တစ်ညလောက်အနားယူပြီးနောက်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်နောက်တစ်နေ့မနက်ခင်းအစောတွင်ကားပေါ်တက်ရန်အဆင့်သင့်ဖြစ်သည်။ဖန်ဟောင်ကသူ့လက်မောင်းထဲတွင်လွယ်အိတ်တစ်လုံးကိုင် ထားရဆဲဖြစ်ပြီးအထဲတွင်နေရာလွတ်ထဲဝင်ဖို့ငြင်းဆန်နေတဲ့သွမ့်ဇီရှိနေသည်။ဘာဘဲဖြစ်ဖြစ်အဲ့တာက မားမားရဲ့လက်မောင်းထဲမှာဘဲမဟုတ်ဘူးလား?
သူ့ကိုယ်တိုင်လမ်းလျှောက်ရန်မလိုတဲ့သွမ့်ဇီသည် ဖန်ဟောင်ရဲ့ပွေ့ဖတ်မူကိုခံစားရင်းမျက်လုံးလေးကိုမှေးစင်းထားသည်။ညဘက်တွေမှာသူကိုမခေါ်ဘဲရေချိုးခန်းထဲမှာဂိမ်းကစားဖို့ဘယ်သူပြောခဲ့လို့လဲ?နေ့တစ်ချိန်လောက်သူ့ကိုပွေ့ဖတ်ထားတာဘာဖြစ်မှာမို့လို့လဲ?
Samsaraအသင်းရှိရာအဆောက်အဉီးအောက်ထပ်သို့သူတို့စုံတွဲရောက်သောအခါအသင်းထဲက လူအများစုလည်းနေရာယူထားကြသည်။Samsaraရဲ့ဘေးတွင်ကားတစ်ဒါဇင်နီးပါးရှိနေပြိးယခင်ကထက်အရေအတွက်အနည်းငယ်ပိုများပုံရသည်။ကား အားလုံးနီးပါးသည်စွမ်းရည်မြင့်အကြမ်းခံပြီးကြံခိုင် သောအမျိုးအစားဖြစ်သည်။
ဟဲဇီကျုံးတို့ရောက်လာတာကိုမြင်သောအခါလျိုကျန့်ဖုန်းသည်ဓာက်ဆီတစ်စည်နဲ့ရောက်လာသည်" မင်းတို့စည်ဖြည့်ကြမလား?"
"၇၀%လောက်ရှိတယ်"
"အဲဆိုလည်းငါတို့လမ်းမှာနားမှပြန်ဖြည့်ကြတာပေါ့"သူ့ကပြောရင်းနဲ့သူလက်ထဲကwalkie-talkie(လမ်းလျှောက်စကားပြောစက်)ကိုပေးလိုက် ပြီးလှည့်ကာဘေးနားကကားဆီသို့လျှောက်သွားလိုက်သည်။ဖန်ဟောင်သည်လျိုကျန့်ဖုန်းလက်တစ်ဖက်ထဲဖြင့်ကြီးမားသောသံစည်ပိုင်းကြီးကိုပေါ့ပေါ့ပါးပါးသယ်ထားတာကိုကြည့်ပြီးဖန်ဟောင်ကတိတ်တဆိတ်အံဩသွားသည်။"ခွန်အားစွမ်းအားရှင်တွေရဲ့ ခွန်အားကအံ့ဩစရာဘဲ"
"အဲဒါကြောင့်သူ့ကအလုပ်ကြိုးစားဖို့တာဝန်ရှိတယ်"ဟဲဇီကျုံးကရီလိုက်ပြီးဖန်ဟောင်ဆံပင်လေးတွေကို ဖွလိုက်သည်။
ကျန်နေတဲ့အသင်းသားတွေရောက်ဖို့အတွက်အချိန်သိပ်မကြာလိုက်ပေ။ကားတစ်စီးတွင်အနည်းဆုံးလူနှစ်ယောက်ရှိပြီးအရေးပေါ်အခြေနေတွင် အလှည့်ကျမောင်းနှင်ရန်ပြင်ဆင်ထားသည်။အကုန်လုံးအသင့်ဖြစ်နေပြီဆိုတာသေချာအောင်လုပ်ပြီး နောက်အင်အားကြီးမားသောတစ်စုတစ်စုလိုမျိုး အသင်းသည်အရှေ့ဘက်ဂိတ်သို့မောင်းနှင်သွားသည်။
ဟဲဇီကျုံးကားအပါအဝင်ကားတန်းကြီးတစ်ခုလုံးသည်စုစုပေါင်း၁၁စီးရှိပြီးယခုအချိန်အသင်းများကြားတွင်တော်တော်လေးများပြားသောအရေအတွက်ဖြစ်သည်။လူဦးရေအရဆိုရင်၂၀ကျော်ပဲရှိပေမယ့်ကား အရေအတွက်သည်အခြားသောအသင်းကြီးများထက်အရေတွက်ပိုများသည်။
သူတို့အနောက်ဘက်ဂိတ်သို့ရောက်သောအခါကား များသည်တစ်ကားပြီးတစ်ကားဂိတ်မှထွက်ရန်တန်းစီရသည်။ဂိတ်အပြင်ဘက်ကနေရာလွတ်တစ်ခုမှာပြင်ဆင်မူတစ်ချို့ပြုလုပ်ပြီးကားအားလုံးရောက်တာ သေချာပြီးမှအတူတကွထွက်ခွာကြသည်။
ဂိတ်အပြင်ဘက်သို့ထွက်သောအခါoverloardအသင်းနဲ့ထပ်ဆုံပြန်သည်။ဒီနေ့ဟဲဇီကျုံးနှင့်ဖန်ဟောင် ရဲ့ဝတ်စုံများသည်အတော်လေးပြည့်စုံသည်-ဦးထုပ်၊နေကာမျက်မှန်၊maskအကုန်လုံးနီးပါးကိုဝတ်ဆင်ထားပြီးပြတင်းပေါက်ပိတ်ထားသည်။
သူတို့ရဲ့ကားနဲချူးလီလီရဲ့ကားသည်ခဏလောက် ဘေးချင်းကပ်ဖြစ်နေပေမယ့်ဟဲဇီကျုံးနှင့်ကားတံခါးဘေးနားမှာထိုင်နေတဲ့ဖန်ဟောင်တို့ကိုချူးလီလီကမမှတ်မိပေ။
"ကားတွေနေရာရှိလား၊နေရာမရှိရင်ပြောပါ"ကားအားလုံးရောက်ကြောင်းအတည်ပြုပြီးနောက် စကားပြောစက်မှအသံတစ်ခုထွက်ပေါ်လာသည်။" သွားမယ်၊ဖွဲစည်းထားတဲ့ပုံစံရှုပ်မသွားစေနဲ့၊ အရှေ့ကကားနောက်လိုက်၊ကားမှားပြီးလိုက်မမိစေနဲ့၊အခြေနေတစ်ခုခုထူးခြားရင်စကားပြောစက်ကို သုံးလိုက်"
အကွာအဝေးအနည်းငယ်ပိုဝေးနေပါက မီးခိုးရောင်မြူမှအချက်ပြမှုများကိုအနှောက်အယှတ်ပေးသောကြောင့်စကားပြောစက်အသုံးပြုရတာကလည်း အရမ်းခက်ခဲသည်။ကံမကောင်းစွာဖြင့် ကား၁၁စီးရဲ့အကွာအဝေးသည်သိပ်မဝေးသော ကြောင့်သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုမြူခိုးတွေရဲ့အကျိုးသက်ရောက်မူမရှိဘဲတစ်ကားနဲ့တစ်ကားဆက်သွယ်နိုင်သည်။
မနေ့ကအခြေစိုက်စခန်းသညသ်မစ်ရှင်များအတွက်ဆုလာဒ်များကိုမြှင့်တင်ပြီးနောက်ဒီနေ့မနက်တွင် မစ်ရှင်လုပ်ဆောင်ရန်အသင်းအများစုသည်အပြင်ထွက်လာကြသည်။အနောက်ဘက်ဂိတ်တွင် အဆုံးကို မမြင်ရလုနီးပါးယာဉ်တန်းကြီးသည်နဂါးတစ်ကောင်လိုရှည်လျားနေသည်။
ယာဉ်တန်းကြီးရဲ့ပစ်မှတ်အများစုသည်Aမြို့၏မြို့ပြ ဧရိယာဖြစ်ပြီးမြို့ရဲ့အစွန်အဖျားသို့ယာဉ်တန်းကြီး မောင်းသောအခါ"အသံကြားသော"ဇွန်ဘီများနဲ့ ကြုံတွေ့လိုက်ရသည်။
အသင်းအားလုံးနီးပါးသည်တိုက်ခိုက်ရန်ဆန္ဒမရှိပေ။ အခြေစိုက်စခန်းကအဏုမြူကျောက်တုံးများကို စုဆောင်းသော်လည်းတစ်ကြိမ်မှာတစ်ကောင်ချင်းစီသတ်ဖို့ဘယ်သူကအချိန်ရှိမှာလဲ။
ကားများသည်လမ်းတွင်ပိတ်ဆို့နေဇွန်ဘီများကိုတက်ကြိတ်သွားကြပြီးမတူညီတဲ့လမ်းတွေဆီသို့ ကွေ့လိုက်ကြသည်။ရှည်လျားပြီးအဆုံးမရှိသော ယာဉ်တန်းသည်နောက်ဆုံးတွင်လူစုကွဲသွားသည်။