ဒီတစ်ကြိမ်မှာတော့ဖန်ဟောင်ရှင်းရှင်းလင်းလင်းသိသွားခဲ့သည်။Overloardခေါင်းဆောင်နှစ်ယောက်က တစ်ယောက်ကအသင်းသားတွေနဲ့ရင်းနှီးအောင် ဖြူစင်ဖြောင့်မတ်တဲ့မျက်နှာနဲ့ဟန်ဆောင်နေပြီး အားလုံးကိုနှစ်သိမ့်ဖို့စာနာထောက်ထားတဲ့စကားတစ်ခွန်းခွန်းမကြာခဏပြောတက်သည်။နောက်တစ် ယောက်ကရက်စက်တဲ့မျက်နှာဖုံးစွပ်ထားပြီး ကြာပွတ်တစ်ခုကိုကိုင်ထားပြီးလူတွေကိုအပြစ်ပေးဖို့အတွက်တာဝန်ယူသည်။
ယေဘုယျအားဖြင့်လူအများစုကိုအကြမ်းအားဖြင့် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်သည်-Mနှင့်S။တစ်ချို့လူများသည်နှစ်ကြိမ်လောက်ရိုက်နှတ်ခံရပါကလုံးဝလုံးဝမလှုပ်ရှားဝံ့တော့ပေ။ ကျန်တဲ့လူတွေကကောင်းမွန်တဲ့စကားလုံးတွေနဲ့သဘောကျအောင်လုပ်ရမည်။Overloardအသင်းက ခေါင်းဆောင်နှစ်ယောက်သည်ဒီလိုဇာတ်ရုပ်မျိုးကို ခွဲခြားပြီးသရုပ်ဆောင်နေသည်။သူတို့နှစ်ယောက် ပြောလိုက်တဲ့ခါအကယ်၍တစ်စုံတစ်ယောက်ကအရမ်းကြောက်ရွှံ့နေပြီးလှုပ်ရှားဖို့ခွန်အားမရှိဘူးဆိုရင် တောင်သူတို့နှစ်ယောက်ရဲ့အမိန့်အတိုင်းလိုက်လုပ် နေဆဲဖြစ်တယ်…..?
ဟဲဇီကျုံးကအခြားအရာများနဲ့ပတ်သက်ပြီးစဉ်းစားနေသည်။သူ့အရင်ဘဝတုန်းကOverloardအသင်းနဲ့ ဆက်ဆံပြောဆိုရန်သူ့မှာအခွင့်အရေးအများကြီးမရှိခဲ့ပေ။ဒါပေမဲ့ဒီလူနှစ်ယောက်အတူရှိနေတာကို ကြည့်ရင်း…….ဒီလူနှစ်ယောက်ကခြေထောက်နှစ်ချောင်းရှိတဲ့လူကောဖြစ်နိုင်ရဲ့လား?တစ်နည်းပြောရရင်သူတို့ဘယ်လိုလုပ်ပြီးပူးပေါင်းတာအရမ်းတော် နေတာလဲ?
ဒီလိုမျိုးခန့်မှန်းချက်တစ်ခုကတရားလွန်မဟုတ်ပေ- အိုက်လွမ်ကအစကတည်းကbisexualတစ်ယောက် ဖြစ်သည်။ဒုတိယခေါင်းဆောင်ရင်တုံးကလည်းကြည့်ကောင်းတဲ့ရုပ်ရည်ရှိသ်ည။တစ်ခုတည်းသော ပြဿနာမှာရင်တုံးတွင်တစ္ဆေမျက်မှန်စွမ်းရည်ရှိပုံရသည်။ {T/N-တစ္ဆေမျက်မှန်စွမ်းရည်ဆိုတာကမျက်မှန်ချွတ်လိုက်ရင်အကျင့်စရိုက်ကတစ်မျိုးကွာဝတ်ထားရင်အကျင့်စရိုက်ကတစ်မျိုးအဲ့လိုသဘောတရားပါဥပမာ-မျက်မှန်ချွတ်သွားရင်ကြောက်တက်တယ်ဝတ်ထားရင်တော့သတ္တိရှိတယ်အဲ့လို}။သူ့အရင်ဘဝတုန်းက အိုက်လွမ်သည်သိုက်ကျွင်းကိုလက်ခံခဲ့တာကြောင့် အပေါ်ထပ်ကနေတဲ့သူဖြစ်နိုင်ပေမဲ့………သူ့ကနှစ်မျိုးသုံးပလပ်ပေါက်တစ်ခု(top ကောbottomကော) ဖြစ်နိုင်လား?
ဟဲဇီကျုံးနဲ့ဖန်ဟောင်နှစ်ယောက်စလုံးစိတ်ထဲမှာ တစ်မျိုးစီ စဉ်စားနေတာကိုဘယ်သူမှမပြောနိုင်ပေ။ တစ်ဖတ်တွင်ချူးလီလီသည်တုန်ရင်နေသောသူ့မလက်များနှင့်အခြားအဆောက်အဦးဆီဆက်သွားရန် နွယ်ပင်များကိုကြီးထွားအောင်ဆက်လုပ်နေခဲ့သည်။
အခုချိန်မှာအားလုံးကရမ်းကားကြမ်းတမ်းနေမှာကို သူမသိသည်။သူ့မကြောက်နေရင်တောင်သူမှ ကြိုးကြိုးစားစားလုပ်ဖို့လိုအပ်သည်။သူမဖက်တွယ်ထားခဲ့တဲ့ခြေသလုံး(နောက်ခံ)ကအခုသေဆုံးသွား ပြီးနောက်ထပ်ဖက်တွယ်ရန်လုံခြုံစိတ်ချရတဲ့ခြေသလုံးအသစ်ကိုရှာရန်အချိန်မရှိသေးပေ။သူ့မကအသုံးမဝင်လို့အသင်းကစွန့်ပစ်တာခံခဲ့ရရင်သူမရဲ့ ရည်မှန်းချက်ကဘာလောက်ဘဲကြီးမားနေပါစေသူ့မဒီမှာဘဲသေသွားနိုင်တယ်!!!
သူ့မ၏နွယ်ပင်တွေအခြားအဆောက်အအုံပေါ်ဆီသို့ ရောက်သွားတော့အိုက်လွမ်ကသူ့မကိုပွေ့သွားခဲ့ သောကြောင့်ချူးလီလီသည်သူ့မအိပ်မက်ကြီးရဲ့ရင်ဘက်ကိုမှီခဲ့သည်။ရုတ်တရက်အရင်တုန်းကရုန်းကန်ခဲ့ရတာတွေနဲ့ဒီနေ့ကြိုးကြိုးစားလုပ်ခဲ့ခြင်းကိုထိုက်တန်တယ်လို့သူမခံစားလိုက်ရသည်!!!!အိုက်လွမ်ကသူမရဲ့တန်ဖိုးကိုမြင်တယ်!!!သူငါရဲ့ရည်စားသေသွားတာသိသွားတော့ငါကိုဒီလိုမျိုးပွေ့ဖတ်ပေးပြီးနှိမ်သိပ်ပေးတာကသူ့ငါကိုကြိုက်နေတယ်ဆိုတာ သက်သေပြလိုက်တာပဲ!!!
သူ့လက်မောင်းထဲကအမျိုးသမီးရဲ့မျက်လုံးတွေက ကြယ်လိုမျိုးတောက်ပနေပြီးသူမကိုယ်သူမမင်းသမီးတစ်ယောက်လို့ထင်နေသည်။အိုက်လွမ်ကပြုံးပြလိုက်ပြီးသူမကိုတစ်ဖက်ခြမ်းသို့ခေါ်ဆောင်သွားပေး ကာနောက်ထပ်နွယ်ပင်တံတားတစ်ခုဆောက်လုပ် ပေးနိုင်မလားလို့သူမကိုတောင်းဆိုလိုက်သည်။ဒါပေမဲ့သူ့မျက်လုံးများသည်ဖန်ဟောင်နဲ့ဟဲဇီကျုံးရှိရာ ဘက်သို့ကြည့်တဲ့အချိန်တိုင်းအနည်းငယ်စိတ်ဓာက်ကျနေသည်။သူ့ကလျှောဆင်းနေတဲ့ဖန်ဟောင်ကို လက်ဦးမူရယူပြီးမျက်နှာသာရအောင်လှမ်းထိန်းပေးချင်ပေမဲ့ဖန်ဟောင်ကစွမ်းရည်ရှိတဲ့လူတစ်ယောက်လို့ဘယ်သူကထင်မိမှာလဲပြီးတော့သူ့ရဲ့ စွမ်းအင်ကလည်းအလျင်စွမ်းအားဖြစ်နေတယ်!!!ဒီဘက်ကိုလက်တစ်ချက်တောင်ဆန့်မထုတ်ဘဲနဲ့ လုံခြုံစွာဖြင့်ခုန်ကူးလာခဲ့သည်။
အိုက်လွမ်ကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးသူ့ကိုယ်သူနှိမ့်သိမ့်လိုက်သည်-ပူးနွေးတဲ့တို့ဟူးကိုအလျင်စလို မစားနိုင်ဘူး။ ဒီတစ်ခေါက်အခြေစိုက်စခန်းကိုလုံလုံခြုံခြုံပြန်ရောက်တာနဲ့ဒီကလေးကိုသူ့လက်ထဲအနှေးနဲ့အမြန်ရောက်အောင်လုပ်နိုင်တယ်!!
"ဘာဖြစ်လို့ မင်းသူကို့မျက်စိကျသွားတာလဲ?"
အိုက်လွမ်ကရင်တုံးကိုစိုက်ကြည့်လိုက်ပြီးမျက်ခုံးပင့်ပြကာ"မင်းငါရှိကနေသူ့ကိုလုချင်တယ်လို့တော့ လာမပြောနဲ့နော်"
ရင်တုံးကလှောင်ရယ်လိုက်သည်"ငါကမင်းလိုမျိုး ဆာလောင်နေတာမဟုတ်ဘူးငါသူတို့ကိုမြင်လိုက်တုန်းကတော့သူတို့ထဲကတစ်ယောက်နဲ့အိပ်ချင်တယ်"အိုက်လွမ်ကမျက်ခုံးပင့်လိုက်ပြီးရင်တုံးကသူတို့နှစ် ယောက်ကိုထပ်စိုက်ကြည့်လိုက်ပြီးပြောလိုက်သည်" သူတို့နှစ်ယောက်ကသန်မာတယ်မင်းသူတို့ကို ရအောင်သိမ်းသွင်းသင့်တယ်"Overloardအသင်းထဲကိုဝင်ဖို့အသင်းသားများသိမ်းသွင်းခြင်းသည်ထိုကဲ့သို့ဆောင်ရွှတ်နိုင်သောအိုက်လွမ်၏တာဝန်ဖြစ်သည်။
"သူတို့နှစ်ယောက်စလုံးကိုသိမ်းသွင်းရမှာလား?မင်း3someချချင်လို့လား?"အိုက်လွမ်ရဲ့မျက်ခုံးများသည် နဖူးကနေပျံထွက်လုနီးပါးဖြစ်သွားသည်"အဲ့တာလည်းမဆိုးပါဘူးအဲ့ဒီလိုမျိုးအရပ်ရှည်တဲ့လူတွေနဲ့ ဆိုအဆင်ပြေလောက်တယ်…..ကမ္ဘာပျက်ကပ်စဖြစ်ကတည်းကအဲ့လိုမျိုးရူးသွပ်ဖို့အချိန်မှမရှိခဲ့တာ"
ထိုအချိန်တွင်ရင်တုံးကသူ့ကိုမပြုံးချင်ပြုံးချင်အပြုံး ကြီးပြုံးပြီးစိုက်ကြည့်လိုက်သည်"ဒီတစ်ခေါက်မစ်ရှင်မှာစွမ်းအင်ရှိတဲ့လူတွေအများကြီးသေသွားတယ်အသင်းမှာလွတ်နေတဲ့နေရာတွေကိုဖြည့်ဖို့အတွက် ငါပြောနေတာ…မင်းကဘာတွေပြောနေတာလဲ?"
အိုက်လွမ်ကဒေါသထွက်လာပြီးသူ့မျက်နှာကချက်ချင်းပြာသွားသည်။ဟိုဘက်တစ်နေရာမှသူ့ကိုစကား ပြောရန်တစ်စုံတစ်ယောက်ကလက်ယပ်ခေါ်ခဲ့သည်-နွယ်ပင်တံတားက ဆောက်လုပ်ပြီးသွားပြီ!!!
လူတိုင်းသည်တစ်ခါတည်းဖြင့်အဆောက်အအုံငါးခုကိုတက်ခဲ့ကြပြီးဇွန်ဘီတွေဝန်းရံခံထားရတဲ့ဈေးဝယ်စင်တာမှအနည်းငယ်ဝေးရာကိုရွှေ့ပြောင်းနိုင်ခဲ့သည်။ဒါပေမဲ့အခုသူတို့ရောက်နေတဲ့လက်ရှိရုံးအဆောက်အအုံအောက်ရှိလမ်းတွင်လည်းဇွန်ဘီအများကြီး ရှိနေသည်။
သူတို့ရဲ့လှုပ်ရှားမူကအမိုးပေါ်မှာကန့်သတ်ထားခဲ့ ကြသည်။လေတိုက်ခိုက်နှုန်းသည်အဆောက်အဦး အတွင်းပိုင်းထက်ပိုမိုမြန်ဆန်သောကြောင့်အလျင်စွမ်အားရှင်ဇွန်ဘီများအပြင်အဆင့်၂ခွန်အားစွမ်းအားရှင်ဆီမှလည်းလွတ်မြောက်နိုင်ခဲ့သည်။
အပြင်ဘက်ကကောင်းကင်သည်လုံးဝမဲမှောင်နေသည်။ခဏလောက်ဆွေးနွေးပြီးနောက်Overloardအသင်းသည်ကားတစ်စီးရှာရန်နဲ့မြို့ထဲမှထွက်သွားရန် နောက်နေ့ရောက်တဲ့အထိစောင့်ပြီးဒီရုံးအဆောက်အအုံပေါ်မှာဘဲတစ်ညအနားယူရန်ဆုံးဖြတ်ခဲ့ကြသည်။
ဟဲဇီကျုံးကမည်သည့်အကြုံပြုချက်ကိုမှမလုပ်ခဲ့ပေ-ဘာပဲဖြစ်ဖြစ်သူတို့သွားစရာနေရာမရှိပေ။ခေါင်းကို လှည့်ကြည့်လိုက်တော့Overloard အသင်းနဲ့ဝေးတဲ့ ရုံးအဆောက်အအုံတွင်းမှအခန်းတစ်ခန်းကိုရှာတွေခဲ့သည်။
ဒီနေ့တွင်သူတို့နှစ်ယောက်အနည်းဆုံးသန္ဓေပြောင်းဇွန်ဘီနှစ်ကောင်ကိုသတ်ခဲ့သောကြောင့်ထိုလူများသည်သူတို့ရဲ့ခွန်အားနဲ့ပက်သက်ပြီးဘာကိုမှမ ပြောနိုင်သောကြောင့်မကျေမနပ်ဖြစ်နေကြသည်။သူတို့နှစ်ယောက်ထွက်သွားမှသာလျှင်တစ်စုံတစ်ယောက်ကချူးလီလီကိုမကျေမနပ်နဲ့အရစ်တက်လိုက်သည်။"မင်းအစ်ကိုရဲ့မျက်နှာကတော်တော်မာတာပဲ အခြားသူ့ကသူ့ကိုစကားလာပြောရင်ပြန်တောင် မပြောဘူး"
ချူးလီလီကအံ့ဩသွားခဲ့သည်။သူမကအိုက်လွမ်နဲ့သူမရဲ့ဆက်ဆံရေးအကြောင်းထဲတွင်နှစ်မြုပ်နေခဲ့သည်။တစ်စုံတစ်ယောက်ကရုတ်တရက်ကြီးဟဲဇီကျုံးနဲ့ပတ်သက်ပြီး ပြောတာကိုကြားတော့သူမမှာကျောထောက်နောက်ခံမရှိတာလုံးဝမဟုတ်သေးဘူးဆိုတာကိုသတိထားမိသွားသည်?!
သူမသည်ထိုလူကိုခြောက်ကပ်ကပ်ဖြင့်ပြုံးပြလိုက်သည်။"သူကအရမ်းအေးတဲ့အကျင့်စရိုက်ရှိရုံတင်ပါ"
"ဒီလိုမျိုးအကျင့်စရိုက်ကမိန်းကလေးငယ်လေးတွေကိုအရမ်းဆွဲဆောင်နို်ငတယ်၊အရမ်းကြီးချဉ်တူးနေသလို(မနာလို)မျိုးလုပ်မနေနဲ့"လူတစ်ယောက်ရီရင်းနဲ့ပြောလိုက်ပြီးခုနကမကျေမနပ်ပြောနေတဲ့လူကို လက်မောင်းနဲ့တွန်းလိုက်သည်။
"မိန်းကလေးငယ်လေးတွေ!?ဒီနေရာမှာမိန်းကလေးငယ်လေးတွေရှိသေးလို့လား?ဒီနေရာမှာယောက်ျားရင့်မာကြီးတွေကြည့်ပဲဘယ်သူ့ကအစုံစားမှာလဲ?"ထိုလူကဂရုမစိုက်ဟန်ဖြင့်နှုတ်ခမ်းကိုမဲ့ရွှဲ့လိုက်သည်။
နောက်ထပ်လူတစ်ယောက်ကစပ်စုစွာဖြင့်ချူးလီလီကို မေးမြန်းလိုက်သည်"သူကမင်းရဲ့အစ်ကိုအရင်း လား?"
"တစ်ဝမ်းကွဲ"
"ငါပြောသားပဲသူကမင်းနဲ့မတူပါဘူးလို့"ထိုစကား ပြောပြီးနောက်ထိုလူသည်ချူးလီလီကသူ့မရဲ့ဝမ်းကွဲနဲ့သိပ်အဆင်မပြေဘူးဆိုတာကိုသွယ်ဝိုက်ပြော နေမိမှန်းသတိမထားမိပေ။"သူ့ရဲ့ရုပ်ရည်နဲ့ကမ္ဘာမပျက်ခင်တုန်းကသူနောက်ကိုမိန်းကလေးတွေအများ ကြီးလိုက်လောက်တယ်ဘာဖြစ်လို့ငါ့အမေကငါ့ကို လူတွေကိုဆွဲဆောင်နိုင်တဲ့မျက်နှာမျိုးမမွေးပေးခဲ့ တာလဲ"
ချူးလီလီရဲ့ပါးစပ်တောင့်တွေနှစ်ခါလောက်တွန့် သွားပြီး"သူ….သူကgay"
ထိုစကားလုံးထွက်ကျလာသည်နှင့်တစ်ခန်းလုံးတိတ်ဆိတ်သွားခဲ့သည်။ခဏလောက်ကြာပြီးနောက် တစ်စုံတစ်ယောက်သည်အိုက်လွမ်ဘက်ကိုစိုက်ကြည့်လိုက်သည်။
အားလုံးပြောနေတာကိုအိုက်လွမ်ကသေချာပေါက် ကြားပေမဲ့လျစ်လျူရှုထားခဲ့သည်။အသံတိုးတိုးဖြင့် ရင်တုံးနဲ့တစ်စုံတစ်ခုကိုဆွေးနွေးနေပြီးလွယ်အိတ်ကိုထုတ်လိုက်ကာ"ညစာလာယူကြ"
အားလုံးကစကားပြောနေတာကိုအမြန်ရပ်လိုက်ကြသည်။
အမှန်တော့ဒီတစ်ခေါက်မစ်ရှင်တွင်အိုက်လွမ်နဲ့အတူလိုက်လာသည့်ချူးလီလီကဲ့သို့အသစ်ဝင်ရောက်လာသည့်လူနှင့်အခြားအသင်းသုံးသင်းကလူတွေကလွဲ၍လူအများစုသည်ကမ္ဘာမပျက်ခင်တုန်းကအိုက်လွမ်နဲ့အတူရှိခဲ့သူများဖြစ်သည်။တစ်ချို့ကသက်တော် စောင့်တွေဖြစ်ပြီးတစ်ချို့ကသူ့စီးပွားရေးကုမ္ပဏီရဲ့ ဝန်ထမ်းများဖြစ်သည်။ကမ္ဘာပျက်တဲ့နေတုန်းကရုပ်ရှင်ဇာက်လမ်းတစ်ခုရဲ့ရိုက်ကူးရေးမှာပါဝင်နေခဲ့တာ ဖြစ်သည်။လူအများရဲ့ဝန်းရံခြင်းခံခဲ့ရပြီးသူတို့ဟိုတယ်လ်တစ်ခုတည်းတွင်တည်းခဲ့ကြတာဖြစ်သည်။ ကမ္ဘာပျက်ကပ်စတင်တဲ့အချိန်မှာဇွန်ဘီမဖြစ်သွားတဲ့လူတွေအကုန်လုံးကသူ့နောက်ကိုလိုက်လာခဲ့တာဖြစ်သည်။သူ့ကရေခဲစွမ်းအားနိုးထခဲ့ပြီးရင်တုံးရဲ့အကူအညီဖြင့်ထိုလူများ၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူတို့အကုန်လုံးအိုက်လွမ်ကယောက်ျားလေးကောမိန်းကလေးကောကြိုက်မှန်းသိပေမဲ့အသင်းသားအသစ်တွေနဲ့ရှိတဲ့အခါသူတို့ဘယ်တော့မှမပြောကြပေ-အဲ့ဒါနဲ့ပက်သက်ပြီးသူတို့ကိုတားမြစ်ထားရင်ဘယ်လိုလုပ်မလဲ?
ချူးလီလီကသူတို့ရဲ့အကြည့်ကိုအထင်လွဲသွားပြီးဤကိစ္စနဲ့ပတ်သက်ပြီးသူတို့မှာထင်မြင်ယူဆချက်အချို့ရှိနေတယ်လို့ထင်ခဲ့သည်။Gayဖြစ်နေတာကြောင့်သူမဝမ်းကွဲအပေါ်အိုက်လွမ်အထင်သေးသွားမှာကိုစိုးရိမ်နေမိသည်။ဒီအဓိပ္ပါယ်ကအခုမှသူရှာတွေ့ခဲ့တဲ့ နောက်ခံအသစ်လေးကသူ့အသုံးမချရသေးခင်ပျောက်ကွယ်သွားတော့မှာမဟုတ်ဘူးလား?အဲ့ဒါကိုတွေ့မိပြီးအတိတ်ကအရာများကိုစဉ်စားရင်းသူ့မကအိုက်လွမ်ကိုရှင်းပြရန်အခွင့်ရေးယူလိုက်သည်။"အမှန်က ကျွန်မအစ်ကိုကgayဖြစ်နေတာကလွဲပြီးအရမ်းကောင်းတာ….သူကလူတွေကိုလည်းဂရုစိုက်တက်တယ်" ချူးလီလီသည်သူမနှလုံးသားအောက်ခြေက ဟဲဇီကျုံးနဲ့ပက်သက်တဲ့ထင်မြင်ချက်တွေကိုတိတ်တဆိတ်ဖယ်ရှားလိုက်ပြီးသူ့အပေါ်အိုက်လွမ်ကောင်းမွန်တဲ့ထင်မြင်ချက်ရှိအောင်ကူညီပေးလိုက်သည်။
အိုက်လွမ်ကကြင်နာစွာပြုံးပြခဲ့သည်"အဆင်ပြေပါတယ်၊အဆင်ပြေပါတယ်နိုင်ငံခြားတိုင်းပြည်တွေမှာလည်းဒီလိုမျိုးအများကြီးရှိတာပဲ၊မင်းဝမ်းကွဲနဲ့ဖန် ဟောင်လက်မှာလက်ထပ်လက်စွပ်ဝတ်ထားတာကို တွေ့လိုက်တယ်သူတို့နှစ်ယောက်ကပြည်ပမှာသွားလက်ထပ်ထားတာလား?"
"ဟမ်?"ချူးလီလီကဒီတစ်ခေါက်တော့အရမ်းအံ့ဩသွားသည်။သူမကဟဲဇီကျုံးနဲ့ဖန်ဟောင်တို့လက်မှာ လက်စွပ်ဝတ်ထားတာတောင်သတိမထားမိပေ။ဒါကိုသူမဘယ်လိုဖြေနိုင်မှာလဲ?
အိုက်လွမ်က"မင်းတို့ချင်းချင်းမတွေ့တာကြာပြီလား?"ချူးလီလီနဲ့ဟဲဇီကျုံးနောက်ဆုံးအကြိမ်တွေ့တာကိုသူမြင်ခဲ့တုန်းကသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကသိပ်မကောင်းလောက်ဘူးလို့သံသယရှိခဲ့သည်။အခုကြည့်ရတာသူခန့်မှန်းချက်ကမှန်တဲ့ပုံပဲ။
"အာ အင်း!!တရုတ်နှစ်သစ်ကူးမှာသူ့ကိုနောက်ဆုံး တွေ့ခဲ့တာ"သူ့မစကားပြောပြီးနောက်ချူးလီလီက အမှားလုပ်မိလိုက်မှန်းသဘောပေါက်သွားပြီးသူမ ရှက်သွားခဲ့သည်။သူ့မအစတုန်းကဟဲဇီကျုံးနဲ့ ဖန်ဟောင်တို့overloardအသင်းကိုဝင်ဖို့ခွင့်ပြုခဲ့ရ၍်သူတို့ကသူမကိုကူညီနိုင်မယ်လို့စဉ်းစားခဲ့တာဖြစ်သည်။အကယ်လို့သူတို့အသင်းထဲမဝင်ခဲ့ရင်တော်သူတို့နှစ်ယောက်စလုံးမှာစွမ်းအင်ရှိပြီးတော့အတော်လေးသန်မာသည်။အခြားသူတွေကသူမနဲ့ဟဲဇီကျုံးက ဆွေမျိုးတွေမှန်းသိရင်သူမကိုအနိုင်မကျင့်ဘူးလို့ထင်ခဲ့တာဖြစ်သည်ဒါပေမဲ့အခုတော့…….
အိုလွမ်ကသူ့မကြားလိုက်သလိုမျိုးအချိုရည်ပုလင်းတစ်ပုလင်းကိုကမ်းပေးခဲ့သည်။"အခုတော့အရသာသိပ်မရှိတော့ဘူး၊သောက်ပါဦးငါတို့မနက်ဖြန်ကျရင် အခြေစိုက်စခန်းဆီပြန်ဖို့စဉ်းစားထားတယ်"သူ့အမြင်အရတော့ဒီအမျိုးသမီးကိုအသုံးချလို့မရပေ။သူ့ကိုယ်တိုင်လှုပ်ရှားဖို့လိုအပ်နေသေးသည်။
"ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ?မနက်ဖြန်ကျရင်သူတို့နဲ့အတူသွားမှာလား?"ဖန်ဟောင်ကဟဲဇီကျုံးလက်မောင်းကိုမှီလိုက်ပြီးထမင်းလုံးကိုဝါးစားလိုက်သည်။ဒီနေ့သူတို့နှစ်ယောက်ကအဆင့်၂ဇွန်ဘီနှစ် ကောင်ကိုသတ်နိုင်ခဲ့ပေမဲ့Overloardအသင်းကတစ်ကောင်ပဲသတ်နိုင်ခဲ့သည်။သူတို့နှစ်ယောက်ကပရမ်းပတာဖြစ်နေတာကိုအခွင့်ကောင်းယူပြီးဇွန်ဘီခေါင်းထဲကဟာတွေအကုန်လုံးကိုနေရာလွတ်ထဲပစ်ထည့်ခဲ့သည်။ထုံးစံအတိုင်းပင်သွမ့်ဇီကအပြေးရောက်လာ ပြီးအဏုမြူကျောက်တုံးသုံးလုံးကိုမြိုချပစ်ခဲ့သည်။ သွမ့်ဇီကဝအီနေအောင်စားပြီးနောက်နေရာလွတ်ထဲမှာသက်တောင့်သက်သာဖြင့်ဟိုလျှောက်သွား ဒီလျှောက်သွားလုပ်နေခဲ့ကာသေးငယ်တဲ့မီးသီးလိုအလင်းရောင်မျိုးမထွက်လာပေ။
"အခုတွက်ကတော့"ဟဲဇီကျုံးကမျက်မှောင်ကြုံပြီး ညည်းညူခဲ့သည်။"အောက်ကလမ်းမှာဇွန်ဘီအများ ကြီးရှိနေတယ်ကိုယ်တို့သူတို့နဲ့ရောပြီးအခြေစိုက်စခန်းဆီကိုပြန်ရင်အဆင်ပြေလောက်ပါတယ်"Overloardအသင်းနဲ့ရောပြီးမသွားချင်သော်လည်းအခုချိန်မှာသူတို့နဲ့ခွဲထွက်ဖို့နည်းလမ်းမရှိပေ။အခုဒီလူတွေကို တိုက်ရိုက်သတ်ဖို့ဝန်လေးနေသောကြောင့်သူလုပ်နိုင်တာဒါဘဲရှိသည်။
"အခုသူတို့လူတွေအများကြီးမကျန်တော့ဘူး၊ကိုယ်တို့နှစ်ယောက်နဲ့မှအားလုံးပေါင်း၉ယောက်ပဲရှိတာ ကိုယ်တို့ခွဲထွက်နိုင်ပါ့မလား?"ဖန်ဟောင်ကထမင်းလုံးကိုနောက်ထပ်ထပ်ကိုက်လိုက်ပြီးဇွန်ဘီတွေနဲ့ပြည့်နေတဲ့လမ်းကိုငုံ့ကြည့်လိုက်သည်။
"ဖြစ်သင့်ပါတယ်လေ"သူ့အရင်ဘဝတုန်းကoverloardအသင်းကဒီလိုအခြေနေမျိုးနဲ့ကြုံတွေ့ခံရနိုင်တယ်ဒါပေမဲ့ချူးလီလီကသူတို့အသင်းထဲမှာမဟုတ်ပေ။ဒီတစ်ခေါက်ဘယ်လိုထွက်ပြေးကြမလဲ?နေပါဦးအဲ့အချိန်တုံးကချူးလီလီမှသူတို့အသင်းထဲမှာမရှိသေးတာသူတို့မျိုးစေ့စတိုးနဲ့နီးတဲ့မစ်ရှင်ကိုမလုပ်လောက်ပေ။အဲ့ဒါဆိုသူ့ရဲ့အရင်ဘဝကမှတ်ဉာဏ်တွေက သိပ်မတိကျတော့တာလား?
သူ…အိုက်လွမ်နဲ့တခြားသူတွေကိုဖယ်ရှားဖို့အခွင့် ရေးတစ်ခုရှာသင့်လား?