no

Font
Theme

"ကျွန်တော်တို့သင့်တော်တဲ့လက်နက်တစ်ခုတော့ရှာနိုင်မှာပါ၊မတွေ့ဘူးဆိုရင်လည်းလက်နက်အနေနဲ့ အစားထိုးသုံးလို့ရတဲ့ဟာတစ်ခုခုရှာကြတာပေါ့" ဖန်ဟောင်ကလမ်းပေါ်မှောက်နေတဲ့ဘတ်စ်ကားကိုကွေ့ပတ်ရှောင်မောင်းရင်းနဲ့နှိမ့်သိမ့်လိုက်သည်။ဇွန်ဘီအများအပြားသည်ပြတင်းပေါက်အတွင်းမှသူ့တို့ ရဲ့လက်တွေကိုဆန့်တန်းကာတွားသွားပြီးထွက်လာရန်ရုန်းကန်နေကြသည်။ထိုမြင်ကွင်းသည်ဆံပင်များကိုထောင်သွားစေတဲ့အထိထိတ်လန့်စရာကောင်း ပေမယ့်သူတို့အချင်းချင်းငြိကာရှုပ်ထွေးနေသော ကြောင့်ဘယ်ဇွန်ဘီမှဘက်စ်ကားထဲကနေအချိန် အတော်ကြာမထွက်နိုင်ခဲ့ပေ။

စကားပြောနေရင်းနဲ့ဆန့်ကျင်ဘတ်လမ်းကြားမှ ကားအများအပြားချည်းကပ်လာသည်။ကားတစ်စီးသည်အနောက်ဘတ်၌မီးခိုးများပင်ထုတ်လွှတ်နေပြီး  ၎င်း၏ကားအောက်ခံကိုယ်ထည်သည်မြေကြီးပေါ်တွင်ပင်အပိုင်းအစများပြုတ်ကျနေသည်။ဘရိတ်သံအကျယ်ကြီးမြည်သွားပြီးထိုကားကအုပ်စုထဲက အခြားကားများကိုဝင်တိုက်မိသွားသည်။ကားနှစ်စီးလုံးကိုရပ်ရန်အတင်းအကျပ်ဖိအားပေးခဲ့သည်။ သို့သော်လည်းအုပ်စုထဲကအခြားကားများသည်အရှိုန်မလျှော့ဘဲအထူးသဖြင့်နောက်ဆုံးကကားသည် အရှိုန်လျှော့ရမည့်အစားအရှိုန်တင်ပြီးတော့အရှေ့က ကားနှစ်စီးကိုဖြတ်ကျော်သွားသည်။တိုက်ခံလိုက်ရတဲ့ကားထဲကလူသည်ပြတင်းပေါက်ကိုဖွင့်ကာ တခြားကားထဲကလူကိုအော်ဟစ်လိုက်ပြီးကားကို အလျင်အမြန်မောင်းထွက်လိုက်သည်။နောက်ဆုံး တော့ကားကိုစတင်မောင်းထွက်ပြီးအရှိုန်ပြင်းပြင်းနဲ့ မောင်းလာကာအရှေ့ကိုလျင်လျင်မြန်မြန်မောင်း သွားပြီးအတိုက်ခံထားရသောကြောင့်ကားက ယိမ်းခါနေသည်။

ဟဲဇီကျုံးကဆူညံ့ညံ့မလုပ်ချင်သလိုလီဗာကိုနင်း ထားသောဖန်ဟောင်ကလည်းမလုပ်ချင်သောကြောင့်မီးခိုးငွေ့များထွက်နေသောကားကိုကျော်ဖြတ်ကာ တောင်ဘတ်သို့မောင်းလာခဲ့သည်။သို့သော်လည်း အရှေ့တွင်ဟိုတစ်စုဒီတစ်စုဖြစ်နေသောဇွန်ဘီအုပ်စုလိုက်ကြီးကိုတွေ့လိုက်ရသည်။ပြီးတော့တစ်ချို့ အကောင်တွေရဲ့လှုပ်ရှားမူကမြန်နေတယ်!!!!

|"ဇီကျုံး….."သူတို့ဒီတိုင်းဘဲဆက်ပြီးဦးတည်မောင်းနေမယ်ဆိုရင်ဇွန်ဘီတွေရဲ့ပစ်မှတ်ကပြောင်းသွားပြီးသူတို့ကိုလိုက်ဖမ်းလိမ့်မယ်။သူတို့ကိုရှင်းပစ်နိုင် သော်လည်းမလွဲမရှောင်သာအကျဉ်းအကျပ်အခတ်အခဲဖြစ်စေလိမ့်မည်။

ထိုကဲ့သို့သော်ဇွန်ဘီများကိုရင်ဆိုင်တိုက်ခိုက်ဖြေရှင်းနိုင်သော်လည်းလမ်းပေါ်မှာအချိန်ကုန်ချင်သည့်  ဆန္ဒရှိတယ်လို့တော့မဆိုလိုပေ။သူတို့မှာအစားထိုးနိုင်တဲ့ကားတွေအများကြီးမရှိဘူး-သူတို့မှာနှစ်စီးဘဲရှိတယ်။လမ်းတစ်လျှောက်ဇွန်ဘီတွေအများကြီးကိုတိုက်ပြီးသွားရင်းကကားပျက်စီးသွားရင်ကားကိုအစားထိုးဖို့ခက်ခဲလိမ့်မည်။

ဟဲဇီကျုံးကထလိုက်ပြီးဖန်ဟောင်နဲ့နေရာချင်းလဲလိုက်သည်။ကားစတီယာရင်ကိုကိုင်ပြီးနောက် လမ်းဘေးရှိလယ်ကွင်းထဲသို့တိုက်ရိုက်မောင်းသွားလိုက်သည်။ယခုအချိန်တွင်ကောက်ပဲသီးနှံအများစုသည်သေသွားကြပြီးညိုးခြောက်နေကြသည်။ထိုနေရာတွင်ထူးဆန်းတဲ့အပင်တွေမရှိနေတာကိုကျေးဇူးတင်ရမည်။မဟုတ်ရင်သန္ဓေပြောင်းအပင်တွေနဲ့ ကြုံတွေ့ရမည့်စွန့်စားမူကိုယူပြီးလယ်ကွင်းထဲကို  မောင်းမည့်အစားကားနဲ့ဘဲဇွန်ဘီတွေကိုတိုက်ပြီး သွားလိုက်မှာဖြစ်သည်။

ဇွန်ဘီအနည်းငယ်သည်အသံကြားသောအခါလှည့်လာကြပြီးဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ရဲ့ကားကိုလိုက်ဖမ်းချင်ကြပေမယ့်ထိုအချိန်တွင်သိပ်မဝေးသော အရှေ့ကကားထဲတွင်ဆူညံသံများနှင့်အော်ဟစ်သံ များထွက်ပေါ်လာသည်။အမျိုးသားနှင့်အမျိုးသမီး၏ငြင်းခုံအော်ဟစ်စကားများနေကြသောအသံသည်ထိုဇွန်ဘီများ၏အာရုံကိုဆွဲဆောင်သွားသည်။ဇွန်ဘီ အနည်းငယ်သာလယ်ကွင်းထဲသို့ပြေးလာကြပြီးဟဲဇီကျုံးရဲ့ကားကိုလိုက်ဖမ်းကြသည်။

နှစ်ယောက်သားလိုက်ဖမ်းနေတဲ့ဇွန်ဘီတွေရဲ့ဝေးရာကိုမောင်းသွားပြီးလမ်းရှင်းသွားတဲ့အခါမှသာသူတို့ကအမြန်လမ်းမပေါ်ပြန်တက်ပြီးမောင်းကာသူတို့ ခရီး၏ဦးတည်ရာဆီသို့မောင်းသွားခဲ့သည်။

Fမြို့၏မြောက်ဘတ်ဆင်ခြေဖုံးသည်မြို့၏စက်မူဇုန် ဖြစ်သည်။Fမြို့သည်Aမြို့နှင့်မနီးပေမယ့်ပင်လယ်ကမ်းခြေနှင့်နီးသောကြောင့်လူသိများသောစီးပွားရေးလုပ်ငန်းအများစုသည်ထိုနေရာတွင်တည်ရှိနေကြသည်။

ခေါက်ဆွဲခြောက်ထုတ်နဲ့ဆေးဝါးစက်ရုံများသည် ပြည်တွင်းကုမ္ပဏီများဦးတည်လည်ပတ် နေသောစက်ရုံနှင့်ထုတ်ကုန်ပစ္စည်းများဖြစ်ပြီး မြေဧကတော်တော်များများကိုနေရာယူထားသည်။စက်ရုံများ၏အကျယ်အဝန်းသည်တော်တော်လေးကိုထင်းခနဲ့မြင်သာနေသည်။

ထိုစက်ရုံများသည်အလွန်သန့်ရှင်းပြီးကောင်းမွန်စွာ ထိန်းသိမ်းထားသောလမ်းပေါ်တွင်ရှိပြီးဂိတ်တစ်ခုကိုတွေ့ရန်အဝေးကြီးကိုသွားရန်လိုအပ်သည်။လမ်းများသည်Fမြို့မှာလည်ပတ်နေတဲ့စက်ရုံများနှင့်သေးငယ်ကြီးမားသောထုတ်လုပ်ရေးလုပ်ငန်းအကုန်လုံးကိုဦးတည်လမ်းပြထားသည်။

သူတို့နှစ်ယောက်ရှေ့ကိုမောင်းသွားပြီးခေါက်ဆွဲ ခြောက်စက်ရုံရဲဂိတ်ကိုရောက်ဖို့အချိန်သိပ်မကြာလိုက်ပေ။အလုပ်သမားအားလုံးသည်Fမြို့တွင်နေထိုင်သူများဖြစ်သောကြောင့်စက်ရုံတွင်ဝန်ထမ်းများအတွက်ပြေးဆွဲသောဘတ်စ်ကားရှိပြီးအနီးနားတွင်  အိပ်ဆောင်မရှိသောကြောင့်ဇွန်ဘီအနည်းငယ်သာ ရှိသည်။

သူတို့အထဲကိုမောင်းဝင်လာသောအခါအလုပ်ခန်းထဲတွင်လုံခြုံရေးဝတ်စုံဝတ်ထားတဲ့ဇွန်ဘီအနည်းငယ်ကိုသာတွေ့လိုက်ရသည်။အထဲမှာတစ်ခုခုရှိမလား တော့မသိပေ။

ရုံးအဆောက်အအုံကြီးကိုဖြတ်ကျော်ပြီးနောက်သူတို့သည်ဂိုဒေါင်ထဲဆီသို့တန်းတန်းမတ်မတ်သွားလိုက်သည်။အလုပ်ရုံကိုဖြတ်ကျော်ပြီးချိန်မှာတော့ တံခါးတွင်ရပ်ထားတဲ့ကားအနည်းငယ်ကိုကြည့်ပြီး တော့သူတို့လည်းမတက်နိုင်ပေ။

"တစ်ယောက်ယောက်ကရောက်နေပြီးသားလား"

ဟဲဇီကျုံးကထိုကားများရဲ့လိုင်စင်ပြားကိုဖတ်ကြည့်လိုက်သည်။သူတို့ကFမြို့ကနေလာတာ"ဖြစ်နိုင်တယ်"

ခေါက်ဆွဲခြောက်စက်ရုံတွေမှာတခြားလူတွေနဲ့တွေ့တာကဒီလိုအချိန်မှာပုံမှန်ဘဲဖြစ်သည်။အထူးသဖြင့် ကမ္ဘာပျက်ကပ်စတင်ပြီးအချိန်အတော်ကြာကုန်ဆုံး ပြီးတဲ့နောက်ကမ္ဘာပျက်ကပ်ကိုတုန့်ပြန်ရင်ဆိုင်နိုင်သူအများစုသည်အပြင်ထွက်ပြီးစတင်လှုပ်ရှားလာ ကြသည်။

ဂိုဒေါင်အချို့ရဲ့တံခါးများသည်တစ်ဝက်ပွင့်နေပြီး ခေါက်ဆွဲခြောက်ထုတ်များပါသည့်ဖာများသည် မြေကြီးပေါ်တွင်ပြိုကျပြန့်ကျဲနေသည်။ဒီနေရာကို လူတွေအများကြီးလာရောက်ရှာဖွေကြပေမယ့် ပစ္စည်းတွေများလွန်းသောကြောင့်အကုန်လုံးမယူနိုင်ကြပုံပေါ်သည်။

ယခုအခါတွင်နှစ်ယောက်သားကားပေါ်သို့တင်စရာမလိုဘဲပစ္စည်းတွေကိုနေရာလွတ်ထဲထည့်နိုင်သော ကြောင့်ပစ္စည်းတွေရဲ့ပတ်ပတ်လည်ကိုပတ်သွားကာစုဆောင်းရန်လုပ်လိုက်သည်။လေထဲကနေပစ္စည်းတွေကိုယူပြီးစုဆောင်းရတာစွမ်းအင်အရမ်းကုန်သည်။ကံကောင်းစွာဖြင့်သူတို့နှစ်ဦးအလှည့်ကျ အနားယူနိုင်ပြီးအနားယူနေတဲ့လူကသူ့ရဲ့စိတ်စွမ်းအင်ပြန်ပြည့်ရန်နေရာလွတ်ထဲကရေကိုအသုံးပြုနိုင်သည်။

ဟဲဇီကျုံးကဂိုဒေါင်နံပါတ်သုံးဆီသို့မောင်းလာခဲ့ပြီး ဂိုဒေါင်အတွင်းပိုင်းသို့သွားကာတစ်ထပ်ပြီးတစ်ထပ်ယူမနေဘဲခေါက်ဆွဲခြောက်ဖာအားလုံးကိုစုဆောင်းလိုက်သည်။ဤသည်မှာပြည်တွင်းထုတ်လုပ်သည့် စက်ရုံဖြစ်ပြီးဒီနေရာမှာထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကိုတစ်နိုင်ငံလုံးသို့ရောင်းချသောကြောင့်ကုန်ပစ္စည်းအမျိုးအစားတွေကအလွန်ပေါများသည်။ဂိုဒေါင်၃ကိုတစ်ကြိမ်သာလှည့်ပတ်သွားခဲ့ပြီးစုဆောင်းခဲ့ပေမယ့် ပစ္စည်းများစုဆောင်းရန်သူတို့ရဲ့စိတ်စွမ်းအင်ကို သုံးလေးကြိမ်လောက်အားပြန်ဖြည့်ရသည်။

"သွားကြစို့"နေရာလွတ်ထဲတွင်ခေါက်ဆွဲခြောက်ထုပ်နှင့်အိတ်များထပ်တင်ထားတာကိုချင့်ချိန်ပြီး ဂိုဒေါင်ထဲမှပစ္စည်းအများစုကိုစုဆောင်းခဲ့သည်။ ဒါပေမယ့်သူတို့ကသပ်သပ်ရပ်ရပ်စုဆောင်းထား သောကြောင့်ဂိုဒေါင်တစ်ဝက်လောက်ကဖာနှင့်          သေတ္တာများပျေုာက်နေတာတောင်မှ၎င်းမှာမသိသာဘဲတစ်စုံတစ်ဦးမှသိုလှောင်မှုမဖြည့်ပေးထားသကဲ့သို့သာထင်ရသည်။

ဂိုဒေါင်မှမထွက်ခွာမီဟဲဇီကျုံးသည်တံခါးဆီသို့ ခေါက်ဆွဲခြောက်ထုပ်ကိုမသွားပြီးကားနောက်ခန်းထဲသို့ထည့်လိုက်သည်။

သူတို့မောင်းထွက်လာသောအခါအစကစက်ရုံပတ်ပတ်လည်မှာရှိနေတဲ့ကားများသည်ကန်လန့်ဖြတ် အတန်းလန်းတန်းစီထားပြီးသူတို့လမ်းကိုပိတ်ထာတာကိုတွေ့လိုက်ရသည်။

လူအများပြားသည်စတီးပိုက်များကိုကိုင်ကာခက်ထန်သောပုံစံများဖြင့်လမ်းအလယ်တွင်မက်တပ်ရပ်နေ ကြသည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်ထွက်လာတာမြင် တော့သူတို့လက်ထဲကစတီးပိုက်များကိုရမ်းခါကာလမ်းလယ်ခေါင်ကနေလျှောက်လာကြပေမယ့်ကားရှေ့မှာတော့ဘယ်သူမှမရပ်ရဲဘဲသူတို့ရပ်နေသည့်   နေရာများသည်ဟိုတစ်စုဒီတစ်စုဖြစ်နေသည်။အကယ်လို့သူတို့ကကားရှေ့မှာလမ်းပိတ်ထားရင်တောင်သူတို့မှာခိုင်ခန့်သောခန္ဓာကိုယ်များမရှိပေ-ကားကတဟုန်ထိုးမောင်းလာပြီးသူတို့ကိုတိုက်သွားရင်ဘယ်လိုလုပ်မလဲ။

"မင်းတို့!ဆင်းလာခဲ့စမ်း!!ဘယ်သူကမင်းတို့ကိုဝင်ခွင့်ပြုလို့လဲ!ဒီစက်ရုံနယ်မြေတစ်ဝိုက်ကိုငါတို့သိမ်းပိုက်ထားပြီးသားမင်းတို့မသိဘူးလား!!!"

ဟဲဇီကျုံးမျက်ခုံးပင့်လိုက်ကာလှောင်ပြုံးပြုံးလိုက်သည်။သူတို့ကသိမ်းပိုက်ထားတယ်?အကယ်၍ဒီနေရာကခံတပ်ဖြစ်ခဲ့ရင်အပြင်ကတံခါးကပွင့်နေပါ့မလား? ဘာလို့တံခါးနားမှာဘယ်သူမှာမစောင့်နေတာလဲ? အစောင့်အခန်းထဲမှာဇွန်ဘီနှစ်ကောင်ရှိနေရတာလဲ?ဒီအဖွဲ့ကသူတို့ကယာဉ်တစ်စီးထဲဖြစ်နေတာကိုမြင်  တော့သူတို့ကလုယတ်ချင်နေကြတာဘဲ။

ဒီအုပ်စုကဒီနေ့မှာရောက်ခဲ့တာဖြစ်သည်။သူတို့က ပစ္စည်းတွေယူပြီးထွက်သွားချင်ပေမယ့်မြို့ထဲမှာထက်ပိုလုံခြုံတာကိုရှာတွေ့ခဲ့သည်။နေရာကကျယ်ပြီးဇွန်ဘီအနည်းငယ်ဘဲရှိကာအစားသောက်တွေလည်းအများကြီးရှိသောကြောင့်ကောင်းမွန်တဲ့ရွှေးချယ်မူ ဖြစ်သည်။သူတို့ဆွေးနွေးပြီးအစီစဉ်မချခင်ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ကပစ္စည်းတွေယူရန်အထဲဝင်လာတာကိုတွေ့လိုက်ရသည်။ဒီနေရာမှာရှိတဲ့အရာအားလုံးကိုသူတို့ရဲ့ပိုင်ဆိုင်မူလို့သတ်မှတ်ထားသောထိုလူများသည်အကြောင်းကြားခြင်းမရှိဘဲဒီစုံတွဲကပစ္စည်းတွေယူဆောင်သွားခြင်းကိုသည်းမခံနိုင်ပေ။

ဖန်ဟောင်ကသူ့ချောမောလှပတဲ့မျက်နှာလေးကိုမဲ့ထားပြီးသူ့ဘာသူတတွတ်တွတ်ပြောနေသည်-အကယ်လို့ဒီလူတွေကသူတို့ကိုဒုက္ခရောက်အောင်လုပ်မယ်မှန်းသာသိရင်ခုနကဂိုဒေါင်ထဲကဟာတွေအကုန်လုံးကိုနေရာလွတ်ထဲပစ်ထည့်ပစ်တယ်!!သူတို့ဒီမှာနေခွင့်မပြုနိုင်တော့ဘူး!!

ဟဲဇီကျုံးကကားမှန်ကိုချလိုက်ပြီးပြတင်းပေါက် ဘောင်ပေါ်လက်တင်လိုက်ကာ"မင်းတို့ရဲ့နေရာ?"

"အဓိပ္ပါယ်မရှိတာတွေပြောမနေဘဲ!!အခုချက်ချင်း ဒီလောင်ဇီပြောတဲ့အတိုင်းဆင်းခဲ့စမ်း!!တခြားသူတွေရဲ့ ပစ္စည်းတွေကိုယူပြီးတော့ပြေးချင်တာလား" ကားထဲမှာဖန်ဟောင်နဲ့ဟဲဇီကျုံးသာရှိတာကိုလူတစ်ယောက်ကမြင်ခဲ့ပြီးနှစ်ယောက်လုံးကလည်းတိတ်ဆိတ်ကာလူငယ်လေးတွေသာဖြစ်သောကြောင့်အစတုန်းကရှိနေတဲ့သူ့ရဲ့စိုးရိမ်ပူပန်မှုတွေပျောက်ကွယ်သွားပြီးလက်ထဲတွင်စတီးပိုက်ကိုင်ကာလျှောက်လာသည်။

ဟဲဇီကျုံးရဲ့လက်ကကာထဲမှာရှိတဲ့သွားကြားထိုးတံကိုထိလိုက်သည်-ဟုတ်တယ်အဲ့တာသွားကြားထိုးတံတစ်ချောင်းဘဲ။သာမာန်လူများအတွက်အများကြီးမသုံးမဝင်ဘဲ သေးသေးလေးတွေဖြစ်အောင်ဘယ်သူကများလုပ်ခဲ့တာလဲ။

ဟဲဇီကျုံးမလှုပ်ရှားတာကိုမြင်တော့နောက်ထပ်လူ နှစ်ယောက်ကလိုက်လာပြီးဟဲဇီကျုံးရဲ့တံခါးကိုထုရန်သူတို့လက်ထဲကပိုက်တွေကိုပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။

"အား!!!"အရှေ့ကလူသည်အော်ဟစ်လိုက်ပြီးလက်ထဲမှာကိုင်ထားတဲ့စတီးပိုက်ကိုမြေကြီးပေါ်သို့လွှတ်ချကာသူညာဘတ်လက်ကိုဘယ်လက်နဲ့ဆုပ်ကိုင်ပြီး ကားထဲကိုကြောက်လန့်တကြားကြည့်နေသည်။

ဟဲဇီကျုံးကဒေါသထွက်နေတာကိုချုပ်တည်းပြီးသူကိုပြုံးပြလိုက်သည်"အခုငါတို့ကားကိုသွားခွင့်ပြုပြီလား"

လမ်းကိုပိတ်ထားတဲ့လူများသည်တုန်လှုပ်ထိတ်လန့်သွားပြီးအရှေ့ကလူထိခိုက်အောင်ဘယ်လိုနည်းလမ်းကိုအသုံးပြုလိုက်လဲဆိုတာကိုမသိသောကြောင့် မသိစိတ်အရခြေလှမ်းနှစ်လှမ်းနောက်ဆုတ်သွားသည်။

ယခုအချိန်ကမ္ဘာကြီးတွင်ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေမရှိပေ။သူတို့ဒီကိုမလာခင်တုန်းကမြို့တစ်ဝိုက်မှာရှိတဲ့လူအများကြီးကိုဓားပြတိုက်ခဲ့သည်။ ခင်မင်ကျွမ်းဝင်ဖူးတဲ့သူတွေဆီကနေပစ္စည်းအချို့ကိုယူတာအဆင်ပြေပေမယ့်သူတို့မသိတဲ့သူတွေအတွက်တော့အကယ်လို့သူတို့ကိုတစ်ခုခုလျိုဝှတ်ကြံစည်ချင်မယ်ဆိုရင်ဘာဖြစ်မလဲ-သူတို့ကိုဇွန်ဘီတွေဆီပစ်ချလိုက်နိုင်တယ်။ဒီလူငယ်လေးနှစ်ယောက်သည်အရမ်းနတ်ဆိုး ဆန်တာကြောင့်သူတို့ဘယ်လိုလုပ်ရန်စရဲမလဲ။

"ငါတို့ကိုလမ်းဖယ်ပေး"ဟဲဇီကျုံးကလမ်းလယ်ခေါင်ကကားတွေကိုညွှန်ပြလိုက်သည်။အကယ်လို့သူတို့လမ်းဆက်ပိတ်ထားမယ်ဆိုရင်ဒီကားတွေအဝေးကိုလွှင့်ထွက်သွားအောင်အားစိုက်ထုတ်ရမယ်ဆိုရင်လည်းကိစ္စမရှိပေ။ကမ္ဘာပျက်ကပ်တွင်အကယ်လို့တစ်စုံတစ်ယောက်ကကိုယ်ကိုဒုက္ခပေးတာမခံချင်ရင်သူတို့ကိုကိုယ့်ရဲ့ခွန်အားကိုပြသသင့်သည်အဲ့ဒါမှသာ တခြားသူတွေကကိုယ့်ကိုရန်မစရဲမှာဖြစ်သည်။တနည်းအားဖြင့်သူတို့ချိန်ဆနေတာကိုစောင့်ရုံဘဲ….

သူတို့ရဲဘော်ရဲ့သွေးထွက်နေတဲ့လက်ကိုကြည့်ပြီးထိုလူတွေကအလျော့မပေးဘဲမနေရဲတော့ပေ။လူတစ် ချို့သည်ကားပေါ်တက်လိုက်ပြီးလမ်းဖယ်ပေးလိုက်ကာအဝေးသို့ရောက်သွားတဲ့Suvကားအမဲရောင်ကို ကြည့်နေသည်။

"ဘယ်လိုဖြစ်တာလဲ၊ဘယ်နေရာကနာနေတာလဲ"

လူအနည်းငယ်ကသူတို့ရဲဘော်ရဲ့လက်ကအေပေါက်သေးသေးလေးကိုကြောင်တက်တက်နဲ့ဝိုင်းကြည့်  နေကြသည်-ဘာလိုတိုက်ခိုက်လိုက်တာလဲ။ဘယ်လိုလုပ်ဒဏ်ရာရသွားတာလဲ။ဘယ်သူမှလဲသေနတ်ပစ်လိုက်သံမ ကြားပါဘူး!!သေနတ်ကျည်ဆံဆိုရင်တောင်အဲ့လောက်မသေးပါဘူး။

"အဲ့တာက..ဒါလား"အဖွဲ့ဝင်တစ်ယောက်ကသွေးပေနေတဲ့သေးသွယ်သောအရာတစ်ခုကိုကောက်ယူရန် ငုံလိုက်သည်။အဲ့တာကသွေးစွန်းနေတဲ့ဟာဆိုတာ မသေချာခင်လူအများစုသည်အချိန်ကြာကြီးဂရုတစိုက်လေ့လာခဲ့ပြီး…..သွားကြားထိုးတံ၊သွားကြားထိုးတံတစ်ချောင်းလား!!သွားကြားထိုးတံတစ်ချောင်းကလူတစ်ယောက်ရဲ့လက်ကိုသွေးထွက်ပြီးအပေါက်ဖြစ်အောင်လုပ်နိုင်ပါမလား!!

"သိုင်းပညာရှင်တွေလား"နှစ်ယောက်ထဲ စားနပ်ရိက္ခာရှာဖို့ထွက်လာရဲတာအံ့ဩစရာမဟုတ် တော့ဘူး။ဆရာကြီးတွေဘဲ!!ဆရာကြီးတွေ!!!အကယ်လို့သူတို့မျက်လုံးနဲ့သာကိုယ်တိုင်မမြင်ခဲ့ဘူးဆိုရင် သိုင်းပညာရှင်တွေတကယ်ရှိတယ်ဆိုတာကိုဘယ်သူမှယုံမှာမဟုတ်ဘူး။

သိုင်းပညာရှင်ဟဲဇီကျုံးကတော့သူအချစ်လေးနှင့်အတူစက်ရုံဂိတ်ဆီသို့မောင်းထွက်သွားပြီးလာနေတဲ့ အ ခြားယာဉ်တန်းကြီးနှင့်အတူသွားဆုံသည်။

ဆန့်ကျင်ဘတ်အဖွဲ့တွင်ဘတ်စ်ကားတစ်စီးတောင် ပါနေတာတွေ့တော့….သူတို့နှစ်ယောက်အံ့ဩသွားသည်။

အခြားကားများသည်အရှိုန်လျော့လိုက်ပြီးရပ်လိုက်သည်။ပထမကားကကားမှန်ချလိုက်ပြီးလူတစ်ယောက်ကခေါင်းပြူထွက်ကာမေးခဲ့သည်"မင်းအခုမှထွက်လာတာလား"

ဟဲဇီကျုံးကလည်းကားမှန်ထပ်ချလိုက်ပြီး"ဟုတ်တယ်၊အထဲမှာပစ္စည်းတွေအများကြီးရှိသေးတယ်၊ ဂိုဒေါင်တော်တော်များများအပြည့်ဘဲ"

ထိုလူကသတ်ပြင်းချလိုက်ပြီး"ရေတွေဘာတွေကောရှိလား"

"ငါအဲ့တာတော့သတိမထားဘူး"ဟဲဇီကျုံး၏အကြည့်သည်နောက်ပြန်ဆုတ်သွားကာဘတ်စ်ကားကို အဓိပ္ပါယ်တစ်ခုနဲ့ကြည့်လိုက်ပြီးအနောက်မှာရှိတဲ့ ဂိတ်ကိုညွှန်ပြလိုက်ကာ"အဲ့ကိုအရင်ရောက်နေတဲ့ အုပ်စုတစ်ခုရှိတယ်"ဟူသောစကားတစ်ဝက်တစ်ပျက်နဲ့သူ့ရဲ့ချီတုံချီတုံဖြစ်နေသောအမူအရာသည် အခြားလူကိုအတွင်းထဲမှာရှိတဲ့အခြေနေကိုနားလည်စေသည်။

ထိုလူကကျေးဇူးတင်ကြောင်းထပ်ခါတစ်လဲလဲပြောခဲ့သည်"ကျေးဇူးတင်ပါတယ်၊ငါတို့ဒီမှာယာယီရက်နည်းနည်းလောက်နေမယ်၊အကယ်လို့မင်းပြန်လာခဲ့ရင်လည်းမင်းကိုကြိုဆိုပါတယ်"သူ့ဘေးနားကလူတွေအသံကြားလို့ငုံကြည့်ပြီးတစ်ခုခုကိုစစ်လိုက်သည်။သူတို့ကမြို့ထဲကနေထွက်ပြေးလွတ်မြောက်လာကြတာဖြစ်သည်။သဘာဝကျစွာပင်သူတို့လမ်းကိုပိတ် ပြီးဓားပြတိုက်ကာအကျိုးမြတ်တွေကိုခွဲဝေယူဖို့ကြိုးစားတဲ့လူတွေကိုအများကြီးကြုံဖူးသောကြောင့်ထိုကဲ့သို့သောအရာမျိုးအတွက်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသားဖြစ်သည်။

ဘာမှမပြောဘဲဟဲဇီကျုံးကားသည်ထိုယာဉ်တန်း အသစ်ကိုဖြတ်ကျော်သွားပြီးအဝေးပြေးလမ်းမကြီး ပေါ်သို့တက်ကာနောက်ထပ်ဦတည်ချက်တစ်ခုကို ဦးတည်သွားလိုက်သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment