Chapter24
သူတို့နှစ်ယောက်သည်သီးနှံများရိတ်သိမ်းရန် အတွက်ခြင်းများစွာပါသည့် စူပါးမားကတ်တွန်းလှည်းကိုတွန်းလာလိုက်သည်။
လယ်ကွင်းထဲမှာစိုက်ပျိုးထားသောအသီးအရွတ်များဖြစ်သည့်မုန့်ညှင်းပင်၊ဂေါ်ဖီထုပ်၊သခွားသီးနှင့် ပန်းဂေါ်ဖီတို့သည်ကြီးထွားရင့်မှည့်လာသောကြောင့် အများစုကိုခူးဆွတ်ကာမျိုးစေ့အတွက်အချို့ကိုချန်ထားလိုက်သည်။
ခရမ်းချည်သီး၊ဖရဲသီးနှင့်စတော်ဘယ်ရီသီးတို့သည်လည်းမှည့်နေကြသည်။
ဟဲဇီကျုံးကအစိမ်းရောင်နွယ်ပင်များဖြင့်ဖရဲသီး အကြီးကြီးကိုပုတ်နေစဉ်တွင်တစ်ခုခုစဉ်းစားမိကာ"ဖရဲသီးအစေ့တွေထပ်စိုက်ရောက်အောင်၊ဟိုဘတ်ကစားကျက်မြေမှာအစေ့တွေကျဲလိုက်မယ်"
ဖန်ဟောင်သည်ထိုအကြံစည်ကိုကန့်ကွက်ခြင်းမရှိဘဲ"ဟုတ်ကဲ့၊အဲ့ဆိုအသီးအရွတ်တွေကိုလည်းအဲ့မှာထပ်စိုက်မယ်လေ!!"စားကျတ်မြေမှာနွားပေါက်လေးတွေတော်တော်ကြီးလာတာကိုတွေ့ခဲ့ရသည်။ နောက်ပိုင်းကြရင်ဆိတ်နို့တို့နွားနို့တို့ရနိုင်လောက်သည်။
မြေပေါ်ရှိကောက်ပဲသီးနှံများကိုရိတ်သိမ်းရန်တွန်းလှည်းသုံးစီးနဲ့သယ်ယူလိုက်ရသည်။ ကံကောင်းစွာဖြင့်နေရာလွတ်ထဲမှာ ဖြစ်နေသောကြောင့်ဟဲဇီကျုံးသည်ပြေးလွှားစရာ မလိုဘဲသူ့လက်ထဲကအရာတွေကို မြေအောက်ဂိုဒေါင်ထဲသို့စိတ်ဖြင့်စေခိုင်းပြီးပို့နိုင်သည်။
အရင်ကမီးဖိုချောင်ထဲကိုပစ္စည်းတွေရွှေ့တဲ့အခါ တက်လိုက်ဆင်းလိုက်အလေ့အကျင့်သည် တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာဖြစ်သည်။
တောင်အနောက်ဘတ်သို့တွန်းလှည်းကိုတွန်းသွားလိုက်ကာတောင်ပေါ်တက်ပြီးအသီးနှံတွေမခူးခင် နှစ်ယောက်သားမြစ်စို့တွေကိုတူးထုတ်ခဲ့သည်။
အတော်အတန်နိမ့််သောချုံပုတ်များတွင် ဘယ်ရီသီးများပြွတ်သိပ်နေသောကြောင့်ဖန်ဟောင်ကမျက်လုံးပြူးသွားကာထိုအသီးတွေကိုခူးလိုက်ပြီး"အနီရောင်ဘယ်ရီသီး၊အမဲရောင်ဘယ်ရီသီး၊ဘလူးဘယ်ရီ၊…..စီနီယာဒီပျိုးပင်တွေအကုန်လုံးကိုဘယ်ကနေရခဲ့တာလဲ"
ဟဲဇီကျုံးကချောင်းဆိုးလိုက်ပြီးသူ့မျက်နှာကို ဟိုဘတ်လှည့်လိုက်ကာ"ကိုယ်အွန်လိုင်းကနေဝယ်လိုက်တာ"သူကပျိုးပင်ဆိုင်မှာရှိတဲ့အပင်တော်တော်များများရဲ့အစေ့တွေကိုနှစ်စေ့ဆီဝယ်ခဲ့တာဖြစ်သည်။
လွန်ခဲ့တဲ့ရက်တုန်းကမြေအောက်ထပ်ဂိုဒေါင်မှာ ထောက်ပံရေးပစ္စည်းတွေစီတုန်းကနှင်းဆီ၊တရုတ်နှင်းဆီ၊သစ်ခွပန်းကဲ့သို့အလှပန်းပင်များရဲ့မျိုးစေ့များနှင့်ပျိုးပင်အချို့ကိုလည်းမတော်တဆဝယ်ယူမိခဲ့ ကြောင်းတွေ့ရှိခဲ့သည်။
သို့သော်လည်းအချိန်နှင့်နေရာအကန့်အသတ်ကြောင့်စိုက်ပျိုးခြင်းမပြုခဲ့ပေ။
အသီးအနှံများကိုအရောင်အမျိုးမျိုးရှိတဲ့ ခြင်းတောင်းငယ်များထဲသို့ထုပ်ပိုးပြီးဟဲဇီကျုံးသည် ၎င်းတို့ကိုမြေအောက်သိုလှောင်ရုံထဲသို့တစ်ခုပြီးတစ်ခုထည့်လိုက်သည်။
သူတို့နှစ်ယောက်အသီးတွေခူးပြီးစားလည်းစားခဲ့ကြသေးသောကြောင့်သူတို့အကုန်လုပ်ပြီးသွားသော အခါသူတို့အစာအိမ်ထဲကိုဘာမှထည့်လို့မရတော့ပေ။အသီးတွေမှာပိုးသတ်ဆေးဖြန်းထားတာမျိုး ပိုးပါတာမျိုးလုံးဝမရှိပေ!!
ဖက်ထုပ်ထပ်စားဖို့အတွက်အခန်းထဲကနေ ထွက်လာပြီးအစာကြေဖို့လမ်းလျှောက်နေတယ် ဆိုတာကိုလုံးဝမေ့သွားပုံရသည်…….
ဟဲဇီကျုံးကသူ့ပါးစပ်သည်အစားလောဘကြီးတယ်လို့တိတ်တဆိတ်တွေးလိုက်သည်။အရင်တုန်းက သူ့အသီးတွေကိုအဲ့လောက်ကြီးမကြိုက်ပေပြီးတော့ သူ့အရင်ဘဝတုန်းကပန်းသီးတွေအများကြီးစားခဲ့ ရတောကြောင့်အတွင်းဒဏ်ရာတွေတောင်ခံစားခဲ့ ရပါသည်။အခုတော့သူ့နေရာလွတ်ထဲမှာ စိုက်ပျိုးထားတဲ့အသီးတွေကအရသာရှိလွန်းတာကိုဘဲအပြစ်တင်ရ တော့မည်။ မှည့်သွားတဲ့အသီးတွေဆိုအရသာက နှိုင်းယှဉ်လို့ကိုမရဘူး။
လူတိုင်းကနွေးထွေးသောအတွေးတွေကိုနည်းလည်တယ်လို့ပြောကြသည်……
သူတို့နှစ်ယောက်အိမ်ထဲကိုပြန်လိုက်ပြီးအချိန်ကိုခန့်မှန်းကြသည်။ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြေးလွှားနေရတာနဲ့အလုပ်ရှုပ်နေခဲ့တာကြောင့်သူတို့စောစောအနားယူရန်ဆုံးဖြတ်ခဲ့ပြီးဆေးကြော ကာဒုတိယထပ်ရှိအိပ်ခန်းဆီသို့သွားလိုက်သည်။ ဟဲဇီကျုံးသည်သူ့ချစ်သူဖန်ဟောင်ကိုလက်မောင်းထဲမှာပွေ့ပြီးသွေးဆောင်ဖြားယောင်းရန်ကြံစည်နေသည်။သီလစောင့်တဲ့လူတစ်ယောက်ဖြစ်ဖို့ အဆင့်သင့်မဖြစ်သေးပါဘူး။
နူးညံ့သောအနမ်းမှသည်နှုတ်ခမ်းနဲ့သွားတွေပွတ်တိုက်မိသည်ပြင်းထန်ကြမ်းရှသောအနမ်းဖြစ်လာသည်။သူတို့နှစ်ယောက်သည်နောက်ဆုံးတွင် အတော်လေးလုံခြုံသောယာယီနေထိုင်ရာသို့ရောက်ရှိခဲ့ပြီးအချိန်ခဏလောက်ထိအနာဂတ်အတွက် စိတ်ပူစရာမရှိသေးပေ။သန်းခေါင်ယံရောက်ဖို့အချိန်လိုသေးပြီးအဲ့တာထက်အရေးကြီးတဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဂရုစိုက်စရာတွေရှိသေးသည်။
ဖန်ဟောင်၏ခါးသည်အလွန်ပျော့ပျောင်းပြီးအမျိုးသမီးများ၏နူးညံမှုနှင့်ကွဲပြားခြားနားရှိသည်။ သူ့အသားရေလေးကအရမ်းချောမွေ့ပေမယ့် အလွန်အမင်းနူးညံ့နေတာတော့မဟုတ်ပေ။ သူ့ခေါင်းပေါ်ရှိခေါင်းလျှော်ရည်၏မွှေးပျံသောရနံသည်သူ့အသုံးပြုရတာကြိုက်တဲ့ရနံဖြစ်ပြီး-လန်းဆန်းပြီးသဘာဝဆန်ကာသူ့ကို သက်တောင့်သက်သာရစေသည့်နွေးထွေးမူလေးတွေရသည်။
သူ့တို့အနမ်းကတဖြည်းဖြည်းနက်ရှိုင်းလာသည်။ ဖန်ဟောင်ကဟဲဇီကျုံးရဲ့လည်ပင်းကိုမသိစိတ်အရ လှမ်းဖတ်လိုက်ကာဟဲဇီကျုံးရဲ့နောက်ကျောကိုပွတ်သတ်နေမိပြီးသူ့ခန္ဓာကိုယ်မှာအဝတ်အစားတွေ တဖြည်းဖြည်းနည်းလာတာကိုသတိမထားမိဘဲ အမျိုးသားရဲ့လက်အကြီးကြီးသည်တစ်နေရာသို့ လှမ်းဆွဲလိုက်သည်။
ဘေးနားကစားပွဲပေါ်မှာရှိတဲ့ချောဆီပုလင်းကိုလှမ်းယူလိုက်ကာ……….ဟဲဇီကျုံးဒါကို ပြင်ဆင်ထားတာအလွန်ကြာပြီဆိုတာကိုတော့ဝန်ခံရမည်။ဖန်ဟောင်နဲ့ပြန်တွေ့ပြီးသူနဲ့အတူရှိဖို့ဆန္ဒရှိတာကိုအတည်ပြုပြီးနောက်ပိုင်းဒီလိုမျိုးပစ္စည်းတွေကိုဝယ်ခဲ့သည်။တစ်ချိန်တည်းမှာဘဲဒီလို ပစ္စည်းအများပြားကိုလည်းသိုလှောင်ထားခဲ့သည်။
အခြားအရာများနှင့်အစားထိုးနိုင်သော်လည်း ဘာဘဲဖြစ်ဖြစ်ဒီအရာတွေကဒီလိုကိစ္စမျိုးတွေအတွက်ဘဲရည်ရွှယ်ပြီးထုတ်ထားတာဖြစ်သည်။ကမ္ဘာပျက်ကပ်ဖြစ်နေတဲ့အချိန်တောတွင်းမှာဒီလိုပစ္စည်းမျိုးကိုဘယ်နေရာမှာသွားရှာရမှာလဲ။
သူ့ချစ်သူရဲ့နူးညံသိမ့်မွေ့မူဖြင့်လွှမ်းခြုံခံထားရသော ဖန်ဟောင်သည်သူ့မျက်လုံးကိုဖွင့်လိုက်သောအခါ သူ့မျက်လုံးတွေကရီဝေနေသည်။မူးရစ်ရီဝေနေသောသူသည်လုံးဝကိုဆွဲဆောင်မူရှိသည်။
"စီနီယာ….လာပါ"
"ဇီကျုံးလို့ခေါ်"ဟဲဇီကျုံးကသူ့အပေါ်အုပ်မိုးလိုက်ပြီးနှုတ်ခမ်းကိုနမ်းလိုက်သည်။
"ဇီ..ဇီကျုံး"ဖန်ဟောင်ကသူ့နာမည်ခေါ်လိုက်တဲ့လူကတစ်နေ့မှာသူကိုလက်ခံလာမယ်လို့မမျှော်လင့် ထားဘူး။အခုဖြစ်ပျက်နေသမျှအရာအားလုံးသည် အိမ်မက်တစ်ခုလိုပင်။အပြင်မှာသာဇွန်ဘီတွေမရှိခဲ့ရင်ဒါကကမ္ဘာပေါ်မှာအပြည့်စုံဆုံးအိမ်မက်တစ်ခု ဖြစ်လောက်မည်။
"ဇီကျုံးဇီကျုံး၊ဇီကျုံး…"ဟဲဇီကျုံးလက်မောင်းထဲကလူ၏ အသံသည်နိမ့်သွားလိုက်မြင့်သွားလိုက်ဖြင့် သူ့လုပ်ရှားမူအတိုင်းလိုက်ပါနေပြီးလှပတဲ့တေးသွားတစ်ခုလိုပင်ဖြစ်နေသည်။
"အားဟောင်…..ကိုယ်မင်းကိုချစ်တယ်"ထိုလူကိုသူ့ရင်ခွင်ထဲတွင်တင်းတင်းကြပ်ကြပ်ပွေ့ဖတ်ထားရင်း ဟဲဇီကျုံးသည်ဒီလူကိုအရမ်းချစ်မိနေကြောင်းပိုပြီးလက်ခံလာသည်။အတိတ်ဘဝမှဤဘဝအထိကောနောင်အနာဂတ်မှာကောဒီလူနဲ့ဘဲအမြဲအတူရှိချင်ပြီး ဘဝရဲ့နေဝင်ချိန်အထိကိုအတူလျှောက်လှမ်းချင်သည်။
……………..
ဘေးနားကဖုန်းကalarmမြည်လာပြီးအိပ်နေသောလူနှစ်ယောက်ကိုနိုးသွားစေသည်။နေရာလွတ်ထဲမှာညအချိန်မရှိသောကြောင့်ဟဲဇီကျုံးသည်၎င်းတို့၏ နေ့ရက်စွဲအချိန်များကမောက်ကမဖြစ်မည်ဆိုးသောကြောင့်alarmပေးထားရခြင်းဖြစ်သည်။
လက်လှမ်းလိုက်ပြီးဖုန်းကိုယူလိုက်ကာalarmကို ပိတ်လိုက်သည်။သူ့လက်မောင်းပေါ်ကလူသည် ခေါင်းကိုမော့ကာအိပ်ချင်မူးတူးဖြင့်မျက်လုံးတွေကို ပွတ်သတ်ရင်း"စီနီယာ…..အိပ်ယာထရမည့်အချိန် ရောက်ပြီလား"
ဖြူသွယ်သောလည်ပင်းနှင့်နူးညံသောညှပ်ရိုးလေးတွင်ဟဲဇီကျုံးပါးစပ်ဖြင့်ကိုက်ထားသောအနီရောင်အစက်အပြောက်များရှိနေပြီးအရသာ မြည်စမ်းဖူးသောဟဲဇီကျုံးသည်အာခေါင် ခြောက်လာကာသူ့ခေါင်းကိုငုံလိုက်ပြီး ဖန်ဟောင်နဖူးလေးကိုနမ်းလိုက်ကာ"ခုနှစ်နာရီဘဲထိုးပါသေးတယ်၊အားဟောင်နည်းနည်းလောက် ထပ်အိပ်လိုက်ဦး"
ဟဲဇီကျုံးလက်မောင်းကိုပါးလေးနဲ့ပွတ်လိုက်ရင်း မပီမပြင်ရေရွတ်ကာ"ဟင့်အင်း…မအိပ်တော့ဘူး…ထရမယ့်အချိန်ကိုရောက်နေပြီပဲ"
နောက်ဆုံးတွင်ခေါင်းနောက်၍ဇဝေဇဝါဖြစ်နေသော ကြောင်ပေါက်လေးဖန်ဟောင်ကိုအိပ်ယာပေါ်မှာ ဖိထားပြီးသူ့ယောဂုချက်ပြုတ်နေစဉ်တွင်ခဏလောက်ထပ်အိပ်ခိုင်းထားသည်။
ဟဲဇီကျုံးကအခြားဟင်းတွေကိုမချက်ပြုတ်နိုင်ပေ မယ့်ယောဂုချက်ဖို့တော့ခက်ခဲနေတာမဟုတ်ပါဘူး။အထူးသဖြင့်ဒီနေ့တွင်ဖန်ဟောင်ကနူးညံတဲ့အစားအစာလေးတွေကိုစားတာပိုကောင်းသည်။
မြေအောက်ထပ်ထဲကနေသ့ကအကောင်းဆုံးဆန်ကိုရွေးချယ်လိုက်ပြီးနည်းပညာချိုတဲ့ပေမယ့်ပစ္စည်း အပြည့်အစုံရှိသည်။မီးဖိုချောင်ထဲသို့သွားပြီးယောဂုချက်ပြုတ်ရန်အသီးအရွတ်များမပြင်ဆင်ခင်ကင်ချီနှင့်ဆားရည်စိမ်ဟင်းသီးဟင်းရွတ်အချို့ကိုယူခဲ့သည်။ဖန်ဟောင်ကနောက်ထပ် တစ်နာရီခွဲလောက်အထိအိပ်ပျော်သွားပြီးမှနိုးလာခဲ့သည်။သူ့မျက်လုံးကိုပွတ်လိုက်ပြီးအောက်ထပ်ကို ဆင်းသွားလိုက်သည်။ဟဲဇီကျုံးသည် အရံဟင်းလျာများကိုပြင်ဆင်ထားပြီးမီးဖိုချောင်ထဲတွင်ယောဂုချက်ဖို့အတွက်ရုန်းကန်နေရတာကိုတွေ့လိုက်ရသည်။အလုပ်ရှုပ်နေတဲ့အမျိုးသားကို ကြည့်ပြီးမီးဖိုချောင်တံခါးမှာရပ်ပြီးတော့မနေနိုင်ပေ။
"နိုးလာပြီးလား"ဟဲဇီကျုံးကသူကိုပြုံးပြလိုက်သည်။
"မျက်နှာအရင်သစ်လိုက်ဦးခဏနေကျရင်ချက်လို့ပြီးတော့မယ်"
ပုံမှန်အားဖြင့်အနည်းငယ်အနေတည်သော မျက်နှာပေါ်တွင်အပြုံးတစ်ခုချိတ်ဆွဲထားသော ကြောင့်သူ့တစ်ကိုယ်လုံးနူးညံ့သိမ်မွေ့သွားစေသည်။ဖန်ဟောင်ကနူးညံ့တဲ့အပြုံးလေးကြောင့်ကြက်သေသေသွားပြီးမီးဖိုချောင်တံခါးတွင်ငေးကြောင်ကြောင်ဖြင့်အကြာကြီးရပ်နေသည်။
"ဘာဖြစ်လို့လဲ၊ဘယ်နေရာကနာနေလို့လဲ"မနေ့ညကစိတ်အားထန်သန်လွန်းခဲ့တာကြောင့် ဖန်ဟောင်နာနေတာလားလို့တွေးမိပြီးသူ့က လက်ထဲကဇွန်းကိုချလိုက်ကာမီးဖိုချောင်တံခါးဆီသို့လျှောက်သွားလိုက်ပြီးသူ့နဖူးကိုအပူချိန်ကိုစမ်းရန်ကိုယ်ကိုကိုင်းလိုက်သည်။
ဖန်ဟောင်ကသတိပြန်ဝင်လာပြီးသူ့ခေါင်းကို ငုံလိုက်ပြီးလက်ကိုမြှောက်လိုက်ကာဟဲဇီကျုံးခါးကိုဖတ်လိုက်သည်။အဲ့ဒါကတောင့်တင်းပြီးသန်မာသည်……..တစ်စုံတစ်ယောက်ရဲ့စိတ်တွေသည်ပျံနှံ့နေပြီး မနေ့ညကအကြောင်းကိုတွေးမိကာသူ့နားလေးတွေကနီရဲလာသည်။
"စီနီယာ…..ကျွန်တော်စီနီယာကိုချစ်တယ်နော်" ပြောပြီးနောက်သူ့ကတစ်စုံတစ်ခုကိုအမှတ်ရကာအသံတိုးတိုးလေးဖြင့်အမြန်ပြန်ခေါ်လိုက်သည် "ဇီကျုံး…"
"ကိုယ်လည်းမင်းကိုချစ်တယ်"သူ့ကခေါင်းကိုငုံ့လိုက်ပြီးဖန်ဟောင်နဖူးလေးကိုနမ်းလိုက်ပြီးဖတ်ထားလိုက်သည်။အရင်တုန်းကစိတ်ကူးယဉ်ဖို့တောင်မဝံ့ရဲခဲ့တဲ့နွေးထွေးမှုနဲ့ငြိမ်းချမ်းမှုကအခုချိန်မှာရရှိနေသည်-မီးဖိုပေါ်မှာယောဂုကပွတ်ပွတ်ဆူနေပြီဖြစ်သည်။ ကံကောင်းစွာဖြင့်မီးတော့မလောင်ခဲ့ပေ။
နှစ်ယောက်သားမနက်စာစားလိုက်ပြီးအပြင်ဘတ်ကအခန်းထဲကိုပြန်မသွားခင်သူတို့ဟင်းတွေကို ထုပ်ပိုးခဲ့သည်။
သူတို့ပြန်ပေါ်လာသည့်နေရာသည် အိပ်ယာအကြီးကြီးရှိတဲ့အိပ်ခန်းထဲမှာဖြစ်သည်။ သူတို့နှစ်ယောက်သည်အရင်ကအတိုင်းဗီလာသည်တိတ်ဆိတ်နေသေးလားဆိုတာကိုအတည်ပြုရန်ပြတင်းပေါက်အပြင်ဘတ်ကြည့်လိုက်သည်။ဇွန်ဘီရှိတဲ့အရိပ်အယောင်တော့မပြပါဘူး။ဒါပေမယ့်အဝေးကဗီလာတစ်ခုမှာပြတင်းပေါက်တွေကိုဝင်တိုက်နေတဲ့ဇွန်ဘီနှစ်ကောင်တော့ရှိသည်။
ဗီလာ၏ဖန်သားသည်မာကျောပြီးအလွန်ခိုင်ခံနေပုံရသည်။ဇွန်ဘီများသည်အလွယ်တကူဖောက်ထွင်းနိုင်မည်မဟုတ်ပေ။
"သွားမယ်လေ"သူတို့နှစ်ဦးသည်အနီးနားပတ်ဝန်းကျင်ကိုရင်းနှီးစေရန်စူးစမ်းရှာဖွေဖို့အစီစဉ်ဆွဲခဲ့သည်။အမှန်တော့သူ့အရင်ဘဝတုန်းကပင်ဟဲဇီကျုံးသည်လက်ရှိတည်ရှိနေသောအပြင်အဆင်နှင့် အဆောက်အဦများကိုကောင်းစွာနားမလည်ခဲ့ပေ။
ဗီလာဧရိယာရှိအမျိုးမျိုးသောအပြင်အဆင်များသည်ပြည့်စုံခြင်းမရှိသေးပေ။ပြုပြင်မွမ်းမံပြီးလူတွေမရွှေ့ပြောင်းရသေးသောအိမ်အချို့မှလွဲ၍ဧရိယာသည်အလွတ်ဖြစ်နေသေးသည်။
သူတို့နှစ်ယောက်ရပ်ကွတ်ထဲမှမောင်းထွက်လာချိန်တွင်ဇွန်ဘီနှစ်ကောင်သည်အသံကြားသောကြောင့်သူတို့ဆီသို့ဒရောသောပါးပြေးလာခဲ့သည်။ ထိုနှစ်ကောင်သည်ကားနဲ့တိုက်ခံပြီးလွင့်ထွက်သွားကာသေသွားကြသည်။တစ်ချိန်တည်းမှာပင် သူတို့ဦးနှောက်ထဲမှအဏုမြူကျောက်တုံးများ အထုတ်ခံလိုက်ရသည်-ဘာဘဲဖြစ်ဖြစ်ထိုနှစ်ကောင်သည်သူတို့ ရွှေးချယ်ထားသောဗီလာနှင့်မဝေးလှပေ။အနီးနားရှိဇွန်ဘီတွေကိုရှင်းလင်းလိုက်တာပိုကောင်းသည်။
ဗီလာဧရိယာဘေးတွင်အကိုင်းအခတ်များနှင့်အရွတ်များမပါတဲ့အသစ်စိုက်ပျိုးထားသောပျိုးပင်များရှိ သည်။ပြီးသတ်မှုအဆင့်အမျိုးမျိုးတွင်အထပ်မြင့်အဆောက်အအုံ၏အနီးနားတွင်နေထိုင်သူတွေ အတွက်အပန်းဖြေစရာအမျိုးမျိုးနှင့်အခြားအရာမျိုးမျိုးပါဝင်သည့်အဆောက်အဦးများရှိသည်။ အလယ်တွင်ဘဏ်များ၊စျေးဝယ်စင်တာများ၊၂၄နာရီစတိုးဆိုင်များ၊သူငယ်တန်းကျောင်းများနှင့်ကျောင်းများကဲ့သို့သောလုပ်ငန်းသုံးအဆောက်အဦးများစွာ ရှိသည်။၎င်းသည်ပြီးပြည့်စုံသောရပ်ကွတ်အသစ်ဖြစ်သည်။
အခုချိန်မှာလမ်းပေါ်တွင်ဒယိုင်းဒယိုင်ဖြင့် ခြေဦးတည့်ရာလျှောက်သွားနေသည့် ဇွန်ဘီများပြန့်ကျဲနေသည်။သူတို့သည် အထပ်မြင့်အဆာက်အဦးရပ်ကွတ်ကို ဖြတ်သွားသောအခါလှည့်ပတ်သွားလာနေသည့် ဇွန်ဘီနှစ်ကောင်ကိုတွေ့လိုက်ရသည်။ ရပ်ကွတ်၏သံတံခါးများသည်လည်း တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ဒီလမ်းမပေါ်မှာထွက်ပြေးနေတဲ့လူတွေနဲ့နေထိုင်သူအနည်းငယ်သာရှိရခြင်းမှာဒါကြောင့်ဖြစ်နိုင်သည်။
သူတို့သည်အနီးနားကစူပါးမားကတ်ကြီးဆီသို့ မောင်းသွားခဲသည်.။ချမ်းသာသောလူနေရပ်ကွတ် ဖြစ်သောကြောင့်စူပါးမားကတ်သည်သာမာန်တော့မဟုတ်ပေ။လတ်ဆတ်သောဟင်းသီးဟင်းရွတ်နှင့်အသား အားလုံးသည်ထုတ်လုပ်သည့်နေရာမှ တိုက်ရိုက်ပို့ဆောင်ထားခြင်းဖြစ်သည်။
"ဒီနေရာမှာတစ်ယောက်ယောက်ရှိလောက်တယ်" စူပါးမားကတ်၏ရှုပ်ပွနေသောစင်များကိုကြည့်ပြီး ဟဲဇီကျုံးသည်ဇွန်ဘီများကိုသတ်လိုက်ကာစူပါးမားကတ်ရဲ့စောင့်ကြည့်ရေးဗီဒီယိုhard diskကိုဖြုတ်လိုက်သည် "ဂိုဒေါင်ကိုတစ်ချက်လောက်သွားကြည့်ရအောင်"
"ဟုတ်ကဲ့"ဖန်ဟောင်သည်လမ်းကိုဂရုတစိုက်စူးစမ်းပြီးနှစ်ယောက်သားစူပါးမာကတ်ဂိုဒေါင်ဆီသို့ တိုက်ရိုက်သွားလိုက်သည်။
နိုင်ငံခြားအစားအစာများ၊ စည်သွတ်ဘူးအမျိုးမျိုးများနှင့်ပြည့်နေသည်။ အအေးခန်းထဲတွင်ရေခဲရိုက်ထားတဲ့အစားစာများ၊ ဝိုင်နီ၊ဘီယာများနှင့်နေရာဒေသအမျိုးမျိုးမှ သင်္ဘောဖြင့်ပို့ထားသောစျေးကြီးသော အယ်လ်ကိုဟောများလည်းတစ်တန်းကြီးရှိနေသည်။
"ဘုရားသခင်ဆေးပြင်းလိပ်တွေကောရှိတာလား"
ဖန်ဟောင်သည်အလွန်တန်ဖိုးကြီးသော သစ်သားသေတ္တာကြီးကိုဖွင့်လိုက်တော့ အလွန်တန်ဖိုးကြီးသောဆေးပြင်းလိပ်များနှင့် ပြည့်နေသည်။အရင်တုန်းကဒီလိုဆေးပြင်းလိပ်မျိုးကိုတစ်ခါမှမမြင်ဘူးခဲ့ပေ!!
"ပစ္စည်းကောင်းဘဲ"ကမ္ဘာပျက်ကပ်မဖြစ်ခင်ကကောအခုကောဘာတွေဘဲဖြစ်နေပါစေဒီလိုပစ္စည်းမျိုးကလုံးဝကိုဇိမ်ခံပစ္စည်းဖြစ်သည်။လက်ဆောင်ပေးဖို့အတွက်အသင့်တော်ဆုံးဖြစ်သည်။
"စီးကရက်လောက်ကတော့အကုန်ကျခံနိုင်ပါတယ်"ဖန်ဟောင်ကစိတ်မကောင်းစွာခေါင်းယမ်းလိုက်ပြီးအဖုံးကိုပိတ်လိုက်ကာနေရာလွတ်ထဲသို့စုဆောင်းရန်ဟဲဇီကျုံးကိုပေးလိုက်သည်။
"ခုနကလမ်းဘေးမှာဆေးလိပ်နဲ့အရက်ဆိုင်ရှိတယ်ထင်တယ်"သူတို့နောက်ပြီးရင်အဲ့ကိုသွားလိုက်မည်။သူ့တို့နှစ်ယောက်ကဆေးလိပ်မသောက်တက်သော်လည်းပေါင်းသင်းဆက်ဆံရေးတည်ဆောက်ရန်အတွက်အလွန်အသုံးဝင်သည်။