ဟဲဇီကျုံးကပြတင်းပေါက်ရှေ့တွင်ရပ်နေပြီးအဖြစ် ပျက်များကိုအေးစက်စွာကြည့်နေသည်။သူ့အရင် ဘဝတုန်းကလည်းသူ့မှာဒီလိုမျိုးအေးအေးဆေး ဆေးမနေခဲ့ရဘူး။သူအရင်ဘဝကလည်းဒီနေ့မှာအိမ်ရဲ့ပြတင်းပေါက်ရှေ့မှာတစ်နာရီခွဲလောက်ကြာ အောင်ရပ်နေမိခဲ့တာကိုမှတ်မိသေးသည်။
"ပြီးသွားပြီလား"သူ့မနေ့ညကလိုဘဲရေချိုးခန်းထဲကတစ်စုံတစ်ယောက်ထွက်လာတာကိုတွေ့ပေမယ့် ဒီချိန်မှာတော့ဟဲဇီကျုံးကတစ်စုံတစ်ခုပြုလုပ်ပြီး သေခြင်းတရားကိုရှာဖို့သတ္တိမရှိဘူး။
"ဟုတ်……ဟိုဟာ"ဖန်ဟောင်အသံကတုံ့ဆိုင်းနေသည်။
"ဘာဖြစ်လို့လဲ"
"အဲ့တာက….ရေချိုးခန်းထဲမှာထူးဆန်းတဲ့အသံတွေ ကြားနေရတယ်"
ဖန်ဟောင်ကရေချိုးခန်းပိုက်တွေရှိကနေအသံတွေထွက်လာတော့အစကရေချိုးခန်းတွေထဲမှာ တစ်ယောက်ယောက်ရန်ဖြစ်နေတာလို့ထင်ခဲ့သည်။ဒါပေမယ့်ပိုနားထောင်လေအဲ့ဒီအသံကနည်းနည်း ကြောက်စရာကောင်းတယ်လို့ခံစားလာရသည်။
ဟဲဇီကျုံးသည်မျက်ခုံးပင့်ကာရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ကော်နဲ့ဖုံးထားတဲ့ဆေးကပ်တဲ့ ကြမ်းပြင်မှာလမ်းလျှောက်နေတဲ့တစ်စုံတစ်ယောက်ကအရသာရှိတဲ့အစားစာတွေကိုဝါးစားနေသလိုမျိုးအသံတွေပိုက်ထဲကထွက်ပေါ်နေသည်။
ရုတ်တရက်တံခါးဘတ်ကနေအော်သံတစ်ခု ထွကပေါ်လာပြီးဖန်ဟောင်ရဲ့မျက်နှာသည်အနီရောင်လေးမှချက်ချင်းဖြူဖျော့သွားသည်။
"မကြောက်ပါနဲ့"ဟဲဇီကျုံးလည်းအရင်တုန်းကအဲ့လိုအကြောက်တရားမျိုးကိုကြုံတွေ့ဖူးပြီးခုချိန်မှာ ဖြစ်နေမည့်အကြောက်တရားမျိုးကိုသူနားလည်သည်။သူပြန်လည်မွေးဖွားပြီးနောက်လမ်းပေါ်မှာသွားလာနေတဲ့သာမာန်လူတွေကိုမြင်ရင်တောင်အစစ်အမှန်မဟုတ်ဟုခံစားရစေသည်။
ဖန်ဟောင်ကဟဲဇီကျုံးလက်မောင်းကိုကိုင်လိုက်ပြီးသူနှလုံးကအထိန်းကွပ်မဲ့စွာခုန်နေသလိုခံစားနေရ ကာအသံကျယ်ကျယ်ဖြင်တောင့်မမေးရဲပေ။
"စီ….စီနီယာ…..အပြင်မှာဘာတွေဖြစ်ကုန်တာလဲ"
အကြောင်းပြချက်တစ်ချို့ကြောင့်သူအမြဲတစေ နမိတ်မကောင်းသလိုစိတ်ထင့်နေတက်သည်။
ဟိုတယ်လ်အခန်းတံခါးမှာချောင်းကြည့်တဲ့အပေါက်လေးမပါသည့်အတွက်သူတို့နှစ်ယောက်ကအပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကိုမမြင်နိုင်ပေ။
ဟဲဇီကျုံးကသူ့ခေါင်းကိုငုံ့လိုက်ပြီးဖန်ဟောင်ကိုကြည့်လိုက်သည်။ဖန်ဟောင်သည်အနှေးနဲ့အမြန် ရင်ဆိုင်ရမည့်အရာတစ်ခုဖြစ်သလို၊သူလည်းအနှေး နဲ့အမြန်ရင်ဆိုင်ရမည့်အရာဖြစ်သည်။
"လာခဲ့"သူ့ကဖန်ဟောင်ရဲ့ပုခုံးကနေတွန်းပြီးပြတင်းပေါက်ရှေ့ကိုခေါ်သွားသည်။မနီးဝေးကဟိုတယ်လ်ဂိတ်တံခါးဝမှာအဖြစ်ဆိုးကြီးတစ်ခုကဖြစ်ပေါ်နေသည်။လူပေါင်းများစွာကလွတ်မြောက်ရန်ကြံဆပြီး ဂိတ်တံခါးဆီမောင်းလာကြသည်။တစ်စုံတစ်ခုအား ဖြည်းညှင်းစွာကိုက်ဖြတ်ရင်းလျှောက်သွားနေသည့်"လူ"အများပြားကလည်းသူတို့မောင်းထွက်သွားတဲ့ဦးတည်ချက်အတိုင်းဒယိုင်းဒယိုင်ဖြင့်လိုက်ဖမ်းနေကြသည်။
ခုနကမောင်းထွက်သွာတဲ့ကားမှရုတ်တရက် ကျယ်လောင်သောဘရိတ်အုပ်သံတစ်ချို့ထွက်ပေါ်လာပြီးလှေကားလက်ရန်းကိုဝင်တိုက်ကာကားပေါ်ရှိတစ်စုံတစ်ယောက်သည်အော်ဟစ်နေပြီးတစ်စုံ တစ်ယောက်ကလည်းဇွန်ဘီအဖြစ်ပြောင်းသွားသည်။
ဖန်ဟောင်တုန်ယင်နေတာမရပ်တော့ဘဲအောက်ကကြောက်မတ်ဖွယ်မြင်ကွင်းကိုစိုက်ကြည့်နေမိသည်။
{{{ငါအိပ်ပျော်နေတာဘဲဖြစ်မယ်၊ဘယ်လိုဖြစ်ပြီးဒီလိုထူးဆန်တဲ့ကမ္ဘာထဲကိုရောက်နေတာလဲ၊ငါဘယ်လိုလုပ်ရင်နိုးထနိုင်မလဲ၊ဒါကဘယ်လိုဖြစ်နိုင်မှာလဲ၊ဒါကဘယ်လိုလုပ်အပြင်မှာအမှန်တကယ်ဖြစ်နိုင်မလဲ၊ငါအိမ်မက်မတ်နေတာဖြစ်မယ်!!!}}
ဝေးကွာသောမြို့၌အမည်မသိနေရာတစ်ခုမှမီးခိုးငွေ့များထွက်ပေါ်လာပြီးတစ်စုံတစ်ရာပေါက်ကွဲသွားပုံရသည်။ယာဉ်အပျက်စီးတွေကနေလွတ်မြောက်လာတဲ့လမ်းသွားလမ်းလာတွေဟာ ကြောက်လန့်တကြားထွက်ပြေးခဲ့ကြသည်။
ဖန်ဟောင်သည်သူ့နောက်မှလက်မောင်းကြီးကိုဆွဲကိုင်လိုက်ခြင်းဖြင့်သူခွန်အားတွေတိုးလာပြီး နွေးထွေးသောရင်ခွင်ကြီးကိုမှီရန်လက်မောင်းကြီးနှစ်ဖတ်ကိုသူပုခုံးပေါ်သို့ရွှေ့လိုက်သည်။
"စီနီယာ"
"မကြောက်နဲ့၊ငါမင်းဘေးမှာရှိတယ်လေ" တည်ကြည်သောအသံလေးကသူ့နှလုံးသားထဲမှ တုန်လှုပ်ခြောက်ခြားမှုများကိုငြိမ်သတ်စေသည်။သူမှာဟဲဇီကျုံးရှိသေးသည်။အချိန်ကြာကြီးချစ်ခဲ့ရပြီး အမြဲတမ်းတွေးနေမိပြီးအတူရှိနေချင်တဲ့တစ်စုံတစ် ယောက်ဖြစ်သည်။
ဖန်ဟောင်ကသူခေါင်းကိုမော့လိုက်ပြီးဟဲဇီကျုံးကို ကြည့်နေမိသည်။
"ဘာတွေဘဲဖြစ်နေဖြစ်နေ၊ငါမင်းနဲ့အတူရှိနေမှာပါ"ဟုတ်တယ်သူတို့နှစ်ယောက်စတွေ့ထဲကသူပြောခဲ့ရင်ထူးဆန်းနေလိမ့်မည်။အချိန်ကြာလာသည်နှင့်အမျှလူမှုရေးဖိအားနှင့်စိတ်အားထက်သန်မှုများလွန်ခြင်းကြောင့်သူနဲ့အတူအချိန်ကြာကြီးမရှိနိုင်ခဲ့မှာကို သူကြောက်သည်။
ဒါပေမယ့်ခုတော့……ဖန်ဟောင်ကဘာတွေဖြစ်ပျက်နေမှန်းမသိပေမယ့်သူမှာအမည်မသိတဲ့စိတ်ထင့် ခြင်းတွေရှိနေပြီးဒါကသိပ်မရိုးရှင်းဘူး။
ဘယ်လိုအန္တာရယ်မျိုးနဲ့ရင်ဆိုင်ရရင်ဆိုင်ရသူဂရုမစိုက်ဘူး၊သူဖြစ်ချင်တာကသူနဲ့အတူရှိဖို့အကောင်းဆုံး ကြိုးစားပြီးသူနဲ့အတူလျှောက်လှမ်းဖို့ဘဲဖြစ်သည်။
ဟဲဇီကျုံးသည်ရေးချိုးခန်းထဲမှာဆေးကြောနေရင်း ရေချိုးခန်းထဲကနေဇွန်ဘီများရဲ့ဟိန်းဟောက်သံကို ကြားနေရသည်။မနက်ခင်းဘဲရှိသေးပြီးအပူချိန်နိမ့်အဖျားကြောင့်သူ့ရဲ့လှုပ်ရှားနိုင်စွမ်းကရုတ်လျော့နေသေးသည်။သူ့အပြင်မှာထောက်ပံ့ရေးပစ္စည်းတွေရှာဖွေရန်လိုအပ်သည်ဒါပေမယ့်ခုချက်ချင်းတော့မဟုတ်သေးဘူး။သူ့နေခင်းရောက်တဲ့ထိစောင့်သင့်သည်။
ထို့အပြင်သူ့နေရာလွတ်နဲ့ပတ်သတ်ပြီးအရေးကြီး သောအချက်တစ်ခုရှိသေးသည်။သူ့ကိုရှင်းပြသင့် လား?
သူ့အရင်ဘဝတုန်းကဖန်ဟောင်သည်သူနေ့ရာလွတ် ရဲ့တည်ရှိမူကိုသိမှန်းဟဲဇီကျုံးသိသည်။ပြီးတော့ဒီလိုမာနကြီးတဲ့ချစ်သူမျိုးကနေရာလွတ်ကိုဖော်ထုတ်ပြီးမေးမြန်းဖို့မဖြစ်နိုင်ဘူး။
ဒါပေမယ့်ခုချိန်မှာတော့သူဘာမှမမေးသေးဘူး၊။သူနဲ့အတူထွက်ပြေးနေရတုန်းကတောင်သူဘယ်တုန်းကမမေးမြန်းခဲ့ပေ။
ဒီဘဝမှာတော့သူ့ရှေ့တွင်နေရာလွတ်ရှိကြောင်းကိုတမင်တကာပြသခဲ့သော်လည်းမမေးသေးပေ။ အများအားဖြင့်သူတစ်စုံတစ်ခုပျောက်သွားတာရှာတွေ့ရင်သောအခါတွငစိတ်လှုပ်ရှားစွာမျက်လုံးများ ပြူးကျယ်လာပြီးသူကိုထိုမျက်လုံးလေးများဖြင့်လေးစားသလိုများကြည့်သည်။
ဒါပေမယ့်……သူအကုန်လုံးကိုနားလည်အောင်ရှင်း ပြချင်လား?
သူနေ့ရာလွတ်ထဲမှာသူတို့နှစ်ယောက်လုံးနေနိုင်ပြီးတစ်ခါတစ်လေကြရင်အပြင်မှာနေပြီးနှစ်ယောက်အတူတူပုန်းတာထက်ပိုလုံခြုလိမ့်မည်။အထူးသဖြင့်တစ်နေ့မှာဆယ်နှစ်နာရီလောက်အဖျားတက်သော ကြောင့်သူ့ရဲ့လှုပ်ရှားနိုင်စွမ်းကိုသတ်ရောက်သည်။
ဒါပေမယ့်……
ဟဲဇီကျုံးကမျက်လုံးကိုမှိတ်ထားလိုက်ပြီးရေအေးထဲသို့သူမျက်နှာကိုငုံ့လိုက်သည်။ဖန်ဟောင် သူ့နေ့ရာလွတ်အကြောင်းကိုသိပြီးသွားရင်ပြောင်းလဲသွားမှာကိုသူကြောက်သည်။ဒါကသူ့အရင်ဘဝကသိုက်ကျွင်းကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ဖန်ဟောင်နဲ့သိုက်ကျွင်းကလုံးဝကိုကွာခြားတဲ့လူတွေမှန်းသူသိပေမယ့်လည်းသူစိုးရိမ်ပြီးတော့ကြောက်ရွံ့နေတုန်းဖြစ်သည်။
ရေချိုးခန်းအပြင်ကိုထွက်လိုက်တော့ဖန်ဟောင်က ပြတင်းပေါက်ရှေ့ကဆိုဖာပေါ်မှာထိုင်နေပြီးအင်တာနက်ထဲမှာသတင်းများကိုရှာရန်ဖုန်းကိုအသုံးပြုနေသည်။သူဘေးနားကဆိုဖာပေါ်မှာစစ်တပ်သုံးမှန်ဘီလူးကိုချထားသည်။ထိုအချိန်တွင်သူမျက်မှောင်ကျုံ့ကာမျက်တောင်မခတ်ဘဲဖုန်းစခရင်လ်ကိုကြည့်နေသည်။
ဆိုဖာပေါ်တွင်သူဘေးနားမှာထိုင်လိုက်မှဖန်ဟောင်ကဟဲဇီကျုံးထွက်လာပြီမှန်းသတိထားမိသွားသည်။
"စီနီယာဒီပြဿာနာကအရမ်းပြင်းထန်ပုံရတယ်၊ဒီလိုအခြေနေမျိုးကကျွန်တော်တို့မြို့တစ်ခုတည်းဖြစ်တာမဟုတ်ဘဲပြည်တွင်းမှာရောပြည်ပမှာပါပျံ့နှံ့နေပုံရတယ်၊လူတွေများကြီးကမနက်နိုးလာတော့မှသူတို့မိသားစုတွေကဇွန်ဘီဖြစ်လာမှန်းသိတာ၊ လူအများစုကညလယ်လောက်မှာဇွန်ဘီတွေအဖြစ် ပြောင်းသွားကြတာတဲ့၊အခုကမ္ဘာကြီးတစ်ခုလုံးမှာ ဇွန်ဘီတွေရှိနေပြီတဲ့"
ဟဲဇီကျုံးကသဘာဝကျစွာပင်ဒီအခြေနေအားလုံးကိုသိနေခဲ့ပြီးတိတ်တဆိတ်ခေါင်းညိမ့်လိုက်သည်။ ဖန်ဟောင်ရဲ့လက်ကိုကိုင်ပြီးတော့သူဖွင့်ထားတဲ့ပို့စ်ကိုဖတ်လိုက်သည်။
ခုချိန်မှာတော့အဓိကဝဘ်ဆိုက်တွေနဲ့ဖိုရမ်ကြီတွေကအလုပ်လုပ်နေဆဲဖြစ်ပြီးလျှပ်စစ်နဲ့ရေအရင်းမြစ်ဆိုင်ရာပြဿနာများမရှိသေးသော်လည်း အဲဒါကတစ်ပတ်အတွင်းမှာထိုအရာအားလုံး ပြတ်တောက်သွားမည်ဖြစ်ကြောင်းကိုဟဲဇီကျုံးသိသည်။
ဖန်ဟောင်ကတစ်ခုခုတွေးနေပုံရသည်။သူက ပြတင်းပေါက်အပြင်ကပရမ်းပတာဖြစ်နေတဲ့လမ်းကိုကြည့်ပြီးရုတ်တရက်"စီနီယာကျွန်တော်အပြင်ထွက်ဖို့ပြင်ဆင်တော့မလို့"လို့ပြောလိုက်သည်။
"ဟမ်?"ဟဲဇီကျုံးကအံ့ဩစွာမျက်ခုံးပင့်လိုက်ပြီးသူကိုကြည့်လိုက်သည်။
ဖန်ဟောင်ကပြုံးလိုက်ပြီး"ကျွန်တော်ပို့စ်ထဲမှာပြောထားတာတွေကိုသဘောတူတယ်၊ဒီခြေနေကြီးကတစ်ကမ္ဘာမှာဖြစ်နေတာ၊စစ်တပ်နဲ့နိုင်ငံတော်အေးဂျင်စီတွေကလူတိုင်းကိုမကယ်နိုင်မှာကျွန်တော် ကြောက်တယ်၊ကျွန်တော်တို့ကိုယ့်ဘာသာကိုယ်ဘဲ အသတ်ရှင်ဖို့နည်းလမ်းရှာရမယ်၊အခုအခြေနေကအရမ်းအန္တာရယ်ရှိတယ်၊အသတ်ရှင်ချင်ရင်ကျွန်တော်တို့အစားအသောက်တွေလိုအပ်တယ်၊ဒီခြေနေကြီးကဘယ်လောက်ကြာအောင်ဖြစ်မှန်းဘယ်သူမှ မသိနိုင်ဘူး၊အချို့လူတွေကအွန်လိုင်းမှာဇွန်ဘီတွေကဝတ္တုထဲကလိုရုပ်ရှင်ထဲမှာလိုဆင့်ကဲပြောင်းလဲ သွားနိုင်တယ်လို့ပြောနေကြတယ်၊အဲဒါကြောင့်မို့ ကျွနတော်ဆင့်ကဲပြောင်းလဲတာတွေမဖြစ်ခင်အခွင့်ရေးယူပြီးအပြင်ထွက်ချင်တယ်"
"မင်းဘာလို့ကိုယ်တိုင်အပြင်ထွက်ချင်ရတာလဲ"ဟဲဇီကျုံးကသူကိုကြည့်နေသည်။
ဖန်ဟောင်ကသူခေါင်းကိုငုံ့လိုက်ပြီးမသိစိတ်အရသူ့လက်ကိုကိုင်လိုက်ကာ၊အသံတိုးတိုးလေးဖြင့်မပွင့်တပွင့်ပြောလိုက်သည်။"စီနီယာခန္ဓာကိုယ်ကမနက်ခင်းပိုင်းဆိုအားသိပ်မရှိဘူးလေ၊ကျွန်တော်စီနီယာ စွန့်စားမှာကိုမလိုချင်ဘူး"
ဒီဆုံးဖြတ်ချက်ကစီနီယာရဲ့ယောက်ျားမာနကိုထိခိုက်စေမှာသိသော်လည်းသူတကယ်ကိုဟဲဇီကျုံးကိုထိခိုက်ဒဏ်ရာသေးသေးလေးမှမရှိစေချင်ဘူး!!သူ့ ဖျားနေတဲ့ချိန်မှာသူကိုအပြင်ထွက်ခိုင်းပြီးစွန်စားစေရန်ပိုတောင်ဆန္ဒမရှိသေးတယ်။
ဟဲဇီကျုံးကသူ့ရှေ့မှာခေါင်းငုံ့ထားတဲ့သူကိုကြည့်ပြီးသူစိတ်ထဲကအရာတွေကအကုန်ရှင်းလင်းသွားသည်။
သူဘာတွေကိုစဉ်စားနေသေးတာတုန်း?ဒီလိုလူတစ်ယောက်တောင်မှသူ့ကိုယ်သူ့ပြောင်းလဲပြီးသစ္စာဖောက်ရင်ကမ္ဘာကြီးရဲ့အသတ်ရှင်နေထိုင်ခြင်းဟာဘာ ဖြစ်မလဲ?
"အပြင်ထွက်သင့်တယ်၊ဒါပေမယ့်မင်းတစ်ယောက်ထဲဘဲမဟုတ်ဘူး၊ငါတို့နှစ်ယောက်လုံးဘဲ"
"ဒါပေမယ့်………."
သူ့ကိုလက်မောင်းထဲမှာပွေ့ဖတ်ထားလိုက်ပြီး"ငါတို့နေ့ခင်းကြမှအတူတူသွားကြတာပေါ့၊အဲ့ဒါကပို အဆင်ပြေတယ်"
ဖန်ဟောင်မမေးနိုင်ခင်သူ့ပတ်ဝန်းကျင်ကအရာတွေ ပြောင်းလဲသွားတယ်လိုခံစားလိုက်ရသည်။ဆိုဖာ ပေါ်မှာထိုင်နေသောလူနှစ်ယောက်သည်မြေကြီး ပေါ်သို့ကျသွားကာကမ္ဘာကြီးကပတ်ချာလည်သွားသည်။ဖန်ဟောင်သည်သူ၏ခေါင်းထက်တွင်အစိမ်း ရောင်စပျစ်နွယ်ပင်အချို့တွဲလောင်းကျနေပြီးလက်ဝတ်ရတနာနဲ့တူသောအစေ့တွေကိုတောင်ဖောက်ထွင်းမြင်နိုင်တဲ့မြစိမ်းရောင်စပျစ်သီးတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရသည်။
"ဒါ.....ဒါက"ဖန်ဟောင်သည်ဟဲဇီကျုံးတွင်နေရာလွတ်သို့မဟုတ်qiankunအိတ်(အိတ်ထဲမှာနေရာလွတ်လေးရှိနေပြီးဘာပစ္စည်းမဆိုထည့်သိမ်းလို့ရသည့်အိတ်)နှင့်ဆင်တူသည့်တစ်စုံတစ်ခုရှိနေကြောင်းကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကခန့်မှန်းမိခဲ့သည်။ သို့သော်၎င်းသည်ပစ္စည်းများကိုအဆင်ပြေစွာ ထိန်းသိမ်းနိုင်သောရတနာတစ်ခုလို့ထင်ခဲ့တာဖြစ်သည်။ဒါပေမယ့်ခုက…."စီနီယာ!!ဒါကစီနီယာရဲ့ နေရာလွတ်လား"
မြေပြင်ပေါ်မှာထိုင်ရင်းဖန်ဟောင်ကသူ့နောက်ဘတ်ရှိဝါးအိမ်လေးဆီကိုလှည့်ကြည့်လိုက်သည်။ခြံထဲတွင်စပျစ်ပင်များ၊ဘူးသီးပင်များနှင့်အခြားသောသူမသိသည့်အပင်များစွာလည်းရှိသည်။
ခြံစည်းရိုးအပြင်ဘတ်မှာရှိတဲ့လယ်ကွင်းထဲက အညွှန့်လေးတွေ…..ဒါကဟဲဇီကျုံးရဲ့နေရာလွတ် လား၊အပင်တွေကကြီးထွားနိုင်တာလား?
သူ့မျက်လုံးနဲ့မြင်မြင်သမျှကိုအံ့ဩနေပြီးဟဲဇီကျုံးကပြုံးလိုက်ကသူကိုဆွဲထူလိုက်ပြီး"မင်းဟိုးအရင်ရက်တွေတုန်းကဘာဖြစ်လို့မမေးခဲ့တာလဲ" သူတို့ပတ်ဝန်းကျင်ကလူတွေထဲကတစ်စုံတစ်ယောက်ဟာပစ္စည်းတွေကိုပျောက်ကွယ်သွာအောင်လုပ်နိုင်တယ်ဆိုတာကိုလူအများစုကရှာတွေ့သွားတဲ့ အခါ"ဘယ်လိုလုပ်လိုက်တာလဲ"ဆိုတဲ့မေးခွန်းတွေအများကြီးမေးတက်ကြတယ်မလား။
ဖန်ဟောင်ကအံ့ဩနေသောမျက်နှာဖြင့်မျက်တောင်ခတ်လိုက်ပြီးစိတ်လှုပ်ရှားမှုကြောင့်မျက်နှာနီရဲလာကာ"ကျွန်တော်မေးဖို့မလိုအပ်ဘူးလို့ထင်လို့"သူ့ကသူ့ရှေ့မှာပစ္စည်းတွေကိုဖယ်ထုတ်လိုက်ခြင်းဟာသူတို့နှစ်ယောက်ကြားမှာပြောစရာမလိုတဲ့နားလည်မှုလို့တွေးခဲ့ခြင်းဖြစ်သည်။ဟဲဇီကျုံးမှာနေရာလွတ်သို့မဟုတ်နေရာလွတ်အိတ်ရှိတာသူသိသည်။
"လာ၊ငါနဲ့လိုက်ခဲ့"ဟဲဇီကျုံးကသူ့လက်ကိုဆွဲကာသူ့ကိုယ်မှာပေနေတဲ့ဖုန်စတွေကိုခါပေးလိုက်ပြီးခြံအပြင်ဘတ်သို့လျှောက်သွားလိုက်သည်။
"စီနီယာဒါတွေအကုန်လုံးကစိုက်ထားတာလား?"ဖန်ဟောင်ကဝါးအိမ်နဲ့မျက်နှာချင်းဆိုင်လယ်ကွင်းကိုလက်ညိုးထိုးပြီးမမေးဘဲမနေနိုင်တော့ပေ။
"အင်း၊ငါအသီးရွတ်တွေဘဲစိုက်ရသေးတယ်၊အစား စာဖြစ်တဲ့ကောက်ပဲသီးနှ့တွေကိုစိုက်ဖို့အချိန်မရှိ သေးလို့"
ဖန်ဟောင်ကလှည့်လိုက်ပြီးသူကိုမျက်နှာချင်းဆိုင်စကားပြောဖို့လုပ်ပေမယ့်အိမ်နောက်ဘတ်"တောင် စောင်း"နှင့်တောင်ခြေရင်းတွင်မွေးမြူရေးတိရိစ္ဆာန် မျိူးစုံနှင့်ကြတ်၊ငှတ်များပြန့်ကျဲနေသည်ကိုတွေ့လိုက်ရသည်။သူ့မျက်လုံးတွေထပ်ပြူးကျယ်သွားပြန်သည်။"'ဒါတွေကိုလည်းစီနီယာမွေးထားတာလား"
"အင်း"ဟဲဇီကျုံးကအနည်းငယ်ရယ်ပြီးလှည့်ကြည့်လိုက်တော့"မင်းအိမ်မှာစားခဲ့တဲ့ပန်းသီးတွေကိုမှတ်မိလား၊အဲ့တာတွေကလည်းနေရာလွတ်ထဲကအပင်ကလေ၊နေရာလွတ်ထဲမှာစိုက်ပျိုးထားတဲ့အသီး အရွတ်နဲ့သစ်သီးတွေကအရမ်းအရသာရှိတယ်၊လေထုညစ်ညမ်းမှုကင်းတဲ့ဟင်းသီးဟင်းရွတ်နဲ့သစ်သီး တွေကိုစျေးဆိုင်ဖွင့်ပြီးစျေးကွတ်မှာရောင်းချနိုင်မယ်လို့ထင်ခဲ့တာ၊အဲဒါကြောင့်ငါမျိုးစေ့တွေနဲ့စက်ပစ္စည်းတွေကိုစုဆောင်းခဲ့တာ၊ဒါပေမယ့်မရောင်းရသေးခင်ဇွန်ဘီကပ်ကအရင်ဆိုက်သွားတယ်"
သစ်စေ့များ၊ဝါးအိမ်ခေါင်မိုးပေါ်ရှိနေရောင်ခြည်စွမ်းအင်သုံးကရိယာများနှင့်မြေအောက်ဂိုဒေါင်ရှိပစ္စည်းမျိုးစုံကိုဝယ်ယူပေးချေရနဘဏ်ကတ်သုံးကတ်ကိုထုတ်သုံးခဲ့ပြီး၊အဲဒါတွေကမူလအိမ်ဖြိုဖျက်မှုအတွက်လျော်ကြေးငွေ၊ဒီနှစ်တွေထဲမှာသူစုဆောင်းခဲ့တဲ့ငွေ တွေနဲ့သူမိဘတွေချန်ရစ်ထားခဲ့တဲ့ပိုက်ဆံတွေဖြစ်သည်။
အချိန်သာအများကြီးကျန်သေးရင်သူအိမ်ဝယ်ခဲ့ရင် တောင်ကမ္ဘာပျက်ကပ်မတိုင်ခင်အသုံးပြုဖို့မလိုဘူးဆိုရင်အိမ်ကိုတောင်ရောင်းပစ်သည်။
အကယ်လို့ကမ္ဘာပျက်ကပ်မဖြစ်ခဲ့ရင်သူတကယ်ကို လေထုညစ်ညမ်းမှုကင်းစင်တဲ့ထုတ်ကုန်ပစ္စည်းဆိုင်လေးဖွင့်ဖို့နည်းလမ်းရှာပြီးအသတ်မွေးမှာဖြစ်သည်။
သူ့အဖိုးဆုံးပါးသွားပြီးတဲ့နောက်သူ့အဘွား၊သူ့အဒေါ်နဲ့သူ့အမေတို့သည်ဝေးကွာသွားကြသည်။အဒေါ်ကအိမ်ခန်းနှစ်ခန်းနဲ့ဧည့်ခန်းတစ်ခန်းပါတဲ့အိမ်တစ်လုံးကိုတောင်းပြီးသူ့အမေတွက်ကတော့တင်းကုပ်နဲ့ တောင်နှိုင်းယှဉ်လို့ရတဲ့အခန်းငါးခန်းပါတဲ့အိမ်ခြံဝင်းတစ်ခုကိုချန်ထားခဲ့သည်။
သို့သော်နှစ်အနည်းငယ်ကြာပြီးနောက်တွင်သူ့ အဒေါ်၏အိမ်သည်မြို့ပြစီမံကိန်းကြောင့် အစွန်အဖျားနေရာတစ်ခုဖြစ်လာပြီးအိမ်စျေးတွေကျသွားမည်ကိုမည်သူမျှမထင်ထားပေ။သို့သော်လည်းဟဲဇီကျုံးအမေရဲ့ခြံဝင်းကစျေးတက်လာခဲ့သည်။မြို့ ပြစီမံကိန်းလုပ်သောအခါအိမ်ခြံဝင်းကိုနှစ်ပိုင်းခွဲလိုက်သည်။
ဒီနေ့နေရာလွတ်ထဲကအရာတွေကအဲ့ဒီအိမ်ခြံဝန်းနှစ်ခုကနေရရှိခဲ့တဲ့ပိုက်ဆံတွေဖြစ်သည်။အဲ့ဒီဖြစ်ရပ် ကြောင့်အဒေါ်ကသူတို့ကိုဗြောင်ကျကျပုတ်ခတ် ပြောဆိုခဲ့သည်။သူ့အမေသေဆုံးပြီးနောက်ဟဲဇီကျုံးအမွေထပ်ရမည်ကိုစိုးရိမ်သောကြောင့်အဖွား၏အမွေခြံမြေကိုအတင်းသိမ်းပိုက်ခဲ့သည်။