no

Font
Theme

Chapter23


ဟဲဇီကျုံးရဲ့ခန့်မှန်းချက်ကနည်းငယ်လွဲခဲ့သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပွားခြင်းကိုစစ်တပ်ကလျင်မြန်စွာတုံ့ပြန်ခဲ့သော်လည်းလူတိုင်းကိုတော့ချက်ချင်း           မကယ်ထုတ်နိုင်ပေ။တစ်ဖတ်တွင်မူ၎င်းတို့ပြန်လည်ဆုတ်ခွာရန်စီစဉ်ထားသည့်နေရာကိုသာမာန်လူများ မသိနိုင်ပေ။သူ့တို့တပ်စွဲထားသည့်နေရာသည်Aမြို့ရဲ့မြောက်ဘတ်မှာရှိတဲ့Aမြို့ဟောင်းခံတပ်မှာဖြစ်သည်။

Aမြို့၏ထိပ်တန်းဦးစားပေးအဖွဲ့အစည်းတွေနဲ့စစ်တပ်သည်အန္တရယ်ကျရောက်သည်နှင့်တစ်ပြိုင်နက်    ထိုနေရာကိုဦးစွာရွှေ့ပြောင်းသည်မှာသဘာဝပင်ဖြစ်သည်။

သို့သော်ကမ္ဘာပျက်ကပ်မှာရုတ်ချည်းစတင်ခဲ့သည်။လူဦးရေ၏ထက်ဝက်ခန့်သည်ဗိုင်းရပ်စ်ကြောင့်     ချက်ချင်းသေဆုံးသွားသည်သာမကပို၍ ကြောက်စရာကောင်းသည်မှာအခြားသတ္တဝါများပင်လျှင်အတိုင်းအတာတစ်ခုထိကူးစက်ခံရခြင်းဖြစ်သည်။ကြောက်မက်ဖွယ်ရာကောင်းတဲ့ဇွန်ဘီတိရိစ္ဆာန် များသည်အစပိုင်းမှာတင်ကိုလူသားဇွန်ဘီတွေနဲ့      မနှိုင်းယှဉ်လောက်အောင်ပိုပြီးတော့ကြောက်စရာ        ကောင်းသည်။

သူတို့ရွှေ့ပြောင်းဖို့စီစဉ်ထားသည့်အခြေစိုက်စခန်းသည်လုံခြံမှုရှိသောအခြေခံအဆောက်အအုံများဖြစ် ပြီးတိုင်းပြည်ထဲတွင်ဒုတိယတစ်ခုမရှိနိုင်ပေ။၎င်း     အခြေစိုက်စခန်းသည်တောင်ပေါ်တွင်တည်ဆောက်ထားခဲ့သည်။

ကမ္ဘာပျက်ကပ်၏ပထမနေ့တွင်စစ်တပ်သည်ဇွန်ဘီတွေရဲ့တည်ရှိမူကိုရှာဖွေတွေ့ရှိခဲ့သည်။ခြွင်းချက်မဟုတ်ကြောင်းအတည်ပြုသည့်သုံးရက်မြောက် နေ့အထိမရောက်သေးပေ။တောင်ပေါ်တွင်ဇွန်ဘီ   မည်မျှရှိသည်ကိုအတည်ပြုရန်မဖြစ်နိုင်သေးသော ကြောင့်အသေအပျောက်များခြင်းကိုရှောင်ကြဉ်ရန်အတွက်သူတို့ကနေရာပြောင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။သူတို့ပြောင်းခဲ့သည့်နေရာမှာယခုဟဲဇီကျုံးနှင့် အခြားသူများရောက်ရှိနေသည့်ဂပုံသဏ္ဌန်မြစ်ဖြင့် ကာကွယ်ထားသောမြို့သစ်ခရိုင်သို့ဖြစ်သည်။

နှစ်ယောက်သားပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးမောင်းလာကာဟဲဇီကျုံးသည်ဗီလာဧရိယာသို့ ပြတ်ပြတ်သားသားဦးတည်မောင်းခဲ့သည်။ဗီလာဧရိယာကိုရွေးချယ်ရခြင်းမှာဗီလာမှာနေထိုင်ရန်အတွက်ထူးခြားသောမျှော်လင့်ချက်ရှိသောကြောင့် မဟုတ်ပေ။ဘာဘဲဖြစ်ဖြစ်သူသည်သုံးပေမှ ငါးစတုရန်းမီတာရှိသောတဲအိမ်မှာနေရင်တောင်သူတွင်နေရာလွတ်ရှိပြီးသားဖြစ်သည်။

ဒါပေမယ့်နောက်ပိုင်းရောက်ရင်ဒီဧရိယာတစ်ဝိုက်ကိုစစ်တပ်ကထိန်းချုပ်သွားမှာဖြစ်သည်။အခုအချိန်မှာ ပိုင်ရှင်မရှိတဲ့အိမ်အလွတ်တစ်လုံးကို ရွှေးချယ်ထားခြင်းကပိုကောင်းသည်။

သူ၏အရင်ဘဝတွင်ထို့သို့သောအခြေနေမျိုးက မကြာခဏဖြစ်ပွားခဲ့သည်-တာဝန်တစ်ခုခုလုပ်ရန်ထွက်သွားသူများသည်       အခက်ခဲများကိုကျော်ဖြတ်ပြီးနောက်အိမ်သို့ပြန်လာသောအခါသူတို့ရဲ့အိမ်သိမ်းပိုက်ခံထားရသည်ကိုသာတွေ့လိုက်ကြရသည်။

အိမ်ကိုတခြားသူတွေဓားပြတိုက်တာထက်ပိုဆိုးတာက-သူတို့ရဲ့ပစ္စည်းတွေကိုလုယတ်ခံရတာ၊သူတို့ရဲ့     အမျိုးသမီးတွေကတခြားသူနဲ့ထွက်ပြေးတာ၊             ကလေးတွေရောင်းစားခံရတာ၊မိဘတွေအသတ်ခံရတာ၊တို့ဖြစ်သည်။

ထို့ကြောင့်လုံခြုံစွာနေထိုင်ရန်အကောင်းဆုံး ရွှေးချယ်မှုမှာတပ်ဖွဲ့ဝင်များရောက်ရှိလာမည့်အချိန်ကိုစောင့်ဆိုင်းပြီးတပ်ဖွဲ့ဝင်များခွဲဝေပေးထားသည့်         အိမ်တစ်လုံးတွင်နေထိုင်ရန်သာဖြစ်သည်။ငှားရမ်းခလုံလောက်စွာပေးထားသရွှေ့အိမ်ငှားကာလအတွင်း     အိမ်ပိုင်ဆိုင်ခွင့်မပြောင်းလဲကြောင်းအာမခံနိုင်ပါသည်။ဒါပေမယ့်အထဲမှပစ္စည်းတွေရဲ့လုံခြုံမှုကိုတော့     ဘယ်သူမှအာမမခံနိုင်ပါဘူး။

အိမ်ဘေးကင်းရေးကိုလုံခြုံစေမည့်နောက်တစ်နည်းမှာလုံခြုံစိတ်ချရမှုအမြင့်ဆုံးဖြစ်တဲ့အိမ်ကိုရှာဖွေရန်  ဖြစ်သည်။

ယခုသူတို့ရှိနေသည့်ရပ်ကွတ်သည်မြို့တော်Aတွင်    အသစ်ဆောက်လုပ်ထားသောလူနေရပ်ကွတ်တစ်ခု ဖြစ်သည်။ရပ်ကွတ်ကိုတည်ဆောက်ပြီးတာအစောပိုင်းကာလသာဖြစ်သေးပေမယ့်အမျိုးမျိုးသော               အဆောက်ဦးတွေတည်ဆောက်ပြီးပြီဖြစ်သည်။        အကြောင်းအမျိုးမျိုးကြောင့်ရပ်ကွတ်ထဲရှိအလယ်အလတ်နှင့်အထက်မြင့်အိမ်အများစုတွင်ပိုင်ရှင်ရှိ သော်လည်းဤနေရာတွင်နေထိုင်သောအိမ်ထောင်စုအများကြီးမရှိသေးပေ။

ပြီးတော့ဗီလာဧရိယာကိုဆောက်ထားတာလည်း      မကြာသေးပေ။အသစ်ရောင်းချခဲ့သည့်အိမ်အချို့မှလွဲ၍ဗီလာအများစုတွင်ပိုင်ရှင်မရှိသေးပေ။

လုံခြုံမှု၊ဇိမ်ခံမှုနှင့်ဆန်သစ်မှုသုံးခုစလုံးကိုအာမခံပေးနိုင်သည့်ဗီလာအသစ်တွင်လက်ဗွေရာဖြင့်သော့ခတ်        ခြင်း၊ဖန်သားပြင်များ၊စကားဝှတ်ခိုးယူလို့မရတဲ့သော့ခတ်ခြင်းများနှင့်အခြားလုံခြုံရေးနည်းလမ်းများကို ပြုလုပ်ထားသည်။ဒီနေ့ထိတိုင်အောင်ရပ်ကွတ်ထဲတွင်လျှပ်စစ်မီးများအလုပ်လုပ်နေဆဲဖြစ်သည်။            ကံကောင်းစွာနဲ့မြန်မြန်ဆန်ဆန်ပြောင်းရွှေ့မယ် ဆိုရင်သူတို့လုံခြုံတဲ့ယာယီအခြေစိုက်စခန်းတစ်ကိုရရှိနိုင်ပါသည်။

ဟဲဇီကျုံးသည်Aမြို့ရဲ့အခြေစိုက်စခန်းမှာရှိနေစဉ်တုန်းကဗီလာဧရိယာထဲမှာဂိုဏ်းနှစ်ဂိုဏ်းတိုက်ခိုက်ခဲ့တာကိုမှတ်မိသေးသည်။ဗီလာရဲ့တံခါးတွေနဲ့ ပြတင်းပေါက်တွေသည်စွမ်းရည်အသုံးပြုသူများ၏ စွမ်းအားဖြင့်တိုက်ခိုက်ခြင်းကိုအလွယ်တကူခံနိုင်ရည်ရှိသည်။အဲ့အချိန်တုန်းကစွမ်းရည်အသုံးပြုသူတို့၏သန်မာမှုသည်အလွန်အဆင့်နိမ့်နေသေးသည်။

သူတို့ကဗီလာဧရိယာရဲ့ထိန်းချုပ်ရေးအခန်းထဲကိုဘဲ      တိုက်ရိုက်မောင်းသွားခဲ့သည်။ရပ်ကွတ်ထဲတွင်လုံခြုံရေးအစောင့်များမရှိပေ။ဗီလာဧရိယာသည် ဇွန်ဘီများ၏အရိပ်အယောင်ပင်မရှိသောကြောင့် လမ်းပေါ်တွင်တွေ့ရသည့် အထပ်မြင့်အဆောက်အအုံများကဲ့သို့ ကြောက်စရာမကောင်းပေ။ကမ္ဘာကြီးပျက်စီးသွားသည့်အချိန်တွင်ဒီနေရာမှာနေထိုင်သည့် လူအများအပြားမရှိသေးပေ။

နှစ်ယောက်သားစောင့်ကြည့်ခန်းထဲသို့ဂရုတစိုက်ဝင်လာသည်။ဟဲဇီကျုံးသည်ဗီလာ၏အခြေနေကို              လျင်မြန်စွာရှာဖွေခဲ့ရာဗီလာဧရိယာ၏အိမ်တစ်ဝက်လောက်သည်ပိုင်ရှင်မရှိသေးကြောင်းတွေ့လိုက်ရသည်။

သူတို့ရွှေးချယ်လိုက်တဲ့အိမ်ကိုမောင်းသွားပြီးအချက်အလက်များပြောင်းလဲခြင်းထပ်ပေါင်းထည့်ခြင်း၊သူနှင့်ဖန်ဟောင်၏လက်ဗွေရာကိုတံခါးlockတွင်ချိတ်ဆက်ခြင်း၊သော့ယူကာစကားဝှတ်ကိုပြုပြင်ခြင်းနှင့်အချက်အလတ်များကိုသိမ်းဆည်းပြီးနောက်ရပ်ရွာ စောင့်ကြည့်ရေးမှာမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကို ဖယ်ရှားလိုက်သည်။အဲ့တာတွေအကုန်လုံးလုပ်ပြီး နောက်သတ်ပြင်းအရှည်ကြီးချလိုက်သည်။

နောက်ဆုံးတွင်အိမ်အတွက်ရေနှင့်လျှပ်စစ်ကတ်ကိုယူကာ"သွားကြရအောင်၊အိမ်ရဲ့အချက်လတ်တွေ  ပြောင်းတာအကုန်ပြီးပြီ"

ဖန်ဟောင်ရဲ့မျက်လုံးလေးတွေကတောက်ပပြီး လေးစားသဘောကျမှုအပြည့်ရှိနေကာ"စီနီယာကတကယ်ကိုမိုက်လိုက်တာ!!"

ဟဲဇီကျုံးကမသက်မသာနဲ့ချောင်းဟန့်လိုက်ပြီးမက်တပ်ရပ်လိုက်ကာ"သွားမယ်လေ"သူသည်ယခင်က       ကုမ္ပဏီ၏သူဌေးနှင့်ဂိုဒေါင်များကိုလက်လွှဲပေးအပ်သည့်အတွေ့အကြုံများရှိခဲ့ပြီးဒီလုပ်ငန်းစဉ်နှင့် ဆင်တူသည်။

နှစ်ယောက်သားသူတို့ခဏကရွှေးချယ်ထားသည့် အိမ်ဆီသို့မောင်းသွားကြသည်။အဲ့အိမ်၏နေရာသည်     ရပ်ကွတ်၏ဂိတ်ဝနှင့်အလွန်နီးသည်။အဲ့တာကထွက်ရဝင်ရလွယ်ကူပြီးလုံးဝပြုပြင်မွမ်းမံထား (အိမ်ပရိဘောဂအပြည့်အစုံထည့်ပြီးသား)သည်။    နှစ်ယောက်သားရှင်းလင်းရန်မလိုအပ်ဘဲနောက်လာမည့်လူများကိုလည်းသံသယဖြစ်စေမည်မဟုတ်ပေ။ကမ္ဘာပျက်ပြီးနောက်စစ်တပ်နဲ့အတူလိုက်လာတာ မဟုတ်ဘဲပရိဘောဂများထည့်ထားခြင်းမရှိတဲ့အိမ်အသစ်မှာအရွယ်ရောက်ပြီးသားယောက်ျား နှစ်ယောက်နေထိုင်ခြင်းသည်-အကယ်လို့သူကအိမ်ထောင်ဦးစီးဆိုရင်တောင် အခြားသူတွေကသံသယဖြစ်မှာသေချာသည်။

ကားကိုကားဂိုဒေါင်ထဲမှာရပ်လိုက်ပြီး နှစ်ယောက်သားဗီလာထဲကအခန်းတွေကို စတင်စစ်ဆေးကြသည်။

အထပ်သုံးထပ်ရှိတဲ့အဆောက်အဦးဖြစ်သည်။မြေအောက်ထပ်ကို သိုလှောင်ခန်း၊ဝိုင်ခန်းနှင့်gameအခန်းဟူ၍ ခွဲခြားထားသည်။ဧည့်ခန်း၊မီးဖိုချောင်နှင့်အားကစားအခန်းတို့သည်ပထမထပ်တွင်ရှိသည်။ဒုတိယထပ်တွင့်အိပ်ခန်း၊နားနေခန်းနှင့်စာကြည့်ခန်းများပါရှိသည်။နောက်ဆုံးတတိယထပ်ကတော့အလှဆုံးဖြစ် သည်။လှေကားထစ်တစ်ခု၊သစ်သားကြမ်းပြင်၊ပန်းစိုက်ခင်းနှင့်အပင်များဖြင့်အလှဆင်ထားသော ပန်းစိုက်ခင်းများအပြင်ခေါင်မိုးပေါ်တွင်ရေကူးကန်တစ်ခုတောင်ရှိသေးသည်။

သူတို့ဗီလာထဲသို့မဝင်လာခင်ကတတိယထပ်တွင်        ရေကူးကန်ရှိမှန်းသတိမထားမိပေ။ ကံကောင်းစွာဖြင့်ဒုတိယထပ်မှတတိယထပ်သို့တံခါးကိုဖွင့်ရန်လုံခြုံရေးသော့လိုအပ်သည်။သို့မဟုတ်ပါကဟဲဇီကျုံးသည်ချက်ချင်းပြန်သွားကာနေထိုရန်     လုံခြုံသောအိမ်တစ်ခုကိုရွှေးမိပေမည်။

ဖန်ဟောင်ကပါးစပ်ကိုအုပ်လိုက်ပြီးကျိတ်ရယ်လိုက်သည်။ဟဲဇီကျုံးဒုထိယထပ်မှဖောက်ထွင်းမြင်ရ သောမျက်နှာကျတ်ကနေစိမ်းပြာရောင်ရေတွေကို မြင်တုန်းကတွန့်ရှုံသွားတဲ့မျက်နှာအမူရာကလုံးဝကို   မမေ့နိုင်စရာဘဲ!!နောင်လာနောင်သားတွေအတွက် တောင်ဓာက်ပုံရိုက်ထားလိုက်ချင်တယ်!!

ဗီလာကိုစူစမ်းပြီးသောအခါသူတို့ကတံခါးနှင့်ပြတင်းပေါက်များကိုပိတ်လိုက်ပြီးရေချိုးခန်းထဲသို့ဝင်လိုက်ကာလိုက်ကာကိုဆွဲလိုက်ပြီးနေရာလွတ်ထဲသို့ဝင်လိုက်သည်။

သူနေရာလွတ်ထဲသို့ပြန်ရောက်တော့ သူ့ပတ်ဝန်းကျင်မှာရင်းနှီးပြီးနွေးထွေးတဲ့ အရာအားလုံးကိုကြည့်လိုက်သည်။ဟဲဇီကျုံးသည် သတ်ပြင်းချလိုက်သည်။ဖန်ဟောင်၏ပြုံးနေသော မျက်နှာလေးကိုညှစ်ရန်သူ့လက်ကိုဆန့်ထုတ်လိုက်ကာသူ့လွမ်းဆွတ်နေတဲ့ပါးချိုင့်လေးကိုပွတ်လိုက်သည်။"ဒီနေ့နေရာလွတ်ထဲမှာကောင်းကောင်း အနားယူကြတာပေါ့မနက်ဖြန်ကြမှဘဲအနီးနားကို   အခြေနေသွားစစ်ကြမယ်လေ"

ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီး"စီနီယာအရင်ရေချိုးလိုက်လေ၊ကျွန်တော်မြေအောက်ထပ်ကို သွားလိုက်ဦးမယ်"ဖန်ဟောင်ကဟဲဇီကျုံးသည် ဒီရပ်ကွတ်ထဲမှာ    ဇွန်ဘီအရေအတွက်နည်းသောကြောင့်ဒီနေ့ရာမှာ ယာယီနေထိုင်ဖို့ရွှေးချယ်ခဲ့တာလို့သူထင်လိုက်သည်။နောက်ပိုင်းတွင်ဒီနေရာကလုံခြုံရေးပိုကောင်းလာ နိုင်သည်။

ရက်အနည်းငယ်မကြာအောင်ကောင်းကောင်း အနားမယူခဲ့ရတာကြောင့်နေရာလွတ်ထဲရှိရေတံခွန်ရေချိုးခန်းထဲကိုတွေးပြီးဟဲဇီကျုံးဟာရေပူစမ်းနဲ့တူတဲ့ကုသမှုကိုတကယ်ခံစားချင်ခဲ့တာဖြစ်သည်။ဗီလာအပြင်ဘတ်ကအခြေနေလား?မေ့လိုက်တော့ခေါင်းထဲကထုတ်လိုက်မယ်။

သူ့ရေချိုးခန်းထဲကနေအပြင်ထွက်လာတော့မီးဖိုခန်းထဲမှာချက်ပြုတ်နေတဲ့တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။

"မင်းဘာလို့ဟင်းထပ်ချက်နေတာလဲ"ဖန်ဟောင်အလုပ်ရှုပ်နေတာကိုကြည့်ရင်းသူ့အတွက်ချက်ပြုတ် ပေးပြီးသူတို့ကျန်းမားရေးအတွက်အာဟာရမျှတ အောင်ဂရုစိုက်ဖို့ဆန္ဒရှိနေတာကိုပျော်ပေမယ့်သူ့                   ဖန်ဟောင်ပင်ပန်းမှာကိုစိုးရိမ်သည်။

ဖန်ဟောင်ကဖတ်ထုပ်သေးသေးလေးတွေကိုလုပ်         နေရင်းခေါင်းမမော့ဘဲပြောလိုက်သည်"ကျွန်တော် ဖက်ထုပ်လုပ်နေတာ၊ကျွန်တော်ခုနကအောက်ထပ်ကိုဆင်းသွားတုန်းကရေညှိခြောက်နဲ့ပုဇွန်ခြောက် တွေတွေ့လို့လေ"

ဟုတ်တာပေါ့အများကြီးရှိတယ်-သူ့အဲ့တာတွေကို       စူပါးမားကတ်ကနေဒါဇင်ချီပြီးဝယ်ခဲ့တာဖြစ်သည်။

သတ်ပြင်းတစ်ချက်ချကာသူ့ကဖန်ဟောင်အနောက်ကိုလျှောက်သွားလိုက်ပြီးခါးလေးကိုဖတ်လိုက်ကာ ပုခုံးပေါ်ကိုမေးစေ့တင်လိုက်ပြီး"ဒါလုပ်ပြီးရင်တော့ ရေချိုးတော့နော်ကိုယ်ဖတ်ထုပ်တော့ပြုတ်တက်တယ်"ဟဲဇီကျုံးသည်အခြားအရာများကိုလုပ်နိုင်မည် မဟုတ်သော်လည်းဖတ်ထုပ်ပြုတ်ခြင်းလောက် ကတော့ပြဿနာမရှိပေ-သူ့အေးခဲထားတဲ့အသင့်စားအစားအစာတွေကို ချက်ပြုတ်ခြင်းကနေသင်ယူခဲ့တာမလို့

ဖန်ဟောင်၏နားရွတ်များသည်သာမာန်မျက်စိဖြင့်      မြင်နိုင်သောအရှိုန်အဟုန်ဖြင့်လျင်မြန်စွာနီရဲလာကာ သူဖက်ထုပ်ထုပ်နေသည့်အရှိုန်သည်ပိုမြန်လာသည်။

ဖန်ဟောင်ကသူလုပ်ထားတဲ့ဖက်ထုပ်ထုပ်ဖို့ဂျုံဖက် လေးတွေကိုအကုန်သုံးပြီးမှရေချိုးခန်းထဲသို့ဝင်သွားသည်။ဟဲဇီကျုံးကထုပ်ထားတဲ့ဖက်ထုပ်လေးတွေကိုယူလိုက်ပြီးကျန်နေသေးတဲ့အဆာပလာတွေကို      မြေအောက်ထပ်သို့သွားထားတော့မှစင်ပေါ်တွင် ဖန်ဟောင်ရေသွားမချိုးခင်ကလုပ်ခဲ့တဲ့ထုပ်ပြီးသားဖက်ထုပ်လေးတွေအစီအရီတင်ထားတာကို တွေ့လိုက်ရသည်။

သူကသက်ပြင်းထပ်ချလိုက်ပြီးကူကယ်ရာမဲ့စွာဖြင့်  ပြုံးလိုက်သည်။ဒီကလေးကတကယ်အလုပ်အရမ်းလုပ်သည်။ကံကောင်းစွာဖြင့်ဒီဘဝမှာ သူရဲ့ခံစားချက်တွေကိုသိပြီးသူနဲ့အတူအနာဂတ်မှာအတူရှိချင်တာကိုဖန်ဟောင်ကလက်ခံခဲ့ပေလို့ပေါ့မဟုတ်ရင်  သူသိပ်မှားလိမ့်မည်။

ရေများကိုပွတ်ပွတ်ဆူရန်၊ဇလုံနှင့်ဟင်းခတ်အမွှေး  ကြိုင်များ၊ပုဇွန်ခြောက်များ၊ပင်လယ်ရေညှိ၊နှင့်နံနံ များကိုပြင်ဆင်ကာဖန်ဟောင်ရေချိုးမပြီးခင် ဖက်ထုပ်များကိုပြုတ်ထားလိုက်သည်။

ဖန်ဟောင်ကသူ့ကမ္ဘာမပျက်ခင်ကဝယ်ပြီးစုဆောင်းထားတဲ့အေးခဲထားတဲ့ပုဇွန်နဲ့ဝက်သားကိုအသုံးပြုခဲ့ပေမယ့်ကြက်သွန်နှင့်ဂျင်းကဲ့သို့သောဟင်းခတ်အမွှေးကြိုင်များကိုနေရာလွတ်ထဲကစိုက်ထားတဲ့ ဟာတွေကိုအသုံးပြုခဲ့သည်။ထပ်ပြောရမယ်ဆိုရင်   နံနံပင်ကလည်းနေရာလွတ်ထဲကနေခူးထားတဲ့ဟာ ဖြစ်သည်။သာမာန်ဖက်ထုပ်တွေရဲ့အရသာနဲ့ နှိုင်းယှဉ်ကြည့်ရင်အခုဖန်ဟောင်ထုပ်ထားတဲ့  ဖက်ထုပ်တွေကပိုကောင်းသည်။

သူတို့နှစ်ဦးသည်သုံးပန်းကန်လောက်ကုန်သွားပြီဖြစ်ပြီးနောက်ထပ်စားချင်စိတ်ပေါက်နေသေးသည်။ အရသာရှိတဲ့အစားအစာတွေကိုတစ်ကြိမ်တည်း မစားနိုင်လို့ဖြစ်သည်။မမေ့နိုင်သောcurry riceသည်လည်းမြေအောက်ထပ်တွင်ရှိသေးသည်။ သူတို့အစာကြေအောင်အရင်လုပ်ပြီးမှအိပ်ယာမဝင်ခင်ထပ်စားဖို့စီစဉ်ထားသည်။

"အစာကြေအောင်လို့လမ်းလျှောက်ကြရအောင်"

အစားအများကြီးစားထားတဲ့လူနှစ်ယောက်သည်  လက်ချင်းတွဲပြီးဝါးအိမ်လေးကနေထွက်လာခဲ့သည်။ရေကန်ဘေးရှိတိရိစ္ဆာန်များသည်ခြံစည်ရိုးအတွင်းတွင်အားအင်အပြည့်ဖြင့်လှည့်ပတ်သွားလာနေကြသည်။

လယ်ကွင်းထဲကဟင်းသီးဟင်းရွတ်များကလည်း ဝေဆာနေကာအနောက်တောင်တန်းပေါ်ရှိ အပင်များ၏သစ်ကိုင်းတွေမှာလည်းအသီးများ ပြွတ်ခဲနေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment