့ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ပြီးဇွန်ဘီဖြစ်လာမလာကိုဘယ်သူမှမသိကြပေ။အဖြေကပိုလို့တောင်   မသေချာပေ။

အသတ်ရှင်ကျန်ရစ်သူများသည်ယေဘုယျအားဖြင့် ဇွန်ဘီနဲ့ဆက်စပ်နေတဲ့အလုပ်ကိုရှောင်ကြဉ်ကြ  သည်။သေချာတာပေါ့လက်ကမ်းစာစောင်ကိုဖတ်ပြီးနောက်လူအများစုသည်ပါဝင်ဖို့ဆန္ဒမရှိကြပေ။ လူတွေကိုအများကြီးဝေစု(လုပ်ခအနေနဲ့အစားစာနဲ့ရေ)ပေးထားရင်တောင် လွန်ခဲ့တဲ့နှစ်ရက်ကရောက်လာတဲ့လူများပင်  အစားအစာအချို့နှင့်ရေများရှိသည်။

လူများသည်အနာဂတ်တွင်စားနပ်ရိက္ခာပြတ်လပ်မည်ကိုစိုးရိမ်သော်လည်းလက်တလော မသိရသေးသည့်အခြေနေများကြောင့်လုပ်ဆောင်ရန်တွန့်ဆုတ်နေကြဆဲဖြစ်သည်။

လက်ကမ်းစာစောင်ထဲတွင်လူတိုင်းဆောက်လုပ်ရေး လုပ်ငန်းတွင်ပါဝင်ရန်လိုအပ်သည်ဟုကြော်ညာထားသော်လည်းလူတိုင်းသည်အများပြည်သူနှင့် ဆိုင်သောတာဝန်များကိုထမ်းဆောင်ရန်ဆန္ဒမရှိဘဲ သူတို့၏ကိုယ်ပိုင်အရေးကိစ္စများကိုသာဆောင်ရွတ်       ချင်ကြသည်။အိမ်တွင်အစားအစာရှိသည့်လူများသည်မလှုပ်ရှားကြပေ။

အချို့သောသူတို့သည်အသတ်ရှင်သန်ရန်အတွက် ပါဝင်ဆောင်ရွတ်ကြသော်လည်းအလောင်းတွေ    ကိုင်တွယ်ဆောင်ရွတ်ရသည့်ကိစ္စများတွင်ဘယ်သူမှ   မပါဝင်ကြပေ-ကမ္ဘာပျက်ကပ်မတိုင်ခင်ကတောင်        လုပ်ခဲသည့်ကိစ္စဖြစ်သည်။ဇွန်ဘီရဲ့အလောင်းတွေကနေလည်းရောဂါပိုးကူးစက်နိုင်လားဆိုတာကို  ဘယ်သူသိမှာလဲ။အခုကမရေတွက်နိုင်သောလူများသည်အခြားလူများကဇွန်ဘီတွေဆီကနေဖမ်းခံရပြီးတစ်ခါလောက်လက်သည်းလေးနဲ့ခြစ်မိယုံဖြင့်ဇွန်ဘီအဖြစ် ပြောင်းသွားသည်ကိုမျက်မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

သူတို့နှစ်ယောက်သည်အလောင်းသယ်တဲ့အလုပ်ကိုမရွှေးချယ်ခဲ့ဘဲအဲ့တာနဲ့ယှဉ်ရင်ရှေးရိုးဆန်သော   ပြာသယ်တဲ့အလုပ်ကိုရွေးလိုက်သည်။နောက်ဆုံးတွင်လေထဲမှာပျောက်ချင်းမလှပျောက်သွားမည့် အလောင်းတစ်လောင်းထက်စာရင် လက်တစ်ဆုပ်စာပြာသည်ပိုမိုထင်ရှားပေါ်လွင်ပါသည်။အဲ့တာဆိုရင်တောင်သူတို့နှစ်ယောက ်ဗီလာအပြင်ကမှတ်ပုံတင်ရုံးမှာဖောင်ဖြည့်ပြီးတဲ့ အခါဝန်ထမ်းများသည်သူတို့ကိုမကြည့်ဘဲမနေနိုင် ကြပေ။

ဟဲဇီကျုံးကတည်ငြိမ်စွာပြုံးပြီးပုခုံးတွန့်လိုက်သည်"မတက်နိုင်ဘူးလေ၊ငါဒီကိုပြန်ပြေးလာတုန်းက ငါအစားစာတွေသယ်ဖို့အချိန်မရှိဘူးလေ၊အရင်တုန်းကလည်းငါဗီလာမှာအကြာကြီးမနေခဲတာ"

ဒီနေရာရဲ့ဗီလာမှာနေတဲ့လူအများစုသည် ချမ်းသာကြပြီးအများစုမှာပိတ်ရက်နှင့်အားလပ်ရက်များတွင်သာတစ်ရက်သို့မဟုတ်နှစ်ရက်သာနေထိုင်ရန်လာကြမှန်းဝန်ထမ်းများကသိကြသည်။သူတို့ ဒီနေရာမှာအစားအသောက်တွေအများကြီး         မပြင်ဆင်ထားတာကသဘာဝကျသည်။

ပြာများသယ်ယူခြင်းလုပ်ငန်းသည် တားမြစ်ထားသော်လည်းရိက္ခာပေးချေမူမှာအတော်အတန်မြင့်မားသည်။အလောင်းများသယ်ယူပို့ဆောင်ခြင်းသည်အခကြေးငွေအမြင့်ဆုံးဖြစ်ပြီးဒုတိယသည်ထောက်ပံရေးပစ္စည်းများရှာဖွေခြင်းဖြစ်သည်။

ဒါမေယ့်အပြင်ထွက်ခိုင်းတဲ့တာဝန်သည် လူတစ်ယောက်၏လုပ်နိုင်စွမ်းပေါ်မှာမူတည်ပြီး-အပြင်ထွက်ပြီးနောက်အသတ်ရှင်လျက်ပြန်လာနိုင်ရန်တစ်စုံတစ်ယောက်အားအာမခံပေးဖို့အရမ်းခတ်ခဲသည်။

နှစ်ယောက်သားစာရင်းသွင်းပြီးနောက်ရပ်ကွတ်ထဲသို့ပြန်လာခဲ့ကြသည်။အနီးနားမှာနေကြသည့်လူတစ်ချို့ကလည်းတစ်ယောက်ပြီးတစ်ယောက်စာရင်းသွင်းဖို့အတွက်လာကြသည်သို့သော်လည်းအများစုသည်အိမ်တွင်အစားအစာတွေအများကြီးမရှိသည့်လူများသာဖြစ်သည်။ကျန်လူအများစုသည် ဘေးကင်းဇုံကိုရောက်ရှိလာပြီဖြစ်သောကြောင့်       အခြားလူများသည်အခြားအရာများကိုမစဉ်းစားမီ   ရက်အနည်းငယ်လောက်အနားယူချင်ကြသည်။

နှစ်ယောက်သားဗီလာဧရိယာသို့ဝင်လာခဲ့ကြသည်။အခုတော့ရပ်ကွတ်ထဲတွင်လူအများကြီးရှိနေပြီဖြစ်သည်။နှစ်ယောက်သားဗီလာကိုဖြတ်သွားတဲ့အခါလူတော်များများသည်ကားပေါ်ကနေပစ္စည်းများကို   ချပြီးဗီလာအထဲသို့သယ်နေကြသည်ကိုတွေ့လိုက်ရသည်။ဟဲဇီကျုံးကထိုလူတွေကိုအမှတ်တမဲ့နဲ့ကြည့်လိုက်တဲ့အခါရုတ်တရက်မျက်မှောင်ကြုံလိုက်ပြီး       ရင်တုန်သွားသည်။

ဖန်ဟောင်ကသူ့မလုပ်တော့သည်ကိုမြင်သောအခါ သူ့ကြည့်တဲ့နောက်ကိုလိုက်ကြည့်ပြီး"အိုက်လွမ်? ကြယ်တစ်ပွင့်"

သူ့နှလုံးသားထဲကသတ်ဖြတ်ချင်စိတ်ကိုဟဲဇီကျုံးသည်ပြင်းပြင်းထန်ထန်ချိုးနှိမ်လိုက်ပြီးတံတွေးကို မြိုချလိုက်သည်။အဲ့ဘတ်ကိုအကြာကြီးကြည့်မနေ တော့ဘဲ"ပြန်ကြစို့"

အခြေစိုက်စခန်းကိုရောက်ပြီးတဲ့နောက်ပိုင်းနေ့ရက်များသည်အေးချမ်းလွန်းသောကြောင့်သူ့အရင်ဘဝကအရာအားလုံးကိုမေ့လုနီးပါးဖြစ်နေခဲ့သည်။ သူ့အရင်ဘဝတုန်းကသူ့နဲ့ဖန်ဟောင်ကိုသတ်ခဲ့တဲ့ ကြိုးကိုင်ချယ်လှယ်သူကိုတွေ့လိုက်ရသည့်ဒီနေ့မှ             လုံးဝကိုအရင်တုန်းကဟာတွေသတိရမိသွားသည်။

သူ့ရဲ့အရင်ဘဝတုန်းကAမြို့၏အခြေစိုက်စခန်းကိုမရောက်ခင်အထိအိုက်လွမ်နဲ့တစ်ခါမှမဆုံခဲ့ဖူးပေ။

သူတို့အခြေစိုက်စခန်းကိုရောက်တဲ့နေမှာဘဲသူ့ပါတဲ့ကားတစ်စီးအခြေစိုက်စခန်းထဲဝင်လာတဲ့အခါ အခြစိုက်စခန်းကလူတွေရဲ့အာရုံကို ဆွဲဆောင်သွားပြီးသိုက်ကျွင်းနဲ့ချူးလီလီသည်အံ့ဩလွန်းလို့ငိုတောင်ငိုခဲ့သည်။ကားထဲမှာထိုင်နေတာက  ကမ္ဘာမပျက်ခင်ထဲကနာမည်ကြီးနေသော အိုက်လွမ်ဖြစ်သည်။အမျိုးသမီးတွေအတွက်တော့       သူ့ဟာမင်းသားလေးဖြစ်သည်။အမျိုးသားတွေအတွက်ကတော့(gayတွေမှလွဲ၍)သူသည်အများစုရဲ့ ရန်သူဖြစ်သည်။ကမ္ဘာပျက်ကပ်မတိုင်ခင်က ပျံ့နှံ့ခဲ့သောသူ့၏ကျော်ကြားမူနှင့်ဂုဏ်သတင်းကြောင့်သာဖြစ်ပြီးအိုက်လွမ်သည်သူ့၏တောက်ပသော    အမျိုးသားနတ်ဘုရား၏အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

ဟဲဇီကျုံးAမြို့ကိုပထမဆုံးရောက်သောအခါoverloardအဖွဲ့နှင့်ချက်ချင်းမjoinခဲ့ဘဲFမြို့မှရွာသားအနည်းငယ်နှင့်အဖွဲ့တစ်ဖွဲ့ဖွဲ့ကာဘဝကြောင်းဆွေးနွေးရန် နေ့တိုင်းအပြင်ထွက်ခဲ့သည်။သေချာတာပေါ့ ဖန်ဟောင်ကအဲ့အချိန်တုန်းကလည်းသူနဲ့အတူရှိသည်။သိုက်ကျွင်းသာလျှင်အခြေစိုက်စခန်းကို ရောက်ပြီးနောက်နေထိုင်စရာတစ်ခုရရှိပြီးနောက် နေရာလွတ်ထဲမှာနေထိုင်ရန်ထပ်မံ၍ စိတ်ဝင်မစားတော့ပေ။အဲ့ဒီအစားသူကအခြေစိုက်စခန်းမှာနေနိုင်ဖို့သစ်သီးနဲ့ရေကိုအလုံအ လောက်တောင်းဆိုပြီးဟဲဇီကျုံးနှင့်တခြားသူတွေကို   ရိက္ခာရှာဖို့အပြင်ကိုထွက်ခိုင်းသည်။

အဲ့ဒီအချိန်တုန်းကတော့နောက်ဆုံးတော့ သူကနေရာလွတ်ထဲကနေထွက်ပြီးပြင်ပကမ္ဘာကြီးနဲ့ထိတွေ့ဆက်ဆံဖို့ဆန္ဒရှိလာပြီလို့ထင်ခဲ့တာဖြစ်သည်။ဒါပေမယ့်ဘယ်သူသိမှလဲ၊သူ့ကလဝက်အတွင်း overloardအဖွဲ့နဲ့ချိတ်ဆက်ခဲ့သည်။

သန်မာတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်ရန်အတွက် ပထမဦးစွာသူတို့ရဲ့မူလအသင်းကနေထွက်ရန်လိုအပ်သည်။

အရိုးသားဆုံးပြောရရင်သူ့ရဲ့နေရာလွတ်သည်အခြားသူများနှင့်ကွဲပြားခြားနားသောကြောင့်သူမှာ နေရာလွတ်ရှိတာကိုအစတုန်းကမပေါက်ကြား စေချင်ခဲ့ပေ။ချူးလီလီကပိုသန်မာတဲ့လူတွေကို       လိုချင်သောကြောင့်သူ့မကားထဲကနေအသင်းထဲကလူတွေကိုမကန်ထုတ်ခဲ့ဘူးဆိုရင်၎င်းကိုလျိုဝှတ်ချက်အနေဖြင့်ဖုံးကွယ်ထားမယ့်အစားနေရာလွတ်အစွမ်းကိုဘယ်တော့မှဖော်ထုတ်ခဲ့မှာမဟုတ်ဘူး။

သို့သော်လည်းသူ့ခန္ဓာကိုယ်ကအပူချိန်နိမ့်အဖျား  ကြောင့်ပင်ပန်းနွမ်းနယ်လေ့ရှိသည်။ချူးလီလီရဲ့ ဒုက္ခပေးတာနှဲ့ဖန်ဟောင်ရဲ့အမုန်းတွေကြားထဲက   ချောက်တွန်းမူတွေကြားထဲတွင်သူ့ရဲ့ခွန်အားနဲ့  အသုံးဝင်မူတွေကိုသာမပြသနိုင်ခဲ့ဘူးဆိုရင်                   သူ့ကိုစွန့်ပစ်ခဲ့တာကြာပြီဖြစ်သည်။

overloardအဖွဲ့ထဲသို့ဝင်သောအခါတွင်လည်း ဖန်ဟောင်ကသူ့ဘေးတွင်ရှိခဲ့သည်။သူ့မှာကုသရေး  စွမ်းအင်ရှိသောကြောင့်ဖိအားမရှိဘဲအသင်းထဲသို့ဝင်နိုင်ခဲ့သည်။ထောက်ပံ့ပို့ဆောင်ရေးဋ္ဌာနတွင် လုပ်ဆောင်သင့်သည့်သူတို့နှစ်ယောက်သည်အတူတကွလုပ်ဆောင်ရန်တာဝန်ပေးခံရသည်။ သိုက်ကျွင်းလက်ကောက်ကိုခိုးသွားသည် အထိတိုင်အောင်၊overloardအဖွဲ့ကသူ့ကိုလိုက်ဖမ်းသည့်အထိတိုင်အောင်……….

ဟဲဇီကျုံးရဲ့မျက်လုံးထဲတွင်အေးစက်သော အလင်းရောင်တစ်ချို့လတ်သွားပြီးဟဲဇီကျုံးသည်         အိုက်လွမ်ရှိသည့်ဗီလာနေရာကိုအေးစက်စွာ စိုက်ကြည့်ပြီးဖန်ဟောင်နဲ့အတူသူ့အိမ်ဆီသို့  လျှောက်သွားသည်။

အိုက်လွမ်ကိုယ်တိုင်ကဗီလာဧရိယာမှာနေထိုင်တယ်ဆိုတာသူသိပေမယ့်သူ့ကိုအရင်ကသိပ်မတွေ့ဖူးဘူး။ထို့အပြင်overloardအဖွဲ့သည်အပြင်ဘတ်တွင် ကြီးမားသောအဆောက်အအုံများကိုငှားပြီး အပြင်ဘတ်ကအထပ်မြင့်အဆောက်အအုံများသည် အများအားဖြင့်နေကြပြီးအဲ့မှာဘဲလေ့ကျင့်ကြသည်။သူ့အရင်ဘဝတုန်းကoverloardအဖွဲ့မှာ နှစ်လလောက်သာနေခဲ့ရပြီးအိုက်လွမ်ရဲ့ဗီလာကို သွားဖို့အခွင့်ရေးမရခဲ့ပေ။

နှိုင်းယှဉ်ကြည့်လျှင်သိုက်ကျွင်းသည်အဲ့အချိန်က   အိုက်လွမ်ရဲ့ဗီလာအတွင်းသို့မကြာခဏ ဝင်ထွက်သွားလာကြောင်းသူ့ကြားသိခဲ့ရသည်။အခု ပြန်တွေးကြည့်တော့သူတို့ချိတ်ဆတ်နေတာကြာပြီ ဖြစ်လို့သူ့ဝင်နိုင်တာပေါ့။

သူသည်overloardအဖွဲ့ကိုဝင်ပြီနောက်ချူးလီလီသည်လည်းထိုအဖွဲ့နဲ့ပူပေါင်းခဲ့တာကြာပြီဖြစ်ပြီးသူ့ရဲ့ အပင်စွမ်းရည်သည်လည်းအလွန်နာမည်ကြီးကြောင်းကိုမှတ်မိနေသေးသည်။ကမ္ဘာပျက်ကပ်မှာအပင်          များသည်အချိန်ကြာကြာမကြီးထွားနိုင်သောကြောင့်အပင်စွမ်းရည်နိုးထသူများသည်အစားအစာအပင် များကိုကြီးထွားနိုင်အောင်ကူညီပေးနိုင်သူများဖြစ်သည်။၎င်းတို့သည်အပင်များကိုတိုက်ခိုက်ရန် အသုံးပြုနိုင်သည့်တစ်ဦးတည်းသောသူများဖြစ်သည်။ဒီဘဝကအခြေနေကအရင်ဘဝကလိုဖြစ်သွားမလားသူမသိပေ………

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment