တရုတ်နိုင်ငံ၏မြို့တော်များထဲတွင်Aမြို့တော်သာ ကမ္ဘာပျက်ပြီးနောက်အချိန်တော်ကြာတဲ့အထိလျှပ်စစ်မီးအားများစနစ်ကိုဆက်လက်အသုံးပြုနိုင်ခြင်းဖြစ်သည်။အခြားမြို့တော်အားလုံးနီးပါးသည်ကမ္ဘာပျက်ပြီးရက်အနည်းငယ်အတွင်းလျှပ်စစ်ဓာက်အားပေးစနစ်များရပ်တန့်သွားခဲ့သည်။အချို့နေရာများတွင် ရေအားလျှပ်စစ်၊လေဓာက်အားပေးစနစ်နှင့်အခြားစွမ်းအင်ပြည့်စနစ်များရှိပေမဲ့Mမြို့သည်တတိယအဆင့်မြို့ဖြစ်သောကြောင့်ကမ္ဘာပျက်ပြီးနောက်လျှပ်စစ် ဓာက်အားမရှိတော့ပေ?ပြပွဲစင်တာသည်လုံးဝမှောင်မဲနေပြီးအပြင်ဘက်မီးခိုရောင်ကောင်းကင်အောက်တွင်အထဲမှာဘာရှိနေလဲဆိုကိုမြင်နိုင်ဖို့မဖြစ်နိုင်ပေ။
သူတို့အုပ်စုသည်ဝင်ပေါက်ဆီသို့ဂရုတစိုက်ဖြင့် ချည်းကပ်လာခဲ့သည်။တံခါးထဲမှကြီးမားသောမှန်တစ်ချပ်သည်အရင်ကတည်းကအစိတ်စိတ်အပိုင်းပိုင်းခွဲခံထားရသည်။ကြမ်းပြင်ပေါ်တွင် အနက်ရောက် ခြောက်သွေ့သောအကွတ်များရှိနေပြီး သွေးကွတ်များနှင့်တူသည်။
မန့်ဇီနဲ့လျိူကျန့်ဖုန်းသည်ကွဲနေသောတံခါးမှအထဲသို့အမြန်ပြေးဝင်လိုက်ပြီးသူတို့ခေါင်းပေါ်ရှိဓာက်မီးများ(ခေါင်းမှာပတ်ရသေဓာက်မီး)ကိုဖွင့်ကာ တံခါးအနီးနားတွင်ထူးတန်းတာမရှိကြောင်းအတည်ပြုခဲ့သည်။ထို့နောက်သူတို့နှစ်ယောက်ကလက်တွေကို ဝှေ့ယမ်းပြလိုက်ပြီးကျန်လူများကိုအချက်ပြ လိုက်သည်။
အရှေ့ကခန်းမကိုချန်ကာဇွန်ဘီများသည်တစ်နေရာ ပြီးတစ်နေသို့လှည့်လည်သွားခဲ့ပုံပေါ်သည်။
Samsaraအသင်းကအဖွဲ့သားတစ်ယောက်သည် ခန်းမ၏အဝင်ဝတွင်ခတ်ထားသည့်သော့ခလောက်ကို အမြန်ဖွင့်လိုက်သည်။ထို့နောက်လူတိုင်းသည် အထဲကိုဂရုတစိုက်ဖြင့်ချောင်းကြည့်လိုက်သည်။
အရင်ကသူတို့သန္ဓေပြောင်းအပင်နဲ့ကြုံတွေခဲ့ပြီးကတည်းကကံဆိုးမှုတွေကိုကြုံတွေရနိုင်တယ်လို့ထင်ခဲ့ပေမဲ့ဒီတစ်ခေါက်တော့မမျှော်လင့်ထားစွာဖြင့် ချောမွေ့နေသည်။ခန်းမထဲတွင်အောက်သိုးသိုးမှိုနံ များနံစော်နေသည်-ကောပဲသီးနှံ့တွေပုပ်သိုးသွားတဲ့အနံဖြစ်သည်။မှန်ပတ်လည်ဗီရိုအမျိုးမျိုးတွင်ထည့်ထားသောအစေ့များသည်ပုပ်သိုးနေပြီးမနှစ်မြို့ဖွယ်ကောင်းသော အနံများထွက်နေပြီးအသုံးပြုလို့မရတော့ပေ။
သူတို့မှာအတွေ့ကြုံရှိသောကြောင့်ခန်းမထဲသို့မဝင်ခင်အကုန်လုံးကမျက်နှာကြတ်တွေကြမ်းပြင်တွေကို သေချာဂရုတစိုက်စစ်ဆေးခဲ့ပြီးမဝင်ခင်လုံခြုံရေးကို အတည်ပြုရန်စစ်ဆေးခဲ့သည်။
ခန်းမထဲကအလင်းရောင်သည်အရမ်းမှိန်နေပေမဲ့ တစ်ချို့အရိပ်အယောင်များကိုမြင်နိုင်သေးသည်။ ကမ္ဘာပျက်ပြီးနောက်ဒီနေရာမှာအသက်ရှင်ကျန်ရစ်သူမရှိသောကြောင့်အသွင်အပြင်သည်ကမ္ဘာမပျက်ခင်ကအတိုင်းပင်။
"ဒီဘက်ခြမ်းကနေ စမယ်၊သေချာထုပ်ပိုးထားတဲ့ ဟာတွေထဲမှာပါရှာကြည့်ပြီးထုတ်ခဲ့၊အရေအတွက်ကိုဂရုမစိုက်နဲ့"ချန်နင်ကအကုန်လုံးကိုတည်ငြိမ်စွာ ဖြင့်အမိန့်ပေးခဲ့သည်။အခန်းထဲကအလင်းရောင်က အရမ်းမှိန်လွန်းတဲ့ အတွက် သူတို့ရဲ့အခြေနေကိုအတည်ပြုရန်အချိန်မရှိပေ၊။ထို့ကြောင့်လုပ်စရာရှိတာကိုဦးစားပေးရမည်။
သူတို့လမ်းမှာအတားအဆီးမရှိသောကြောင့်အကုန်လုံးရဲ့လှုပ်ရှားမှုသည်အရမ်းမြန်သည်။ဒီဘက်ခြမ်း မှာခင်ကျင်းထားသောမျိုးစေ့များသည်ကောင်းမွန် ပြီးထွက်နှုန်းကောင်းသောမျိုးစေ့များဖြစ်သည်။ အဓိကခင်ကျင်းထားသောမျိုးစေ့များမှာဆန်အမျိုး မျိုးရဲ့မျိုးစေ့များဖြစ်ပြီးအချို့ကတော့အရေသွေး ကောင်းမွန်သည့်ဟင်းသီးဟင်းရွတ်စေ့များဖြစ်သည်။
လူတိုင်းကအိတ်အကြီးကြီးများကိုသယ်လာခဲ့ပြီး သန့်ရှင်းစွာထုပ်ပိုးထားသောမျိုးစေ့များကိုရွှေးချယ် ပြီးဘေးဘက်မှာထားထားသည်။အတန်းရဲ့အဆုံးကို မရောက်ခင်လူတိုင်းနီးပါးရဲ့ကျောပိုးအိတ်များတွင် ပြည့်နေပြီးသူတို့လက်ထဲမှာလည်းပစ္စည်းတော် တော်များများရှိနေသည်။ချန်နင်နှင့်လုထန်ရဲ့ နေရာလွတ်ထဲတွင်လည်း၇၀%80%လောက်ထည့်ထားသည်။
"ခဏလေး!!မလှုပ်နဲ့!!"တိမင်းဂန်းရဲ့ဓာက်မီးက ရုတ်တရက်နေရာတစ်နေရာကိုထိုးပြလိုက်သည်။ အတန်းဆုံးရဲ့ဘေးနှစ်ဘက်တွင်ကြီးမားသောအမဲ ရောင်အရိပ်ကြီးတစ်ခုရှိနေတာကိုအကုန်လုံးတွေ့လိုက်ရသည်။ထိုအမဲရောင်အရိပ်ကြီးပေါ်ဓာက်မီးအလင်းရောင်ရောက်သွားသည်နှင့်၎င်းသည်နှစ်ကြိမ် လောက်တွန့်လိမ်သွားသည်!!1
"ဓာက်မီးပိတ်လိုက်!!အဲ့တာကိုမနိုးမိစေနဲ့"ဟဲဇီကျုံးကတိမင်းဂန်းရဲ့လက်ကိုဆွဲပြီးတိုးတိုးလေးပြောလိုက်သည်။
ဓာက်မီးကပိတ်သွားသည်။
"မင်းခေါင်းပေါ်ကဓာက်မီးကိုလည်းပိတ်လိုက်"ဟဲဇီကျုံးကတိုးညင်းသောအသံဖြင့်ပြောလိုက်သည်။ "သေချာဂရုစိုက်ပြီးနောက်ပြန်ဆုတ်"
အဲ့ဒါကဘာလဲဆိုတာသူတို့မသိသော်လည်းအကုန်လုံးကနောက်ကိုတစ်လှမ်းချင်းရွှေ့ပြီးပြန်ဆုတ်လိုက်ကြသည်။
"အဲ့ဒါဘာကြီးလဲ?"ကောပင်းကဟဲဇီကျုံးနားကို ချဉ်းကပ်ပြီးနောက်ကိုဆုတ်ရင်းနဲ့အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ပန်းအဲ့ဒါတွေပွင့်လာရင်အန္တရာယ်များတယ်၊သူတို့ ရဲ့ဝတ်မှုန့်တွေကအဆိပ်ဖြစ်စေတယ်"အဲ့ဒါဘာ သန္ဓေပြောင်းအပင်လည်းဆိုတာဟဲဇီကျုံးမသေချာ ပေမဲ့အဲ့ဒီအပန်းပွင့်သွားတာနဲ့တစ်ပြိုင်နက် အဲ့ဒါကသေစေနိုင်တယ်!!!
သူ့အရင်ဘဝတုန်းကခရီးထွက်နေချိန်တွင်တစ်ခါတွေ့ဖူးသည်။အဲ့ဒီအကြိမ်တုန်းကလေစုန်မတိုက် ခြင်းကြောင့်သာသူကံကောင်းခဲ့သည်။ဝတ်မှုန့်ကို ရှူသွင်းပြီးနောက်အခြားအဖွဲ့ဝင်များသည်ပန်းဆီသို့ မူးဝေစွာဖြင့်လျှောက်သွားတာကိုသူမြင်ခဲ့ရသည်။ထို့နောက်အမြစ်တွေကထိုးထွက်လာပြီးသူတို့ကို ဖမ်းကာအဟာရတွေကိုစုပ်ယူခဲ့သည်။
သူတို့ရဲ့အသက်ရှုသံကိုထိန်းထားပြီးအကုန်လုံးကတံခါးဆီကိုနောက်ပြန်ဆုတ်ကာဆူညံသံမလုပ်မိ အောင်ကြိုးစားနေကြသည်။အခန်းထဲကအမှောင်ကိုသူတို့မျက်လုံးတွေနဲ့အသားကျသွားပြီဖြစ်သော ကြောင့်ခန်းမထဲမှငေါထွက်နေသောအမဲရောင်အရိပ်ကြီးကိုအားလုံးမြင်ခဲ့သည်။၎င်းသည်မှောင်မိုက် သောနံရံနောက်ခံ၏အစိတ်ပိုင်းတစ်ခုလိုထိုနေရာတွင်တိတ်ဆိတ်စွာပင်အမြစ်တွယ်နေခဲ့သည်။
သူတို့တံခါးဆီသို့လျှောက်သွားသောအခါကျကွဲသံထွကပေါ်လာသည်!!ဖြတ်လာတဲ့ဘယ်သူမှတံခါးဘေး တွင်ပန်းအိုးအကြီးကြီးတစ်လုံးရှိနေတာကိုဘယ်သူမှမသိခဲ့ပေ။
"ပြေးကြ!!!"
အမှောင်ထဲတွင် အနက်ရောင်အရာကြီးသည်ရုတ်တရက်ကြီးလာပြီးချက်ချင်းပွင့်လာခဲ့သည်။
အပင်အမြစ်တွေလိုက်ဖမ်းခံနေရသောကြောင့် အကုန်လုံးသည်ခန်းမထဲမှပြေးထွက်လာခဲ့ပြီး ပြပွဲစင်တာအပြင်ဘက်သို့ပြေးလာကြသည်။
ကျန်ရစ်နေခဲ့သောအဖွဲ့ဝင်များသည်ကားများဘေးတွင်ဇွန်ဘီများကိုရှင်းလင်းနေသည်။သူတို့အပြင်သို့ ပြေးထွက်လာတာကိုမြင်တော့ကျန်ရစ်နေခဲ့သော အဖွဲ့သားများသည်သူတို့လက်ထဲကပစ္စည်းများကိုသယ်ပြီးကူညီပေးခဲ့သည်။
"အရင်ဆုံးဒီကနေမောင်းထွက်ရအောင်!!"အရင် သန္ဓေပြောင်းအပင်တွေရဲ့ရူးသွပ်ဖွယ်ပုံရိပ်တွေကြောင့်ကောပင်းကအချိန်ကြာကြီးမနေရဲပေ။ထို့ကြောင့် အကုန်လုံးကိုလျင်မြန်စွာကားထဲဝင်ခိုင်းလိုက်သည်။
သူတို့ကားစထွက်သောအခါတစ်စုံတစ်ယောက်က စကားပြောစက်ကနေအော်ပြောလိုက်သည်"ပြပွဲစင်တာထဲကနေဘာကြီးလဲမသိဘူးထွက်လာတယ်"
သူတို့ထွက်ပြေးလာသောတံခါးတွင်ထူထဲကြီးမား သောအမြစ်ကြီးထွက်ပေါ်လာပြီးဦးရေပြားကိုထုံကျင်သွားစေသည်။နွယ်ပင်များတွင်သေးငယ်သောဆူးများကဲသို့အရာများထွက်ပေါ်လာပြီးနောက်ချက် ချင်းပန်းများပွင့်သွားသည်။
တောက်ပသောရွှေရောင်အနားသတ်များနှင့်ပန်း ရောင်ဝတ်ဆံများပါသောအဝါဖျော့ဖျော့ပန်းများသည်မှောင်မှိုင်းနေသောကမ္ဘာပျက်ကပ်နဲ့လိုက်ဖတ်နေသည်။ဒါပေမဲ့ဒီလိုလိုက်ဖက်ညီမှုမျိုးကလူတွေကြည့်ဖို့ကောင်းသည်လောက်အထိမရိုးရှင်းပေ။ဟဲဇီကျုံး ရောSamsaraအသင်းကလူတွေကောထိုထူးဆန်းသည့်သန္ဓေပြောင်းအပင်ကိုမြင်သည့်အခါသူတို့ ဦးခေါင်းတွေထုံကျင်သွားသည်။ကားမောင်းသည့် အဖွဲ့သားများသည်မသိစိတ်အရကားရဲ့အရှိုန်ကို မြှင့်လိုက်ပြီးအပြင်သို့ထွက်ပြေးမောင်းသွားကြသည်။ဒီထူးဆန်းသည့်အပင်ဆီမှအမြန်ဆုံးထွက်ပြေးချင်သည်။
"ခုနကအပင်တွေကဘယ်လိုတိုက်ခိုက်တာလဲ?"ပြပွဲစင်တာကနေသူတို့ထွက်လာပြီးနောက်ထူးဆန်း သောအပင်တွေကထွက်မလာတော့ပေ။ဖန်ဟောင်ကသက်သာရာရသွားပြီးစိုးရိမ်မှုတစ်ချို့နဲ့ဟဲဇီကျုံးကိုမေးလိုက်သည်။
To be continued………