no

Font
Theme

"ဒီအဏုမြူကျောက်တုံးတွေကိုဘယ်လိုသုံးရမလဲဆိုတာငါမသိဘူးဒါပေမယ့်အဲ့တာတွေကိုငါစုဆောင်း ထားရင်လည်းဆုံးရှုံးစရာတော့မရှိဘူးလေ"ဟဲဇီကျုံးရဲ့အကြုံပြုချက်ကိုနားထောင်ရင်းကောပင်းကခဏလောက်စဉ်စားခဲ့ကာသဘောတူတဲ့အနေဖြင့်ခေါင်းညိတ်ပြခဲ့သည်။ဒီအဏုမြူကျောက်တုံးတွေက အနာဂတ်မှာအသုံးဝင်မယ်လို့သူခန့်မှန်းမိခဲ့သော်လည်းသေနတ်များရှိခြင်းသည်အရင်ကထက်ဇွန်ဘီများကိုသတ်ရာတွင်ပိုမိုမြန်ဆန်လာမှာဖြစ်သည်။အကယ်လို့သူတို့ကအဏုမြူကျောက်တုံးတွေနဲ့လဲလှယ်ချင်(အစတုန်းကကောပင်းတို့ကဟဲဇီကျုံးတို့ကိုလက်နက်၁၀%ပေးမယ်ဆိုပြီးကမ်းလှမ်းထားတာပါအဲ့တာကိုဇီကျုံးတို့ကလက်နက်နည်းနည်းဘဲယူပြီး ၁၀%ပြည့်အောင်အဏုမြူကျောက်တုံးအစားပေးဖို့ တောင်းဆိုလိုက်တာပါ)တယ်ဆိုရင်တောင်သူတို့ ဆုံးရှုံးစရာဘာမှမရှိပေအဲ့တာတွေကိုနောက်မှဖြည်း ဖြည်းချင်းစုဆောင်းနိုင်သည်။

"ဂိုဒေါင်နံပါတ်၅ကိုသွားကြစို့"သူ့လက်ထဲမှသေနတ်ရှိပြီဆိုတာနဲ့သူဘာကိုမှမကြောက်တော့ပေ။ဇွန်ဘီ များနဲ့နောက်တစ်ကြိမ်ကြုံတွေ့သောအခါလူတိုင်းသည်ဖမ်းမိမှာကြောက်ရွှံခြင်းကြောင့်အရင်ကလိုမျိုးသတိထားစောင့်ကြည့်စရာမလိုတော့ပေ။အရင်ကကျောင်းမှာဒဏ်ရာရရှိခဲ့သူတွေတောင်ကားပေါ် မှာထိုင်ပြီးအပြင်ကဇွန်ဘီတွေကိုပစ်လို့ရသည်။

သူတို့ကစစ်တပ်မှလာခဲ့သောကြောင့်လက်နက်များနဲ့ဇွန်ဘီတွေကိုရှင်းလင်းတဲ့အရှိန်သည်အရင်ကထက်အနည်းငယ်ပိုတိုးလာသည်။

အပစ်အခတ်ကျွမ်းကျင်မူကအရမ်းဆိုးဝါးနေရင် တောင်သူတို့ဇွန်ဘီရဲ့လည်ပင်းအထက်ကိုတော့ ပစ်ခတ်နိုင်သည်။ဒါပေမယ့်ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့၏တိုက်ခိုက်မူ အရှိန်သည်နောက်ကျကျန်ရစ်ခဲ့သည် ။

"ငါလက်တွေထုံနေပြီ"သူတို့သည်ကောပင်းနဲ့တခြားသူများဆီမှသေနတ်ပစ်ခတ်ခြင်း၏ကိုယ်ဟန်အနေထားပုံစံကိုသင်ယူခဲ့သော်လည်းသေနတ်၏နောက်သို့ပြန်ကန်ခြင်းသည်သူတို့ချက်ချင်းအသားကျနိုင်တဲ့အရာတစ်ခုမဟုတ်ပေ။နောက်ကိုပြန်ကန်နိုင်နှုန်းနိမ့်တဲ့လက်နက်တွေကိုသူတို့တမင်တကာရွှေးခဲ့တယ်ဆိုရင်တောင်…..

ဟဲဇီကျုံးကလည်းသူ့ရဲ့ပစ်ခတ်မူတွေလွှဲချော်နေခဲ့သည်။ဖန်ဟောင်ခါးခါးသီးသီးပြုံးနေတာကိုမြင်တော့သူ့လက်ထဲကသေနတ်ကိုချလိုက်ပြီးဖန်ဟောင် လက်မောင်းလေးကိုပွတ်သပ်လိုက်ကာ"ကိုယ့်လက်တွေလည်းထုံနေပြီ၊သေနတ်ကိုမသုံးတော့ဘဲငါတို့ သေနတ်ပစ်လေ့ကျင့်ဖို့ပြန်ရောက်တဲ့အထိစောင့်ကြရအောင်၊ဘာဘဲဖြစ်ဖြစ်ငါတို့မှာကျည်ဆံနည်းနည်း လေးဘဲရှိတာမှမဟုတ်တာ"

ကားထဲသို့ယူဆောင်လာခဲ့သောလက်နက်များကိုနေရာလွတ်ထဲသို့စုဆောင်းခဲ့သည်။သူတို့မှာအခုစွမ်းရည်ရှိသောကြောင့်သေနတ်တွေကိုအသုံးပြုခြင်း၌သိပ်မတော်ပေ။အကယ်လို့သူတို့မပစ်ခတ်နိုင်ရင်တောင်ရှက်စရာမလိုပေ။

ဟဲဇီကျုံးပုခုံးပေါ်ကိုဖန်ဟောင်ကမှီလိုက်ပြီးဗလာဖြစ်နေသောလွယ်အိတ်ကိုဘေးတွင်ထားလိုက်သည်။ အဆင့်၂အဏုမြူကျောက်တုံးများရောနှောပါဝင်တဲ့ကောပင်းတို့အသင်းကစုဆောင်းခဲ့သောအဏုမြူကျောက်တုံးများကိုသူတို့ခုနကယူဆောင်ခဲ့ပြီးရိုးရှင်းစွာဖြင့်အိတ်ထဲပစ်ထည့်ခဲ့သောကြောင့်သွမ့်ဇီက နေရာလွတ်ထဲသို့ပြန်သွားသည်။"အရှေ့မှာဂိုဒေါင်နံပါတ်၅မဟုတ်ဘူးလားအဲ့ဒီမှာရှိတဲ့ပစ္စည်းတွေကိုစုဆောင်းပြီးသွားရင်ကျွန်တော်တို့ပြန်လို့ရပြီလား"

"အင်းသူတို့ကဂိုဒေါင်၂၂ကိုသွားဖို့စီစဉ်ထားတယ်…..ကောင်စုတ်လေးအဆာပြေစားတာပြီးတဲ့အထိစောင့်ကြရအောင်ပြီးတော့နေရာလွတ်ကအဏုမြူကျောက်တုံးတွေကိုစုပ်ယူပါစေအုံး"

ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးတော့နေရာလွတ်ထဲကိုကြည့်လိုက်သည်။သွမ့်ဇီကအဏုမြူကျောက်တုံးကနေစွမ်းအင်တွေကိုစုပ်ယူနေပြီးသူ့ခန္ဓာကိုယ်ကနေရင်းနှီးနေတဲ့အလင်းရောင်လှိုင်းများသည်   နေရာအနှံ့ပျံနှံနေသည်။

အချို့ဆေးဝါးများသည်အေးခဲထားရန်လိုအပ်သောကြောင့်ဂိုဒေါင်နံပါတ်၅တွင်လည်းသီးခြားလျှပ်စစ်  ဓာက်အားထောက်ပံ့မူစနစ်ရှိနေသည်။ကံကောင်းစွာဖြင့်Samsaraအသင်းသည်မစ်ရှင်မတိုင်မီအခြေစိုက်စခန်းဆီမှ special incubatorတစ်ခုကိုရရှိခဲ့သည်။ ဒီတစ်ကြိမ်တွင်အဆိုပါဆေးဝါးများသည်တစ်ခုချင်းစီလုံခြုံစွာဖြင့်သိုလှောင်သိမ်းဆည်းထားခဲ့သည်။

ဂိုဒေါင်ထဲတွင်ဆေးဝါးအများကြီးရှိနေသည်။ ကံကောင်းစွာဖြင့်ဆေးရုံထဲတွင်ပစ္စည်းအများအပြားကိုသယ်ဆောင်နိုင်သည့်ထရပ်ကားတစ်စီးရှိသည်။လူတိုင်းသည်သူတို့ရဲ့ကားများကိုမလှဲရသေးပေ။ လက်နက်များကိုတင်ပြီးနောက်ဆေးဝါးများကို သိုလှောင်ရန်နေရာမရှိလုနီးပါးဖြစ်သွားသည်။ထရပ်ကားပေါ်တွင်ခေတ္တာတင်ဆောင်နိုင်ရုံသာဖြစ်သည်။

"ဒီနေရာမှာပစ္စည်းအများကြီးရှိမှန်းတာသိရင်ငါတို့ကားကိုအရင်သွားလှဲပါတယ်"

"ကားတစ်စီးစီမှာတစ်ချို့ဆေးတွေကိုထည့်ကြည့် ကြည့်ဦးထရပ်ကားပေါ်ကိုအကုန်မတင်ထားနဲ့……လမ်းမှာမတော်တဆတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ၊ဆေးတွေကိုအရင်ယူလိုက်တာဘဲပိုကောင်းပါတယ်"ဆေးတွေအကုန်လုံးထရပ်ကားပေါ်တင်ပြီးတာကိုမြင်တော့ချန်နင်ကသူ့နှာခေါင်းကိုထိလိုက်ပြီး ကောပင်းကိုကြည့်ခဲ့သည်။

"ဂိုဒေါင်၂၂ကိုသွားမယ်မလား"

"အင်း၊သွားကြစို့ကားကောင်းတွေရှိမရှိသွားကြည့်ရအောင်"ကောပင်းကသူရဲ့စိတ်ဝင်စားမူကိုနှိုးဆော်ခဲ့ပြီးသူ့လက်တွေကိုဝှေ့ယမ်းပြခဲ့ကာတစ်သင်လုံးထွက်ခွာလာခဲ့သည်။

ဂိုဒေါင်၃၁အပြင်ဘက်ကဇွန်ဘီတွေကိုရှင်းလင်းပြီးသွားတဲ့နောက်သူတို့ရဲ့ လုပ်ငန်းစဉ်သည်အံ့ဩစရာ ကောင်းလောက်‌အောင်ချောမွေ့နေခဲ့သည်။ဆေးဝါး ဂိုဒေါင်ထဲကသိုလှောင်ထားတဲ့ပစ္စည်းတွေကိုရှင်းလင်းပြီးနောက်ဂို‌ဒေါင်၂၂သို့ဦးတည်လာခဲ့သည်။ဂိုဒေါင် ၂၂သည်အခြားလမ်းတွင်ရှိသောကြောင့်ယာဉ်တန်းသည်အခြားလမ်းသို့ပြန်ကွေ့ပြီးဂိတ်ကိုရှာမတွေ့ခင်အထိမောင်းနှင့်ခဲ့သည်။

ခြံတံခါးကိုဖွင့်လိုက်သည်နဲ့တစ်ပြိုင်နက်အထဲမှာပြိုင်ကားအမြောက်အမြားရပ်ထားသည့်အတွက် အားလုံးကအံ့ဩသွားခဲ့သည်။ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့သည်ရှေ့ကယာဉ်တန်းနဲ့အတူအထဲသို့မောင်းဝင်လာခဲ့ပြီးအရောင်မျိုးစုံရှိသောပြိုင်ကားများမှ မျက်လုံးမလွှဲနိုင်တော့ပေ။

"ဒီကားတွေကအနည်းဆုံးသိန်းငါးရာခြောက်ရာ လောက်ရှိတယ်၊အခုချိန်မှာတစ်စီးမှသုံးလို့မရတာတကယ်နှမြောစရာဘဲ"ဖန်ဟောင်ကသက်ပြင်းချလိုက် ပြီးပြတင်းပေါက်အပြင်ဘက်ကိုစိုက်ကြည့်နေသည်။

"မင်းကြိုက်ရင်နှစ်စီးသုံးစီးလောက်ယူသွားလို့ရတယ် "

"ဘယ်မှာမောင်းရမလဲ"

"နေရာလွတ်ထဲမှာမောင်းမလား"ဟဲဇီကျုံးက ပြောပြီးနောက်မျက်မှောင်ကြုံသွားခဲ့ကာ"နေရာလွတ်အထဲမှာလမ်းခင်းထားတာမရှိတာဆိုးတာဘဲ"နေရာလွတ်ထဲတွင်လမ်းသေးသေးလေးတစ်ခုဘဲရှိသည်။ ဝါးအဆောက်အအုံဧရိယာကတော်တော်လေးကျယ် ပြီးပြန့်ပြူးသည်။ဟဲဇီကျုံးသည်စပျစ်သီးစိုက်တဲ့စင်များကိုထားထားပြီးကျန်သည့်နေရာလွတ်ကိုဆိုလာ ပြားများနေရာချထားခဲ့သည်။

ဖန်‌ဟောင်ကသူ့ရီချင်တာကိုချုပ်တည်းထားပြီး မျက်လုံးလေးများကွေးညွှတ်လာကာချစ်စရာ ကောင်းသောပါးချိုင့်လေးထွက်ပေါ်လာသည်။    စီနီယာအလွဲလွဲချော်ချော်ပြောတာကရှားတယ်ငါတကယ်ကိုမှတ်တမ်းတင်ထားလိုက်ချင်တယ်…..

သူ့ပါးချိုင့်လေးကိုဟဲဇီကျုံးကတို့လိုက်ပြီးကားပေါ်ကဆင်းလိုက်ကာထွက်သွားသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment