no

Font
Theme

နေရာလွတ်ထဲမှာမြူဆိုင်းနေတယ်လို့ဖန်ဟောင် ပြောတာကြားတော့ဟဲဇီကျုံးသည်နေရာလွတ် အတွင်းပိုင်းကိုစိတ်စွမ်းအားဖြင့်ကြည့်လိုက်ပြီးနောက်အနည်းငယ်စိတ်လှုပ်ရှားသွားသည်။နေရာလွတ် ထဲကအခြေနေကိုကြည့်ရင်းသူ့ကခေါင်းညိမ့်လိုက်သည်။"အဲ့တာမြူတွေဘဲ၊အဲ့တာကအရမ်းလင်းနေသေးတယ်၊ဒါပေမယ့်အဲ့ရင်အခေါက်ကနဲ့တူတူဘဲကြည့်ရတာ တစ်ခါဆင့်ကဲပြောင်းလဲအဆင့်မြှင့်ပြီးသွားရင်း လိုအပ်တဲ့အဏုမြူကျောက်တုံးပမာဏလည်းအများကြီးတိုးသွားတဲ့ပုံဘဲ"အဆင့်၁နဲ့အဆင့်၂အဏုမြူကျောက်တုံးကပေးသောစွမ်းအင်မည်မျှကွာခြားလဲဆိုတာကိုသူမသိပေမယ့်အခြေစိုက်စခန်းပြာတွင်းထဲကအဏုမြူကျောက်တုံးအားလုံးကိုစုပ်ယူခဲ့ရတာကိုတော့သိသည်။

ထိုညများတွင်သူတို့စုံတွဲစုပ်ယူခဲ့သောအဏုမြူကျောက်တုံးပမာဏသည်ပထမအကြိမ်နေရာလွတ်အဆင့်မြှင့်သွားတုန်းကထက်အဆပေါင်းများစွာပိုများသည်။အဲ့ဒါတောင်မှနေရာလွတ်ထဲမှာပြောင်းလဲမူမဖြစ် ပေါ်ခဲ့ပေ။အခုချိန်မတိုင်ခင်အထိဘဲဖြစ်ပြီးမနေ့ညကသွမ့်ဇီနောက်ထပ်အဆင့်၂အဏုမြူကျောက်တုံး ကိုမြိုချပြီးနောက်နေရာလွတ်ထဲတွင်အဖြူရောင်မြူများနောက်ထပ်ထပ်ပေါ်လာပြန်သည်။

"အရင်တုန်းကကိုယ့်သွမ့်ဇီအဏုမြူကျောက် တုံးကိုမျိုချလိုက်လည်းနေရာလွတ်ပေါဘာသက် ရောက်မူမှမရှိဘူးလို့ထင်ခဲ့တာ၊အခုကြည့်ရတာ‌ တော့သွမ့်ဇီကအဲ့ဒါကိုမျိုလိုက်ရင်တောင်နေရာလွတ်ကစွမ်းအင်တစ်ချို့စုပ်ယူလို့ရတယ်နဲ့တူတယ်၊ အဏုမြူကျောက်တုံးကိုသူ့စားပြီးသွားရင်ထွက်လာတဲ့အလင်းတန်းကနေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် သွမ့်ဇီနဲ့နေရာလွတ်ကြားမှာဆက်စပ်မူရှိနေတာလည်းဖြစ်နိုင်တယ်၊ဘာဘဲဖြစ်ဖြစ်သူ့ကိုအဲ့တာတွေစားခိုင်းလိုက်ရင်လည်းဖြုန်းတီးရာမကျဘူးထင်တယ်"ထိုသို့ပြောပြီးနောက်ဟဲဇီကျုံးသည်စိတ်သက်သာရာရသွားပြီးသွမ့်ဇီခေါင်းကိုပွတ်သပ်ရန်သူ့လက်ကို မြှောက်လိုက်သည်။

သွမ့်ဇီကသူ့မျက်လုံးများကိုမှေးစင်းထားသည်။ပါးပါးကသူ့ကိုဘာလို့ပွတ်ပေးနေတာလဲဆိုတာသူ့မသိ သော်လည်းထိုကဲ့သို့သက်တောင့်သက်သာဖြစ်သောပွတ်သပ်ပေးမူကိုသူ့ငြင်းဆန်မှာမဟုတ်ပေ။အာ…အန်စောနကသူ့နဖူးကိုတောက်မိလို့ပါးပါးကနောင်တရနေတာဖြစ်မယ်….အဲ့တာကြောင့်မို့သူလာချော့တာဖြစ်မယ်။

ဖန်ဟောင်ကလည်းစိတ်အေးသွားပြီးပြုံးလိုက်ကာသွမ့်ဇီရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီးဟဲဇီကျုံးကို ဖျော်ရည်ကမ်းပေးလိုက်သည်။"သောက်လိုက်ဦး အဏုမြူကျောက်တုံးကမဆုံးရှုံးသွားပါဘူး^^"

ဟဲဇီကျုံးကရီလိုက်ပြီးလက်တစ်ဖက်ဖြင့်ရေပုလင်းကိုယူလိုက်သည်။ဖြုန်းတီးတယ်လို့တော့ဘယ်လို ထင်မှာလဲ?အဏုမြူကျောက်ကိုစားတဲ့သားကိုပြုစု ပျိုးထောင်တယ်လို့ဘဲတွေးထားသည်။ဒီသားလေးကစားဖို့ဘဲသိသော်လည်းအဖေလို့မခေါ်သေးပေ။

သွမ့်ဇီ၏"စမ်းသပ်စစ်ဆေးမူ"ကိုအဆုံးသတ်ပြီးနောက်မနေ့ညကဟဲဇီကျုံးတိုက်မိဆောင့်မိထားတဲ့ နေရာတွေကိုဖန်ဟောင်ကကုသပေးခဲ့ပြီးသူ့လက်ဖဝါးကနေအဖြူရောင်အလင်းတန်းများထွက်ပေါ်လာ ပြန်သည်။မနေ့ညကသူတို့ရဲ့ရှေ့မှာမည်သည့်ထိခိုက်မူကိုမဆိုကာကွယ်ပေးမဲ့အသားဒိုင်းကြီးတစ်ခုရှိနေကတည်းကသူတို့ကံတော်တော်ကောင်းခဲ့သည်။ ဟဲဇီကျုံးသာလျှင်ဇွန်ဘီနဲ့တိုက်ခိုက်တုန်းကဆောင့်မိခိုက်မိတာမျိုးဖြစ်ပြီးပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

ဒီနေ့လမ်းကအရင်နေ့ကထက်မောင်းရတာပိုခက်ခဲနေမှန်းသတိထားမိလိုက်သည်။အဆောက်အအုံများနှင့်လူနေအဆောက်အဦးများသည်လမ်းနှစ်ဖက်လုံးတွင်တဖြည်းဖြည်း‌ပေါ်လာသည်။

ကမ်းဆိပ်နဲ့ပိုနီးလေလေအဆောက်အဦးပိုများလေ လေဖြစ်သည်။

သူတို့သည်Fမြို့၏Hခရိုင်သို့ရောက်သောအခါလမ်း‌ ပေါ်ရှိဇွန်ဘီများသည်တစ်ကောင်နှစ်ကောင်ကနေလမ်းပေါ်တွင်သုံးလေးငါးကောင်တွဲလောင်းကျနေ သောအုပ်စုငယ်လေးများအဖြစ်ပျံ့ကျဲနေသည်။

"ကားအားလုံးသတိထားပါ၊ဒီလမ်းဆုံကိုဖြတ်ဖို့ အရှိန်ကိုအသင့်ပြင်ထားပါ၊ကားအားလုံးသတိထား ပါ၊ဒီလမ်းဆုံကိုဖြတ်ဖို့အရှိန်ကိုအသင့်ပြင်ထားပါ"  စကားပြောစက်မှအသံထွက်ပေါ်လာသည်။ကား မောင်းနေသောဖန်ဟောင်သည်မည်သည့်အချိန်မဆိုရှေ့ကကားများနှင့်အတူကားအရှိန်မြှင့်ရန်အတွက် ပြင်ဆင်ထားပြီး ဂရုတစိုက်ဖြင့်ခေါင်းကိုမော့ထားသည်။

ယာဉ်တန်းတွင်ဦးဆောင်နေသောကားသည်ရုတ်တရက်အရှိန်ကိုမြှင့်ခဲ့ပြီးလေလိုအမြန်နှုန်းဖြင့်အရှေ့သို့ တဟုန်ထိုးမောင်းထွက်သွားသည်။လမ်းပေါ်ရှိဇွန်ဘီများသည်အရှိန်မြှင့်လာသောကားများဖြင့်အတိုက်ခံခဲ့ရသည်။ကံဆိုးသောအချို့ဇွန်ဘီများသည်တိုက်ရိုက်အကြိတ်ခံလိုက်ရသည်။

အရှေ့ကကားအချို့ကိုပထမတန်းစားခိုင်ခံပြီးယာဉ်တိုက်မူဒဏ်ခံနိုင်သောသံချပ်ကာများဖြင့်ပြန်လည်ပြင်ဆင်ထားခဲ့သည်။အခိုင်ခံဆုံးသောကားသုံးစီးသည် ကားတစ်စီးတည်းဆုံးရှုံးမူကိုမဖြစ်စေရန်လမ်းတွင်ပိတ်ဆို့နေသောအတားအဆီးများနှင့်ဇွန်ဘီများကိုဖြတ်တိုက်ရန်အရှေ့တန်းတွင်နေရာယူထိန်းသိမ်းထားသည်။

ဖန်ဟောင်သည်သူ့ရှေ့ကကားများကိုချီးမွန်းမူနှင့် မနာလိုအားကျမူတို့ဖြင့်ကြည့်နေမိသည်"ဇီကျုံးသူတို့ကကားdragဆွဲနည်းကိုမြန်းသင်ခဲ့တာလား?သူတို့အကုန်လုံးကားမောင်းတာတော်တော်ကျွမ်းကျင်ကျတယ်"

ကားdragဆွဲတာကိုသင်တာလား?ကားမောင်းသင်တန်းရဲ့နည်းပြကငိုလိမ့်မယ်။

ဟဲဇီကျုံးကပြုံးလိုက်ပြီးဖန်ဟောင်ဆံပင်တွေကိုထိလိုက်သည်"မင်းမှာကားအမြန်မောင်းတဲ့အတွေ့အ ကြုံသိပ်မရှိလို့ဖစ်လိမ့်မယ်"

Samsaraအသင်းကလူများသည်ရပ်တန့်ခြင်းမရှိဘဲ လမ်းတွင်ပိတ်ဆို့နေသောအရာအားလုံးကိုသူတို့ တိုက်နိုင်သမျှတိုက်ပြီးမောင်းနေခဲ့ကြသည်။ကုန်ချဆိပ်ဂိုဒေါင်ဆီသို့ဦးတည်မောင်းနေတုန်းအင်ဂျင်အသံများကမရေတွက်နိုင်သောဇွန်ဘီအများကြီးကို ဆွဲဆောင်ခဲ့သည်။

ကုန်ချဆိပ်ဂိုဒေါင်အနီးသို့အားလုံးရောက်သောအခါ လမ်းပေါတွင်ဇွန်ဘီအချို့ကအုပ်စုတစ်ခုအနေဖြင့် ပြေးလာနေကြပြီဖြစ်သည်။ဂိုဒေါင်ရှိတဲ့ဘက်တွင်လည်းဒယိုင်းဒယိုင်ပျံကျဲနေသောဇွန်ဘီများရှိနေသည်။ အသင်းထဲကအဖွဲ့ဝင်တစ်ယောက်သည်မှန်ပြောင်း ဖြင့်အဆောက်အဦးပေါ်တက်ပြီးကင်းထောက်ရန်သူ့လေစွမ်းအားကိုအသုံးပြုခဲ့ပြီးစကားပြောစက်ကနေတဆင့်မနှစ်မြို့စရာသတင်းတစ်ခုကိုပေးပိုခဲ့သည်။ "ခေါင်းဆောင်ဂိုဒေါင်နံပါတ်၃ဘေးနားမှာဇွန်ဘီတွေ အများကြီးဘဲရှိတယ်။အထဲမှာလူတွေရှိတယ်လို့လည်းသံသယဖြစ်မိပါတယ်"

"ငါတို့ပတ်သွားလို့ကောရနိုင်မလား"

"ကျွန်တော်သေချာမသိဘူး၊တခြားလမ်းတွေမှာပြိုကျနေတဲ့ကွန်တိန်နာတွေနဲ့ပိတ်နေတယ်'

"လမ်းပိတ်နေတယ်"ကောပင်းကသူ့ဘေးနားကလူကိုပြောလိုက်သည်။လူပေါင်းများစွာကိုအသံတိုးတိုး ဖြင့်ရှင်းပြခဲ့သည်။"ငါတို့ဂိုဒေါင်နံပါတ်၁၇သွားရမှာအဲ့တာမို့လို့ဂိုဒေါင်၃၁ကိုဖြတ်သွားရမယ်"

"အဲ့မှာဇွန်ဘီဘယ်လောက်များများရှိနေလို့လဲ" ဟဲဇီကျုံးကခဏစဉ်းစားပြီးနောက်မေးလိုက်သည်။

ခဏကြာပြီးနောက်စကားပြေစက်ကနေအသံတစ်ခုထွက်ပေါ်လာသည်။"အနည်းဆုံးနှစ်ရာသုံးရာလောက်ရှိတယ်"

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်လေ့ကျင့်ရန်ဇွန်ဘီများကိုရှာဖွေရန်ထွက်သောအခါတွင်ပင်တစ်ရာသို့မဟုတ်နှစ်ရာလောက်ရှိသောဇွန်ဘီအုပ်စုကြီးကိုမချည်းကပ်ရဲပေ။အဲ့တာနဲ့ပတ်သက်ပြီစဉ်းစားနေရင်း-ကမ္ဘာပျက်ကပ်မတိုင်ခင်ကအသက်ရှင်နေသောလူနှစ်ရာသုံးရာပင်လျှင်အသက်ရှင်နေသောလူနှစ်ယောက်ကိုတစ်စစီဖြစ်အောင်နင်းချေရန်လုံလောက်သည်။

"နှစ်ရာသုံးရာ….."ကောပင်းကသူ့မေးစေ့ကိုပွတ်လိုက်ပြီး"ခက်ခက်ခဲခဲတိုက်ခိုက်ဖို့တွက်ချေမကိုက်ဘူး၊တော်တော်များများကမတော်တဆထိခိုက်ဒဏ်ရာတွေမလွဲမသွေရလိမ့်မယ်၊တစ်ခါလောက်ရောဂါကူးစက်သွားတာနဲ့သေပြီဘဲ"

ဟဲဇီကျုံးရဲ့အကြည့်ကအနီးနားကလမ်းဆီသို့ရောက်သွားသည်"အဲ့တာဆိုငါတို့ဇွန်ဘီတွေကိုအာရုံ ပြောင်းဖို့နည်းလမ်းတစ်ခုရှာရမယ်၊ဒါမှမဟုတ်သူတို့ ကိုတစ်နေရာရာမှာပိတ်ထားကြမယ်"

အသင်းထဲကအဖွဲ့ဝင်တစ်ယောက်သည်ရုတ်တရက် မေးလိုက်သည်"ကျွန်တော်တို့မီးကိုသုံးလို့မရဘူး လား၊ဒီပတ်ဝန်းကျင်မှာကားတွေအများကြီးရှိနေ တာဘဲ၊ပြီးတော့ကားတွေထဲမှာလည်းဓာက်ဆီအ များကြီးရှိလောက်တယ်"

"အဲ့တာက…..မဖြစ်နိုင်လောက်ဘူး"

"ဂိုဒေါင်အနီးနားမှာမီးလောင်လွယ်တဲ့ပစ္စည်းတွေရှိလားဆိုတာငါတို့မသိနိုင်ဘူး၊အကယ်လို့မတော်တဆမီးလောင်သွားရင်….."အနီးနားကနေရာတိုင်းတွင်ဂိုဒေါင်နဲ့ကွန်တိန်နာများရှိနေခြင်းကြောင့်ဟဲဇီကျုံးကသတိပေးခဲ့သည်။အကယ်လို့တစ်ခုခုမှားသွားရင်……အသုံးဝင်တဲ့ပစ္စည်းတွေအများကြီးရှိတယ်…အမှားတစ်ခုကြောင့်မီးလောင်သွားခဲ့ရင်နှမြောစရာ‌ ကောင်းသည်။

အချိန်ကြာကြီးတိတ်ဆိတ်နေသောဒုတိယခေါင်း ဆောင်ချန်နင်သည်ရုတ်တရက်ထပြောလိုက်သည်"ဟုတ်တယ်အနီးနားမှာကားဂိုဒေါင်တစ်ခုရှိတာကို မမေ့နဲ့ဦးအကယ်လို့မတော်တဆအများကြီးလောင် ကျွမ်းသွားရင်ဒီတစ်ခေါက်ငါတို့လိုချင်နေတဲ့ကားတွေမရတော့ဘဲနေမယ်"

ပြောလိုက်တဲ့အဖွဲ့ဝင်တစ်ယောက်ကသူ့လည်းပင်းကိုကျုံလိုက်ပြီးစကားပြောတာရပ်သွားသည်။

"ဘော့စ်၊အနောက်ကလိုက်လာတဲ့ဇွန်ဘီတွေမှီတော့မယ်!!!သူတို့ထဲကတစ်ချို့ကောင်တွေကလှုပ်ရှား တာအရမ်းမြန်တယ်"

"ငါကောင်တို့အဲ့ဇွန်ဘီတွေကိုအရင်ရှင်းကြရအောင်၊ ဆူဆူညံညံမလုပ်မိအောင်သတိထားနောက်ထပ် ကောင်တွေကိုမဆွဲဆောင်မိအောင်"ကောပင်းကချက်ချင်းထလိုက်ပြီးတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ရန်အားလုံးကိုအမိန့်ပေးခဲ့သည်။

ဟဲဇီကျုံးနဲ့ဖန်ဟောင်ကလည်းတူညီတဲ့အနေထား နေခဲ့သည်။အရှေ့ကပြေးလာသောဇွန်ဘီများသည်မြန်သော်လည်းထိုကောင်များသည်အဆင့်တစ်ဇွန်ဘီများသာဖြစ်ကြပြီးအမြန်နှုန်းစွမ်းအားရှင်ဇွန်ဘီများမဟုတ်ပေ။

ကံကောင်းစွာဖြင့်ကားများ၏အရှိုန်ကအလွန်မြန်‌ သောကြောင့်ယာဉ်တန်းသည်ကုန်ချဆိပ်ကို အရင်ဆုံးရောက်ခဲ့ပြီးအနောက်တွင်လိုက်ဖမ်းနေ သောဇွန်ဘီအများကြီးရှိခဲ့ရင်တောင်ဇွန်ဘီအုပ်ကြီးကသူတို့နဲ့တော်တော်လေးဝေးနေသေးသည်။ဇွန်ဘီအချို့ကလမ်းမှာဘဲသူတို့ပန်းတိုင်ပျောက်သွားပြီး ကျုံရာကျပန်းလျှောက်သွားနေကြသည်။လိုက်လာနိုင်တဲ့ကောင်တွေကပိုမြန်တဲ့အကောင်တွေသို့မဟုတ် ကုန်ချဆိပ်အနီးနားကကောင်တွေဘဲဖြစ်သည်။

လူအုပ်စုသည်သူတို့အရှေ့ကလူတွေကိုအတုခိုးခဲ့ပြီး ကားထဲကဒဏ်ရာရသူများကလွဲ၍ကျန်လူများသည် စုပေါင်းတိုက်ခိုက်ခဲ့ပြီးဇွန်ဘီအုပ်ကြီးကိုရှင်းလိုက်သည်။ဟဲဇီကျုံးနဲ့ဖန်ဟောင်သည်သူတို့ရဲ့တိုက်ပွဲတွင်မပါဝင်ခဲ့ဘဲပျော်ရွှင်စွာဖြင့်အနားယူရန်အချိန်ယူလိုက်သည်။

တိုက်ပွဲပြီးသွားပြီးနောက်အဖွဲ့ဝင်များသည်ဇွန်ဘီ ခေါင်းထဲမှအဏုမြူကျောက်တုံးကိုတူးထုတ်ရန်ချီတက်ခဲ့သည်။ရှန်ဟိုက်ပင်းကလည်းသူတို့ထဲကတစ် ယောက်ဖြစ်သည်။သူ့လက်ထဲကပုဆိန်ဖြင့်ဇွန်ဘီ ခေါင်းကိုဖြတ်လိုက်ပြီးအဖြူအမဲစေးပျစ်သောအရည်ထဲမှသေးငယ်သောအဏုမြူကျောက်တုံးကိုဆွဲထုတ်ရာသောအခါသူ့ပုံစံသည်ရွှံရှာနေခဲ့သည်။ရာဘာလက်အိတ်ဝတ်ထားသောလက်နှစ်ချောင်းဖြင့်အဏု မြူကျောက်တုံးကိုဆွဲထုတ်လိုက်ပြီးသူ့ယူလာခဲ့သောပလက်စတစ်ပုလင်းထဲသို့ပစ်ထည့်လိုက်သည်။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်သူ့ကအသတ်ကို ပြင်းပြင်းရှုလိုက်ကာ"တစ်နေ့ကိုဆယ့်နှစ်ကြိမ်လောက်နေတိုင်းဒီလိုမျိုးဆွဲထုတ်နေရရင်အချိန်အကြာကြီးလုပ်ရင်ရူးသွားလိမ့်မယ်"

Samsaraအသင်းကတစ်ယောက်သည်ပြုံးဖြဲဖြဲဖြင့်သူ့ရဲ့ပုခုံးကိုရိုက်လိုက်ပြီး"လာစမ်းပါမင်းတူးထုတ်ဖို့စောင့်နေတဲ့ဇွန်ဘီတစ်ရာနှစ်ရာလောက်ရှိတယ်"

ရှန်ဟိုက်ပင်းမျက်နှာကအန်လုမတက်ဖြူဖျော့သွား ပြီးသူ့လက်ထဲကပုလင်းကိုစိုက်ကြည့်လိုက်သည်။ "ဒီအရာကဟိုလူတွေသတင်းဖြန့်ခဲ့သလိုအသုံးဝင်ရင်ဝင်မဟုတ်လို့ကတော့"ဒီအရာတွေကိုသုတေသနလုပ်ခဲ့တာဘာမှမဟုတ်ဘူးလို့"အခြေစိုက်စခန်းက သိပ္ပံပညာရှင်တွေလာပြောလို့ကတော့အဲ့အချိန်မှာ မစ်ရှင်အုပ်ချုပ်ရေးမှူးတွေရဲ့ပါးစပ်ထဲကိုထိုးထည့် ပစ်မယ်"

ဖန်ဟောင်ကသူ့ရူးတော့မလိုဖြစ်နေတာကိုပြုံးပြီး ကြည့်နေစဉ်ဟဲဇီကျုံးကSamsaraအသင်းကဒုတိယခေါင်းဆောင်ချန်နင်ကိုမေးမြန်းခဲ့သည်"ဒီအရာတွေကဘာအတွက်လို့အခြေစိုက်စခန်းကပြောလဲ"

ချန်နင်ကခေါင်းကိုခါလိုက်ပြီး"ကြည့်ရတာတော့သူတို့အခုမှအဏုမြူကျောက်တုံးတွေကိုလေ့လာနေတုန်း၊ဒါပေမယ့်သူတို့ပြောတာအဲ့တာက…"

ဘေးနားကကျန့်လောင်ကရှင်းပြနေတာကိုရုတ်တရက်ဖြတ်ပြောလိုက်သည်"ကမ္ဘာပျက်ကပ်ဝတ္ထုတွေကိုအများကြီးဖတ်ထားတဲ့လူတွေပြောတာအရ တော့"

ချန်နင်ကသူ့ပြောတာကိုလျစ်လျူရှုလိုက်ပြီးဆက်ရှင်းပြလိုက်သည်"ဇွန်ဘီရဲ့ခေါင်းထဲမှာအဏုမြူကျောက်တုံးကိုရှာတွေ့တယ်ဆိုကတည်းကအနာဂတ်မှာ အကျိုးသက်ရောက်မူတစ်ချို့ရှိလောက်တယ်တစ် ချို့လူတွေကအဲ့ဒါနဲ့စွမ်းအားရှင်တွေရဲ့စွမ်းအားကို မြှင့်တင်နိုင်လိမ့်မယ်လို့ခန့်မှန်းကြပေမယ့်ဘယ်သူမှ ဘယ်လိုအသုံးပြုရမလဲဆိုတာကိုမသိကြဘူး"သူ့မျက်လုံးတွေကစိတ်ပျက်မူအနည်းငယ်နဲ့ရှန်ဟိုက်ပင်းလက်ထဲကပုလင်းကိုကြည့်လိုက်သည်။အဲ့ဒီအရာတွေကိုဇွန်ဘီရဲ့ခေါင်းထဲကနေထူးထုတ်ရတာက…..အကယ်လို့နောက်ပိုင်းသုတေသနတွေအရအသုံးချဖို့လိုအပ်တယ်လို့တွေ့ရှိခဲ့ရင်တောင်သူ့စွမ်းအားတွေ ဘယ်တော့မှအဆင့်မမြှင့်လာခဲ့ရင်ပိုတောင်ကောင်းဦးမယ်!!!

"အခုချိန်မှာငါတို့သွားမယ့်လမ်းမှာဇွန်ဘီမရှိသေးဘူး၊ဘယ်လိုသွားလို့ရမလဲဆိုတာသွားကြည့်ရအောင်" ကောပင်းသည်နောက်တန်းတပ်ရဲ့လုံခြုံရေးကိုအတည်ပြုပြီးနောက်သူ့ကအားလုံးကိုလက်ဝှေ့ယမ်းပြခဲ့သည်။သူတို့ပစ်မှတ်ထားထားတဲ့ဂိုဒေါင်ကိုရောက်ဖို့ ဂိုဒေါင်နံပါတ်၃၁ကိုဖြတ်ဖို့လိုအပ်သည်။အခြား      ဂိုဒေါင်၏နံရံများနှင့်ခေါင်မိုးများမှလှည့်ပတ်သွား၍ ရသော်လည်းသူတို့ပစ္စည်းအများကြီးသယ်ဖို့လိုအပ် ပြီးပြန်လာဖို့မဖြစ်နိုင်ပေ။ထို့အပြင်သူတို့ပစ်မှတ် ထားခဲ့သောတခြားဂိုဒေါင်များကလည်းလမ်းဆုံကို သွားဖို့လိုအပ်သည်။

"ငါတို့အခုတစ်ခေါက်ရဲ့အဓိကပစ်မှတ်သုံးခုက-no.17,no.5နဲ့no.22ဂိုဒေါင်တွေဘဲ၊ဂိုဒေါင်နံပါတ်၂၂ မှာကတင်သွားထားတဲ့ကားတွေရှိတယ်အဲ့တာကြောင့်ဂိုဒေါင်နံပါတ်၅ကိုနောက်ဆုံးမှသွားမယ်၊no.17မှာ ကြာတော့ဆေးဝါးနဲ့လက်နက်တွေရှိတယ်ငါတို့အရင်ဆုံးလက်နက်တွေကိုသွားယူသင့်တယ်နောက်ပြီးမှ ဂိုဒေါင်၅ကိုသွားမယ်ဆိုရင်နောက်ဆက်တွဲလုပ်ရမှာ တွေကပိုလုံခြုံလိမ့်မယ်၊အဲ့ဒီမှာပြဿနာကငါတို့ဇွန်ဘီတွေကိုလုံလုံခြုံခြုံနဲ့ဘယ်လိုဆွဲဆောင်မလဲဆို တာဘဲ"

ချန်နင်ကသူ့မျက်ခုံးကိုပင့်လိုက်ပြီးမြေပုံကိုလက်ညိုးထိုးပြလိုက်သည်"ငါတို့ဇွန်ဘီတွေကိုအခြားဂိုဒေါင်တွေဆီကိုမျှားနိုင်မလား?"

အနီးနားတွင်ဘာမှမရှိပေဂိုဒေါင်များစွာနဲ့ခြံဝန်းများစွာသာရှိသည်။ဂိုဒေါင်နံပါတ်၃၃နဲ့၃၅ဘေးမှာခြံဝန်းအကျယ်ကြီးရှိသည်။

"အဲ့ဒီမှာနေအောင်လို့သူတို့ကိုဘယ်လိုမျှားခေါ်ကြ မလဲ"ကောပင်းကမေးမြန်းခဲ့သည်"ဇွန်ဘီအများစုက အလင်းရောင်ထဲမှာလှုပ်ရှားနိုင်ကြတယ်အကယ်လို့သူတို့အသံတစ်ခုတည်းဘဲကြားရတယ်ဆိုရင်သူတို့တံခါးကိုအသုံးပြုမယ့်အစားနံရံတွေဘာတွေကိုဝင်တိုက်နေမှာဘဲဘယ်သူ့ကသူတို့ကိုမျှားနိုင်မလဲ? အခြားဂိုဒေါင်တွေဆီသူတို့ကိုမျှားခေါ်သွားနိုင်လား"

ဇွန်ဘီတွေအာရုံကိုဆွဲဆောင်ဖို့တစ်စုံတစ်ယောက်ရှိတာကောင်းပေမယ့်ပြဿနာတစ်ခုကလုံခြုံစွာဘယ်လိုအသက်ရှင်နိုင်မလဲ….

"အင်းငါတို့ခြံစည်ရိုးတွေကိုအသုံးချလို့တော့ရတယ်" ဟဲဇီကျုံးကရုတ်တရက်သိပ်မဝေးတဲ့ဂိုဒေါင်တစ်ချို့ဘေးမှာရှိတဲ့ခြံစည်ရိုးအမြှင့်ကြီးများကိုညွှန်ပြခဲ့သည်။သူတို့ကပြောလိုက်တာကိုကြားတဲ့အခါအားလုံးရဲ့မျက်လုံးကတောက်ပသွားသည်။ဟုတ်သားဘဲ!!! နံရံပေါာခုန်တက်နိုင်တဲ့အဆင့်မြှင့်ဇွန်ဘီမရှိသရွှေ့သူတို့ခြံစည်ရိုးပေါ်မှာရပ်နေလို့ရတယ်!!!"အခုပြဿနာကဂိုဒေါင်နံပါတ်၃၁ပတ်ပတ်လည်မှာရှိနေတဲ့ဇွန်ဘီအများကြီးကိုဘယ်လိုဆွဲဆောင်မလဲ"

ဂိုဒေါင်နံပါတ်၃၁ကိုစူးစိုက်ကြည့်ပြီးနောက်အားလုံးရဲ့အမူအရာများသည်တွေးဆဆဖြစ်နေကြသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment