no

Font
Theme

မရေတွက်နိုင်အောင်များပြားသောအကိုင်းအခက် နွယ်ပင်များဖြာထွက်နေသည့်အိမ်အနည်းငယ်ကို စိုက်ကြည့်ရင်းဖန်ဟောင်ကသွမ့်ဇီခေါင်းကိုပုတ်ကာ"အဲ့ဒီအပင်တွေဆီကနေ အဏုမြူကျောက်တုံး သွားယူ၊သူတို့ဆီကအဖမ်းမခံရအောင်ဂရုစိုက်၊ ငါမင်းကိုအထဲဝင်တော့လို့ပြောရင်ချက်ချင်းအထဲကို ဝင်နော် ၊မဝင်ရင် ငါနောက်ထပ်မင်းကိုမဖက်ထား တော့ဘူး!!"

ဖောက်ထွင်းမြင်ရအောင်ပြောင်းလိုက်ပြီးနောက် သွမ့်ဇီက ပျော်ရွှင်စွာဖြင့် အဆမတန်ကြီးထွားတဲ့ အပင်တွေရှိနေသည့်အဆောက်အအုံဆီသို့ပြေးသွားလိုက်သည်။သန္ဓေပြောင်းအပင်များသည်သွမ့်ဇီ ရောက်နေတာကိုမသိဘဲဇွန်ဘီများကိုဆက်ဖမ်းနေ ပြီးSamsara အသင်းရဲ့ကားများကိုရစ်ပတ်ချည် နှောင်နေသည်။

အပြင်ကအခြေနေကိုရှင်းရှင်းလင်းလင်းသိပြီးနောက်နွယ်ပင်ရဲ့ထူတဲ့အပိုင်းပေါ်နင်းလိုက်ပြီးသူ့နောက်ကိုလိုက်နေသည့် နွယ်ပင်အသေးလေးတွေကိုရှောင် ကာအပင်များခိုင်မာစွာ အမြစ်တွယ်နေသည့် အထူဆုံးအစိတ်အပိုင်းဆီသို့ပြေးသွားလိုက်သည်။သူ့ရဲ့လှုပ်ရှားမှုကခန္ဓာကိုယ်မှာအတောင်ပံ့တက်ထားသလိုအရမ်းပေါ့ပါးနေသည်!!

ကားတွေကိုရစ်ပတ်ထားသည့်နွယ်ပင်အနည်းငယ်ကိုဟဲဇီကျုံးကဖြတ်လိုက်ပြီးနောက်သန္ဓေပြောင်း အပင်အာရုံသည်ကားတွေဆီကနေဆုတ်ခွာသွားပြီး ဟဲဇီကျုံးဆီသို့ရောက်လာသည်။

"ကားပြန်မောင်းလို့ရပြီ!!"အန္တရာယ်ကနေလွတ်လာသော ကောပင်းသည်ကားမှန်ပြတင်းပေါက်ကိုဖွင့် ပြီးဟဲဇီကျုံးကိုအော်ပြောလိုက်သည်။ထိုအကိုင်းအခတ်များနဲ့နွယ်ပင်အားလုံးသည်ဟဲဇီကျုံးဆီသို့ ဝန်းရံနေကြပြီး အရမ်းအန္တရာယ်များလွန်းသည်။

"ပြန်ဆုတ်!!!"ဟဲဇီကျုံးသည်သွမ့်ဇီနဲ့ဖန်ဟောင်၏ လှုပ်ရှားမှုကိုမြင်ပြီးသွားပြီဖြစ်သည်။အခုအဝေးက နွယ်ပင်များသည်သူ့ကိုပစ်မှတ်ထားနေပြီး အနီးကနွယ်ပင်များသည်သွမ့်ဇီကိုပစ်မှတ်ထားနေသည်။ဆန်ကျင့်ဘက်အနေနဲ့ဖန်ဟောင်ကိုပစ်မှတ်မထားကြပေ။

ဖန်ဟောင်ကကြောင်တစ်ကောင်လိုလျင်မြန်စွာဖြင့် ရှုပ်ထွေးရစ်ပတ်နေသောနွယ်ပင်များဆီသို့ခုန်ကူးနေသည်။ခဏအကြာတော့ခေါင်မိုးပေါ်သို့ရောက်သွားသည်။အထဲတွင်စုနေပြီးအခန်းတစ်ခုလုံးနွယ်ပင်များဖြင့် ပြည့်နှတ်နေသည်။ဘယ်လောက်အများကြီး တွန့်လိမ်နေသလဲဆိုတာပြောဖို့ခက်ခဲသည်!!

သူ့လက်ထဲတွင်ပေါက်ကွဲစေတက်သောပစ္စည်းများထွက်ပေါ်လာသည်။အက်ကွဲနေသောခေါင်မိုး အပေါက်များမှ ဖောက်ခွဲရေးပစ္စည်းလေးငါးခြောက် ခုကိုပစ်ချလိုက်ပြီးနောက် လက်ပစ်ဗုံးကိုထုတ်ယူလိုက်သည်။

"သွမ့်ဇီနေရာလွတ်ထဲပြန်သွား!!!"

ဖန်ဟောင်ရဲ့စကားကိုကြားသွမ့်ဇီကတုံ့ဆိုင်းသွားပြီး နွယ်ပင်ဆီကသူ့အလစ်သုပ်ထားသည့်အဏုမြူ ကျောက်တုံးများကိုကိုင်ကာနေရာလွတ်ထဲသို့ပြန်ဝင်လိုက်သည်။အပင်ဆီကနေလေးလုံးပဲ အလစ်သုတ်ရသေးပြီးအပြင်တွင် အဆင့်၂အဏုမြူကျောက်တုံးတွေအများကြီးကျန် သေးတယ်!!!ဝူးဝူးဝူးငါအကုန်လုံးလိုချင်တယ်……..

သွမ့်ဇီကနေရာလွတ်ထဲသို့ဝင်သွားသည့်နှင့်တစ်ပြိုင်နက်ဖန်ဟောင်ကသူ့လက်ထဲကလက်ပစ်ဗုံးကို အခန်းထဲသို့ပစ်ချလိုက်ပြီးနေရာလွတ်ထဲသို့ဝင်သွားသည်။

ဟဲဇီကျုံးကလည်းသွမ့်ဇီနေရာလွတ်ထဲသို့ဝင်သွားသည်နှင့်တစ်ပြိုင်နက်လှည့်ပြေးပြီး မနီးမဝေးမှာ စောင့်နေသည့်ကောပင်းကိုအော်ပြောလိုက်သည်"ပြန်ဆုတ်!!ပေါက်ကွဲတော့မယ်!!!"

"ဝုန်း အုန်း…"လက်ပစ်ဗုံးကြောင့်ပေါက်ကွဲစေသော ပစ္စည်းများလောင်ကျွမ်းသွားပြီးသန္ဓေပြောင်းအပင်နဲ့ ပြည့်နှတ်နေသောအဆောက်အအုံကြီး ပေါက်ကွဲထွက်သွားသည်!!!သန္ဓေပြောင်းအပင်၏ အစိတ်အပိုင်းများလွှင့်ထွက်လာသည်။

ကြီးမားသောပေါက်ကွဲမှုရဲ့အရှိုန်ကြောင့်ဟဲဇီကျုံး မြေပြင် ပေါ်သို့လွှင့်ထွက်သွားသည်။Samsara အဖွဲ့ကအသင်းသားများသည်ကားထဲတွင်ရှိနေဆဲဖြစ်ပြီးမြေကြီးရဲ့တုန်ခါမှုဒဏ်ကိုခံနေရသည်။သူတို့ ကားတွေကတော်တော်လေးခိုင်ခံနေသောကြောင့် ကံကောင်းသည်။မြေပြင်ပေါ်ကနေအကြိမ်အနည်းငယ်လောက်မြှောက်တက်သွားပေမဲ့ကားတွေမှောက်သွားချင်းမရှိပေ။သို့သော်လည်းအထဲက လူတွေက မူးဝေနေကြသည်။

ခဏကြာပြီးနောက်ဟဲဇီကျုံးကဖြည်းဖြည်းချင်းထလာပြီးသူ့ခန္ဓာကိုယ်တွင်ပေါက်ကွဲမှုမှ အမှုန့်များဖြင့် ဖုံးလွှမ်းနေသည်။သူ့နောက်ရှိအဆောက်အအုံသည် ဗုံးဒဏ်ကြောင့်ကြီးမားသောအပျက်စီးပုံကြီးအဖြစ်ပြောင်းလဲသွားသည်။ 

ထလိုက်ပြီးနောက်ဟဲဇီကျုံးကကားကိုကြည့်လိုက်သည်။ကျည်ကာတဲ့ကားတွေကအရမ်းခိုင်ခံ့တာကို တော့သူ့ဝန်ခံရမည်။ကားအပြင်ဘက်မှာဖုန်မှုန့်တွေ ဖုံးနေတာကလွှဲလို့ဘာအထိအခိုက်မှမရှိပေ။

Samsaraအဖွဲ့မှလူအားလုံးသည်ထူးဆန်းသော အပင်များထပ်မံပေါ်ပေါက်လာမည်ကိုစိုးရိမ်သော ကြောင့်အဆောက်အအုံများကိုစိုက်ကြည့်နေကြသည်။ဟဲဇီကျုံးထလာပြီးအဆောက်အအုံဘေးရဲ့ အနောက်ဘက်ထဲဝင်သွားတာကိုချန်နင်မှာလွဲ၍ မည်သူမှသတိမထားမိပေ။

ဟဲဇီကျုံးကသွမ့်ဇီကိုအရင်အပြင်သို့ခေါ်ထုတ်လိုက် ပြီးမှသွမ့်ဇီအားဖန်ဟောင်ကိုပြန်ခေါ်ခိုင်းလိုက်သည်။ဖန်ဟောင်ကထွက်လာတာနဲ့ချက်ချင်းဟဲဇီကျုံးရဲ့ ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။

သန္ဓေပြောင်းအပင်ရဲ့နွယ်ပင်တွေကများလွန်း သောကြောင့်ဟဲဇီကျုံးရဲ့ရွှေစွမ်းအင်ကိုလက်နက် အပေါ်မှာသုံးခဲ့ရပြီးဒဏ်ရာအနည်းငယ်ရခဲ့သည်။ ဒါအပြင်ပေါက်ကွဲမှုတွင်မီးလောင်ကျွမ်းနေသော ကျောက်တုံးများနှင့်အပျက်အစီးများလည်းလွှင့်ထွက်လာသည်။ထို့ကြောင့်ဟဲဇီကျုံးကဒဏ်ရာတွေ ပိုမိုများပြားလာပြီးအဝတ်အစားတွင်လည်းပေါက်ပြဲရာများရှိနေသည်။

ဖန်ဟောင်ကနှုတ်ခမ်းကိုကိုက်လိုက်ပြီးသူ့စွမ်းအင်ကိုသုံးလိုက်သည်။ဒဏ်ရာများပေါ်တွင်အဖြူရောင် အလင်တန်းများဖုံးလွှမ်းသွားပြီးနောက်ပြန်လည် ကောင်းမွန်လာသည်။ဟဲဇီကျုံးခန္ဓာကိုယ်ကဒဏ်ရာတွေကိုကုသပြီးနောက်မှဖန်ဟောင်ကသက်ပြင်းချနိုင်ကာဟဲဇီကျုံးကို တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။

ဟဲဇီကျုံးကလည်းဖန်ဟောင်ကိုပြန်လည်ပွေ့ဖက်ရန်လက်ကိုမြှောက်လိုက်ပြီးအသံတိုးတိုးဖြင့်မေးလိုက်သည်"မင်းကောဒဏ်ရာရသွားသေးလား?"

ဖန်ဟောင်ကခေါင်းခါလိုက်ပြီးသူ့ခေါင်းကိုဟဲဇီကျုံးရင်ဘက်တွင်အချိန်ကြာကြီးကပ်ထားခဲ့သည်။တစ်စုံ တစ်ယောက်ကကားကိုဖွင့်ပြီးဆင်းလာတဲ့အသံကို မကြားခင်ဖန်ဟောင်ကတိုးတိုးလေးပြောလိုက်သည်"ကျွန်တော်တို့ပြန်ရောက်ရင်ဖောက်ကွဲရေးပစ္စည်းတွေထပ်လဲလှယ်ရမယ်!!!"

သန္ဓေပြောင်းအပင်လိုအရာမျိုးကဖြေရှင်းဖို့အရမ်း ခက်ခဲသည်။သူတို့ရဲ့လက်ရှိစွမ်းအင်အဆင့်နဲ့ ၎င်းတို့ကိုတိုက်ရိုက်မဖြေရှင်းနိုင်ပေ။ပေါက်ကွဲရေး ပစ္စည်းတွေကိုသုံးလိုက်တာအလွယ်ကူဆုံးပဲ!!!အပင်တွေစုဝေးနေတဲ့နေရာကိုတိုက်ရိုက်ပစ်ချလိုက်ပြီး ၎င်းပေါက်ကွဲတော့မယ်ဆိုတာနဲ့နေရာလွတ်ထဲ ဝင်လိုက်ရုံပဲ။

နှစ်ယောက်သားသူတို့ရဲ့ခံစားချက်တွေကိုနှစ်သိမ့် နေတဲ့အချိန်မှာပဲတစ်ခုခုမှားနေပြီဆိုတာရုတ်တရက် တွေးမိသွားသည်။

"သွမ့်ဇီကဘယ်မှာလဲ?!"ဖက်ထုပ်ကောင်ကတော့ ဖန်ဟောင်နဲ့အတူထွက်လာပြီးပြန်ပျောက်သွားတယ်!!!

အချင်းချင်းစိုက်ကြည့်လိုက်ပြီးနောက်နှစ်ယောက် သားမဲမှောင်နေသောမျက်နှာများဖြင့်ပေါက်ကွဲသွား ပျက်စီးနေသောအဆောက်အအုံကိုကြည့်လိုက်သည်။သွမ့်ဇီကအဲ့ဒီနေရာတွင်ရှိနေမှာကိုစိုးရိမ်သည်…..

သွမ့်ဇီရဲ့အကျင့်စရိုက်ကိုနားလည်နေသောသူတို့ နှစ်ယောက်၏မှန်းဆမှုသည်လွှဲချော်ခြင်းမရှိပေ။ မိနစ်ဝက်ကြာပြီးနောက်သူတို့နှစ်ယောက်မှန်းတာကမှန်သည်။သွမ့်ဇီနေရာလွတ်ထဲပြန်ရောက်လာ တာကိုသူတို့ခံစားလိုက်ရပြီး စိတ်ဖြင့်အထဲကိုကြည့်လိုက်သောအခါသွမ့်ဇီသည် လေပေါ်တွင်မျှောလွှင့်နေသည်။

"အာသူ့ခန္ဓာကိုယ်ကနေထွက်လာတဲ့အလင်းရောင်က အရင်တုန်းကထက် ပိုလင်းတယ်၊မြန်မြန် ထုတ်စရာရှိတာထုတ်..မဟုတ်သေးဘူးကားထဲကို မြန်မြန်သွားမယ်ပြီးမှထုတ်!!"ဟဲဇီကျုံးရဲ့မျက်နှာက ပြောင်းလဲသွားပြီးဖန်ဟောင်ကိုအပြင်သို့ဆွဲခေါ်သွားသည်။ထိုအချိန်မှာပဲတိုက်ဆိုင်စွာဖြင့်ကောပင်းနဲ့ တခြားသူများသည်သူတို့ဆီသို့လာနေကြသည်။သူလိုက်သွားလို့အဆင်မပြေတော့သောကြောင့် ဖန်ဟောင်ကိုပဲကားထဲအရင်ပြန်ခိုင်းလိုက်သည်" ကိုယ်တို့ကားမောင်းလို့ရသေးလားသွားစစ်လိုက်ဦး"

သူ့ကပြောပြီးနောက်ကောပင်းကိုနှုတ်ဆက်လိုက်သည်။

"အဲ့ဒါက…..လက်ပစ်ဗုံးတစ်လုံးထဲလား?"ကောပင်းကလန့်နေခဲ့သည်။ပေါက်ကွဲမှုကပြင်းထန်လွန်းသည်။ ဘယ်လိုလုပ်သာမန်ဗုံးတစ်လုံးကအဲ့လောက် ပေါက်ကွဲနိုင်ရတာလဲ?

ဟဲဇီကျုံးကခေါင်းခါလိုက်သည်"မဟို ဖောက်ကွဲပစ္စည်းတွေလည်းရှိတယ်၊အားဟောင်ရဲ့ အလျင်စွမ်းအင်ကအရမ်းမြန်တယ်၊သူ့အထဲကို ပစ်ချလိုက်တာ"လူတော်တော်များများက ဖန်ဟောင်ရဲ့လှုပ်ရှားမှုကိုမြင်ဖို့မဖြစ်နိုင်သောကြောင့်သူ့ကပြဿနာများကိုရှောင်ကျဉ်ရန်အချို့အရာတွေကိုထိန်ချန်ပြီးပြောပြခဲ့သည်။

"ပေါက်ကွဲမှုကတော်တော်ပြင်းတယ်၊အများကြီး ပစ်ချခဲ့ရမှာကြိမ်းသေတယ်၊ဂရုတစိုက်မလုပ်ရင်………….သူကိုအဆင်ပြေရဲ့လား?မင်းကော?မင်းထိခိုက်သွားသေးလား?"

"ဘာမှမဖြစ်ဘူး"ဟဲဇီကျုံးကအတိုချုပ်ပဲပြောပြခဲ့ပြီး ဖန်ဟောင်ကားအရှေ့ခန်းမှာထိုင်နေတာကိုကြည့်လိုကသည်။ သူတို့လိုအပ်မည့်အရာအကုန်လုံးကို  ထုတ်နေလောက်ပြီဖြစ်သောကြောင့်ကောပင်းကို အကြံပေးလိုက်သည်"ပေါက်ကွဲမှုအသံကအရမ်းကျယ်တယ်၊ဇွန်ဘီတွေကိုပိုပြီးဆွဲဆောင်မိမှာစိုးရိမ် တယ်"

ကောပင်းရဲ့မျက်နှာကစိုးရိမ်သွားပြီးခေါင်းညိတ်လိုက်ကာ"ဟုတ်တယ်"သူ့ကပြောရင်းနဲ့ သူ့အသင်းသားများကိုလက်ဝှေ့ယမ်းပြကာ"မောင်းထွက်ဖို့ပြင်ထားကြတော့၊ငါတို့ပြန်ဆုတ်ခွာကြမယ်"

အကုန်လုံးကသူတို့ကားတွေဆီသို့ပြန်သွားခဲ့သည်။ ကောပင်းကားပေါ်တက်ပြီးနောက်ချန်နင်ကမေးခဲ့သည်"အဆောက်အအုံကိုမစစ်ဆေးတော့ဘူးလား?"

ကားထဲတွင်လူလေးယောက်ရှိသည်။အရှေ့က ဒရိုင်ဘာထိုင်ခုံမှာကျန်းလောင်ထိုင်ပြီးဘေးခုံတွင် လုထန်ထိုင်နေသည်။ကောပင်းနဲ့ချန်နင်ကကားနောက်ခန်းမှာထိုင်ပြီးအစီစဉ်ကိုဆွေးနွေးနေသည်။

ချန်နင်မေးတာကိုကြားတော့ကောပင်းကခေါင်းခါလိုက်ပြီး"သူတို့ကအဆောက်အုံကိုဖောက်ကွဲလိုက်တာအဲ့ဒီအကြောင်းကိုသူတို့အကြံမပြုကတည်းက ငါတို့အဲ့ကိုသွားစစ်ဆေးစရာမလိုတော့ဘူး၊ပြီးတော့ အပင်တွေလုံးဝမသေ သေးမှာလည်းငါစိုးရိမ်တယ်"

"အဲ့ဒါတော့မှန်တယ်၊အဲ့ဒီလိုမျိုးသန္ဓေပြောင်းပင် တွေကအရမ်းအန္တရာယ်များတယ်အဲ့ဒါတွေကဖောက်ကွဲရုံနဲ့သေနိုင်မလားဆိုတာမသိနိုင်ဘူး…….." ချန်နင်ကမျက်မှောင်ကြုံပြီး ပြတင်းပေါက်အပြင် ဘက်ကိုဆေးလိပ်သောက်ရင်းနဲ့စိတ်ရှုပ်ထွေးစွာဖြင့် ငေးကြည့်နေသည်။

ကြီးမားသောပေါက်ကွဲသံကြီးကMမြို့တစ်မြို့လုံးရဲ့ ဇွန်ဘီအားလုံးနီးပါးကိုဆွဲဆောင်မိသွားခဲ့သည်။ ဇွန်ဘီများသည်ပေါက်ကွဲသည့်နေရာဆီသို့ဒယိုင်းဒယိုင်လျှောက်လာကြသောကြောင့်ဟဲဇီကျုံးနှင့် Samsaraအသင်းသားများသည်ကားအရှိုန်ကိုမြှင့်ပြီး ဆန့်ကျင်ဘက်သို့မောင်းထွက်လာခဲ့သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment