no

Font
Theme

မစ်ရှင်၂၈ရဲ့ပန်းတိုင်မှာတင်သွင်းလာသောဆေးဝါးတစ်ချို့ပါဝင်သည့်သင်္ဘောကုန်တင်ကုန်ချဆိပ်က အအေးခန်းသိုလှောင်ရုံများဖြစ်သည်။ထိုထဲတွင် တရုတ်ပြည်ကမထုတ်လုပ်နိုင်သောဆေးဝါးများ ရှိပြီးယခုထက်မထုတ်လုပ်နိုင်တောသောကြောင့်ယင်းမစ်ရှင်သည်ထိပ်တန်း၅၀စာရင်းတွင်အဆင့်သတ်မှတ်ခံရသည်။

ထိုမစ်ရှင်ကိုအတည်ပြုပြီးနောက်ဟဲဇီကျုံးအကြံတစ်ခုရလိုက်သည်။သူ့ကလှည့်လိုက်ပြီး ကောပင်းကိုအကြုံပြုခဲ့သည်"ဒီမစ်ရှင်ကစိတ်ဝင် စားစရာကောင်းသားဘဲ၊ကျွန်တော်တို့အသေးစိတ်ကျကျပြောကြတာပေါ့"သူ့ရဲ့ပန်းတိုင်ကဆေးဝါးများပြည့်နှတ်နေသောကွန်တိန်နာများမဟုတ်ပေမယ့် ကားများကဲ့သို့သောအခြားကောင်းမွန်သောအရာ များဖြစ်သည်။

ကောပင်းကပြုံးလိုက်ပြီးခေါင်းညိတ်လိုက်ကာဖိတ် ခေါ်တဲ့အမူအရာလုပ်ပြခဲ့သည်။Samsaraအသင်းက အခြားအဖွဲ့ဝင်များကလည်းလိုက်လာခဲ့ပြီးတစ်အုပ်စုလုံးမစ်ရှင်ခန်းမထဲကထွက်လာခဲ့ကာသိပ်မဝေးတဲ့ အထက်မြင့်အဆောက်အအုံဆီသို့လျှောက်သွားလိုက်သည်။ကောပင်းသည်အဖွဲ့၏နေရာသို့ရောက်ပြီး နောက်သူတို့ကိုစမ်းသပ်ရန်အတွက်စိတ်ကူးယန်ဆန်သောစကားလုံးများကိုမပြောခဲ့သလိုအချိန်ဖြန်းခြင်းလည်းမပြုလုပ်ခဲ့သောကြောင့်ဟဲဇီကျုံးနှင့်     ဖန်ဟောင်အံ့ဩသွားသည်။

"သေနတ်တွေနဲ့လက်နက်တွေ"

ဟဲဇီကျုံးကကြက်သေသေသွားပြီးဖန်ဟောင်မျက်လုံးလည်းပြူးကျယ်သွားသည်။ထိုအရာများကိုလူတွေမှောင်ခိုကူးတာကိုကြားဖူးခဲ့ပေမယ့်ထိုကဲ့သို့ သောအရာများကိုအရှက်မရှိဗြောင်ကျကျကျယ်ကျယ်လောင်ပြောဆိုနေသည်ကိုဘယ်တုန်းကမှသူ့        မကြုံခဲ့ဖူးပေ။ဒီလိုစကားလုံးများကိုပြောခြင်းသည် ကမ္ဘာပျက်ကပ်ကြောင့်ဖြစ်နိုင်သည်။

"ဂိုဒေါင်ကကမ္ဘာမပျက်ခင်တုန်းကကျွန်တော်တို့ အရောင်းအဝယ်လုပ်တဲ့နေရာဘဲ၊အရင်တုန်းကအဲ့ နေရာမှာကျွန်တော်တို့ပစ္စည်းတစ်ချို့ရှိတယ်၊ ကမ္ဘာပျက်ကပ်ဖြစ်တော့ကျွန်တော်တို့အလျင်လိုနေတာကြောင့်လမ်းကလည်းအန္တာရယ်များပြီးအခြေစိုက်စခန်းဆီလူတွေပြေးလာဖို့တောင်အဆင်မပြေလို့ လက်နက်တွေကိုကျွန်တော်တို့ချန်ထားခဲ့သည်။အခုကအခြေနေတွေတည်ငြိမ်သွားပြီဆိုတော့အဲ့ဒါတွေ ကိုဒီတိုင်းမထားချင်တော့ဘူး"ကောပင်းကပြောနေရင်းနဲ့စီးကရက်စ်တစ်လိပ်ကိုမီးညှိလိုက်သည်" အဲ့နေရာကိုသိတာကကျုပ်တို့ဘဲမဟုတ်ဘူး၊အဲ့တာမို့တစ်စုံတစ်ယောက်မယူသွားသေးဖို့မျှော်လင့်ပြီး ကျုပ်ကံစမ်းကြည့်ချင်တယ်အားလုံးပြီးတာနဲ့ မင်းတို့ကိုလည်းဆုလာဒ်အနေနဲ့လက်နက်၁၀ရာခိုင်နှုန်းကိုပေးမယ်"

ဟဲဇီကျုံးကမျက်ခုံးပင့်လိုက်ပြီး"ငါတို့မှာကလူနှစ် ယောက်ဘဲရှိတာ?မင်းညီအစ်ကိုတွေကလက်ခံလို့ လား"

ကောပင်းကရီလိုက်ပြီး"ဝေ့လည်ကြောင်ပတ်တွေ မပြောဘဲတည့်တိုးဘဲပြောတော့မယ်၊မင်းတို့ နှစ်ယောက်မှာစွမ်းအားရှိတယ်မလား၊နောက်ဆုံးတစ်ကြိမ်ငါတို့လမ်းမှာတွေ့ခဲ့တယ်ပြီးတော့မင်းတို့က လျိုကျန့်ဖုန်းနဲ့ရှန်ဟိုက်ပင်းတို့ကိုလည်းကယ်ခဲ့တယ်အခြေနေကိုအတိကျမသိပေမယ့်မင်းတို့က သန်မာတာတော့သေချာတယ်၊ဒီတစ်ကြိမ်မှာငါတို့  အောင်မြင်၎င်းမယ်လို့ယုံကြည်ချက်မရှိဘူးဖြစ်နေ တယ်ပြီးတော့အဲ့ပစ္စည်းတွေအဲ့မှာရှိနေသေးတယ်လို့လည်းအာမမခံနိုင်ဘူး?ဒါပေမယ့်ကျုပ်တို့လက်နက်တွေကိုချောချောမွေ့မွေ့နဲ့ရနိုင်ခဲ့မယ်ဆိုရင်လက်နက်တွေကိုမင်းတို့ကိုလည်းပေးမယ်၊အားလုံးစုပေါင်း ပြီးအတူလုပ်မယ့်ဟာတွေကိုအလုပ်အရခွဲဝေပြီး တစ်ယာက်ချင်းစီရှာတွေ့ပြီးစုဆောင်းရတာကိုက တော့ကိုယ်အပိုင်ဘဲဘယ်လိုလဲ?"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီး"အိုကေ"ဘာဘဲ ဖြစ်ဖြစ်အကယ်လို့Binhai Wharfမှာလက်နက်တွေ ကိုရှာမတွေ့ခဲ့ဘူးဆိုရင်တောင်သူတို့လက်ဗလာနဲ့ ပြန်လာရမှာမဟုတ်ပေ။ပြီးတော့အဲ့နေရာမှာသူ့လို ချင်တဲ့တစ်ချို့အရာတွေရှိနိုင်သည်ကိုသူ့မှတ်မိ နေဆဲဖြစ်သည်။

နှစ်ယောက်သားစည်းကမ်းချက်များကိုညှိနှိုင်းပြီး  နောက်သူတို့ခုနကပြောခဲ့တဲ့အရာများပါဝင်သည့် သဘောတူညီမူတွင်လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီမူတွင်လက်မှတ်ထိုးပြီးနောက်အခန်းထဲကတင်းမာမူတွေလျော့ကျသွားသည်။

ဖန်ဟောင်ကစာချုပ်ကိုအိတ်ထဲသို့ထည့်ရန်ယူလိုက် ပြီးလက်မှတ်ထိုးထားတဲ့စာချုပ်ကိုနေရာလွတ်ထဲသို့ ထည့်လိုက်သည်။ဟဲဇီကျုံးနဲ့ကောပင်းတို့သည် စကားလမ်းကြောင်းပြောင်းသွားကြသည်။

"ကျွန်တော်တို့အသင်းထဲကအများစုကစစ်မူထမ်း ဟောင်းတွေဘဲ၊စွမ်းအားရှင်အများကြီးမရှိဘူးအပြင်ကအရာတွေကတကယ်ကိုစိတ်ပျက်စရာကောင်းတယ်၊အပြင်ဘက်ကပရမ်းပတာဖြစ်နေတဲ့အချိန်ကျုပ်တို့ပစ္စည်းစုဆောင်းဖို့အဝေးကြီးသွားလို့မရဘူး"သူတို့အသင်းထဲကလူအများစုသည်အနီးကပ်တိုက်ပွဲတွင်ကောင်းမွန်သော်လည်းဇွန်ဘီတွေနဲ့အနီးကပ် ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ?အဲ့တာကအရမ်း စိတ်ပျက်စရာကောင်းတယ်!!!!အကြမ်းခံနိုင်သော သတ္တိရှိတဲ့တစ်စုံတစ်ယောက်ပင်အချိန်ကြာကြီး တောင့်ခံနိုင်မည်မဟုတ်ပေ။

"ပစ္စည်းတွေသူများမယူသွားသရွှေ့ဖြေရှင်းရတာ လွယ်ကူပါတယ်၊ပြဿနာကတော့မင်းတို့ကားထဲမှာ ပစ္စည်းတွေထည့်ဖို့နေရာအလုံလောက်ရှိလား၊ပစ္စည်းအများကြီးမင်းတို့ပြန်သယ်လာနိုင်ရဲ့လား"

"မစိုးရိမ်ပါနဲ့၊***ကုမ္ပဏီအနီးနားမှာရပ်ထားတဲ့ကား တွေအများကြီးရှိတယ်၊အကုန်လုံးကတင်သွင်းထားတဲ့ကားအကောင်းစားတွေကြီးဘဲ?အဲ့ထဲကနေကျုပ်တို့ရွှေးလို့ရတယ်၊အဲ့တာကြောင့်မို့ပစ္စည်းတွေကိုသယ်ဖို့ကအဆင်ပြေတယ်"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။အဲ့မှာကားတွေရှိမှန်းသူလည်းတွေးမိပေမယ့်အဝေးသို့မောင်းနိုင် မလားဆိုတာမသေချာပေ။သော့ရှိလားဆိုတာဘယ်သူသိမလဲ?ကားကgasမရှိဘဲလည်းမောင်းလို့မရပေ။

ခဏလောက်နေတော့Samsaraအသင်းကဒုခေါင်း ဆောင်ကလူနှစ်ယောက်နဲ့အတူပြန်လာသည်"မစ်ရှင်ပြီးသွားပြီ"သူ့ကပြောလိုက်ပြီးဟဲဇီကျုံးနဲ့ ဖန်ဟောင်တို့စုံတွဲရှိတဲ့ဘက်ကိုကြည့်လိုက်သည်။သူတို့ခေါင်းဆောင်စွမ်းအားရှင်နှစ်ယောက်ကိုခေါ်လာတယ်ဆိုတာသူ့ကြားခဲ့သည်။ကြည့်ရတာဒီနှစ်ယောက်ဖြစ်လောက်သည်။

"ဒီမစ်ရှင်ကိုလုပ်ဖို့တခြားအသင်းတွေမရှိဘူးမလား"

"ဟင့်အင်း၊မစ်ရှင်နေရာကအရမ်းဝေးလွန်းတယ် လေ၊ဓာက်ဆီမလောက်တာတွေဘာတွေဖြစ်နိုင်တယ်"သူ့လက်ထဲမှာရှိတဲ့ပစ္စည်းကိုကောပင်းအားပေးရင်းပြောလိုက်သည်။

ယခုအချိန်တွင်မစ်ရှင်လက်ခံရန်အသင်းတစ်သင်းဆီ အတွက်နည်းလမ်းနှစ်ခုရှိသည်၊တစ်ခုကသူတို့ရဲ့ ကိုယ်ပိုင်အသင်းနဲ့ဘဲဆောင်ရွှတ်ရန်ဖြစ်ပြီးအခြားတစ်ခုအခြားအသင်းနဲ့အတူပူးပေါင်းလုပ်ဆောင်ရန် ဖြစ်သည်။အသင်းတစ်သင်းက၎င်းကိုယူပြီးနောက်တာဝန်ကိုပူးပေါင်းဆောင်ရွတ်နိုင်သည်။မစ်ရှင် ပြီးမြောက်ပြီးနောက်မစ်ရှင်တွင်ပါဝင်သည့်အသင်းအားလုံးသည်သက်မှတ်ထားသောအမှတ်ရရှိမည်ဖြစ်သည်။ဒီတစ်ခုတော့သူတို့နောက်ဆုံးရွှေးချယ်စရာတစ်ခုကိုရွှေးလိုက်သည်။ပူးပေါင်းဆောင်ရွက်မည့် မိတ္တူကိုဟဲဇီကျုံးဆီသို့ပေးလိုက်ပြီးနောက်            ကောပင်းကအမှတ်တမဲ့မေးလိုက်သည်.

"အမြှင့်ဆုံးမစ်ရှင်တွေကိုလုပ်ဆောင်မယ့်အသင်းတွေရှိလား"

"ကျွန်တော်တို့ထွက်လာတုန်းကOverloardအဖွဲ့က မစ်ရှင်၁၇ကိုလုပ်မယ်တဲ့၊Starry Skyအသင်းနဲ့လူနည်းနည်းဘဲပါတဲ့အသင်းငယ်တစ်ခုနဲ့ပူးပေါင်းလုပ်ဖို့ပြင်ဆင်နေကြတယ်"

"မစ်ရှင်၁၇"ကောပင်းကခေါင်းကိုမော့ပြီးစဉ်းစားလိုက်သည်"သူတို့အဖွဲ့အပင်စွမ်းရည်ရှိတဲ့သူတစ်ယောက်ကိုရလိုက်တယ်ကြားတယ်၊သူတို့ရဲ့ရည်ရွှယ်ချက်ကအနီးနားကမျိုးစေ့ဆိုင်ဖြစ်နေမှာစိုးတယ်"

"မျိုးစေ့ဆိုင်"ဟဲဇီကျုံးကမျက်ခုံးကိုပင့်လိုက်သည်။အဲ့အရာတွေကအသုံးဝင်သော်လည်းအပင်အများစုကိုမစိုက်ပျိုးနိုင်တာကတော့နှမြောစရာကောင်းသည်။အပြင်ဘက်တွင်ရှိသောမျိုးစေ့များသည်အချိန် ကြာလာသည်နှင့်အမျှပုပ်သိုးပြီးသေဆုံးသွားသည်။ ပုပ်သိုးမူနှုန်းသည်ကမ္ဘာပျက်ကပ်မတိုင်ခင်ကထက် ပိုမြန်လာသည်။အပင်စွမ်းရည်ရှိလည်းအလားကား ပေ၊ကမ္ဘာပျက်ကပ်နှင့်လိုက်လျောညီထွေရှိသော အပင်များကိုသာစိုက်ပျိုးနိုင်သည်။မျိုးစေ့များကို ချက်ချင်းရိတ်သိမ်းပြီးယူဆောင်ရန်ပူးပေါင်းလုပ် ဆောင်မည့်နေရာလွတ်စွမ်းအားရှင်မရှိလျှင်အလားကားပေ။

"စိတ်မဝင်စားဘူးလား"ကောပင်းကသူ့ကိုအပြုံးနဲ့ ကြည့်လိုက်သည်။

ဟဲဇီကျုံးကခေါင်းခါလိုက်သည်။"မျိုးစေ့တွေရှိရင် တောင်သူတို့ကိုပြုစုဖို့ငါမှာအချိန်မရှိဘူး၊အမှတ်ရှာ ပြီးတော့ဘဲအစားစာကိုလဲလှယ်ဖို့အခြေစိုက်စခန်းဆီတိုက်ရိုက်သွားလိုက်မှာပေါ့"ထိုလူများကိုနှုတ်ဆက်စကားပြောပြီးနောက်"မနက်ဖြန်မနက်ခင်းဟုတ်တယ်မလား၊ကျွန်တော်တို့ပြင်ဆင်ဖို့ပြန်လိုက်ဉီးမယ်"

"အိုကေ၊မနက်ဖြန်မနက်ခင်းကြရင်အောက်မှာဆုံ ကြတာပေါ့"

ထိုစုံတွဲထွက်သွားပြီးနောက်ချင်နင်ကအဖွဲ့ခေါင်း ဆောင်ကိုမေးလိုက်သည်"မင်းသေချာရဲ့လား"

"ငါတို့Aမြို့ကိုမလာခင်တုန်းကတယ်လီဖုန်းတိုင် ကြောင့်ရပ်ခဲ့တဲ့အချိန်ကိုမှတ်မိလား၊သူတို့ကအဲ့တိုငကိုဖျက်ဆီးခဲ့တာ"

"အဲ့တာသူတို့လား"ချန်နင်ကအံ့ဩသွားသည်။ထိုအချိန်တုန်းကကားထဲကထိုနှစ်ယောက်ရဲ့မျက်နှာကိုသူမမြင်ခဲ့ရဘဲSUVကားအနက်ကိုသာတွေ့လိုက်သည်။

"အင်း၊ဟိုက်ပင်းနဲ့ကျန့်ဖုန်းကိုကယ်လိုက်တာလည်းသူတို့ဘဲ"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment