no

Font
Theme

"ဘာဖြစ်တာလဲ"ဖန်ဟောင်၏အံ့ဩစိတ်လှုပ်ရှားနေတဲ့မျက်နှာကိုမြင်သောအခါဟဲဇီကျုံး၏ပင်ပန်းနွမ်းနွယ်မှုတွေကချက်ချင်းအဝေးကိုလွင့်စဉ်သွားသည်။


ဖန်ဟောင်ကတောက်ပစွာပြုံးလိုက်ပြီးဟဲဇီကျုံး၏ရှေ့သို့သူဘယ်လက်ကိုဆန့်ထုတ်လိုက်သည်။ နောက်တော့ညာဘတ်လက်မှဝှတ်ပြီးယူလာသော ဓားကြီးဖြင့်သူ့လက်သေးသေးလေးကိုပွတ်ဆွဲလိုက်သည်။တောက်ပပြီးနီရဲသောသွေးများသည်ရုတ်တရက်ကြီးစိမ့်ထွက်လာသည်။


ဟဲဇီကျုံး"မင်း!!"


"စီနီယာကြည့်…ကြည့်!!!"ဖန်ဟောင်က တောက်ပစွာပြုံးနေဆဲဖြစ်ပြီးသူ့လက်ကိုဖြတ်ဖို့အသုံးပြုခဲ့တဲ့ဓားကိုဟဲဇီကျုံးကိုပေးလိုက်ကာသူ့ရဲ့ ဘယ်ဘတ်လက်ကိုညာလက်ဖြင့်အုပ်ကိုင်လိုက် သည်။


သူ့ညာဘတ်လက်ဖဝါးမှအဖြူရောင်အလင်းတန်း တစ်ခုထွက်ပေါ်လာပြီးမျက်စိဖြင့်မမြင်နိုင်သော အရှိုန်ဖြင့်ဒဏ်ရာသည်လျင်မြန်စွာပျောက်ကင်းသွားသည်။


"ကြည့်!ကြည့်ဦး!!!ကျွန်တော်မှာလည်းစွမ်းရည်ရှိတယ်"ဖန်ဟောင်ကစိတ်လှုပ်ရှားနေပေမယ့်ဟဲဇီကျုံးကသူ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီမျက်လုံးတွင်လည်းဒေါသများဖြင့်ရောင်ပြန်ဟပ်နေတာကိုတွေ့လိုက်ရသည်။စီနီယာကဝမ်းမသာဘူးလား။


သူ့စိတ်ထဲတွင်အနည်းငယ်တုန်လှုပ်သွားပြီးမူလစိတ်လှုပ်ရှားနေသောခံစားချက်များသည်ရေအေးဖြင့်အလောင်းခံလိုက်ရသလိုအေးခဲသွားသည်။


ဟဲဇီကျုံးကသူ့လက်ထဲကဓားကိုပစ်ချလိုက်ပြီး           ဖန်ဟောင်၏လက်ကိုဆွဲယူလိုက်သည်။ သူ့မျက်လုံးနဲ့အတည်မပြုရင်တောင်ဖန်ဟောင်၏ စွမ်းရည်သည်ဒီလိုဒဏ်ရာသေးသေးလေးကိုအလွယ်တကူဖြေရှင်းနိုင်မှန်းသိသည်။ဒါပေမယ့် ဓားနဲ့သူ့လက်ကိုသူနာကျင်အောင်လုပ်လိုက်တာ မြင်တော့လုံးဝလက်မခံနိုင်ပေ။သူ့စိတ်သောကတော်တော်ရောက်သွားသည်။


"နောက်တစ်ခါဒါမျိုးလုပ်တာကိုခွင့်မပြုဘူး" ဟဲဇီကျုံးကအသတ်ကိုပြင်းပြင်းရှုလိုက်ပြီးခုနကဖန်ဟောင်ဓားနှင့်ပွတ်ဆွဲလိုက်သောလက်ချောင်းလေးကို ပွတ်လိုက်ပြီးအမာရွတ်ကျန်လားမကျန်လားကို အတည်ပြုလိုက်သည်။


မျက်တောင်တစ်ဖျက်ဖျက်ခတ်လိုက်ပြီးဖန်ဟောင်ကတစ်စုံတစ်ခုကိုသဘောပေါက်သွားသည်။သူ့၏          ကြောက်ရွံ့မှုများသည်ပျောက်ကွယ်သွားပြီးသူ့မျက်နှာပေါ်ကအပြုံးသည်နည်းနည်းရီစရာဖြစ်နေသည်။


"အာခုနကကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားလို့ပါ….နောက်တစ်ခါမလုပ်တော့ပါဘူး"


မသာမာသောပိုင်ရှင်နှစ်ယောက်ကြောင့်သနားစရာဝက်ပေါက်လေးသည်ဖင်ကိုဓားဖြင့်အထိုးခံရပြီး အော်ဟစ်နေရသည်။ပိုင်ရှင်တစ်ယောက်၏လက်ထဲမှအဖြူရောင်အလင်းတန်းလေးကြောင့်ဒဏ်ရာကပြန်လည်သက်သာသွားသည်။ဝက်ပေါက်ကလေး သည်သူ၏ခြေထောက်တိုတိုလေးတွေဖြင့်ကန်ကာ ရှုန်းပြီးမသမာသောပိုင်ရှင်နှစ်ယောက်ဆီမှ လွတ်မြောက်အောင်ကြိုးစားနေသည်။ဒဏ်ရာက        ပြန်လည်သက်သာရင်တောင်ဝက်ပေါက်ကလေးသည်ခုနကကြုံခဲ့ရတဲ့ နာကျင်မှုကိုမခံစားချင်ပေ။


"တကယ်ကြီးကိုပြန်လည်ကုသနိုင်တဲ့စွမ်းရည်ဘဲ"ဟဲဇီကျုံးကဟန်ဆောင်ခေါင်းညိတ်ပြပြီးသနားစရာဝက်လေးကိုညွှန်ပြကာ"နောက်တစ်ခါဒီလိုမျိုးစမ်းသပ်ချင်ရင်သူတို့နဲ့စမ်းသပ်"


ဖန်ဟောင်ကတိတ်တဆိတ်ခေါင်းညိတ်လိုက်ပြီး အော်ဟစ်ရှုန်းကန်လှုပ်ရှားနေတဲ့ဝက်ပေါက်လေးကို ကြည့်လိုက်သည်။ခုနကသူတို့နှစ်ယောက် ဝက်ပေါက်လေးကိုစမ်းသပ်နေတုန်းက ဝက်ပေါက်လေးကနည်းနည်းသနားစရာကောင်းတယ်လို့သူထင်သည်။ပြီးတော့ခုနကလိုမျိုးသူလုပ်နေတာကိုစီနီယာကဘယ်လိုမြင်မလဲ။


"မင်းဘယ်လိုသိသွားတာလဲစွမ်းရည်ရှိမှန်း"နောက်ဆုံးလွတ်သွားသောအခါဝက်ပေါက်လေးသည်သူ့ရဲ့ ခွာလေးခုဖြင့်ဝက်တစ်ကောင်ပြေးနိုင်သည့်အကန့်အသတ်ကိုပြသရင်းဝက်အုပ်စုထဲသို့ပရမ်းပတာ ဝရုန်းသုန်းကာဖြင့်ပြေးသွားသည်။


"အာကျွန်တော်ဟင်းချက်နေရင်းနဲ့ မတော်တဆဓားရှသွားတာကနေသိတာ"ဖန်ဟောင်ကဟဲဇီကျုံးရဲ့ခြေလှမ်းအတိုင်းအမြန်လိုက်ပြီး လျှာကိုထုတ်ကာရှက်ကိုးရှက်ကန်းဖြင့်ရှင်းပြသည်။


သူ့အရင်ဘဝတုန်းကလည်းတူညီတဲ့ဖြစ်စဉ်ကနေဘဲရှာဖွေတွေ့ရှိခဲ့တာဖြစ်နိုင်လောက်သည်။


သူ့လျှာလေးထုတ်နေတဲ့အသွင်အပြင်ကိုကြည့်ပြီးဟဲဇီကျုံးသည်အကြောင်းပြချက်အချို့ကြောင့်မနာလိုစိတ်အနည်းငယ်ခံစားရပြီးသူ့ကိုနမ်းရန်တွန်းအား တစ်ခုကနှလုံးသားထဲမှမြှင့်တက်လာခဲ့သည်။


သူ့အဲ့လိုတွေးမိလိုက်တာနဲ့အဲ့လိုလုပ်လိုက်သည်။


ဝါးတောနှင့်ဝါးအိမ်ဘေးရှိစပျစ်စင်နောက်တွင်ကွယ်နေသောအရှပ်ရှည်ရှည်ကောင်လေးသည်အနည်းငယ်ပိန်ပါး၍ပုသောလူငယ်လေးကိုကိုင်ထားကာ နမ်းရှိုက်နေသည်။


အနမ်းကအလွန်နူးညံ့နွေးထွေးသောကြောင့် ဖန်ဟောင်သည်လုံးဝကိုနစ်မြုပ်ပျော်ဝင်နေသည်။ အနမ်းကဟဲဇီကျုံးကပေးတဲ့ခံစားချက်တွေနဲ့တူညီသည်။၎င်းသည်နူးညံ့သိမ်မွေ့ခြင်း၊ရင့်ကျတ်ခြင်း ၊ငြိမ်းချမ်းမှု၊ယုံကြည်အားကိုးရမှုနှင့်ကံကြမ္မာ မိတ်ဖက်တစ်‌ယောက်လိုခံစားမှုမျိုးပေးစွမ်းသည်။


ထိုညနေခင်းတွင်ဖန်ဟောင်၏ရလဒ်များသည်ထူးထူးခြားခြားဖြစ်ခဲ့သည်။ကောက်ညှင်းထမင်းလုံးအလုံး၃၀ကျော်၊ထမင်းလုံး၅၀နှင့်ကော်ပြန့်ပေါင်း၅၀ကျော်ကိုလည်းပြုလုပ်ခဲ့သည်။သူ့ကတဆေးပါဝင်တဲ့ဂျုံမုန့်ညက်အချို့နှင့်ကျန်သေးတဲ့ဝက်ဗိုက်သားများကိုလည်းroujiamoမုန့်အများအပြားကိုပြုလုပ်ခဲ့သည်။ဝက်ဗိုက်သားအားလုံးကိုအသုံးပြုပြီးနောက်    ပန်ကိတ်လုပ်ရမှပိုသေးတဲ့အသီးအရွတ်တွေကိုဘန်ကိတ်ထဲတွင်အစာသွပ်ခဲ့သည်။


သူတို့နှစ်ယောက်ပြင်ဆင်ထားတဲ့အစားစားတွေကို   နေရာလွတ်ထဲသို့လေးငါးခါလောက်ပြေးပြီးထည့်နေကြသည်-သူတို့ကနေရာလွတ်ထဲမှာရှိနေတာတဲ့အခါ တစ်စုံတစ်ယောက်ကအရာဝတ္ထုတွေကိုတိုက်ရိုက်သယ်ပြီးထည့်နိုင်တာကိုလုံးဝမေ့သွားကြသည်။ အဲ့အစားသူ့ကပျော်ရွှင်စွာဖြင့်ပြေးလွှားနေသည်။


ဟဲဇီကျုံးသည်ဧည့်ခန်းကဆိုဖာပေါ်တွင်ထိုင်နေပြီး နေရာလွတ်၏ရေတွင်းထဲမှရေကို       နည်းနည်းချင်း စီစုပ်သောက်နေသည်။သူ့ခါးမှနာကျင်မှု၊ မောပန်းနွမ်းနယ်မှုနှင့်သူ့လက်မောင်းပေါ်ရှိတင်းမာနာကျင်ကိုက်ခဲမှုတွေသည်ရေ၏သန့်ရှင်းစင်ကြယ်မှုအောက်တွင်တဖြည်းဖြည်းပျောက်ကွယ်သွားပုံရသည်။


သူပင်းပန်းနွမ်းနယ်နေမှုကြောင့်မသိလိုက်သော်လည်းဟဲဇီကျုံးသည်ရေကအရင်ထက်ပိုချိုသလိုခံစားလိုက်ရသည်။


"စီနီယာကျွန်တော်ရေချိုးပြီးသွားပြီ"ဖန်ဟောင်သည်ခေါင်းပေါ်မှာမျက်နှာသုတ်ပါဝါကိုတင်ပြီးနောက်မှထွက်လာခဲ့သည်။


နေရာလွတ်ထဲတွင်အလွန်ကောင်းမွန်ထူးဆန်းသောရေချိုးကန်ရှိသည်။ရေချိုးခန်းကပထမထပ်ဧည့်ခန်းရဲ့ညာဘတ်တွင်ရှိပြီးအိမ်သာကတော့ ဘယ်ဘတ်တွင်ရှိသည်။ကြည့်ရတာရိုးရှင်းပေမယ့်ထိုင်နေတဲ့အိမ်သာ……………


သို့မဟုတ်ရေပုံးတစ်ပုံးလို့ပြောရင်ပိုသင့်လျော်သော်လည်း၎င်းတွင်အလွန်မှော်ဆန်သောသန့်စင်မှု လုပ်ငန်းစဉ်ရှိသည်။သူ့တို့ကအဖုံးကိုပိတ်ရန်နှင့်နောက်တစ်ခေါက်ပြန်ဖွင့်ရန်သာလိုသည်ပြီးရင်တော့ အထဲမှာဘာမှမရှိတော့ပေ။အနံတွေတောင်ပျောက်ကွယ်သွားတာ…..တခြားဟာတွေဆိုရင်ပြောစရာ တောင်မလိုပေ။


ညာဘတ်ရှိအခန်းသည်တစ်နှစ်ပတ်လုံးစီဆင်း      နေသောရေပူရေတံခွန်ပါသည့်ရေချိုးခန်းဖြစ်ပြီး ရေပူစမ်းနှင့်တူသောကျောက်တုံးကြီးများဖြင့်ပြုလုပ်ထားသည့်ရေကန်ကြီးတစ်ခုလည်းရှိသည်။


ဖန်ဟောင်ထိုနေရာကိုပထမဆုံးအကြိမ်မြင်တုန်းကတော်တော်လေးစိတ်လှုပ်ရှားခဲ့သည်။ကမ္ဘာပျက်ကပ်မဖြစ်ခင်နေ့ကသူကမနက်ဖြန်ရောက်ရန် ရေပူစမ်းကန်ကိုသွားဖို့စဉ်းစားထားတာဖြစ်ပေမယ့်     ကမ္ဘာပျက်ကပ်ကအရင်ဖြစ်သွားသည်။


ဟဲဇီကျုံးသည်မူလကသူနှင့်အတူလိုက်ချင်ခဲ့သည်_ရေကူးကန်သည်အလွန်ကျယ်ပြီးနှစ်ယောက်လုံးဆံ့သည်။သို့သော်လည်းတစ်စုံတစ်ယောက်၏ ညို့အားပြင်းမှုနှင့်ဒီနေ့၏ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုများကိုထည့်သွင်းစဉ်းစားပြီးနောက်တစ်နေ့မှဘဲအတူတူချိုးဖို့စီစဉ်ပြီးဒီနေ့အတွက်သီးသန့်ရေချိုးဖို့ဆုံးဖြတ်ခဲ့ကြသည်။


ရေမိုးချိုးသန့်စင်ပြီးနောက်ဖန်ဟောင်နှင့်အတူ ဒုတိယအထပ်သို့တပ်သွားပြီးကုတင်အကျယ်ကြီးကို တွေ့လိုက်ရကာဖန်ဟောင်ကသူ့ဘေးမှာခေါင်းကို ငုံ့ပြီးရပ်နေသည်……


သူ့စိတ်ထဲကနေသတ်ပြင်းချလိုက်ပြီးဖန်ဟောင်ရဲ့ လက်ကိုဆွဲကာကုတင်အကြီးကြီးဆီသို့အတူတူ       လျှောက်သွားလိုက်သည်။နေရာလွတ်ထဲကရေက       ပင်ပန်းနွမ်းနယ်မှုကိုဖယ်ရှားဖို့လုပ်ဆောင်ချက် ကောင်းကောင်းတစ်ခုရှိသင့်တယ်မလား။


ဟဲဇီကျုံးရဲ့နံဘေးကိုကပ်လိုက်ရင်းဖန်ဟောင်သည်သူ့နှလုံးသားထဲမှပူပန်မှုတစ်ခုကိုပြင်းပြင်းထန်ထန်သည်းခံထားခဲ့သည်။                                           "စီနီယာဆယ့်နှစ်နှာရီထိုးခံနီးပြီ"သူကဟဲဇီကျုံးနဲ့ နီးစပ်ဖို့ရန်အတွက်အရှုံးပေးဖို့ဆန္ဒမရှိပေ။ဒါပေမယ့်စီနီယာကဒီနေ့မှာအလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့ ပြီးမနက်ဖြန်မှာလည်းလုပ်စရာအများကြီးကျန်သေးသည်။ပြီးတော့စီနီယာမှာအဖျားလည်းရှိနေသေးတယ်………….


"အင်း"ဟဲဇီကျုံးစိတ်ထဲပေါ့ပါးသွားသော်လည်း ဆုံးရှုံးသည့်ခံစားချက်တစ်ချို့ရှိနေခဲ့သည်။သူ့လက်တွေကမရိုသားစွာဖြင့်ခန္ဓာကိုယ်အလယ်ပိုင်းရှိသေးသွယ်၍တောင့်တင်းခိုင်မာသောသောခါးသေးသေး လေးကိုပွက်သတ်နေမိသည်။


မိန်းကလေးတွေလောက်မနူးညံ့ပေမယ့်ကွဲပြားခြားနားတဲ့ဆွဲဆောင်မှုရှိသည်။


ဖန်ဟောင်ကရှက်သွေးဖြာနေပြီးသူ့မေးစေ့ကို ကြီးမားသောလက်ကြီးတစ်ဖက်ကပင့်လိုက်သည်။ နဂိုကနူးညံသောနှုတ်ခမ်းသည်ပူနွေးလာပြီး သူ့ခါးနှင့်နောက်ကျောဖတ်ကိုသိုင်းဖတ်ထားသဖြင့်သူ့တစ်ကိုယ်လုံးပျော့ပျောင်းလာကာလုံးဝမူးဝေနေသည်။


ဆယ့်နှစ်နာရီထိုးလို့အဖျားတက်လာသောအခါသူတို့နှစ်ယောက်စလုံးရဲ့အဝတ်စားတွေဘယ်နေရာကို        လွှင့်ထွက်သွားမှန်းမသိလိုက်ပေ။


{{{ဘာလုပ်နေမှန်းwatachiသိတယ်နော်}}}


ဖန်ဟောင်သည်သူ့ခေါင်းကိုဟဲဇီကျုံးရဲ့ရင်ဘတ်မှာ ဝှတ်ထားပြီးအသတ်ရှုသံများပိုမြန်လာသည်။ သိပ်မကြာခင်မှာဘဲသူ့ခန္ဓာကိုယ်ကတုန်ရီလာပြီး  စိတ်တွေလွင့်ထွက်သွားကာသူ့(ဟဲဇီကျုံး)လက်ထဲသို့လွှင့်ထုတ်လိုက်သည်။အချိန်တော်တော်ကြာပြီးမှ ခေါင်းကိုမော့ပြီး"စီနီယာမင်းအဖျားတက်နေပြန်ပြီလား"လို့ပြောလိုက်သည်။


"အင်းဟုတ်တယ်"သူကနမ်းလိုက်ပြီးထကာ"ဒီနေ့           ခေါင်းလည်းသိပ်မကိုက်ဘူးနေရတာလည်းအရင်ကထက်စာရင်အဆင်ပြေတယ်"


ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးကွဲအက်သောအသံလေးဖြင့်"အဲ့ဆိုကျွန်တော်သန့်ရှင်းရေးလုပ်လိုက်ဦးမယ်"


ဖန်ဟောင်ကရေချိုးဆေးကြောရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။ ဟဲဇီကျုံးကကုတင်ပေါ်မှာလဲလျောင်းရင်းမျက်လုံးကိုပိတ်ထားကာအဖျားမှတဖြည်းဖြည်းအားနည်း လာသည်ဟုခံစားရကာအသက်ကိုအကြာကြီးရှုထုတ်ပစ်သည်။


ဖျားရခြင်းအကြောင်းရင်းကမည်သို့ပင်ဖြစ်စေကာမှုဟဲဇီကျုံး၏အဖျားသည်အားနည်းသောခုခံအား စနစ်ကိုဖြစ်ပေါ်စေသည်ဟုနှစ်ယောက်စလုံးက လက်ခံထားကြသည်။အဲဒါကြောင့်မို့ဟဲဇီကျုံးက ဖန်ဟောင်၏လိုအပ်ချက်ကိုချော့မြူရန်အတွက်သာကူညီပေးခဲ့သည်။


အပူချိန်နိမ့်အဖျားကပြန်လည်သတ်သာရန်အချိန်ယူရသောကြောင့်တစ်နေ့တာအတွက် သူတို့စောစောအနားယူပြီးစောင့်ဆိုင်းရန် လိုအပ်သည်။


အခြားတစ်နည်းပြောရရင်ဖန်ဟောင်ဘဲဖြစ်ဖြစ်ဟဲဇီကျုံးဘဲဖြစ်ဖြစ်အပူချိန်နိမ့်အောင်လုပ်လို့မရသော ကြောင့်သေသေချာချာလေးအနားမယူခဲ့ရင်နောက်တစ်နေ့သည်အဆင်ပြေမှာမဟုတ်ပေ။


နေရာလွတ်ထဲကရေသည်အပူချိန်နိမ့်အဖျားတွက်တကယ်ကိုအသုံးဝင်ပုံပေါ်သည်။အဖျားတက်တဲ့ အချိန်ကတိုသွားပြီးခန္ဓာကိုယ်မှာရှိသည့် မောပန်းနွမ်းနယ်မှုတွေလည်းအများကြီးသက်သာ    သွားသည်။မနက်ခင်း၈နာရီထိုးတော့လူးလိမ့်ကြည့်လိုက်သောအခါဘာမှကိုမခံစားရတော့ပေ။


ဘေးကင်းရေးအတွက်နှစ်ယောက်သားမနက်စာစားပြီး၉နာရီမခွဲခင်အထိနေရာလွတ်ထဲမှမထွက်ခဲ့ပေ။


ဆုံးဖြတ်ချက်ကတိကျမှန်ကန်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်နေရာလွတ်ထဲကထွက်လာတော့         အောက်မှာကားတွေကိုရပ်ထားပြီးပထမထပ်ရဲ့     တံခါးကကျိုးပဲ့သွားသောအသံများကြားလိုက်ရသည်။


တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နှစ်ယောက်သားအသစ်အစားထိုးထားတဲ့ သံမဏိပိုက်ကိုဂရုတစိုက်ကိုင်ကာလှေကားထစ်ဆီသို့လျှောက်သွားလိုက်သည်။


"မင်းကားကိုဘယ်လိုမောင်းလိုက်တာလဲ"


"ငါလည်းသေချာမောင်းတာဘဲလေဘယ်သူကရုတ်တရက်ကြီးတစ်ယောက်ယောက်ပြေးထွက်လာမယ်လို့ထင်မှာလဲ"တစ်ဖက်လူကအပြစ်တင်တာကိုလက်မခံဘူး။


"ဇွန်ဘီလားလူလားဆိုတာကိုဘယ်လိုလို့သိမှာလဲ"


"ထလာပြီသူထလာပြီ"


အပြန်ပြန်အလှန်လှန်အကဲခတ်ပြီးနောက်မှအောက်ထပ်ကလူအနည်းငယ်သည်အရိုက်ခံလုနီးပါး ဖြစ်သွားသောလူသည်သာမာန်လူသားဖြစ်ကြောင်းကိုအတည်ပြုလိုက်နိုင်သည်။ဒါပေမယ့်ဆူညံ့သံတွေကအနီနားမှာပုန်းကွယ်နေတဲ့ဇွန်ဘီတွေကို ဆွဲဆောင်နေသောကြောင့်ခုနကတံခါးကိုဝင်တိုက်ထားသောသူများသည်သူတို့၏ကားများကိုလှည့် ကာအရှေ့သို့ဆက်လက်မောင်းနှင်သွားကြသည်။


"သွားကြရအောင်၊မဟုတ်ရင်လမ်းပေါ်ကိုသွားဖို့ လွယ်တော့မှာမဟုတ်ဘူး"ကျယ်လောက်တဲ့ငြင်းခုံရန်ဖြစ်မှုပြီးသွားနောက်သူတို့မထွက်သွားချင်ရင်တောင်ထွက်သွားဖို့လိုအပ်သည်။တံခါးကကားနှင့်ဝင်တိုက်ခံထားရပြီးအခုစာအုပ်ဆိုင်ရဲ့ခုခံကာကွယ်မှု စွမ်းရည်သည်သုညနီးပါးဖြစ်နေပြီ။


နှစ်ယောက်သားအောက်ထပ်သို့ဆင်းသွားကာ     နေရာလွတ်ထဲသို့စာအုပ်များကိုထည့်လိုက်သည်။သူတို့နှစ်ယောက်စာအုပ်ဆိုင်မှထွက်လာသောအခါ        အပြင်မှာရှိတဲ့လူတစ်စုသည်ရုတ်တရက်ထိန့်လန့် သွားပြီးသူတို့နှစ်ယောက်ကဇွန်ဘီမဟုတ်ဘူးဆိုတာသိသွားမှသတ်ပြင်းချနိုင်ကျသည်။


အောက်ထပ်မှာကားတစ်စီးကျော်ရှိသည်။ပြီးတော့ခုနကဆူညံ့သံကြောင့်ရောက်လာသောဇွန်ဘီမျာနှင့်အရင်ကတည်းကထိုကားများကိုလိုက်ဖမ်းနေသောဇွန်ဘီများလည်းရှိသည်။


ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်လမ်းတစ်ဖက်ကိုအမြန်ပြေးသွားပြီးသူတို့ကားဖြင့်စတင်ထွက်ခွာကြသည်။လမ်းမပေါ်ကိုကွေ့လိုက်ပြီးနောက်ခုနကရိုက်မိခံလုနီးပါးဖြစ်သွားသောအမျိုးသမီးသည်ရပ်ထားသောကားများပေါ်သို့တက်သွားသည်ကိုတွေ့လိုက်ရသည်။


"စီနီယာသူတို့ဘယ်ကိုသွားနေတယ်လို့ထင်လဲ" ဖန်ဟောင်သည်သူတို့၏ညာဘတ်နှင့်ဘယ်ဘတ်တွင်မောင်းနေကြသောကားများသည်သူတို့နှင့်တူညီ      သောလမ်းကြောင်းကိုဦးတည်နေတာတွေ့သော အခါမမေးဘဲမနေနိုင်ပေ။


"အင်း…သူတို့အရှေ့မှာရှိတဲ့စူပါမားကတ်ကိုသွားမှာဘဲစိုးရိမ်တယ်"ဟဲဇီကျုံးကသတ်ပြင်းချလိုက်သည်။


"အဲ့တာဆိုကျွန်တော်တို့ဓာက်ငွေ့ကုမ္ပဏီနဲ့အထည်ဆိုင်ကိုအရင်သွားမလားဒါမှမဟုတ်သူတို့နဲ့  စူပါးမားကတ်အရင်သွားကြည့်မလား"


ဟဲဇီကျုံးကသူ့စိတ်ထဲမှာအမြန်စဉ်းစားလိုက်သည်။စူပါးမားကတ်ကိုနောက်မှာသွားရင်အားသာချက်ကတော့အဲ့မှာလူနည်းနည်းဘဲရှိတော့မှာဖြစ်ပြီးသူ့လုပ်ရပ်တွေကိုဘယ်သူမှသတိမပြုမိနိုင်ပေ။အားနည်းချက်ကတော့ထိုလူတွေကပစ္စည်းတွေကိုသိမ်း        ကျုံးယူသွားနိုင်သည်။


ဒါပေမယ့်……….


"ဓာက်ငွေ့ကုမ္ပဏီကိုဘဲအရင်သွားကြတာပေါ့"သူမှာအစားစာနှင့်အခြားအရာတွေအများကြီးရှိပြီးသားဖြစ်သည်။နေရာလွတ်ထဲမှာစပါးစေ့တွေကိုလည်း စိုက်ပျိုးထားခြင်းကြောင့်သူတို့နှစ်ယောက်တွက ်ဖူလုံလောက်ငှသည်။အခြားပစ္စည်းများကိုလည်း        အချိန်ကြာမြင့်စွာသိုလှောင်ထားနိုင်သောကြောင့်   ယခုတစ်ကြိမ်တွင်အခြားသူများနှင့်တိုက်ခိုက်ရန်မလိုအပ်ပေ။


သူတို့နှစ်ယောက်သည်လမ်းတစ်ဝက်မှာကွေ့လိုက် ပြီးဓာက်ငွေ့ကုမ္ပဏီဆီသို့ဦးတည်လိုက်သည်။နောက်ကကားနှစ်ဆီးသည်ရှုပ်ထွေးသွားပြီးသူတို့လည်းလိုက်ကွေ့ကြသည်။


ဟဲဇီကျုံးမျက်မှောင်ကြုံလိုက်သည်။ဒီကားနှစ်စီးကဘာလုပ်တာလဲ?


နောက်တစ်ကွေ့မှာကားကဓာက်ငွေ့ကုမ္ပဏီဘေးကလမ်းငယ်လေးပေါ်မှာရပ်တန့်သွားပြီးလမ်းပေါ်က ယိမ်းထိုးနေတဲ့ဇွန်ဘီအချို့ကိုဆွဲဆောင်မိသွားသည်။အရှေ့ကကားကရပ်လိုက်ပြီးဇွန်ဘီတွေကို တိုက်ခိုက်နေတာကိုကားနှစ်စီးကတွေ့လိုက်ရသည်။သူတို့ကားမှားပြီးအနောက်ကလိုက်မိသည်ကိုသတိထားမိသွားပြီးထိန့်လန့်တကြားဖြစ်သွားကြသည်။ထိတ်ထိတ်ပျာပျာဖြင့်ကားကိုပြန်လှည့်ပြီးသူတို့ နဂိုဦးတည်ရာကိုပြန်လှည့်သွားကြသည်။ 


{T/Nဂျုံမုန့်ညက်ဆိုတာကမုန့်မလုပ်ခင်နယ်ထားတဲ့ဂျုံကိုပြောချင်တာပါ}


ဂျုံမုန့်ညက်

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment