ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်တန်းစီနေပြီးရှေ့ကလူ တွေလုပ်ရိုးလုပ်စဉ်လုပ်တာကိုစောင့်နေရင်းသူတို့ ပတ်ပတ်လည်ကလူတွေရဲ့အတင်းအဖျင်းစကားကိုနားထောင်နေသည်။အနီးနားကအငှားမှတ်ပုံတင် ရုံးတွင်စွမ်းအားရှင်တစ်ယောက်ပေါ်ထွက်လာသည်။
သူတို့ဘေးနားကပြင်တင်းပေါက်မှာစကားစမြည် ပြောနေတာကိုကြားတော့အံ့ဩတကြီးဖြင့်ကြည့် ကာစကားပြောနေကြတဲ့လူတွေဆီကနေဂရုတစိုက် နားထောင်လိုက်သည်။စွမ်းအားရှင်အုပ်စုသည်စစ်တပ်နှင့်အတူအခြေစိုက်စခန်းသို့အရင်ဆုံးပြောင်း ရွှေ့လာကြသူများဖြစ်သည်။သူတို့ထဲကအများစုသည်လမ်းတွင်ပြောင်းရွှေ့နေတဲ့စစ်တပ်ယာဉ်တန်း ကြီးကိုတွေ့ခဲ့ပြီးအခြေစိုက်စန်းသို့လိုက်လာခဲ့ကြသူများဖြစ်သည်။သူတို့မှာထူးခြားတဲ့အခွင့်ထူးများမ ရှိကြသော်လည်းလမ်းတစ်လျှောက်တွင်သူ့ရဲ့စွမ်းအင်ကိုပြသခဲ့ပြီးအရင်ကအခြေစိုက်စခန်းအတွင်းတွင် ဇွန်ဘီရှင်းလင်းတဲ့လုပ်ငန်းစဉ်မှာလည်းကူညီခဲ့သော ကြောင့်ဗီလာဧရိယာထဲတွင်အိမ်ငှားရန်ဦးစားပေး အခွင့်အရေးရရှိခဲ့သည်။
ဤနေရာတွင်အိမ်များငှားပြီးကိုယ်ပိုင်တပ်ဖွဲ့များ ဖွဲ့စည်းခြင်းသည်ရိုးရှင်းသောအရာမဟုတ်ပေ။ဗီလာဧရိယာအတွင်းရှိအိမ်များသည်သာမာန်အိမ်များထက်ကျယ်ပြီးလုံခြုံရေးလည်းမြှင့်မားသောကြောင့်ငှားရမ်းခသည်လည်းအံ့ဩစရာကောင်းလောက်အောင်စျေးကြီးသည်။ဒီလူတွေဟာအခြေစိုက်စခန်းသို့ရောက်ပြီးသိပ်မကြာခင်မှာဘဲရိက္ခာထောက်ပံ့ရေးပစ္စည်းများစုဆောင်းရန်အပြင်ထွက်သည့်သူများထဲတွင်ပါဝင်သည်။
ရည်မှန်းချက်ကြီးတဲ့စွမ်းအားရှင်များစွာရှိသည်။ ပရမ်းတာဖြစ်နေတဲ့ကမ္ဘာကြီးတွင်"မှော်စွမ်းအား" ကဲ့သို့သောစွမ်းအားများကိုရှာဖွေ့တွေ့ရှိပြီးနောက် လျင်မြန်စွာလိုက်လျောညီထွေဖြစ်လာကြသူများ သို့မဟုတ်အံ့ဩဖွယ်ကောင်းလောက်အောင်စိတ်ဓာက်သန်မာသူများသည်အသစ်သစ်သောအရာများကို လျင်မြန်စွာလက်ခံကြပြီးကမ္ဘာပျက်ကပ်အတွင်းတွင်စိုးမိုးခြယ်လှယ်ရန်တဟုန်ထိုးပြေးနေကြသည်။
