no

Font
Theme

 ဟဲဇီကျုံးနှင့်Samsaraအသင်းအုပ်စုသည်အခြေစိုက် စခန်းဆီသို့နေရောညပါမောင်းနှင်လာကြသည်။ သွမ့်ဇီသည်နောက်ဆုံးတွင်သင့်လျော်သောနေရာတစ်ခုကိုရှာတွေ့ခဲ့သည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်သွမ့်ဇီအဆင့်မြှင့်သွားပြီးနောက်ကြီးမားသော ရွှေလက်ချောင်းလိုအရာကိုရှာတွေ့ခဲ့သောကြောင့် အံ့ဩနေကြသည်!!

သွမ့်ဇီမထွက်သွားခင်ကဟဲဇီကျုံးသည်သွမ့်ဇီ၏စိတ်ပိုင်းဆိုင်ရာခံစားချက်အတက်အကျကိုရှင်းရှင်းလင်းလင်းခံစားခဲ့ရသည်။ဒါပေမဲ့သူတွင်စဉ်းစားဖို့အချိန် မရှိခဲ့ပေ။ထို့အပြင်အဲ့ဒါကသွမ့်ဇီနှင့်ဆက်သွယ်တာ အဆင်ပြေချောမွေ့ရုံပဲလို့သူထင်ခဲ့သည်။ဒါပေမဲ့ သွမ့်ဇိနေရာတစ်ခုဆီရောက်သွားပြီးစိတ်ပိုင်းဆိုင်ရာ အတက်အကျများလွန်းသွားသောအခါသူ့ကသွမ့်ဇီ နေရာတစ်ခုတွေ့သွားတယ်ဆိုတာကိုနားလည်ခံစားလိုက်ရသည်။သူ့အဲ့ဒါကိုမြင်နိုင်မလားဆိုတာကိုစဉ်းစားရုံပဲရှိသေးဟဲဇီကျုံးစိတ်ထဲတွင်မမျှော်လင့်ထား သောမြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။

စိတ်ဝိညာဉ်ဆက်သွယ်ပြီးတော့မြင်ကွင်းဝေမျှခြင်း ဒီလိုဖြင့်စိတ်ဝိညာဉ်ဆက်သွယ်မှုထဲမတော်တဆ ဝင်ရောက်လာသောဖန်ဟောင်သည်လက်ကိုဆွဲခါမိသွားပြီးလမ်းတစ်ဖက်ကိုဆွဲကွေ့လုနီးပါးဖြစ်သွားသည်။ထို့နောက်မြင်ကွင်းဝေမျှခြင်းကဲ့သို့သောအရာကို ခွဲခြားသိမြင်ရန်နည်းလမ်းတစ်ခုရှာတွေ့ခဲ့သည်။မျက်လုံးဖွင့်လိုက်သည်နှင့်သူရှေ့မှာရှိသောအရာများကိုမြင်ရသည်။မျက်လုံးပိတ်လိုက်သောအခါသွမ့်ဇီရဲ့ အမြင်မှတစ်ဆင့်ပစ်မှတ်နေရာ၏အခြေနေများကိုမြင်နိုင်သည်။

"ဘုရားရေအဲ့ဒါက…..လုံးဝအမိုက်စားပဲ!!"ဖန်ဟောင်ရဲ့အမူရာကအနည်းငယ်ထူးဆန်းနေသည်။ခံစားချက်ကအရမ်းထူးဆန်းသည်။နှစ်ဆယ်စင်တီမီတာ သုံးဆယ်စင်တီမီတာအမြင့်သောအမြင်အာရုံနယ်ပယ်ကနေကမ္ဘာကြီးကိုမြင်ရသည်မှာအရမ်းထူးဆန်းသည်။

"ဒီစွမ်းရည်ကိုကောင်းကောင်းအသုံးချနိုင်ရင် လျိုဝှတ်လူသတ်သမားတစ်ယောက်တောင်ဖြစ်နိုင်တယ်"ဟဲဇီကျုံးကလည်းသက်ပြင်းချခဲ့သည်။သူ့မျက်လုံးများကိုမှိတ်ပြီးသွမ့်ဇီမြင်နေရတဲ့အရာတွေကို စတင်စူးစမ်းလိုက်သည်။

မီးလောင်ပျက်စီးနေသောမြေပြင်၊အပျက်စီးများနှင့်ဖွတ်ဖွတ်ညက်ညက်ကြေပြီးပြိုကျပျက်စီးနေသည့် အဆောက်အဦးများသည်နေရာတိုင်းတွင်ရှိနေသည်။ရံဖန်ရံခါတွင်ဇွန်ဘီအချို့ဒယိုင်းဒယိုင်လျှောက်သွားနေကြသည်။

သွမ့်ဇီကိုရန်စရန် ဇွန်ဘီများသို့မဟုတ်မည်သည့် အရာကမှအစပြုခြင်းမရှိခဲ့ပေ။သွမ့်ဇီ၏ရုပ်ပိုင်းဆိုင် ရာအသွင်ပြင်ကြောင့်ဖြစ်နိုင်သည်။ဇွန်ဘီတွေကော သန္ဓေပြောင်းအပင်တွေကောကသွမ့်ဇီကိုစိတ်ဝင်စားမှုမရှိကြပေ။ပြိုင်ဘက်၏လက်အတွင်းရှိအဏုမြူ ကျောက်တုံးကိုအလစ်သုတ်ဖို့အစပြုခြင်းမပြုပါကသွမ့်ဇီဖြတ်သွားသည့်အခါ၎င်းတို့ကတုန့်ပြန်မှာမဟုတ်ပေ။ထို့အပြင် သွမ့်ဇီကအခုဖောက်ထွင်းမြင်ရတဲ့ ပုံစံကိုလည်းလုပ်ထားသေးတယ်မလား?

ထို့အချိန်တွင်သူ့စိတ်ထဲ၌အတွေးတစ်ခုထင်ဟပ်လာခဲ့သည်။ဟဲဇီကျုံးကသွမ့်ဇီခုန်နေတာကိုခံစားရပြီး ဖုတ်ခနဲအသံကိုတောင်နားထဲကနေကြားနေရသည်။ဒီခံစားချက်ကတကယ်ကို….ထူးဆန်းသည်။

ခုန်ဆွခုန်ဆွသွားနေသည့်သွမ့်ဇီသည်သူ့ပါးပါးရဲ့ အမြင်အာရုံကိုနေရာတစ်ခုဆီသို့ရောက်ရှိသွားစေသည်။ထို့နောက်ဟဲဇီကျုံးသည်ရက်စက်ကြမ်းကြုတ် သောအမြစ်များမှနေရာအရပ်ရပ်ကနေမြို့ထဲသို့ အလောင်းတစ်ချို့အားဆွဲယူသွားသည်ကိုမြင်လိုက်ရသည်။အပျက်အစီးများနှင့်ဗုံးမဖောက်ခွဲရသေးသည့်နေရာတွင်ဒါဇင်နဲ့ချီသောကားများသည် တိမ်းမှောက်နေပြီးမှန်များကြေမွကာနေရာတစ်လုံးလက်နက်များပြန့်ကျဲနေသည်။

ထိုနေရာတွင်မည်သူမျှမရှိပေ။

မဟုတ်ဘူးအသက်ရှင်တဲ့လူတစ်ယောက်မှမရှိဘူးလို့ပြောသင့်သည်။

မီးလောင်ကျွမ်းခံထားရသောဇွန်ဘီအနည်းငယ်သည်လှည့်ပတ်သွားလာနေကြသည်။အချိန်နဲ့အမျှ လူသားနှစ်ယောက်တစ်ယောက်လောက်ကို သူတို့ရဲ့နေလည်စာအဖြစ်ဆွဲယူရန်ကံကောင်းမလားဆိုတာကိုစူးစမ်းနေကြသည်။

ရှုပ်ထွေးပျက်စီးမှုများကိုမြင်သောအခါဟဲဇီကျုံး မဲမှောင်သွားသည်။တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပုံပေါ်သည်။အဲ့ဒီအရာနဲ့ပတ်သက်၍စဉ်းစားကြည့်ပြီးတဲ့နောက်ဟဲဇီကျုံးကသွမ့်ဇီကိုလက်နက်တွေကားတွေပြန့်ကျဲနေသည့်နေရာဆီသို့ခုန်ခိုင်းလိုက်သည်။

"ဇီကျုံး…."ဖန်ဟောင်ကကားရဲ့ဦးတည်ချက်ကို ချိန်ညှိပြီး အရှေ့ကကားနောက်ကိုဆက်လိုက်နေ ခဲ့သည်။သူ့ကလည်းမျက်လုံးကိုမှိတ်လိုက်ပြီး သွမ့်ဇီအမြင်အာရုံကနေတစ်ဆင့်အခြေနေကိုစူးစမ်းခဲ့သည်။ထိုမြင်ကွင်းကိုမြင်ပြီးနောက်ဖန်ဟောင်က အနည်းငယ်စိတ်ပူသွားသည်။သေနတ်ပစ်ခံသံများ မကြားရသည်ကိုသိရှိပြီးနောက်ထိုနေရာတွင် တစ်ခုခုဖြစ်ပျက်ခဲ့မှန်းသူခန့်မှန်းမိခဲ့သည်။ထို့မြင်ကွင်းကိုသေချာကြည့်ရှုပြီးနောက်ဘာတွေဖြစ်ပျက်ခဲ့လည်းဆိုတာသူနားလည်သွားသည်။

ဟဲဇီကျုံးကသူမျက်လုံးကိုမှိတ်ထားပြီးဖန်ဟောင်ရဲ့လက်မောင်းလေးကိုညင်သာစွာဖျစ်ညှစ်လိုက်သည် "အဆင်ပြေပါတယ်၊လူသားအနံမရတော့ရင်ဇွန်ဘီတွေကထွက်သွားလိမ့်မယ်၊ပြီးတော့အပင်ကလည်းအဲ့နေရာမှာပေါက်နေတာမဟုတ်ဘူး၊အမြစ်တွေပဲ ထွက်လာတာ"ထိုလူတွေဒီလောက်မြန်မြန်မတော်တဆမှုကိုကြုံရလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့သူတို့ရဲ့လက်နက်တွေနဲ့ခဲယမ်းမီးကျောက်တွေကိုတော့နေရာလွတ်ထဲထည့်ရမယ်။

ပြောနေရင်းဖြင့်ဟဲဇီကျုံးကသွမ့်ဇီကိုလက်ကိုင် rocket launcherပေါ်သို့ခုန်တက်ခိုင်းလိုက်ပြီး အဲ့ဒါနဲ့အတူနေရာလွတ်ထဲသို့ပြန်လာရန်လုပ်ခိုင်းကြည့်လိုက်သည်။

ထို့နောက်သွမ့်ဇီကနေရာလွတ်ထဲပြန်ဝင်လာခဲ့ပေမဲ့ လက်နက်ကတော့ထိုနေရာမှာပဲကျန်နေခဲ့သည်……

ဒီကောင်စုတ်လေးကတကယ့်အစားသမားလေးပဲဖြစ်ရမယ်?သူ့အစာဖြစ်တဲ့အဏုမြူကျောက်တုံးကို ကျတော့နေရာလွတ်ထဲယူလာလို့ရတယ်ပေါ့ဟမ်?

ဒါမှမဟုတ်သွမ့်ဇီကအဲ့ဒီလိုကြီးမားတဲ့ပစ္စည်းတွေကို မသယ်နိုင်တာလား?ဒါမှမဟုတ်လူနဲ့အဏုမြူကျောက်တုံးကလွဲပြီးတခြားအရာတွေကိုနေရာလွတ်ထဲမသယ်နိုင်တာလား?သူတို့သေချာမလေ့လာရသေး ပေ။လောလောဆယ်တော့ဒီအတိုင်းပဲထားရမည်။ သွမ့်ဇီကိုလုံခြုံတဲ့နေရာရှာခိုင်းကာနေရာလွတ်ထဲသို့ ပြန်လာခိုင်းခဲ့ပြီးစူးစမ်းလေ့လာခြင်းကိုအဆုံးသတ်လိုက်သည်။

ဟဲဇီကျုံးကဒီတစ်ခေါက်လည်းစွန့်စားရန်ပြင်ဆင် နေသေးသည်။စစ်သားများကအချေမှုန်းခံထားရသည်။သွမ့်ဇီမြင်ခဲ့ရသည့်ပျက်စီးဆုံးရှုံးမှုများသည် လက်နက်ခဲယမ်းကြောင့်မသေဆုံးပဲကျန်ရှိခဲ့သည့် သန္ဓေပြောင်းအပင်အမြစ်များကြောင့်ဖြစ်သည်။

ထိုသန္ဓေပြောင်းအပင်နှင့်ဇွန်ဘီများသည်ထိုနေရာတွင်အချိန်အကြာကြီးနေမှာမဟုတ်ပေ။အဲ့ဒီလက်နက်တွေနဲ့အမြောက်လက်နက်ကြီးတွေက….သူတို့ ထို့အရာများကိုလဲလှယ်ရန်အမှတ်တွေကိုစုဆောင်း ပြီးမစ်ရှင်တွေပြီးမြောက်အောင်လုပ်ဖို့သာအားထားပါကဘယ်လောက်အချိန်ကြာမှထိုလက်နက်တွေကိုစုဆောင်းနိုင်မလဲဆိုတာဘုရားတောင်သိပါ့မလား?

ထို့လက်နက်များသည်ဇွန်ဘီအုပ်ကြီးသို့မဟုတ်  သန္ဓေပြောင်းအပင်တွေကိုတိုက်ခိုက်ရာတွင်အလွန်ထိရောက်သည်။ဤစစ်ဆေးရေး၏အကြီးမားဆုံး အမှားမှာစစ်တပ်သည်သန္ဓေပြောင်းအပင်အမြစ်တွေ ဖြန့်နိုင်သည့်နေရာကိုမသိရှိခြင်းနှင့်အဆင့်မြင့်ဇွန်ဘီတွေကိုတိုက်ရိုက်မတိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်။အကယ်လို့အဆင့်၂ဇွန်ဘီတွေဒါမှမဟုတ်သန္ဓေပြောင်းအပင်တွေရှိသည့်နေရာကိုပစ်မှတ်ထားပြီး ဖောက်ခွဲပါကအခြေနေတွေပြောင်းလဲနိုင်သည်။

သူတို့ကနားလည်နိုင်စွမ်းနည်းပြီးသေချာတဲ့အစီစဉ်ဆွဲခဲ့ခြင်းမရှိတာကြောင့်ရိုးရှင်းသည့်ဗုံးဖောက်ခွဲမှုသည်ဖြစ်နိုင်ချေရှိသောအန္တရာယ်များကိုမဖယ်ရှားနိုင် ပေ။မဟုတ်ရင်ဖန်ဟောင်ကMမြို့ရဲ့အခန်းထဲမှာရှိ နေခဲ့သည့်သန္ဓေပြောင်းအပင်များကိုဖောက်ခွဲရန် ဗုံးအနည်းငယ်ပဲလိုမှာမဟုတ်ပေ။

အိမ်တွေထဲမှာလုံးဝမသေသေးတဲ့သန္ဓေပြောင်းအပင်တွေရှိနေနိုင်သောကြောင့်သန္ဓေပြောင်းအပင်ကို လုံးဝမကြောက်သည့်သွမ့်ဇီကလွဲ၍မည်သူမျှမဝင်ရဲ ပေ။ဟဲဇီကျုံးနှင့်အခြားသူများသည်စစ်ဆေးဖို့အတွက်တောင်အခန်းထဲမဝင်ခဲပေ။ဝင်ခဲ့ရင်သူတို့ကျန်ရှိ နေသေးသည့်အပင်ရဲ့အမြစ်တွေကနေတိုက်ခိုက်ခံရနိုင်သည်။


နောက်တစ်နေ့မနက်ခင်း၁၁နာရီမတိုင်ခင်အထိ အဝေးပြေးလမ်းမတွင်ကားကိုမောင်းနှင်ခဲ့သည်။ အစားစာရန်၊အပေါ့ပါးသွားရန်၊ဆီဖြည့်ရန်ကလွဲပြီး လုံးဝမရပ်ပဲAမြို့သို့သူတို့မောင်းလာခဲ့ပြီး နောက်ဆုံးတွင်အခြေစိုက်စခန်းသို့ပြန်ရောက်ခဲ့သည်။

အခြေစိုက်စခန်းကိုကာရံထားသောနံရံသည်သူတို့ မထွက်သွားခင်ကထက်ပိုထူပြီးပိုမြင့်လာသည်။ ကားရပ်ပြီးသွေးစစ်ဆေးမှုနှင့်ပိုးသတ်ရန်အတွက် စောင့်ဆိုင်းနေစဉ်အရှေ့ဘက်ဂိတ်အပြင်ဘက်မှာရှိသည့်အသီးရွတ်စိုက်ပျိုးရာလယ်မြေတွင်လည်း နံရံကိုတည်ဆောက်ခဲ့သည်အားကြားခဲ့သည်။ ထို့အပြင်အစက"ဂ"ပုံသဏ္ဍာန်ရှိသောမြစ်ကို"Kou" ပုံသဏ္ဍာန်ပြောင်းလဲဆောက်လုပ်ခဲ့ပြီးအခြေစိုက်စခန်းအတွင်းပိုင်းတွင်ဝန်းရံထားသည်။

ထို့အပြင်အပြင်ဘက်နှင့်အတွင်းဘက်ဆွယ်သွယ်သည့်ရေကူးမြောင်းတွင်ဆူးထစ်များဖြင့်ပြည့်နှက်နေသည့်နက်ရှိုင်းသောကတုတ်ကျင်းတစ်ခုကိုထူးထား ပြီးအရှေ့သို့တိုးလာသည့်မည်သူမဆိုဆူးထစ်များဖြင့်အထိုးခံရနိုင်သည်။

"အပြန်လမ်းမှာအရင်တုန်းကထက်ဇွန်ဘီတွေများလာတယ်နော်?"ဖန်ဟောင်ကမသေချာမရေရာစွာဖြင့်မေးလိုက်သည်။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီး"အင်းအခြေစိုက်စခန်းမှာ ခဏလောက်အနားယူရအောင်"ဒီတစ်ခေါက် မစ်ရှင်ကအချိန်တော်တော်ကြာခဲ့ပြီးကိစ္စတော်တော်များများဖြစ်ပျက်ခဲ့သည်။ထို့အပြင်ဟဲဇီကျုံးသူ့အရင် ဘဝ၏မှတ်ဉာဏ်များအရဒီအချိန်အတော်တွင်း ပထမဆုံးဇွန်ဘီဝိုင်းရံခံရမှုဖြစ်ပွားခဲ့သည်။

သူ့အရင်ဘဝတုန်းကသူAမြို့ကိုမရောက်ခင်အခြေစိုက်စခန်းကဇွန်ဘီဝိုင်းရံခံရမှုကိုရင်ဆိုင်ခဲ့ရသည်။ ဒါပေမဲ့အခြေစိုက်စခန်းတွင်လက်နက်အလုံအလောက်ရှိပြီးကာရံထားသောနံရံများကခိုင်ခံ့သောကြောင့် သူတို့တောင့်ခံထားနိုင်ခဲ့ပြီးအသက်ရှင်ကျန်ရစ်ခဲ့ကြသည်။သူအခြေစိုက်စခန်းသို့ရောက်ရှိသည့်အချိန်တွင်ပထမဇွန်ဘီလှိုင်းကပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးအခြေစိုက်စခန်းထဲသို့ချောမွေ့စွာဝင်နိုင်ခဲ့သည်။

ထိုတိုက်ပွဲတွင်နာမည်ကြီးအသင်းများစွာကျော်ကြားလာခဲ့သည်။ရှေ့တန်းတွင်စွမ်းအင်များထွက်ပေါ်လာခဲ့ပြီးထူးခြားသန်မာသောစွမ်းအင်ကိုပိုင်ဆိုင်ထားသည့်စွမ်းအားရှင်များသည်ထိုတိုက်ပွဲတွင်ထင်ရှားလာခဲ့ပြီးလူထု၏အားပေးထောက်ခံမှုကိုရုတ်တရက်ရရှိခဲ့သည်။စွမ်းအားရှင်အသင်းများကလူသစ်စုဆောင်းမှုများကိုကျယ်ကျယ်ပြန့်ပြန်စတင်လာခဲ့ပြီးသူတို့ရဲ့ အာဏာစက်သည်အခြေစိုက်စခန်း၏အထက်အရာရှိများနီးပါးဖြစ်လာကာအထက်အရာရှိများကိုတိုက်ရိုက်စိန်ခေါ်ခဲ့သည်။ထို့ကြောင့်အသင်းများအား ဆက်ဆံမှုကိုပြန်လည်ပြင်ဆင်ခဲ့သည်။အသင်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်ရွှေရောင်အချိန်ကာလ(မစ်ရှင်ထမ်းဆောင်ရင်အခြေစိုက်စခန်းကအကျိုးအမြတ်အများကြီးမယူဘဲကန့်သတ်ချက်များကို လျှော့ပေးထားသည့်အချိန်)ကရပ်တန့်ခံခဲ့ရပြီး အသင်းများကိုပြင်းပြင်းထန်ထန်စစ်ဆေးခဲ့ပြီးစုံစမ်းစစ်ဆေးမှုများလည်းတင်းကျပ်လာခဲ့သည်။

ထို့နောက်အသင်းများကဖွဲ့စည်းပြီးသွားခဲ့ပြီဖြစ်ပြီး အင်အားသစ်များ၏အရှိန်အဟုန်ကိုအချိန်အကြာ ကြီးမဖိနှိပ်နိုင်ခဲ့ပေ။

သွေးစစ်ဆေးခြင်းနှင့်ကားများကိုပိုးသတ်ဆေးများ ဖြန်းပြီးနောက်တစ်နာရီခွဲလောက်စောင့်ဆိုင်းကာ Samsaraအသင်းနှင့်Fengcheအသင်းသည်အခြေစိုက်စခန်းအတွင်းသို့မောင်းဝင်ခဲ့သည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်Samsaraအသင်း နောက်သို့လိုက်လာခဲ့ပြီးSamsaraအသင်းနေထိုင်သည့်အထပ်မြင့်အဆောက်အအုံရပ်ကွတ်အပြင်ဘက်တွင်ကားကိုရပ်လိုက်သည်။ယခုအခါရပ်ကွတ်အတွင်းနေရာလွတ်နည်းသွားခဲ့သည်။အနီးနားတွင် ကားများစွာရပ်ထားပြီးလမ်းလျှောက်ဖို့တောင်နေရာမရှိလုနီးပါးဖြစ်နေသည်။

"ဒီတစ်ခေါက်ခရီးမှရခဲ့တဲ့အဏုမြူကျောက်တုံးတွေ" ချန်နင်ကအဏုမြူကျောက်တုံးဘူးကြီးနှစ်ဘူးကို ထုတ်ယူလိုက်ပြီးသူတို့နှစ်ယောက်ကိုကမ်းပေးလိုက်သည်။"ဒီတစ်ခေါက်ပြဿနာတော်တော်များကြုံခဲ့ရ ပြီး ဇွန်ဘီတွေကို တိုက်ခိုက်ဖို့ အချိန်မရခဲ့တာ ကံဆိုးတာပဲ ငါတို့ ရက်အနည်းငယ်လောက် နားပြီးရင် ဇွန်ဘီတွေကိုတိုက်ခိုက်ဖို့အပြင်သွားမလားလို့"

ဟဲဇီကျုံးကလည်းပြုံးပြီးခေါင်းညိတ်လိုက်ကာ"ငါတို့မှာလည်းအစီစဉ်ရှိတယ်နောက်တစ်ခေါက်ကျရင် အဝေးကြီးသွားစရာမလိုပါဘူးဒီတစ်ခေါက်ရတဲ့ အကျိုးမြတ်ကအချိန်တော်တော်ကြာ သုံးဖို့လုံလောက်ပါတယ်"

အခုချိန်တွင်အဏုမြူကျောက်တုံးကိုစုဆောင်းမည့်အစားလူတစ်ယောက်၏စွမ်းအင်အဆင့်ကိုမြင့်တင်ရန်အရေးကြီးဆုံးဖြစ်သည်။Samsaraအသင်းထဲတွင်စွမ်းအားရှင်ငါးယောက်သာရှိသည်။ထို့ကြောင့် ၎င်းတို့သည်အဏုမြူကျောက်တုံးအရေတွက်များ များလိုအပ်သည်။

"ငါတို့အကုန်လုံး ပင်ပန်းနေကြတာ အရင်ပြန်ပြီး နားကြစို့ ငါတို့မင်းတို့ကိုမင်းကိုမစောင့်တော့ဘူး" သိပ်မဝေးတဲ့နေရာမှရှိနေသည့်ကောပင်းသည် အသင်းသားများကိုအပေါ်သို့ပစ္စည်းရွှေ့ခိုင်းလိုက်ပြီး ဟဲဇီကျုံးတို့ကိုလက်ဝှေ့ယမ်းပြခဲ့သည်။

မချင်းချင်းနှုတ်ဆက်ကြပြီးတဲ့နောက်ဟဲဇီကျုံးနှင့် ဖန်ဟောင်ကဗီလာဧရိယာသို့မောင်းခဲ့သည်။အသင်း များလူစုဆောင်းသည့်မဏ္ဍပ်များကိုသူတို့ဖြတ်သွားသောအခါOverloardအသင်းရဲ့အနေအထားကအရင်တုန်းကလောက်မကောင်းတော့တာကိုမမျှော်လင့်ဘဲတွေ့လိုက်ရသည်…နေပါဦးဒါဆိုOverloardအသင်းကအသက်ရှင်နေသေးတာလား?အိုက်လွမ်နဲ့တခြားသူတွေအသက်ရှင်နေသေးတာလား?

ဟဲဇီကျုံးရဲ့အာရုံသည်မဏ္ဍပ်နှင့်စာသားများအပေါ်ပြောင်းသွားသည်။အိုက်လွမ်မှလွဲ၍သူမသိသည့် လူသစ်တော်တော်များများကိုစုဆောင်းထားသည်။ နောင်တရစွာဖြင့်နှုတ်ခမ်းကိုကိုက်ထားလိုက်ပြီး ဗီလာဧရိယာသို့မောင်းသွားခဲ့သည်။

ဗီလာကသူတို့မထွက်သွားခင်ကအတိုင်းပဲရှိနေသည်။ဖုန်မှုန့်များအနည်းငယ်တက်နေသည်ကလွဲ၍ ဘာပြောင်းလဲမှုမှမရှိပေ။တံခါးနားကစာတိုက်ပုံးတွင်စာအိတ်အနည်းငယ်ရှိနေပြီးတစ်ခုမှာ"လစဉ်ငှားရမ်းခ"ဖြစ်ပြီးကျန်သည့်စာအိတ်များမှာအမျိုးမျိုး သောသတိပေးစာများ၊အသင်းစုဆောင်းခြင်း လက်ကမ်းစာစောင်များဖြစ်သည်။ဒီနေရာထိပါ လက်ကမ်းစာစောင်တွေပို့နိုင်တာလား?တစ်ချို့ အသင်းများသည်ဗီလာဧရိယာထဲမျာအိမ်များရှိပုံပေါ်သည်။

ကားဂိုဒေါင်ထဲတွင်ကားကိုရပ်လိုက်ပြီးနှစ်ယောက်သားလွန်ခဲ့တဲ့ရက်အနည်းငယ်ကဗီဒီယို Hard driveကိုအလွတ်တစ်လုံးဖြင့်အစားထိုးရန်မြေအောက်ခန်းထဲသို့လျှောက်သွားခဲ့သည်။ထို့နောက် Hard driveအဟောင်းကိုနောက်မှကြည့်ရန်နေရာလွတ်ထဲသို့ထည့်လိုက်သည်။

အိပ်ခန်းထဲသို့သွားခဲ့ပြီးသူတို့မဝင်တာကြာပြီဖြစ်သည့်နေရာလွတ်ထဲတွင်ပြန်ပေါ်လာခဲ့သည်။

သူတို့ရောက်ရုံပဲရှိသေးနေရာလွတ်ထဲမှာအချိန်တော်ကြာစောင့်နေခဲ့သည့်သွမ့်ဇီသည်ခုန်ပေါက်ကာ ဖန်ဟောင်ဆီသို့ပစ်ဝင်လိုက်သည်။

"သွမ့်ဇီပျံတာအရင်တုန်းကထက်ပိုပြီး အဆင်ပြေလာတယ်လို့ မခံစားရဘူးလား?"သွမ့်ဇီမှာ အတောင်ပံတွေနဲ့လေစွမ်းအင်မရှိတာလုံးဝသေချာ ပေမဲ့ဒီလုံးလုံးဝိုင်းဝိုင်းနဲ့ဖက်ထုပ်လိုကောင်လေးက လေထဲမှာပျံနိုင်တယ်။အကယ်၍သွမ့်ဇီကဲလို ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်နိုင်တဲ့အရာလေးကို သိပ္ပံပညာရှင်တွေမြင်ရင်သူတို့ကသွမ့်ဇီကိုဖမ်းဖို့ နည်းလမ်းရှာပြီးခွဲစိတ်လေ့လာလောက်မယ်။

"ဇီကျုံး ခံစားမိလား….နေရာလွတ်ထဲမှာလေတိုက်နေတာကိုလေ?"ဖန်ဟောင်ကရုတ်တရက်ဟဲဇီကျုံး  လက်မောင်းကိုဆွဲလိုက်ပြီးပတ်ပတ်လည်ကိုကြည့်လိုက်သည်။

"လေတိုက်တာလား?"ခဏလောက်အံ့ဩနေခဲ့ပြီး ဟဲဇီကျုံးလေတိုက်တာကိုခံစားမိခဲ့သည်။

ခြံဝင်းထဲရှိအသီးစင်ပေါ်မှအကိုင်းအခတ်များနှင့် အရွတ်များသည်လေထဲတွင်ညင်သာစွာယိမ်းခါနေ ကြသည်။ကောင်းကင်ပြာတွင်လည်းတိမ်များပေါ်‌ ပေါက်လာခဲ့ပြီးလေနှင့်အတူနှေးကွေးစွာရွှေ့လျား‌ နေကြသည်!!

ပထမဆုံးအကြိမ်နေရာလွတ်အဆင့်မြှင့်တုန်းက နေရာလွတ်ကအရင်ကထက်ကျယ်လာခဲ့သည်။ ကျောက်ရုပ်တွင်လည်းသူတို့နှစ်ယောက်ကိုပိုင်ရှင် အနေဖြင့်မှတ်တမ်းတင်ထားခဲ့ပြီးနေရာလွတ်သားရဲလေးသွမ့်ဇီနှင့်လျိုဝှက်သိုင်းကျင့်စဉ်များကိုများလည်းရရှိခဲ့သည်။ထို့နောက်ယခုဒုတိယကြိမ် အဆင့်မြှင့်ပြီးနောက်နေရာလွတ်သည်ပြင်ပကမ္ဘာကဲ့သို့"နိုးထ"လာပုံပေါ်သည်။

"အပြင်ဘက်ကိုအရင်သွားကြည့်ရအောင်"ဟဲဇီကျုံးကဖန်ဟောင်လက်ကိုဆွဲပြီးခြံဝင်းအပြင်ဘက်သို့ လျှောက်သွားသည်။နေရာလွတ်ထဲကမြေပြင်သည်အရင်ကထက်ပိုမိုကျယ်ဝန်းလာခဲ့သည်။ချောင်းတစ်ဖက်ခြမ်းမှာရှိတဲ့မြေပြင်ကတော့သိပ်မပြောင်းလဲပေမဲ့ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ရပ်နေသည့်ဘက်တွင် နှစ်ဆကျယ်လာခဲ့သည်။

နှစ်ယောက်သားလယ်ကွင်းလမ်းအတိုင်းတောင်ဘက်သို့လျှောက်သွားလိုက်သည်။အပြာရောင်လှိုင်းလုံးများသည်အဖြူရောင်သဲမှုန့်များပေါ်သို့ရိုက်ခတ်နေ ပီးကမ်းခြေတွင်အုန်းပင်များက အစက်ချထားသလိုပေါက်ရောက်နေသည်။အချိန်နဲ့အမျှရေများသည်တက်လိုက်ကျလိုက်ဖြစ်နေပြီး သန္တာကျောက်တန်းများသည်ပေါ်လိုက်ငုံလိုက်ဖြစ်     နေသည်။ပင်လယ်လေညင်းလေးသည်ဆားအရသာကိုသယ်ဆောင်လာပြီးလူတွေကိုလန်းဆန်းတက်ကြွမှုအားခံစားရစေသည်။

"ဇီကျုံးပင်လယ်စာစားချင်လား?"ကျောက်တန်းများပေါ်တွင်တွယ်ကပ်နေသည့်ကမာကောင်၊ပင်လယ် ဂဏန်းနှင့်ကမ်းခြေကိုတိတ်တဆိတ်တူးနေသည့် ဝင်ကစွပ်ကောင်လေးများကိုတွေ့ပြီးဖန်ဟောင်က ရုတ်တရက်ကြီးစားချင်လာခဲ့သည်။






There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment