ယာဉ်တန်းသည်Mမြို့၏ဆင်ခြေဖုံးသို့မရောက်ခင်အထိနောက်ထပ်သုံးရက်တိတိမောင်းခဲ့ရသည်။
လမ်းပေါ်ရှိစွန့်ပစ်ထားသောကားများ၊အမှိုက်များ၊ အခြားအရာများကိုဖယ်ရှားရန်စစ်တပ်ရဲ့အကူအညီ မရှိသောကြောင့်လမ်းပေါ်တွင်ဒုက္ခတော်တော်များ များကြုံတွေ့ခဲ့ရသည်။နေရာတိုင်းတွင် တိမ်းမှောက်နေသောကားများပြန့်ကျဲနေသည်။ တစ်ချို့မှာအပြင်းအထန်တိုက်မိမှုကြောင့်ပေါက်ကွဲ သွားပုံရပြီးမီးလောင်ထားသောအကြွင်းအကျန်များသည်တောက်လောင်နေဆဲဖြစ်သည်။
ကံကောင်းစွာဖြင့်လမ်းတစ်လျှောက်တွင်ကားအများကြီးရှိနေသည်။အရှေ့သို့ဆက်သွားနေရင်းနဲ့သူတို့သည်စွန့်ပစ်ထားသောကားများထံမှဓာက်ဆီကိုစုပ်ထုတ်ခဲ့သည်။ယာဉ်စုသည်အရှေ့သို့ဆက်သွားရင်း ဓာက်ဆီကိုများစွာအသုံးပြုရမည်။
"ဒီလမ်းကလီးလိုပဲမောင်းရခတ်လိုက်တာ၊ငါတို့ကားတွေကခိုင်ခံပြီးလမ်းမှာပိတ်ဆို့နေတာတွေကိုတွန်းနိုင်လို့မဟုတ်လို့ရှိရင်ငါတို့အရင်ကမောင်းခဲ့တဲ့ ကားတွေနဲ့ဆိုငါတို့ဒီနေရာကိုဘယ်လိုလုပ်မောင်းနိုင်မလဲ?"
လူတစ်စုသည်နေလည်စာစားရန်အတွက်စုရုံးခဲ့သည်။မြေပုံအရသူတို့မှမတော်တဆတစ်ခုခုမဖြစ်ဘူးဆိုရင်Mမြို့၏ဆင်ခြေဖုံးကိုရောက်ရန်အတွက် နှစ်နာရီပဲမောင်းဖို့လိုတော့သည်။
"တကယ်ပဲငါတို့စီမှာသာအဲ့လိုကားအစုတ်လေးတွေပဲရှိရင်ဒီနေရာကိုလာဖို့စဉ်းစားရဲတဲ့သတ္တိတောင်ရှိမှာမဟုတ်ဘူး"ကောပင်းကပြုံးလိုက်ပြီးဘီယာကိုမော့ချလိုက်သည်။လမ်းတစ်ဖတ်တွင်သူတို့Jinhuarကားတစ်စီးကိုရှာတွေ့ခဲ့ပြီး၎င်းကားသည်ဘယ်အချိန်ထဲကလမ်းပေါ်မှာရှိနေခဲ့လဲဆိုတာမသိပေ။
"လမ်းတစ်လျှောက်ငါတို့အသက်ရှင်ကျန်ရစ် သူတွေကိုသိပ်မတွေ့ခဲ့ဘူး"ချန်နင်ကပြတင်းပေါက်အပြင်ကိုစိုက်ကြည့်ခဲ့သည်။" Lမြို့အပြင် Hစီရင်စု ကအကုန်လုံးသေဆုံးကုန်တာမဖြစ်နိုင်ဘူး လား?"
"ဖြစ်နိုင်ပါတယ်ဒါပေမဲ့သတင်းအသစ်တွေရဖို့ နည်းလမ်းမရှိဘူး၊အဲ့ဒီနေရာမှာအခြေစိုက်စခန်း တစ်ခုရှိနေတာလည်းဖြစ်နိုင်ပေမဲ့ငါတို့လာခဲ့တဲ့ လမ်းတစ်လျှောက်မှာတော့မတွေ့သေးဘူး"
"ငါတို့ပြန်တဲ့အချိန်ကျရင်ဘယ်လိုလုပ်မလဲ?ဒီလမ်း ကပဲပြန်မှာလား?လမ်းပေါ်မှာဇွန်ဘီအများကြီးရှိတယ်နော်"Hစီရင်စုကိုဖြတ်မောင်းလာသောအခါLမြို့ အနီးနားရှိဇွန်ဘီအရေတွက်သည်တကယ်ကိုခေါင်းကိုက်ချင်စရာဖြစ်နေသည်။
"အခြေနေပေါ်မူတည်တယ်၊ပထမဆုံးငါတို့Mမြို့ထဲမှာငါတို့လိုချင်တာရှိမရှိကိုကြည့်ရမယ်၊ပြန်တဲ့လမ်းကတော့….အနည်းဆုံးတော့ငါတို့လာခဲ့တုန်းက လမ်းပေါ်ကအမှိုက်တွေကိုရှင်းပြီးသွားပြီ၊ငါတို့လမ်း ကြောင်းထပ်ပြောင်းလိုက်ရင်ငါတို့အဲ့ဒါတွေကို ထပ်ရှင်းရလိမ့်မယ်…."
ဟဲဇီကျုံး၊ဖန်ဟောင်၊ရှန်ဟိုက်ပင်း၊လျိုကျန့်ဖုန်း၊ အသက်နှစ်ဆယ်အောက်သာရှိသေးသည့်လုထန် တို့သည်အခြားစားပွဲမှအနားယူပြီးအစားစားနေခဲ့ ကာကောပင်းနဲ့ချန်နင်တို့ကြားမှာရှိသည့်လမ်းကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးနေတာကိုမပါဝင်ခဲ့ပေ။
လုထန်ကဖန်ဟောင်နဲ့စကားပြောနေသည်။ဒီလူငယ်လေးသည်ကမ္ဘာမပျက်ခင်ကစစ်တပ်မှမထွက်ရ သေးပေ။ပြီးတော့သူ့အမျိုးတွေဆီသွားရောက် လည်ပတ်ရန်အားလပ်ရက်မှာအိမ်သို့ပြန်နေခြင်းဖြစ်သည်။Fမြို့ကသူ့ဝမ်းကွဲအိမ်မှာရပ်ခဲ့ပြီးထို့နောက် ကမ္ဘာပျက်ကပ်နှင့်ကြုံတွေ့ခဲ့ရတာဖြစ်သည်။သူသိတဲ့ရှောင်မင်နဲ့သာမတွေ့ခဲ့ဘဲSamsaraအသင်း၌ မပါဝင်ခဲ့ရင်အခြေစိုက်စခန်းဆီအသက်ရှင်လျက် ဘယ်လိုထွက်ပြေးရမလဲဆိုတာသူမသိပေ။
ယခုအချိန်တွင်ထိုလူငယ်လေးသည်ဇွန်ဘီကို ဘယ်လိုသတ်ရမလဲဆိုတာဖန်ဟောင်အား အကြံဉာဏ်တောင်းနေသည်။
ဖန်ဟောင်နဲ့ဟဲဇီကျုံးတိုက်ခိုက်သည့်နည်းလမ်းသည်ကောပင်းနှင့်တခြားသူများနဲ့မတူညီပေ။ သူတို့သည်အခြားနည်းလမ်းတစ်ခုကိုလိုက်နာပြီး နေရာလွတ်ထဲတွင်လျိုဝှတ်သိုင်းကျင့်စဉ်ကိုမှတ်ယူ ပြီးလေ့ကျင်သည်။သူတို့ရဲ့လေ့ကျင့်ရေးဦးတည်ချက်က မတူညီသော်လည်းသူတို့သည်တူညီသော အကြောင်းရင်းများကိုမျှဝေကြပြီးတူညီသောနည်းလမ်း၏မတူညီသောဦးတည်ချက်နှစ်ခုဖြစ်သည်။
ဖန်ဟောင်ရဲ့တိုက်ခိုက်ရေးနည်းလမ်းသည်ဟဲဇီကျုံးလောက်အစွမ်းမထက်သော်လည်းပစ်မှတ်တိုင်းကိုထိမှန်သည့်တိကျချက်ကလူငယ်လေးကိုအရမ်း မနာလိုအားကျဖြစ်စေသည်။
"…..ငါ့လက်ကို လှုပ်ရှားတိုင်း အဲ့ဒီဓာထိုးချက် အတိုင်းပဲ လှုပ်တယ်၊အကြိမ်တိုင်းမှာတူညီတဲ့ အနေထားနဲ့ အဲ့ဒီဓားထိုးချက်ကို ထိုးသွင်းဖို့ နည်းလမ်းမရှိဘူး"
ဖန်ဟောင်လုထန်ကိုလက်တွေ့ပြရန်သွားကြားထိုးတံကိုကိုင်ထားလိုက်သည်။"မင်းရဲ့လက်ကောက်ဝတ်ကို မလှုပ်နဲ့။ဒါကအလျင်စလိုနဲ့သင်ယူတက်မြော က်နိုင်တဲ့ဟာမဟုတ်ဘူး၊မင်းအချိန်ရရင်သစ်သားတို့ ပေါင်းပင်မြတ်ပင်တို့ကိုယူပြီးတော့အရုပ်တုလုပ်ကြည့်ပြီးရင်အကြိမ်တိုင်းမင်းရဲ့မျက်လုံးတည့်တည့်က နေမြင်ရတဲ့အနေထားတိုင်းထိုးလိုက်၊ လက်ကောက်ဝတ်ရဲ့အားလုံလောက်သွားပြီဆိုရင် ဇွန်ဘီရဲ့ခေါင်းအနောက်ကိုဖောက်ဖို့ကြိုးစားကြည့် ပါ……"
ငယ်ရွှယ်ပြီးချစ်စရာကောင်းသောလူငယ်နှစ်ယောက် ပြောနေသည့်အကြောင်းအရာသည်လူတွေရဲ့ ဆံပင်တွေကိုတောင်ထောင်စေနိုင်သည်။တစ်ဖက် မှာတော့ဟဲဇီကျုံး၊ရှန်ဟိုက်ပင်းနှင့်လျိုကျန့်ဖုန်းတို့သည်ဘီယာကိုသောက်ပြီးဖန်ဟောင်ချက်လုပ်ထားသည့်အမဲသားjerkyကိုစားနေကြပြီးအဏုမြူကျောက်တုံးအကြောင်းပြောနေကြသည်။စွမ်းအင်ရှိတဲ့ လူတော်တော်များများသည်အဏုမြူကျောက်တုံး အပေါ်မျှော်လင့်ချက်အနည်းငယ်ရှိကြသည်။ သာမာန်လူတွေကတောင်အဏုမြူကျောက်တုံးများသည်လူခန္ဓာကိုယ်ရဲ့အလားလာကိုနိုးထစေပြီး စွမ်းအင်ကိုရရှိလာနိုင်လိမ့်မည်ဟုမျှော်လင့်ထား ကြသည်။
"………ငါအထင်တော့စားလိုက်တာပိုစိတ်ချရမယ်ထင်တယ်"ရှန်ဟိုက်ပင်းကလေးနက်စွာဖြင့် လျိူကျန်.ဖုန်းနဲ့ အလောင်းကစားလုပ်ခဲ့သည်။
"မင်းဘာလို့အရင်မစားကြည့်လဲ?မင်းလည်းစွမ်းရည် တစ်ခုလောက်နိုးထနိုင်မှာပေါ့"လျိုကျန့်ဖုန်းက သူကိုစောင်းကြည့်လိုကသည်။အခြေစိုက်စခန်းတွင် ထိုကဲ့သို့သောကောလဟာလများရှိသော်လည်း စမ်းသပ်ကြည့်ရဲတဲ့သူဘယ်သူမှမရှိပေ။
"မင်းလည်းစွမ်းရည်ရှိပြီးသားပဲမလား?ဘီယာနဲ့ မြည်းပြီးတော့ စမ်းကြည့်လိုက်ပါလား?ရှန်ဟိုက်ပင်း ကပြောလိုက်ပြီးအခန်းထောင့်မှထားထားသည့် အဏုမြူကျောက်တုံးပလတ်စတစ်ဘူးကိုညွှန်ပြလိုက်သည်။ပုဆိန်ကိုကိုင်ကာရော်ဘာလက်အိတ်များ ဝတ်ပြီးတစ်ခုချင်းဆီဆွဲထုတ်ထားရသည့်ဒီနေ့ရဲ့ လုပ်အားခအသီးပွင့်ဖြစ်သည်!!
ဟဲဇီကျုံးကပြုံးပြီးသူတို့နောက်ကိုတားလိုက်သည်" တော်တော့၊ဘာပဲဖြစ်ဖြစ်ဇွန်ဘီခေါင်းထဲကရလာတဲ့ ဒီလိုမျိုးအရာမျိုးကို စားလို့မရနိုင်လောက်ဘူး"
သူတို့နှစ်ယောက်ကငြင်းခုံနေတာကိုရပ်လိုက်ပြီး လျိုကျန့်ဖုန်းကသက်ပြင်းချကာသူ့လက်ကို ဆန့်ထုတ်လိုက်ပြိး"ငါဘယ်အချိန်လောက်မှအဆင့် မြှင့်နိုင်မှာလဲ?ခွန်အားစွမ်းအားလို့ပြောပေမဲ့ငါရဲ့ ခန္ဓာကိုယ်ကြံခိုင်မူကိုပဲအားကောင်းစေတယ်၊မန့်ဇီ ကိုပဲကြည့်သူ့ရဲ့စွမ်းအင်ဆိုအဖက်ဖက်ကနေ ခွန်အားတိုးလာတယ်သားရဲတစ်ကောင်လိုပဲ၊ငါကြ တော့လူသားသဲအိတ်လိုပဲ…အဆင့်မြှင့်တင်ဖို့ လွယ်ကူတဲ့စွမ်းအားအမျိုးစားမဟုတ်ဘူး"
ဟဲဇီကျုံးကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးအကူညီမဲ့သလိုခံစားလိုက်ရသည်။"အရင်တုန်းကငါတို့လည်း နည်းလမ်းတစ်ချို့စမ်းသပ်ကြည့်ပေမဲ့ကံမကောင်းတာက ငါတို့ကောင်းမွန်တဲ့နည်းလမ်းတစ်ခုမှ မတွေ့ခဲ့ဘူး"
"ကမ္ဘာပျက်ကပ်ဝတ္ထုထဲကလိုနည်းလမ်းဆိုရင်ရင်?" ရှန်ဟိုက်ပင်းကရုတ်တရက်မေးလိုက်သည်။
ဟဲဇီကျုံးကသူ့ကိုကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက် ကာ"မင်းအဲ့လိုဝတ္ထုမျိုးတွေအများကြီးဖတ်တက် လား?"
ရှန်ဟိုက်ပင်းကလန့်သွားပြီးခေါင်းခါလိုက်ကာ" အများအားဖြင့်တော့ ငါတော်တော်အလုပ်များတယ် ………..အမှန်တိုင်းပြောရရင်ကွန်ပြူတာဘယ်လိုသုံးရမလဲတောင်မသိဘူးကွာ။ပြီးတော့ကမ္ဘာမပျက်ခင်ကသုံးခဲ့တဲ့ဖုန်းကလည်းခလုတ်ပါတဲ့ဖုန်းကွ"
လျိုကျန့်ဖုန်းကသူ့လက်ကိုဖြန့်လိုက်ပြီး"ငါလည်း ဝတ္ထုတော့ဖတ်ပေမဲ့စိတ်ကူးယဉ် harem ဝတ္ထုတွေပဲဖတ်တာ၊ငါကမ္ဘာပျက်ကပ်ဝတ္ထုတစ်ခုမှ မဖတ်ဖူးဘူး"
သူတို့ကသူ့ကိုလာကြည့်တော့ဟဲဇီကျုံးလည်းခေါင်းခါလိုက်သည်"ငါကဝတ္တုတွေဘာတွေဖတ်လေ့မရှိ ဘူး"ခေါတ်လူငယ်တစ်ယောက်အနေနဲ့အလုပ်ဖြင့် သာအချိန်ကုန်နေပြီးပေါင်းသင်းဆက်ဆံရေးလုပ်ဖို့ တောင်အလုပ်များလွန်းသည်။သူ့နားချိန်ရရင်လည်း အိမ်မှာပဲဇောတ်ကားတို့ TV showတို့ကြည့်သည်။ စာအုပ်ဖတ်ရင်လည်းကိုယ်ကာယနဲ့ဆိုင်တဲ့ စာအုပ်တွေပဲဖတ်သည်။
အဲ့ဒီလိုမျိုးအကျင့်ရှိတာကြောင့်သာသူပြန်လည်မွေးဖွားလာတုန်းကပဲငံပြာရည်တို့ရှာလကာရည်တို့ လုပ်နည်းပဲ ဒေါင်းလုတ်ဆွဲခဲ့တာဖြစ်သည်မဟုတ်ရင် ကိုးကားဖို့အတွက်ကမ္ဘာပျက်ကပ်ဝတ္တုတွေကို ဒေါင်းလုတ်ဆွဲဖို့ဘယ်မေ့ပါ့မလဲ?
ထိုအချိန်တွင်အပြင်းအထန်ဆွေးနွေးနေကြသည့် ဖန်ဟောင်နဲ့လုထန်သည်ရုတ်တရက်လှည့်လာပြီး "ကျွန်တော်ဖတ်ဖူးတယ်!!!"နှစ်ယောက်သားပြိုင်တူ ပြောလိုက်သည်။
ဖန်ဟောင်ကသူ့ပါးလေးကိုသူပြန်ကုတ်လိုက်ပြီး ရှက်ရွံစွာဖြင့်ပြုံးကာ"ကျွန်တော်နည်းနည်းဖတ်ဖူးတယ်ဒါပေမဲ့သူတို့ပြောထားတဲ့နည်းလမ်းတွေကို အရင်ကစမ်းသပ်ကြည့်ဖူးတယ် ဘယ်ဟာမှအလုပ်မဖြစ်ဘူး"
လုထန်ကလျင်မြန်စွာမေးခဲ့သည်"တရားထိုင်တာကိုကော?"
ဖန်ဟောင်ကခေါင်းညိတ်ပြီးသူ့လက်ကိုဆွဲထားတဲ့ ဟဲဇီကျုံးကိုကြည့်လိုက်ကာ"ငါအဲ့တာကိုလည်းစမ်းဖူးတယ်ဒါပေမဲ့တုံ့ပြန်မှုမရှိဘူး"
"အဏုမြူကျောက်တုံးထဲကစွမ်းအင်ကိုခံစားကြည့်ရင်ရော?"
ဟဲဇီကျုံးကလျိုကျန့်ဖုန်းကိုမေးလိုက်ကာ" မင်းခန္ဓာကိုယ်ထဲကစွမ်းအင်ကိုခံစားနိုင်ရင် အဲ့ဒါကအလုပ်ဖြစ်လောက်လား?"
လျိုကျန့်ဖုန်းကအံ့ဩသွားပြီးခေါင်းကိုခါလိုက်ကာ" ငါအဲ့ဒါကိုမခံစားနိုင်ဘူး၊ငါစွမ်းအင်ကိုအသုံးပြုချင်တဲ့အခါငါအာရုံစိုက်လိုက်ရုံပဲပြီးရင်သုံးလို့ရပြီ"
"ငါလည်းအဲ့ဒီလိုပဲ"အဏုမြူကျောက်တုံးထဲက စွမ်းအင်ကိုဘယ်လိုလွှဲပြောင်းယူရမလဲဆိုတာကော စွမ်းအင်ကိုဘယ်လိုလည်ပတ်ရမလဲဆိုတာကောသူတို့အားလုံးမှာအကြံဉာဏ်မရှိကြပေ။
"ငါတို့ဘယ်လို့မစမ်းကြည့်ကြတာလဲ?"လုထန်က ရုတ်တရက်အကြုံပြုလိုက်သည်။
"ကောင်းပါ့မလား၊အဏုမြူကျောက်တုံးတွေကို မခွဲဝေပေးရသေးဘူးလေ?"လျိူကျန့်ဖုန်းကနံရံး ဘေးကပလတ်စတစ်ဘူးကိုကြည့်လိုက်သည်? သူ့စိတ်ထဲမှတရွှရွှဖြစ်နေသော်လည်းခေါင်းခါလိုက်သည်။
"အဆင်ပြေပါတယ်၊စမ်းသပ်ဖို့အတွက်ကျွန်တော့် ဟာသုံးလိုက်တစ်ယောက်ယောက်ကဒါကိုသုံးလိုက်နိုင်ရင်လည်းနောက်မှပြန်ပေးလို့ရပါတယ်"လုထန်ကပြောလိုက်ပြီသူလက်ကိုဖြန့်လိုက်ပြီးနောက်သူ့ လက်ဖဝါးထဲတွင်အဏုမြူကျောက်တုံးအနည်းငယ်ရှိနေသည်။"ဒါကပြီးခဲ့တဲ့ခေါက်ကမစ်ရှင်တုန်းက ဘော့စ်ကျွန်တော်ကိုပေးခဲ့တာအခြေစိုက်စခန်းမှာ ပစ္စည်းမလဲဘဲနဲ့သိမ်းထားတာ"သူ့ပြောရင်းနဲ့ လူတစ်ယောက်ကိုပေးလိုက်သည်။
ရှန်ဟိုက်ပင်းကယူလိုက်ရင်းနဲ့ပြင်းပြင်းထန်ထန်ခေါင်းခါနေသည်"ငါ့မှာစွမ်းအင်မရှိဘူးလေ"
လုထန်ကနေရာလွတ်စွမ်းအားရှင်ဖြစ်သည်။ပျက်စီးမှာစိုးရိမ်ရသည့်အရေးတဲ့အရာတွေကိုသိမ်းဆည်းရသည်မှာသူ့ရဲ့အဓိကတာဝန်ဖြစ်သည်။နေရာလွတ်က အကန့်အသတ်နဲ့ဖြစ်သော်လည်းသူ့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေကိုသိမ်းဆည်းဖို့အတွက်တော့နေရာရှိ သေးသည်။
လူအနည်းငယ်ကအဏုမြူကျောက်တုံးကိုစူးစမ်းနေတာကြည့်ရင်းမီးစွမ်းအားရှင်တိမင်းဂန်းနဲ့ ခွန်အားစွမ်းအားရှင် မန့်ဇီတို့လည်းရောက်ရှိလာပြီး ဒုခေါင်းဆောင်ချန်နင်သာကောပင်းနှင့်နောက်ထပ်သွားရမဲ့အစီစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးနေခဲ့သည်။
ပြီးခဲ့တဲ့မစ်ရှင်ပြီးနောက်ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့သည်Samsaraအသင်းနဲ့လမ်းတစ်ဝက်မှာခွဲခွာသွားခဲ့သည်။Samsaraအသင်းမှစုဆောင်းရရှိခဲ့သော အဏုမြူကျောက်တုံးအားလုံးကိုအသင်းသားအားလုံးအားခွဲဝေပေးခဲ့သည်။အကုန်လုံးမှာအဏုမြူ ကျောက်တုံးအနည်းငယ်ရှိပေမဲ့အများစုသည်၎င်းတို့ကိုအခြေစိုက်စခန်းမှာအမှတ်နဲ့လဲလှယ်ခဲ့ပြီးသူတို့ လိုချင်တဲ့အရာတွေနဲ့ရောင်းဝယ်ခဲ့သည်။ဘာပဲဖြစ်ဖြစ်၎င်းရဲ့အသုံးပြုပုံနည်းလမ်းကိုမသိပေ။
လက်ရှိအချိန်တွင်စွမ်းအင်ရှိသည့်သူများကသာ အဏုမြူကျောက်တုံးများကိုဆက်သိမ်းထားဆဲဖြစ် ပြီးရောင်းချဖို့ရန်ဆန္ဒမရှိပေ။
စွမ်းအားရှင်အများစုသည်သူတို့ရှိမှာရှိနေတဲ့ အဏုမြူကျောက်တုံးများနှင့်သူတို့၏စွမ်းအင်ကိုမြှင့်တင်နိုင်မလားဆိုတာကိုသိချင်နေကြပြီး နည်းလမ်းကိုရှာဖွေနေကြသည်။ဒါပေမဲ့ကံမကောင်းစွာဖြင့်အချိန်တော်တော်ကြာသည့်အထိဘယ်သူမှ မှန်ကန်သည့်နည်းလမ်းကိုမတွေ့ခဲ့ပေ။
ဖန်ဟောင်နဲ့ဟဲဇီကျုံးသည်သူတို့စဉ်းစားမိသည့် နည်းလမ်းဖြင့်တစ်ကြိမ်ကြိုးစားကြည့်ခဲ့ပေမဲ့ တုံ့ပြန်မှုမရှိခဲ့ပေ။သို့သော်လည်းသူတို့နှစ်ယောက်က မလျင်မလိုပေ။ဆွေးနွေးပြီးနောက်အဏုမြူကျောက်တုံးရဲ့စွမ်းအင်ကိုနေရာလွတ်ကစုပ်ယူနိုင်ပြီးစွမ်းအင်ရဲ့တစ်စိတ်တစ်ပိုင်းကလည်းအိမ်အနောက်ဘက်က ရေတွင်းထဲကိုရောက်ရှိသွားသည့်သုံးသပ်ချက်ကို သာရရှိခဲ့သည်။သူတို့နှစ်ယောက်သည်ရေတွင်းထဲက ရေကိုပဲသောက်သောကြောင့်ရေကနေသူတို့ရဲ့ စွမ်းအင်ကိုမြှင့်တင်နိုင်ကြသည်။အဲ့ဒါကြောင့်သာမဟုတ်ရင်သူတို့ရဲ့စွမ်းအင်ကိုရုတ်တရက်ဘယ်လိုလုပ်မြှင့်တင်နိုင်မှာလဲ?
အခုဟဲဇီကျုံးရဲ့စွမ်းအင်နှစ်ခုလုံးသည်ဒုတိယအဆင့်သို့ရောက်ရှိနေပြီးဖန်ဟောင်ကလည်းသူ့ရဲ့မူလစွမ်းအင်ဖြစ်သည့်ကုသရေးစွမ်းအင်အဆင့်မြှင့်သွားပြီး နောက်အလျင်စွမ်းအင်ကိုနိုးထနိုင်ခဲ့သည်။မကြာခင်ကပဲအလျင်စွမ်းအင်သည်လည်းဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။သူတို့နှစ်ယောက်လုံးသည်စွမ်းအင်နှစ်ခုရှိသည့်ဒုတိယအဆင့်စွမ်းအားရှင်တွေဖြစ်သောကြောင့်အခြားသူတွေလို့အဏုမြူကျောက်တုံးနဲ့ အဆင့်မြှင့်တင်မည့်ပြဿနာကိုလေ့လာသောအခါ စိုးရိမ်ပူပန်မှုမရှိကြပေ။
မိနစ်နှစ်ဆယ်ကြာပြီးနောက်ဘယ်သူမှရလဒ်မထွက်လာပေ။ဟဲဇီကျုံးတို့နှစ်ယောက်သည်လုထန်ဆီသို့ အဏုမြူကျောက်တုံးကိုပြန်ပေးခဲ့သည်။မီးစွမ်းအားရှင်တိမင်းဂန်းသည်အချိန်ကြာကြီးစမ်းသပ်မှုကို အရှုံးမပေးခဲ့ပေ။ သူ့စွမ်းအင်ကိုအသုံးပြုလွန်းလို့ အသက်ရှုကျပ်လာပြီးမျက်နှာကြီးတောင်နီနေသည်။ နောက်ဆုံးတော့စိတ်တိုလာပြီးသူ့လက်ချောင်းထိပ်ကနေမီးစွမ်းအင်ကိုထွက်လာအောင်လုပ်လိုက်ပြီး အဏုမြူကျောက်တုံးကိုဆောင့်ထိုးလိုက်သည်။ "ဒီစောင့်ပစ္စည်းအစုတ်အပျက်ကတော့ ငါကိုပြန်တုံ့ပြန်စမ်းပါ!!"
သူ့ပြောနေရင်းနဲ့သူ့လက်ချောင်းထိပ်ကမီးစွမ်းအင်နှင့်အဏုမြူကျောက်တုံးသည်ချိတ်ဆက်မိသွားသည်။သူ့လက်ဖဝါးပေါ်ရှိအဏုမြူကျောက်တုံးဆီကနေ အလင်းရောင်တွေပေါက်ကွဲထွက်လာပြီးနောက် ချက်ချင်းပင်အဏုမြူကျောက်တုံးသည်အဖြူရောင် အလင်းတန်းစုလေးများအဖြစ်လောင်ကျွမ်းသွားပြီး သူ့လက်ချောင်းကနေတစ်ဆင့်သူ့ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားသည်။
သူ့ဘေးနားမှာထိုင်နေသည့်လူများသည်ခဏလောက်ကြောင်ကြည့်နေမိသည်။ချန်နင်နဲ့ကောပင်းသည် အခန်းကြီးရုတ်တရက်တိတ်ဆိတ်သွားတာကို သတိထားမိပြီးလာကြည့်လိုက်သည်"ဘာဖြစ်လို့လဲ?"
"နောက်တစ်ကြိမ်၊နောက်တစ်ကြိမ်!!!"
"ဘယ်လိုအခြေနေကြီးလဲ၊ဘယ်လိုဖြစ်သွားတာလဲ? အောင်မြင်သွားတာလား?!!"
အခန်းထဲကအောင်သံကြောင့်ကောပင်းနဲ့ချန်နင် ၏လာရောက်မေးမြန်းခြင်းကိုပင်လျစ်လျူရှုခံလိုက်ရသည်။
လုထန်သည်သူ့ရဲ့အဏုမြူကျောက်တုံးကိုထပ်ပေး ပြီးတိမင်းဂန်းကိုနောက်ထပ်စမ်းသပ်နိုင်ရန်ခွင့်ပြု ပေးခဲ့သည်။
အဏုမြူကျောက်တုံး၏အသုံးပြုသည့်နည်းလမ်းကို အဖြေမထုတ်ခင်တွင်သူတို့သည်အဏုမြူကျောက်တုံးသုံးတုံးကိုသုံးခဲ့သည်။စွမ်းအားရှင်တစ်ယောက်သည်သူတို့ရဲ့စွမ်းအင်ကိုလက်ချောင်းထိပ်၊လက်ဖ ဝါးတို့တွင်ထုတ်လိုက်ပြီးအဏုမြူကျောက်တုံးကို ထိလိုက်ရမှာဖြစ်သည်။အဏုမြူကျောက်တုံးကနိုးထလာမှစွမ်းအင်ကို စွမ်းအားရှင်ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးမှာဖြစ်သည်။
တစ်ချိန်တည်းမှာပင်အဏုမြူကျောက်တုံးသည် အဖြူရောင်အမှုန့်များအဖြစ်သို့ပြောင်းလဲသွားမှာ ဖြစ်ပြီးလေတိုက်တာနဲ့လေနှင့်အတူမျောလွှင့်သွား မှာဖြစ်သည်။