no

Font
Theme

အဆင့်နိမ့်ဇွန်ဘီများသည်နှေးကွေးလေးကန်သော်လည်းအနီးနားမှာသတ်ရှိကိုရှာတွေ့တာနဲ့အံ့ဩစရာခွန်အားနှင့်အရှိုန်အဟုန်များပေါက်ကွဲထွက်လာကာသူတို့စားနိုင်သမျှကိုဖမ်းဆုပ်ကာအသဲအသန် ကိုက်စားလိုက်ကြသည်။

ကားပြတင်းပေါက်အပြင်ဘတ်ကလူမဟုတ်တော့     သောအရာများကိုကြည့်ရင်းဖန်ဟောင်နှလုံးသားသည်သူ့နားစည်ထဲတွင်တဒိန်းဒိန်းခုန်နေသံကိုကြားနေရပြီးသူ့အရှေ့ကအရာအားလုံးသည်အစစ်အမှန် မဟုတ်တော့သလိုဖြစ်လာသည်။

ရံဖန်ရံခါတွင်ကားအနည်းငယ်သည်လမ်းမပေါ်သို့အရှိုန်အဟုန်ဖြင့်မောင်းလာကာသူ့တို့နောက်တွင် လည်းဇွန်ဘီအုပ်လိုက်ကြီးကလိုက်ပါလာတက်သည်။

ဟဲဇီကျုံးရွှေးချယ်ထားသည့်လမ်းကြောင်းသည်အလွန်ရှင်းလင်းသည်။ယခုအချိန်တွင်ကမ္ဘာပျက်ကပ်ကိုအသားကျပြီးလျင်မြန်စွာတုံ့ပြန်တဲ့ရှာဖွေသူ အများစုသည်စူပါမားကတ်အသေးစား၊အလတ်စားနှင့်စူပါမားကတ်ကြီးများကိုမျက်စိကျနေသည်။          အသားသတ်စက်ရုံသို့သွားရာလမ်းတစ်လျှောက် တွင်လူအနည်းစုမှလွဲ၍လူအများကြီးကိုရှာမတွေ့ပေ။

အသားသတ်စက်ရုံ၏အထင်မြင့်အဆောက်အဦးကိုတွေ့ရန်နှစ်ယောက်သားသိပ်ပြီးအချိန်မယူလိုက်ရ ပေ။Fမြို့တွင်အကြီးဆုံးစက်ရုံဖြစ်သည်။ စူပါးမားကတ်တွေမှာရောင်းချတဲ့ထုတ်ကုန်အများစုနှင့်စျေးဆိုင်တွေကိုဖြန့်ဖြူးတဲ့အသားအများစုသည်ဒီစက်ရုံက       ဖြန့်ဖြူးတာဖြစ်ပြီးအရသာလည်းအရမ်းရှိသည်။


နှစ်ယောက်သားဂိတ်ဆီသို့မောင်းသွားရင်း လမ်းအလယ်မှာရေခဲရိုက်ခန်းပါတဲ့ထရပ်ကား တစ်စီးလှဲနေတာကိုတွေ့လိုက်ရသည်။ကားလှဲနေတဲ့လမ်းကြောင်းကိုကြည့်လိုက်တော့ဒီမနက်မှာကုန်တွေကိုပို့ဆောင်ရန်ဖြည့်ထားခဲ့ပေမယ့်ဂိတ်ဖွင့်ပြီး သွားနောက်တစ်ခုခုဖြစ်ပျက်သွားခဲ့သည်။

ဟဲဇီကျုံးကကားကိုလမ်းတစ်ဖတ်မှာပါကင်ထိုးလိုက်ပြီးစတီးပိုက်ကိုကိုင်ကာကားထဲမှထွက်လိုက်သည်။ဖန်ဟောင်ကမှန်ဘီလူးဖြင့်အနီးနားကိုပတ်ကြည့်ကာ"ဘယ်သူမှမရှိဘူး"

ဟဲဇီကျုံးကလေးနက်စွာခေါင်းညိတ်ပြပြီးရေခဲရိုက်အအေးခန်းပါတဲ့ထရပ်ကားဆီသို့လျှောက်သွားကာတံခါးကိုဖွင့်လိုက်သည်။

ထရပ်ကားတွင်ပို့ဆောင်မယ့်ကုန်ပစ္စည်းတွေဖြစ်တဲ့အေးခဲပြီးဖြတ်ထားတဲ့အသားစိမ်းတွေနဲ့ပြည့်နေပြီးမနက်ခင်းပိုင်းစူပါးမားကတ်ကြီးများကိုပို့မည့်ကားမှန်းသေချာသွားသည်။

ဟဲဇီကျုံးသည်သူရဲ့လက်ကိုလှုပ်ရမ်းလိုက်ကာအကုန်လုံးကိုနေရာလွတ်ထဲသို့ထည့်လိုက်သည်။

"စီနီယာအရှေ့မှာနောက်တစ်ကားရှိသေးတယ်!!ဖ န်ဟောင်ညွှန်ပြတဲ့အတိုင်းကြည့်လိုက်တော့ဟဲဇီကျုံးသည်Tပုံစံလမ်းဆုံတွင် သစ်ပင်တစ်ပင်ကိုတိုက်မိနေသည့်ရေခဲရိုက်ခန်း ပါသည့်နောက်ထပ်ကားတစ်ကားကိုတွေ့လိုက် သည်။

"ထရပ်ကားထဲကဟာတွေဘဲယူကြရအောင်" ဟဲဇီကျုံးကပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချလိုက်သည်။အသားသတ်စက်ရုံထဲကအခြေနေကိုအခုထိမသိရသေးဘူး၊။အကယ်လို့အထဲမှာ အသတ်ရှင်ကျန်ရစ်သူတွေရှိခဲ့ရင်အထဲကိုသွားပြီး တခြားသူတွေရဲ့ပစ္စည်းကိုသယ်ဖို့မလွယ်ဘူး။ဒီကားနှစ်စီးမှာလည်းကုန်စည်ပစ္စည်းတွေအများကြီးရှိသည်။ပစ္စည်းတွေအပြည့်ရှိတဲ့အတွက်သူတို့နှစ်‌ယောက်သားသတ်စက်ရုံထဲဝင်ဖို့မလိုတော့ဘဲအချိန်ကုန်သက်သာသွားသည်။

သူ့ကရှေ့ကိုမောင်းသွားလိုက်ပြီးထရပ်ကားကိုဖြတ်ကျော်သွားသောအခါအထဲမှာဇွန်ဘီနှစ်ကောင်ရှိ နေပြီးတံခါးကိုရိုက်ကာရုန်းကန်လှုပ်ရှားနေတာကိုတွေ့လိုက်ရသည်။

ကားကိုရပ်လိုက်ကာစတီးပိုက်တစ်ချောင်းကို           အဏုမြူကျောက်တုံးတစ်တုံးရရှိရန်အသုံးပြုခဲ့သည်။

နောက်ထပ်ထရပ်ကားတစ်စီးတွင်အထဲမှာဇွန်ဘီသုံးကောင်ကိုသော့ခတ်ထားသည်။သူတို့ထဲက တစ်ကောင်ကမည်သည့်နေရာမှကိုက်ဖြတ်ထားခြင်းမခံရဘဲသူမျက်နှာကအသားများတွဲလောင်းကျနေသည်။ဤတစ်ကြိမ်တွင်ဖန်ဟောင်သည်ရှေ့ကို လျှောက်သွားပြီးသူ့လက်ရည်ကိုမြှင့်တင်ရန် ရုန်းကန်လှုပ်ရှားခဲ့သည်။

ဟဲဇီကျုံးကသူကိုကြည့်လိုက်တော့သူ့မျက်နှာနှင့် အမူရာကတင်းမာနေသော်လည်းသူ့လှုပ်ရှားမှုတွေကခိုင်မာအားကောင်းလှသည်။အခြေခံ အလိုက်သင့်လှုပ်ရှားမှုကိုသိနေသဖြင့်သူအနည်းငယ်စိတ်သက်သာရသွားသည်။

ကားထဲမှာရှိတဲ့ဇွန်ဘီသုံးကောင်ရဲ့ဦးနှောက်ထဲမှာ အဏုမြူကျောက်တုံးမရှိပေ။နှစ်ယောက်သား ရေခဲခန်းကားကိုဖွင့်ပြီးနောက်ကားထဲမှာချက်ပြုတ်ရသောအသားများနှင့်ပြည့်နေတာကိုတွေ့လိုက်ရသည်။သန့်စင်ထားသောအသားများ၊ဘေကွန်များနှင့် ဝက်အူချောင်းများရှိနေသည်။ကားတစ်စီးထဲဆိုလျှင်တောင်အချိန်ကြာကြီးလူနှစ်ယောက်စားသောက်ဖို့လုံလောက်သည်။ထို့အပြင်ဟဲဇီကျုံးသည် အရင်တည်းကလည်းချက်ပြုတ်ထားသောအစားစာများကိုဝယ်ရန်စူပါးမားကတ်ကိုသွားခဲ့သည်။

နှစ်ယောက်သားကားပေါ်သို့ပြန်တက်ပြီးသောအခါ ဟဲဇီကျုံးက"မင်းအထဲဝင်ချင်သေးလား"လို့ မေးလိုက်သည်။သူတို့အခုပင်ပစ္စည်းများစွာကို စုဆောင်းထားပြီးအနာဂတ်တွင်နေရာလွတ်ထဲမှဂေဟာစနစ်ပိုမိုပြည့်စုံလာသောအခါဒီအရာတွေသုံးစွဲမှုမှာပို၍ပင်နှေးကွေးလာမည်ဖြစ်သည်။

ရုတ်တရက်Tလမ်းဆုံမှကားအနည်းငယ်ကွေ့လာသည်။Hummerကားကဦးဆောင်လာပြီးနောက်မှဂျစ်ကားအနည်းငယ်လိုက်လာကာဘာမှမရှိသော လမ်းပေါ်တွင်ကျယ်လောင်သောဘရိတ်အုပ်သံထွက်ပေါ်လာပြီးအသားသတ်စက်ရုံသို့ဦးတည်သွားကြသည်။

ဟဲဇီကျုံးရဲ့ကားကထရပ်ကားဘေးမှာရပ်ထားသော     ကြောင့်အဲ့ဒီကားများကျော်တက်သွားသောအခါသူတို့ကိုမတွေ့ရပေ။

နောက်ထပ်ဘရိတ်အုပ်သံတစ်ခုထွက်ပေါ်လာပြီး             ကားများသည်သားသတ်စက်ရုံထဲသို့တစ်ကားပြီးတစ်ကားမောင်းဝင်သွားကြသည်။ကားတွေဖြတ်သွားတုန်းကဖန်ဟောင်နှင့်ဟဲဇီကျုံးသည်ကားပေါ်မှ       ရယ်မြူးသံများကိုကြားလိုက်ရသည်။

ဖန်ဟောင်ကဟဲဇီကျုံးကိုကြည့်လိုက်ပြီးမျက်တောင်ခတ်လိုက်ကာ"ဟင့်အင်းမဝင်နဲ့တော့"

ယာဉ်တန်းသည်အလွန်အထက်စီးဆန်သည်။သူတို့နှစ်ဦးအရာခပ်သိမ်းနီးပါးကိုစုဆောင်းထားပြီးသည်ကိုမဖော်ပြဘဲတစ်ခုခုရှာရန်အထဲဝင်လျှင်ပင်သူတို့နှင့်      အချင်းမပွားချင်ပေ။

"အဲ့တာဆိုသွားကြရအောင်"ဟဲဇီကျုံးသည်ကားကိုနှိုးလိုက်ပြီးလမ်းကြောင်းပြောင်းကာသူတို့ရွှေးချယ်ထားသည့်ဦးတည်ချက်အတိုင်းသွားရန်ပြင်ဆင်ခဲ့သည်။ရုတ်တရက်သားသတ်စက်ရုံမှကျယ်လောင်           သောဆူညံ့သံတစ်ခုထွက်ပေါ်လာသည်။သူတို့    နှစ်ယောက်အနောက်ကိုကြည့်လိုက်တော့မူလစက်ရုံတံခါးကအမည်မသိအရာတစ်ခုကြောင့်လွင့်ထွက်သွားသည်ကိုတွေ့လိုက်ရသည်။မြေနံရံတစ်ခုသည် ဖြည်းဖြည်းချင်းမြှင့်တက်လာပြီးဂိတ်နှင့်တံတိုင်းသည်လုံးလုံးပိတ်သွားသည်။

ဟဲဇီကျုံးကမျက်ခုံးပင့်လိုက်ပြီးအဲ့တာက မီးနဲ့မြေကြီးစွမ်းရည်ရှိတဲ့လူတစ်ယောက်ဖြစ်မည်။

သူကဒီအသင်းကဘယ်အဖွဲ့လဲဆိုတာကိုရုတ်တရက်သတိရသွားသည်။သူအရင်ဘဝတုန်းကFမြို့သည်       လျင်မြန်စွာကျဆုံးခဲ့သော်လည်းကမ္ဘာပျက်ကပ် ပထမဆုံးလတွင်အင်အားကြီးမားသောအုပ်စုများစွာရှိသည်။နောက်ပိုင်းမှလူတိုင်းသည်Aမြို့သို့ထွက်ပြေးကြလျှင်တောင်Fမြို့၏မူလအုပ်စုများကြားတွင်ပင်    နာမည်ကြီးအုပ်စုငယ်များစွာရှိသည်။

ဟဲဇီကျုံးသည်သူ့အရင်ဘဝကဒီအဖွဲ့ကိုမြင်တော့သူတို့၏ကားတန်းအရေတွက်သည်အခုထက်ထက်ဝက်ကျော်လျော့နည်းသွားပြီးချေမှုန်းခံထားရသည်။

အဲ့ဒီချိန်တုန်းကတော့အစကသူတို့အဖွဲ့သည့် သေးငယ်တဲ့ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်းကြားသိ ခဲ့ရသည်။ကမ္ဘာပျက်ကပ်ကိုလျင်မြန်စွာတုံ့ပြန်ပြီးအနီးနားရှိကားပြပွဲစင်တာကိုလုယတ်ကာသားသတ်စက်ရုံကိုသိမ်းပိုက်ပြီးဇွန်ဘီအဓိကရုဏ်း၏ပထမဆုံးလှိုင်းမှာရှင်သန်နိုင်ခဲ့သည်။

မမျှော်လင့်ထားစွာဖြင့်သူတို့သိမ်းပိုက်လိုက်တဲ့နေရာသည်ဒီနေရာဖြစ်နေသည်………

"စီ..စီနီယာအဲ့တာဘာကြီးလဲ"

ဟဲဇီကျုံးသည်ဖန်ဟောင်အံ့ဩနေတာကိုကြည့်ရင်းနောက်သို့ပြန်လည်ကြည့်တော့ဖန်ဟောင်သည်ပိတ်ထားသည့်မြေကြီးနံရံကိုစိုက်ကြည့်နေရင်းအဖြေကိုသိရှိရန်စောင့်ဆိုင်းနေသည်။

ကမ္ဘာပျက်ကပ်ရဲ့အစောပိုင်းနေ့များတွင်လွယ်ကူ သောထိုးစစ်ဆင်တဲ့စွမ်းရည်ကလွဲလို့အခြားသော စွမ်းရည်များကိုရှာတွေ့ရန်လွယ်ကူပေ။သူနှင့်                  ဖန်ဟောင်သည်ကမ္ဘာပျက်ကပ်အစောပိုင်း၅၀ရက်   မြောက်တွင်ဆုံခဲ့ကြသည်။အဲ့ဒီချိန်တုန်းကအိမ်မှာရှိတဲ့အစားစာတွေကုန်ဆုံးသွားပြီးသူထောက်ပံ့ရေး ပစ္စည်းတွေရှာရန်အပြင်ကိုထွက်ဖို့လိုအပ်ခဲ့သည်။သူ့အပြင်ထွက်တော့မှရပ်ကွက်အတွင်းမှာရှိတဲ့အခြား          သောအသတ်ရှင်ကျန်သူများနှင့်အဖွဲ့ဖွဲ့ခဲ့သည်။

ထိုအချိန်တွင်ဖန်ဟောင်ကအသင်းထဲမှာရှိနေပြီးစွမ်းရည်ကိုလည်းရှာတွေ့ထားပြီးဖြစ်သည်။

"အဲ့တာကထူးခြားတဲ့စွမ်းရည်ဖြစ်နိုင်တယ်"                ဟဲဇီကျုံးသည်ဖန်ဟောင်၏သူ့ကိုယ်ပိုင်စွမ်းရည်များကိုသတိပြုမိစေရန်ဘယ်လိုလုပ်ရမလဲစဉ်းစားကာရှေ့သို့မောင်းနှင်သွားခဲ့သည်။"ဒီမနက်မင်းရေချိုးနေတုန်းကတစ်စုံတစ်ယောက်ကဇွန်ဘီကိုမီးနဲ့ပြစ်နေတာကိုငါတွေ့ခဲ့တယ်ငါထင်တာကငါအထင်းမှား တာလို့ဒါပေမယ့်အခုမြေကြီးနံရံကိုမြင်မှတစ်ချို့ လူတွေမှာစွမ်းအင်ရှိတာဖြစ်နိုင်တယ်လို့ထင်တယ်၊ ဇွန်ဘီတွေတောင်မှရှိနိုင်မလားမသိဘူး"

ဖန်ဟောင်ကတောင့်တောင့်ကြီးခေါင်းညိတ်လိုက်သည်။နားတော့နားလည်ပေမယ့်နားလည်ရင်တောင်အခုဖြစ်နေတဲ့အရာအများစုကိုချက်ချင်းလက်သင့်မခံနိုင်သေးဘူး။

သူတို့မှာစွမ်းအင်ရှိတာကိုရှာဖွေတွေ့ရှိပြီးနောက်ချက်ချင်းပျော်ရွှင်စွာလက်ခံနိုင်တဲ့သူကဦးနှောက်မှာအပေါက်ကြီးဖြစ်နေလို့ဘဲဖြစ်မည်။

ဟဲဇီကျုံးကတော့လျင်မြန်စွာလက်ခံနိုင်သည်။အဘယ်ကြောင့်ဆိုသော်သူမှာအရင်ဘဝကမှတ်ဉာဏ်ရှိ   သောကြောင့်ဖြစ်သည်။သူ့ရဲ့အရင်ဘဝမှာတုန်းကဇွန်ဘီတွေတောင်စွမ်းအင်ရှိတယ်ဟုတ်ပြီလား! စွမ်းအင်နိုးထသူဆိုရင်တော့ပြောမနေနဲ့!!

လမ်းပေါ်တွင်ကားအမြောက်များသည်အလျင်းသင့်သလိုသွားလာနေကြပြီးဖုတ်ကောင်အချို့သည်သူတို့ရဲ့ခြေထောက်ကိုဆွဲကာလမ်းပေါ်တွင် လှည့်လည်သွားလာနေကြသည်။ကားတွေဖြတ်သွားတဲ့အသံကိုကြားရင်သူတို့ရဲ့ပျက်စီးယို့ယွင်းနေတဲ့ ခန္ဓာကိုယ်ကိုရမ်းခါပြီးဒယိုင်းဒယိုင်ဖြင့်ကားတွေ နောက်လိုက်ကြသည်။

"စီနီယာ van!!"ဖန်ဟောင်သည်သူရဲ့စိတ်ကိုအလွယ်တကူ   နေသားကျအောင်ပြုလုပ်လိုက်ပြီးလမ်းရဲ့အခြေနေကိုကြည့်ကာအဝေးကိုညွှန်ပြပြီးရုတ်တရက်အော်လိုက်သည်။

vanဆိုတာကvanကားကိုရည်ညွှန်းတာမဟုတ်ဘဲ မုန့်သယ်ပို့သည်လျှပ်စစ်သုံးဘီးဆိုင်ကယ်ဖြစ်သည်။

လမ်းပေါ်တွင်ရပ်ထားပြီးဒီမနက်တွင်ပြုလုပ်ထား             သောပေါင်မုန့်များသည်ပလတ်စတစ်ခြင်းများတွင်အပြည့်ရှိနေပြီးအထဲတွင်ခြင်းများကိုတစ်ခုနှင့်တစ်ခုထပ်တင်ထားသည်။

ဟဲဇီကျုံးသည်အရှိန်လျော့လိုက်ပြီးသုံးဘီးဆိုင်ကယ်ဘေးသို့မောင်းသွားကာပလတ်စတစ်ခြင်းမျာကိုထိလိုက်သည်။ထိုအခါသုံးဘီးဆိုင်ကယ်တစ်ခုလုံးနှင့် ပေါင်မုန့်များသည်နေရာလွတ်ထဲသို့ရောက်သွားသည်။

"ကြည့်ရတာကျွန်တော်တို့လမ်းပေါ်မှာတင်ရတနာတွေအမျာကြီးကောက်နိုင်မယ်ထင်တယ်၊စျေးဝယ် စင်တာတွေနှင့်စျေးတွေမှာပစ္စည်းရှာဖို့ မလိုအပ်လောက်ဘူး"ဖန်ဟောင်ကအခုမှ များကြီးစိတ်သက်သာရသွားပြီးဟဲဇီကျုံးကိုပြုံးပြီး       ပြောလိုက်သည်။

ဟဲဇီကျုံးကလေးနက်စွာခေါင်းညိတ်လိုက်ပြီး"ဒါပေမယ့်အခုကကံကောင်းသွားတာဇွန်ဘီနည်းနည်းဘဲရှိလို့လမ်းဘေးကကားတွေကိုအာရုံစိုက်လို့ရတာ"

သူတို့နှစ်ယောက်အနောက်ဘတ်လမ်းသို့သွားနေတုန်းမှာလမ်းပေါ်တွင်အခြားသူမျာကိုတွေ့ဖို့ ကြုံတောင့်ကြုံခဲဖြစ်သည်။အခြားကားအနည်းငယ်       ဖြတ်သွားရင်တောင်မှဘေးကင်းတယ်ဒါမှမဟုတ်လိုအပ်မယ်ထင်တဲ့နေရာကိုမောင်းသွားကြသည်။

ဟဲဇီကျုံးသွားချင်သည့်ဟင်းသီးဟင်းရွတ်လက်ကားစျေးကိုရောက်ဖို့အချိန်သိပ်မကြာခဲ့ပေ။ ဒီအသီးအရွတ်တွေကိုအခုမယူသွားဖူးဆိုရင်နောက်ရက်အနည်းငယ်တွင်းလုံးဝပုပ်သိုးသွားလိမ့်မည်။ဟဲဇီကျုံးကအရင်ကလည်းဒီနေရာကိုရောက်ဖူးသည်။ဟိုးအဝေးကနေပြင်းထန်သောအနံ့သတ်ဆိုးကိုရရှိလိုက်သည်။

စျေးတံခါးကပွင့်နေပြီးအထဲမှာဇွန်ဘီများသည်လှည့်လည်သွားလာနေကြကာသတ်ရှိဟူ၍မရှိပေ။

အသီးရွက်တွေကလျင်မြန်စွာပုပ်သိုးသည်။ နေရာလွတ်စွမ်းအင်ရှိတဲ့သူတောင်နေရာကအကန့်အသတ်ရှိသောကြောင့်ဒီနေရာကိုမလာကြပေ။

သူတို့နှစ်ယောက်ကကားကိုဒီတိုင်းနေရာလွတ်ထဲကိုထည့်လိုက်ပြီးပစ္စည်းများကိုယူနေစဉ်အတွင်းဇွန်ဘီများကိုသတ်ပစ်လိုက်ကြသည်။

ဟင်းသီးဟင်းရွတ်လှည်းတွေထဲမှကုန်မချရသေးဘဲ              ရုတ်တရက်ကမ္ဘာပျက်ကပ်ဖြစ်ပွားမှုကြောင့်စွန့်ပစ်ခံခဲ့ရသည်။

ပုပ်သိုးနေသောဟင်းသီးဟင်းရွတ်များနှင့် သစ်သီးဝလံများကလွဲ၍အကုန်လုံးကိုဟဲဇီကျုံးက     နေရာလွတ်ထဲသို့ထည့်လိုက်သည်။ဟင်းသီးဟင်းရွတ်များနှင့်သစ်သီးဝလံများအပြင်စပါးနှင့်ဆီဆိုင် လည်းရှိသေးသည်။

ဟင်းသီးဟင်းရွတ်လက်ကားစျေးတွင်ဇွန်ဘီများစွာမရှိသော်လည်းအနည်းငယ်တော့ရှိသေးသည်။သူတို့အကုန်လုံးကိုသတ်ပြီးနောက်သူတို့နှစ်ဦးသည်၎င်းတို့ကိုရေတွက်ပြီးစုစုပေါင်းအဏုမြူကျောက်တုံးဆယ့်တစ်တုံးရရှိခဲ့သည်။

ဟဲဇီကျုံးကငါးခုကိုနေရာလွတ်ထဲသို့ထည့်လိုက်ပြီးကျန်တာကိုဖန်ဟောင်လွယ်ထားတဲ့အိတ်ထဲသို့ ထည့်လိုက်သည်။

 "စီနီယာညကျရင်ကျွန်တော်လည်းနေရာလွတ်ထဲကိုဝင်မှာလေ…..?!"ဖန်ဟောင်သည်နောက်ပြောင် သော မျက်နှာအမူရာဖြင့်မျက်လုံးမှိတ်ပြလိုက်သည်။            ခါတိုင်းစီနီယာကပြီးပြည့်စုံပေမယ့်တစ်ခါတစ်လေအမှားလုပ်မိတဲ့စီနီယာကအရမ်းချစ်ဖို့ကောင်းတာဘဲ!!^_^!!!

…..!?သူဒါကိုစဉ်းစားဖို့မေ့သွားသည်။ထို့အပြင်သူသည်ဤအရာများကိုအပြင်တွင်ထားတာနဲ့ပတ်သက်        ပြီးတကယ်ကိုစိတ်ပူနေသည်။

သတ်ပြင်းတစ်ချက်ချကာအိတ်ထဲမှနှစ်ခုကို ထုတ်ကာကျန်တာတွေအားလုံးကိုနေရာလွတ်ထဲသို့ထည့်လိုက်သည်။"ဒီနှစ်ခုကိုချန်ထားပြီးဘယ်လိုအသုံးပြုလို့ရမလဲဆိုတာကိုရှာရအောင်" 

လက်ထဲမှာအဏုမြူကျောက်တုံးကိုကိုင်ထားရင်း ဟဲဇီကျုံးသည်သူ၏အတွေးများ၊စိတ်ခံစားမှုများ     အခြားအရာများဖြင့်လှည့်ကြည့်လိုက်သည်။ဒါပေမယ့်အဏုမြူကျောက်တုံးကအဏုမြူကျောက်တုံးတိုင်းဘဲရှိနေပြီးသူကလည်းနဂုတိုင်းဘဲဖြစ်နေကာဘာမှမပြောင်းလဲသွားပေ။

"စားကြည့်လိုက်ရင်ကော၊စွမ်းအင်ရနိုင်မလား"ဖန် ဟောင်သည်သူလက်ထဲကတစ်ခုကိုနေအလင်းရောင်ထဲမြှောက်ကြည့်လိုက်သည်။စွမ်းအင်နိုးထသူတွေရဲ့စွမ်းအင်ကဘယ်ကလာလဲဆိုတာကိုသူသိချင်နေခဲ့သည်။

"မစားနဲ့၊စားလိုက်လို့ချင်ရင်ဇွန်ဘီဖြစ်သွားပြီ၊အရာအားလုံးဆုံးရှုံးသွားလိမ့်မယ်"ဟဲဇီကျုံးကသူကိုအမြန်တားလိုက်သည်။ဒီအရာကိုစားလိုက်လို့ချင်ရင် သူရဲ့စွမ်းအင်ကိုမြှင့်တင်နိုင်တာလဲဖြစ်နိုင်တယ်………

"အဏုမြူကျောက်တုံးကိုစားလိုက်ရင်ဇွန်ဘီဖြစ်နိုင်တယ်လို့"ပြောသောသူသည်ဤလျိုဝှတ်ချက်ကိုသီးသန့်ခံစားနိုင်ဖို့ပြောခဲ့တာလည်းဖြစ်နိုင်သည်။ဒါပေမယ့်သူ့ဖန်ဟောင်ကိုစွန့်စားခွင့်မပြုရဲပေ။ သူနောက်ဆုံးရထားတဲ့ဒုတိယဘဝကိုအဆုံးရှုံးမခံ နိုင်ဘူး။

ဖန်ဟောင်ကပြုံးလိုက်ပြီးအဏုမြူကိုဘေးဖယ်လိုက်ကာ"အာကျွန်တော်မစားတော့ပါဘူး"ဒီအရာကဇွန်ဘီဦးနှောက်ထဲကနေရရှိတာဖြစ်သည်။သူမစားချင်ပေ။မဟုတ်ရင်သူစီနီယာကိုနမ်းချင်တဲ့အခါတိုင်း နောင်တရနေလိမ့်မည်။

သူသတ်ပြင်းချလိုက်သည်။ဟဲဇီကျုံးသည်ယခုဘဝတွင်အဏုမြူကျောက်တုံးရဲ့လျိုဝှတ်ချက်ကို မရှာဖွေနိုင်ကြောင်းကိုဝန်ခံရမည်။အခြေစိုက်စခန်းကိုရောက်တဲ့အထိစောင့်ရုံကလွဲပြီးမရှိတော့ဘူး။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment