အဆင့်၃ဇွန်ဘီတွေဘယ်အချိန်ပေါ်လာမလဲဆိုတာနဲ့သူ့ဒီနေ့တွေ့ခဲ့တဲ့ဇွန်ဘီကအဆင့်၃ဟုတ်လားမဟုတ်လားဆိုတာကိုဟဲဇီကျုံးမသိပေ။သူ့အရင်ဘဝတုန်းကသူ့မသေခင်အဆင့်၂ဇွန်ဘီကိုသာကြားဖူးခဲ့သည်။သို့သော်အရင်ဘဝရဲ့မှတ်ဉာဏ်တွေကထိုကိစ္စနဲ့ပတ်သက်လျှင်သိပ်မတိကျပေ။အခုသူတို့အနည်းဆုံးအဆင့်၂ဇွန်ဘီခြောက်ကောက်ခုနှစ်ကောင်လောက်နဲ့ရင်ဆိုင်ခဲ့ရပေမယ့်သူ့အရင်ဘဝတုန်းကဒီလိုအချိန်မျိုးမှာလည်းထိုအရာများ(အဆင့်၂ဇွန်ဘီရှိတဲ့အ ကြောင်း)ကိုလုံးဝမကြားခဲ့ဖူးပေ။အဆင့်၃ဇွန်ဘီ တကယ်ရှိရင်တောင်ဒီလိုသတင်းမျိုးပျံနှံဖို့အချိန်အနည်းငယ်ကြာနိုင်သည်။
ညသန်းခေါင်လောက်တွင်Samsaraအသင်းကအဖွဲ့ဝင်များသည်နောက်ဆုံးတွင်ဓာက်ဆီဆိုင်ဘယ်လိုလည်ပတ်လဲဆိုတာကိုသိရှိခဲ့ကြပြီးထုတ်ယူနိုင်သည့် ဓာက်ဆီအားလုံးကိုထုတ်ယူခဲ့ကြသည်။ဟဲဇီကျုံးနဲ့ ဖန်ဟောင်ကားရဲ့ကားနောက်ခန်းထဲမှာတောင်သိုလှောင်ထားသည့်ဓာက်ဆီစည်၆စည်၇စည်လောက်ရှိနေသည်။ယာဉ်တန်းသည်ကျဉ်းထဲကျပ်ထဲတွင်တစ်ညအနားယူခဲ့ပြီးနောက်တွင်Aမြို့ဆီသို့တစ်ဖန်မောင်းထွက်လာခဲ့သည်။
သူတို့ထွက်ခွဲခဲ့တုန်းကဘာကြောင့်လမ်းအရမ်းရှင်း နေလဲဆိုတာကိဘယ်သူမှမသိပေမယ့်အခုတော့ လမ်း ပေါ်တွင်ဇွန်ဘီများဟိုတစ်စုဒီတစ်စုရှိနေသည် ။ကားအသစ်များဖြင့်မောင်းနှင်နေသောကြောင့်လူတိုင်းသည်လမ်းတစ်လျောက်တွင်ကြုံတွေ့ရမည့် ဇွန်ဘီများကိုတိုက်သတ်ရန်စိတ်အားထက်သန်နေသည်။
ကားတိုင်းတွင်လက်နက်အများကြီးရှိသော်လည်း အနာဂတ်မှာနောက်ထပ်ကျည်ဆန်တွေရနိုင်ပါ့မ လားဆိုတာကိုဘုရားသာသိလိမ့်မည်။ထိုကြောင့်လူတိုင်းသည်ချွေတာနိုင်ရန်ကြိုးစားနေကြသည်။ကားတိုင်းကသူတို့ရဲ့တံခါးတွေကိုတင်းတင်းကျပ်ကျပ်ပိတ်ထားပြီးလမ်းမှာပိတ်ဆို့နေတဲ့ဇွန်ဘီတွေကိုဝင်တိုက်နေသည်။
လမ်းတစ်လျှောက်တွင်ယာဉ်တန်းသည်လူပြုလုပ်ထားသောလမ်းအတားအဆီးကိုနှစ်ခါကြုံတွေ့ခဲ့သည်။Predatorကိုမောင်းနေသောကောပင်းသည်၎င်းတို့ပေါ်မှတိုက်ရိုက်မောင်းသွားခဲ့သောကြောင့်မည်သူမှသူတို့ရဲ့ကားများကိုရပ်တန့်ပြီးမနှောက်ယှတ်ခဲ့ပေ။တိုက်ခိုက်လုယူခံရတော့မလိုဖြစ်သွားသည့်အဖွဲ့ဝင်များသည်သူတို့ရဲ့မျက်ခုံးကိုပင့်လိုက်ပြီးသူတို့ထိုင်နေတဲ့ဘက်ခြမ်းကပြတင်းပေါက်ကိုဖွင့်လိုက်ကာလမ်းတစ်ဖတ်ခြမ်းမှာပုန်းနေတဲ့လုယတ်သူတွေဆီကိုလက်ခလယ်ထောင်ပြလိုက်သည်။
ညနေခင်း၄နာရီ၅နာရီဝန်းကျင်လောက်တွင်ယာဉ်တန်းသည်Aမြို့၏ဆင်ခြေဖုံးအပြင်ဘက်ကနေ အခြေစိုက်စခန်းဆီသို့မောင်းလာခဲ့သည်။သူတို့ရဲ့လက်ရှိမောင်းနှုန်းနဲ့ဆိုသူတို့အခြေစိုက်စခန်းကို၆နာရီ၇နာရီဝန်းကျင်လောက်တွင်ရောက်သင့်သည်။
ဘယ်လောက်ဘဲကောင်းမွန်တဲ့ကားဖြစ်နေပါစေ မရပ်ဘဲအချိန်အကြာကြီးကားမောင်းရခြင်းကြောင့်အားလုံးသည်ပင်ပန်းနေခဲ့သည်။ပင်ပန်းတဲ့အခါထိတ်လန့်လွယ်သည်။အခြေစိုက်စခန်းနဲ့နီးလာပြီးဆိုတာသိတော့လူတွေကစိတ်အေးသွားပြီးယာဉ်တန်း ရဲ့အရှိုန်သည်အနည်းငယ်ကျဆင်းသွားကာဖြည်းဖြည်းမှန်မှန်ဖြင့်အခြေစိုက်စခန်းသို့ပြန်မောင်းရန်အဆင့်သင့်ဖြစ်နေကြသည်။
ကားမောင်းနေရင်းနဲ့စကားပြောစက်ကနေရုတ်တရက်မြည်လာခဲ့သည်။"ကားတွေအားလုံးသတိထား ကြ!!!ကားတွေအားလုံးသတိထားကြ!!!အခြေစိုက်စခန်းဆီပြန်ဖို့အရှိုန်မြှင့်ထားကြ!!!အခြားကားတွေနဲ့ မချိတ်မိအောင်အားလုံးသတိထား ကြ!!"ကောပင်းရဲ့အသံကထွက်လာသည်"Fuckဘဲအဲ့တာOverloardကကားတွေမလားသူတို့ကဘာလို့ဇွန်ဘီတွေအများကြီးကိုဆွဲဆောင်လာတာလဲ?"
Overloard?
ဟဲဇီကျုံးနဲ့ဖန်ဟောင်ကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးမျက်မှော်ကြုံလိုက်ကာ"သေနတ် တွေကိုအသင့်ပြင်ထား၊မှားပြီးမပစ်မိအောင်သတိ ထားဦး"
သူတို့လမ်းကွေ့သို့ရောက်သောအခါဖန်ဟောင်က ခေါင်းညိတ်လိုက်သည်။လမ်းကွေ့လိုက်ပြီးနောက်မှသာကောပင်းကဘာကြောင့်ကျိန်ဆဲနေလဲဆိုတာကိုသူတို့နားလည်ခဲ့သည်-သူတို့ရဲ့ဘေးကလမ်းသွယ်ကနေသူတို့ရှိနေသည့်လမ်းပေါ်သို့ကားများကူးပြောင်းလာခဲ့သည်။ကားခုနစ်စီးခြောက်စီးလောက်ဘဲမောင်းနှင်လာသော်လည်းသူတို့ရဲ့နောက်တွင်ဇွန်ဘီတွေအများကြီးရှိနေသည်။
"ဇီကျုံးကျွန်တော်တို့နေရာပြောင်းကြမလား?"ဟဲဇီကျုံးရဲ့အစွမ်းသည်အဝေးကနေလည်းအသုံးပြုနိုင် ပြီးသူ့ရဲ့ပစ်ခတ်မူကလုံးဝမတိကျပေ။ဖန်ဟောင်သည်မတော်တဆတစ်ခုခုဖြစ်လာရင်ပြန်လည်မတုံ့ပြန် နိုင်မှာကိုစိုးရိမ်နေသည်။
"အဆင်ပြေပါတယ်၊ကိုယ်တို့ကားကတော်တော် လေးခိုင်ခံတာပဲကို၊ကိုယ်တို့အပြင်ကဇွန်ဘီတွေကိုတိုက်ခိုက်ဖို့မလိုလောက်ဘူး"အပြင်ဘက်ကဇွန်ဘီအုပ်ကြီးကိုမြင်လိုက်တုန်းကဟဲဇီကျုံးလည်းဦးရေ ပြားတွေစပ်ဖျဉ်းဖျဉ်းခံစားခဲ့ရသည်။ဒါပေမဲ့သူက တည်တည်ငြိမ်ငြိမ်နဲ့အခြေနေကိုဝေဖန်သုံးသပ်လိုက်ပြီးအရှေ့ကစကားပြောစက်ကိုကောက်ကိုင်လိုက်ကာ"ကောပင်းအကယ်လို့အခြေအနေမကောင်းရင် ခွဲပြီးသွားတာကပိုကောင်းတယ်လွတ်ပြီဆိုမှလူတတိုင်းအခြေစိုက်စခန်းကိုပြန်ပြီးပေါင်းစည်ကြမယ်"
ကောပင်းကချက်ချင်းတုံ့ပြန်ခဲ့သည်"ဟုတ်သားဘဲလူတိုင်းအာရုံစိုက်ကြအခြေနေမကောင်းရန်လူတိုင်းလမ်းခွဲပြီးထွက်ပြေးကြမယ်၊ဇွန်ဘီတွေနဲ့တိုက်ခိုက်ဖို့မကြိုးစားနဲ့အခြေစိုက်စခန်းကိုအမြန်ပြန်ကြ!!!"
စကားပြောစက်ကနေအသံထွက်ပေါ်လာပြီးမကြာခင်တွင်လမ်းထဲသို့ကူးပြောလာသောကားများမှ တစ်စီးသည်ဟဲဇီကျုံးရဲ့ကားဘေးသို့တိုးကျိတ်တိုက်ခိုက်ခဲ့သောကြောင့်အလိုလျောက်သူတို့ကားသည် ဘယ်ဘက်သို့စောင်းသွားခဲ့သည်။
"ဒီကားကအသစ်ကြီးဘဲရှိသေးတာကွ!!!"သူတို့ကားပသစ်တစ်စီးကိုရရှိခဲ့ရုံဘဲရှိသေးတယ်ဒီနေ့ကြတော့ဒီလိုမျိုးဝင်ဆောင့်ခံလိုက်ရတယ်၊သူတို့နှစ်ယောက်လုံးအနည်းငယ်စိတ်တိုနေကြသည်-Overloardအသင်းနဲ့သာသူတို့မတွေ့ခဲ့ဘူးဆိုရင်ဒီလိုကံဆိုးတဲ့အရာမျိုးကိုဘယ်လိုလုပ်ကြုံတွေ့နိုင်မှာလဲ?!
ဖန်ဟောင်ကကားအသစ်နဲ့ပတ်သက်ပြီးစိတ်မပူဘဲဟဲဇီကျုံးနဲ့ငြိစွန်းလာမှာကိုဘဲစိုးရိမ်နေခဲ့သည်။ အခြားတစ်ဖက်တွင်ဟဲဇီကျုံးသည်တခြားအဖွဲ့ပေါ် ဒေါသများဖြင့်ပြည့်နှတ်နေကာမုန်တီးမူအသစ်ကောအဟောင်းကောဖြစ်ပေါ်နေခဲ့သည်။
ဟဲဇီကျုံးကိုတိုက်သွားတဲ့ကားကတစ်နေရာမှာရပ်သွားခဲ့ပြီးကားအရှေ့တစ်ဝက်နှင့်ယာဉ်တန်းနောက်သို့လိုက်သွားခဲ့သည်။
ရုတ်တရက်Overloardအသင်းကကားတစ်စီးသည်ရှေ့သို့တိုးဝင်လာပြီးကောပင်းကားအနောက်ဘက်ကိုဝင်တိုက်သည်။ကားပြတင်းပေါက်ကရုတ်တရက်ပွင့်လာပြီးလက်တစ်ဖတ်ကအနီရောင်တောက်တောက်အထည်တစ်ခုကိုဆုပ်ကိုင်ထားကာPredator ကားရဲ့ကြီးမားပြီးမြင့်မား၍စိတ်ရှုပ်စရာကောင်း သောနောက်ပိုင်းကbaffle(အသံထိန်းသောအရာ)ထဲသို့၎င်းကိုထိုးထည့်လိုက်သည်။ချက်ချင်းပင်ထို ကားသည်အနီးနားကလမ်းဆုံတွင်ကွေ့ဖို့ကြိုးစား ကာကားရဲ့အရှေ့ဘက်မှအဝတ်ကိုလွှဲယမ်းပြီးသည်နှင့်တစ်ပြိုင်နက်အခြားဘက်သို့ကွေ့သွားခဲ့သည်။
"သူတို့ဘာလုပ်နေကြတာလဲ"ဖန်ဟောင်ကလည်းထိုလုပ်ရပ်ကိုမြင်ခဲ့ပြီးသံသယဖြစ်ဖွယ်ကောင်းသောကောပင်းကားအနောက်မှငြိနေသောအရာများကို ကြည့်လိုက်ပြီးခဏလောက်ဘာအတွက်လုပ်မှန်းမသိခဲ့ပေ။
"သွေးတွေ"ဟဲဇီကျုံးရဲ့မျက်လုံးထဲတွင်တလတ်လတ်တောက်လောင်လာကာစကားပြောစက်ကိုယူရန်လက်ကိုမြှောက်လိုက်ကာ"ကောပင်းအရှိန်လျှော့လိုက်၊မင်းကားအနောက်ဘက်မှာသူတို့သွေးစွန်းနေတဲ့ အဝတ်တွေထိုးထည့်ခဲ့တယ်၊ငါတို့အဲ့တာကိုဖယ်ပြစ်တဲ့အထိစောင့်ဦးပြီးမှအရှိန်မြှင့်"
စကားပြောစက်ထဲတွင်ဆူညံ့သံတစ်ခုရှိနေသည် အဲ့ဒီစကားပြောနေတဲ့သူကကောပင်းမဟုတ်ဘဲ ကောပင်းနဲ့သူ့ကားအနောက်ကတခြားကားတစ်စီးကဖြစ်နေသည်"ချီးဘဲ!!!သူတို့ဘာလုပ်လိုက်လဲဆိုတာငါသိချင်နေတာ၊အဲ့တာကအရမ်းနီနေတာအခြားကားဆီကိုဇွန်ဘီတွေဆီလမ်းလွှဲဖို့သွေးကိုသုံးလိုက်တာလား?သူတို့ကမကောင်ဆိုးဝါးတွေဘဲ!!!!"
ချန်နင်ရဲ့အသံကချက်ချင်းထွက်ပေါ်လာခဲ့သည်"အရှိန်ထိန်းလိုက်ကြတစ်ခုခုကပ်နေလားဆိုတာကိုသိဖို့တက်နိုင်သလောက်အခြားကားတွေကိုစစ်ဆေးကြ"
ချန်နင်စကားပြောနေစဉ်တွင်ကောပင်းရဲ့ကျိန်ဆဲသံများကိုကြားနေရသည်။Overloardအဖွဲ့ကအခြားအဖွဲ့ကိုဇွန်ဘီများအားအာရုံလွဲစေခြင်းဖြင့်ဒုက္ခရောက်နိုင်သည့်အစီစဉ်တစ်ခုကိုလျင်မြန်စွာအကောင်ထည်ဖော်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပေ။သူတို့ စောင့်ကြည်ဖို့မေ့လျော့သွားခဲ့တယ်။
အုပ်စုနှစ်ခုမမျှော်လင့်ဘဲဆုံခဲ့ကြသည်။အစကသူတို့သည်သူတို့လမ်းအတိုင်းသွားနေခြင်းဖြစ်ပေမယ့် ဒီလိုလူစားမျိုးနဲ့ဆုံတွေ့သောအခါလူတစ်ယောက်ရဲ့ရင်ထဲကအမြတ်ဒေါသတွေကိုဖိနှိပ်ထားဖို့အမှန်တကယ်ခက်ခဲသည်။
ဟဲဇီကျုံးကကားပြင်းတင်းပေါက်ကိုဖွင့်လိုက်ပြီး ကောပင်း၏ကားဘေးသို့ချည်းကပ်ခဲ့သည်။ဖန်ဟောင်ကစတီယာရင်ကိုကိုင်ကူပေးခဲ့သည်။ဟဲဇီကျုံးကလက်လှမ်းလိုက်ပြီးအနီရောင်အဝတ်ရဲ့အစကိုလှမ်းဆွဲလိုက်သည်။သူ့ကအဲ့ဒါကိုမြေကြီးပေါ်ပစ်ချခဲ့ပြီး သူ့လက်ပေါ်ကသွေးတွေကိုရေသန့်ဖြင့်ဆေးချလိုက်သည်။
"ရေစွမ်းအင်ရှိတဲ့လူတစ်ယောက်လောက်မရှိဘူး လား?ဒီကိုလာပြီးသူတို့ကားကိုဆေးပေးလိုက်"ပုံမှန် အားဖြင့်သွေးကိုခြောက်ဖို့အချိန်ခဏလောက်ဘဲ ယူရသည်။ဒါပေမဲ့အခုချိန်တွင်ကားအနောက်မှာဇွန်ဘီအများကြီးရှိနေသည်။လူတိုင်းလမ်းခွဲပြီးသွားလိုက်တာနဲ့တစ်ပြိင်နက်ကောပင်းနဲ့သူ့တို့ကားက ဇွန်ဘီတွေအများကြီးလိုက်တာခံရလိမ့်မယ်!!!
"ငါရှိတယ်၊ငါရှိတယ်၊အဲ့ကိုသွားကြစို့!"ရေစွမ်းအင်ရှိတဲ့လူရဲ့ကားကချည်းကပ်လာခဲ့ပြီးကောပင်းကားအနောက်ကသွေးတွေကိုဆေးကျောရန်ရေမြှားအနည်းငယ်ကိုပစ်လွှတ်ခဲ့သည်။ဟဲဇီကျုံးရဲ့ကားကPredatorနဲ့ဘေးချည်းကပ်မောင်းလာခဲ့သည်။
"သတိထားအဲ့တာပြုတ်ကျလာပြီ!!!"အရှေ့ကလမ်းဆုံတွင်လမ်းပေါ်ကရှည်လျားပြီးသေနေသည့်အပင်တစ်ပင်သည်ရုတ်တရက်စတင်ပြုတ်ကျလာခဲ့သည်။ကားများသည်ကျိုးကြေသံကိုကြားလိုက်ပြီးယာဉ်တန်းတစ်ခုလုံးရုတ်တရက်လမ်းကြောင်းများစွာခွဲထွက်သွားခဲ့သည်။
"ဇွန်ဘီ!!!၊သန္ဓေပြောင်းဇွန်ဘီတွေ!!!"
"ခွဲပြီးသွားကြ!!!အခြေစိုက်စခန်းကိုပြန်ဖို့လမ်းရှာကြ!!"
…………
ထိုကဲ့သို့ပရမ်းပတာထဲတွင်ယာဉ်တန်း၏အင်အားသည်ပြိုကွဲပျက်စီးသွားသည်။ဟဲဇီကျုံးရဲ့ဘေးဘက်တွင်အခြားကားသုံးစီးလည်းရှိနေပြီးတူညီသောဦးတည်ရာသို့ဦးတည်နေသည်။ဒါပေမဲ့သူတို့ကိုသွေးအန် စေခဲ့တာကသုံးကားလုံးသည်Overloardအသင်းက ဖြစ်နေတယ်!!!!ပိုဆိုးတာကသူတို့ထဲကကားတစ်စီးသည်ကောပင်းကားနောက်ကိုသွေးပေနေတဲ့လက်ကိုင်ပါဝါကိုထိုးထည့်ခဲ့တာဖြစ်သည်။
ထိုကားကအရှေ့ကနေဦးဆောင်ပြီးမောင်းနေခဲ့သည်။အနောက်တွင်လမ်းနောက်ပြန်ဆုတ်ရန်တင်းတင်းကျပ်ကျပ်တားဆီးနေသောဇွန်ဘီတပ်သားတစ်သိုက်ဖြစ်သည်။အချိန်နဲ့အမျှအနီးနားကအဆောက်အအုံမှဇွန်ဘီများသည်လိုက်ဖမ်းနေသောဇွန်ဘီအုပ်စုထဲကိုလိုက်ပါလာကြသည်။
"ဘာလို့ဇွန်ဘီတွေအရမ်းများနေရတာလဲ?"ဖန်ဟောင်ရဲ့ဦးရေပြားတွေထုံကျင်နေပြီးနောက်ကြည့်မှန်ကိုသံသယဖြစ်စွာဖြင့်စိုက်ကြည့်လိုက်သည်။
"သူတို့ရဲ့ကားထဲမှာဒဏ်ရာရနေတဲ့သူရှိမှာ ကျွန်တော်စိုးရိမ်တယ်"မဟုတ်ရင်သွေးစွန်းနေတဲ့လက်ကိုင်ပါဝါဘယ်ကရောက်လာတာလဲ။အကယ်လို့ သွေးနံမရှိနေဘူးဆိုရင်ဇွန်ဘီတွေကလမ်းတစ်လျှောက်လုံးလိုက်လာမှာမဟုတ်ဘူး။
"သူတို့ကိုကျော်မောင်းနိုင်လား"ဖန်ဟောင်သည်သူ့ရှေ့မှာကားသုံးစီးကိုကြည့်လိုက်ရာ၎င်းတို့သည် တြိဂံပုံသဏ္ဍာန်ရှိပြီးသူတို့ကျော်တက်နိုင်သည့်နေရာအားလုံးကိုပိတ်ဆို့ထားကြောင်းသဘောပေါက်ခဲ့သည်။
ဟဲဇီကျုံးကနှိမ့်သိမ့်ခဲ့သည်"မကြောက်ပါနဲ့အဆိုးဆုံးအခြေနေဆိုငါတို့နေရာလွတ်ထဲကိုဝင်နေနိုင်တယ်"ထိုလူတွေဘယ်လိုမြန်းထွက်ပြေးမလဲဆိုတာကိုသိချင်မိတယ်?ဒီနေ့သူတို့လမ်းမှာဆီထပ်ထည့်ခဲ့ပြီး အရှေ့ကသုံးကားရဲ့ဘက်ထရီသည်သူတို့ကားကိုဖိနှိပ်ထားနိုင်မယ်လို့သူလုံးဝမယုံပေ။
အကယ်လို့သူတို့ဇွန်ဘီတွေဆီကမလွတ်မြောက်နိုင်ရင်တောင်နေရာလွတ်ထဲကိုဝင်နေလို့ရနေသေးသည်။နေရာလွတ်ရှိတဲ့လျိုဝှတ်ချက်မပေါ်သွားရန်အလို့ငှာသူ့ကတော့သေချာပေါက်ဝင်ရင်လုံခြုံတဲ့နေရာတစ်ခုကိုရွှေးမှာဖြစ်သည်။သူတို့ကဒိုင်းတစ်ခုလိုအသုံးချတဲ့Overloardအသင်းအတွက်ကလား? ဆောရီးဘဲသူမှာမွန်မြတ်တဲ့စိတ်ထားမရှိဘူး.။
"ဟုတ်သားပဲ!!!"ဖန်ဟောင်ကပြင်းပြင်းထန်ထန်ခေါင်းညိတ်လိုက်ကာအရှေ့ကကားသုံးစီးကိုမကျေနပ် သောအရိပ်အယောင်ဖြင့်စိုက်ကြည့်နေသည်။ဒီလူတွေရဲ့မျက်နှာတောင်မတွေ့ချင်ဘူး!!!
"ပြတင်းပေါက်နဲ့တံခါးအကုန်လုံးပိတ်ထားလားဆိုတာစစ်လိုက်"ဟဲဇီကျုံးကအသက်ရှုထုတ်လိုက်သည်။ဖန်ဟောင်သည်လျင်မြန်စွာလှုပ်ရှားခဲ့ပြီးကားထဲတွင်အပေါက်ရှိမရှိစစ်ဆေးပြီးစိတ်အေးသွားသည်"ခိုင်မာတဲ့ကားဖြစ်နေတုန်းဘဲကားတံခါးတွေမှာပိန်နေတာမျိုးမရှိဘူး"
"ဒါပေါ့ဒီဟာကကျည်ကာကားဘဲလေ၊ခုနကတိုက်မိတာကသိပ်မပြင်းဘူး"ဟဲဇီကျုံးကရပ်လိုက်ပြီး"မှန်ပြောင်းထုတ်ပြီးအရှေ့ကကားသုံးစီးထဲကတစ်စီးမှာအိုက်လွမ်ရှိလားစစ်လိုက်"
ဖန်ဟောင်ကမှန်ပြောင်းကိုလျင်မြန်စွာထုတ်ယူလိုက်ပြီးဂရုတစိုက်စစ်ဆေးလိုက်သည်။ခဏကြာအတွင်၊သူပြောလိုက်သည်"အရှေ့ကဘယ်ဘက်ကားထဲ မှာအနောက်ခန်းမှာထိုင်နေတယ်…….ပြတင်းပေါက်ဘေးနားကတစ်ယောက်ကအမျိုးသမီးဖြစ်ပုံဘဲ…..စီနီယာရဲ့ဝမ်းကွဲလားမသိဘူး"
"အရှေ့ဆုံးကကားကကော?"
"ဒရိုင်ဘာထိုင်ခုံကလူနဲ့ဘေးခုံကလူရယ်၊ဘယ်သူလဲတော့ကျွန်တော်မသိဘူး၊အနောက်ခန်းထဲမှာတော့တစ်ယောက်ထဲထိုင်နေတယ်"
"အနောက်ခန်းထဲမှာတစ်ခြားတစ်ယောက်ရှိနိုင်တယ်၊သူ့ဒဏ်ရာရထားမယ်ဆိုရင်ထိုင်နိုင်မှာမဟုတ်ဘူးလေ"
"ညာဘက်ကကားထဲမှာလူခြောက်ယောက်ရှိတယ်၊ကားထဲမှာထောက်ပံ့ရေးပစ္စည်းတွေရှိတယ်ဘာတွေလဲဆိုတာမမြင်ရဘူး"
ဟဲဇီကျုံးကခေါင်းညိတ်ခဲ့သည်ကားနောက်ခန်းတုန်ခါသွားသောအခါဘာကြီးလဲဆိုတာစဉ်းစားလိုက်သည်။
"ဇွန်ဘီ!!!အပေါ်ကိုခုန်တက်လာပြီ"ဖန်ဟောင်ကသူ့ခေါင်းကိုလှည့်လိုက်ပြီးအနောက်သို့ကြည့်လိုက်သည်။အဆင့်၂အလျင်စွမ်းအင်ရှိတဲ့ဇွန်ဘီနှစ်ကောင်သည်အနောက်ကနေအနီးကပ်ဆုံးလိုက်လာခဲ့ပြီး တစ်ကောင်ကအံဩစရာကောင်းတဲ့ခုန်နိုင်စွမ်းရှိပြီး၎င်းတို့ကားပေါ်သို့ခုန်တက်လုနီးပါးဖြစ်နေသည်။
"သေနတ်သုံးချင်လား"
"ဟင့်အင်းမင်းနောက်ကပစ္စည်းတွေကိုသွားယူလိုက်"ဟဲဇီကျုံးကတည်ငြိမ်စွာအမိန့်ပေးခဲ့သည်။အိုက်လွမ်နဲ့တခြားသူများအတွက်ဇွန်ဘီတွေကိုရှင်းလင်းရန်သူတို့တွင်တာဝန်မရှိပေ။
ဖန်ဟောင်ကသူ့လက်ကိုမြှောက်လိုက်ပြီးနောက်ခန်းထဲကလက်နက်၊ဆေးဝါးများနဲ့ပစ္စည်းအမျိုးမျိုးကို နေရာလွတ်ထဲသို့ထည့်လိုက်သည်။ဟဲဇီကျုံးသည် တိတ်တဆိတ်ပြတင်းပေါက်ကိုဖွင့်လိုက်ပြီးလက်ထဲတွင်လေစွမ်းအင်နဲ့ရွှေစွမ်းအင်ကိုသွားကြားထိုးတံ ပေါ်တွင်သိပ်သည်းစေခဲ့သည်။အရှေ့အလယ်က ကားရဲ့ဘိန်းကို၎င်းဖြင့်ပစ်ခဲ့သည်။
ကျယ်လောင်သောဆူညံသံတစ်ခုအရှေ့ကထွက်ပေါ်လာပြီးဖန်ဟောင်ကအမြန်လှည့်ကြည့်လိုက်တော့သိပ်မဝေးတဲ့နေရာမှမြေကြီးပေါ်တွင်ဘယ်ကမှန်းမသိတဲ့ဘက်စ်ကားတစ်စီးလှဲကျနေတာကိုမြင်လိုက်ရသည်။သူတို့ရဲ့လမ်းကိုပိတ်ထားတယ်!!
"မြန်မြန်လုပ်!!!"ဟဲဇီကျုံးကပြောလိုက်ပြီးစတီယာရင်ကိုရိုက်ခဲ့သည်။ကားတစ်ခုလုံးလွင့်ထွက်သွားပြီးလမ်းဘေးကဈေးဝင်စင်တာထဲသို့ပစ်ဝင်သွားခဲ့သည်!!!