no

Font
Theme

"ဝုန်း!"ကားသုံးစီးသည်တစ်ကားပြီးတစ်ကားဈေးဝယ်စင်တာထဲသို့ပစ်ဝင်လာခဲ့သည်။တာယာပေါက် သွားသောပထမကားသာလျှင်ပတ်ချာလည်လှည့် သွားပြီးလမ်းပေါ်သို့လှဲကျလာသောဘက်စ်ကားနဲ့တိုက်မိသွားသည်။

ဟဲဇီကျုံးသည်သုံစက္ကန့်လောက်တိတ်တဆိတ်ဝမ်းနည်းကြေကွဲသွားသည်။သွားကြားထိုးတံရဲ့အကျိုးသက်ရောက်မူကဒီလိုဖြစ်လိမ်မယ်လို့သူ့မမျှော်လင့်ခဲ့ ပေ…..အရမ်းအံဩစရာကောင်းတာဘဲ?

ကားထဲကနေအော်ဟစ်သံများထွက်ပေါ်လာသော ကြောင့်ရှေ့ဆုံးကဇွန်ဘီတစ်ဝက်လောက်သည်ကားဆီသို့ပြေးလာကြသည်။

"အပေါ်ကိုတက်မယ်!!!"ဟဲဇီကျုံးသည်ကားကို အရေးပေါ်ထွက်ပေါက်နားတွင်ရပ်ခဲ့ပြီးတံခါးကိုဖွင့်လိုက်သည်။အပြင်ဘက်ကဇွန်ဘီများသည်သူတို့ ရှိရာဘက်သို့စတင်စုဝေးလာနေကြသည်။ကားကခိုင်ခံပြီးကိုယ်ထည်တောင့်သော်လည်းသူ့ခွန်အားစွမ်းအင်ဇွန်ဘီတွေနဲ့ရင်ဆိုင်ရမှာကိုသူစိုးရိမ်သည်။သူတို့ရဲ့ကားကိုဘက်စ်ကားလိုမျိူးအနောက်ကနေပစ်ပေါက်လိုက်တာမျိုးလုပ်ခဲ့ရင်ဘယ်လောက်ဘဲခိုင်ခံတဲ့ကားဖြစ်နေပါစေရုန်းထွက်ဖို့ခက်ခဲသွားလိမ့်မည်။ 

သူ့အော်သံကြားတော့အခြားကားနှစ်စီးမှာရှိတဲ့လူ များသည်သူ့တို့ရဲ့ရဲဘော်ရဲဘက်နဲ့ပတ်သက်ပြီးဂရုစိုက်ရန်အချိန်မရှိတော့ဘဲသူ့တို့ရိက္ခာများကိုကားထဲတွင်ချန်ရစ်ခဲ့ကာလှေကားဆီသို့အသဲအသန်ပြေး လာခဲ့ကြသည်။ဟဲဇီကျုံးကနောက်တွင်ရပ်နေခဲ့သည်။သူတို့အကုန်လုံးလှေကားဆီသို့ပြေးသွားသောအခါသူ့လက်ကိုဝှေ့ယမ်းခဲ့ပြီးသူ့ကားကိုနေရာလွတ်ထဲသို့ထည့်လိုက်သည်။သူတို့နောက်လိုက်ဖို့လှည့်မပြေးခင်ဟဲဇီကျုံးသည်အခြားကားနှစ်စီး၏အနောက်တာယာများကိုသွားခြားထိုးတံနှစ်ချောင်းနဲ့ပစ်ခဲ့ပြီး ပေါက်သွားအောင်လုပ်ခဲ့သည်။

ထိုလူအုပ်စုသည်အခြားသူများကိုဂရုမစိုက်ဘဲ အပေါ်ထပ်လှေကားဆီသို့အမြန်သွားခဲ့ပြီးနောက် မောပန်းပြီးမရပ်တန့်ခင်အသက်တစ်ချက်မှမရှုဘဲ ခြောက်လွှာဆီသို့တက်ခဲ့သည်။

နှိုင်းယှဉ်ကြည့်ရင်ကမ္ဘာပျက်ကပ်စတင်ကတည်းက အားကစားလုပ်ခဲ့တဲ့ဟဲဇီကျုံးနဲ့ဖန်ဟောင်သည် ထိုလူများထဲတွင်အကောင်းဆုံးကာယကြံ့ခိုင်မူရှိသည်။ခြောက်လွှာသို့အသက်တစ်ချက်မှမရှုဘဲတက်ခဲ့ ပြီးနောက်တောင်မှသူတို့နှလုံးခုန်အနည်းငယ်မြန် တာဘဲဖြစ်ပြီးချွေးတစ်စက်တောင်မထွက်ပေ။

လှေကားပေါ်ကOverloard အသင်းကိုလျစ်လျူရှုပြီးဟဲဇီကျုံးသည်ခြောက်လွှာ ရဲ့တံခါးသော့ကိုဖွင့်ရန်ဖန်ဟောင်ရဲ့လက်ကိုဆွဲကာလမ်းကြောင်းကိုစတင်စူးစမ်းခဲ့သည်။

ကံကြမ္မာငင်တဲ့ညတွင်အနောက်မှာနေထိုင်ခဲ့သည့် အစောင့်များမှလွဲ၍ဈေးဝင်စင်တာထဲတွင်မည်သည့်ဇွန်ဘီမှမရှိပေ။ခြောက်လွှာကဒီဈေးဝယ်စင်တာ၏အစားသောက်ထပ်ဖြစ်ပေမဲ့လည်းအခုချိန်တွင်ပုပ်သိုးနေသောအစားသောက်များ၏အနံ့သာရရှိပြီး အနံ့သက်ကောင်းတဲ့အစားသောက်တစ်ခုခုရှိနေရာင်တောင်မည်သူ့ကအနံခံနိုင်မည်နည်း?

စားသောက်ဆိုင်များသည်ကြည်လင်တောက်ပသော မှန်နံရံများဖြင့်ကာရံထားခဲ့သည်။တံခါးတွေအားလုံးကိုကြီးမားသောသော့များဖြင့်ခတ်ထားခဲ့သည်။

အထဲတွင်မည်သည့်ဇွန်ဘီမှမရှိကြောင်းကိုအတည် ပြုပြီးနောက်၎င်းတို့နှစ်ဦးသည်ပြင်သစ်စတိုင်လ် ကြီးမားသောပြတင်းပေါက်များဆီသို့သူတို့လက်နက်များကိုယူဆောင်သွားခဲ့ကာပြင်ပမြင်ကွင်းကိုသူတို့မြင်နိုင်ခဲ့သည်။

ဈေးဝယ်စင်တာအောက်ကလမ်းကိုမဲတူးနေတဲ့ ဇွန်ဘီအုပ်ကြီးကသိမ်းပိုက်ထားခဲ့သည်။ယခုအချိန်လမ်းအလည်ခေါင်တွင်မဲမှောင်ပြီးပြွတ်သိပ်နေသောဇွန်ဘီများနှင့်လဲကျနေသောဘက်စ်ကားရှိနေသည်။ထိုအချိန်တွင်သာမာန်ဇွန်ဘီများထက်သုံးဆကြီး သောခွန်အားစွမ်းအားရှင်ဇွန်ဘီနှစ်ကောင်သည် ဘက်စ်ကားပေါ်တွင်ရပ်နေခဲ့ပြီးကားရဲ့ကိုယ်ထည်ကိုပြင်းပြင်းထန်ထန်ဆွဲဖြဲနေသည်။

သူတို့ကကားကိုယ်ထည်ကိုလွယ်ကူစွာဆွဲဖြဲလိုက်ပြီး လက်တစ်ဖက်ကကားထဲကိုရောက်သွားကာစက္ကူအိတ်ကိုဆွဲဖြဲနေသလိုမျိုးဘက်စ်ကားကိုထည်ကိုဆွဲဖြဲခဲ့သည်။

"အထဲမှာလူတွေရှိတယ်"ဖန်ဟောင်ကဟဲဇီကျုံးရဲ့ကိုယ့်ကိုမှီထားခဲ့သည်။

ဟဲဇီကျုံးကငြင်သာစွာခေါင်းညိတ်ခဲ့သည်။ထိုလူများသည်မြို့ထဲကရှင်သန်လွတ်မြောက်လာသူများဖြစ်နိုင်သည်။ထိုလူများသည်သန္ဓေပြောင်းဇွန်ဘီနှစ်ကောင်ကိုရင်ဆိုင်ရန်နည်းလမ်းမရှိသောကြောင့်ကားတစ်စီးကိုရှာပြီးမြို့ပြင်ကိုထွက်လာခဲ့သည်။ယနေ့မြို့တွင်းရှိအဓိကရုဏ်းသည်Overloardအသင်းကြောင့် သာမကမြို့လည်ခေါင်မှထွက်ပြေးရန်ကြိုးစားနေ ကြသောအသက်ရှင်ကျန်ရစ်သူများကြောင့်ဖြစ်သည်။

"လောင်လီနဲ့တခြားသူတွေ...."

"သူတို့ကိုမကယ်နိုင်တော့ဘူး….."

Overloardအသင်းရဲ့လူများသည်ပြတင်းပေါက်ဆီသို့လာခဲ့ပြီးဘက်စ်ကားဘေးကကားကိုကြည့်နေကြသည်။ဇွန်ဘီများကြောင့်လုံးလုံးလျားလျားမြုပ်နေခဲ့သည်။

"အာStarry Sky ကလူတွေကော‌ သေလောက်ပြီ"

"Starry Skyကနေရာလွတ်စွမ်းအားရှင်ဆီမှာပစ္စည်း တွေရှိသေးတယ်မလား?"

"ငါတို့ဘာလုပ်နိုင်မှာလဲ?သူ့ကပြင်းပြင်းထန်ထန်ကို ဒဏ်ရာရနေတာ…….သူ့ကိုသာပြန်မခေါ်လာခဲ့ဘူးဆိုရင်ငါတို့နောက်ကိုဇွန်ဘီတွေလိုက်လာမှာတဲ့လား?သူ့ကပြင်းပြင်းထန်ထန်ဒဏ်ရာရနေတာတောင် နေရာလွတ်ထဲကပစ္စည်းတွေကိုထုတ်ပေးဖို့ငြင်းဆိုခဲ့တာလေအဲ့ဒါငါတို့ကိုပါဆွဲချနေတာမဟုတ်ဘူးလား?"

အပြာရောင်အလင်းတန်းတစ်ချို့သည်ကားရဲ့တည်နေရာဆီသို့ရောက်သွားသော်လည်းခဏလေးအတွင်းပျောက်ကွယ်သွားခဲ့သည်။၎င်းကမိုးကြိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

အိုက်လွမ်ကဟဲဇီကျုံးနဲ့ဖန်ဟောင်ဆီသို့ရုတ်တရက် ကြည့်ခဲ့သည်။Cavalier 15မှာသူတို့နှစ်ယောက် အမှန်တကယ်ရှိနေတာကိုမြင်တော့သူ့မတက်နိုင်ဘဲအံ့ဩသွားခဲ့သည်။သူတို့နှစ်ယောက်ကလှေကားပေါ် 

တက်ပြီးအစောကြီးရောက်လာခဲ့တာမို့သူတို့နှစ် ယောက်ကိုရှင်းရှင်းလင်းလင်းမြင်ရန်အခွင့်အရေးမရှိခဲ့ပေ။

"မမျှော်လင့်ဘဲထပ်တွေ့ပြန်ပြီ ဒါကိုရေစက်လို့ ပြောရမလား၊ကြည့်ရတာမင်းတို့ရိက္ခာအများကြီး စုဆောင်းနိုင်ခဲ့တဲ့ပုံဘဲ"သူတို့ရဲ့ကားများကိုအကောင်ကြီးကြီးတွေစီးတဲ့ကားနဲ့ယှဉ်နိုင်တဲ့ကျည်ကာကား များဖြင့်အစားထိုးထားခဲ့သည်။ဒီလိုစုဆောင်းနိုင်မူ မျိုးကအရမ်းဆိုးဝါးနိုင်ပါ့မလား?ပြီးတော့သူတို့ရဲ့ တာဝန်လည်းပြီးမြောက်သွားလောက်ပြီ…….

ဟဲဇီကျုံးကတဖက်ကလူကိုတခြမ်းစောင်းအပြုံး လေးတောင်မပြုံးပြခဲ့ပဲ"အကျိုးမြတ်များတဲ့ရိက္ခာ စုဆောင်းမူဖြစ်ခဲ့တယ်ဒါပေမဲ့ကံဆိုးခဲ့တယ်"

တဖက်အသင်းကလူများ၏မျက်နှာများသည်စိတ်တိုနေသည့်အမူအရာများကိုပြသနေသည်။သူတို့သည်ကားတစ်စီးအပြည့်သူတို့အဖော်များကိုဆုံးရှုံးခဲ့ရပြီးသူတို့မစ်ရှင်ရဲ့ပစ္စည်းကလည်းStarry Skyအသင်းက သေသွားတဲ့အဖွဲ့ဝင်နဲ့အတူပျောက်ကွယ်သွားခဲ့သည်။ဘယ်လိုဖြစ်ပြီးဒီလူကသူ့တို့အသင်းကိုရန်စရဲရတာလဲ?ဒီလူတွေနောက်ထပ်အသက်မရှင်ချင်တော့လိုမြန်းလား?

ဒါပေမဲ့သူတို့သည်ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့    ဘာကြောင့်ဒီနေရာကိုရောက်လာဖို့ဖိအားပေးခံခဲ့ရလဲဆိုတာထည့်သွင်းမစဉ်းစားခဲ့ပေ။

"အစ်ကို!!ရှင်လား?!"ချူးလီလီ၏အသံသည်တစ်နေရာမှထွက်ပေါ်လာသောကြောင့်ဟဲဇီကျုံးဘေးတွင်ရပ်နေသည့်ဖန်ဟောင်ကိုတုန်လှုပ်သွားစေခဲ့သည်။သူမကိုပထမဆုံးအကြိမ်မြင်တုန်းကသူမကရိုးကျိုးမူတစ်စက်မှမရှိပဲဟဲဇီကျုံးရဲ့အမည်ကိုတိုက်ရိုက်ခေါ်ဆိုခဲ့သည်။ဒုတိယအကြိမ်တွေ့ဆုံတုန်းကသူ့မရဲ့ လေသံကိုပြောင်းပြီး"ဝမ်းကွဲ"လို့ခေါ်ဆိုခဲ့သည်။အခုတော့ပိုမိုရိုးကျိုးလာပြီး"အစ်ကို"လို့အဆင့်တက်ပြီးခေါ်ခဲ့သည်။

ဟဲဇီကျုံးကသူ့မကိုစိုက်ကြည့်ခဲ့သည်။သူ့မကသူ့ကိုအံဩကြီးစွာဖြင့်ငေးကြည့်နေတာမြင်တော့ခေါင်းအနည်းငယ်ညိမ့်ပြခဲ့ပြီးသူ့မကိုလျစ်လျူရှုထားလိုက်သည်။

ချူးလီလီသည်သူ့မ၏မျက်နှာကိုထိန်းသိမ်းရန်ခက်ခဲနေသည်။ခုနလေးတုန်းကဈေးဝယ်စင်တာထဲကို ပစ်ဝင်လာခဲ့တာကားသုံးစီးဘဲရှိပြီးအပိုကားတစ်စီးကဟဲဇီကျုံးနဲ့ဖန်ဟောင်တို့ရဲ့ကားဖြစ်သည်။မေးစ ရာကိုမလိုပေ၊ထိုကားကသူတို့ကားဖြစ်နိုင်တယ်!!!အခုဘဲအိုက်လွမ်နဲ့တခြားသူတွေကသူ့တို့မှာ လမ်းကြမ်းမောင်းကားတစ်စီးရှိရင်အခြေစိုက်စခန်းဆီကိုထွက်ပြေးဖို့အခက်အခဲရှိတော့မှာမဟုတ်ကြောင်းပြောနေခဲ့တာ………

"အစ်ကိုရှင့်ကား…."ချူးလီလီစကားဆက်မပြောရ သေးခင်ဟဲဇီကျုံးကရုတ်တရက်အောက်ထပ်ကို လက်ညိုးထိုးပြကာ"သူတို့ဝင်လာနေပြီ"

ဈေးဝယ်စင်တာ၏ပထမထပ်တွင်ဇွန်ဘီများပြည့်လျှံလာခဲ့သည်။မဝင်နိုင်တဲ့ဇွန်ဘီများသည်အရှုံးမပေးပဲ ဈေးဝယ်စင်တာကိုဝန်းရံနေကြသည်။ကျန်သော ဇွန်ဘီများသည်ပတ်ပတ်လည်တွင်ပျံနှံ့နေပြီးအနီး နားမှာယိမ်းထိုးနေကြသည်။

"လူတွေဒီနေရာမှာရှိနေမှန်းသူတို့ဘယ်လိုသိကြတာလဲ"Overloardအသင်းကအဖွဲ့ဝင်တစ်ယောက်ရဲ့ အသံသည်စူးရှုစွာထွက်ပေါ်လာသည်။

မျက်မှန်နဲ့အမျိုးသားတစ်ယောက်သည်အေးစက်စွာ ဖြင့်သူ့မျက်မှန်ကိုပင့်တင်ခဲ့သည်"အနံ့ငါတို့စီးခဲ့တဲ့ ကားထဲမှာလူသားအနံတွေရှိနေတုန်းပဲ"

"မင်းပြောချင်တာက ကားထဲမှာဘယ်သူမှမရှိဘူးဆိုတာသူတို့သိသွားရင် ထွက်သွားမှာအဲ့လိုလား?"

မျက်မှန်လူကသရော်လိုက်ပြီး"ငါတို့လှေကားကနေတက်လာခဲ့တာ၊ဇွန်ဘီတွေမှာသာခွေးတွေလိုအနံခံ ကောင်းတဲ့နှာခေါင်းရှိရင်သူတို့လည်းသိပ်မကြာခင်လိုက်လာလိမ့်မယ်"

"ဒါ….ဒါဆိုငါတို့ဘာလုပ်ကြမလဲ"

အားလုံးကတစ်ယောက်ကိုတစ်ယောက်ထိန့်လန့်တကြားကြည့်ကာခဏလောက်ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။

ဟဲဇီကျုံးသည်မျက်မှန်တပ်ထားသောလူကိုကြည့်လိုက်သည်။ထိုလူသည်ကမ္ဘာမပျက်ခင်နေ့ရက်တွေတုန်းကအိုက်လွမ်ရဲ့ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးအခုချိန်မှာတော့Overloardအသင်းရဲ့ဗျူဟာမှူးအဖြစ်တာဝန်ယူခဲ့ပုံရသည်။

"အရင်ဦးဆုံးဓာက်လှေကားဝင်ပေါက်နဲ့လှေကားထစ်တံခါးတွေကိုပိတ်ထားရမယ်"ရင်တုံးကသူ့မျက်မှန်ကိုထပ်ပင့်တင်လိုက်ပြီးမှန်ပြတင်းပေါက်တစ်လျှောက်လျှောက်သွားခဲ့သည်။

အိုက်လွမ်ရဲ့မျက်လုံးတွေကဟဲဇီကျုံးဘေးမှာရပ် နေတဲ့ဖန်ဟောင်နားမှာတစ်ဝဲလည်လည်ဖြစ်နေသည်။အခုချိန်ကလူတစ်ယောက်ကိုဆွဲဆောင်ဖို့အချိန်ကောင်းမဟုတ်ပေ။အထူးသဖြင့်သူတို့နှစ်ယောက် စုံတွဲဖြစ်နေတာသေချာသွားကတည်းကသူတို့နှစ် ယောက်ကိုခွဲထုတ်ဖို့မလွယ်ကူတော့ပေ။ဒါပေမယ့်သူဒီအကျပ်အတည်းကိုကောင်းကောင်းအသုံးချနိုင်ရင်သူ့အောင်မြင်မဖြစ်နိုင်တာတော့မဟုတ်ပေ။ပြီး တော့ဟဲဇီကျုံးလို့ခေါ်တဲ့ထိုလူသည်ကောင်းမွန် သောအခြေနေမှာရှိပြီးနှစ်ယောက်စလုံးကလည်း စွမ်းအားရှင်တွေဖြစ်သည်အကယ်လို့သူသာငါတို့ အားလုံးကိုအနိုင်ယူနိုင်ခဲ့ရင်……

အိုက်လွမ်ရဲ့အကြည့်သည်ရေးရေးမျှသာဖြစ်သော်လည်းဖန်ဟောင်သည်မရှင်းပြနိုင်စွာဖြင့်အေးစိမ့်စိမ့် ခံစားလိုက်ရသည်။ဟဲဇီကျုံးရဲ့ဘေးသို့ရွှေ့လိုက်ပြီး သံသယဖြစ်စွာဖြင့်ပတ်ပတ်လည်ကိုလိုက်ကြည့်ခဲ့ ပေမဲ့ဘာကိုမှမတွေ့ခဲ့ပေ။

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး….ရုတ်တရက်ကြီးနည်းနည်း အေးသလိုခံစားရလို့"

ဖန်ဟောင်ပြောပြီးတာနဲ့လူတစ်ယောက်ကကြားလိုက်ပြီးလှောင်ပြောင်ခဲ့သည်"ချီးမိန်းကလေးတွေလို မျိုးသူလည်းဆဠမအာရုံရှိတယ်လို့ထင်နေလားပဲ"

ဟဲဇီကျုံးကထိုလူကိုအေးစက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ဟဲဇီကျုံးမျက်လုံးထဲကပြင်းထန် သောသက်ဖြတ်လိုရိပ်များသည်ထိုလူ့လည်ပင်းကို တင်းကျပ်သွားစေသည်။ဘေးနားကအလှတရား ကြောင့်ဆွဲဆောင်ခံနေရသောအိုက်လွမ်လည်းသူ့ အကြည့်တွေကိုပြန်ရုတ်သိမ်းခဲ့သည်။ဟဲဇီကျုံးပေါ်သူ့ရဲ့အကဲဖြတ်မူသည်အဆင့်၂ဆင့်ခုန်တက်သွားခဲ့သည်……ဒီလိုမျိုးအရှိန်အဝါဒီလူလက်ထဲမှာ အသက်တစ်ဝက်ရှိနေသလိုမျိုး…..

ကမ္ဘာပျက်ကပ်ပြီးနောက်ဇွန်ဘီများကိုသက်ဖြတ်ခြင်းသည်သာမာန်ဖြစ်သော်လည်းရည်ရွယ်ချက်ချက်ရှိရှိသတ်ဖြတ်တဲ့လူတစ်ချို့လည်းရှိသည်။အိုက်လွမ်နဲ့သူ့အဖွဲ့လိုမျိုးအခြားအရာတွေကိုသုံးပြီးအကွတ်ဆင်ကာလူတချို့ကိုသတ်ဖြတ်ခဲ့သော်လည်း(အရင်တုန်းကလွတ်မြောက်ရန်အတွက်Starry Skyအသင်းနဲ့အခြားအသင်းနှစ်သင်းကိုသတ်ခဲ့သလိုမျိုး)တစ်စုံတစ်ယောက်ကိုအမှန်တကယ်သတ်တဲ့လူကအရမ်းနည်းပါးသည်။အထူးသဖြင့်လက်အောက်ငယ်သားတွေအများကြီးရှိတဲ့အိုက်လွမ်လူမျိုးဖြစ်သည်။သူတစ်စုံတစ်ယောက်ကိုအကောက်ကြံချင်ရင်သူ့ကိုယ်တိုင်လုပ်ရန်မလိုအပ်ပေ။ဒါပေမဲ့ဒါကသူ့ရဲ့ အကဲဖြတ်စွမ်းရည်ပေါ်ကိုအကျိုးသက်ရောက်မူမရှိ ပေ။ကမ္ဘာပျက်ကပ်မဖြစ်ခင်တုန်းကတခြားသူ့ရဲ့စိတ်ကိုသိပြီးသူ့မူလနေရာကနေမြှင့်တင်ခဲ့တာဖြစ်သည်။လူများနဲ့အရာဝတ္ထုများကိုအကဲဖြတ်ခြင်းသည် ဗီဇတစ်ခုလိုဖြစ်နေပြီးအလွယ်တကူပျောက်ကွယ် သွားမှမဟုတ်ပေ။

"စင်တာမြောက်ဘက်၊အရှေ့ဘက်နဲ့အနောက်ဘက် ခြမ်းအကုန်လုံးကလမ်းတွေပဲ၊မြောက်ဘက်နဲ့အနောက်ဘက်ကလမ်းတွေကကျယ်ပေမဲ့ထွက်ပြေးဖို့ လမ်းမရှိဘူး၊အနောက်ဘက်ခြမ်းကလမ်းတွေက မကျယ်ပေမဲ့အနောက်ဘက်ခြမ်းက အဆောက်အအုံ တွေကငါတို့ခုန်ကူးဖို့အတွက်အရမ်းနိမ့်လွန်းတယ်၊ တောင်ဘက်ခြမ်းမှာ လည်းဈေးဝယ်စင်တာတစ်ခုရှိ တယ်၊အထပ်လေးထပ်ဘဲရှိပေမဲ့ထောင့်ချိုးကငါတို့ထွက်ပြေးဖို့အတွက်ပိုအဆင်ပြေတယ်၊အဲ့ဒီပေါ်ကို ရောက်ဖို့နည်းလမ်းရှာရမယ်"ရန်တုံးကပတ်ပတ်လည်ကိုလျှောက်ကြည့်ပြီးနောက်ပြန်လာခဲ့သည်။

"အခုပြဿနာက-ထွက်ပြေးဖို့အတွက်အဆင်မပြေ တဲ့ဘက်ခြမ်းတွေကမှန်နဲ့ကာထားပြီးတော့တောင်ဘက်နံရံတစ်ခုထဲကနံရံဖြစ်နေတာပဲ"

"နံရံကိုထိုးဖောက်ဝင်ရောက်တာက သဘာဝမကျဘူး၊ပြီးတော့ဖောက်ခွဲလိုက်ရင်လည်းအသံအရမ်းကျယ်ပြီးတော့နောက်ထပ်ဇွန်ဘီတွေကို ဆွဲဆောင်မိလိမ့်မယ်၊မင်းကောဘယ်လိုထင်လဲ?" အိုက်လွမ်ကသူ့အတွေးလွန်နေတာကိုရပ်လိုက်ပြီ လျင်မြန်စွာ၎င်းကိုစဉ်းစားခဲ့သည်။

"အပေါ်ဆုံးထပ်ကိုသွား"ရင်တုံးက အဆောက်အဦး၏ခေါင်မိုးထပ်ကိုညွှန်ပြခဲ့သည်။

"သွားပြီးတော့အခြေနေကိုသွားကြည့်ခဲ့"ပြောနေ   ရင်းနဲ့ချူးလီလီကိုကြည့်လိုက်သည်။ချူးလီလီကို  အရင်ဆုံးလက်ခံခဲ့တဲ့Fမြို့ကထွက်ပြေးလွတ်မြောက်လာခဲ့တဲ့အခြားသူများလည်းဤကဲ့သို့သောအဖြစ်အပျက်မျိုးကိုတွေ့ကြုံခဲ့ဖူးသည်။ဒီတစ်ကြိမ်တွင်သူတို့သည်တန်ဖိုးရှိသောမျိုးစေ့များကိုရှာရန်အပြင်ထွက်ခဲ့ပေမဲ့ဤကဲ့သို့သောအခြေနေမျိုးနဲ့ကြုံတွေ့ရမယ်လို့မမျှော်လင့်ထားခဲ့ပေ။ပြီးတော့အခုချိန်တွင် အသင်းထဲမှာသူစိမ်းနှစ်ယောက်လည်းရှိသည်။သူတို့နှစ်ယောက်ကိုခေါ်သွားမလားမသွားဘူးလားဆိုတာ ပြောရခက်သည်။ခေါင်မိုးထပ်ကိုအရင်သွားကြည့်မယ်။အကယ်လို့အိုက်လွမ်သာသူတို့ကိုအသုံးချလို့မရရင်သူတို့ထိခိုက်ဒဏ်ရာရလိမ့်မယ်ပြီးမှခေါင်မိုးပေါ်ကပစ်ချလိုက်ရင်သူတို့လွတ်မြောက်ဖို့အတွက်အချိန် အနည်းငယ်ရနိုင်သည်။

ကျယ်လောင်သောအသံနဲ့အတူလှေကားထိပ်တွင် ပိတ်ဆို့ထားသောအပျက်အစီးများပြိုကျလာပြီး မူလအသွင်ပြင်ကိုမမြင်နိုင်လောက်အောင်အရမ်း လျင်မြန်သောအမဲရောင်အရိပ်သည်စုဝေးနေသောလူအုပ်ကြီးရှိရာနေရာသို့ရုတ်တရက်ပြေးဝင်လာခဲ့သည်။

"အကာကွယ်!!"ရင်တုံးကရုတ်တရက်အော်ပြောလိုက်သည်။မီးစွမ်းအားရှင်သည်မီးလုံးတစ်လုံးကိုပစ်ထုတ်လိုက်ပေမဲ့ဇွန်ဘီကအရမ်းမြန်လွန်းသော ကြောင့်မီးလုံးကိုဖြတ်ကျော်ကာလူကိုဆွဲကိုင်လိုက် ပြီးတစ်ဖက်ခြမ်းကနံရံဆီသို့ဆွဲသွားခဲ့သည်။

အသင်းသားတစ်ယောက်သည်မတုံ့ပြန်နိုင်ခင် မအော်ဟစ်ရသေးခင်တွင်ဇွန်ဘီဆီကအဖမ်းခံလိုက်ရပြီးသူ့လေပြွန်ကိုဇွန်ဘီကကိုက်ချလိုက်သည်!!!

"နောက်ထပ်ရှိသေးတယ်"

"ဒါ----"

သတိပေးသံထွက်လာတာနဲ့တစ်ပြိုင်နက်သူတို့တိုက်ခိုက်ခံလိုက်ရသည်။ဟဲဇီကျုံးရဲ့ခေါက်ဓားသည်သူ့အရှေ့တွင်အလျားလိုက်ရှိနေသည်။သူ့ဘေးနားမှာရှိ နေတဲ့Overloardအသင်းသားမျာသည်ဓားကိုဘယ် နေရာဘယ်အချိန်ကဆွဲထုတ်လိုက်လဲမသိလိုက်ကြပေ။

ထိုဇွန်ဘီသည်ထိုနေရာတွင်လူအနည်းငယ်ပဲရှိပြီး တိုက်ခိုက်ရန်ပိုလွယ်ကူလိမ့်မယ်လို့တွေးမိသော ကြောင့်ဟဲဇီကျုံးရှိရာနေရာသို့ပြေးဝင်လာခဲ့သည်။ ဇွန်ဘီတွေနဲ့အတွေ့အကြုံအများကြီးရှိတဲ့ဟဲဇီကျုံးနဲ့ရင်ဆိုင်ရမယ်လို့တော့မမျှော်လင့်ထားခဲ့ပေ!!!


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment