Chapter27
ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့နေနေသည့်ဗီလာဧရိယာ သည်သေးငယ်သည်မဟုတ်သော်လည်းစစ်တပ်သည်နံနက်မိုးလင်းမှဗီလာဧရိယာစီသို့ တန်းတန်းမတ်မတ်ရောက်လာသည်။
"ဒီမှာရှိတဲ့ဗီလာတွေကTempered glassတွေနဲ့လုပ်ထားတာ"ဝန်လေးနေတဲ့ဖန်ဟောင်ကိုတွေ့တော့ဟဲဇီကျုံးသည်ပြုံးလိုက်ပြီး သူ့လက်လေးကိုဆွဲကာပထမထပ်ဆီသို့ လျှောက်သွားလိုက်သည်။"မနေ့ကကိုယ်ရပ်ကွတ်ရဲ့ အတွင်းရေးသတင်းအချက်လတ်တွေကိုဖတ်ကြည့်လိုက်တော့ဒီနေရာမှာအိမ်အလွတ်တွေအများကြီး ရှိတယ်"
ဒီနေရာသို့ပြောင်းရွှေ့လာသည့်လူအများစုသည် အရာရှိကြီးများနှင့်မြို့တွင်းမှချမ်းသာသူများဖြစ်သည်။တစ်ချို့လူတွေကဒီနေရာရဲ့ဗီလာတွေကိုတောင်ပိုင်တော့ဒီနေရာကိုအရင်ရှင်းလင်းတာသဘာဝကျသည်။
မနေ့ကဟဲဇီကျုံးသည်ဗီလာဧရိယာအတွင်းပိုင်းမှာ ရှိတဲ့ဗီလာအများစုသည်အကောင်ကြီးကြီးများ (အစိုးရပိုင်းကရာထူးကြီးတဲ့လူတွေနဲ့သူဌေးတွေ) ပိုင်တာကိုသိသောကြောင့်ဂိတ်နားကဗီလာကို ရွှေးချယ်လိုက်ခြင်းဖြစ်သည်။
ဗီလာဧရိယာကိုလည်းအတွင်းပိုင်းနှင့်အပြင်ပိုင်းဟူ၍လည်းပိုင်းခြားထားသည်။အတွင်းပိုင်းဇုန်သည် ဂုဏ်သရေရှိလူများနှင့်သူဌေးကြီးများနေထိုင်ရန်အတွက်ဖြစ်ပြီးအစည်းအဝေးခန်းများနှင့်ရုံးများလည်းရှိသည်။ကလပ်အသင်းနေရာများ၊အိမ်တွင်းရေကူးကန်နှင့်ရုံးခန်းနေရာတို့ကိုလည်းစီစဉ်ထားသေးသည်။
ပြင်ပဇုန်တွင်နေထိုင်သူအများစုမှာအိမ်ထောင်စုကြီးများ၏ခေါင်းဆောင်ပိုင်းများ၊စီးပွားရေးလုပ်ငန်းရှင် များနှင့်အဆက်သွယ်ကောင်းသည့်အဖွဲ့အစည်း အသီးသီးမှအကြီးကဲများဖြစ်ကြသည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် အတွင်းဇုန်မှလွဲ၍အခြားအိမ်များမှာရှိသည့် လူများသည်အိမ်အားသိမ်းယူခြင်းမပြုကြောင်း သေချာစေရန်လတိုင်းအခွန်ပေးဆောင်ရသည်။ ယေဘုယျအားဖြင့်သူတို့သည်ဗီလာဧရိယာထဲမှာရှိသည့်အိမ်များကိုအတင်းအကျပ်တောင်းဆိုခြင်း မလုပ်ဝံ့ကြပေ။ကြိုးပမ်းမူအများစုကိုတားဆီးရန် အတွက်လုံခြုံရေးသော့များသည်ခတ်ထားပြီးသားဖြစ်သည်။အတင်းဓမ္မလုံခြုံရေးသော့များကိုချိုးဖျတ် လိုက်သည့်နှင့်၎င်းကိုသာမာန်တံခါးသော့များဖြင့် သာအစားထိုးနိုင်ပြီးလုံခြုံရေးလည်းအလွန်လျော့ပါးသွားမည်ဖြစ်သည်။
ဟဲဇီကျုံးမျှော်မှန်းထားတဲ့အတိုင်းဘဲမကြာခင်မှာဘဲစစ်သားများသည်သူတို့ကိုစစ်ဆေးဖို့ရောက်လာကြသည်။
တံခါးကနေအသံကြားတော့ဟဲဇီကျုံးသည်တံခါးကိုဖွင့်ရန်ဂရုတစိုက်နဲ့သွားလိုက်ပြီးတံခါးမဖွင့်ခင် အပြင်ဘတ်မှာစစ်သားတွေရှိမရှိကိုအတည်ပြုလိုက်သည်။
ရပ်ကွတ်အတွင်းကအချက်အလတ်တွေကို စီစစ်မည့်စစ်သားများသည်ဟဲဇီကျုံးကယခုနေထိုင့်သည့်အိမ်၏ပိုင်ရှင်ဖြစ်ကြောင်းကိုအတည်ပြုခဲ့ပြီး အခန်းတစ်ခန်းပြီးတစ်ခန်းဝင်ကာ ဇွန်ဘီများရှိမရှိကိုလည်းစစ်ဆေးခဲ့သည်။ လက်နက်ကိုင်စစ်သားအများစုသည် ဆုတ်ခွာသွားခဲ့ပြီးမှတ်ပုံတင်အရာရှိနှစ်ဦးသာ ကျန်တော့သည်။
"ဒါက?"ဟဲဇီကျုံး၏ကိုယ်ရေးကိုယ်တာအချက်လတ်ကိုစာရင်းသွင်းသည့်စစ်သားများသည်ဖန်ဟောင်ကိုကြည့်နေကြသည်။
"ကျွန်တော်ချစ်သူ"
………….
……………..
……………………….
အိမ်ထဲတွင်တိတ်ဆိတ်သွားပြီးမှတ်ပုံတင်သည့် စစ်သားများသည်အနည်းငယ်ကြတ်သေသေသွား ကြသည်။သူတို့ကgayတွေကိုမြင်ဖူးပေမယ့်ဒီလိုမျိုးတည်ငြိမ်ပြီးယုံကြည်မူရှိတဲ့သူ့ကိုတစ်ခါမှမတွေ့ဖူးဘူး။
ပုံစံတူလက်စွပ်နှစ်ကွင်းကိုစွပ်ထားတဲ့သူတို့ကိုကြည့်ပြီးမှတ်ပုံတင်စားရင်းကောက်နေတဲ့စစ်သားသည် အခြားလူကြီးကိုအကူညီတောင်းပြီး"ဘာလိုရေးလိုက်ရမလဲ၊ဘယ်လိုရေးသင့်လဲ"ဟုတိုးတိုးလေးပြော နေသည်။တကယ်ကိုချမ်းသာတဲ့နယ်မြေဘဲ၊ စတိုင်လ်ကသာမာန်လူတွေနဲ့မတူဘူး။
"အိမ်ထောင်ဖတ်လို့ဘဲရေးလိုက်"အခြားတစ်ယောက်ကပိုပြီးတော့တည်ငြိမ်သည်။ဘာဘဲဖြစ်ဖြစ် အခုကကမ္ဘာပျက်နေတာဖြစ်ပြီး လိင်တူကြိုက်နှစ်သတ်ခြင်းသည်ဥပဒေကို ချိုးဖောက်နေတာလည်းမဟုတ်ပေ။သူတို့ကဒါနဲ့ ပတ်သတ်ပြီးဘာအနှောက်ယှတ်ဖြစ်စရာရှိလဲ။ ပြီးတော့အဲ့ဒါကိုရေးလိုက်ရုံဘဲ။
ကိုယ်ရေးအချက်အလတ်များကိုဖြည့်သွင်းပြီးနောက်စစ်သားနှစ်ယောက်သည်ထပ်မေးပြန်သည်"မင်းတို့ကဒီမှာအမြဲနေတာလား?ထပ်သွားဖူးသေးလား"
"အရင်ကFမြို့မှာအလုပ်တွေရှုပ်နေခဲ့တာ ကမ္ဘာစပျက်တဲ့နေ့ကတည်းကအဲ့ဒီမှာမလုံခြုံဘူး ထင်လို့ ကျွန်တော်တို့ပြန်လာခဲ့တာ။ကျွန်တော်တို့ ဒီကိုတတိယနေ့ကပြန်ရောက်တာ"ရပ်ကွတ်အတွင်းမှာရှိတဲ့စောင့်ကြည့်ရေးကင်မရာတွေကိုဖြေရှင်းပြီးသွားပြီဖြစ်သော်လည်းလမ်းအပြင်ဘတ်မှာလည်း စောင့်ကြည့်ရေးကင်မရာတွေရှိသည်။သူတို့ရှာတွေ့နိုင်မလားဆိုတာကိုမသိနိုင်ဘူး။
"ကြားထဲမှာကောအပြင်ထွက်တာတွေဘာတွေ ရှိသေးလား"
"မနေ့ကနေ့လည်ခင်းလောက်က အပြင်ကိုထွက်သေးတယ်"
"အိမ်မှာဘာစားစရာမှမရှိလို့"
စစ်သားနှစ်ယောက်ဒဏ်ရာတွေဘာတွေရှိသေးလားမေးပြီးတော့နောက်ထပ်အများကြီးဘာမှထပ်မမေးတော့ပေ။အပြင်မှာကာလတော်တော်ကြာကြာ ဖရိုဖရဲဖြစ်နေခဲ့ပြီးလူတွေအစားအသောက်နဲ့ရေရှာဖို့အပြင်ထွက်တာကပုံမှန်ဖြစ်သည်။အိမ်မှာနေတဲ့လူတွေထက်တော့အပြင်ထွက်ပြီးရှာဖွေတဲ့လူတွေကပိုကောင်းသည်။
ယာယီသတ်သေခံကတ်ပြားထုတ်ပေးပြီးနောက်သူတို့ကဟဲဇီကျုံးနှင့်ဖန်ဟောင်အား"နောက်နှစ်ရက် လောက်အထိအပြင်မထွက်ပါနဲ့ရပ်ကွတ်ကို ရှင်းလင်းပြီးတဲ့အထိစောင့်ပေးပါ၊အခြေနေတစ်ခုခုရှိလာရင်ကျွန်တော်တို့အကြောင်းကြားပေးပါ့မယ်"လို့ပြောခဲ့သည်။
နှစ်ယောက်သားသူတို့ကိုတံခါးအထိလိုက်ပို့လိုက် ရင်းနဲ့ဖန်ဟောင်ကအခွင့်ကောင်းယူကာ"စစ်တပ်က ဒီနေရာမှာအခြေစိုက်စခန်းလုပ်မှာလား"လို့မေးမြန်းခဲ့သည်။ဘာဘဲဖြစ်ဖြစ်စစ်တပ်ကအနီးနားမှာရှိနေ ခြင်းသည်သာမာန်လူတွေအတွက် စိတ်အေးချမ်းလုံခြု့မူကိုရစေသည်။
"အင်းအဲ့လိုဘဲပေါ့"စစ်သားများကဟုတ်မှန်ကြောင်းသဘောတူတဲ့အနေနဲ့ခေါင်းငြိမ့်ခဲ့သည်။မဟုတ်ရင် အစိုးရပိုင်းကရာထူးကြီးတဲ့သူတွေနဲ့သူဌေးတွေကကျောင်းမှာစောင့်နေမလား။ဆုံးရှုံးသွားသောနယ်မြေတွေကိုဖြည်းဖြည်းချင်းပြန်မသိမ်းယူနိုင်သေးခင်ယာယီစခန်းကိုတည်ထောင်တာကအံဩစရာတော့ မဟုတ်ပေ။
စစ်တပ်မှာအလွန်ကောင်းတဲ့အမြင်ရှိသည်။ Aမြို့ပြဧရိယာမှရပ်ကွတ်အတွင်းသို့ဝင်ရောက်ရန် မြစ်တစ်ခုကိုဖြတ်ဖို့ရန်လိုအပ်သည်။သူတို့ကမြစ်ကို ဖြတ်သန်းရန်ဆောက်ထားတဲ့တံတားကိုစောင့်ကြည့်နေရုံသာဖြစ်ပြီးအခြားဦးတည်ရာဘတ်ကနေ နံရံဆောက်လိုက်ရင်ယာယီအခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်သည်။အဲ့ဒါအပြင်၎င်းတို့သည် ဆုံးရှုံးသွားသောနယ်မြေကိုပြန်လည်ရယူရန်မြို့ပြဧရိယာအတွင်းသို့အလွယ်တကူဝင်ရောက်နိုင်သည်။
ဟုတ်ပါတယ်ဒါကမြို့ပြဧရိယာမှာရှိတဲ့ဇွန်ဘီတွေရဲ့ levelကပေးတဲ့အခြေနေဖြစ်သည်။အမှန်တော့ ဇွန်ဘီတွေနဲ့အခြားဇွန်ဘီတိရစ္ဆာန်တွေ ဆင့်ကဲပြောင်းလဲလာလိမ့်မယ်လို့ဘယ်သူမှ မထင်ခဲ့တာဖြစ်သည်။
စစ်မှုထမ်းများထွက်ခွာသွားသည်နှင့်ဟဲဇီကျုံးသည်စောင့်ကြည့်ရေးကရိယာများကိုပြန်လည်တပ်ဆင် ခဲ့ပြီးဖန်ဟောင်သည်အခန်းကိုတက်ကြွစွာဖြင့်စတင်သန့်ရှင်းရေးလုပ်ခဲ့သည်။အဲ့တာကဟန်ပြဆိုရင် တောင်ဒါကိုသူတို့နှစ်ယောက်ရဲ့"အိမ်"လို့ပြောခဲ့သည်။အကယ်လို့သန့်ရှင်းမှုကမသပ်ရပ်နေရင်အိမ်အလုပ်ကိုတာဝန်ယူထားတဲ့သူ့ရဲ့စိတ်ထဲမှာတကယ်ကို ရှက်ရွံ့နေလိမ့်မယ်!!
"ပိုက်ထဲကလာတဲ့ရေတွေကိုအသုံးမပြုတာ ပိုကောင်းလိမ့်မယ်"ဖန်ဟောင်အခန်းသန့်ရှင်းရေး လုပ်နေတာကိုတွေ့တော့ဟဲဇီကျုံးသည်သာမာန်အတိုင်းကန့်ကွတ်ခြင်းမရှိခဲ့ပါဘူး။ဒါကအစတုန်းက နမူနာပြထားတဲ့အိမ်ဖြစ်သည်။အထဲထဲမှာဘာတွေကိုဘယ်သူတွေထိထားမှန်းဘယ်သူသိမလဲသန့်ရှင်းရေးလုပ်ခြင်းကသာစိတ်ချစေသည်။ ရေအနေနဲ့ကတော့…………သူ့အရင်ဘဝတုန်းက ရေပိုက်ထဲကရေကိုသောက်လို့ဇွန်ဘီအဖြစ်ပြောင်းသွားတဲ့တစ်ယောက်ယောက်ကို ဘယ်သူမှမမြင်ခဲ့သော်လည်းကောလဟာလတွေကမရပ်တန့်ခဲ့ပေ။အခြေစိုက်စခန်းရှိလူတိုင်းကလည်း ရေကိုမသောက်သုံးမီအကြိမ်ပေါင်းများစွာသန့်စင်ဖို့လိုအပ်သည်။အကယ်လို့သူတို့အဲ့တာကို ရှောင်ကြဉ်နိုင်ရင်ဘာလို့မရှောင်ဘဲနေရမှာလဲ။
"အိုး အိုကေ"ဖန်ဟောင်ကဟဲဇီကျုံးကိုနေရာလွတ်ထဲကနေရေတစ်ပုံးလောက်ထုတ်ပေးဖို့ရန်တောင်းဆိုခဲ့သည်။"ဘယ်ရေကိုခပ်ပေးရမှာလဲ"
"ရေတံခွန်ကနေကျလာတဲ့ရေ"ရေတံခွန်ကရေက အရမ်းသန့်ရှင်းသည်။သူ့အရင်ဘဝတုန်းကဟဲဇီကျုံးသည်ရေတံခွန်ကနေကျလာတဲ့ရေကိုသောက်ရန် အသုံးပြုခဲ့တာဖြစ်ပြီးဘာပြဿနာမှမရှိပေ။ငါးတွေကကန်ထဲမှာသာရှိပြီးအပေါ်ကနေစီဆင်းလာတဲ့ရေတွေပေါ်မှာတော့ဘာမှသတ်ရောက်မူမရှိပေ။ ထို့ကြောင့်အခန်းသန့်ရှင်းရေးလုပ်ရန်အတွက်ထိုရေကိုအသုံးပြုတာကလုံးဝအဆင်ပြေသည်။
နေရာလွတ်ထဲမှာတောင်ဖန်ဟောင်စားပွဲသုတ်တာ ဒါမှမဟုတ်အိမ်ကအရာများကိုဆေးကြောတဲ့အခါ ထိုရေကိုဘဲအသုံးပြုတာဖြစ်သည်။
နှစ်ယောက်သားနေရာလွတ်ထဲကိုအလျင်စလိုမဝင်ခဲ့ကြဘူး။ဒီနေ့ရပ်ကွတ်အတွင်းမှာတော်တော်လေး ရှုပ်ယှတ်ခတ်နေပြီးဒီအခြေနေတွင်အပြင်မှာနေတာကပိုကောင်းသည်။
ဗီလာဧရိယာတွင်နေထိုင်မှုနှုန်းသည်အရင်ကအရမ်းနိမ့်သည်။ကမ္ဘာပျက်ကပ်ထဲရောက်နေတာကို မကြော်ညာဘဲရဲများသည်လူတစ်ချို့ကိုကယ်ထုတ်ဖို့ရန်ကျန်ခဲ့သည်။ဒါပေမယ့်အခုတော့………. လူအများစုသည်စစ်တပ်နှင့်အတူဒီနေရာသို့ပြောင်း ရွှေ့လာကြောင်းကိုမသိလိုက်ပေ။
ဗီလာဧရိယာအတွင်းသို့စစ်သားများဝင်လာပြီး သူတို့သော့ရခဲ့သည့်နေရာတိုင်းကအခန်းအားလုံးနှင့်အိမ်တစ်အိမ်ကဇွန်ဘီနှစ်ကောင်အပါအဝင်အကုန်လုံးကိုရှင်းလင်းခဲ့သည်။နှစ်နာရီအတွင်းမှာဘဲ ဧရိယာကိုရှင်းလင်းခဲ့ပြီးပိုးသတ်ခဲ့သည်။
နာရီဝက်အကြာတွင်သံချပ်ကာယာဉ်များ လိုက်ပါစောင့်ရှောက်မူနှင့်အတူ အဆင့်မြင့်ကားအချို့သည်တစ်စီးပြီးတစ်စီး ရပ်ကွတ်အတွင်းသို့မောင်းဝင်လာကြသည်။
မူလကဒီမှာနေထိုင်ခဲ့ကြသောလူများသည်သူတို့၏အိမ်သို့ပြန်သွားကြပြီးကျန်ခဲ့သောခေါင်းဆောင်များကိုစစ်သားများ၊ရုံးဝန်ထမ်းများသည်မရောင်းရသေးသောဗီလာများ၏သော့များကိုပေးပြီးလိုက်လံပြသခဲ့သည်။ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရှိတဲ့လူတစ်ချို့ကလည်းအိမ်အချို့ကိုရရှိခဲသည်။ဒါတောင်မှဗီလာဧရိယာအတွင်းမှာ အခန်းလွတ်တွေအများကြီးကျန်သေးသည်။
တစ်ချိန်တည်းမှာပင်အနီးနားကအထပ်မြင့်အဆောက်အအုံများရှိသည့်ရပ်ကွတ်များကိုလည်း ရှင်းလင်းရေးလုပ်ငန်းများကို တဖြည်းဖြည်းဆောင်ရွတ်နေခဲ့သည်။
တစ်စုံတစ်ယောက်ကအိမ်ထဲမှာရှိသည့်ဖြစ်စေမရှိသည်ဖြစ်စေစစ်သားများကအတင်းဝင်ရောက်ပြီး ရှင်းလင်းကြလိမ့်မည်။အဲ့ဒီအထပ်မြင့်အဆောက်အအုံများသည်ဗီလာဧရိယာကဲ့သို့လက်ဗွေရာလော့ခတ်ခြင်းနှင့်passwordများဖြင့်လော့ခတ်သည့်စနစ် မရှိပေ။သို့သော်လည်းအခန်းများသည်သိပ်သည်းပြီးနေထိုင်သူအများကြီးရှိခြင်းကြောင့်ပိုပြီးဒုက္ခရောက်သည်။
"သူတို့အကုန်လုံးကိုတစ်ရက်ထဲနဲ့ပြီးအောင်လုပ်ဖို့ တော့မဖြစ်နိုင်ဘူးမလား"ဖန်ဟောင်က ပြတင်းပေါက်အပြင်ဘတ်ကိုကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ရပ်ကွတ်အတွင်းတွင်လူတွေနေထိုင်တာကိုမြင်ရပြီဖြစ်သော်လည်းလူအများစုသည်အိမ်ထဲမှာဘဲနေနေပြီးအပြင်ထွက်လာဖို့သတ္တိမရှိပေ။အခြေခံအားဖြင့်ပြောင်းရွှေ့သူအများစုသည်စစ်တပ်ကဖြစ်သည်။စစ်သားများသည်ကင်းလှည့် စစ်ဆေးနေကြသည်။အသတ်ရှင်ကျန်ရစ်နေတဲ့ လူများကိုမြင်ရတာအသတ်ရှင်နေထိုင်နိုင်ရန် အတွက်ပြေးလွှားနေခဲ့တဲ့ဖန်ဟောင်နဲ့ဟဲဇီကျုံးတို့ကိုစိတ်အေးချမ်းသက်သာမှုကိုရစေသည်။
"အင်းမဖြစ်နိုင်ဘူး၊ဒီတစ်ဝိုက်မှာကလူနေရပ်ကွတ်တွေအများကြီးရှိပြီးအထွေထွေဆေးရုံကြီးလည်းရှိတယ်၊အထွေထွေဆေးရုံရဲ့ဘေးမှာသားဖွားဆေးရုံနဲ့ ကလေးဆေးရုံတောင်ရှိသေးတယ်"ဟဲဇီကျုံးကပုခုံးတွန့်လိုက်ကာ"အစတုန်းကဇွန်ဘီတွေရှင်းလင်းရေး လုပ်နေတာကိုအခွင့်ကောင်းယူပြီးဒီနားကရတနာဆိုင်နဲ့ကျောက်စိမ်းအရောင်းဆိုင်ကိုသွားမလို့စဉ်စားထားတာ"
ဖန်ဟောင်ကရည်လိုက်ပြီး"အလောတကြီးလုပ်စရာမလိုပါဘူး…ဖြေးဖြေးချင်းလုပ်လည်းရပါတယ်… အာစကားမစပ်ဟင်းချက်ပစ္စည်းအချို့ကို ထုတ်ပေးဦးအချိန်ရှိတုန်းကျွန်တော် အေးအေးဆေးဆေးနဲ့ဟင်းတစ်ခွက်လောက်ချက်လိုက်ဦးမယ်"
ဟဲဇီကျုံးကကူကယ်ရာမဲ့စွာသတ်ပြင်းချလိုက်သည်။သူတကယ်ကိုဖန်ဟောင်အလုပ်တွေအများကြီး လုပ်နေတာကိုမမြင်ချင်ပေမယ့်အခုချိန်မှာတော့TV တောင်မကြည်နိုင်ပေ-အခန်းထဲကTVကပစ္စည်းတစ်ခုသာသာဘဲကေဘယ် ကြိုးလုံးဝမရှိဘူး။
နှစ်ယောက်သားမီးဖိုချောင်သို့ပြေးသွားကြသည်။ ဖန်ဟောင်ထမင်းလိပ်အချို့ပြုလုပ်ရန်ဆုံးဖြတ်လိုက်ပြီးအဘယ်ကြောင့်ဆိုသော်သူရဲ့စကားအတိုင်း"ချက်ဖို့လည်းလွယ်သလိုစားဖို့လည်းလွယ်ကူတယ်"
ဟဲဇီကျုံးမှာဘာမှလုပ်စရာမရှိပေအဲ့တာကြောင့်သူကပါဝင်ပစ္စည်းတွေဖြစ်တဲ့သခွားသီးနဲ့မုန့်လာဥနီအစရှိသည့်အရာတွေကိုလှီးဖြတ်ရန်ကူညီခဲ့သည်။
သူတို့နှစ်ယောက်ကခဏလေးအတွင်းမှာဘဲအများ ကြီးလုပ်ခဲ့သည်။ချက်ပြုတ်နေစဉ်တွင်ခဏခဏ စနောက်ကြပြီးအရသာကိုမြည်စမ်းကြသည်။ နေ့လည်စာတောင်စားခဲ့ကြသည်။ထိုကြောင့်ထမင်းချက်ရန်ပေါင်းအိုးနှစ်လုံးကိုအသုံးပြုခဲ့ကြသည်။ နေရာလွတ်ထဲတွင်စိုက်ပျိုးထားသောသခွားသီးများနှင့်မုန့်လာဥနီအများအပြားကိုလည်းအသုံးပြုခဲ့ကြသည်။
"ဒီညဘယ်လိုလုပ်မလဲ၊ကျွန်တော်တို့အထဲမှာအိပ်မှာလားအပြင်မှာအိပ်မှာလား"ဖန်ဟောင်ကဟဲဇီကျုံးရဲ့လက်မောင်းကိုမှီတွယ်ထားပြီးနှစ်ယောက်သားဒုတိယအထပ်ရှိmater bedroomအခန်းထဲက အိပ်ယာအကြီးကြီးပေါ်တွင်ပွေ့ဖတ်အိပ်နေကြသည်။အိပ်ယာကနေရာလွတ်ထဲကဟာထက်ပိုကြီးပြီးပိုသက်တောင့်သက်သာဖြစ်သည်။
"ဒီနေ့ညတော့အပြင်မှာဘဲနေကြတာပေါ့၊အပြင်ကအခြေနေတွေတည်ငြိမ်ပြီဆိုမှနေရာလွတ်ထဲမှာ နေကြတာပေါ့"ဟဲဇီကျုံးကဆုံးဖြတ်ခဲ့သည်။
တစ်နေ့လုံးအပြင်ဘတ်တွင်သေနတ်ပစ်သံများက မရပ်တန့်ခဲ့ပေ။အခုတောင်မှအဝေးကြီးကနေတောင်လှုပ်ရှားမူတွေကိုကြားနိုင်ဆဲဖြစ်သည်။
သူတို့နှစ်ယောက်သည်အတွဲတိုင်းတွင်မလုပ်အပ်ဟုတားမြစ်ထားသောအရာကိုချိုးဖောက်လိုက်သကဲ့သို့ပင်နောက်နေ့တွင်မမျှော်လင့်ထားသည့်အရာများ ကြုံမည်ကိုကြောက်သောကြောင့်ညဘတ်တွင် လေ့ကျင့်ခန်းမလုပ်ချင်ကြပေ။ဒါပေမယ့်မီးတွေပိတ် ပြီးအတူတူလှဲလိုက်တဲ့အခါနီးနီးကပ်ကပ်နေရသောကြောင့်စိတ်မထိန်းနိုင်တော့ဘဲအတူတူလူးလှိမ့်ကြသည်။
နှစ်ယောက်သားအချိန်တော်ကြာအောင်ရှုပ်ထွေးရစ်နှောင်နေကြသည်။ဟဲဇီကျုံးသည်သူ၏ "အလွန်ကောင်းမွန်သော"ဘတ်ကိုလက်တွေ့ လုပ်ဆောင်မူများဖြင့်ပြသခဲ့သည်။နှစ်ဘဝလုံးမှာသတ်သတ်လွတ်နေခဲ့ရသမျှအခုမှညစာကို တစ်ဝကြီးစားသုံးနေခဲ့သည်။ဖန်ဟောင်သည် သူ့လက်မောင်းအတွင်းမှာတုန်ခါနေကာလက်လေးတစ်ချောင်းတောင်မမြှောက်နိုင်တော့ပေ။
"ဇီကျုံး….."ဖန်ဟောင်ရဲ့အသံလေးသည်အနည်းငယ်ရီဝေနေခြင်းကြောင့်ဟဲဇီကျုံးသည်သူ့နှလုံးသားထဲတွင်အနည်းငယ်ခုန်မြန်သွားတာကိုခံစားလိုက်ရသည်။မဟုတ်ဘူး၊အကယ်လို့သူ့ဆက်လုပ်နေမယ်ဆိုရင်ဖန်ဟောင်မနက်ဖြန်တကယ်ကိုထနိုင်တော့မှာမဟုတ်ဘူး!!
သူ့လက်မောင်းထဲမှအလွန်မောပန်းနွမ်းနယ်နေ သောလူကိုနမ်းလိုက်ပြီးဟဲဇီကျုံးသည်သူ့ကို တင်းတင်းကျပ်ကျပ်ဖတ်လိုက်ကာ"အိပ်တော့'
သူ့အသံကဖန်ဟောင်နားထဲမှာထပ်တူသတ်ရောက်မူရှိတယ်ဆိုတာမသိတဲ့ဟဲဇီကျုံးကမျက်လုံးတွေကိုမှိတ်လိုက်သည်။သူ့လက်မောင်းထဲကလူကခေါင်းကိုမော့ပြီးမေးစေ့ကိုနမ်းလိုက်တဲ့အခါသူ့နှုတ်ခမ်းတွေကိုထိတွေ့ဖို့ခေါင်းမငုံဝံ့တော့ပေသူ့နောက်တစ်ကြိမ်ထိန်းချုပ်မူလွတ်သွားမှာကြောက်လို့ဖြစ်သည်။
နေရာလွတ်ထဲမှာမအိပ်ခြင်းသည်မှန်ကန်သော ရွှေးချယ်မူဖြစ်ခဲ့သည်။နောက်တစ်နေ့မနက်အစောတွင်စစ်တပ်ကလူတွေကိုတံခါးဆီသို့လွှတ်လိုက်သည်။အနီးနားကနေရာအများစုကိုရှင်းလင်းပြီးခဲ့ပြီဖြစ်ပြီးဆေးရုံကတော့အန္တရယ်များသောနေရာအဖြစ်သတ်မှတ်ထားသေးသည်။သူတို့အခြားဧရိယာတွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာလို့ရပြီဖြစ် သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးကိုအထူးဂရု ပြုရမည်ဖြစ်သည်။အပြင်မထွက်တာအကောင်းဆုံး ဖြစ်ပေမယ့်မဖြစ်မနေတော့ထွက်နေရဦးမှာဖြစ်သည်။
အကယ်၍မတော်တဆမှုမရှိခဲ့ပါတာဝန်ရှိသူများသည်သုံးရက်အတွင်းဒုတိယအကြိမ်လူဦးရေစာရင်း ကောက်ယူမည်ဖြစ်သည်။