အကယ်လို့သူ့တို့ရဲ့ကိုယ်ပိုင်အရည်အချင်းခွန်အားနဲ့အဖွဲ့စည်းတစ်ခုကိုဖွဲ့စည်းပြီးဦးဆောင်မယ်ဆိုရင်အခြေစိုက်စခန်း၏အာရုံစိုက်မူကိုရရှိနိုင်ပြီးစစ်တပ်ကအာဏရှိသူများကိုပင်ဆန့်ကျင်တိုက်ခိုက်နိုင်ကာခတ်သစ်တစ်ခုကိုပင်စိုးမိုးခြယ်လှယ်နိုင်လောက်သည်…..လူပေါင်းများစွာသည်ထိုကဲ့သို့သောအိမ်မက် မျိုးကိုပွေ့ပိုက်ထားပြီး"ဇွန်ဘီများကိုသတ်ခြင်း၊ စားနပ် ရိက္ခာများကိုစုဆောင်းခြင်းနှင့်ပိုမိုကောင်း မွန်တဲ့ဘဝအတွက်အခြေစိုက်စခန်းသို့ပြန်ခြင်း"၏လုပ်နည်းကိုင်နည်းများကိုလျင်မြန်စွာအသားကျ လာကြသည်။
သူတို့ရဲ့စကားပြေသံများရယ်မောသံများကို နားထောင်ပြီးသူတို့မျက်လုံးထဲကရဲတင်းပြင်းပြ သောရည်မှန်းချက်ဆန္ဒများကိုတွေ့တော့ဟဲဇီကျုံးသည်ရှက်ရွံ့မူကိုမခံစားရဘဲအနည်းငယ်သနားစိတ် ဖြင့်သူတို့ကိုစိုက်ကြည့်လိုက်သည်။သူ့အရင်ဘဝ တုန်းကထိုအုပ်စုကိုမမြင်ဘူးခဲ့ပေ။ထိုကဲ့သို့သောလူမျိုးများအခြေစိုက်စန်းကိုပြန်လာလျှင်ပင်ဂုဏ်သတင်းနာမည်ကျော်ကြားခြင်းမျိုးမရှိပေ။အနိမ့်ဆုံး ပြောရမယ်ဆိုရင်သူထိုလူတွေထဲကတစ်ယောက်ကိုမှမသိပေ။
သူတို့ရဲ့အရှေ့ကငြင်းခုံသံများရုတ်တရက်ထွက်ပေါ်လာသောအခါတွင်လည်းနှစ်ယောက်သားအတင်းအဖျင်းကိုနားထောင်လိုက်ကြသည်။
"ဒါကတော့အရမ်းလွန်လွန်းသွားပြီမဟုတ်ဘူးလား၊ အိမ်ကငါတို့ဘောစ့်ရဲ့နာမည်ပေါက်ဆိုတာရှင်လင်း နေတာတောင်ငါတို့အခြေစိုက်စခန်းကိုပြန်လာတုန်းကIDကဒ်ကိုပြန်မယူလာနိုင်ခဲ့လို့လေ!!!အခုမြို့တစ်ခုလုံးကဇွန်ဘီတွေနဲ့ ပြည့်နေတာကိုငါတို့ကဘယ်ကိုသွားပြီးအထောက် အထားရှာရမလဲ"သူ့ကစားပွဲကိုလက်ဖဝါးဖြင့်ရိုက်လိုက်ပြီးအော်ဟစ်ကာမေးမြန်းလိုက်သည်။
စားပွဲခုံနောက်ကဝန်းထမ်းသည်မျက်ခွံလေးတောင်ပင့်မကြည့်ချေ"စည်းကမ်းကစည်းကမ်းဘဲအထက်ကပြဋ္ဌာန်းထားတဲ့အတိုင်းIDကဒ်မပါဘူးဆိုမင်းပိုင်ဆိုင်ကြောင်းအခိုင်အမာအပြောဆိုနိုင် ဘူး"
"ဒါပေမယ့်အိမ်ကငါတို့BOSSပိုင်တာကြီးကိုငါတို့ကဘာဖြစ်လို့ကိုယ်ပိုင်တဲ့အိမ်ကိုငှားဖို့ငှားခပေးရမှာလဲ မင်းတို့ကရိက္ခာတွေတော်တော်လိုချင်နေတဲ့အရူးတွေ လား"
ဝန်ထမ်းကသရော်ပြုံးပြုံလိုက်ပြီး"မင်းငါကိုပြောနေ လို့လည်းဘာမှမထူးဘူး၊IDပြောင်းတာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတစ်အိမ်တက်တစ်အိမ်ဆင်း အကြောင်းကြားပြီးသားငါကိုယ်တွယ်ဖြေရှင်းလို့ရတဲ့ဟာမဟုတ်ဘူး……."စကားပြောနေရင်းနဲ့ တန်းစီနေသောလူတန်းအလယ်ထဲတွင်ရင်းနှီး နေသော မျက်နှာတစ်ခုကိုမြင်လိုက်ရပြီးကိုးရိုးကား ရားနဲ့ချောင်းခြောက်ဆိုးလိုက်ပြီးသူစကားထပ်ပြောလိုက်သောအခါအသံတုံးကပိုရင်းနှီးညင်သာသွားသည်"အာ….ဒါကဒီအိမ်ကမင်းအိမ်လား"
ထိုလူကခေါင်းညိတ်လိုက်ပြီးနူးညံညင်သာသော အသံဖြင့်မေးလိုက်သည်"IDကဒ်ဘယ်လိုပြန်လျှောက်လို့ရနိုင်မလဲဆိုတာပြောပြပေးလို့ရမလားဘာဘဲ ဖြစ်ဖြစ်အခုအပြင်ဘက်ကအခြေနေကမြို့ထဲကိုပြန်သွားပြီးIDကဒ်ပြန်သွားရှာလို့အဆင်မပြေလို့ပါ"
ဝန်ထမ်းကတွန့်ဆုတ်သွားပြီးနောက်တစ်စုံတစ်ခု ရေးရန်အတွက်စာရွတ်နှင့်ဘောပင်ကိုထုတ်ယူလိုက်ကာအဲ့ဒီလူကိုတီးတိုးပြောလိုက်သည်။အသံက အရမ်းတိုးလွန်းပြီးဖန်ဟောင်နဲ့ဟဲဇီကျုံးသည်အနည်းငယ်ဝေးနေသောကြောင့်သူတို့မကြားရပေ။ သူတို့အရှေ့ကလူတစ်ချို့ကမကျေမနပ်နဲ့တွတ်တိုး နေတာကိုသာသိလိုက်ရသည်"အရင်ကလူတွေတုန်းကကြတော့ဘာလို့သူတို့စိတ်ပါဝင်စားမူမရှိတာလဲ"
"မှန်တယ်ငါတို့မနေ့ကလာတုန်းကငါတို့တစ်ခုခု ပျောက်သွားရင်ဝန်ထမ်းတွေကအဲ့လိုရစ်ပြီးမထုံတက်တေးလုပ်ပေမယ့်အခုကြတော့မြန်းသူတို့အဖေကို မြင်လိုက်သလိုမျိုးခယနေကြတယ်"
တွတ်ထိုးနေသောအသံများသည်အရမ်းကြီးတော့မကျယ်ရဲပေ။ထို"little ghosts"တွေစိတ်အနှောက်အယှတ်ဖြစ်သွားပါကကိုယ်ဒုက္ခကိုယ်ရှာသလိုဖြစ်သွားနိုင်မှန်းသူတို့သိသည်။ဘာဘဲဖြစ်ဖြစ်လုပ်ငန်းစဉ်များကိုလုပ်ရန်ဒီနေရာသို့ လာဖို့လိုအပ်သူများသည်ဗီလာဧရိယာအတွင်းပိုင်းကလူတွေလောက်အရေးမကြီးပေ။မှတ်ပုံတင်ရေးတာဝန်ခံဝန်ထမ်းအားလုံးသည်၎င်းတို့နှင့်ပတ်သတ်မှုတစ်စုံတစ်ခုရှိသည်။
ဝန်ထမ်းတွေက၎င်းတို့ရဲ့လိပ်စာကိုရှာရေးပြီးတာနဲ့ အရှေ့ကလူများလှည့်ထွက်လာသောအခါလူတိုင်းကသူတို့အဖွဲ့သည်ဘယ်လိုပုံစုံရှိလဲဆိုတာကိုမြင်လိုက် ကြသည်။
အလယ်ထဲတွင်ချောမောခန့်ညားသောလူငယ်လေးသည်လမ်းလျှောက်လာပြီးပတ်ပတ်လည်ကလူတွေရဲ့အကြည့်ကိုလျစ်လျူရှုလိုက်ကာသူ့အိပ်ကပ်ထဲက နေကာမျက်မှန်ကိုထုတ်ပြီးတပ်လိုက်သည်။
ဟဲဇီကျုံးကမျက်ခုံးပင့်ကာလှောင်ပြောင်လိုက်ပြီးသူ့ ခံစားချက်တွေကိုမျိုသိပ်လိုက်သည်။ဝန်ထမ်းတွေ ချက်ချင်းညို့ယူဆွဲဆောင်ခံလိုက်ရတာအံ့ဩစရာ မဟုတ်ပေ။ကမ္ဘာပျက်ကပ်မတိုင်ခင်ကကောကမ္ဘာပျက်ပြီးတော့ကောနှိုင်းယှဉ်လို့မရအောင်တုနှိုင်းမဲ့ အလှတရားပိုင်ရှင်-အိုက်လွမ်ဘဲ။
အိုက်လွမ်နဲ့သူအဖွဲသားတွေတံခါးကနေထွက်သွားတာကိုကြည့်ရင်းအခန်းထဲကလူတွေသည်တိုးတိုး နဲ့ပြောနေပြန်သည်။သရုပ်ဆောင်တစ်ယောက်ကို မမြင်ဘူးလို့မဟုတ်ပေမယ့်ကမ္ဘာပျက်ကပ်တွင် တစ်စုံတစ်ယောက်ဘေးနားမှာသူ့ကိုလေးစားနေတဲ့လူများစွာရှိနေခြင်းသည်အမှန်တကယ်ပင်ရှားပါးသည်။
ဖန်ဟောင်ကသူ့ခေါင်းကိုဟဲဇီကျုံးနားသို့ကပ်လိုက် ပြီးတီးတိုးပြောလိုက်သည်"ဝန်ထမ်းတွေအရမ်းကြီး တက်ကြွလာတာအံ့ဩစရာတော့မဟုတ်ဘူး"
ဟဲဇီကျုံးကပြုံးလိုက်ပြီးမေးလိုက်သည်"မင်းကောသူ့ကိုကြိုက်လား?"
ဖန်ဟောင်ကခေါင်းကိုအမြန်ခါလိုက်သည် "ကျွန်တော်ကသန်မာပြီးကြမ်းတမ်းတဲ့ယောက်ျားပီသတဲ့ပုံစံမျိုးကိုပိုသဘောကျတယ်"ထို့နောက်ပျမ်းမျှအသက်၅၀ရှိတဲ့သန်မာသောအမျိုးသားနှင့်အမျိုးသမီးစတားများကိုတန်းစီပြီးပြောလိုက်သည်။ထို့နောက်သူ့ကဟဲဇီကျုံးကိုလျိုဝှတ်စွာစိုက်ကြည့်လိုက်သည်။သူ့ကလေးဘဝထဲကကြိုက်ခဲ့တဲ့ချောမောခန့် ညားသောလူငယ်မှာဟဲဇီကျုံးသာဖြစ်သည်။အခြား ကြက်ဥနို့ပေါင်းများနှင့်ငယ်ရွယ်သောအသားတုံး လေးများသည်သူ့အာရုံကိုဘယ်တော့မှမဆွဲဆောင်နိုင်ပေ။သူ့မျက်လုံးထဲတွင်သူ့တို့အားလုံးသည်ကောင်းကင်မှာလွင့်မျောနေတဲ့တိမ်တွေဖြစ်ပြီးဟဲဇီကျုံးကသာသူ့မျက်လုံးထဲတွင်တစ်ဦးတည်းသောနတ်ဘုရားဖြစ်သည်။
ဟဲဇီကျုံး၏မျက်လုံးများသည်အနည်းငယ်ကွေးသွားပြီးဖန်ဟောင်ရဲ့လက်ကလေးကိုဆွဲယူကာရှေ့သို့ နှစ်လှမ်းတိုးလိုက်သည်။ဖန်ဟောင်ကပြောပြီးနောက်သူ့ကမေးလိုက်သည်။"ဇီကျုံးကောသူကိုကြိုက်လား"
ဟဲဇီကျုံးကပြုံရုံသာပြုံးပြလိုက်သည်။သူ့အရင်ဘဝမသေခင်တုန်းကသူ့အိုက်လွမ်ကိုမကြိုက်ခဲ့ပေ။အိုက်လွမ်ရဲ့ပုံပန်းသွင်ပြင်ရဲ့ချောမောမူသည်သူ့ကိုမဆွဲ ဆောင်နိုင်ခဲ့ပေ။ဖန်ဟောင်ရဲ့လှပမူ၊သန့်ရှင်းစင်ကြယ်မူနှင့်ပွင့်လင်းမြင်သာမူကိုဘဲသူ့ကြိုက်သည်။အရင်ဘဝတုန်းကသူ့အမြင်ကတော်တော်ကိုဆိုးရွားခဲ့ပြီးတော့မှားယွင်းတဲ့လူကိုရွှေးချယ်မိခဲ့သည်။
သူ့တို့ရဲ့အလှည့်ရောက်ဖို့နှစ်နာရီကျော်ကြာသွားသည်။ဟဲဇီကျုံးရဲ့ပြင်ဆင်မူများသည်အရမ်းပြည့်စုံခဲ့ သည်။ဗီလာကိုရောင်းချခဲ့သော်လည်းရောင်းချသူ့၏လုပ်ငန်းစဉ်များလုပ်နေဆဲဖြစ်ပြီးအိမ်စာအုပ်ကိုမလုပ်ဆောင်ရသေးသောကြောင့်ပိုင်ရှင်ဆီကနေ၎င်းကို အတည်ပြုဖို့မလိုအပ်ပေ။ထို့ကြောင့်ကွန်ပြူတာထဲတွင်အိမ်ပိုင်ရှင်နာမည်ကိုပြောင်းလဲထားသရွေ့ အိမ်ထောင်ဦးစီးကိုမှန်ကန်ကြောင်းအတည်ပြုစစ် ဆေးပြီးနောက်အတည်ပြုနိုင်ခဲ့သည်။
ဒါပေမယ့်အိမ်ထောင်ဦးစီးရဲ့IDကဒ်၊အိမ်ထောင်စုစာရင်းစာအုပ်နှင့်အခြားအရာများကိုပြင်ဆင်ထားခဲ့သည်၊မဟုတ်ရင်ကွန်ပြူတာကတစ်ယောက်ထဲရဲ့နာမည်ကိုရှင်းရှင်းလင်းဖော်ပြထားရင်တောင်သူတို့ပိုင်ဆိုင်တဲ့အိမ်ကို'ငှားရန်"ပစ္စည်းတွေလတိုင်းပေးနေရမှာဖြစ်သည်။
ထို့ကဲ့သို့သောတိုင်းတာမူကိုအခြေစိုက်စခန်းရှိနေထိုင်သူများသည်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။လူတိုင်းသည်နောက်ဆုံးတွင်မြို့ပြဧရိယာကနေ ထွက်ပြေးလာနိုင်ခဲ့ပေမယ့်သူတို့ရဲ့ကိုယ်ပိုင်အိမ်ကို"ငှားရန်"လိုအပ်နေဆဲဖြစ်သည်။ဘယ်သူ့ကသည်းခံနိုင်မှာလဲ။ဒါပေမယ့်နည်းလမ်းမရှိပေ။လက်နက်များကိုင်ဆောင်ထားကြသောစစ်သားများသည်သူ့တို့ပိုင်ဆိုင်တဲ့အိမ်ရဲ့တံခါးဝတွင်ရှိနေပြီးဘယ်သူ့မှဒုက္ခမရှာရဲပေ။
ဖန်ဟောင်ကိုခေါ်ပြီးခရီးမထွက်လာခင်ထဲက ဟဲဇီကျုံးသည်နေရာလွတ်ထဲသို့အရာအားလုံးကိုပစ်ထည့်ခဲ့သောကြောင့်လိုအပ်တဲ့စာရွတ်စာတမ်းများသည်သူ့မှာရှိနေပြီးဒီမနက်ခင်းမှာထုတ်ယူခဲ့သည်။
အရာအားလုံးအပြည့်အစုံရှိနေခြင်းသည်ပိုမိုမြန်ဆန်စေသည်။သူတို့ကျောပိုးအိတ်၏အကာကွယ်အောက်ကနေနေရာလွတ်ထဲသို့အရာအားလုံးကိုပစ်ထည့်လိုက်ပြီးအခြေစိုက်စခန်းထဲမှာသာအသုံးဝင်သည့် ခုနကအသစ်ထုတ်ပေးလိုက်သောဖြတ်သန်းခွင့်ကတ်ကိုထုတ်ယူလိုက်ပြီးရင်ဘတ်တွင်ဝတ်ဆင်လိုက်သည်။နှစ်ယောက်သားဗီလာဧရိယာမှအဝေးသို့ထွက်ခွာလာကြသည်။
ဗီလာဧရိယာကလမ်းတွေနဲ့ယှဉ်ရင်အပြင်ကလမ်း များသည်ပျံကျစျေးသည်များကသိမ်းပိုက်ထားပြီး စည်းကားသိုက်မြိုက်နေသည်။လွန်ခဲ့တဲ့နှစ်ရက်တွင် မြောက်ဘက်ဂိတ်ကစောင့်ဆိုင်းရေးဧရိယာမှစောင့်ဆိုင်းနေကြသောလူများသည်တစ်ယောက်ပြီး တစ်ယောက်အခြေစိုက်စခန်းသို့ဝင်လာသည်။လူသစ်များရောက်လာခြင်းသည်ပရမ်းပတာဖြစ်နေပြီး သားလမ်းများကိုလူစည်းကားအောင်လုပ်နေသည်။
လူအများအပြားကိုအိမ်များခွဲဝေပေးခဲ့ကြသော်လည်းအခြေစိုက်စခန်းသို့လက်ဗလာဖြင့်ထွက်ပြေး လာကြသူများလည်းရှိသေးသည်။အခမဲ့အမိုးအကာများမဆောင်ခင်မှာထိုလူတွေသည်အပြင်မှာသာ အိပ်နိုင်ပြီးမနက်နှင့်ညတိုင်းတွင်အခမဲ့ယောဂုကိုရရှိနိုင်သည်။
လူများထွက်ပြေးလာကြသောအခါသူတို့ကတန်ဖို့ရှိမယ်လို့ထင်တဲ့အရာများကိုယူဆောင်လာကြသည်။အခုသူတို့သည်ရိက္ခာအတွက်အရောင်းအဝယ်လုပ် သောရှုပ်ထွေးနေသည့်လမ်းပေါ်တွင်ဆိုင်ခန်းငယ် လေးများဖွင့်ထားကြသည်။
သူတို့နှစ်ယောက်သည်ရိုးရှင်းစွာဖြင့်စျေးထဲသို့သွားခဲ့ပြီးလက်ရှိအခြေအနေနဲ့အသားကျစေရန်လမ်းတစ်လျှောက်ကလမ်းဘေးတွင်ရောင်းချနေသောပစ္စည်းကောင်းများကိုမဝယ်ဘဲနဲ့ကြည့်ရှုခဲ့သည်။
ယခုအချိန်တွင်ဆေးရုံကြီးသည်ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။ဆေးရုံရဲ့တစ်စိတ်တစ်ပိုင်းကိုဒဏ်ရာများကုသရန်အတွက်ချန်လှပ်ထားပေမယ့်ကျန်တဲ့နေရာကိုဇွန်ဘီဗိုင်းရပ်စ်၊ကာကွယ်ဆေးနှင့်အခြားအရေး ကြီးသောအရများလေ့လာရန်သိပ္ပံပညာရှင်များ၏ သုတေသနလုပ်ရန်နေရာအဖြစ်ပြောင်းလဲခဲ့သည်။
သူတို့နှစ်ယောက်သညပတ်ပတ်လည်ကိုအေးအေးလူလူလျှောက်ကြည့်နေသည်။သူတို့မှာပစ္စည်းတွေ အစုံအလင်ရှိသောကြောင့်ဝယ်စရာအများကြီး မရှိပေ။
သူ့တို့လှည့်ပတ်ကြည့်နေစဉ်တွင်ဓားအတုရောင်းတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်သည်။ထိုဆိုင်သည်လူတွေဝင်လာလိုက်ထွက်သွားလိုက်ဖြင့်အသက်ဝင်နေသော်လည်းလူအများစုသည်ကြည့်ဘဲကြည့်သွားကြ ပြီးဘာမှမဝယ်ကြပေ။စျေးနှုန်းကမေးကြည့်လိုက် တော့အရမ်းစျေးကြီးလွန်းတယ်!!!ဓားအတုတစ် ချောင်းအတွက်500ကယ်တီသို့မဟုတ်အလားတူ ဂျုံမှုန့်ပမာဏဖြစ်တယ်!!!
{{T/N-ကယ်တီ-cattyတရုတ်နှင့်အချို့နိုင်ငံများတွင် အသုံးပြုသောအလေးချိန်တိုင်းတာယူနစ်}]
ဟဲဇီကျုံးကဒူးတစ်ဖတ်ထောက်ကာထိုင်လိုက်ပြီး တစ်ခုကောက်ယူလိုက်ကာဓားကိုဆက်ကနဲ တောက်လိုက်သည်။
"အားအား!!!မင်းဝယ်မှာမို့လို့လား၊ကျိုးသွားရင်မင်း လျော်ရမှာနော်"ဆိုင်ပိုင်ရှင်သည်သူ့မျက်လုံး တွေကိုလှန်လိုက်ပြီးဟဲဇီကျုံးကိုလက်ညိုးထိုးလိုက်သည်။
ဟဲဇီကျုံးကပြုံးလိုက်ပြီးဓားကိုပြန်ချကာမက်တပ်ရပ်လိုက်သည်"သွားရအောင်"
"ဇီကျုံးအဲ့တာကိုလိုချင်လို့လား"
သူတို့နှစ်ယောက်အပြင်ထွက်တုန်းကသူတို့မည့်သည့်လက်နက်မှမရရှိခဲ့ပေ။ဟဲဇီကျုံးသည်ကမ္ဘာပျက်ကပ်မတိုင်ခင်ကစစ်တပ်ဓားများနှင့်ဓားအတုများ ရောင်းသည့်ဆိုင်ပေါင်းများစွာရဲ့တည်နေရာကို သိသော်လည်းသူတို့အဲ့နေရာကိုသွားဖို့မဖြစ်နိုင်ပေ။ မြို့အလယ်ကဆိုင်များတွင်ဇွန်ဘီများစွာရှိသော ကြောင့်၎င်းတို့သည်အခုချိန်တွင်အခြားဖြေရှင်းနည်းတစ်ခုကိုသာရှာနိုင်သည်။
ဟဲဇီကျုံးကခေါင်းကိုခါလိုက်ပြီး"အဲ့ဒါတွေအကုန် လုံးကဓားအတုတွေဘဲ၊အရည်သွေးနိမ့်ပြီးအကြိမ်အနည်းငယ်ပြီးရင်ဓားတွေကပြန်ကန်ထွက်လာနိုင်ပြီးတော့ဒီလိုထုတ်ကုန်မျိုးကဘယ်လောက်မှမရှိဘူး"
"ဓားတွေအကြောင်းလဲသိတာဘဲလား"ဖန်ဟောင်သည်ဟဲဇီကျုံးကိုလေးစားအားကျနေသောအကြည့် လေးဖြင့်ကြည့်လိုက်သည်။
ဖန်ဟောင်မျက်လုံးထဲတွင်ကြယ်တွေလိုတောက်ပ နေတာကိုမြင်ပြီးကိုးရိုးကားရာဖြင့်ဟဲဇီကျုံးသည် ချောင်းဟန့်လိုက်သည်"သွားရအောင်ဟိုနေရာကို သွားကြည့်ကြစို့"၎င်းသည်သူ့အရင်ဘဝကသွေးများနှင့်လဲလှယ်ခဲ့သောဗဟုသုတများဖြစ်သည်။အရင်က စုတ်ပြတ်နေတဲ့လက်နက်တစ်ခုနဲ့တိုက်ခိုက်ခဲ့ရတဲ့လူတစ်ယောက်အတွက်တော့ဒါကထိုက်တန်တယ် လို့သူမခံစားရပေ။