Chapter25
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်စူပါးမားကတ် အပါ်ထပ်ကကုန်ပစ္စည်းနှင့်အဝတ်အစားတွေကို နေရာလွတ်ထဲသို့မထည့်ခင်မြေအောက်ထပ်က ဂိုဒေါင်တစ်ခုလုံးနှင့်အအေးခန်းဂိုဒေါင်ထဲမှာရှိတဲ့ အရာတွေကိုအရင်ရှင်းလင်းလိုက်သည်။
အပိုပစ္စည်းများကိုမယူခဲ့ကြပေ။ခင်းကျင်းပြသထားတဲ့ကုန်ပစ္စည်းတွေကိုမထိပေမယ့်စင်ပေါ်နှင့် အနောက်ဘတ်တွင်ထားရှိသောအရာများ၏ တစ်ဝက်ကိုယူဆောင်ခဲ့ကြသည်။
ကုန်တိုက်၏ပဥ္စမထပ်တွင်ဆင်တူဝတ်ထားပြီး လက်နက်အပြည့်စုံရှိသောဇွန်ဘီအများပြားရှိသည့် လက်ဝတ်ရတနာကောင်တာတစ်ခုရှိသည်။၎င်းတို့သည် ပစ္စည်းစုဆောင်းရန်လာခဲ့ပေမယ့် ကံမကောင်းစွာဖြင့်ဒီမှာရှိနေတဲ့ ဇွန်ဘီတွေရဲ့တိုက်ခိုက်တာခံရတာဖြစ်နိုင်သည်။
"သတိထားအုံး"စကားပြောပြီးနောက်ဇွန်ဘီ လေးငါးကောင်သည်အရသာရှိသောအစာနှစ်ခုကိုတွေ့လိုက်သလိုသူတို့ရဲ့လက်တွေကိုဆန့်ပြီး သူ့တို့ဆီသို့တဟုန်ထိုးပြေးလာခဲ့သည်။
ဇွန်ဘီတွေဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှသူတို့ရဲ့ခွန်အားတိုးလာပြီးလှုပ်ရှားမူတွေကလည်း ပိုပြီးတော့ချောမွေ့မြန်ဆန်လာသည်။သူ့တို့ကို အမှောက်သိပ်ဖို့ရန်အတွက်နှစ်ယောက်သား တော်တော်လေးအားစိုက်လိုက်ရသည်။
သူတို့နှစ်ယောက်အသတ်ဝဝမရှုနိုင်ခင်မှာဘဲသူတို့ ခေါင်းပေါ်ကနေလေပြင်းတွေဖြတ်သွားသည်။ တစ်ခုခုရှိနေတယ်!!
ဟဲဇီကျုံးကခေါင်းကိုမော့လိုက်ပြီးမသိစိတ်အရသူ့လက်ထဲကစတီးပိုက်ကိုအပေါ်သို့မြှောက်လိုက်ကာ "ဒန်"ချွန်ထက်တဲ့လက်သည်းတွေနဲ့လွင့်ထွတ်သွားတဲ့အမဲရောင်ပုံရိပ်သေးသေးလေး။ ဇွန်ဘီကြောင်ဘဲ!!!
တစ်စုံတစ်ယောက်ကဝယ်ထားတဲ့အိမ်မွေးကြောင် ဖြစ်နိုင်သည်။ဒါမှမဟုတ်ကမ္ဘာပျက်ကပ်ဖြစ်ပြီးတော့မှရောက်လာတဲ့အနီးနားကတစ်စုံတစ်ယောက်ရဲ့ ကြောင်ဖြစ်နိုင်သည်။
ဟဲဇီကျုံးကစိတ်ထဲကနေသတ်ပြင်းချလိုက်သည်။ ကြောင်နဲ့ယှဉ်ရင်ဇွန်ဘီခွေးနဲ့ရင်ဆိုင်ရတာကမှ ပိုလွယ်သေးသည်။
အမဲရောင်အစက်အပြောက်များနှင့်သာမာန်ထက်ချွဲကျိကျိဖြစ်နေသောခန္ဓာကိုယ်၊အကွတ်လိုက်ဖြစ်နေ သောအမွေးများသည်မူလအသွင်ပြင်အမျိုးစားကို ခန့်မှန်းရန်မဖြစ်နိုင်အောင်လုပ်နေသည်။
ဖန်ဟောင်သည့်သူ့နှလုံးကအရမ်းကိုထိတ်ထိတ်ပျာပျာဖြင့်အခုန်မြန်နေသည်ကိုခံစားလိုက်ရသည်။ဒါက၊ဒါကြီးက………..
သူတို့နှစ်ယောက်ကိုစဉ်းစားဖို့အချိန်မပေးဘဲ ဇွန်ဘီကြောင်သည်စူးစူးဝါးဝါးအော်ဟစ်ပြီး အမြှီးတွေထောင်သည်အထိသူတို့နှစ်ယောက်ဆီကို တဟုန်ထိုးပြေးလာပြန်သည်။ချွန်ထက်နေတဲ့သွားတွေကအရမ်းကြောက်ဖို့ကောင်းသည်။
ဟဲဇီကျုံးကအာရုံစူးစိုက်လိုက်သည်။ သူ့အရင်ဘဝတုန်းကဇွန်ဘီကြောင်နှင့် ရင်ဆိုင်ဖူးသော်လည်းသူ့ရှေ့ကတစ်ကောင်က ပိုမြန်သည်။သို့သော်လည်းတစ်ကောင်ဘဲဆိုတော့ သူဖြေရှင်းနိုင်သည်။
"ဒန်!!"|နောက်ထပ်အသံနှင့်အတူသံတုတ်သည် နောက်ထပ်တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။ ဖန်ဟောင်ကတုတ်ကိုလှည့်လိုက်ပြီးကြောင်ကို ပြင်းပြင်းထန်ထန်ရိုက်လိုက်ပေမယ့်ကြောင်က လှိမ့်ပြီးရှောင်ထွက်သွားသည်။
ထို့ကြောင့်ပင်ကိုယ်လုံးကိုယ်ပေါက်သေးတဲ့ ဇွန်ဘီတိရိစ္ဆန်သေးသေးလေးများကဲ့သို့သော ဇွန်ဘီကြောင်များသည်အလွန်ဒုက္ခအပေးဆုံး ဖြစ်သည်။
သူတို့နှစ်ယောက်တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ သည်။ဇွန်ဘီကြောင်ကလျင်မြန်စွာလှုပ်ရှားနေသောကြောင့်ထိုကြောင်သည်အရှိုန်လွန်သွားပြီးဖာထဲသို့ ပြေးဝင်သွားမိကာနောက်ဆုံးတွင်သူတို့နှစ်ယောက်ပေါင်းပြီးသေတဲ့အထိရိုက်နှတ်လိုက်သည်။
ထိုကြောင်ရဲ့ဦးနှောက်ထဲမှာရှိတဲ့ အဏုမြူကျောက်တုံးသည်သာမာန်ကျောက်တုံး ထက်အနည်းငယ်ပိုကြီးသည်။ဒါပေမယ့် အရောင်တော့မရှိသေးသောကြောင့်ကြောင်သည် ပထမအဆင့်ဇွန်ဘီအမျိုးအစားထဲတွင်ရှိနေဆဲဟု ဆိုလိုသည်။
တကယ်ကိုစိတ်မကောင်းစရာသတင်းဘဲ။
သူ့ခေါင်းကိုခါလိုက်ပြီးသတ်ပြင်းချရင်းဟဲဇီကျုံး သည်အရောင်းပြခန်းကိုလျှောက်သွားပြီးရွှေ၊ငွေနဲ့ လက်ဝတ်ရတနာအမျိုးမျိုးကိုစုဆောင်းလိုက်သည်။
ရွှေနှင့်ငွေသည်အလွန်အသုံးဝင်သည်။အနာဂတ်တွင်အခြေစိုက်စခန်းတွေကအထူးကျည်ဆန်မျာကို ဖန်တီးရန်အတွက်၎င်းတို့ကိုစုဆောင်းလိမ့်မည်။ ကျောက်စိမ်းနဲ့အခြားလက်ဝတ်ရတနာတွေအနေနဲ့ကတော့တစ်စုံတစ်ဦးက၎င်းတို့ကိုလိုချင်နေသည်။ဘာဘဲဖြစ်ဖြစ်ဒီပစ္စည်းတွေကအရမ်းမကြီးသော ကြောင့်နေရာအများကြီး တော့မယူပေ။
အောက်ကအထပ်များကဲ့သို့ပင်ဟဲဇီကျုံးသည် ပဉ္စမအထပ်ကိုလုံးလုံးလျားလျားပြောင်စင်အောင် ရှင်းလင်းလိုက်ကာhard diskကိုဖြုတ်ရန်စောင့်ကြည့်ရေးအခန်းထဲသို့သွားခဲ့သည်။
"ဟမ်!?စီနီယာတစ်ယောက်ယောက်ဝင်လာနေ တယ်"ဖန်ဟောင်ကဟဲဇီကျုံးရဲ့နာမည်အရင်းကိုခေါ်ဖို့အသားသိပ်မကျသေးပေ။ဒါမှမဟုတ်ထူးခြားတဲ့အခြေနေထူးခြားတဲ့သင်္ကေတအဖြင့်မသိစိတ်ထဲက နေသတ်မှတ်ထားတာလား။
စောင့်ကြည့်ရေးအခန်းထဲကhard diskကိုဖြုတ်လိုက်သော်လည်းလျှပ်စစ်စွမ်းအင်ကအလုပ်လုပ်နေဆဲဖြစ်သောကြောင့်အဆောက်အအုံတွင်းရှိစောင့်ကြည့်ရေးကင်မရာများက အလုပ်လုပ်နေဆဲဖြစ်သည်။
အသစ်ရောက်လာသောအုပ်စုသည်လူခုနစ်ယောက်ခြောက်ယောက်လောက်ရှိသည်။သူတို့ဝင်လာပြီး နောက်စူပါးမားကတ်၏မြေအောက်ထပ်ကို တန်းတန်းသွားကြသော်လည်းနောက်ဆုံး တစ်ယောက်သည်အခြားသူများအဝေးသို့ ရောက်သွားစဉ်တွင်စူပါးမားကတ်အဝင်ဝမှာရှိတဲ့ သကြားလုံးဆိုင်သို့ခိုးသွားလိုက်သည်။ဘယ်နှင့်ညာကိုကြည့်ကာဘယ်သူမှမရှိကြောင်း အတည်ပြုပြီးနောက်သကြားလုံးတွေဆီသို့ လက်လှမ်းပြီးသူလက်နဲ့ထိလိုက်တဲ့အချိန်တွင်-သကြားလုံးတွေကလေထဲမှာပျောက်ကွယ်သွား သည်။
"စီ..စီနီယာ…သူမှာကော…ရှိတာလား"ဖန်ဟောင်ကကွန်ပျူတာscreenကိုကြည့်ပြီးအံ့ဩနေသည်။
ဟဲဇီကျုံးကပိုတည်ငြိမ်ပြီး"သူ့လက်ကိုကြည့်လိုက်၊သူတစ်ခုခုကိုထိလိုက်တာနဲ့အလင်းရောင်တစ်ချက်လတ်ပြီးမှ ပျောက်သွားတာ၊ကိုယ်ထင်တာတော့သူ့က နေရာလွတ်စွမ်းအားရှင်ဖြစ်နိုင်တယ်"
အခြားစွမ်းရည်များကဲ့သို့နေရာလွတ်စွမ်းရည်ကို အသုံးပြုရန်စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူလိုအပ်သည်။
ကမ္ဘာပျက်ကပ်အစောပိုင်းနေ့ရက်များမှာဤကဲ့သို့ သောစွမ်းအားရှင်အများစုသည်သူ့တို့၏လှုပ်ရှားမူကိုအလွန်သတိထားပြုမူသည်။လူအများစုသည်၎င်းတို့အတွက်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုလို့ ထင်ခဲ့ကြသည်။သူတို့တစ်လသို့မဟုတ်နှစ်လမပြည့်ခင်မှာဘဲ၎င်းသည်စွမ်းရည်တစ်ခုသာဖြစ်မှန်း သဘောပေါက်ခဲ့ကြသည်။
နေရာလွတ်စွမ်းအားရှင်အများစုသည်အစပိုင်းတွင် နေရာလွတ်တစ်ကုဗမီတာသာရှိသည်။ကြုံတောင် ကြုံခဲကိစ္စများရပ်တွင်စွမ်းအားရှိသူ၏ဆန္ဒအရ တိုက်ခိုက်ရေးအမျိုးစားကဲ့သို့သော နေရာလွတ်ပိုင်းခြားခြင်း၊ထွက်ပြေးရန်နေရာတစ်ခုမှတစ်ခုသို့ရွှေ့ပြောင်းခြင်း(escape teleport)စသည့်ကွဲပြားခြားနားသောအမျိုးစားများ ဖြစ်ပေါ်စေသည်။
သိုလှောင်နိုင်တဲ့နေရာလွတ်စွမ်းအားရှင်များကို အစောပိုင်းတွင်အသင်းများစွာကကြိုဆိုခဲ့ကြသော်လည်းတစ်စုံတစ်ခုဖြစ်ပျက်တိုင်း-တစ်စုံတစ်ခုပျောက်သွားတာနဲ့တစ်ပြိုင်နက် နေရာလွတ်စွမ်းအားရှင်တွေကိုအရင်ဆုံးသံသယ ဝင်ကြသည်။ပိုဆိုးသည်မှာအဖွဲ၏ ထောက်ပံ့ရေးပစ္စည်းဝေစုကိုလျိုဝှတ်စွာ ခိုးယူကြသည့်နေရာလွတ်စွမ်းအားရှင်တစ်ချို့လည်းရှိခဲ့သည်။
ဒါပေမယ့်အဲ့လိုအဖြစ်ပျက်မျိုးကအခြေစိုက်စခန်းမှ R&Dဝန်ထမ်းရေးရာဋ္ဌာနကနေရာလွတ်စွမ်းအားရှင်တွေသယ်ဆောင်ထားသည့်နေရာလွတ်အတွင်းပိုင်း အခြေနေကိုစစ်ဆေးနိုင်သည့်နေရာလွတ်စစ်ဆေးတဲ့ကရိယာမတီထွင်ခင်အထိဘဲဖြစ်ပြီးနောက်ပိုင်းတွင် ပြဿနာများအရင်လောက်မတက်တော့ပေ။စကင်န်ဖတ်ခြင်း၏အကျိုးသတ်ရောက်မူသည် ကမ္ဘာပျက်ကပ်မတိုင်ခင်ကလုံခြုရေးခါးပတ်နှင့်ဆင်တူသည်။
ကံမကောင်းစွာဖြင့်ဟဲဇီကျုံးရဲ့လက်ကောက်သည်ကရိယာဖြင့်ရှာဖွေလို့မရခဲ့ပေ။အဲ့ဒါကြောင့်ဘဲအရင်ဘဝကအိုက်လန်သည်သိုက်ကျွင်း၏စကားတစ်ခွန်းထဲဖြင့်သံသယဝင်ရခြင်းဖြစ်သည်။
"သူတို့ရဲ့အဓိကရည်ရွယ်ချက်ကအစာရှာဖို့ဘဲသူတို့ဒီဘတ်ကိုမလာလောက်သေးဘူး၊သွားကြစို့" ကုန်တိုက်၏စတုတ္ထထပ်သည်အစားသောက်ဆိုင်ဖြစ်သည်။သူတို့အကုန်လုံးမယူခဲ့ပေ။ နောက်မှရောက်လာသူတွေအတွက်ပစ္စည်းတွေ တစ်ဝက်လောက်ချန်ထားခဲ့သည်။
ဘေးကင်းလုံခြုသောလမ်းမှတစ်ဆင့်ဆင်းလာသောအခါတွင်ထိုအဖွဲ့သည်မြေအောက်စူပါးမားကတ် တွင်အလုပ်ရှုပ်နေဆဲဖြစ်ပြီးသူတို့သည်စတင် ထွက်ခွာရန်ကားကိုစက်နှိုးခဲ့သည်။
လူတော်တော်များစိတ်မဝင်စားသောဆေးလိပ်ဆိုင်နှင့်အားပေးဝယ်ယူသူများသောအလွတ်နီးပါးဖြစ်နေတဲ့ဆေးဆိုင်ဆီကိုလည်းပတ်မောင်းခဲ့သည်။ လမ်းဘေးရှိ၂၄နာရီကုန်စုံဆိုင်စတိုးများကိုလည်း အသတ်ရှင်ထွက်ပြေးလွတ်မြောက်လာသူများသည်လာရောက်စုဆောင်းပြီးပြီဖြစ်သောကြောင့် ထောက်ပံ့ရေးပစ္စည်းများမွေနှောက်ရှာဖွေခံထားရသည်။
နောက်ဆုံးမှာတော့ဆေးဝါးပြတ်လတ်မှုရှိနေဆဲဖြစ်သည်။ကမ္ဘာပျက်ကပ်မတိုင်ခင်ကကြိုးစားစုဆောင်းခဲ့သော်လည်းကျန်နေသေးသည့်အမျိုးစားများစွာ ရှိသေးသည်။
ဆေးတွေသွားရှာဖို့ဆေးရုံကိုသွားလိုက်ရမလား။အဲ့တာကရူးနေလို့ဘဲဖြစ်လိမ့်မည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကဗိုင်းရပ်စ်အကူးခံရ ပြီးအဖျားရှိတဲ့လူနာအများစုကိုဆေးရုံသို့ပို့ဆောင်ခဲ့သည်။အထူးသဖြင့်ကမ္ဘာပျက်ကပ်၏ပထမနေ့တွင်ဖျားနေတဲ့လူနားများသည်ဇွန်ဘီဖြစ်လာသည်ကို ဘယ်သူမှမသိဘဲလူအချို့ကဖုန်းခေါ်ခဲ့သောကြောင့်ဆေးရုံသို့လူနာအယောက်၁၂၀လောက်ကို မောင်းပို့ခဲ့ကြသည်။
ဟဲဇီကျုံးသည်Fမြို့ကနေAမြို့အထိဆေးရုံ ဧရိယာများတစ်ဝိုက်ကိုပတ်သွားခဲ့သည်။ဘယ်သူကအန္တရယ်များတဲ့နေရာကိုသွားချင်မလဲ။
"ပြန်ကြစို့"ပတ်ဝန်းကျင်အခြေနေကိုလေ့လာပြီး၊ဘယ်သူမှဂရုမစိုတ်တဲ့ကွန်ပျုတာ စက်ပိုင်းဆိုင်ရာပစ္စည်းကရိယာ(hard ware)ဆိုင်ကိုဝင်ပြီးနောက်ဟဲဇီကျုံးသည်လှည့်ပြီး ပြန်မောင်းလာခဲ့သည်။သူတို့နှစ်ယောက် တစ်သတ်လုံးသုံးဖို့ရိက္ခာတွေကလုံလောက်နေပြီ ဖြစ်သည်။ကျန်တာတွေ့ကတော့ အနာဂတ်မှာတစ်ခြားသူတွေနဲ့လှဲလှယ်ရာတွင် အဆင်ပြေဖို့ဖြစ်သည်။
အရေးကြီးဆုံးကတော့နေရာလွတ်ထဲက မြေအောက်ထပ်ဂိုဒေါင်ရဲ့တစ်ဝက်ကျော်လောက်က ပြည့်နေပြီ!!!
"ပြန်ရောက်ရင်curryစားမယ်"ဖန်ဟောင်သည်မနေ့ညကတည်းကတွေးနေတာဖြစ်ပြီးစိတ်လှုပ်ရှား လာပြန်သည်။
ဟဲဇီကျုံးကအံ့ဩမှုကြောင့်မျက်ခုံးပင့်သွားပြီးသူ့ရဲ့တစ်ကိုယ်လုံးကိုသေချာကြည့်လိုက်ကာ"မင်း…မင်းစားနိုင်တာသေချာရဲ့လား"
သူသည်ဖန်ဟောင်ကိုစနောက်ရန်သို့မဟုတ် အီစီကလီလုပ်ရန်မရည်ရွယ်သော်လည်း ထိုစကားလုံးများ၏အဓိပ္ပါဖွင့်ဆိုချက်သည်ဖန်ဟောင်ကိုကျီစယ်နေဆဲဖြစ်သည်။
သူ့ရဲ့ဖြူဖွေးနေသောပါးပြင်လေးသည်ချက်ချင်းအနီရောင်သို့ပြောင်းသွားကာဖန်ဟောင်ကသူ့ခေါင်းကိုလှည့်လိုက်ကာပြတင်းပေါက်အပြင်ကို ကြည့်လိုက်ပြီး"အဲ့….အဲ့တာအဆင်ပြေပါတယ်"
သူ့ကိုကြည့်ရင်းဟဲဇီကျုံးနှလုံးသားလေးကပိုမို ယားယံလာသည်။ဟဲဇီကျုံးကရပ်ကွတ်ဆီသို့ ကားကိုမောင်းသွားရင်နဲ့သူဘာသာတိုးတိုးလေးရေရွတ်လိုက်သည်"အဆင်ပြေလောက်တယ်?"
ဖန်ဟောင်ကပိုရှက်သွားပြီးသူလည်ပင်းတွေပါ နီရဲလာပြီးသူ့ခေါင်းကိုငုံ့လိုက်သည်။"သွေး…သွေးမထွက်ဘူး"အဲ့တာကြောင့်မို့ပြဿနာမရှိဘူး။ "ပြီး….ပြီးတော့နေရာလွတ်ထဲကရေသောက်လိုက် တော့ခါးလည်းမနာတော့ဘူး"အဲ့နေရာလည်းလုံးဝမနာဘူး…..
ဟဲဇီကျုံးကမပြုံးဘဲမနေနိုင်တော့ဘဲသူတို့အိမ်ရဲ့ တံခါးဆီသို့မောင်းသွားလိုက်ပြီးတံခါးဖွင့်လိုက်ကာ ကားပါကင်တွင်ကားရပ်လိုက်ပြီးတံခါးကိုသော့ခတ်လိုက်သည်။
"သွားကြရအောင်"အကယ်လို့သူ့ဖန်ဟောင်ကို ထပ်စနေရင်သူ့မျက်နှာမီးလောင်သွားလောက်တယ်?
လုံးဝကိုအလွယ်တကူရှက်တက်တဲ့ကောင်လေး တစ်ယောက်ဖြစ်သော်လည်းသူကိုပေးအပ်ဖို့အသင့်ရှိတဲ့ကောင်လေးဖြစ်သည်-သူကိုမချစ်ဖို့နဲ့ဂရုမစိုက်ဘဲနေဖို့ခက်ခဲလှသည်။
နေရာလွတ်ထဲမှhard diskကိုအချက်အလတ်ထည့်သွင်းပြင်ဆင်ရန်ထုတ်ယူလိုက်ပြီးဗီလာ၏စောင့်ကြည့်ရေးခန်းတွင် တပ်ဆင်ခဲ့သည်။ဗီလာတွင်ကိုယ်ပိုင်စောင့်ကြည့်ရေးကင်မရာတပ်ဆင်ထားသော်လည်းအိမ်၏ဘအသွင်အပြင်တစ်ခုအနေနဲ့သာဖြစ်ပြီးအခုချိန်ထိhard driveကိုမတပ်ဆင်ရသေးပေ။အခုတော့၎င်းသည် ဖန်ဟောင်နဲ့ဟဲဇီကျုံးတို့ကိုအကျိုးပြုခဲ့သည်။
အချိန်အများစုတွင်၎င်းတို့သည်နေရာလွတ်ထဲတွင် နေထိုင်သောကြောင့်ပြင်ပကမ္ဘာ၏အခြေနေကို စောင့်ကြည့်ရန်အတွက်စောင့်ကြည့်ကင်မရာများကိုအားကိုးရမည်ဖြစ်သည်။
အဓိကအားဖြင့်ယာဉ်များသွားလာသည့်နေရာကို စောင့်ကြည့်ရန်ကင်မရာများ၏သွားလာမှု လမ်းကြောင်းကိုချိန်ညှိပြီးနောက်ဟဲဇီကျုံး စိတ်သက်သာရသွားသည်။ပြင်ပကမ္ဘာသည် ဓာက်အားပြတ်တောက်ခြင်းမရှိသေးသောကြောင့်အချိန်အတိုတွင်းဓာက်အားပြတ်တောက်မည်ကို စိုးရိမ်စရာမလိုပေ။
နေရာလွတ်ထဲမှာဖန်ဟောင်သည်သူတွေးနေတဲ့ curryကိုစားလိုက်သည်။မွှေးကြိုင်နေသောရနံသည် ဝင်ရောက်လာသောဟဲဇီကျုံးကိုစားချင်စိတ်ဖြစ်စေကာသူ့ကချက်ချင်းဘဲစားပွဲမှာဝင်ထိုင်လိုက်သည်။
ဘယ်လောက်ဘဲအရသာရှိတဲ့ဟင်းလျာဖြစ်ပါစေ လူတစ်ယောက်ကအများကြီးမစားနိုင်ပေ။ပန်းကန်တစ်ပန်းကန်ကုန်သွားပြီးနောက်သူတို့စားတာကို ရပ်လိုက်သည်။
မြေအောက်ဂိုဒေါင်ထဲတွင်မျိုးစေ့များကိုစိုက်ပျိုးရန်နှင့်သိမ်းဆည်ထားရန်ခွဲခြားဖို့နှင့်ပစ္စည်းအများကြီး စီဖို့လည်းလိုအပ်သေးသည်။
နှစ်ယောက်သားခဏအနားယူပြီးနောက်ထိုပစ္စည်း များကိုခွဲခြားစိတ်ဖြာဖို့အတွက်အောက်ထပ်ကိုဆင်းသွားခဲ့သည်။မြေအောက်ထပ်ဂိုဒေါင်ထဲတွင် ဟဲဇီကျုံးသည်ပစ္စည်းများကိုလွင့်မျောပြီးနေရာချရန်အတွက်မှော်ပညာကဲ့သို့ကျွမ်းကျင်စွာခြယ်လှယ်နိုင်သည်။
၎င်းတို့နှစ်ဦးသည်ဟဲဇီကျုံးဝယ်ထားတဲ့ဆေးဖတ်ဝင်အပင်မျိုးစေ့များစွာကိုတွေ့ပြီးနောက်ဘေးတွင် အမြန်ဖယ်ထားခဲ့သည်။နောက်တွင် အမှားမဖြစ်အောင်သီးခြားစိုက်ပျိုးရန်လိုအပ်သည်။
အခြားဟင်းသီးဟင်းရွတ်များနှင့်သစ်သီးဝလံများကိုလည်းတစ်မျိုးပြီးတစ်မျိုးစိုက်ပျိုးရန်လိုအပ်ပြီး လျင်မြန်စွာကြီးထွားနိုင်ပြီးပြုစုရလွယ်ကူသော ကောက်ပဲသီးနှံ့များကိုစားကျတ်မြေတွင် စိုက်ပျိုးသင့်သည်။
နေ့လည်ခင်းတစ်ခုလုံးနှစ်ယောက်သား ဟင်းသီးဟင်းရွတ်များကိုစိုက်ပျိုးခြင်း၊နေရာလွတ်ထဲက ပစ္စည်းများကိုစီခြင်းနှင့်အလုပ် ရှုပ်နေကြသည်။ဖန်ဟောင်ရုတ်တရက်တစ်ခုခုနှင့် အလျင်အမြန်ပြေးတက်လာတော့ဟဲဇီကျုံးသည် ပထမထပ်တွင်ရေသောက်နေသည်။
"စီနီယာကြည့်ဦး!!"
"ဒါဘာကြီးလဲ"ရွှေတွင်တစ်စုံတစ်ခုမြုပ်နှံထားပုံရ သည်။