no

Font
Theme

မိနစ်၂၀ကြာပြီးနောက်Samsaraအသင်းမှပေါ့ပါး သွပ်လတ်သောအသင်းဝင်များသည်ဂိုဒေါင်နံပါတ်၃၁ဆီသို့တိတ်တဆိတ်ချည်းကပ်လာခဲ့သည်။ထိုအဖွဲ့ထဲတွင်ဖန်ဟောင်လည်းပါဝင်သည်။

ဟဲဇီကျုံးသည်အစကသူကိုယ်တိုင်သွားချင်ပေမယ့်တစ်ယောက်ကဇွန်ဘီတွေမျှားခေါ်မယ့်အဖွဲ့နဲ့လိုက်သွားပြီးကျန်တစ်ယောက်ကအခြားကျန်ခဲ့သောအဖွဲ့ဝင်များနဲ့နေခဲ့ပြီးဗျုဟာချတာပိုကောင်းတသည်။ထို့ကြောင့်ဖန်ဟောင်တခြားသူတွေနဲ့ပူပေါင်းဆောင်ရွှတ်တာအကောင်းဆုံးရွှေးချယ်မူဖြစ်သည်။

ဟဲဇီကျုံးကသူ့ရဲ့ဖန်ဟောင်ကို့စိုးရိမ်တဲ့စိတ်တွေကို စိတ်ထဲမှာသိမ်းထားရုံသာတက်နိုင်ပြီးSamsaraအသင်းကတခြားအဖွဲ့ဝင်များနောက်သို့ဖန်ဟောင်လိုက်မသွားမီပြုံးပြတာကိုသာကြည့်နေရသည်။ ဖန်ဟောင်သည်ရင့်ကျတ်ရန်လိုအပ်ကြောင်းသူသိသည်သူ့ဘေးနားမှာဘဲဖန်ဟောင်ကိုချည်နှောင်ထားခြင်းသည်ဖန်ဟောင်အတွက်မကောင်းပေပြီးတော့ဘာဘဲဖြစ်ဖြစ်ဖန်ဟောင်ကအခုဆိုနေရာလွတ်ထဲကို လွတ်လပ်စွာဝင်ထွက်နိုင်နေပြီဖြစ်သည်။

ဒါပေမယ့်လည်းဖန်ဟောင်အတွက်စိုးရိမ်နေတာကိုမရပ်တန့်နိုင်ပေ။

{{အမြန်နှုန်းစွမ်းရည်သည်မြန်အောင်ပြေးနိုင်တာတစ်ခုတည်းမဟုတ်ဘဲအခြားသောလှုပ်ရှားမူတွေကိုလည်းပိုမိုပေါ့ပါးသွပ်လပ်စေသည်။ဖန်ဟောင်က အမြဲတမ်းလိမ္မာသောကောင်းလေးတစ်ယောက်ဖြစ်ခဲ့တယ်။သူ့အိမ်သေးသေးလေးတစ်‌လုံးကိုတွဲတက်ခဲ့ ဖူးရင်တောင်ကလေးတစ်ယောက်လိုသူ့ဘယ်တုန်းကမှသစ်ပင်တစ်ပင်ပေါ်တွဲမတက်ခဲ့ဘူးပေ။သူ့ရဲ့နံရံပေါ်တွဲတက်တဲ့အရှိန်ကနှေးပြီးတော့တခြားသူတွေ အပေါ်သက်ရောက်မူရှိနေမှာကိုသူစိုးရိမ်နေမိသည်။ ဒါပေမယ့်လေးထောင့်ကွတ်အနည်းငယ်{ခြံစည်ရိုးတို့နံရံတို့မှာရှိတဲ့လေးထောင့်ကွတ်ကိုပြောချင်တဲ့ပုံဘဲဘာလေးထောင့်ကွတ်လည်းဆိုတာတော့အသေးစိတ်မပြောထားဘူး}ရဲ့အကူအညီဖြင့်နံရံပေါကို အခြားSamsaraအသင်းကလူတွေနဲ့လိုက်တက်ကြည့်လိုက်သောအခါဆရာနဲ့သင်စရာမလိုဘဲသူ့စကေးအသစ်တစ်ခုတက်မြောက်သွားကြောင်းမမျှော်လင့်ဘဲသိလိုက်ရသည်။နံရံတွဲတက်တဲ့စကေးကွ!!!

အဟမ်းဟမ်းနံရံကိုတွယ်တက်တာကဟို"နံရံတွယ်တက်"တာမဟုတ်ဘူး။သူ့မိသားစုဟဲဇီကျုံးကိုသူ့ ဘယ်တော့မှဦးထုပ်စိမ်း(ဖောက်ပြန်)ဆောင်းပေးမှာမဟုတ်ပေ။}}}

ထိုဂိုဒေါင်ထဲတွင်ထူခြားတာဘာမှမရှိကြောင့်အတည်ပြုပြီးနောက်အဖွဲ့ဝင်တစ်ယောက်သည်ဦးဆောင် ပြီးစကားပြောစက်ကိုအသုံးပြုကာကောပင်းအားဆက်သွယ်လိုက်သည်။တစ်ချိန်တည်းမှာပင်အဖွဲထဲက နှစ်ယောက်သည်တက်နိုင်သမျှပေါ့ပါးသွပ်လပ်စွာဖြင့်ဂိုဒေါင်နံပါတ်၃၅ရဲ့ဂိတ်ကိုဖွင့်ရန်ရွှေ့လျားသွားခဲ့သည်။တံခါးကိုသွားဖွင့်တဲ့လူလုံခြုံတဲ့နေရာတစ်ခုကို ရောက်ရှိပြီဖြစ်ကြောင်းအတည်ပြုပြီးတဲ့နောက်မှ ခုနကဦးဆောင်ခဲ့သောလူသည်ကျောပိုးအိတ်ထဲမှ အလန်းပေးလို့ရတဲ့နာရီကိုထုတ်ယူလိုက်ပြီးအလန်းပေးချလိုက်သည်။

အဆက်မပြတ်စူးရှသောခေါင်းလောင်းသံသည်ချက်ချင်းထွက်ပေါ်လာပြီးဂိုဒေါင်၃၁တံခါးအနားမှာရှိတဲ့ ဇွန်ဘီများရဲ့ခေါင်းသည်ချက်ချင်းလှည့်လာသည်။ထိုမြင်ကွင်းကြောင့်နံရံပေါမှာရပ်နေသောလူများသည် အကြောင်းပြချက်မရှိတုန်လှုပ်သွားကြသည်။အရမ်းကြောက်စရာကောင်းတယ်!!!

 ဇွန်ဘီများသည်သူ့တို့ရဲ့လက်များကိုအသံထွက် ပေါလာတဲ့နေရာဆီကိုဆန့်ထုတ်ပြီးဒယိုင်းဒယိုင်လျှောက်လာသည်။အလန်းမြည်နေတဲ့နာရီကို ကိုင်ထားသောသူ၏စိတ်သည်အလွန်ကြောက်စရာ ကောင်းသောခံစားချက်ကိုခံနိုင်ရည်ရှိပြီးဂိုဒေါင်၃၅ ရဲ့တံခါးဆီမဆွဲဆောင်မီဇွန်ဘီများပိုနီးကပ်လာအောင်စောင့်နေသည်။

"အဲ့ဇွန်ဘီတွေကဘာဖြစ်နေတာလဲဟဘာဖြစ်လို့ဇွန်ဘီတစ်ဝက်လောက်ကအဲ့နားမှာဘဲနေနေတာလဲ"ချန်နင်းကမှန်ပြောင်းကိုကိုင်ထားရင်းနဲ့မျက်မှောင်ကြုံလိုက်သည်။

"လူအများကြီးရှိနေလို့များလားဂိုဒေါင်၃၁ထဲမှာ?လူ အနံအရမ်းရနေလို့မြန်းသူတို့မသွားတာလား?"

ဟဲဇီကျုံးကဖြစ်နိုင်ခြေတစ်ခုကိုစဉ်းစားမိပြီး မျက်မှောင်ကြုံကာ"နောက်ထပ်ဖြစ်နိုင်တာတစ်ခုရှိတယ်"

"ဘာလဲ"

"သွေးနံတွေအရမ်းပြင်းလို့"

လူများသည်ခဏလောက်ကြက်သေသေသွားပြီး ဂိုဒေါင်၃၁အပြင်ဘက်ကစိတ်လှုပ်ရှားနေကြသော ဇွန်ဘီများကိုထပ်ကြည်ခဲ့သည်။မရှင်းပြနိုင်သော စိတ်ဓာက်ကျမူကသူ့နှလုံသားထဲတွင်ဖြစ်ပေါ်လာသည်။

ဂိုဒေါင်၃၅ဂိတ်ဘက်ဆီသို့ဇွန်ဘီအများစုစုရုံးလာ သောအခါဂိုဒေါင်ခေါင်မိုးပေါ်ကအသင်းသားတစ်  ယောက်ကလည်းသူ့သယ်လာခဲ့သောနာရီရဲ့အလန်းကိုဖွင့်လိုက်သည်။တံခါးအနီးကနံရံပေါ်ကလူသည်သူ့နာရီအလန်းကိုပိတ်လိုက်ပြိးနံရံရဲ့အခြားတစ်ဖတ်သို့လှည့်လိုက်ပြီးတစ်ဖက်သို့ပြေးကာခေါင်မိုးပေါ်သို့ ခြေလှမ်းအနည်းငယ်ခုန်ကူးခဲ့သည်။

လူသားရဲ့ရနံနဲ့အလန်းရဲ့မြည်သံကြောင့်ဂိုဒေါင်ထဲသို့ဇွန်ဘီများတစ်ကောင်ပြီးတစ်ကောင်ဝင်လာခဲ့သည်။စကားပြောစက်ထဲမှအသံတစ်ခုထွက်ပေါလာခဲ့သည်။"ဘောစ်၊ကျွန်တော်ဇွန်ဘီတွေကိုအထဲထဲဆွဲ ဆောင်ပြီးပြီးဂိုဒေါင်ပိတ်ရတော့မလား!"ထိုအချိန်တွင်ဖန်ဟောင်နဲ့အခြားလူများသည် ခေါင်မိုးပေါ်တွင်ရပ်နေသည်။ဂိုဒေါင်ရဲ့နံရံသည် အတော်လေးခိုင်မာသောကြောင့်ထိုပထမဆင့်ဇွန်ဘီများလျင်မြန်စွာမဖျက်ဆီးနိုင်ပေ။

"ငါတို့ဘာလိုလုပ်မလဲအဲ့ဇွန်ဘီတွေကို"ချန်နင်က ကောပင်းကိုကြည်ခဲ့သည်။ဂိုဒေါင်၃၁ရဲ့ဂိတ်မှာ ဆွဲဆောင်လို့မရတဲ့ဇွန်ဘီအကောင်အနည်းဆုံး ငါးဆယ်ခြောက်ဆယ်တော့ကျန် နေသေးသည်။

"တံခါးပိတ်လိုက်တော့"ဂိုဒေါင်၃၁ထဲမှာဇွန်ဘီတွေကိုပိုပြီးဆွဲဆောင်နိုင်တဲ့တစ်စုံတစ်ခုရှိနေပြီးသူတို့ စောင့်နေရင်‌တောင်ဇွန်ဘီတွေကလာမှာမဟုတ်ပေ။ ထို့အပြင်အဖွဲ့ဝင်တွေကိုခေါင်မိုး‌ပေါ်မှာစောင့်မနေ ခိုင်းချင်ပေ။

အဖွဲ့ဝင်များသည်လျင်မြန်စွာပြေးသွားခဲ့ပြီးတံခါးကိုတင်းတင်းကျပ်ကျပ်ပိတ်စေရန်တံခါးပေါ်ရှိကျန် ကြိုးရှည်များကိုဆွဲလိုက်ပြီးဇွန်ဘီတွေထွက်လာခြင်းမှတားဆီးရန်စတီးတိုင်နဲ့ပါပိတ်ထားခဲ့သည်။

တံခါးကလုံးဝပိတ်သွားတာကိုတွေ့မှကောပင်းသည်သက်ပြင်းချလိုက်ပြီးစကားပြောစက်ကိုလျင်မြန်စွာ ကောက်လိုက်ကာ"ပြန်ဆုတ်တော့၊ဂရုစိုက်ဦးမပြုတ်ကျစေနဲ့"

များစွာသောပုံရိပ်များသည်ခေါင်မိုးပေါမှခြံစည်းရိုး ပေါသို့ပေါ့ပါးစွာဖြင့်ခုန်ဆင်းကာနံရံမှတစ်ယောက် ပြီးတစ်ယောက်ဆင်းလာကြသည်။မြည်နေဆဲ နိုးစက်နာရီနဲ့ပတ်သက်ပြီးကတော့?ဇွန်ဘီများရဲ့ အာရုံကိုဆွဲဆောင်ရန်နာရီတစ်ခုကိုဂိုဒေါင်ရဲ့ခေါင်မိုး ပေါတွင်ထားခဲ့သည်။

ဂိုဒေါင်၃၁နားမှာစုဝေးနေကြသောဆာလောင်နေသည့်ဇွန်ဘီများကိုကြည့်ပြီးလူတိုင်းသည်ခေါင်းကိုက် နေကြသည်။ခက်ထန်နေသောမျက်နှာနဲ့ကောပင်းသည်အက်ရှနေသောအသံဖြင့်"အဲ့ဒီကိုမသွားခင်အဲ့ ဇွန်ဘီတွေကိုသက်ဖို့ကလွဲပြီးမရှိတော့ဘူး"

ချန်နင်ကမျက်လုံးကိုမှေးကျည်းထားပြီးသူ့လက်ထဲကဓားမြှောင်ရှည်ကိုနှစ်ကြိမ်လှည့်လိုက်သည်။"ငါဂိုဒေါင်၃၁ကိုသွားကြည့်ချင်တယ်အဲ့ဒီဇွန်ဘီတွေထွက်သွားဖို့တွန့်ဆုတ်နေရအောင်အထဲမှဘာကောင်းတာမှန်းရှိနေလို့လဲ"

အုပ်စုငယ်လေးတွေအများကြီးခွဲလိုက်ပြီးဂိုဒေါင်၃၁အပြင်ဘက်ကိုဝန်းရံသွားကာဇွန်ဘီတွေဆီသို့တိတ်တဆိတ်နဲ့ဂရုတစိုက်ချည်းကပ်ပြီးနောက်ထိုကောင်တွေကိုအပြင်ဘက်ကနေခေါင်းစတင်ဖြတ်ခဲ့သည်။

ဇွန်ဘီအများစုသည်သူတို့အုပ်စုကိုကျောပေးထား သောကြောင့်ပထမဆုံးပြေးထွက်လာသောသူသည် သူ့ရွှေးချယ်ထားခဲ့သောပစ်မှတ်ကိုအောင်မြင်စွာထိမှန်သွားသည်။သို့သော်လည်းတိုက်ပွဲမှလှီးဖြတ်ရိုက်နှတ်သံများထွက်ပေါသောအခါလူသားအသိဉာဏ်ကို ဆုံးရှုံးထားသောဇွန်ဘီများပင်လျှင်အနောက် ခြိမ်းခြောက်မူကိုခံစားမိနေသည်။

အရှေ့ဘက်တွင်ဝန်းရံနေသောဇွန်ဘီများစွာသည် ရုတ်တရက်သူ့တို့ခေါင်းတွေကိုလှည့်လိုက်ပြီးသူတို့ အနောက်မှ"ညီငယ်လေး"များကိုတိုက်ခိုက်နေသော လူသားများထံသို့ဟိန်းဟောက်ကာတဟုန်ထိုးပြေးလာကြသည်။

"သန္ဓေပြောင်းဇွန်ဘီ!"ယခုခေတ်တွင်ဇွန်ဘီများသည်ဆက်လက်ဆင့်ကဲပြောင်းလဲနေဦးမလားဆိုတာကိုလူတွေမသိသောသောကြောင့်သာမာန်ဇွန်ဘီများနဲ့ထိုဇွန်ဘီများကိုခွဲခြားသိမြင်နိုင်စေရန်သန္ဓေပြောင်းဇွန်ဘီလို့ခေါ် ဆိုခဲ့ကြသည်။

ဂိုဒေါင်ပတ်လည်ရှိအတွင်းကျဆုံးဇွန်ဘီများသည် သန္ဓေပြောင်းဇွန်ဘီတွေဖြစ်သည်!!!

 ၎င်း၏နက်မှောင်သောလက်သည်းများပေါမှမီးတောက်တစ်ခုနဲ့ဇွန်ဘီတစ်ကောင်သည်အနီးကပ်ဆုံးလူဆီသို့ဆက်ကနဲလှမ်းပစ်လိုက်သည်!!!

"ချီးဘဲဇွန်ဘီတွေမှာလည်းစွမ်းရည်ရှိတာလား"ထိုသူ့သည်ကြောက်လန့်တကြားဖြင့်ကျိန်ဆဲရင်း အန္တာရယ်ကိုရှောင်တိမ်းလိုက်သည်။သူ့ဆံပင်များမီးဟပ်သွားပြီးညော်နံထွက်လာသည်။

ဟဲဇီကျုံးနဲ့ဖန်ဟောင်သည်အစပိုင်းတွင်အလျင်စလို မလုပ်ခဲ့ကြပေ။သူတို့နှစ်ယောက်စလုံးသည်ပိုမိုမြင့် မားသောခွန်အားရှိပြီးမတော်တဆမူများမှကာကွယ်ရန်ကောပင်းကစီစဉ်ပေးခဲ့သည်။ယခုသူတို့သည်ဇွန်ဘီအုပ်ထဲတွင်သန္ဓေပြောင်းဇွန်ဘီများကိုရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်လှုပ်ရှားဖို့အတွက်အချိန်ရောက်ပြီဖြစ်သည်။

သူ့လက်ထဲမှခေါက်ဓားကိုထုတ်လိုက်သောအခါဓားသွားသည်၎င်းအပေါ်ကိုနေရောင်အလင်းပြန်သလို မျိုးရွှေရောင်အလွှာပါးတစ်ခုချက်ချင်းဖုံးအုပ်သွားသည်။ကမ္ဘာပျက်ကပ်စတင်ကတည်းကကောင်းကင်တွင်နေလုံးဝထွက်‌ပေါ်လာခြင်းမရှိသောကြောင့် မည့်သည်နေအလင်းရောင်ရောင်ပြန်ခြင်းမျှမရှိပေ။

လေညှင်းတစ်ခုသည်ဝေ့သွားပြီးခြေလှမ်းများကို ဖုံးအုပ်သွားကာလူတိုင်းသည်ဟဲဇီကျုံးရှေ့သို့ ပြေးထွက်လာတာကိုမြင်လိုက်ရသည်။ထို့နောက် မီးစွမ်းရည်ရှိသောဇွန်ဘီသည်သူ့ပြန်လည်မတုံပြန်နိုင်ခင်ရုတ်တရက်ခေါင်းဖြတ်ခံလိုက်ရတာကိုတွေ့လိုက်ရသည်။

"ဒီတိုက်ခိုက်ရေးစွမ်းရည်ကတကယ်ကို……"ကောပင်းကမသိစိတ်၏စေ့ဆော်မူအရစီးကရက်ကိုထုတ်ယူလိုက်ပြီးပါးစပ်မှာတေ့လိုက်သည်။မီးခြစ်တစ်ခုကို ယူပြီးမီးမညှိခင်သူ့ရုတ်တရက်ယခုအချိန်တွင်ဘယ်နေရာကိုသွားပြီးနောက်ထပ်စီးကရက်တွေသွားရှာ ရမလဲဆိုတာကိုသတိရမိသွားသည်။သူ့မချွေတာနိုင်ရင်ဘယ်လိုဖြစ်သွားမလဲ…….ကပျာကယာဖြင့်မီးခြစ်ကိုပြန်သိမ်းလိုက်သည်။

ဖန်ဟောင်ကလည်းဟဲဇီကျုံးဘေးနားသို့လိုက်သွား ပြီးဟဲဇီကျုံးမီးစွမ်းရည်ရှိသည့်ဇွန်ဘီခေါင်းကိုဖြတ် နေစဉ်တွင်သူ့ကဟဲဇီကျုံးကိုလှမ်းဆွဲရန်လက်ကို မြှောက်ထားသည့်ဇွန်ဘီတစ်ကောင်၏ဦးနှောက်ကို ဓားဖြင့်ထိုးလိုက်သည်။

ပြီးခဲ့တဲ့ရက်တွေကလေ့ကျင့်ခဲ့ခြင်းကြောင့်ဖန်ဟောင်ရဲ့တိကျမှန်ကန်မူကအများကြီးတိုးတက်လာသည်။ဇွန်ဘီကိုဓားဖြင့်ထိုးလိုက်သောအခါသူသည်ဇွန်ဘီရဲ့ခေါင်းကိုထိုးဖောက်လိုက်ပြီးဗဟိုအူတိုင်အထိပါ ထိုးဖောက်ပြစ်သည်။

ဇွန်ဘီများသည်သူတို့ရဲ့စွမ်းအင်ကိုသူတို့ခေါင်းထဲမှရှိတဲ့အဏုမြူကျောက်တုံးကနေရရှိပုံပေါ်သည်။ဖန် ဟောင်ကအဏုမြူကျောက်တုံးကိုထိုးဖောက်လိုက် ပြီး၎င်းကတခြားနေရာသို့ပြုတ်ကျသွားတာနဲ့        တစ်ပြိုင်နက်ဇွန်ဘီကချက်ချင်းသူ့ရဲ့ခွန်အားတွေ ဆုံးရှုံးသွားပြီး"ဖုတ်ခနဲ"လှဲကျသွားသည်။

သူတို့တိုက်ခိုက်နေတုန်းမှာပင်ဖောက်ထွင်းမြင်နေရသောတစ်စုံတစ်ခုသည်နေရာတစ်ခုတွင်ခုန်ပေါက်နေမှန်းရုတ်တရက်သတိထားမိလိုက်ဿည်။၎င်းသည်ဟဲဇီကျုံးတိုက်ခိုက်နေသောမီးစွမ်းအင်ဇွန်ဘီ၏ ခေါင်းကိုရုတ်တရက်တိုက်ခိုက်ခဲ့သည်။

ငါပြောချင်တာကမင်းဒီအရာကိုစားရတာအဲ့လောက်တောင်ကြိုက်နေတာလား?^~^အကယ်လို့မင်းစားဖို့ လိုအပ်နေတယ်ဆိုရင်တောင်ငါတို့မင်းကိုကျွေးတဲ့ အထိစောင်ဟုတ်ပြီလား?အရမ်းသိသိသာသာကြီး မင်းထွက်လာပြီးအဲ့တာကိုဆွဲယူသွားတဲ့အခါ မင်းမိဘတွေကတခြားသူတွေကိုဘယ်လိုရှင်းပြရမလဲ?!

သူ့ခြေလှမ်းကိုတစ်စက္ကန့်လောက်ခဏရပ်လိုက် သောအခါဟဲဇီကျုံးသည်အနီးနားမှရှိတဲ့ဇွန်ဘီတစ် ကောင်ရဲ့တိုက်ခိုက်တာခံရလုနီးပါးဖြစ်သွားသည်။ထိုဇွန်ဘီကိုတိုက်ခိုက်ပြီးနောက်အနီးနားကိုကြည့်လိုက်သောအခါဇွန်ဘီခေါင်းကောဖောက်ထွင်းမြင် နေရသောသွမ့်ဇီကောပျောက်ကွယ်သွားပြီဖြစ်သည်။ဖန်ဟောင်ကလည်းဇွန်ဘီခေါင်းရှိနေသင့်တဲ့နေရာကိုစူးစိုက်ကြည့်နေခဲ့သည်။ကြည့်ရတာသွမ့်ဇီက၎င်းကိုစားသောက်ဖို့နေရာလွတ်ထဲကိုသယ်သွားပုံပေါ်သည်။

ဒီဖြစ်ရပ်သည်လျှပ်စစ်မီးထဖွင့်သကဲ့သို့ခဏအတွင်း ဖြစ်ပျက်သွားတာဖြစ်ပြီးအလွန်အမင်းလျင်မြန်တဲ့သူတို့နှစ်ယောက်မှလွဲ၍ဘယ်သူမှမမြင်လိုက်ပေ။ဟဲဇီကျုံးကတဟုန်ထိုးပြေးသွားပြီးဇွန်ဘီခေါင်းဖြတ်လိုက်တာကိုသာအကုန်လုံးမြင်လိုက်ရသည်။ထို့နောက် ချက်ချင်းပင်ဖန်ဟောင်ကသူ့ဘေးနားသို့ဖျက်ခနဲ ရောက်လာပြီးအခြားဇွန်ဘီတစ်ကောင်ကိုလျင်မြန် စွာသက်ခဲ့ကာနှစ်ယောက်သားအခြားဇွန်ဘီများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။

ပထမအဆင့်ဇွန်ဘီသည်တိုက်ခိုက်တာကိုမသင်ခဲ့ဖူးသောသာမာန်လူတွေအတွက်ခက်ခဲနေသေးသည်။ ကံကောင်းစွာဖြင့်Samsaraအသင်းကအဖွဲ့ဝင်များအားလုံးသည်တိုက်ခိုက်ရေးနည်းလမ်းတစ်ချို့ကို သင်ယူခဲ့ဖူးသောလူများဖြစ်ပြီးအများစုမှာအငြိမ်း စားစစ်သားများဖြစ်ကြသည်။အကယ်လို့သူတို့တိုက်ခိုက်ရေးနည်းလမ်းများသည်သာမာန်ညှောင်ညအဆင့်ဖြစ်ရင်တောင်သာမာန်လူတွေရဲ့ခွန်အားနဲ့လှုပ်ရှားမူထက်စာရင်အများကြီးပိုကောင်းသည်။ကတ်သီးကတ်သက်နိုင်သောဟဲဇီကျုံးနှင့်ဖန်ဟောင်တို့၏ အကူအညီဖြင့်ဇွန်ဘီငါးဆယ်ခြောက်ဆယ်ကိုရှင်းရန်အများကြီးအချိန်မယူလိုက်ရပေ။

အားလုံးကသက်ပြင်းချလိုက်ပြီးဖန်ဟောင်နဲ့ဟဲဇီ ကျုံးလည်းသက်ပြင်းချလိုက်သည်။မီးစွမ်းအင်ရှိ သောဇွန်ဘီများသည်တခြားအကောင်များနဲ့ဆင်တူသည်။သူတို့မနေ့ညကမြင်ခဲ့သောကြီးမားသည့် သန္ဓေပြောင်းဇွန်ဘီနဲ့မတူပေ။ဒီအကောင်ကတခြားအကောင်တွေနဲ့ဆင်နေသောကြောင့် အကယ်၍သူ့ခေါင်းပျောက်နေရင်ဘယ်သူမှသတိ ထားမိမှာမဟုတ်ပေ။

ဇွန်ဘီခေါင်းထဲကအဏုမြူကျောက်တုံးထုတ်ရန်အတွက်ညီငယ်လေးများတွင်တာဝန်ရှိသည်။ကောပင်းရဲ့အာရုံသည်ဇွန်ဘီများဝန်းရံခံခဲ့ရသောဂိုဒေါင်ဆီသို့ရောက်သွားသည်။

"အထဲဝင်ပြီးသွားကြည့်လိုက်မလား"ချန်နင်က ကောပင်းကိုမေးလိုက်ပြီးသူ့လက်ထဲကဓားမြှောင်ကိုနှစ်ကြိမ် လှည့်လိုက်သည်။

ကောပင်းကခေါင်းညိမ့်လိုက်ပြီး"ဂရုစိုက်"

"သွားပြီ"ချန်နင်ကလက်ဝှေ့ယမ်းခဲ့ပြီးသူ့ဘေးနားက အဖွဲ့ဝင်များသည်အနောက်ကနေလျင်မြန်စွာလိုက်လာခဲ့သည်။

လူတစ်ယောက်သည်တံခါးသော့ကိုဖွင့်ဖို့ကလောရန်ဓားတစ်ချောင်းကိုထုတ်ယူလိုက်သည်။အားလုံးက သတိထားပြီးကုပ်ကုပ်ကလေးရွှေ့လျားခဲ့ကာဂိုဒေါင်အထဲသို့ခိုးဝင်ခဲ့သည်။ဂိုဒေါင်၃၁ရဲ့ခြံဝင်းအတွင်းတွင်ထုပ်ပိုးထားသောအိမ်ဆောက်ပစ္စည်းအချို့ရှိပြီးရိုးရိုးအိမ်တန်းများလည်းရှိသည်။

အခန်းတစ်ခုထဲကတံခါးဆီသို့ချည်းကပ်လာသောအုပ်စုထဲမှဟဲဇီကျုံးသည်သူ့ခြေထောက်ကိုရုတ်တရက်မြှောက်လိုက်ကာတံခါးကိုကန်ဖွင့်လိုက်သည်။အတွင်းထဲမှအော်သံတစ်ခုထွက်ပေါ်လာသည်။

"အသက်ရှင်နေတဲ့လူဘဲ"ဇွန်ဘီများသည်အခြားသူ များ၏နှိမ်ဆက်ခြင်းကိုခံနေရသောမိန်းကလေးငယ်လေးကဲ့သို့မအော်တက်ပေ။

ငိုသံများထွက်ပေါလာသောကြောင့်တံခါးနားတွင်ဇွန်ဘီများကိုရပ်တန့်ရန်စောင့်ကြပ်ပေးနေသောလူ အားလုံးသည်အထဲကိုမကြည့်ဘဲမနေနိုင်ပေ။

တံခါးပတ်ပတ်လည်ကလူများ၏မျက်နှာများသည် အံအားသင့်နေသောအမူအရာများကိုပြသနေသည်။သူတို့အထဲကိုချက်ချင်းမဝင်သွားဘဲအနည်းငယ် တွေဝေနေသည်။ထို့နောက်ချန်နင်ကဦးဆောင်ပြီး မှောင်မဲနေသောမျက်နှာနဲ့အမျိုးသားကိုခေါ်ပြီး ပြန်မထွက်လာခင်အချိန်ငါးမိနစ်လောက်ယူခဲ့သည်။

"ဘာဖြစ်တာလဲ"ဆိုးရွှားသောအမူအရာဖြင့်ချန်နင်ကအမျိုးသားတစ်ယောက်ကိုဖမ်းကိုင်ထားသည်ကို မြင်သောအခါကောပင်းကစိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အထဲမှာအလောင်းသုံးလောင်းရှိသေးတယ်"ချန်နင်က အသက်ပြင်းပြင်းရှုလိုက်သည်။"ကြမ်းပြင်မှာ သွေးတွေကြည့်ဘဲပြီးတော့သေသွားတဲ့လူရဲ့အသားစတွေလည်းပျောက်နေတယ်၊အလောင်းတွေအကုန်လုံးကအဝတ်ဗလာနဲ့မိန်းမတွေဘဲ၊အဲ့ဒီသွေးတွေက တံခါးနားကဇွန်ဘီတွေကိုသွေးဆောင်နေပြီးထွက် သွားဖို့ငြင်းပယ်နေရတဲ့အကြောင်းအရင်းဘဲ"

ထိုလူကကောပင်းခြေထောက်နားသို့ရုတ်တရက်ပြေးလာပြီးငိုယိုကာ-"အစ်ကိုကြီး၊အစ်ကိုကြီးကယ် ပါအုန်းကျွန်တော်ကရှန်ပါ၊ရှန်တုန်ကသူဌေးပါကျွန် တော်ကိုခေါ်ထုတ်သွားပေးရင်ကျွန်တော်….ကျွန် တော်ပိုက်ဆံပေးမယ်…."

ချန်နင်ကထိုလူကိုကန်ထုတ်လိုက်ပြီးကောပင်းကို ကြည့်လိုက်သည်။"ငါမေးကြည့်ခဲ့ပြီးပြီ၊ဒီခွေးသူ တောင်းစားကအဲ့မိန်းမသုံးယောက်ကိုသတ်ပြီးသူတို့ကိုစားခဲ့တာတဲ့"သူ့ပြောပြီးနောက်အခြားအခန်းသို့ သွားစစ်ဆေးခဲ့သောအသင်းသားများလည်းပြန်ရောက်လာခဲ့သည်။"ဘော့စ်စုစုပေါင်းအလောင်း၇ လောင်းရှာတွေ့ခဲ့တယ်၊နှစ်လောကင်းကတော့ဇွန်ဘီတွေဒါပေမယ့်လူအလောင်းတွေရဲ့ခြေလက်ကအသားစတွေတော့ပျောက်နေတယ်"




There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment