ညသန်းခေါင်ကြီးနိုးလာပြီးသန့်စင်ခန်းထသွားသောရင်တုံးသည်အိုက်လွမ်နှင့်သူ၏အခန်းတံခါးဆီသို့ ပြန်လာသောအခါအထဲကလှုပ်ရှားနေတဲ့အသံတွေကိုကြားပြီးမျက်ခုံးပင့်လိုက်သည်။အမျိုးသမီးတစ် ယောက်ရဲ့အသံလား?အသင်းထဲတွင်အမျိုးသမီး ဆိုလို့ချူးလီလီတစ်ယောက်သာရှိသည်။
ထိုအမျိုးသမီးမှာထူးခြားတဲ့အပင်စွမ်းအင်ရှိသော ကြောင့်အိုက်လွမ်အနေနဲ့ဒီနည်းလမ်းကိုသုံးပြီးတော့ထိုအမျိုးသမီးကိုဆွဲဆောင်ထားခြင်းသည်ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သည်။ဒါပေမဲ့အဲ့ဒီ မသမာတဲ့ငနဲအိုက်လွမ်ထိုအမျိုးသမီးကြောင့်အချစ်နဲ့အမုန်းကြားကျရှုံးသွားမာကိုသူစိုးရိမ်သည်။
"တကယ်ကိုအရှုပ်ထုပ်ပဲ"မျက်မှောင်ကြုံလိုက်ပြီးသူ့မျက်မှန်ကိုတွန်းတင်ကာအခြားအသင်းသားများရှိသည့်တစ်ဖက်ခြမ်းသို့လှည့်ထွက်သွားခဲ့သည်။ဒီလို အရှုပ်ထုပ်ကိစ္စများကိုကမ္ဘာမပျက်ခင်ကတည်းက နေကမ္ဘာပျက်ပြီးတဲ့အထိလိုက်ဂရုစိုက်နေရသည်။ ဘယ်အချိန်မှာအဲ့ကောင်ကသူ့တဏှာကိုထိန်းချုပ်ဖို့သင်ယူမှာလဲ?
"ဘာဖြစ်တာတဲ့လဲ?"ဖန်ဟောင်ကအိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်သည်။သူ့ခနလေးတင်ကတစ်ယောက်ယောက်ငိုနေတာကိုကြားလိုက်ရသလိုပဲ-ဇွန်ဘီ တွေထကြွသောင်းကျန်းနေတဲ့အချိန်ညသန်းခေါင် မှာထိုအသံကိုကြားရတာကြောက်ဖို့ကောင်းသည်။
"ဘာမှမဟုတ်ပါဘူး၊ချူးလီလီပါ"ဟဲဇီကျုံးကပြုံးနေခဲ့သည်။အပြင်ဘက်ကချူးလီလီနဲ့အိုက်လွမ်ကြားရှိ စကားဝိုင်းကိုသူ့ကြားခဲ့သည်။အခွင့်ရေးကို ဆုပ်ကိုင်တက်တဲ့ချူးလီလီအနေနဲ့ကတော့…..ဟီးဟီး အဲ့ဒီအခွင့်ရေးကိုဖမ်းဆုပ်လိုက်တာပဲကောင်း တယ်ဒါပေမဲ့အိုက်လွမ်မှာကျင့်ဝတ်မရှိဘူးဆိုတာကိုသူသိတယ်တံခါးရှေ့ကိုယ်တိုင်ရောက်လာတဲ့အရာကို အိုက်လွမ်ကငြင်းမှာမဟုတ်ဘူး။
"သူ့မတစ်ခုခုဖြစ်လို့လား?"
"သူ့မကအခုချိန်ထိကိုယ်တို့ကိုသိမ်းသွင်းချင်နေ တုန်းပဲ အဲ့ဒါကြောင့် ကိုယ်အားပေးအားမြှောက်လုပ်ပြီးတော့-စကားလမ်းကြောင်းလွှဲလိုက်တယ်"ဟုတ်တယ် အိုက်လွမ်ရဲ့ညစ်ပတ်တဲ့အကျင့်စရိုက်အရချူးလီလီကသူ့မတစ်ယောက်တည်းကသာသူ့ဘေးမှာရှိနေရမဲ့လူလို့ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက်နေ့ခင်းဘက်မှာသူ့ကိုလာပြီးသိမ်းသွင်းတာနဲ့ပက်သက်ပြီးစဉ်း စားနေမှာကိုသူ့စိုးရိမ်နေလိမ့်မည်။
"အို"ဖန်ဟောင်ကဝါးသန်းလိုက်ပြီးဟဲဇီကျုံးလက် မောင်းကိုမှီလိုက်ကာ"စီနီယာမြန်မြန်ပြန်လာသင့်တယ်……..ညကကောင်းကောင်းမအိပ်ရသေးဘူးလေ"
"မင်းရောပဲလေ၊ကောင်းကောင်းအိပ်"ဖန်ဟောင် မျက်နှာလေးကိုဖျစ်ညှစ်လိုက်ပြီးသူ့ပါးပြင်များကိုလည်းလက်ချောင်းများဖြင့်ညှင်သာစွာပွတ်ဆွဲလိုက်သည်။
သူ့မျက်နှာပေါ်ကလက်အကြီးကြီးသည်နွေးထွေးပြီးသက်တောင့်သက်သာရှိသောကြောင့်ဖန်ဟောင်က လျင်မြန်စွာနောက်ထပ်အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့မနက်ခင်းတွင်လူတိုင်းနီးပါးသည် ညဘက်ကင်းစောင့်ရသောကြောင့်ကောင်းကောင်းအိပ်မရခဲ့ပေ။ချူးလီလီရဲ့ဖြူဖျော့ပြီးတက်ကြွရှက်ရွှံ့နေတဲ့မျကနှာကိုအားလုံးကကြည့်နေသည်။စိုပြည်လန်းဆန်းနေသောအသွင်အပြင်သည်အရမ်းသိသာလွန်းသည်။
Overloard အသင်းကလူများရဲ့မျက်လုံးသည် သဘာဝကျစွာဖြင့်သံသယဖြစ်စရာအကောင်းဆုံးသူတို့ခေါင်းဆောင်အိုက်လွမ်ဆီသို့ရောက်သွားခဲ့သည်။ အိုက်လွမ်ကလေးလေးနက်နက်ဖြင့်ချူးလီလီပေါ်ကို အပေါ်အင်္ကျီတစ်ထည်ခြုံပေးလိုက်တာမြင်တော့ ညကဘာဖြစ်ပျက်ခဲ့လဲဆိုတာကိုသူတို့နားလည်လိုက်သည်။
အသင်းထဲမှာယောက်ျားလေးအများကြီးရှိပြီး မိန်းကလေးအနည်းငယ်ပဲရှိသည်။အပေါက်တစ်ပေါ(လူလွတ်အမျိုးသမီး)ကိုဖယ်ထားဖို့အရမ်းခက်ခဲပြီးသူတို့ရဲ့ခေါင်းဆောင်ကအရင်ပျဉ်ခင်း(အိပ်တာ) ထားပြီးသားဆို….မေ့လိုက်တော့ အမျိုးသမီးတွေသူ့မျက်နှာကိုကြိုက်အောင်ဘယ်သူလုပ်လို့လဲ?မနာလိုဖြစ်ပြီးအချိန်ဖြုန်းနေမဲ့အစား ထွက်ပြေးဖို့နည်းလမ်းကိုအမြန်စဉ်းစားတာပဲ ကောင်းသည်။ချူးလီလီအနေနဲ့တော့? သူ့ကောင်လေးကသေသွားပြီ ပြီးတော့သူ့က ခေါင်းဆောင်နဲ့အိပ်ခဲ့တာမလား?ဟီးဟီး
အစီစဉ်ကိုဆွေးနွေးရန်အတွက်ဖန်ဟောင်နဲ့ ဟဲဇီကျုံးကလည်းမနက်ခင်းအစောပိုင်းတွင်ရောက်ရှိလာခဲ့သည်။ဘယ်လိုလုပ်မလဲဆိုတာကိုမဆုံးဖြတ်ခင်တခြားအသင်းနဲ့အခြေနေကိုစူးစမ်းခဲ့သည်။
အိုက်လွမ်သည်အသင်းသားတစ်ယောက်ကိုကျောပိုးအိတ်ဖွင့်ရန်ပြောခဲ့သည်။ဟဲဇီကျုံးသည်အထဲကမျိုးစေ့များကိုကြည့်ရန်မျက်လုံးထောင့်မှတစ်ဆင့်စိုက် ကြည့်ခဲ့ပြီးဒီတစ်ခေါက်အိုက်လွမ်တို့အသင်းမစ်ရှင်ရဲ့ စုဆောင်းမူများဖြစ်သည်ကိုသဘောပေါက်ခဲ့သည်။ ဖန်ဟောင်ကလည်းချောင်းကြည့်ခဲ့ပြီးဟဲဇီကျုံးနားအနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "တော်တော်များများကမှိုတက်နေပြီ"
ဟဲဇီကျုံးကမျက်ခုံးပင့်လိုက်သည်။သူ့မျိုးစေ့တွေ အများကြီးဝယ်ခဲ့သော်လည်းအကုန်လုံးကို သူ့နေရာလွတ်ထဲတွင်မစိုက်နိုင်ပေ။ကမ္ဘာပျက်ပြီး နောက်မျိုးစေ့များသည်လျင်မြန်စွာဖြင့်မှိုတက်လာ ပြီးဆွေးလာမှာကိုသူသိသော်လည်းမည့်သည့်အစေ့များမကောင်းသည်ကိုသူအမှန်ပင်မပြောနိုင်ပေ!!!
ဖန်ဟောင်ရဲ့မျက်လုံးလေးတွေကွေးသွားပြီး ပါးချိုင့်လေးပေါ်လာကာပျော်ရွှင်စွာဖြင့်ဟဲဇီကျုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။အစားစာတွေ စိုက်ပျိုးဖို့ဟဲဇီကျုံးကအစေ့များကြီးဝယ်ခဲ့ပေမဲ့သူ့က အစကတည်းကဒီလိုအရာများကိုကြိုက်နှစ်သက်ပြီး နေရာလွတ်ထဲမှာ၎င်းတို့ကိုဂရုစိုက်ခဲ့သောကြောင့် သူ့ကတော့ဘယ်မျိုးစေ့ကောင်းတယ်မကောင်းဘူးကိုပြောနိုင်သည်။
ဟဲဇီကျုံးကရုတ်တရက်တစ်ခြားတစ်ခုကိုတွေးမိ သွားပြန်သည်-မျိုးစေ့တွေမိုတက်သွားခြင်းနဲ့ဆွေးမြေ့သွားခြင်းက ပုံမှန်မဟုတ်သော်လည်းကမ္ဘာပျက်ကပ်၏သဘာဝ အခြေနေများကြောင့်ဖြစ်ပေါ်လာသည်။အပင်များ သေဆုံးခြင်းနဲ့မျိုးစေ့များပျက်စီးသွားခြင်းကြားတွင် ဆက်စပ်မူတစ်ချို့ရှိနိုင်သည်။
"ဒုတိယထပ်မြေအောက်ထပ်ကားပါကင်ကိုတိုက်ရိုက်သွားပြီးမောင်းလို့ရတဲ့ကားတစ်စီးလောက်သွား ရှာကြည့်ရအောင်၊ငါတို့တစ်စီးလောက်ရှာတွေ့တာနဲ့ တက်နိုင်သမျှဒီလမ်းတစ်လျှောက်မောင်းထွက်သွားလို့ရတယ်"အောက်ထပ်ကပျံ့နှံ့နေသောဇွန်ဘီများကိုစူးစမ်းပြီးနောက်ရင်တုံးကဒီအရှုပ်အထွေးကို ဖြေရှင်းရန်လျင်မြန်စွာဆုံးဖြတ်ချက်ချခဲ့သည်။ ဒါကထပ်မြင့်အဆောက်အဦးတစ်ခုဖြစ်သည်။ ရုံးအဆောက်အဦးရဲ့ဒုတိယထပ်နဲ့တတိယထပ်တွင် ကားရပ်တဲ့နေရာတွေရှိသည်။သူတို့ကံကောင်းရင် ကားတစ်စီးလောက်ရှာတွေ့နိုင်သည်။
ဟဲဇီကျုံးကဘာမှမပြောဘဲသူ့စိတ်ထဲကခန့်မှန်းချက်တစ်ခုကိုတွေးမိပြီးသားဖြစ်သည်။ကားပါကင် ရှိသော်လည်း အထဲတွင် ကားအများကြီး မရှိနိုင်ပေ။မမေ့နဲ့ဦးကမ္ဘာပျက်ကပ်ကမနက်ခင်း အစောကြီးမှာဖြစ်ခဲ့တာ!!ပြီးတော့ဒါကလူနေရပ်ကွတ်မဟုတ်ဘဲကုမ္ပဏီတစ်ခုရဲ့ရုံးအဆောက်အဦးတစ်ခု။ရုံးဆင်းပြီးသွားရင်ကုမ္ပဏီကားပါကင်မှာသူတို့ ကားကိုထားခဲ့တဲ့လူဘယ်နှယောက်ရှိမှာမို့လို့လဲ? အကယ်လို့ထားခဲ့တဲ့လူရှိရင်တောင်အရေအတွက်ကသိပ်မများနိုင်တဲ့အပြင်သော့မရှိဘဲနဲ့ထိုကားတွေကို မောင်းလို့မရပေ။အမှန်တော့သူတို့လုပ်နိုင်တဲ့ အကောင်းဆုံးရွှေးချယ်မူကဈေးဝယ်စင်တာရဲ့ ပထမထပ်ကသူတို့ပိုင်ဆိုင်တဲ့ကားနှစ်စီးကိုပြန်ယူဖို့ဇွန်ဘီတွေကိုမောင်းထုတ်နိုင်ရန်နည်းလမ်းတစ်ခုရှာရမှာဖြစ်သည်။
သေချာတာပေါ့Overloard အသင်းကကားနှစ်စီးသည်ဟဲဇီကျုံးထွက်မသွားခင်တုန်းကသွားကြားထိုးတံဖြင့်တာယာဖောက်ခြင်းကိုခံခဲ့ရသည်။အကယ်လို့အဲ့ကားတွေကိုပြန်ယူဖို့သူတို့သွားခဲ့ရင်တောင်အသုံးမဝင်ပေ။
အသင်းထဲကအခြားလူများသည်အကြံပြုချက်မရှိ ပေ။သူတို့သည့်အဖွဲထဲက"စစ်တပ်ဗျူဟာမှူး" ရဲ့စကားကိုနားထောင်ကြပြီးကမ္ဘာပျက်ပြီးနောက် ပျိုးထောင်ခံခဲ့ရသောအလေ့အကျင့်တိုင်းဆောင်ရွှတ် ကြသည်။
အစီစဉ်ဆွဲပြီးနောက်အကုန်လုံးကလုပ်ဆောင်ဖို့ စတင်ခဲ့ကြသည်။ဟဲဇီကျုံးနဲ့ဖန်ဟောင်က Overloardအသင်းရဲ့အဖွဲ့တင်မဟုတ်ပေ။သူတို့ ယာယီပူပေါင်းတာကဖြစ်နိုင်ပေမဲ့သူတို့ကအိုက်လွမ်တို့ရဲ့အစီစဉ်ကိုနားထောင်မှာမဟုတ်ပေ။ထို့ကြောင့် သူတို့ကလျစ်လျူရှုထားလိုက်သည်။နောက်ပြီးတော့ ဟဲဇီကျုံးကသူ့ကိုယ်သူ့ချုပ်တည်းထားဆဲဖြစ်သည်။အချိန်တိုတွင်းမှာအိုက်လွမ်နဲ့တခြားသူတွေကို သတ်ဖို့လက်ဦးမူမရယူသေးသော်လည်းသူတို့ သေတော့ မယ်ဆိုတာကိုသိခဲ့ရင်တော့……….. သတ်ဖြတ်ချင်စိတ်ကိုချုပ်တည်းထားပြီးသူ့အပိုင် ဖန်ဟောင်ကိုခေါ်ပြီးအားလုံးနောက်ကိုစိမ်ပြေနပြေနဲ့ကိုလိုက်သွားမှာဖြစ်သည်။
အောက်ထပ်လှေကားတစ်လျှောက်တွင်အဆောက်အဦးအတွင်းရှိတာဝန်ထမ်းဆောင်နေခဲ့သောဇွန်ဘီအနည်းငယ်ကိုသတ်ခဲ့ပြီးဒုတိယမြေအောက်ထပ်ကိုပြေးလာခဲ့သည်။
"ကားမလောက်ဘူး!!"ဒုတိယမြေအောက်ထပ်ကားပါကင်တွင်ရှာဖွေရန်အရေးပေါ်မီးကိုဖွင့်လိုက်သောအခါအခြားသူများသည်အခက်ခဲတစ်ခုကိုတွေ့လိုက်ရသည်။ကားပါကင်တွင်အဝေးမှကားနှစ်စီးကိုသာ တွေ့ပြီးနှစ်ကားစလုံးသည်ကိုယ်ထည်ပါးလွှာပြီး ပျက်စီးလွယ်သောကားများဖြစ်နေသည်!!!
"တတိယမြေအောက်ထပ်ကိုသွားမယ်!!!"ရင်တုံးက ချက်ချင်းသတိထားမိသွားခဲ့ပြီးတတိယမြေအောက်ထပ်သို့ပြေးသွားခဲ့သည်။
အားလုံးတတိယမြေအောက်ထပ်သို့ရောက်သောအခါခိုင်ခံသောကားတစ်စီးကိုရှာတွေ့ခဲ့ပြီး"အာ!ဟို နှစ်ယောက်အတွက်ကကော?"
အရှေ့သို့ရောက်နေသောချူးလီလီလှည့်ကြည့်လိုက် သောအခါမထင်မှတ်ထားတာတစ်ခုကိုတွေ့လိုက်ရသည်-ဖန်ဟောင်နဲ့ဟဲဇီကျုံးပျောက်နေတယ်!!
ရင်တုံးရဲ့မျက်မှန်ထဲတွင်အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာခဲ့ပြီးသူ့ခန္ဓာကိုယ်ပတ်ပတ်လည်က လေထုဖိအားသည်အနည်းငယ်နိမ့်ကျသွားခဲ့သည်။ "အဲ့ဒီဖြစ်နိုင်ခြေကိုသူတို့တွေးမိသွားတာဖြစ်မယ် ….ပြန်သွား!!အပေါ်ကိုပြန်တက်!!"
"ဘာဖြစ်လို့လဲ"လှေကားထစ်ဆီသို့ပြေးနေရင်းနဲ့ အိုက်လွမ်ကမေးလိုက်သည်။
"ငါ့တို့ကိုငါးစာအနေနဲ့အသုံးချပြီးသူတို့ကားကိုပြန်ယူဖို့လုပ်နေတာ!!!"အားလုံးထိတ်လန့်နေစဉ်တွင် ရင်တုံးကတည်ငြိမ်သောမျက်နှာဖြင့်ပြောခဲ့သည်။
ချူးလီလီကအနည်းငယ်ရှုပ်ထွေးနေသည်။သူ့မ အကျပ်တည်းနဲ့ရင်ဆိုင်ရချိန်တွင်သူ့မအတွက် အခြားသူတွေကိုသေတွင်းထဲလျိုဝှတ်စွာတွန်းပို့တက်ပေမဲ့ဟဲဇီကျုံး…..သူ့ကအမြဲတမ်းဖြောင့်မတ်တဲ့လူဖြစ်သည်…..သူ့ကလေးဘဝကတည်းကလူမှန်တစ်ယောက်။ဟဲဇီကျုံးကအန္တရယ်ပြုနိုင်တဲ့လှည့်ကွတ်တွေကို လက်ဦးမူရယူပြီးလှည့်စားခဲ့တာမျိုးသူမ တစ်ခါမှမမြင်ဖူးခဲ့ပေ။ဒါပေမဲ့ရင်တုံးရဲ့ပြောတာနဲ့သူတို့နှစ်ယောက်ပျောက်သွားတာနဲ့စပ်ဆက်ပြီးတွေးလိုက်ရင်-သူ့လှည့်စားသွားတာဖြစ်နိုင်တယ်!!!
စတုတ္ထထပ်သို့ပြန်တက်သွားတဲ့လမ်းတစ်လျှောက်လူတိုင်းထိတ်ထိတ်ပျာပျာဖြစ်နေခဲ့သည်။လူတော် တော်များများသည်ပတ်ပတ်လည်ကိုကြည့်ရန်ပြတင်းပေါက်ဆီသို့ပြေးသွားကြပြီးသံသယဖြင့်ရင်တုံးကို ခေါ်ခဲ့သည်"အောက်ထပ်ကဇွန်ဘီတွေ…..အများ ကြီးပြောင်းလဲတဲ့ပုံတော့မပေါ်ဘူး"
လမ်းပေါ်တွင်အနည်းငယ်ပြန့်ကျဲနေသော ဇွန်ဘီများကိုသာမြင်လိုက်ရသည်။ရုံးအဆောက်အအုံပတ်ပတ်လည်မှာစုစည်းနေရမဲ့အစားအများစုသည်လမ်းသွယ်များပေါ်တွင်ဒယိုင်းဒယိုင်ဖြင့်လျှောက်သွားနေကြသည်။ငါးစာအဖြင့်သူတို့ကိုအသုံးချဖို့ သူတို့နှစ်ယောက်ကရည်ရွယ်ထားတာကောဟုတ်ရဲ့လား?မဟုတ်သေးဘူးသူတို့ထင်မြင်ချက်ကိုအလွယ်တကူပြောင်းလဲလို့မဖြစ်ပေ-သူတို့အခုမှပြင်ဆင်နေတုန်းလည်းဖြစ်နိုင်တယ်!!! ဥပမာအနေနဲ့ရုံးအဆောက်အဦးအောက်ကိုပစ်ချဖို့ အသံထွက်တဲ့တစ်ခုခုကိုရှာနေတာလည်းဖြစ်နိုင်တယ်။
"အပေါ်ထပ်ကိုဆက်တက်ပြီးတော့လှေကားထစ်ကို ပိတ်ထားလိုက်ဇွန်ဘီတွေပိတ်ဆို့ပြီးဆိုရင်…..ချူးလီလီမင်းရဲ့စွမ်းအင်ကိုသုံးပြီးဘေးဘက်ကအဆောက်အအုံခေါင်မိုးပေါ်ကူးဖို့တံတားထပ်ဆောက်ရမယ်"
ရင်တုံးကအေးစက်စွာဖြင့်အမိန့်ပေးခဲ့ပြီးအပေါ်ဆက်တက်ရန်အားလုံးကိုဦးဆောင်သွားခဲ့သည်။
ညဆယ်နာရီအထိအအောက်ထပ်ကဇွန်ဘီများ ၏ပျံနှံနေမူသည်မနက်ခင်းတုန်းကအတိုင်းပင်ဖြစ်သည်။အရင်နေ့ကထက်ဈေးဝယ်စင်တာထဲမှာရှိတဲ့ ဇွန်ဘီတွေကနည်းသွားသော်လည်းအနီးနားကလမ်း တွေမှာတော့ရှိသေးသည်….ဘာမှမဖြစ်ခဲ့ဘူး၊ဘာမှမဖြစ်ခဲ့ဘူး။
ရင်တုံးကပြတင်းပေါက်ဘေးမှာရပ်နေပြီးမျက်မှောင်ကြုံကာအောက်ကိုနားမလည်နိုင်စွာဖြင့်ငုံ့ကြည့်နေခဲ့သည်။သူတို့နှစ်ယောက်အဲ့ဒါကိုမလုပ်ခဲ့ဘူးလား? သေသွားပြီလား?ဒါကြီးကကျိုးကြောင်းမဆီလျော်လိုက်တာ…..
"ကိုယ်တို့မကြာခင်ရောက်တော့မှာ"ဟဲဇီကျုံးက အခြေစိုက်စခန်းဆီသို့မောင်းသွားခဲ့သည်။အရင်ရက်များကထုံထိုင်းငြီးငွေ့ခြင်းများနှင့်တင်းမာမူများပျောက်ကွယ်သွားပြီးနှစ်ယောက်သားအေးချမ်းစွာဖြင့် ပြုံးလိုက်ကြသည်။
Overloardအသင်းဒုတိယမြေအောက်ထပ်ဆီ ပြေးဆင်းသွားချိန်မှာသူတို့ကရုံးအဆောက်အဦးရဲ့ အနောက်ပေါက်ကနေတိုက်ရိုက်ထွက်လာခဲ့ပြီး နေရာလွတ်ထဲမှာထည့်ထားတဲ့ကားကိုထုတ်ယူလိုက်ပြီးလမ်းပေါ်သို့အရှိန်ဖြင့်မောင်းထွက်လာခဲ့သည်။
ဒီကားသည်မြင်ကောင်ရေအားကောင်းပြီးလျင်မြန် သောကြောင့်ဒယိုင်းဒယိုင်လျှောက်သွားနေတဲ့ဇွန်ဘီအနည်းငယ်ကိုသာဆွဲဆောင်မိခဲ့ပြီးဇွန်ဘီအများကြီး စုဝေးခြင်းမဖြစ်ပေါ်ခဲ့ပေ။ထိုအချိန်တွင် Overloard အသင်းသည်စတုတ္ထထပ်သို့ပြန်တက်နေပြီးအောက်သို့ငုံကြည့်သောအချိန်တွင်သူတို့ဘာကိုမှမတွေ့လိုက်ရပေ။ဇွန်ဘီအနည်းငယ်ပဲပျောက်ဆုံးနေတာဖြစ်သည်။
"သူတို့ဟိုမှာကားရှာတာကြာအုံးမယ်နဲ့တူတယ်သူတို့နဲ့သွားဆုံဖို့ဆိုကျွန်တော်တို့အချိန်ကြာကြီးပြန် မောင်းဖို့လိုလိမ့်မယ်"အိုက်လွမ်တို့အသင်းနဲ့ဆုံခဲ့ သောကြောင့်သူတို့အကျပ်တည်းဖြစ်ခဲ့သည်။အခုသူတို့ကိုပထုတ်နိုင်ခဲ့သောကြောင့်ဖန်ဟောင်သည် အလွန်စိတ်အေးသွားခဲ့သည်။
အိုက်လွမ်တို့ကဇွန်ဘီတွေကိုဆွဲဆောင်ခဲ့တဲ့လူဖြစ် ပြီး!!ကားမောင်းနေတုန်းကလည်းသူတို့ရဲ့ကားတွေ့ကိုရှေ့မှာကာထားပြီးလမ်းကိုပိတ်ဆို့ခဲ့တဲ့လူတွေဖြစ်တယ်!!အခုတော့အဲ့ဒီပြဿနာအိုးတွေကို ဖယ်ရှားနိုင်ခဲ့ပြီ။သူတို့ကိုထိခိုက်အောင်လုပ်ဖို့ဇွန်ဘီတွေကိုတမင်တကာမျှားမခေါ်ခဲ့တာပဲ အရမ်းယဉ်ကျေးနေပြီ……….
To be continued………