no

Font
Theme

ဟဲဇီကျုံးကသူ့လက်ကောက်ဝတ်ကိုငုံ့ကြည့်လိုက်သည်။နေရာလွတ်ထဲကိုမဝင်ခင်ကနာမည်တစ်ခုကိုဘဲ မြင်ခဲ့ပေမယ့်အခုနာမည်နှစ်ခုဖြစ်နေတယ်!!!

"မင်းအခုနေရာလွတ်ထဲကိုစိတ်ကြိုက်ဝင်လို့ရပြီ ထင်တယ်"ဟဲဇီကျုံးသည်ရုတ်တရက်စိတ်အေးသွားရသည်။သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ သူတစ်ယောက်ထဲဘဲနေရာလွတ်ထဲကိုဝင်နိုင်ရင် သူ့အတွက်အနည်းငယ်အခက်အခဲရှိသည်။      လက်ချောင်းနှင့်အနည်းငယ်ထိနိုင်မှသာ နေရာလွတ်ထဲဝင်လို့ရမှာဖြစ်သောကြောင့် ကိုယ်ချင်းဆက်အမြွှာလိုဖန်ဟောင်ဘေးမှာ ၂၄နာရီလုံးလုံးအတူရှိဖို့မဖြစ်နိုင်ပေ။

ဒါပေမယ့်အခုတော့အကယ်လို့သူ့ကတစ်ခြား နေရာမှာရှိနေရင်တောင်ဖန်ဟောင်မှာလည်းဘဲ  နေရာလွတ်နဲ့ပတ်သတ်ပြီးတူညီသောလုပ်ပိုင်ခွင့် ရှိပြီဖြစ်သည်။

နာမည်နှစ်ခုကိုအစဉ်လိုက်စီထားသော်လည်းသူ့ရဲ့ နာမည်သည်ပိုင်ရှင်ဖြစ်ပြီးဖန်ဟောင်ရဲ့နာမည်သည်    ဒုတိယဖြစ်သည်။ဒါပေမယ့်လုပ်ပိုင်ခွင့်ကတော့           တူညီလုနီးပါးဖြစ်လောက်သည်။

"ဟမ်!?ဟမ်!?ဖြစ်နိုင်လား"ဖန်ဟောင်ကအံ့ဩနေပြီး   သူ့မျက်လုံးကိုပိတ်လိုက်ကာကြိုးပမ်းမူတစ်ခုကို     ပြုလုပ်လိုက်သည်။

သူ့စိတ်ထဲမှာအနည်းငယ်တွေးလိုက်သောအခါသူ့သည်ဗီလာရဲအိပ်ယာပေါ်မှာပြန်ပေါ်လာသည်။သူ့အိပ်ယာပေါ်မှာကျနေတာကိုအံ့ဩနေပြီးပတ်ပတ်လည်ကိုကြည့်လိုက်သည်။သူ့တကယ်ဘဲအပြင်ကို ပြန်ထွက်လာတာဘဲ!!!

ချက်ချင်းဆိုသလိုဘဲသူ့စိတ်ထဲမှာတွေးလိုက်တော့      နေရာလွတ်ထဲပြန်ရောက်သွားပြီးမတည်ငြိမ်သော ခြေလှမ်းများကြောင့်ဖန်ဟောင်လက်မောင်းထဲ    လှဲကျသွားသည်။

ဒါကတကယ်ကို……အရမ်းပျော်စရာကောင်းတယ်!!!

ဟဲဇီကျုံးကပြုံးနေပြီးအချိန်တော်ကြာဝင်လိုက် ထွက်လိုက်စမ်းသပ်နေတဲ့ဖန်ဟောင်နဲ့အတူပူးပေါင်းဆောင်ရွတ်ပေးခဲ့သည်။သူ့နေရာလွတ်ကို ပထမဆုံးရှာဖွေတွေ့ရှိတုန်းကလည်းဖန်ဟောင်ရဲ့ တုန့်ပြန့်မူနဲ့သိပ်မကွာခြားပေ။   ဖန်ဟောင်ရဲ့လုပ်ဆောင်ချက်ကကောင်းနေပြီးသား ဖြစ်သည်-သူ့ကအော်ဟစ်ခြင်းလုံးဝမရှိခဲ့ဘူး။

လုံလောက်စွာကစားပြီးနောက်ဖန်ဟောင်ရဲ့မျက်နှာသည်စိတ်လှုပ်ရှားမူကြောင့်အနည်းငယ်နီရဲနေပြီး       ရှက်ကိုးရှက်ကန်းဖြင့်သူ့ရဲ့ရှုပ်ပွနေသောဆံပင်များကိုသပ်လိုက်သည်။

"အာ……ကျွန်တော်လုပ်နေရင်စီနီယာနေရာလွတ်ကိုထိန်းချုပ်တာနဲ့ပတ်သတ်ပြီး အဆင်မပြေဖြစ်လား"

"မဖြစ်ဘူး"ဟဲဇီကျုံးကသူ့ခေါင်းကိုခါလိုက်သည်။ တောက်ပသောမျက်လုံးဖြင့်ထွင်းထုထားတဲ့   ကြီးမားသောရုပ်ပွားတော်ကြီးကိုလက်ညိုးထိုးပြပြီး   "အဲ့ဒီကျောက်ရုပ်ထုပေါ်မှာဘာစကားလုံးကိုထွင်းထားတာလဲဆိုတာသိလား"လို့မေးလိုက်သည်။

"အဲ့တာကစီနီယာရဲ့နာမည်ဖြစ်မယ်…..အာပြီးတော့ ကျွန်တော်နာမည်လား"ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့စကားလုံးများသည်လက်စွပ်မှာထွင်းထားတဲ့စကားလုံးတွေနဲ့တူသောကြောင့်ဖန်ဟောင်ကအဲ့တာကိုသိနေသည်။

"အပေါ်ဆုံးမှာရေးထားတဲ့စကားလုံးကနေရာလွတ် ဟင်းလင်းပြင်၊ငါနာမည်ပေါ်မှာကျတော့ အိမ်ထောင်ဦးစီးလို့ရေးထားတာမင်းနာမည်ပေါ်မှာ အိမ်ထောင်ဖတ်(ဇနီးသည်)လို့ရေးထားတာ"

တစ်နည်းအားဖြင့်သူတို့နှစ်ယောက်ကြားမှာရှိတဲ့    ဆက်ဆံရေးကိုနေရာလွတ်ကတရားဝင်အသိမှတ် ပြုလိုက်တာမလား။

ဖန်ဟောင်ကသိပ်ပြီးလောဘမကြီးပေ။ဟဲဇီကျုံးဆီမှလက်စွပ်ရရှိခြင်းသည်သူ့နဲ့စုံတွဲဖြစ်ရန်ဆန္ဒရှိကြောင်းကိုသတ်သေပြနေသည်။ကမ္ဘာပျက်ကပ်မတိုင်ခင်ကအကယ်လို့သူ့ဟဲဇီကျုံးကိုအပိုင်ရခဲ့ရင်တောင်                     နှစ်ယောက်သားနိုင်ငံခြားကိုသွားပြီးလက်ထပ်မှတ်ပုံတင်တင်ရန်မမျှော်လင့်ထားပေ။ဒါပေမယ့် အခုတော့………..သူ့စိတ်ကူးယဉ်ကြည့်ဖို့တောင် မဝံ့ရဲခဲ့တဲ့အရာများကိုနေရာလွတ်ကအကောင်ထည် ဖော်ပေးလိုက်သည်။

ဟဲဇီကျုံးရဲ့လက်မောင်းကိုတင်းတင်းကျပ်ကျပ် ဖတ်ထားရင်းဖန်ဟောင်သည်စကားတောင်မပြောနိုင်တော့ဘဲနီးနီးကပ်ကပ်လေးသာနေနေခဲ့သည်။

"သွားရအောင်၊သွားကြည့်ရအောင်"ဖန်ဟောင်စိတ်ထဲကစိတ်လှုပ်ရှားမူကိုခံစားမိသောကြောင့်ဟဲဇီကျုံးကသူ့ကိုအဆောက်ဦးသေးသေးလေးဆီမခေါ်သွားခင်စိတ်တည်ငြိမ်အောင်စောင့်ဆိုင်းခဲ့သည်။

ဝါးအဆောက်အအုံလေးသည်ပိုပြီးတော့ကြီးလာခဲ့သည်။

ဧည့်ခန်းသည်လည်းနေရာပိုကျယ်လာသည်။ မီးဖိုချောင်ရဲ့အရွယ်အစားလဲကြီးလာသည်။သူတို့     နှစ်ယောက်ကိုအံ့ဩစေတဲ့အရာကတော့သေးငယ်တဲ့အဆောက်အဦးတွင်၎င်းရေပိုက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပန်းကန်ဆေးကန်သည်သင့်တော်သောနေရာတွင်ရှိ နေပြီးရေပိုက်ခေါင်းသည်အိမ်နောက်ဘတ်မှာရှိတဲ့ ရေတွင်းနဲ့ဆက်ထားသည်။ပြင်ပကမ္ဘာနဲ့ ကွာခြားတာကတော့ရေပိုက်များသည်သစ်သားနဲ့လုပ်ထားခြင်းဖြစ်ပြီးပိုက်ရဲ့အရှေ့ကအဆုံးလေးကို ဖိလိုက်တာနဲ့ရေများသည်ချော့မွေ့စွာထွက်ကျလာသည်။

ထို့အပြင်အခန်းတိုင်းသည်အနည်းငယ်ကြီးလာပြီး       အောက်ထပ်ကမြေအောက်ဂိုဒေါင်သည်လည်း   အပေါ်ကအလုံးစုံသောနေရာများကဲ့သို့ပင်ပိုပြီးတော့  ကြီးလာသည်။

"မြေအောက်ဂိုဒေါင်က၈ဧကလောက်အထိကျယ် လာပြီးအရင်တုန်းကထက်နှစ်ဆကြီးလာတာဘဲ" မြေအောက်ဂိုဒေါင်ထဲတွင်ထည့်ထားသောအရာများသည်မူလထားရှိသောနေရာမှာဘဲဖြစ်ပေမယ့်နေရာတစ်လုံးသည်များစွာကျယ်ပြန့်လာသည်။

ဟဲဇီကျုံးသည်အထက်နှင့်အောက်အကျယ်အဝန်းသည်တူညီသည်ဟုခန့်မှန်းထားသောကြောင့်ယခုအခါ  ရှစ်ဧကရှိသင့်သည်။

မြေအောက်ထပ်မှထွက်လာပြီးနောက်နှစ်ယောက်သားဒုတိယအထပ်သို့တန်းတက်သွားလိုက်သည်။သူတို့တက်လာသောအခါအစထဲရှိသည့်အအိပ်ခန်းအပြင်ဒုတိယအထပ်တွင်နောက်ထပ်အခန်းပိုရှိနေ  တာကိုမမျှော်လင့်ဘဲတွေ့လိုက်ရသည်။ထိုအခန်းထဲတွင်စာအုပ်စင်အမြောက်အမြားနဲ့အခြားအရာများရှိ နေပြီး……..ထူးဆန်းတဲ့စာအုပ်အချို့လည်းရှိသည်။

"ရှေ့ဟောင်းစာအုပ်လား၊အဲ့တာတွေကိုစီနီယာ စုဆောင်းခဲ့တာလား"

ဟဲဇီကျုံးသည်ခန့်ညားသောအမူအရာဖြင့်ခေါင်းခါလိုက်သည်။အရင်တုန်းကဒီလိုအရာမျိုးကိုသူ့          မစုဆောင်းခဲ့ပေ။ဒါတွေက…….အပြင်ကတောင်တွေနဲ့စမ်းချောင်တွေလိုဘဲအရင်ကတည်းက နေရာလွတ်ထဲမှာရှိနေပုံရသည်။

အချို့သောစာအုပ်များသည်သေးငယ်သောပုံစံဖြင့် ချိပ်ပိတ်ထားပြိးအချို့မှာတေးသွားပုံစံကဲ့သို့ တရုတ်ရိုးရာ အက္ခရာများဖြင့်ဖြစ်သည်။

သူ့တို့နှစ်ယောက်သည်စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ပြီးတတိယထပ်သို့ဦးတည်ကာအပိုလှေကားဖြင့်တက်လိုက်ကြသည်။

တစ်လှမ်းပြီးတစ်လှမ်းတက်ပြီးနောက်ပတ်ပတ်လည်သည်တိတ်ဆိတ်နေပြီးတစ်ခန်းလုံးတွင်သူတို့နှစ်ယောက်၏ခြေသံတွေသာပဲ့တင်ထပ်နေပြီးထူးဆန်းစွာခံစားလိုက်ရသည်။

တတိယထပ်ဆီသို့တက်ပြီးနောက်သူတို့နှစ်ယောက်ရဲ့ရှေ့တွင်သေးငယ်သောအခန်းလေးတစ်ခုပေါ်လာသည်။အခန်း၏အတွင်းဘတ်အကျဆုံးနေရာတွင်    ဗုဒ္ဓဘာသာပုလ္လင်တစ်ခုရှိသည်။ထို့အရှေ့က ကြမ်းပြင်ပေါ်တွင်အပြာရောင်ဘုရားရှိခိုးဖျာနှစ်ချပ်ရှိသည်။ဗုဒ္ဓဘာသာယစ်ပလ္လင်တစ်ခုရှေ့တွင် အမွေးနံသာတွေထွန်းထားပြီးအမွေးနံသာတွေ၏အနောက်တွင်အဖြူရောင်အလုံးကြီးရှိနေပြီး ထိုနေရာတွင်တရိုတသေထိန်းသိမ်းထားပုံရသည်။

နှစ်ယောက်သားအပြန်အလှန်ကြည့်လိုက်ကြပြီး  အထွက်အမြတ်ထားရာဗိမာန်ဆီသို့တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။တတိယအထပ်တစ်ခုလုံးတွင်ထိုသေးငယ်သောအခန်းလေးနှင့်ဝရန်တာတစ် ခုသာရှိသည်။အနည်းငယ်ထူးဆန်းသောအရာမှာ       ထိုအဖြူရောင်အလုံးလေးသာဖြစ်သည်.။

နှစ်ယောက်သားအထဲကိုဝင်လာပြီးနောက်ထိုအလုံးလေးသည်အနည်းငယ်မူမမှန်ဘူးဆိုတာကို သတိထားမိလိုက်သည်။

"အဲ့တာက…..အသက်ရှိနေသလိုဘဲ"ဖန်ဟောင်သည်မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီးသူ့၏   ကြောင်မျက်လုံးနဲ့တူသောမျက်လုံးလေးသည်        အဖြူရောင်အရာကိုကြည့်ပြီးပိုမိုဝိုင်းစက်နေသည်။

ဖန်ဟောင်၏ပြောတာကအမှန်တကယ် ဖြစလောက်သည်။အသတ်ရှင်နေတာ၊အဲ့ဒီအရာကိုကြည့်ရတာတကယ်ကိုအသတ်ရှင်နေသလိုဘဲ!!

အဖြူရောင်အလုံးလေးသည်ရေတွင်ဖြည့်ထားတဲ့           အဖြူရောင်ဘောလုံးနဲ့တူပြီးလ္လင်ပေါ်တွင်မလုပ်မယှတ်နဲ့ရှိနေပကာတောက်ပသောအဖြူရောင်အလင်းအလွှာလေးကခြုံလွှမ်းထားပြီးအသတ်ရှုနေသကဲ့သို့   ဖြည်းညင်းစွာဖောင်းလိုက်ပိန်လိုက်ဖြစ်နေသည်။

အသတ်ရှုတာ၊ဟုတ်တယ်ထိုအရာသည်အသတ်ရှု နေသလိုမျိုးဖောင်းလိုက်ပိတ်လိုက်ဖြစ်နေသည်။

ဟဲဇီကျုံးကခဏလောက်တွေးဆပြီးမြေအောက် ဂိုဒေါင်ထဲကတစ်ခါသုံးတူကိုဆွဲထုတ်လိုက်သည်…..သူ့ဘယ်အချိန်ဘယ်နေရာမှာဒီပစ္စည်းကိုစုဆောင်းခဲ့မိမှန်းမမှတ်မိပေ  ။

အဖြူရောင်အလုံးလေးသည်တကယ်ကိုနူးညံ့တယ်!!တူနဲ့ထိုးလိုက်တဲ့နေရာတိုင်းသည်သိသိသာသာ နစ်မြုပ်သွားပြီးတူနဲ့ထိကြည့်လိုက်ခြင်းဖြင့်ထိုအရာလေးသည်သက်ရှိလေးဖြစ်ကြောင်းဟဲဇီကျုံး ရှင်းရှင်းလင်းလင်းကြီးကိုခံစားမိသည်။

"နူးညံ့လား"ဟဲဇီကျုံးဘေးမှာရှိနေတဲ့ဖန်ဟောင်သည်အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။သူတတိယထပ်ကိုဝင်ပြီးနောက်ဒါလေးကိုထိပြီးတဲ့အထိအန္တရယ်တစ်စုံတစ်ခုကိုမခံစားမိတာမလို့…………"ကိုယ်ထပ်ထိကြည့်လိုက်ဦးမယ်"

ပြောပြီးတော့သူ့ကထိုအရာလေးကိုလက်နဲ့ တိုက်ရိုက်တို့ကြည့်လိုက်သည်။

အဲ့တာလေးကဂျယ်လီလေးလိုမျိုးနူးညံ့တယ်ဒါပေမယ့်အဲ့တာလေးကအံ့ဩဖွယ်ကောင်းလောက်အောင်   ဆန်နိုင်ကျုံနိုင်တဲ့သတ္တိရှိသည်။အဲ့တာကြောင့်ထိုအရာလေးသည်လူတွေကိုအရမ်းညှစ်ပစ်ချင်လောက် အောင်ဆွဲဆောင်နေသည်။

ကစားရခြင်းကိုစွဲလမ်းနေသကဲ့သိုဟဲဇီကျုံးထပ်ခထပ်ခါတို့နေတာကိုကြည့်ပြီးဖန်ဟောင်လည်းသူ့ရဲ့   လက်ချောင်းလေးကိုဆန့်ထုတ်ပြီးထိကြည့်လိုက်သည်။

"အရမ်းနူးညံတာဘဲ!!!အရမ်းပျော့တယ်!!"

ဟဲဇီကျုံးကလေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်ပြီး  ထပ်တို့နေပြန်သည်။

"ကျွန်တော်ခုနကဒါကိုမြင်တုန်းကဥတစ်လုံးလို့ထင်ခဲ့တာဒီလောက်နူးညံ့လိမ့်မယ်လို့မထင်ထားဘူး"             ဖန်ဟောင်မျက်လုံးလေးသည်ကြယ်လေးတွေလို တောက်ပနေပြီးသူ့ကထိုအရာလေးကိုညင်ညင်သာ လေးတို့ထိနေပြန်သည်။

နှစ်ယောက်စလုံးရဲ့IQကစွဲလမ်းတဲ့စိတ်ခံစားချက် အောက်မှာသူတို့ရဲ့ဆယ်ကျော်သက်အရွယ်သို့ ချက်ချင်းပြန်ရောက်သွားကြသည်။တစ်ချိန်တည်း      သူတို့နှစ်ယောက်ပြိုင်တူထိုအရာကိုတို့မိသွား သောအခါပျော့ပျောင်းသောအလုံးလေးသည် ခမ်းနားကြီးကျယ်သောသူခိုးလေးဖြစ်လာသည်။ သူ့တို့ရဲ့လက်ချောင်းတွေပြန်ထုတ်လို့မရသည်ကို တွေ့သောအခါသူတို့နှစ်ယောက်ထိတ်လန့်သွားကြသည်။

နားမလည်နိုင်သောစုပ်ယူမူတစ်ခုဖြင့်သူတို့၏   လက်ချောင်းများကိုတင်းတင်းကျပ်ကျပ်စုပ်ထားပြီး         အဖြူရောင်အလင်းတန်းသည်သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။သူတို့၏အံ့ဩနေသောမျက်လုံး ရှေ့တွင်အဖြူရောင်အလုံးလေးသည်သူတို့၏ လက်ချောင်းများကိုဆွဲထားပြီးလေပေါ်တွင်မျောနေ   ပြီးရစ်သီရစ်သီလုပ်နေသည်။နွေးထွေးသောအလင်းရောင်လေးသည်သူတို့ကိုလွှမ်းခြုံထားပြီးနားမလည်နိုင်သောစကားလုံးများကလည်းသူတို့နှင့် အလုံးလေး၏ပတ်ပတ်လည်တွင်လွှမ်းခြုံထားပြီး ရစ်သီရစ်သီနှင့် လွှင့်မျောနေသည်။

အချိန်အတိုင်းအတာတစ်ခုထိကြာပြီးနောက်တွင်                  အဖြူရောင်အလင်းတန်းလေးသည်တစ်ဖြည်းဖြည်းနှင့်မှေးမိန်သွားပြီးနားမလည်နိုင်သောစာတန်းကြီး သည်လည်းပျောက်ကွယ်သွားသည်။ထို့အခါမှသာ သူတို့၏လက်ချောင်းများလွှတ်မြောက်ခွင့်ရသည်။

ဖတ်ထုပ်လိုမျိုးအဖြူရောင်အလုံးလေးသည်လေထဲတွင်သူ့ခန္ဓာကိုယ်ကိုလှည့်နေသည်။သူ့နောက်ကျောကလုံးလုံးဝိုင်းဝိုင်းလေးမဖြစ်သလိုချောလည်းမချော မွေ့ပေ။အဲ့အစားတစ်ဖတ်တစ်ချက်ဆီတွင်အရေးအကြောင်းအရာလေးနှစ်ခုရှိသည်။သူတို့ရဲ့ အံ့ဩတုန်လှုပ်နေမူအောက်တွင်ထိုအရေးကြောင်း            အရာလေးနှစ်ခုသည်ပွင့်လာပြီးကြီးမားသောမျက်လုံးလေးနှစ်လုံးအဖြင့်ပြောင်းသွားသည်။.

အဖြူရောင်ဖတ်ထုပ်ပေါ်တွင်2Dမျက်လုံးများကဲ့သို့    စိုလဲ့လုံးဝန်းပြီးချစ်စရာကောင်းသောမျက်လုံးများရှိ နေခြင်းသည်သူတို့နှစ်ယောက်ကိုအံ့ဩစေသည်။ပို့လို့တောင်အံ့ဩစရာကောင်းတာက………….

"စီနီယာ…အဲ့တာ…အဲ့တာကပါးစပ်မရှိဘူး"ထိုအရာတွင်ပါးစပ်နှင့်နှာခေါင်းမရှိဘဲကြီးမားတဲ့မျက်လုံးနှစ်လုံးဘဲရှိတယ်fuckဒါကဘာကြီးလဲ?

ဖတ်ထုပ်လို့ခေါ်နေတဲ့အရာရဲ့ခေါင်းသည်လေထဲ၌   ဝဲနေရာကနေရုတ်တရက်အလေးချိန်မရှိသလို မြေပြင်ပေါ်သို့ပြုတ်ကျကာရေပူဖောင်းကဲ့သို့ပင် "ဖက်ခနဲ"အသံထွက်လာသည်။အလွန်ပျော့ပျောင်း သောအလုံးကြီးသည်တုန်နေပြီးမျက်လုံးလေးများကမကျေနပ်မူများဖြင့်တွန့်ရှုံနေကာသူ့ခေါင်းကိုမော့လိုက်ပြီးမှင်တက်နေသောလူနှစ်ယောက်ကိုကြည့်လိုက်သည်။နူးညံ့သောအလုံးလေးသည်အခွင့်ကောင်းယူကာဖန်ဟောင်လက်မောင်းထဲသို့ခုန်လိုက်ပြီး ပွတ်သပ်နေသည်။

ဇနီးသည်၏တို့ဟူးကိုစားနေသောတေလေဂျပိုးကို မဆွဲယူခင်ခဏလောက်ကြတ်သေသေနေသေးသည်……နိုးဖန်ဟောင်ရဲ့လက်မောင်းထဲကအလုံး။အမွှေးလုံးတစ်လုံး…အလုံး…လိုအရာကတကယ်ကိုပျော့  ပျောင်းနူးညံ့ပြီးအေးမြသောအပူချိန်လေးရှိနေကာခုန်ဆွခုန်ဆွလုပ်နေသည်။အဲ့တာကတကယ်ကို ရေဘောလုံးနဲ့တူတယ်။

"မင်းအဆင်ပြေရဲ့လား"

အလုံးလေး၏လှုပ်ရှုားမူကြောင့်ကျောက်ရုပ်လိုဖြစ်သွားသောဖန်ဟောင်သည်ထိုမှသာစိတ်နဲ့ကိုယ်နဲ့ ကပ်သွားပြီးခေါင်းကိုအမြန်ခါယမ်းလိုက်ကာ ဟဲဇီကျုံးလက်ထဲမှာကိုင်ထားတဲ့အလုံးလေးကိုကြည့်လိုက်သည်။ထို့ပျော့ပျောင်းနူးညံ့သောခန္ဓာကိုယ် လေးသည်ဟဲဇီကျုံး၏လှုပ်ရှားမူနောက်လိုက်ကာ     ဆွဲဆန့်နေသည်။ဟဲဇီကျုံးကိုနောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီးသူ့ကရုတ်တရက်ကြီးဟဲဇီကျုံးကိုသွေးအန်စေနိုင်လောက်သည့်စကားတစ်ခွန်းကို ပြောလိုက်သည်"စီနီယာ၊စီနီယာအဲ့တာက ကျွန်တော်ကိုသူ့အမေလို့ထင်နေပုံဘဲ"

ဟဲဇီကျုံး၏မျက်နှာကမဲမှောင်သွားသည်။   နေရာလွတ်ကlevelမြင့်တာနဲ့တစ်ပြိုင်နက် သူ့မိန်းမကသူ့ကိုဘောလုံးလေးတစ်လုံးမွေးလာတယ်လို့ပြောချင်တာလား?မျိုးရိုးဗီဇတွေကတူမှမတူဘဲလို့။ပြီးတော့အားဟောင်ကအလုံးလေးရဲ့အမေဆို ငါကအဲ့အလုံးလေးရဲ့အဖေဖြစ်သွားမှာပေါ့။

အလုံးလေးသည်ဖန်ဟောင်ရဲ့စကားလုံးများကို နားမလည်ပေဟဲဇီကျုံး၏လက်အကြီးကြီးထဲတွင်  ရေလိုမျိုးအရိုးမဲ့ခန္ဓာကိုယ်ဖြင့်ဒန်းတစ်ခုတွဲလောင်းကျလှုပ်ယမ်းနေပြီးလေထဲတွင်ယမ်းခါနေကာ ကောင်းမွန်သောအချိန်ကိုရရှိနေသည်။

ဟဲဇီကျုံးသည်သူ့မျက်လုံးတည့်တည့်အလုံးလေးရှိတဲ့နေရာကိုမြင်နိုင်ရန်သူ့လက်မောင်းကိုမြှောက်လိုက်သောအခါထိုလုံးလေးသည်ပျော်ရွင်နေသောပုံစံ လေးဖြင့်မျက်လုံးကိုမှေးထားပြီး….လွှဲယမ်းခုန်ပေါက်ပြီးကစားနေသည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment