"ရှောင်လျောင်မလား?အပြင်လျှောက်သွားနေတာရပ်လိုက်တော့၊အိပ်ပြန်မင်းအဘွားမင်းကိုလိုက်ရှာနေတယ်" အသုံးပြုရန်အတွက်တစ်စုံတစ်ခုရှာဖို့ရောက် လာသောအမျိုသားသည်ရွာအဝင်ဝမှာရပ်နေတဲ့ ကလေးကိုမြင်လိုက်ပြီးသူဆီအမြန်သွားလိုက်သည်။ ဇွန်ဘီအပုံလိုက်ကြီးသည်ကလေးတွေအတွက် မြင်လို့ကောင်းသောအရာမဟုတ်ပေ….."အို!! ဒီကလေးကတော့ငါ့ကိုဘာလို့လာကိုက်နေတာလဲ……ကိုက်တယ်?လူတွေကိုလိုက်ကိုက်နေတယ်!!! ကယ်ကြပါဦး!!!"
ရွှာအပြင်ဘက်ကလမ်းကျဉ်းကျဉ်းလေးတွင်လူတစ်စုသည်လယ်ငှားရမ်းသူဆောက်ထားသည့်တဲထဲကို သွားနေကြသည်။တတိယဦးလေးသည်မီးငြှိမ်းသွားသောစီးကရတ်ကိုပါးစပ်မှာကိုက်ထားပြီး ကိုယ်ကိုကိုယ့်ခုခံကာကွယ်ရန်ကိုင်ဆောင်ထားသည့်အရာကိုတော့လွှတ်ပစ်ရန်တွန့်ဆုတ်နေသည် "ဒီနေရာပဲသူတို့ကမျိုးစေ့တွေကိုဒီနေရာမှာပဲသိမ်း ကြတာ"
"တတိယဦးလေးဒီနေရာမှာမျိုးစေ့တွေရှိသေးပါဦးမ လား?"
"မဟုတ်ဘူးအရင်ကဒီအိမ်မှာစောင့်တဲ့လူကိုငါမှတ်မိတယ်၊သူတို့အကုန်လုံးဇွန်ဘီဖြစ်သွားကြတာ၊အရင် တုန်းကရွှာထဲမှာတောင်လျှောက်ပတ်သွားနေသေးတယ်"
"အဲ့ဒါဆိုကျွန်တော်ဖွင့်လိုက်ရမလား?"လူတစ်ယောက်ကမေးခဲ့သည်။တတိယဦးလေးခေါင်းညိတ်ပြတာ မြင်တော့တံခါးသော့ကိုပုဆိန်ဖြင့်တစ်ချက်တည်းခုတ်ချလိုက်သည်။
"ဘာဖြစ်လို့အရမ်းမှောင်နေတာလဲ?"
"တိမ်ထူပြီးအပြင်မှာလည်းမိုးရွှာနေတယ်လေမမှောင်ဘဲဘယ်နေမလဲ?"
"အိုကေ မီးထွန်းဖို့ရှာပြီးသွားရင်မျိုးစေ့တွေကို ပြန်သယ်ကြစို့"
"ကျွန်တော်ခြေထောက်ကိုဘာကြီးလဲမသိဘူး လာရစ်ပတ်နေတယ်?"
"မြွေ!!!!"
"မြွေဘယ်မှာလဲ………အားဖယ်ပေးစမ်း ဘာကြီးလဲ?"
ကမ္ဘာပျက်ကပ်နေ့ရက်များတွင်မျိုးစေ့တွေကမှိုတက်လာပြီးတစ်ချို့မျိုးစေ့တွေကလည်းအညှာပေါက်လာသည်။အဆက်မပြတ်မိုးရွှာနေသောနေ့များသည်လေထုထဲတွင်ရေငွေ့များနှင့်ပြည့်နှတ်နေအောင်လုပ်နေသည်။တစ်နေရာထဲတွင်ရှိသောမျိုးစေ့များသည်ပျက်စီးသွားပြီးစနစ်တကျသိမ်းဆည်းထား ခြင်းမရှိပါက မျိုးစေ့များသည်အလွယ်တကူစိုထိုင်း သွားတာဒါမှမဟုတ်သန္ဓေပြောင်းအပင်အဖြစ် ကြီးထွားနိုင်သည်။
……………….
"ချီးပဲ အဲ့ဒါဘာကြီးလဲ?"သူ့ရှေ့ကအခန်းထဲက အပြင်းအထန်ကခုန်နေသည့်သန္ဓေပြောင်း အပင်၏အကိုင်းများကိုကြည့်လိုက်ပြီးကောပင်းကသူ့လက်ထဲကမှန်ပြောင်းကိုလွှတ်ပစ်လုနီးပါးဖြစ် သွားသည်။
"သန္ဓေပြောင်းအပင်"ဟဲဇီကျုံးဝမ်းနည်းစွာနဲ့ခေါင်း ခါလိုက်ပြိး"ငါတို့အဲ့ဒီအရာကိုမဖြေရှင်းနိုင်မှာစိတ်ပူတယ်"
မြို့ထဲကိုဝင်လာပြီးဒုတိယရက်ဖြစ်သည်။အစတွင်သူတို့ကံကောင်းခဲ့သည်။မြို့အစွန်နားရဲ့လမ်းပေါ်မှာမျိုးစေ့ဆိုင်နှစ်ဆိုင်ကိုရှာတွေ့ခဲ့သည်။ကံမကောင်း စွာဖြင့်အစေ့တော်တော်များများကမှိုတက်နေခဲ့ပြီး ကောင်းမွန်သည့်အစေ့အနည်းငယ်ကိုသာရှာတွေ့ခဲ့သည်။ထိုမျိုးစေ့များကိုချန်နင်နဲ့လုထန်၏နေရာလွတ်ထဲတွင်ထားခဲ့သည်။
သူတို့မြို့ထဲကိုလျှောက်လာခဲ့ကြသည်။မျိုးစေ့ဖလှယ်ပွဲကျင်းပမည့်နေရာ၌သူတို့သည်ဇွန်ဘီအနည်းငယ်ကိုရှင်းလင်းခဲ့ပြီးအဏုမြူကျောက်တုံးတစ်ချို့ရရှိခဲ့သည်။အကျိုးရလဒ်ကသိပ်တော့မဆိုးပေ။
ဒါပေမဲ့ဒီနေ့လမ်းဆုံကအဆောက်အဦးထဲမှာထိုးထွက်နေသောမရေတွက်နိုင်သည့်"လက်တံ"များကိုကြည့်ရင်းအားလုံးကစိတ်ဓာက်ကျနေကြသည်။
"သန္ဓေပြောင်း ၊သန္ဓေပြောင်းအပင်?"ကောပင်းက မှန်ပြောင်းကိုချလိုက်ပြီးသူ့စကားကိုပြန်ပြောခဲ့သည်။
ဟဲဇီကျုံးကခေါင်းညိတ်လိုက်ကာ"ငါတို့အဲ့တာနဲ့ အရင်တုန်းကတွေ့ဖူးတယ်"
"ဘယ်လိုဖြစ်သွားလဲ"ချန်နင်ကကောပင်းရဲ့မှန်ပြောင်းကိုယူပြီးကြည့်လိုက်သည်။
"အဲ့ဒါကိုမဖြေရှင်းနိုင်ဘူး၊အဓိကကသန္ဓေပြောင်းအပင်ရဲ့အားနည်းချက်ကိုမသိဘူး"ဟဲဇီကျုံက ရှင်းပြခဲ့သည်။"အပင်ရဲ့အကိုင်းတွေနဲ့နွယ်တွေကိုဖြတ်လိုက်လည်းအပင်ရဲ့တခြားအကိုင်းတွေရဲ့ လုပ်ဆောင်နိုင်မှုအပေါ်သတ်ရောက်မူမရှိဘူး၊အဲ့ဒါက ဇွန်ဘီလိုမဟုတ်ဘူး၊ပြောရရင်ကွာဇွန်ဘီက ခေါင်းဖြတ်လိုက်တာနဲ့သေတယ်၊အပင်ရဲ့ အားနည်းချက်က ….မြေကြီးထဲမှာရှိတယ်လို့ သံသယဖြစ်ပေမဲ့ ရှာဖို့အရမ်းခက်မှာ"
"ဒါကတကယ့်ကိုအရှုပ်ထုပ်ပဲ"ကောပင်းက မျက်မှောင်ကြုံလိုက်သည်"ဘာကြောင့်ဒီအပင်မျိုးတွေက….အရမ်းထူးဆန်းနေရတာလဲ?"
သစ်ကိုင်းလက်တံတွေကလည်းအရမ်းထူးဆန်းသည်။ဒီလိုမျိုးသန္ဓေပြောင်းအပင်အမျိုးစားသည်အရွတ်တောင်မရှိပေ။ထို့ကြောင့်ဘယ်လိုအပင်ကနေ သန္ဓေပြောင်းလာလဲဆိုတာတောင်မပြောနိုင်ပေ။ သန္ဓေပြောင်းအပင်တွေကအရမ်းဆင်တူတာဒါမှမဟုတ်သစ်ပင်အစိတ်အပိုင်းလိုနွယ်ပင်တွေကြည့်ပဲဖြစ်နေတာမျိုးကလူတွေကိုထူးဆန်းတယ်လို့ခံစားရ စေသည်။
ကြည့်ရတာဟဲဇီကျုံးသည်နွယ်ပင်တွေနဲ့ရေစက်ရှိပုံပေါ်သည်။
"ပတ်သွားရင်ကော၊တခြားလမ်းကနေသွားလို့ရနိုင်ရင်ကော….."လူအနည်းငယ်သည်၎င်းကိုဆွေးနွေးပြီး နောက်ကွေ့ပတ်ပြီးသွားရန်ဆုံးဖြတ်ခဲ့သည်။အသင်းထဲကလူအများစုသည်လက်နက်များဖြင့်တိုက်ခိုက် ပြီးသန္ဓေပြောင်းအပင်များအပေါ်လက်နက်များ၏ သက်ရောက်မူသည်အနည်းငယ်မျှသာဖြစ်သည်။
လူတိုင်းကကားပေါ်တက်လိုက်ပြီးထူးဆန်းတဲ့ အဆောက်အအုံကနေပတ်သွားရန်ပြင်ဆင်ခဲ့သည်။ ဒါပေမဲ့သူတို့ကားစမောင်းလိုက်တာနဲ့စကားပြော စက်ကနေအော်ဟစ်သံတွေထွက်လာသည်။ "ဘော့စ်ကျွန်တော်တို့ကားတွေမရွေ့တော့ဘူး!!"
"ကျွန်တော်တို့ကားကောပဲ…."
"ငါတို့မြှောက်တက်သွားပြီ ငါတို့ကားမြှောက်တက်သွားပြီ!!!"
ဖန်ဟောင်နဲ့ဟဲဇီကျုံးပင်အနောက်ကနေသူတို့ကားကိုဆွဲနေတဲ့တစ်စုံတစ်ခုရှိနေတာကိုခံစားမိသည်။
"အဲ့ဒါသန္ဓေပြောင်းအပင်ပဲ!!!"ဖန်ဟောင်သည်နောက်ကြည့်မှန်မှတစ်ဆင့်သူတို့ကားရဲ့ဘီးကိုအညိုရောင်နွယ်ပင်တစ်ပင်ကရစ်ပတ်ထားတာကိုမြင်လိုက်သည်။
"အားဟောင်ကားစတီယာရင်ကိုကိုင်ထား ကိုယ်ဖြတ်လိုက်မယ်"ဟဲဇီကျုံးကပြတင်းပေါက်ကို ဖွင့်လိုက်ပြီးလေစွမ်းအင်ရဲ့အထောက်အပံ့နဲ့အတူ ရွှေရောင်အလင်းတစ်ချက်ဖြင့်သူတို့ကားကို ဆွဲထားသည့်နွယ်ပင်တွေကိုဖြတ်လိုက်သည်။ဒါပေမဲ့ သူတို့ကားကိုနွယ်ပင်အများကြီးရစ်ပတ်ထားသည်။
"မဟုတ်သေးဘူး!!သန္ဓေပြောင်းအပင်က တစ်ပင်တည်းမဟုတ်ဘူး"အဆောက်အအုံ ၏အခန်းပေါင်းများစွာမှထိုးထွက်လာသောအညို ရောင်နွယ်ပင်လက်တံများကိုမြင်လိုက်ပြီးဟဲဇီကျုံးက ရုတ်တရက်သဘောပေါက်သွားသည်။
ထိုနွယ်ပင်တွေကမရေမတွက်နိုင်အောင်များပြီး ကျယ်ပြန့်စွာဖြန့်ဖြူးနိုင်သည်။ဒါပေမဲ့လည်း သေချာပေါက်တစ်ပင်ထက်ပိုရှိနိုင်တယ်!!!သားကောင်တွေကိုတိုက်ခိုက်တဲ့အခါသန္ဓေပြောင်းအပင်မှာလည်းကန့်သက်ချက်ရှိသည်။ဥပမာအားဖြင့်၎င်းတို့သည်တစ်ချိန်တည်းတွင်ဦးတည်ရာတစ်ခုတည်းဖြင့် သာသူတို့ရဲ့သားကောင်ကိုတိုက်ခိုက်ပြီး၎င်းတို့သည်အားကောင်းသည့်ပြိုင်ဘက်နဲ့တိုက်ခိုက်နေရပြီဆိုတာနဲ့အခြားသူများထွက်ပြေးလွတ်မြောက်နိုင်သည့်အခွင့်အရေးများကိုပိတ်ဆို့ရန်အကိုင်းခတ်တွေအကုန်လုံးကအာရုံစိုက်မည်ဖြစ်သည်။
ဒါပေမဲ့ တခြားဘက်ရဲ့လမ်းပေါ်မှာနွယ်ပင်အချို့က ဇွန်ဘီတွေအားလိုက်ဖမ်းနေသည်ကိုဟဲဇီကျုံးကရှင်းရှင်းလင်းလင်းမြင်ခဲ့ပြီးကျန်တဲ့နွယ်ပင်တွေကကျ တော့သူတို့ဆီလာနေသည်!!!
"ချီးပဲ မင်းတို့ကားရဲ့အရှိုန်ကိုမြှင့်လိုက် သူတို့ကိုဆွဲခွင့်မပြုနဲ့"
"ဘော့စ်ကျွန်တော်တို့ကားတွေကမြှောက်တက်နေ ပြီလေ !!မြှောက်တက်နေပြီသားလို့!!!"
အပင်၏ခွန်အားသည်မမျှော်လင့်ထားစွာအရမ်းသန်မာနေပြီးအပင်ကမြေကြီးပေါ်ကနေသူတို့ရဲ့ကား အလေးကြီးတွေကိုလေထဲတွင်မြှောက်ပင့်ထားသည်!!!!
"ဇီကျုံး…."ဟဲဇီကျုံးရဲ့ကားကလည်းမြေကြီးပေါ်ကနေအဆွဲခံနေရသောကြောင့်ဖန်ဟောင်ကစိုးရိမ် ထိတ်လန့်စွာဖြင့်ဟဲဇီကျုံးကိုကြည့်လိုက်သည်။
အကယ်လို့ဒါကတကယ်ကြီးအန္တရာယ်အရမ်းများ နေရင်သူတို့နေရာလွတ်ထဲကိုတိုက်ရိုက်ဝင်သွားလို့ရသည်။သူတို့ကားဆုံးရှုံးရလဲပြဿနာမရှိပေ။နေရာလွတ်ထဲမှာအများကြီးရှိသေးသည်။ဒါပေမဲ့………
ပြတင်းပေါက်အပြင်ဘက်ကမြှောက်တက်နေသည့်ကားတွေကိုကြည့်ပြီးသူတို့အတွက်ဘာလုပ်ပေးရမှန်းမသိပေ၊ထိုအုပ်စုသည်Mမြို့ကိုစွန့်စားရန် အတွက်တစ်ခါမှမလာခဲ့ဖူးပေ။မျိုးစေ့တွေရှိတဲ့နေရာမှာသန္ဓေပြောင်းအပင်ကိုတွေ့ရမယ်ဆိုတာသိပေမဲ့ ယင်းအန္တရာယ်ကိုရှောင်ရှားရန်နဲ့ပတ်သက်ပြီး စီစဉ်ရန်မေ့သွားခဲ့သည်။
……………
"ဖန်ဟောင်အရမ်းအန္တရာယ်များလာလို့ရှိရင်နေရာလွတ်ထဲချက်ချင်းဝင်လိုက်၊ကိုယ်တို့တခြားအရာ တွေကိုအဆုံးရှုံးခံနိုင်တယ်"
"ဇီကျုံး?!"ဟဲဇီကျုံးလက်ကတံခါးပေါ်တင်ထားတာ မြင်တော့ဖန်ဟောင်ကသူ့လက်ကိုအမြန်ဆွဲလိုက်သည်။
"အဆင်ပြေပါတယ်၊ကိုယ်အရမ်းကြီးမစွန့်စားပါဘူး" ဒီကိစ္စကတစ်နည်းနည်းနဲ့သူမှာတာဝန်ရှိနေတယ်…….ကမ္ဘာပျက်ကပ်နေ့ရက်တွေမှာလူတွေကသူ့တို့အသက်နဲ့မစွန့်စားကြပေ။သူတို့အဆင့်ဘယ်လောက် မြှင့်နေပါစေတကယ်အန္တရာယ်ကိုသူတို့မဖြေရှင်းနိုင်ပေ။အထူးသဖြင့်အခုချိန်တွင်အဆင့်၂ဇွန်ဘီတွေနဲ့ တွေ့ခဲ့ပြီးသွမ့်ဇီကအဆင့်၂အဏုမြူကျောက်တုံးကို မြိုချထားသောကြောင့်နေရာလွတ်ထဲတွင်မြူတွေပိုထူလာသည်။အကယ်လို့နေရာလွတ်အဆင့်ထက်မြှင့်သွားပြီးနေရာလွတ်ထဲဝင်လို့မရတော့ရင်သူအခြေနေတစ်ချို့ကိုဖြေရှင်းဖို့လိုလာလိမ့်မယ်။
"ကျွန်တော်လည်းအတူလိုက်မယ်…….."
"မလိုက်နဲ့"ဟဲဇီကျုံးမျက်နှာကစိုးရိမ်မှုတွေပေါ်လာ ပြီး"အားဟောင်ရဲ့အဓိကစွမ်းအင်က ကုသရေးစွမ်းအင်ပဲအကယ်လို့ကိုယ်ဒဏ်ရာရရင်…….."
"ကျွန်တော်ဇီကျုံးကိုတစ်ယောက်တည်းသွားခွင့်မပြနိုင်ဘူး ကျွန်တော်မှာကုသရေးစွမ်းအင်ရှိရင်တောင် ဇီကျုံးဒဏ်ရာရတာကိုကြည့်နေရမဲ့အစားဇီကျုံးနဲ့ အတူတိုက်ခိုက်ပြီး ဇီကျုံးကိုထိခိုက်စေမဲ့အရာတွေကိုသတ်ပစ်ချင်တယ်!!!!" ဖန်ဟောင်ကချက်ချင်းထရပ်လိုက်ပြီးသူ့ မျက်လုံးတွေကဆုံးဖြတ်ချက်ပြတ်သားနေသည်။ ဟဲဇီကျုံးကဘာကြောင့်ဒီအပင်နဲ့ရင်ဆိုင်ဖို့အပြင် ထွက်တာလဲဆိုတာသူနားလည်သည်။သူ့ကဘာမှ မပြောပေမဲ့ဒီကိုလာဖို့အကြံပေးလိုက်ခြင်းကြောင့် သူ့ကိုယ်သူ့အပြစ်တင်နေတာကိုဖန်ဟောင်သိသည်။
ဟဲဇီကျုံးဘာကြီးနဲ့ပဲရင်ဆိုင်နေရပါစေဟဲဇီကျုံး ဘေးနားမှာအတူရှိနေပေးဖို့ဆန္ဒရှိသည်။
"မစွန့်စားပါနဲ့………."
ဖန်ဟောင်ကခေါင်းကိုခါလိုက်ပြိးပြုံးပြလိုက်ကာ ရုတ်တရက်သူ့ညာဘက်လက်ဗလာထဲတွင်တစ်စုံတစ်ခုပေါ်လာသည်"အဲ့ဒါတွေကိုဖြတ်ဖို့ ဒါကိုသုံး"
ဟဲဇီကျုံးကအဲ့ဒါကိုမြင်တော့အံ့ဩသွားပြီးခဏရပ်သွားကစဉ်းစားလိုက်သည်။သူကခေါင်းညိတ်ပြီး ပြောလိုက်သည်"အဲ့ဒီနွယ်ပင်တွေကိုရစ်ပတ်ဖို့ သွမ့်ဇီကိုခေါ်သွား!!"ထို့သို့ပြောပြီးနောက်ဖန်ဟောင်ရဲ့နဖူးလေးနဲ့နှုတ်ခမ်းထောင့်လေးကိုနမ်းလိုက်ပြီး တံခါးကိုဖွင့်လိုက်ကာခုန်ဆင်းသွားသည်။
သူတို့ရဲ့ကားသည်နွယ်ပင်တွေဆီကနေရစ်ပတ်ခံ ထားရသောကြောင့်ဟဲဇီကျုံးတံခါးကိုဖွင့်လိုက်တဲ့အျချိန်မှာသူတို့ကားကမြေကြီးအထက်သုံးမီတာ ၄မီတာအကွာလောက်မှာရှိနေသည်။
သူ့ခန္ဓာကိုယ်ကအပြာရောင်လေဖြင့်ဝန်းရံခံထားရ ပြီးမြေကြီးပေါ်သို့ငှက်တစ်ကောင်လိုဆင်းသွားသည်။မြေကြီးနဲ့သူ့ခြေထောက်ထိသောအခါသူ့ဘေးနားကနွယ်ပင်တစ်ပင်ဆီသို့ပြေးသွားကာ-အဲ့ဒါကတခြားကားကိုရစ်လိမ်ထားသည့်နွယ်ပင်ဖြစ်သည်။
ဓားပေါ်တွင်ရွှေရောင်အလင်းတန်းဖြင့်ဖုံးလွှမ်းထားခဲ့သည်။လေရဲ့အကူအညီနဲ့အတူဟဲဇီကျုံးက နှစ်မီတာအမြင့်လောက်ကိုခုန်သွားပြီးထက်ရှသော ဓားဖြင့်နွယ်ပင်ကိုဖြတ်လိုက်သည်။
အမြှောက်ခံထားရသောကားထဲကလူတစ်စုသည်ရုတ်တရက်နိမ့်ကျသွားသည်။ကံကောင်းစွာဖြင့်သူတို့ကားကိုချည်ထားသည့်နောက်ထပ်နွယ်ပင်ရှိသေးသည်။မဟုတ်ရင်သူတို့အံ့ဩမူးဝေသွားမှာဖြစ်သည်။
ဟဲဇီကျုံးဖွင့်ထားခဲ့သည့်တံခါးကိုပိတ်လိုက်ပြီး ဖန်ဟောင်ကသွမ့်ဇီကိုဖတ်ကာတခြားတံခါးမှ ခုန်ဆင်းလိုက်သည်။