no

Font
Theme

မြင်ကွင်းသည်ကွက်ကွက်ကွင်းကွင်းဖြစ်သော်လည်း ၎င်းမြင်ကွင်းသည်ထူးထူးခြားခြားမှတ်ဉာဏ်ထဲတွင်ဝိုးတိုးဝါးတားဖြစ်နေသည်။

၎င်းကလွန်ခဲ့တဲ့ခြောက်နှစ်ခုနစ်နှစ်ခန့်ကအထက်တန်းကျောင်းရဲ့က စားကွင်းဖြစ်ပြီးအလွန်မွှေးသောခေါင်ရမ်းပန်းများလည်းပွင့်နေသည်။ ကစားကွင်းရဲ့အခြားတစ်ဖတ်မှလည်းကျောင်းသားများ၏ရယ်မောသံများပျံလွင့်နေခဲ့သည်။

အထက်တန်းကျောင်းမှဘွဲ့ရတော့မယ့်ဟဲဇီကျုံးသည်အံ့ဩစွာဖြင့်Mu Furongသစ်ပင်အောက်မှာသူရှေ့တွင်ခေါင်းငုံ့ကာ ရပ်နေသည့်ကောင်လေးကိုကြည့်လိုက်သည်။

ထိုကောင်လေးသည်အထက်တန်းကျောင်းမှဂျူနီ ယာလေးဖြစ်ပြီးဟဲဇီကျုံးသည်သူအပေါ်ထင်မြင် ချက်အများကြီးမရှိသော်လည်းသူ(ဟဲဇီ ကျုံး)ဖြတ်သန်းခဲ့သော်ကျောင်းမှအမှတ်တရများထဲတွင်တော့ထူးထူး ခြားခြားဖြစ်ခဲ့သည်။

ဟုတ်တယ်လှတယ်။ယောက်ျားလေးများအတွက်သလင်းကဲ့သို့တောက်ပလွန်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတဲ့သူကအနည်းငယ်နူးညံ့သိမ်မွှေ့ပုံပေါ်ပြီး။သူပြုံးလိုက်ရင်လည်းဘယ်ဘတ်နှုတ်ခမ်းထောင့်ဘေးနားမှာပါးချိုင့်လေးရှိတယ်။အရိုးသားဆုံးပြောရရင်ဟဲဇီကျုံး၏မှတ်ဉာဏ်ထဲတွင်ကျောင်းရှိမိန်းကလေးတောင်မှသူလောက်လှတဲ့သူမရှိပေ။သူဘယ်လိုလုပ်မေ့နိုင်မှာလဲ။သူမေ့ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ။

ဟဲဇီကျုံးမွေးလာကတည်းကနေပထမဆုံးအကြိမ် ဂျူနီယာတစ်ယောက်ဆီမှရည်းစားစာရရှိဖူးတာဖြစ် ပြီးပြီးတော့သူကိုရည်စားစာပေးပြီးဝန်ခံတဲ့သူက လည်းကောင်းလေးတစ်ယောက်ဖြစ်နေသည်။အဲဒီ ချိန်တုန်းကသူတို့နှစ်ယောက်ကြားမှတုန့်ပြန်မှုတွေကိုသူမမှတ်မိတော့ပေ။သူက ကောင်းလေးရဲ့နာမည်လေးတောင်မမေးလိုက်ရပေ။ရည်စားစာကိုသူပေးခဲ့တာဖြစ်ကြောင်းနှင့်သူ့ဘယ် လောက်တောင်သဘောကျကြောင်းစိတ်လှုပ်ရှားစွာဝန်ခံပြီးနောက်တွင်ဟဲဇီကျုံးရဲ့သူငယ်ချင်းတစ် ယောက်ကရောက်လာခဲ့သည်။

မနက်ခင်းမှာသူတို့ကစာအုပ်ဘီရိုထဲကနေရည်းစားစာကိုရှာတွေ့ခဲ့ပြီးဆက်ခနဲဆွဲယူပြီးချောင်းကြည့်ခဲ့ ခြင်းကြောင့်သဘာဝကျစွာဘဲသူတို့(ဟဲဇီကျုံးနဲ့ ကောင်းလေးချိန်းဆိုထားတဲ့အချိန်နဲ့နေရာကိုသိ သွားသည်။သူတို့စိတ်ပျက်အံ့ဩသွားကြသည်မှာ သပ်သပ်ရပ်ရပ်နှင့်လှပပ ရေးထားသောရည်းစားစာသည်ေကာင်လေးတစ်ယောက်ထံမှဆင်းသတ်လာခြင်းကြောင့်ဖြစ်သည်။

ဒီလိုပူပေါင်းဆောင်ရွက်မှုတွင်ထိခိုက်နစ်နာစေလို သောသူငယ်ချင်းများစွာပါဝင်ခဲ့သည်။ဟဲဇီကျုံးက ဘယ်လိုလုပ်ဒီလိုအရာမျိုးကိုသဘောတူ ပါမလဲ။အဲဒီမတိုင်ခင်တုန်းကအဲ့နေရာ(ချိန်းထားတဲ့နေရာ)မှာကောင်လေးတစ်ယောက် ဖြစ်လိမ့်မယ်လို့စဉ်းတောင်မစဉ်းစားဘူးပေ။

{T/N-ဒီမှာပြောချင်တာကဟဲဇီကျုံးကရည်းစားစာကိုဖတ် ကြည့်ပြီးတော့ ချိန်းထားတဲ့နေရာကိုရောက်လာတာပါသူကိုစာပေးတဲ့သူကကောင် လေးမှန်းသူမသိပါဘူး၊သူ့သူငယ်ချင်းတွေကလည်း စာကိုတွေ့သွားပြီးချိန်းထားတဲ့နေရာကိုရောက်ချ လာတာပါအဲ့တာကိုလည်းသူမသိပါဘူး။ရောက်လာတော့ကလေးလေးကသူကိုလှောင်ဖို့သူငယ်ချင်း တွေခေါ်လာတယ်ထင်ပြီးရှက်လို့ထွက်ပြေးသွားတာပါ}

{{{အခုမှစဉ်းစားကြည့်တော့ကောင်လေးရဲ့မျက်နှာ ဖြူဖျော့ဖျောနဲ့ထွက်ပြေးသွားတဲ့ပိန်ပိန်ပါးပါးပုံစံ လေးကိုတွေးမိသွားသည်။

အဖွဲ့စည်းမှာဖန်ဟောင်ကိုမြင်တုန်းကသူအမြဲမြင်ဖူးသလိုခံစားချက်မျိုးဖြစ်နေခဲ့တာအံဩစရာမရှိဘူ့းပြီးတော့သူနဲ့တွေ့သောအခါတွင်ဖန်ဟောင်မျက်လုံးထဲတွင်တစ်ခုခုရှိနေပုံရသည်မှာအံ့ဩစရာမဟုတ်ပေ။

အဲ့ဒီအချိန်တုန်းကဟဲဇီကျုံးကအဲလိုမျိုးဖြစ်ရခြင်းမှာဖန်ဟောင်နဲ့သူရည်းစားကအနည်းငယ်ဆင်သော ကြောင့်လို့ထင့်ခဲ့သည်။အဲဒါကသူရဲ့မသိစိတ်အရသတိထားမိခြင်းဖြစ်လိမ့်မည်။

ကောင်လေးတစ်ယောက်ကသူကိုကစားကွင်းက ခေါင်းရန်းပင်အောက်မှာဝန်ခံခဲ့တဲ့အဲဒီနှစ်ကိုသူအခုချိန်ထိအမှတ်ရနေဆဲဖြစ်သည်။

အဲဒီအချိန်ကစပြီးသူကမိန်းကလေးတွေကိုစိတ်ဝင် စားမှုမရှိဘဲယောက်ျားလေးတွေကိုသာပိုစိတ်ဝင်စားမှန်းသိသွားခဲ့သည်။

သို့သော်လည်းသူuniတက်ပြီးတဲ့အထိအဲ့အကောင် သေးသေးလေးကလွဲပြီးဘယ်ယောက်ျားလေးကိုမှသတိမထားမိပေ။(စိတ်မဝင်စား ပေ)။နှစ်ပေါင်းများစွာကြာတဲ့အထိအဲ့ကောင်လေး ခေါင်းမော့လိုက်တဲ့အချိန်တုန်းကဖြစ်နေတဲ့ဝမ်းနည်မှုအပြည့်နဲ့မျက်လုံးဝိုင်းဝိုင်းလေးကိုသတိရနေသေးသည်။

တူညီတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတဲ့သိုက်ကျွင်းနဲ့မတွေ့ခင်အထိဖြစ်သည်။သိုက်ကျွင်းကဖန်ဟောင်ရဲ့မျက်လုံးထက်အနည်းငယ်ပိုသေးပြီးတော့ပိုပြီးတော့လည်ပိန်သွယ်သည်။ယှဉ်ကြည့်ရင်တော့သိုက်ကျွင်းကဖန်ဟောင်ထက်သာမာန်ပိုဆန်သည်။

အခုပြန်တွေးကြည့်တော့ဖန်ဟောင်နဲ့ဆင်တူတဲ့အဒီမျက်လုံးတွေကြောင့်ဘဲငါကသူ(သိုက်ကျွင်း)ကိုဆွဲ ဆောင်မိပြီးသူနဲ့တွဲမိသွားပုံရသည်။ရယ်စရာ ကောင်းတာကဖန်ဟောင်နဲ့ပြန်တွေ့တုန်းကဒီလူ ဟာသူ့အထက်တန်းတတိယနှစ်ကခေါင်းရန်းပင်ေအာက်မှာသူကိုဝန်ခံခဲ့တဲ့ ကောင်လေးဆိုတာမမှတ်မိခဲ့ဘူး။

ဒါပေမယ့်အခုဖန်ဟောင်ကသေပြီ၊ငါလည်းသေသွား ပြီမလား။

"ငါသေပြီမလား"

ငေးငေးကြောင်ကြောင်နဲ့သူအဘွားမဆုံးခင်က ကိုယ်တိုင်ဝယ်ပေးထားတဲ့နံသာဖြူလက်ကောက် သေချာချည်နှောင်ထားတဲ့သူရဲ့လက်ကို ကြည့်လိုက်တော့ဒဏ်ရာသေးသေးလေးတောင်မရှိ ပေ။နေဦ!!လက် ကောက်?

ဟဲဇီကျုံးကရုတ်တရက်အိပ်ယာပေါ်ကထလိုက်ပြီးသူရဲ့လက်ကိုစိုက် ကြည့်ကာဘယ်ဘတ်လက်နဲ့လက်ကောက်ကိုဆုပ်ကိုင်လိုက်သည်။သူရဲ့လက်ထဲကအထိအတွ့အရလက်ကောက်ကအစစ်မှန်၊ဟုတ်တယ်။

"ဖန်ဟောင်?!"သူရုတ်တရက်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ရင်းနှီး ပြီးသားလိုက်ကာ၊အသုံးအဆောင်ပရိဘောဂတွေ အားလုံးကအရမ်း နွေးထွေးသည်။သူ့ခန္ဓာကိုယ်မှာလည်းဇွန်ဘီကိုက် ခြင်းကြောင့်ဖြစ် နေတဲ့ဒဏ်ရာလည်းမရှိဘူးနောက်ပြီးတော့သူရဲ့အ နီးနားမှာလည်းဖန်ဟောင်ရဲ့ခန္ဓာကိုယ်မရှိဘူး။

ရုတ်တရက်အခန်းထဲမှရင်းနှီးသောသီချင်းသံထွက် ပေါ်လာသည်။အဲ ဒါကဆဲလ်ဖုန်း.ဟုတ်တယ်ကမ္ဘာ

ပျက်မတိုင်ခင်တုန်းကသူအသုံးပြုခဲ့တဲ့ဖုန်းရဲ့ ringtoneအသံဖြစ်သည်။သူရဲ့ဘေးဘတ်စားပွဲပေါ် မှာတင်ထားတဲ့ဖုန်းကိုလက်ပြန်ယူလိုက်ပြီးဖုန်း ကောလ်ကိုကိုင်ရန်ဂရုမစိုက်ဘဲအဲ့အစားဖုန်းထဲက date(ဖေဖော်ဝါရီလ၁၃ရက်.၂၀xx)ကိုကြည့်လိုက်ပြီးမှင်တက်နေသည်။

ဖေဖော်ဝါရီ၁၃၊လွန်ခဲ့တဲ့တစ်နှစ်ခွဲလား၊ကမ္ဘာမပျက်ခင်လဝက်အလိုလား!?


အချိန်ကြာသည့်အထိမကိုင်သောကြောင့်ဖုန်းမြည်သံကရပ်သွားသည်။ဟဲဇီကျုံးသည်ပြတင်းပေါက်ဆီသို့လျှောက်သွားကာရပ်ရွှာအတွင်း သွားလာလှုပ်ရှားနေကြသောလူများ၏အသတ်ဝင် နေသောမြင်ကွင်းကိုကြည့်လိုက်သည်။ကမ္ဘာ ပျက်ကပ်နေရက်များလိုပရမ်းပတာဖြစ် ခြင်းနှင့်ထိတ်ထိတ်ပျာပျာဖြစ်ခြင်းတွေမရှိမှလွန်ခဲ့တဲ့တစ်နှစ်ခွဲကိုသူပြန်ရောက်လာခြင်းကိုယုံကြည်သွားခဲ့သည်။

ညာဘတ်လက်မှပုတီးစေ့ကိုဘယ်ဘက်လက်နှင့်ကိုင်ကာဟဲဇီကျုံးသည်ဗုဒ္ဓခေါင်းပေါ်မှာထွင်းထုထားတဲ့စကားလုံးသုံးလုံးကိုကြည့်ပြီးမျက်လုံးကိုဖြည်းညှင်းစွာပိတ်လိုက်ကာစိတ်ထဲမှ

"ဝင်လို့"ရေရွှတ်လိုက်သည်။

{{{သူ့ဘေးပတ်ဝန်းကျင်မှလေများကချက်ချင်းပိုပြီး တော့နွေးထွေးလာသည်။ဒီနေရာမှာကပြတင်းပေါက်အပြင်ဘတ်ကရပ်ကွတ်အတွင်းမှာလိုကလေးများ၏ရယ်သံများမရှိပေ၊စမ်းချောင်းနှင့်ရေစက်ကျသံ များကိုသာလျှင်ကြားနိုင်သည်။နေရာလွတ်၊ဟုတ် တယ်ငါရဲ့ကိုယ်ပိုင်နေရာလွတ်သူရဲ့အရင်ဘဝကသိုက်ကျွင်းခိုးသွားတဲ့နေရာလွတ်ဒါပေမယ့်အခု တော့သူရဲ့လက်ထဲပြန်ရောက်လာပြီ။

ဒီနေရာလွတ်ကိုသိုက်ကျွင်းသိသလိုဖန်ဟောင် လည်းသိသည်။နောက်ပိုင်းမှာအဖွဲ့ထဲကလူတွေကလက်ကောက်ရဲ့လျိုဝှတ်ချက်ကိုမသိပေ မယ့်နေရာလွတ်စွမ်းရည်ရှိသူအနေဖြင့်သာသိကြသည်။ဘာဘဲဖြစ်ဖြစ်သိုက်ကျွင်းကသူမှာနေရာလွတ် ရှိနေတာသိသွားတော့နေ့တိုင်းနေရာလွတ်ထဲမှာနေခဲ့ပြီးအပြင်မှာမနေချင်ခဲ့ပေ။

၎င်းသည်A Cityသို့တပ်အစောက်ရှောက်ပါသောယာဉ်တန်းနှင့်မလိုက်ပါခင်ကဖြစ်ပြီးသူဝန်ခံခဲ့တဲ့သူသဘောကျရသူကအင်းအားကြီးမားသောအ့ဖွဲခေါင်းဆောင်ဖြစ်တာကိုသိသွားသောအခါသိုက်ကျွင်းကနေရာလွတ်ကနေနေ့ခင်းဘတ်အချိန်တွေဆိုအပြင်ဘတ်မှာထွက်ပြီးနေခဲ့သည်။သူအိမ်မှာမရှိတဲ့အချိန်ဆို သိုက်ကျွင်းကနေရာလွတ်ထဲကပစ္စည်းတွေကိုယူ ပြီးအဲဒီလူကိုသွားချဉ်းကပ်တာဖြစ်သည်။

ဖန်ဟောင်ကနေရာလွတ်နဲ့ပတ်သတ်ပြီးဘာမှမပြောပေ။ဒါပေမယ့်သိုက်ကျွင်းကတစ်လျှောက်လုံးအချိန်တော်တော်များများနေရာလွတ်ထဲပုန်းနေခြင်းကြောင့်ချုးလီလီတောင်မှပြဿာနာတစ်ခုခုရှိမယ်လို့မှန်းဆ မိပြီးခိုးနားထောင်ရန်နည်းလမ်းပေါင်းစုံနှင့်ကြိုးစားခဲ့သည်။

{T/N-သိုက်ကျွင်းကနေရာလွတ်ထဲမှာဘဲနေနေတော့ဟဲဇီကျုံးရဲ့နေရာလွတ်ကတခြားစွမ်အင်ရှိတဲသူတွေ့ရဲ့ဟာနဲ့မတူဘူးလို့ခန့်မှန်းမိသွားတာ} သေချာကြည့်လိုက်ရင်ဖန်ဟောင်ကလည်းသူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာဘဲ။ဒါပေမယ့်သူကဘယ်တုန်းကမှထပ်မမေးခဲ့ဘူး။နောက်ပိုင်းတွင်သူကို overloardအဖွဲ့မှတစ်စုံတစ်ယောက်ကလိုက်ဖမ်း နေခဲ့တာ တောင်မှဖန်ဟောင်ကသူကိုဘာမှမေးမြန်းခြင်းမရှိဘဲ၊ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ်သူကိုယုံကြည်ထောက်ခံကာသူနဲ့အမြဲအတူရှိပေးခဲ့တာဖြစ်သည်။အစတုန်းကတော့ဖန်ဟောင်ကဘာကြောင့်အဲလို လုပ်မှန်းငါနားမလည်ခဲ့ဘူးသူကိုသစ္စာ ရှိတဲ့ညီကိုကောင်းလို့သာသတ်မှတ်ခဲ့သည်။ဒါပေမယ့်ခုတော့

အထက်တန်းကျောင်းကစားကွင်း၊အဲ့ဒီရည်းစားစာ......

ခြောက်နှစ်သို့ခုနှစ်ကြာပြီးနောက်အဲ့ဒီအချိန်ကခံစားချက်ကမပြောင်းလဲဖူးဆိုတာကိုဘယ်သူကယုံကြည်နိုင်လိမ့်မည်နည်း။လူငယ်တစ် ယောက်ကသူ့ဘဝကိုတောင်မှစွန့်လွှတ်ပြီးတော့လေ။}}}

သူကသတ်ပြင်းချလိုက်ပြီးဘာမှမရှိတဲ့နေရာလွတ်ကိုကြည့်လိုက်သည်။ဖန်ဟောင်ကောသိုက်ကျွင်း ကောကဒီနေရာလွတ်ရဲ့အလုပ်လုပ်ပုံကိုမသိပေ။

ယေဘုယျအားဖြင့်နေရာလွတ်ကိုဝင်ရောက်သည့်နည်းလမ်းကလက်ကောက်ပေါ်မှာသွေးစက်ချသည့် နည်းလမ်းဖြစ်သည်။သူ့ဝမ်းကွဲချူးလီလီတောင်မှအခွင့်ရေးရယူကာယိုစီးနေသောသူမသွေးများကိုလက် ကောက်ပေါ်မှာသုတ်လိုက်မှသာသိုက်ကျွင်းအမြဲတမ်းအေကြောင်းပြချက်မရှိပျောက်သွားရခြင်းကိုသိ သွားတာဖြစ်သည်။

{{{ဟိုအရင်ကထဲကဗုဒ္ဓရဲ့ခေါင်းပေါ်မှာထွင်းထုထားတဲ့"ဟဲဇီကျုံး"ဆိုတဲ့စကားလုံးသုံးလုံးကိုထိလိုက် တယ်။အတိတ်မှာတုန်းကတံဆိပ် ခေါင်းထွင်းထုတာကိုခဏသင်ခဲ့ဘူးတယ်။အမြဲတမ်းဝတ်ဆင်ခဲ့တဲ့ဒီလက်ကောက်ကိုမနေ့ညက(ပြန်လည်မွေးဖွားတဲ့ရက်မတိုင်ခင်က) မှကြ့ကြံဖန်ဖန်စိတ်ကူးပေါက်ပြီးငါရဲ့နာမည်ကိုတံဆိပ်ခေါင်းသေးသေးလေးပုံစံမျိုးထွင်းထုခဲ့တာဖြစ် ပြီးဒါပေမယ့်မမျှော်လင့်စွာနေရာလွတ်ကအသတ် ဝင်လာခဲ့သည်။

ကြက်သွေးရောင်မြေလေးဧက၊နှစ်ထပ်ဝါးအဆောက်အအုံငယ်၊ဝါးအိမ်ရဲ့အနောက်မှာပြောင်ရှင်းနေ သောမြေကြီးကုန်းလျှော၊ရေတွင်းတစ်တွင်း၊တောင်စောင်းမှာရှိတဲ့ရေတံခွန်မှဖြစ်ပေါ်ပြီးဟင်းလင်းပြင်တစ်လျှောက်ဖြတ်သန်းစီးဆင်းနေတဲ့စမ်းချောင်း ငယ်ရှိသည်။ဤနေရာသည်သူသုံးလကျော်နေထိုင်ခဲ့သောနေရာဖြစ်သည်။စုစုပေါင်းလေးဧကကျယ်ဝန်း ပြီးသေးငယ်သောဝါးအဆောက်အအုံ့ကနေရာအ နည်းငယ်သာယူပြီး၎င်းနောက်တောင်းစောင်းနှင့် ကုန်းမြေများသာရှိသည်။

အတိအကျပြောရလျှင်စိုက်ပျိုးနိုင်သောဧရိယာသည်သုံးဧကအောက်သာရှိသည်။ထိုအပြင်ဟဲဇီကျုံးသည်ဘဲများနှင့်ကြက်အချို့ကိုမွေးမြူရန်နှင့်စပျစ်သီးစင်တစ်ခုပြုလုပ်ရန်စဉ်စားထားသည်။အဲ့တာကြောင့် နောက်ဆုံးတွင်စိုက်ပျိုးရန်မြေနှစ်ဧကခန့်သာ ကျန်တော့သည်။ 

ဟဲဇီ ကျုံးသည်ဝါးအိမ်လေးအတွင်းသို့လျှောက်ဝင်သွားသည်။ဒုတိယအထပ်တွင်အလင်းရောင်ကောင်း ကောင်းရသောအခန်းအကျယ်ကြီးတစ်ခန်းရှိပြီးအိပ်ခန်းအနေဖြင့်အသုံးပြုနိုင်သည်။ပြတင်းပေါက်နား မှာစားပွဲပုလေးတစ်ခုရှိပြီးထိုဟာမှလွဲ၍တစ်ခြား ပရိဘောဂမရှိပေ။

အောက်ထပ်မှာတော့အခန်းသုံးခန်းရှိပြီးအကျယ်ဆုံးအခန်းကဧည့်ခန်းဖြစ်ပြီးနောက်တစ်ခန်းကတော့မီးဖိုချောင်ဖြစ်သည်။မီးဖိုချောင်ထောင့်မှာအကန့်တစ်ခုရှိပြီးအောက်ဘတ်တွင်မြေအောက်ခန်းရှိသည်။ နောက်ဆုံးတစ်ခန်းကတော့ရေချိုးခန်းနှင့်အိမ်သာဖြစ်သည်။ဝါးအိမ်လေးသည်မကြီးဘဲအထပ်နှစ်ထပ် သာရှိသော်လည်းမြေအောက်ခန်းကတော့အံ့ဩဖွယ်ကောင်းသည်။မြေအောက်ခန်းတစ်ခုလုံးက လေးဧကတောင်ကျယ်ဝန်းနေတာ!!အပေါ်ကနေရာအားလုံးကိုပေါင်းထည့်ထားသလောက်ကြီးသည်။ဤနေရာတွင်သိမ်းဆည်းသည့်အရာအားလုံးသည် ၎င်းတို့ထည့်ထားသည့်အတိုင်းသိမ်းဆည်းထားနိုင် ပြီး၎င်းတို့ကိုစိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုဖြင့်လည်း ပြန်လည်ထုတ်ယူနိုင်သည်။

"ပြန်ထွက်မယ်"

သူစိတ်ထဲမှာအတွေးတွေပေါ်လာပြီးဟဲဇီကျုံးကအခန်းထဲပြန်ဝင်သွားသည်။အခုနေရာလွတ်ထဲမှာဘာမှမရှိသေးပေ။သူကရိယာများ၊ကောက်ပဲသီးနှံစေ့ များ၊သီးပင်ပျိုးပင်များနှင့်အခြားအရာများဝယ်ရန်လိုအပ်သည်။ကိုယ်ဝယ်ချင်တဲ့ပစ္စည်းတွေအ ကြောင်းတွေးနေရင်းနဲ့လက်ထဲမှာကိုင်ထားတဲ့ဖုန်းကရုတ်တရက်အသံမြည်လာခဲ့သည်။

ဖုန်းထဲကနာမည်ကိုမြင်လိုက်ရတော့ဟဲဇီကျုံးရဲ့နှုတ်ခမ်းတွေကတင်းတင်းစေ့သွားပြီးဖုန်းပြန်မဖြေချင်ခဲ့ပေ။သူခဏလောက်စဉ်စားပြီးတော့ပြန်ဖြေရန်answerကိုပွတ်ဆွဲပြီးနားရွတ်အနားကိုကပ်လိုက်သည်။

"ဇီကျုံးဘာဖြစ်နေတာလဲ၊မင်းဖုန်းလည်းမကိုင်ဘူးငါမင်းကိုဖုန်းခေါ် နေတာကြာပြီ"ရင်းနှီးနေသောသိုက်ကျွင်းရဲ့အသံကထွက်ပေါ်လာသည်။

"ငါမကြားလို့"ဟဲဇီကျုံး၏အသံကအေးစက်နေသည်၊သူဘယ်လိုလို့မအေးစက်ဘဲနေမလဲ။အတိတ်ဘဝ မှာတုန်းကဒီလူကြောင့်သူနာကျင်ခဲ့ရတာဖြစ်သည်။

ဟဲဇီကျုံးသည်ပြတင်းပေါက်ဘေးတွင်ရပ်လျက်သွားလာလှုပ်ရှားနေ သောလမ်းသွားလမ်းလာများကိုကြည့်နေသည်။အချိန်ကနေ့လည်၁၂နာရီဝန်းကျင်လောက်တောင်ရှိနေ ပြီ။မနေ့ကနေရာလွတ်ကိုအသက်သွင်းခဲ့တာကြောင့်အခုချိန်ထိသူအိပ်နေခဲ့ခြင်းဖြစ်သည်။သူကုမ္ပဏီကို တောင်မသွားပေ။လွတ်သွားသောခေါ်ဆိုမှုအများစုသည်လုပ်ဖော်ကိုင်ဖတ်များနှင့်ကုမ္ပဏီ၏ခေါ်ဆိုမှု များဖြစ်သည်။

သူ(သိုက်ကျွင်း)ကဟဲဇီကျုံးအသံထဲကမကျေနပ်မှုကိုတောင်ကြားတဲ့ပုံမပေါ်ပေ။သိုက်ကျွင်းရဲ့အသံကအနည်းငယ်ချွဲနွဲ့၍ကလူမြှူဆွယ် တဲ့အသံဖြင့်

"ဇီကျုံးမနက်ဖြန်ကြရင်မင်းအိမ်နားကjinyue (စားသောက်ဆိုင်အမည်)မှာညစာသွားစားကြရ အောင်နော်ငါမင်းကိုကျွေးမယ်လေနော်...."

ဟဲဇီကျုံးသည်တစ်ချိန်ကရင်းနှီးခဲ့ဖူးသောအသံကို ကြားရတော့ဝေး ကွာနေသောကမ်ဘာတစ်ခုလိုခံစားလိုက်ရသည်။ဟုတ်တာပေါ့ဒါကတကယ်ကိုဝေးကွာနေသောကမ်ဘာဘဲဖြစ်သည်။

{{{ဖုန်းပြောနေတဲ့အကြောင်းရာတွေကိုအရမ်းရင်းနှီးနေပြီးရုတ်တရက်ပြန်လည်မွေးဖွားပြီးနောက်မှာ တောင်ဆုံးရှုံးမှုတွေကိုခံစားနေရတုန်းဘဲ။ဒါပေမယ့်ဟဲဇီကျုံးကအတိတ်ဘဝမှာတုန်းကဒီအချိန်မှာဘာတွေ  ဖြစ်ခဲ့လဲဆိုတာကိုမှတ်မိနေတုန်းဘဲအတိတ်ဘဝမှာတုန်းကဒီနေ့မှာ နေရာလွတ်ကိုအသက်သွင်းပြီးနောက်ငါကသူကို ဖုန်းခေါ်ခဲ့ပြီးမနက်ဖြန်ညကျရင်ညစာအတူတူစားဖို့သဘောတူခဲ့သည်။

အများအားဖြင့်ငါတို့နှစ်ယောက်အပြင်ထွက်ပြီး ညစာစားခြင်းနှင့် လျှောက်လည်တဲ့အခါသူကကျောင်းတက်နေဆဲ ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်အားနာပြီးတော့သူကိုဘယ်တော့မှာပိုက်ဆံမရှင်းခိုင်းဘူး။}}}

ဒါပေမယ့်ဒီတစ်ကြိမ်တော့သူ(သိုက်ကျွင်း)က တောင်းပန်တဲ့အနေဖြင့်ဒကာခံခြင်းဖြစ်သည်။ဟုတ်တယ်တောင်းပန်ရုံဘဲ။

 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment