သူတို့ရဲ့ကံကအရမ်းကောင်းနေပုံရသည်။မနက်ခင်းအစောပိုင်းတွင်ဇွန်ဘီဗိုင်းရပ်စ်ကပျံ့နှံ့သွားသော ကြောင့်ကုန်ပစ္စည်းပို့တဲ့ကားများသည်လမ်းပေါ်မှာသာရှိနေသေးသည်။အဲ့တာကြောင့်မို့လမ်းပေါ်တွင် ကုန်ပစ္စည်းများပါတဲ့ကားများပြန့်ကျဲနေခဲ့သည်။ သူတို့နှစ်ယောက်သည်ဓာက်ဆီဆိုင်မရောက်ခင် လမ်းဆုံတွင်လောင်စာဆီအပြည့်တင်ထားသည့် ကားတစ်စီးကိုကောက်ယူနိုင်သည်အထိ ကံကောင်းခဲ့သည်။
လောင်စာဆီထရပ်ကားကိုစုဆောင်းပြီးနောက်ဟဲဇီကျုံးသည်သတ်ပြင်းချလိုက်သည်။ဓာက်ဆီ၏အထူးသဘာဝကြောင့်ကြီးမားသောအဖွဲ့စည်းများစွာသည်ဓာက်ဆီဆိုင်များကိုတက်နိုင်သမျှလျှင်မြန်စွာသိမ်းပိုက်ရန်ဦးစားပေးလုပ်ဆောင်ခဲ့ကြသည်။
ဥပမာ-ဓာက်ဆီဆိုင်ကိုအပြေးသွားပြီးဓာက်ဆီ ကုန်သွား တာကိုတွေ့ရရင်သူတို့ကံမကောင်းဘူး။ ဓာက်ဆီဆိုင်တွင်အခွင့်ရေးယူတက်သူများနှင့်တွေ့လျှင်သူတို့ပိုပြီးတော့တောင်ကံဆိုးတာဖြစ်သည်။ဒီလိုအခြေနေကိုမဖြေရှင်းနိုင်ရင်ဆီလည်းမရှာနိုင်ဘဲသူတို့အသက်ကိုစွန့်လိုက်ရနိုင်သည်။
ဖန်ဟောင်နှင့်ဟဲဇီကျုံးသည်ဓာက်ဆီဆိုင်သို့အမြန်သွားသောအခါတွင်ဆီဖြည့်နေသောကားနှစ်စီးရှိနေ ပြီဖြစ်သည်။အဖွဲ့နှစ်ဖွဲ့ကလူများသည်ဟဲဇီကျုံးတို့ကားကိုတွေ့သောအခါသတိဝရိယဖြင့်စောင့်ကြည့် နေကြပြီးချည်းကပ်မလာခဲ့ပေ။
ဓာက်ဆီဆိုင်နားတွင်ဇွန်ဘီနှစ်ကောင်ကလှဲလျောင်းနေကြသည်။ခုနကအုပ်စုကလူတွေကဒီဇွန်ဘီနှစ် ကောင်ကိုသတ်လိုက်တာလားဒါမှမဟုတ်ဒီအုပ်စု ရှေ့ကဒီကိုရောက်လာတဲ့လူတွေကဘဲသတ်လိုက် တာလားဆိုတာကိုသူတို့နှစ်ယောက်မသိပေ။
ဓာက်ဆီဆိုင်ထဲတွင်ဇွန်ဘီဖြစ်သွားကြတဲ့ ဝန်ထမ်းများကပိတ်မိနေပြီးတံခါးကိုသူတို့ခန္ဓာကိုယ်ဖြင့်ဝင်တိုက်နေကြသည်။အနီးနားက၂၄နာရီစတိုးတွင်လည်းပြတင်းပေါက်များနှင့်တံခါးများ၏မှန်များသည်အစိတ်စိတ်မြွှာမြွှာကွဲနေပြီးအတွင်းတွင် လူလားမသိဇွန်ဘီလားမသိမသဲကွဲသည့်ပုံရိပ်များ လှုပ်ရှားနေကြသည်။
ဓာက်ဆီဖြည့်ပြီးသွားပြီးနောက်အရှေ့ကကားသည် မောင်းထွက်သွားပြီးနောက်ကကားသည်လည်း ၂၄နာရီစတိုးဆိုင်သို့မောင်းထွက်သွားသည်။
ဟဲဇီကျုံးကကားပေါ်ကဆင်းပြီးဆီကိုဖြည့်နေစဉ်တွင်ဖန်ဟောင်ကလက်နက်ဖြင့်ရပ်စောင့်နေခဲ့သည်။ SUVကားကိုအရင်တည်းကဆီအပြည့်ဖြည့်ထား သောကြောင့်လျှင်မြန်စွာပြည့်သွားသည်။
ဟဲဇီကျုံးဒီနေ့ဒီကိုလာရခြင်း၏ရည်ရွယ်ချက်သည်ဆီဖြည့်ဖို့မဟုတ်ပေ။နှစ်ယောက်သားဆီဖြည့်ပြီး နောက်တွင်ဓာက်ဆီဆိုင်၏အခန်းငယ်လေးရှိသို့မောင်းသွားခဲ့သည်။အခန်း၏တံခါးကတစ်ဝက်ပွင့်နေပြီးအထဲတွင်ရှိရမည့်လူသို့မဟုတ်ဇွန်ဘီများမရှိပေ။
ဟဲဇီကျုံးကဦးဆောင်ပြီးတော့အထဲကိုဂရုတစိုက်ဝင်သွားလိုက်သည်။အထဲမှာဘယ်သူမှမရှိနေဘဲအခန်း၏ထောင့်တွင်သာဓာက်ဆီစည်ပိုင်းများရှိနေသည်။
ဓာက်ဆီစည်ပိုင်းများကိုနေရာလွတ်ထဲထည့်ပြီးနောက်ဟဲဇီကျုံးသည်ဓာက်ဆီဆိုင်ကိုနှမြောတသဖြစ်စွာဖြင့်ကြည့်ခဲ့သည်။ဓာက်ဆီဆိုင်ရဲ့ဆီတိုင်ကီတွေကို မြေကြီးမှာထဲမှာမြှုပ်ထားလို့မဟုတ်ရင်အဲ့တာတွေကိုသူတူးထုပ်ပြီးတော့နေရာလွတ်ထဲကိုသာထည့် ထားလိုက်ချင်သည်။ဓာက်ဆီသည်သုံးရင်သုံးသ လောက်ကုန်သွားသောကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက်ကားပေါ်ပြန်တက်ပြီး၂၄နာရီစတိုးဆိုင်ကိုဖြတ်မောင်းလာချိန်မှာတော့စတိုးဆိုင်ထဲမှာလူနှစ်ယောက်ပြေးထွက်လာပြီး"….အားမြေကြီး ပေါ်ကိုဘာကြီးလဲမသိဘူးပြုတ်ကျလာတယ်၊သူတို့အကုန်လုံးသေကုန်ကြပြီ…အား!အား!"လို့အော်ဟစ်ညည်းညူနေတာကိုတွေ့လိုက်ရသည်။
နှောင့်နှေးခြင်းမရှိဘဲနှစ်ယောက်သားအရှိုန်မြှင့်ကာအရှေ့ကိုဆက်လက်ပြီးမောင်းထွက်လာခဲ့သည်။ ကျောက်မီးသွေးစက်ရုံသွားတဲ့လမ်းသည် အမြန်လမ်းကိုဦးတည်သောလမ်းဖြစ်သောသော ကြောင့်ကားများပိုများလာသည်။ခုချိန်မှာတော့ လူများသည်လွတ်မြောက်ရန်ဆုံးဖြတ်ပြီးအမြန်ဆုံးသွားနေကြသည်။အဘယ်ကြောင့်ဆိုသော်ကားများ၏အသံသည်အစကအမှောင်ထဲမှာပုန်းခိုနေတဲ့ဇွန်ဘီများကိုဆွဲဆောင်နေသောကြောင့်ဖြစ်သည်။
ကားအများစုသည်အဝေးပြေးလမ်းမကြီးကို ဦးတည်ပြီးသွားနေကြသည်။ဟဲဇီကျုံးကသာ လမ်းတစ်ဝက်တွင်လှည့်၍ကျောက်မီးသွေးစက်ရုံကိုဦးတည်သွားခဲ့သည်။
ဒီနေရာသည်အခြားသောနေရာများနှင့်ကွာခြားမှုမရှိ ပေ။အစားအစာလည်းမရှိပေ။ပြီးတော့ကျောက်မီးသွေးများသည်ဓာက်ဆီအတွက်အစားထိုးအသုံးမပြုနိုင်သောကြောင့်ကျောက်မီးသွေးများစုဆောင်းရန်အလွန်လွယ်ကူသည်။
{T/Nအစားအစာမရှိတဲ့အတွက်လူမလာပါဘူး၊လူမလာလို့သူတို့လိုချင်တာကိုနေရာလွတ်ထဲလွယ်လွယ်ကူကူပစ်ထည့်လို့ရတာကိုပြောချင်တာပါ}
ဖန်ဟောင်သည်ဟဲဇီကျုံးအတွက်နေ့စဉ်စွတ်ပြုတ် ပြုတ်တိုက်ရင်တောင်မှကျောက်မီးသွေးအတွက်ပူရန်မလိုတော့ပေ။သူတို့နှစ်ယောက်လုံး တစ်ဘဝလုံးသုံးဖို့လုံလောက်သည်။ပြီးတော့ သူတို့မှာနေရောင်ခြည်စွမ်းအင်သုံးစနစ်လည်းရှိသေးသည်။
"ဒါပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားကြမလဲ" ဖန်ဟောင်ကဒီလိုမျိုးစိတ်လွတ်ကိုယ်လွတ်စျေးဝယ်ရခြင်းမျိုးကိုအရမ်းစိတ်လှုပ်ရှားနေပြီးသူကားပေါ်ကိုတက်ပြီးမှမေးရန်အထိမစောင့်နိုင်တော့ပေ။
"စူပါမားကတ်ကိုအရင်သွားကြတာပေါ့ပြီးမှအနီးနားကလူနေရပ်ကွတ်တစ်ခုမှာအိပ်ဖို့နေရာရှာကြမယ်၊ မနက်ဖြန်ကျရင်တော့ဂတ်စ်ကုမ္ပဏီကိုသွားမယ် ပြီးရင်အဲ့လမ်းတစ်လျှောက်ကအနီးနားမှာရှိတဲ့နောက်ထပ်စူပါးမားကတ်ကိုသွားပြီးအခြေနေကိုသွားစစ်ဆေးကြည့်မယ်၊နောက်ဆုံးသွားမယ့်နေရာကတော့အဝတ်အစားလက်ကားဖြန့်တဲ့စျေးဘဲ"အလကားရမယ့်ဟာဘဲဘာလို့မယူရမှာလဲ။
"မိုက်တယ်"
ကားသည်Fမြို့၏အစွန်အဖျားနားမှာရှိတဲ့စူပါမားကတ်ကိုဦးတည်ထွက်ခွာလာပြန်သည်။စူပါးမားကတ်၏အဓိကစားသုံးသူများဖြစ်သည့်အနီးနားရှိနေထိုင်သူများနှင့်ကျေးလတ်ဒေသရှိနေထိုင်သူများသည် စူပါမားကတ်နှင့်အနည်းငယ်ဝေးသည်။
အဲ့တာကြောင့်သူတို့ဒီနေရာကိုရောက်သောအခါ ပစ္စည်းများကိုများများစားစားမယူသွားရသေးကြောင်းကိုတွေ့ရှိလိုက်ရသည်။သူ့တို့ရှေ့တွင်လူအမြောက်များမလာခဲ့သည်မှာထင်ရှားသည်။
"စောင့်ကြည့်ခန်းကိုအရင်သွားကြရအောင်" ဟဲဇီကျုံးကတံခါးကိုသော့ခတ်ပြီးဖန်ဟောင်ကိုတိုးတိုးလေးပြောလိုက်သည်။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးစတီးပိုက်ကိုမြှောက်ကာပုပ်နံ့နံနေတဲ့ဇွန်ဘီတစ်ကောင်ကိုရိုက်ချ လိုက်သည်။
စူပါမားကတ်ရဲ့အရှေ့မှာကားအချို့ရပ်ထားပေမယ့်အဲ့ဒီကားများသည်ပိုင်ရှင်ရှိလားသို့မဟုတ်ပိုင်ရှင် မရှိတော့ဘူးလားဆိုတာကိုသူတို့မသိနိုင်ပေ။
စူပါမားကတ်မှာအထပ်နှစ်ထပ်ရှိသည်။သူတို့ ဝင်သွားတဲ့ပထမထပ်တွင်ရတနာဆိုင်ခန်းရှိသည်။ ဖန်တွေကကွဲနေပြီးအထဲမှာရှိရမည့်ရတနာများကပျောက်ဆုံးနေသည်။
ဒီလိုစူပါမားကတ်မျိုးမှာရှိတဲ့ရတနာဆိုင်များသည်အများအားဖြင့်အရမ်းစျေးကြီးတဲ့ရတနာများကို မရောင်းချပေ။အများစုသည်ငွေလက်ဝတ်ရတနာ များဖြစ်ပြီးရွှေနှင့်ပလက်တီနမ်သည်အနည်းငယ်သာဖြစ်သည်။
ဖန်ဟောင်သည်ကောင်တာကိုဖြတ်သွားသောအခါ ခဏရပ်လိုက်သည်။ဟဲဇီကျုံးသည်သူ့ငေးကြည့်နေတာကိုကြည့်လိုက်သည်။ကောင်တာ၏ထောင့်တွင်အလောင်းတစ်လောင်းရှိနေသည်။အဲ့တာက လူအလောင်းဖြစ်ပြီးဇွန်ဘီအလောင်းမဟုတ်ပေ။
"သွားမယ်လေ"ပိုက်ဆံအတွက်လောဘကြောင့်လည်းဖြစ်နိုင်သလိုသို့မဟုတ်လက်စားချေရန်အတွက်အခွင့်ရေးယူပြီးလုပ်ဆောင်တာလည်းဖြစ်နိုင်သည်။အနာဂတ်တွင်ဤအဖြစ်ပျက်မျိုးသည်ဇွန်ဘီများလူသားစားခြင်းထက်ပို၍ဖြစ်လာလိမ့်မည်။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးတိတ်ဆိတ်စွာဖြင့်သူ့နောက်သို့လိုက်သွားသည်။
နှစ်ယောက်သားစောင့်ကြည့်ခန်းဆီသို့လျှောက်သွားကြသည်။စောင့်ကြည့်ခန်း၏အပြင်ဘတ်တွင်ဇွန်ဘီအနည်းငယ်ကလှည့်လည်သွားလာနေကြသည်။သူ့တို့ရဲ့စတီးပိုက်ကိုအသုံးပြုပြီးတော့ဇွန်ဘီတွေကို ချေမှုန်းပစ်သည်။
စောင့်ကြည့်ခန်းထဲတွင်ဘယ်သူမှမရှိဘဲသူတို့လွတ်မြောက်သွားတာလားဒါမှမဟုတ်အပြင်မှာရှိနေတဲ့ ဇွန်ဘီတွေရဲ့အပေါင်းအဖော်တွေဖြစ်သွားကြတာ လားဆိုတာမသိနိုင်ပေ။
ဖန်ဟောင်ကအဏုမြူကျောက်တုံးအတွက်ဇွန်ဘီ၏ဦးနှောက်ကိုစစ်ဆေးနေစဉ်တွင်ဟဲဇီကျုံးကအထဲကိုသွားပြီးစောင့်ကြည့်ရေးကရိယာအားလုံးကိုပိတ်လိုက်ကာharddiskကိုစောင်ကြည့်ရေးကရိယာမှဖြုတ်ချလိုက် သည်။
အခန်းထဲမှထွက်လာပြီးနောက်ဖန်ဟောင်သည်ဇွန်ဘီရဲ့ခေါင်းကိုစစ်ဆေးပြီးနောက်ဇွန်ဘီဘေးတွင် ဆောင့်ကြောင့်ထိုင်နေကာဇွန်ဘီကိုပြောင်းပြန်လှန်ဖို့ကြိုးစားနေသည်။
"ဘာဖြစ်လို့လဲ"
"အိုး…စီနီယာကြည့်ကြည့်ဦးအံ့ဩစရာကြီးဒီဇွန်ဘီကကျောပိုးအိတ်ကိုလွယ်ထားတယ်ပြီးတော့အရမ်းလေးတယ်"ဖန်ဟောင်ကပြန်ပြောလိုက်ပြီးကျောပိုးအိတ်ကိုဆွဲထုတ်လိုက်တော့ရွှေနှင့်ရတနာများထွက် ကြလာသည်။
အခုမှသူတို့နှစ်ယောက်ရတနာတွေဘယ်ကို ပျောက်သွားမှန်းသိသွားသည်။
"နေရာလွတ်ထဲကိုထည့်လိုက်ကြရအောင်လေ၊အနာဂတ်မှာအသုံးဝင်ရင်ဝင်မှာ"ဖန်ဟောင်သည်ပျော်ရွှင်စွာဖြင့်ကျောပိုးအိတ်ကိုဓားပြ၏နောက်ကျောမှ ဆွဲထုတ်လိုက်သည်။ဇွန်ဘီများကိုသတ်ခြင်းနှင့်ဇွန်ဘီများကျကျန်ခဲ့တာပစ္စည်းများကိုစုဆောင်းခြင်းမှရရှိသည့်စိတ်လှုပ်ရှားမှုသည်လူများကိုမရပ်တန့်နိုင်ခဲ့ပေ!!
ဟဲဇီကျုံးကကူကဲ့ရာမဲ့စွာဖြင့်ပြုံးလိုက်ပြီး ကျောပိုးအိတ်ကိုနေရာလွတ်ထဲသို့ထည့်လိုက်သည်။အနာဂတ်တွင်ရွှေငွေ၏တန်ဖိုးများသည်များစွာကျဆင်းသွားမည်မဟုတ်ကြောင်းကိုသူသိသည်။ အစပိုင်းတွင်တန်ဖိုးကျဆင်းသွားသော်လည်းနောက်ပိုင်းတွင်သိပ္ပံအကယ်ဒမီမှဇွန်ဘီများကို တိုက်ဖျက်နိုင်သောရွှေနှင့်ငွေဒြပ်စင်များပါရှိသော လက်နက်အချို့ကိုတီထွင်ခဲ့သဖြင့်ရွှေနှင့်ငွေသည်ကနဦးကျဆင်းမှုအပြီးတွင်ပြန်လည်တန်ဖိုးတက် လာသည်။
အဲ့ဒီလက်နက်များကိုသူ့မျက်လုံးနှင့်မမြင်ဖူးခဲ့ပေ။အဲ့ဒီလက်နက်များသည်စစ်သားများ၊စစ်ပြန်များနှင့် စွမ်းရည်မရှိသော်လည်းကိုယ်ခံပညာကျွမ်းကျင်မှုရှိသူများအတွက်သာဖြစ်သည်။သူလိုမျိုးသာမာန်လူသည်ထိုလက်နက်များကိုအသုံးပြုရန်အတွက်အရည်အချင်းမပြည့်မီပေ။
အနာဂတ်တွင်တဖြည်းဖြည်းရေပန်းစားလာမည်မှာသေချာသည်။
ကျောပိုးအိတ်ကိုနေရာလွတ်ထဲတွင်ထည့်ပြီးနောက်နှစ်ယောက်သားစူပါမားကတ်အဝင်အဝကိုပြန်သွားလိုက်သည်။ခုချိန်မှာစူပါမားကတ်ထဲတွင် လူအများကြီးမရှိပေ။ဖန်ဟောင်နှင့်ဟဲဇီကျုံးအပြင်အုပ်စုနှစ်စုသာရှိသည်။
စူပါမားကတ်၏အသင်းစားခေါက်ဆွဲခြောက်ထုပ်ဘတ်တွင်ဗလာလိုဖြစ်နေပြီးဆန်ခေါက်ဆွဲအနည်းငယ်နှင့်အခြားအရာအနည်းငယ်သာကျန်တော့သည်။ ကမ္ဘာပျက်ကပ်စတင်ချိန်ဖြစ်သောကြောင့် စူပါမားကတ်၏လက်ဆတ်တဲ့ဟင်းသီးဟင်းရွတ် ဘတ်ခြမ်းတွင်လည်းဘာမှမရှိပေ။
နှစ်ယောက်သားလျှောက်သွားပြီးတော့ပစ္စည်းများစုဆောင်းခဲသည်။နေ့စဉ်သုံးပစ္စည်းများအေးခဲထား သောပစ္စည်းများနှင့်အခြားသူများဂရုမစိုက်သည့်အရာများကိုသူတို့နှစ်ဦးကတိတ်တဆိတ်သိမ်းဆည်းခဲ့သည်။ပထမထပ်ရှိdeliပစ္စည်းများနှင့်အေးခဲထား သောအသားများကိုသူတို့ကလက်ကျန်ရှင်းလိုက်သည်။
ဒုတိယထပ်ကိုတက်လိုက်ပြီးလျှပ်စစ်ပစ္စည်းများ လူနေမှုဘဝသုံးပစ္စည်းများနှင့်နေ့စဉ်သုံးပစ္စည်းများကိုလည်းလက်လွတ်မခံဘဲယူခဲ့သည်။
ပထမထပ်ကိုဘဲလူအများစုကအစားသောက်တွက်လာကြတာဆိုတော့……
"ဟေးဒုတိယထပ်ကစင်တွေအများကြီးဘယ်ကို ပျောက်ကုန်တာလဲ"
"စင်၊အဲ့မှာဘာတွေတင်ထားလို့လဲ"
"အဲ့ဒီစင်တွေက…ပန်းအိုးတို့ဒယ်အိုးတို့ထားထားတဲ့စင်တွေထင်တယ်"
နောက်မှရောက်လာသူအချို့သည်တစ်စုံတစ်ယောက်ကနေရာလွတ်စွမ်းရည်ရှိနေသည်ဟုမှန်းဆထား သော်လည်းသူတို့သည်နေရာလွတ်စွမ်းရည်ရှိသူတစ် ယောက်ကစင်တွေကိုစုဆောင်းလိမ့်မယ်လို့ မထင်ထားပေ။
ပထမထပ်တွင်ဘယ်သူမဆိုလိုချင်တဲ့အစားအစာအများကြီးရှိသေးသည်။ဒီစင်တွေကိုယူပြီးတော့ဘယ် နေရာမှာသုံးမလို့လဲ။
ဘာပစ္စည်းမှမသယ်ဆောင်လာသောလူနှစ်ယောက်သည်စူပါမားကတ်မှမထွက်ခွာခင်ဖိနပ်စတိုးဆိုင် ဘေးတွင်ချောကလတ်၊အမဲသားအသင့်စားခေါက်ဆွဲခြောက်ထုပ်များပါသည့်အိတ်တစ်အိတ်ကိုတွေ့ရှိခဲ့သည်။သူတို့နှစ်ယောက်နေရာလွတ်ထဲသို့ထည့်ချင် သော်လည်းအစားစာများစုဆောင်းပြီးထွက်ခွာရန် ပြင်ဆင်နေတဲ့လူတစ်စုရောက်လာကြသည်။
ဟဲဇီကျုံးသည်သူလက်ထဲကအိတ်ကိုကြည့်ရင်း နေရာလွတ်ထဲသို့ခိုးထည့်လိုက်သည်။အိတ်ကြီးအိတ်ငယ်နှင့်ပစ္စည်းတွေကိုသယ်ထားသည့်လူများသည်ယောက်ျားကြီးများနှင့်အမျိုးသမီးတွေ မဟုတ်လား။သူတို့ကကျောပိုးအိတ်တွေနဲ့ဘဲသယ် ဆောင်တာဖြစ်ပြီးအနည်းငယ်ပေါ်လွင်နေသည်။
ဒီလူအုပ်နဲ့ရောနှောပြီးစူပါမားကတ်မှအမြန်ထွက်လိုက်ကာကားပေါ်သို့တက်လိုက်သည်။နှစ်ယောက်သသားအတိုချုံဆွေးနွေးလိုက်ကြပြီးအခြေနေတွေကို ကြည့်ရှုရန်အနီးနားရှိဟိုတယ်လ်ကိုသွားရန်ဆုံးဖြတ်ခဲ့သည်။
အပြင်ဘတ်မှကောင်းကင်သည်မှောင်နေပြီးလေထဲတွင်မြူခိုးမြူမှုန့်တွေလွင့်နေသည်။
ဟိုတယ်လ်ရဲ့အခြေနေကတော်တော်ဆိုးသည်။ဟိုတယ်လ်ကအခကြေးငွေသက်သာတာကြောင့်စီးပွားရေးခရီးသွားများကြားတွင်အလွန်ရေပန်းစားခဲ့သည်။ဟိုတယ်လ်သို့မရောက်ခင်ပင်အထဲရှိဇွန်ဘီများ၏ဟိန်းဟောက်သံကိုကြားနိုင်သည်။
"အခြေနေတွေကိုစစ်ဆေးဖို့စာအုပ်စတိုးကိုဘဲသွား ကြမလား"ဖန်ဟောင်ကမှန်ပြောင်းကိုယူပြီးသိပ်မ ဝေးတဲ့နေရာကစာအုပ်စတိုးကိုညွှန်ပြလိုက်သည်။
အဲ့တာကဘဲတစ်ခုတည်းသောရွှေးချယ်စရာဖြစ်နေ ပြီးဟဲဇီကျုံးကလမ်းတစ်လျှောက်ရှိဇွန်ဘီများကို
တိုက်ကာအရှေ့သို့မောင်းသွားလိုက်သည်။
နှစ်ယောက်သားစာအုပ်ဆိုင်ရဲ့တံခါးထိမောင်းသွားခဲ့ပြီးသိသာထင်ရှားခြင်းမရှိတဲ့လမ်းကြိုလမ်းကြား လေးတွင်ကားကိုရပ်လိုက်သည်။ဇွန်ဘီသုံးကောင်ကိုချေမှုန်းပြီးနောက်နှစ်ယောက်သားစာအုပ်ဆိုင်ကိုဝင်လိုက်တော့ကံကောင်းစွာဖြင့်အထဲမှာဇွန်ဘီများမရှိပေ။သေချာတာပေါ့သူတို့ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းညသန်းခေါင်မှာကမ္ဘာပျက်ကပ်ကစတင် သောကြောင့်စာအုပ်ဆိုင်တွင်တံခါးစောင့်ကလွဲလို့ ဘယ်သူမှမရှိပေ။
မနက်ခင်းအစောပိုင်းမှာတံခါးလာဖွင့်သည့်လုံခြုံရေးအစောင့်သည်တံခါးနားမှာရှိတဲ့လှည့်လည်သွားလာနေတဲ့ဇွန်ဘီတွေဆီကနေတိုက်ခိုက်ခံခဲ့ရပုံပေါ်ပြီးသူလည်းဒီမှာမရှိပေ။
နှစ်ယောက်သားတံခါးကိုသော့ခတ်ပြီးနောက်အပေါ်ထပ်သို့လျှောက်သွားသည်။ပထမဆုံးတတိယထပ်သို့မတက်ခင်စောင့်ကြည့်ရေးhard diskကိုဖယ်ရန် စောင့်ကြည့်ခန်းထဲသို့သွားလိုက်သည်။စာအုပ်များသိမ်းဆည်းရန်အတွက်ဂိုဒေါင်အသေးစားတစ်ခုကိုတွေ့ပြီးထိုနေရာကတံခါးကိုသော့ခတ်လိုက်သည်။ဟဲဇီကျုံးကဖန်ဟောင်ကိုကိုင်လိုက်ပြီးမျက်စိတမှိတ်အတွင်းမှာသူတို့နေရာလွတ်ထဲသို့ရောက်သွားသည်။
နေ့တစ်ဝက်ခုနှစ်နာရီသို့မဟုတ်ခြောက်နာရီလောက်သာဖြတ်သန်းလိုက်ရပေမယ့်ရက်ပေါင်းများစွာ ဖြတ်သန်းရသလိုခံစားလိုက်ရသည်။နွေးထွေး၍သက်တောင့်သက်သာရှိသောနေရာလွတ်ထဲကိုပြန်ရောက်ခြင်းသည်ထူခြားသောစိတ်အေးချမ်းမှုကိုခံစားလိုက်ရသည်။
သူတို့နေရာလွတ်ထဲကိုပြန်ဝင်လာချိန်တွင်သူတို့ အိတ်ကပ်ထဲမှာရှိတဲ့အဏုမြူကျောက်တုံးများသည်အလင်းတန်းအဖြစ်သို့ချက်ချင်းပြောင်းလဲသွားပြီး နေရာလွတ်ထဲသို့ပျံ့နှံ့သွားကာတစ်ချို့တစ်ဝက်သည်ဝါးအိမ်နောက်မှာရှိတဲ့ရေတွင်းဆီသို့ဦးတည်သွားသည်။
နှစ်ယောက်သားမျက်တောင်တစ်ခတ်တခဏမှထိုအခြေနေရဲ့အံ့ဩမှုကနေသတိပြန်လည်လာသည်။ထို့နောက်အဝတ်စားများလှဲရန်သွားကာခြေ၊လက်၊ မျက်နှာကိုဆေးကာပိုးသတ်လိုက်ကြသည်။