တစ်ပတ်အတွင်းမှာလူတစ်ယောက်ဘာလုပ်နိုင်မလဲ။အများစုအတွက်တစ်ပတ်သည်လူတစ်ဦး၏ဘဝတွင်အချိန်တိုလေးမျှသာဖြစ်သည်။
ဒါပေမယ့်ဟဲဇီကျုံးအတွက်တော့တစ်ပတ်သည ်အလုပ်အများကြီးလုပ်ဖို့အတွက်လုံ့လောက်ပါသည်။
ဝယ်ယူထားသောစက်ပစစည်းများ၊မျိုးစေ့များနှင့် ပစ္စည်းများအားလုံးကိုသူ့နေရာလွတ်ထဲကအိမ်လေးရဲ့မြေအောက်ထပ်မှာသိုလှောင်ထားသည်။အိမ်အနီးရှိချောင်းနှင့်ရေအိုင်အထိတိုးချဲ့ထားသောဧရိယာကိုသူ့အစုလိုက်အပုံလိုက်ဝယ်ထားသောဝါးခြံစည်ရိုး ဖြင့်ကာရံ့ထား ပြီးမျိုးစေ့မျိုးစုံကိုမြေကြီးပေါ်တွင်ဖြန်းပေးခဲ့သည်။ မြတ်ပင်များသည်အလွန်စိမ်းလန်းစိုပြည်ပြီး ကြီးထွားနေသည်။သူသည်ထိုနေရာကိုစားကျတ်မြေအဖြစ်ပြုလုပ်ပြီးကြက်၊ဘဲနှင့်အခြားမွေးမြူရေး တိရိစ္ဆာန်များဖြစ်တဲ့ကျွဲ၊နွားနှင့်သိုးများကိုလည်းမွေး မြူဖို့ပြင်ဆင်ထားသည်။
အိမ်နောက်ဘတ်ကုန်းစောင်းလေးအနီးရှိချောင်း မှကျောက်ဆောင်ချောက်ကမ်းပါးတောင်ခြေသို့ ရေများအဖြူရောကန်လန့်ကာတစ်ခုလိုကျဆင်းလာကာကြီးမားသောရေအိုင်ကြီးတစ်ခုဖြစ်ပေါ်လာသည်။ဟဲဇီကျုံးသည်ရေအိုင်ထဲတွင်ရေနေအပင်မျိုးစုံကိုပြန်လည်စိုက်ပျိုးပြီးရှုခင်းပြင်မှဖောက်ထွက်လာသောကြာပန်းများပွင့်လန်းကာနူးညံ့သောပန်းပွင့် များသည်ရံဖန်ရံခါလေထဲတွင်ညင်သာစွာယိမ်းနွဲ့နေသည်။
အိမ်နောက်ဘတ်နှင့်တောင်ခြေများရှေ့တွင်သူစိုက်ထားသောဝါးပင်များသည်ထူထပ်သောဝါးတောငယ်တစ်ခုဖြစ်လာသည်။
သီးပင်စားပင်အမျိုးစားအားလုံးကိုတောင်ပေါ်တွင်အမျိုးစားခွဲပြီးစိုက်ပျိုးထားသည်။တောင်ပေါ်တွင် သီးပင်စားပင်များအပြင်သစ်သားများထုတ်နိုင်တဲ့ အခြားသစ်ပင်များနှင့်လက်ဖတ်ပင်များနှင့်ချုံပုတ် အမျိုးမျိုးလည်းရှိသေးသည်။
အိမ်ရှေ့တွင်ချောင်းအနီးရှိလယ်မြေများကိုရေအ ပြည့်ဖြည့်ထားပြီးစပါးစိုက်ပျိုးဖို့အတွက်သီးသန့် ထားရှိသည်။အခြားကျန်ရှိသေးသည့်မြေယာဖော် ထားတဲ့နေရာတွင်မြေပေါ်တွင်စိုက်ပျိုးတဲ့အပင်မျိုးစုံကိုစိုက်ပျိုးရန်အသင့်ပြင်ထားသည်။ဟဲဇီကျုံးသည်ဟင်းသီးဟင်းရွတ်စိုက်ပျိုးရန်အိမ်ဘေးနားရှိ မြေလွတ်လေးကိုမြေယာဖော်ယူရန်အတွက်အချိန်ယူစီစဉ်ခဲ့သည်။
စပျစ်သီးနှင့်သခွားမွှေးသီးအမျိုးစားအားလုံးကိုစိုက်ပျိုးရန်အိမ်ရှေ့တွင်စင်များကိုတန်းစီထားသည်။
အသီးရွတ်များ၊အစားစာများနှင့်ကောက်ပဲသီးနှံများကိုမစိုက်ပျိုးရ သေးဘူး။နေ့ခင်းဘတ်တွင်အနီးတစ်ဝိုက်ကို ခရီးသွားရန်၊စက်ကရိယာမျိုးစုံဝယ်ရန်နှင့် လိုအပ်ချက်များကိုစစ်ဆေးပြီးအရည်အသွေးပိုမို ကောင်းမွန်သည့်မွေးမြူရေးတိရိစဆာန်များ၏ နေရာကိုရှာဖွေရန်လိုအပ် သေးသည်။
ညနေခင်းဘတ်တွင်သူ့သည်နေရာလွတ်ထဲကိုဝင်ပြီးပစစည်းမျာကိုသန့်ရှင်းရေးလုပ်ရန်နှင့်ပျိုးပင်များကိုစိုက်ပျိုးပြီးလက်ရန်းများနှင့်စင်များကိုဆောက်လုပ်သည်။
အကယ်လို့ဖန်ဟောင်ကအိမ်မှာနေပြီးသတင်း အချက်လတ်တွေကိုစုဆောင်းရန်နှင့်deliရောက်တာကိုလက်ခံပေးဖို့မကူညီဘူးဆိုရင်သူတစ်ယောက် တည်းအလုပ်ရှုပ်နေလိမ့်မည်။
ကံကောင်းစွာဖြင့်အလု်ပရှုပ်ဆုံးအပိုင်းကအဆင်ပြေသွားသည်။သူကနေ့ခင်းဘတ်တွင်အကြိမ်အနည်း ငယ်သာအပြင်ထွက်ရန်နှင့်မွေးမြူရေးတိရိစဆာန် များကိုနေရာလွတ်ထဲပို့ရန်သာလိုအပ်သည်။
ထို့နောက်နေ့ခင်းဘတ်တွင်နေ့ရာလွတ်ထဲရှိပစ္စည်းများကိုရွှေ့ပြောင်းနိုင်ခဲ့သည်။ညဘတ်တွင်သူသည်ထိုအရာများကိုကိုင်တွယ်ဖြေရှင်းရန်ခွန်အားမရှိ တော့ပေ။အဘယ်ကြောင့်ဆိုသော်သူသည် သောကြာနေ့ကစပြီးအပူချိန်နိမ့်အဖျားစတင်ဖြစ် လာသောကြောင့်ဖြစ်သည်။
ဟဲဇီကျုံးရဲ့စွမ်းရည်ကတခြားသာမာန်လူတွေနဲ့ ကွဲပြားသည်။သူ့အိမ်သို့မတော်တဆရောက်လာ သောချူးလီကဲ့သို့ပင်သူမသည်စွမ်းအားမရရှိမီတစ်ညသာအဖျားတက်ခဲ့သည်။.ချူးလီကဲ့သို့ပင် ဖန်ဟောင်လည်းဘဲ၂၉ရက်နေ့တွင်တစ်ညလုံး အဖျားတက်ခဲ့ပြီးနိုးလာတော့စွမ်းရည်ရရှိခဲ့တာဖြစ်သည်။
စွမ်းရည်နိုးထသူတွေအားလုံးက၂၉ရက်ညတွင် စုပေါင်းဖျားနာပြီးနောက်စွမ်းအားကိုရရှိခဲ့ပုံရသည်။အဖျားကြောင့်သတိလစ်နေသောလူအ များစုသည်မတ်လ၁ရက်နေ့မနက်ခင်းတွင် ဇွန်ဘီများဖြစ်လာကြပြီးသတ်ရှိလူအားလုံးကို ဖမ်းဆီးပြီးအမဲလိုက်ဖို့ကြိုးစားကာသူတို့ရဲ့ အစာအဖြစ်အသုံးပြုကြသည်။
အဲ့ဒီအချိန်မှာဟဲဇီကျုံးကညသန်းခေါင်တွင်တစ်ရက်လျှင်နှစ်နာရီခန့်သာအဖျားတက်ခဲ့လျှင်ရောဂါပိုးကူးစက်ခံထားသူတစ်ဦးဦးမှစွန့်ပစ်ခံရနိုင်သည်။
"စီနီယာသက်သာရဲ့လား"ဖန်ဟောင်သည်လက်ထဲတွင်အဖျားကျ ဆေးနှင့်ရေနွေးနွေးလေးတစ်ခွက်ကိုကိုင်ကာ အိပ်ခန်းထဲသို့ဝင်လာကာစိုးရိမ်တကြီးနှင့်ကြည့်နေသည်။
ဟဲဇီကျုံးကပြုံးလိုက်ပြီးဆေးကိုယူလိုက်ကာ "မစိုးရိမ်ပါနဲ့ငါအဆင်ပြေတယ်"အဖျားကသူကို အနည်းငယ်သတ်ရောက်မှုရှိနေတုန်းဖြစ်သည်။တစ်ညမှာနှစ်နာရီလောက်ဖျားပြီးရင်နောက်ထပ်ဆယ် နာရီလောက်အားနည်းနေတုန်းဖြစ်သည်။ အဲဒါကြောင့်ဘဲသူမှာနေရာလွတ်ရှိသော်ငြားလည်းသိုက်ကျွင်းကသူကိုအထင်မြင်သေးရတဲ့အကြီးမား ဆုံးအကြောင်းပြချက်ဖြစ်သည်။
"ဖျားနေတာနှစ်ရက်လောက်ရှိပြီ"ဖန်ဟောင်ကအိပ်ယာဘေးမှာထိုင် ပြီးသူ့လက်သီးတင်းတင်းဆုပ်ထားမိသည်။ဟဲဇီကျုံးဆေးယူပြီးရေသောက်တာကိုမြင်တော့တုန်ရီနေ သောလက်များဖြင်နဖူးကိုအုပ်ကိုင်လိုက်သည်။ အဖျားတက်တာသို့မဟုတ်ချွေးထွက်တာမရှိတော့ သော်လည်းဟဲဇီကျုံးမျက်နှာကမကောင်းသေးပေ။
သူ့နဖူးပေါ်ကလက်ကဟဲဇီကျုံးကိုပြင်းထန်စွာမျို ချစေလိုက်သည်။သူနှုတ်ခမ်းထောင့်တွေကို မြှောက်ပြီးပြုံးလိုက်သည်။"အဆင်ပြေပါတယ်ငါကဆယ်နာရီလောက်ဘဲအားမရှိတာလေတစ်နေ့ကိုနှစ်ဆယ်လေးနာရီတောင်ရှိတာကို"ဖန်ဟောင်ဒေါသ ထွက်လာတာကြောင့်မျက်လုံးတွေအနည်းငယ်ပြူးကျယ်လာပေမယ့်သူ့ကိုနောက်ထပ်စိတ်မသက်မ သာဖြစ်အောင်မလုပ်ချင်တာကြောင့်ခေါင်းကိုတစ် ဖတ်လှည့်လိုက်ပြီး"စီနီယာဒီနေ့အပြင်မသွားဘဲအိမ်မှာရက်အနည်းငယ်အနားယူလိုက် လေ"သူ့ကအလုပ်ထွက်လိုက်ပြီးရက်အနည်းငယ် လောက်အနားယူဖို့စီစဉ်ထားတယ်လို့ပြောခဲ့ပေမယ့်သူကလုံးဝကိုအချိန်ဖြုန်းပြီးမနေခဲ့ဘူး။သူက နေ့တိုင်းမနက်အစောမှာအပြင်ထွက်သွားပြီးနောက်ကျမှပြန်လာသည်။အင်တာနက်ကနေပစ္စည်းတွေအများကြီးဝယ်ပြီးနောက်တစ်ရက်ရောက်ရင်အဝေးကိုယူသွားသည်။
ဖန်ဟောင်ကဟဲဇီကျုံးသည်ကုမပဏီစတိုးဆိုင်သို့မဟုတ်တစ်ခုခုဖွင့်ဖို့ပြင်ဆင်နေတယ်လို့ထင်သည်။ဟဲဇီကျုံးကသူကိုမပြောပြဘူးသူကလည်းဟဲဇီကျုံးကိုစိတ်မဆင်းရဲစေချင်လို့အများကြီးမမေးချင်ဘူး။ ဒါပေမယ့်သူအလုပ်ရှုပ်နေတာကိုမြင်ရတော့ ဖန်ဟောင်ကစိတ်သောကရောက်သလိုခံစားရသည်။
အဲ့ဒါကြောင့်ဘဲသူကနေ့တိုင်းဟဲဇီကျုံးခွန်အားဖြည့်တင်းဖို့အတွက်အာဟာရပြည့်ဝပြီးအရသာရှိသောဟင်းလျာမျိုးစုံဖြင့်ကူညီရန်ပါဝင်ပစစည်းမျိုးစုံကို ဝယ်ယူသည်။
"ငါဒီနေ့အသိတစ်ယောက်နဲ့ချိန်းထားတာ"ဟဲဇီကျုံးကပြုံးလိုက်ပြီးသူစိတ်ဆိုးနေပုံလေးကိုကြည့်ကာ ရုတ်တရက်သူဆံပင်လေးတွေကိုထိချင်လာသည်။
သူကအဲလိုတွေးပြီးအဲလိုလုပ်လိုက်သည်။ဖန်ဟောင်ဆံပင်ကအရမ်းနူးညံ့ပြီးနီညိုရောင်ရှိကာသူ့လက်ထဲတွင်ပိုးထည်တစ််ခုလိုခံစားလိုက်ရသည်။ဖန်ဟောင်အသုံးပြုရတာကြိုက်တဲ့တံဆိပ်ထဲကခေါင်းလျှော်ရည်အများကြီးဝယ်ထားတာကိုမှတ်မိပေမယ့် အဆင်မပြေရင်ဘယ်လိုလုပ်မလဲ။ဒီနေ့မွေးမြူရေးတိရိစဆာန်တွေဝယ်ပြီးရင်စူပါမားကတ်ကိုထပ်သွားဖို့စဉ်စားလိုက်သည်။
ဖန်ဟောင်ရဲ့နားရွတ်လေးတွေကနီသွားပြီးသူခေါင်းပေါ်ကိုဖိထားတဲ့လက်ကပူနေသလိုဘဲ။ သူ့ကဖုံးမကွယ်ထားချင်ဘူး။သူ့အခုရှိနေ့တဲ့ အနေထားလိုမျိုးသူကဟဲဇီကျုံးဘေးနားမှာ အမြဲတမ်းရှိနေချင်တာဖြစ်သည်။ဟဲဇီကျုံးက အလိုရှိနေသရွှေ့သူ့ကဘေးနားမှာအမြဲတမ်းအတူရှိ နေပေးမှာဖြစ်သည်။
"မနေ့ကငါဝယ်လာတဲ့အသီးကိုစားဖို့မမေ့နဲ့အုံးနော်"နေရာလွတ်ထဲ မှာရှိတဲ့အသီးများသည်လျင်မြန်စွာကြီးထွားလာပြီးပန်းသီးပင်သည်တစ်ပတ်ထဲနဲ့အသီးသီးလာခဲ့သည်။
"ဟုတ်ကဲ့ပါကျွန်တော်အသီးနည်းနည်းကိုဆေးထား ပြီးတော့လတ်ဆတ်မှုကိုထိန်းပေးတဲ့အိတ်ထဲထည့်ထားတယ်အပြင်သွားရင်ယူသွားဖို့မမေ့နဲ့အုံး၊ ပန်းသီးအရသာကအရမ်းကောင်းတယ်နေ့လည်စာစားဖို့လည်းမမေ့နဲ့အုံး"
"အေးပါ"ဖန်ဟောင်ခေါင်းလေးကိုပြင်းပြင်းထန်ထန်ပွတ်လိုက်ပြီးဟဲဇီကျုံးကဆေးကြောရန်ထလိုက် သည်။
ဖန်ဟောင်ရဲ့နှစ်သတ်ဖွယ်ရာမနက်စာကိုစားလိုက် ပြီးဟဲဇီကျုံးကအပြင်ကိုထွက်လာခဲ့သည်။ အမြန်ပို့ဆာင်မှုများသည်နှစ်ခုသာကျန်တော့သည်။ဒီနေ့နဲ့မနက်ဖြန်ခြံမွေးတိရိစဆာန်တွေကိုဝယ်ပြီး သွားရင်Nမြို့ကိုပင်လယ်စာတွေဝယ်ရန်နှင့်အခြေနေတွေကိုသွားကြည့်ရန်စဉ်စားထားသည်။ သူ့နေရာလွတ်ထဲမှာပင်လယ်ရေကန်လိုတူးနိုင်သည့်တူးဖော်စက်ရှိသည်။ဒါပေမယ့်အဲ့ဒီထဲမှာမွေးမြူတဲ့ ကောင်တွေအသက်ရှင်ပါ့မလား၊အသတ်မရှင်ရင် ကော??
ပြီးတော့ဖန်ဟောင်သူကိုတစ်ယောက်ထဲ ဘယ်လိုလုပ်ထားခဲ့ရက်မှာလဲ။ကမ္ဘာပျက်ကပ်ဖြစ်တဲ့အချိန်စောသွားရင်ဘယ်လိုဖြစ်မလဲ။ခရီးထွက်မယ်လို့အကြောင်းပြပြီးသူ့ကိုရက်အနည်းငယ်လောက် ခေါ်သွားရင်ကောအဆင်ပြေနိုင်လား??
ဒါပေမယ့်အချိန်မီပြန်မရောက်ရင်ကော၊သူကFမြို့၊ Aမြို့နှင့်အနီးနားရှိမြို့အားလုံးရဲ့စူပါမားကတ်၊ဓာက်ဆီဆိုင်၊နှင့်သားသတ်ရုံများ၏သတင်းအချက်လတ်အားလုံးကိုစုံစမ်းထားခဲ့သည်။
ဘာဘဲဖြစ်ဖြစ်မြန်မြန်လုပ်ရင်ပြန်လာဖို့အချိန်မှီသည်။အကယ်လို့အခြေနေတွေပြောင်းသွားရင်တောင်မှဖန်ဟောင်ကသူနဲ့အတူရှိနေသရွှေ့အသတ်ရှင်နေထိုင်ဖို့ခေါ်ဆောင်သွားနိုင်သည်။သူ့ကိုတစ်သတ်လုံးတောင်နေရာလွတ်ထဲမှာခေါ်ထားနိုင်သည်။
အဲ့ဒါကိုတွေးမိတဲ့အခါဟဲဇီကျုံးသည်သက်တောင့်သက်သာနှင့်အာရုံ စူးစိုက်ပြီးဆင်ခြေဖုံးသို့မောင်းသွားခဲ့သည်။ Fမြို့အပြင်ရှိပျားအုံနှင့်အပိုသေတတာများကိုဝယ်ယူပြီးနောက်နေရာလွတ်ထဲပစ်ထည့်လိုက်သည်။နေရာလွတ်ထဲရှိပန်းများပွင့်ပြီးနောက်ဝတ်မှုံ့ကူးခြင်းမရှိဘဲအပင်တွေအသီးသီးဖို့အတွက်ခတ်ခဲလိမ့်မည်။ဤအရာသည်ဟဲဇီကျုံးအရင်ဘဝကရှာဖွေတွေ့ရှိခဲ့ သောအရာဖြစ်သည်။အရင်ဘဝကဟဲဇီကျုံးသည်ဝတ်မှုံကူးရန်သွားပွတ်တံကိုအသုံးပြုခဲ့ပြီးနောက်မှာ ပန်းသီးများ ပေါ်ထွက်လာခဲ့သည်။
ကြက်အကောင်ရေ၅၀၊ဘဲ၊ငုံး၊ငန်းဖြူ၊ခိုနှင့်ဝက်၊နွား၊သို့း၊ယုန်၊မြည်းနှင့်အခြားတိရိစဆာန်အများစုကိုလည်းဝယ်ယူခဲ့ပြီးနေရာလွတ်ထဲမှာနေရာလွတ်ထဲမှာအခြေချထားသည်။Fမြို့ကိုစက်မှုဖွံ့ဖြိုးတဲ့မြို့လို့ယူဆနိုင်ပြီးတိရိစဆာန်မွေးမြူရေးလုပ်ငန်းကသိပ်ပြီး မဖွံ့ဖြိုးသေးဘူး။
သာ မာန်မွေးမြူရေးတိရိစ္ဆာန်အချို့ဝယ်ရန်တော့အဆင်ပြေသည်။
သူအချိန်ကိုကြည့်လိုက်သည်။အဖျားတက်နေတာ ကြောင့်သူအပြင်ထွက်ဖို့နောက်ကျသွားသည်။ ဒါပေမယ့်သူအရှိုန်ကိုမြှင့်လိုက်ရင်သူ့ငါးပေါက်လေးတွေဝယ်ရန်ငါးပုစွန်စက်ရုံကိုသွားလို့ရနိုင်သည်။
ဖန်ဟောင်ကကွန်ပျူတာရှေ့ထိုင်ပြီးဟဲဇီကျုံးတောင်းဆိုထားသည့်အချက်လတ်အားလုံးကိုdowloadဆွဲလိုက်သည်။လွန့်ခဲ့သောတစ်ပတ်ခန့် သူပြောင်းလာကတည်းကပရင့်ထုတ်တဲ့စက်ကို အသုံးပြုတာမရပ်မနားဖြစ်သည်။
printထုတ်ထားတဲ့ဖိုင်အသစ်တွေကိုရေတွက်ပြီး တော့ဖန်ဟောင်ကအဲဒါတွေကိုFloderတစ်ခုထဲတွင်ထည့်ကာသပ်ရပ်စွာဘေးဖယ်ထားလိုက်သည်။
မကြာသေးမီကစီနီယာကပစစည်းအများကြီးဝယ်ခဲ့သည်။အချို့ကိုသူ(ဟဲဇီကျုံး)အပြင်ထွက်တဲ့အခါယူသွားပေမယ့်လည်းအချို့ကအပြင်ကိုမယူသွားဘဲနဲ့လုံးဝပျောက်သွားသည်။
ဖန်ဟောင်ကအဲဒါကိုမတော်တဆတွေ့ရှိခဲ့တာဖြစ်သည်။အဲဒီအချိန်တုန်းကသူကပျောက်သွားတာလို့ထင်ခဲ့သောကြောင့်လန့်သွားပြီးဟဲဇီ ကျုံးကိုအမြန်သွားပြောခဲ့သည်။စီနီယာကတော့ဒီလိုဘဲပြောခဲ့သည်။"အာအဲဒါအပြင်ယူသွားလိုက်တာ လေလို့"
ဖန်ဟောင်ကဟဲဇီကျုံးအလုပ်ရှုပ်နေတာကိုသိသည်။ပြီးတော့သူ့မ ပြောပြနိုင်သေးတဲ့လျိုဝှတ်ချက်အချို့ရှိနေပုံပေါ် ပေမယ့်လည်းသိသာထင်ရှားသည်မှာသူကဖုံးကွယ်ထားခြင်းမရှိဘဲတိုက်ရိုက်မပြောရုံသာ ဖြစ်သည်။ဒါပေမယ့်ဒီတိုင်းလေးကိုလည်းဖန်ဟောင်အရမ်းကျေနပ်သည်။
ဟဲဇီကျုံးကဒါပြီးရင်သူကိုသူသတ်သေမှာလား???
ဖန်ဟောင်သည်မစိုးရိမ်ဘူးလို့အတိအကျပြောသော်လည်းဟဲဇီကျုံးကသတ်ဖြတ်ခံခဲ့ရလျှင်ပင်သူဖုံးကွယ်ထားမှာမဟုတ်ပေ။ဟိုးရင်ကတည်းကသူနဲ့တွေ့ ပြီးကတည်းကသူ့ရဲ့ညို့ဓာက်ကိုမိသွားတာဖြစ်သည်။အဲဒါကြောင့်ဟဲဇီကျုံးကသူ့အတွက်အသေခံခြင်းကိုဖန်ဟောင်သည်မလိုးလားသော်လည်းသူ့ပျော်ရွှင်မိလိမ့်မည်။သူရဲ့ဆန္ဒကိုအမြဲတမ်းသတိရနေမှာပါ။ [[[ပေါက်ကရတွေးနိုင်လွန်းသောပေါက်စ]]]
{T/Nဒီမှာပေါက်စကသူ့ဘာသာလျှောက်တွေးနေ တာပါပြီးတော့သူကဟဲဇီကျုံးဘာလုပ်လုပ်ဟဲဇီကျုံးရဲ့ဆန္ဒကိုလက်ခံမယ်လို့ဖော်ပြချင်တာပါ။ပေါ်လွင် အောင်မရေးသားနိုင်ခဲ့ရင်watashiရဲ့လိုအပ်ချက်ပါ}
"ဒင်းဒေါင်"တံခါးဘဲလ်ကမြည်လာသည်။အမြန်ချောပို့လား??မဟုတ်လောက်ဘူးနောက်ဆုံးကျန်တဲ့orderကိုနေ့လည်ခင်းကလာပို့ပြီးပြီ လေ။
ဖန်ဟောင်ကထလိုက်ပြီးတံခါးဖွင့်လိုက်သည်။သိမ့်မွေ့တဲ့မိတ်ကပ်အ ပြင်ဆင်နဲ့သာမာန်အသွင်ပြင်ရှိတဲ့သူစိမ်းအမျိုးသမီးကတံခါးရှေ့မှာရပ်နေသည်။
ဖန်ဟောင်သည်သူမကိုမသိသော်လည်းသူမရဲ့မျက်နှာကိုကြည့်ပြီး တော့မသိစိတ်အရခန့်မှန်းမိပြီး"ဘယ်သူကိုရှာနေ တာလဲ"
ချူးလီလီသည်သူမအရှေ့ကကောင်လေးကိုအံဩ သောအကြည့်ဖြင့် ကြည်လိုက်သည်။ဖန်ဟောင်မှာကလေးလိုမျက်နှာ လေးရှိပြီးသူအသားအရေလေးကလည်းနူးညံ့နေပြီးပါးချိုင့်လေးနှစ်ခုကလည်းရှိသောကြောင့်ကျောင်းမတက်တဲ့ကျောင်းသားလေးတစ်ယောက်လိုဖြစ်နေသည်။ကောလ်လိပ်မတက်ခင်ကတည်းကအလုပ် လုပ်ခဲ့တာလို့ ပြောရင်ထူးဆန်းပေမယ့်သူကသဘာဝအတိုင်းရှိနေဆဲပါ။(အလုပ်လုပ်တွေလုပ်ပေမယ့်နုပျိုပြီးကလေးမျက်နှာလေးတိုင်းဘဲလို့ပြောချင်တာပါ)အထက်တန်းကျောင်းသားလို့ပြောရင်အခြားသူတွေယုံလိမ့်မည်။
"မင်းဘယ်သူလဲ၊ဟဲဇီကျုံးဘယ်သွားလဲ" ဒီကောင်လေးကအရှက်မဲ့တဲ့သိုက်ကျွင်းထက်စာရင်ပိုပြီးကြည့်လို့ကောင်းသည်။သူတကယ်ဘဲ ယောက်ျားလေးတွေကဘာပိုကောင်းနေတာလဲမ သိတော့ဘူး။ဒီလောက်ချောမောတဲ့သူဝမ်းကွဲကော၊ဒီချစ်စရာကောင်းတဲ့ကောင်လေးကောက ယောက်ျားလေးတွေကိုကြိုက်တာလား။မိန်းကလေးတွေကဘာဖြစ်နေလို့လဲ!!!
ဖန်ဟောင်စိတ်ဘဝင်မကျပေမယ့်သည်းခံကာ ချစ်စရာအပြုံးလေးနဲ့ ပြောလိုက်သည်"အကိုဇီကျုံးကဒီမှာမရှိဘူး၊မင်းကဘယ်သူလဲ"
"မရှိဘူး?သူတနင်္ဂနွေနေ့ကြီးမှာဘယ်ကိုသွားတာလဲ!!!"ချုးလီလီကစိတ်တိုသွားသည်။သူ့အဘွားကွယ်လွန်သွားတာကလွန်ခဲ့တဲ့နှစ်ဝက်ထဲကဖြစ်သည်။သူတို့သည်မိသားစုရှိအိမ်ဟောင်းအတွက်လုပ်ငန်းစဉ် များစွာကိုတစ်ခုပြီးတစ်ခုလုပ်ဆောင်ခဲ့ရသည်။အဲဒါကလုပ်ဖို့မလွယ်ဘူးဆွေမျိုးအားလုံးကိုလက်မှတ် ထိုးခိုင်းသည်။
အစတုန်းကတော့အဲ့ဒီအိမ်ကိုလျို့ဝှတ်စွာသိမ်းယူရန်ကြံစည်ထား သောကြောင့်ဟဲဇီကျုံးကိုအသိပေးရန်မလိုအပ်ပေ။ ဒါပေမယ့်မှတ်ပုံတင်ရုံးကလက်မှတ်မရရှိရင်သူမအိမ်စာချုပ်ကိုမရနိုင်ဘူးဆိုတာကိုဘယ်လိုသိမလဲ။ မှတ်ပုံတင်ရုံးကိုမိသားစုဝင်အားလုံးကစာချုပ်မှာ လက်မှတ်ထိုးကြောင်းကိုတင်ပြဖို့ကပိုပြီးအရေးကြီးသည်။