no

Font
Theme

အခြေစိုက်စခန်းက"ဂ"ပုံသဏ္ဌာန်မြစ်၏အလယ်တွင်တည်ရှိသည်။ယခုအချိန်တွင်အခြေစိုက်စခန်း၏ အတွင်းအပိုင်းကော၊အပြင်ပိုင်းကောတော်တော် လေးပြီးစီးနေပြီဖြစ်သည်။မြစ်အပြင်ဘတ်ခံတပ်များဆောက်ရန်လူများပိုမိုများပြားကာ       အခြေစိုက်စခန်းကအနီးနားကအဆောက်အအုံများရှင်းလင်းရန်လူတွေကိုစတင်စီစဉ်နေပြီဖြစ်သည်။

ဟဲဇီကျုံးသည်သူ၏အရင်ဘဝကဒီကိုရောက်လာ သောအခါအခြေစိုက်စခန်းရဲ့အနီးနားတွင်အထပ်မြင့်အဆောက်အအုံများကိုမတွေ့ခဲ့ရကြောင်းမှတ်မိသည်။အခြေစိုက်စခန်းပတ်ပတ်လည်တွင်တမင်သတ်သတ်အဆောက်အအုံများကိုဖြိုလိုက်သောကြောင့်  ဇွန်ဘီများလာနေတာကိုအဝေးကြီးကတည်းက   မြင်နိုင်သည်။

ဖန်ဟောင်ကပူပန်မူတစ်ချို့နဲ့ကောင်းကင်ကိုကြည့်လိုက်ပြီးအသံတိုးတိုးလေးဖြင့်မေးလိုက်သည် "ဇီကျုံး……..ဒီတစ်လေနေမသာဘူးနော်"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်"အင်းကိုယ် စောင့်ကြည်ရေးကင်မရာထဲကမှတ်တမ်းတွေကို စစ်ဆေးကြည့်ခဲ့သေးတယ်နေသာတဲ့နေ့ တော့မတွေ့ဘူး"

"နေတော့မသာဘူး……..မြူတွေတော့ဆိုင်းတယ်"      ဖန်ဟောင်ကတစ်ခုခုကိုတွေးမိပုံရပြီးထိတ်လန့်မူနဲ့အတူဟဲဇီကျုံးကိုလှည့်ကြည့်လိုက်သည်"ဒီလိုမျိုးဖြစ်တာက……..ဇွန်ဘီတွေနဲ့ဆိုင်လောက်လား"

သူ့အရင်ဘဝတုန်းကကျွမ်းကျင်သူများနှင့် ပညာရှင်များသည်ဒီပြဿနာကိုလေ့လာခဲ့ကြပေမယ့်တိကျသေချာသောသုံးသပ်ချက်ကိုမချနိုင်သေး ပေ။သို့သော်လည်းလူတိုင်းကမြူတွေနဲ့မြူဆိုင်းနေ သောကောင်းကင်ကြီးသည်ကမ္ဘာပျက်ကပ်ကြောင့်လို့ယုံကြည်ကြသည်။

"အကယ်လို့တစ်ခြားမြို့တွေကောနိုင်ငံတွေကောက ဒီမှာနဲ့အတူတူဘဲဆိုရင်……..တကယ်ကိုပြဿနာအကြီးကြီးဘဲ"

ဖန်ဟောင်ကအောက်နှုတ်ခမ်းကိုမသိစိတ်အရကိုက်မိလိုက်ပြီးမှောင်မိုင်းအုံ့ဆိုင်းနေသောကောင်းကင်   ကြီးကိုကြည့်လိုက်သည်။"နေရဲ့ခရမ်းလွန်ရောင်ခြည်ကဗိုင်းရပ်စ်တွေကိုသေစေနိုင်တယ်…….ထူထဲတဲ့ မြူခိုးတွေကြောင့်လေထဲမှာရောဂါပိုးမွှားတွေကရှိ နေနိုင်ပြီးလေနဲ့အတူလွှင့်မထွက်သွားနိုင်ဘူး" တကယ်ကို…….ဒီမြူခိုးတွေကကမ္ဘာပျက်ကပ်နဲ့  ဆက်စပ်နေမှာကိုကြောက်သည်။

"တစ်နေ့မှာမြူခိုးတွေကပြန်ရှင်းသွားပြီးကမ္ဘာကြီးကပုံမှန်ပြန်ဖြစ်သွားနိုင်လောက်လား"သူ့လည်း ကမ္ဘာပျက်ကပ်ဖြစ်ခြင်းရဲ့နောက်ကွယ်က   အကြောင်းပြချက်ကိုမသိသောကြောင့်ဟဲဇီကျုံးက သူ့ကိုနှိမ်သိမ့်ယုံသာတက်နိုင်သည်။ကမ္ဘာပျက်ကပ် အတောအတွင်းမှာမိုးပြင်းထန်စွာရွှာသွန်းခြင်း၊  လေပြင်းများတိုက်ခိုက်ခြင်းလုံးဝမရှိဘဲကမ္ဘာကြီးက အသက်မဲ့နေသကဲ့သို့လုံးဝတိတ်ဆိတ်နေသည်။

အခြေစိုက်စခန်းကနေထွက်လာပြီးနောက်ဟဲဇီကျုံးကကားရဲ့GPSကိုချိန်ညှိပေးခဲ့သည်။မြူများ၏                                     နှောက်ယှတ်မူကြောင့်အချက်ပြမူအားလုံးနှင့်ခေတ်မီဂြိုလ်တုစနစ်၊ကြိုးမဲ့အင်တာနက်လိုင်းများနှင့် ဖုန်းအချက်ပြမူအားလုံးကိုမရနိုင်တော့ပေ။သို့သော်လည်းGPSကိုအသုံးပြုပြီးဒေါင်းလုတ်ဆွဲထားတဲ့  offlineမြေပုံများကိုစစ်ဆေးရာတွင်ပြဿနာမရှိပေ။

"ကျွန်တော်တို့ဒီကိုအရင်သွားမှာလား"မြေပုံပေါ်မှာရှိ၎င်းတို့အစီစဉ်ဆွဲထားတဲ့လမ်းကြောင်းကိုကြည့် ကာဖန်ဟောင်ကမေးလိုက်သည်။

"ဟုတ်တယ်၊အဲ့ဒီနေရာကလက်နက်ခဲယမ်းဂိုဒေါင်ဘဲအခုအဲ့မှာအခြေနေဘယ်လိုရှိလဲတော့ ကိုယ်လည်းမသိဘူး၊သွားပြီးတော့ကြည့်ကြတာပေါ့"ဟဲဇီကျုံးကထပ်မံရှင်းပြခဲ့သည်။"ကိုယ်အလုပ်လုပ် နေတုန်းကအဲ့ဒီနေရာကိုကြားဖူးတာအခုအဲ့နေရာမှာဘာမှမရှိရင်တော့မသိဘူး" မြို့တော်F၏မြောက်ဘတ်တွင်ရှိသောစက်ရုံသည်သူ့အရင်ဘဝကအိမ်ကနေထွက်ခွာလာပြီးနောက်ခဏ နေခဲ့တဲ့နေရာဖြစ်သည်။

ထို့အချိန်တုန်းကဂိုဒေါင်သည်ပျက်စီးယိုယွင်းနေပြီဖြစ်သည်။တံခါးနှင့်မျက်နှာကြတ်တွင်အပေါက်ကြီး တစ်ပေါက်ရှိနေပြီးနံရံရဲ့တစ်ဖတ်ကလည်းတစ်ဝက်လောက်ပြိုကျနေပြီဖြစ်သော်လည်းဂိုဒေါင်ထဲတွင် မပျက်စီးသေးသောစစ်တပ်သုံးပစ္စည်းများကိုရှာဖွေ တွေ့ရှိခဲ့သည်။

အကယ်၍သူတို့ကထိုပစ္စည်းများကိုပြန်ရှာဖွေချင်ရင်       စောစောသွားမယ်လျှင်သူတို့တစ်ခုခုကိုတော့ ရှာတွေ့နိုင်လောက်သည်။ဂိုဒေါင်အထဲမှာဘယ်သူမှကိုမရှိတာဖြစ်သည်။အကယ်လို့ဘယ်သူမှမသိမ်းပိုက်ရသေးရင်ဟဲဇီကျုံးထိုလမ်းကိုဖြတ်သွားသော အခါပျော်ရွှင်စွာဖြင့်သူ့နေရာလွတ်ထဲသို့ဖြည့်သွင်းရန်စုဆောင်းမှာဖြစ်သည်။

"နောက်တစ်နေရာကခေါက်ဆွဲခြောက်စက်ရုံကို  သွားမလို့လား"

လူသိများသောပြည်တွင်းအမှတ်တံဆပ်ရဲ့အဓိက စက်ရုံကိုFမြို့၏အရှေ့ဘတ်ဆင်ခြေဖုံးတွင်   တည်ဆောက်ထားသည်။ဒီနေရာသည်ဟဲဇီကျုံး သွားရောက်ရန်စီစဉ်ထားသည့်နေရာတစ်ခုဖြစ်သည်။သို့သော်လည်းလမ်းတွင်တစ်စုံတစ်ယောက်ကြောင့်ဒုက္ခရောက်ပြီးမြို့မှထွက်ခွာရန်တွန်းအားပေးခံခဲ့ရ ပြီးAမြို့သို့အရင်သွားလိုက်ရသည်။ကံကောင်းစွာဖြင့် သိပ်မဝေးသောကြောင့်ပြန်သွားရန်အချိန်သိပ်မကုန်ပေ။

"ခေါက်ဆွဲစက်ရုံဘဲမဟုတ်ဘူး၊အဲ့နားမှာဆေးဝါး စက်ရုံလည်းရှိတယ်။နောက်ပြီးAမြို့ရဲ့တောင်ဘတ်    မှာလည်းအိမ်သာသုံးစက္ကူစက်ရုံရှိတယ်၊ကိုယ်တို့ ပြန်တဲ့အခါကျရင်အဲ့ဒီကိုပတ်သွားပြီးတစ်ချက်သွား ကြည့်မယ်"အိမ်သာသုံးစက္ကူစက်ရုံကသူတို့ခရီးစဉ် ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ကြောင်းကိုဟဲဇီကျုံး ပြောချင်သည်။

အစားစာများသည်သူ့နေရာလွတ်ထဲမှာစိုက်ပျိုးလို့ရသလိုဆေးဝါးများ၊ဆေးဖတ်ဝင်အပင်များနဲ့ပတ်သတ်သည့်စာအုပ်များ၊ဆေးဝါးများပြုလုပ်ရန် ဆေးညွှန်းများနှင့်တရုတ်တိုင်းရင်းဆေးအမျိုးမျိုးနှင့် ဆက်စပ်နေသည့်စာအုပ်မျာသည်နေရာလွတ် အဆင့်မြှင်သွားပြီးနောက်ရရှိလာသောကြောင့် အရှေ့တိုင်းဆေးဝါးများနည်းပါးလာခြင်းအတွက် အစာထိုးနိုင်သည်။ပြီးတော့သူ့ဘေးနားမှာကုသရေး စွမ်းရည်ရှိတဲ့ဇနီးလေးလည်းရှိသေးသည်။

ဒါပေမယ့်အိမ်သာသုံးစက္ကူကတော့…..သူစူပါးမားကတ်တွေဆီသွားတိုင်းတက်နိုင်သမျှအများကြီး အိမ်သာသုံးစက္ကူကိုစုဆောင်းခဲ့သော်လည်းစူပါမားကတ်များတွင်အရေအတွက်အများကြီးမရှိပေ။

အရွယ်အစားကကြီးသည်၊သုံးတဲ့အကြိမ်အရေတွက်လည်းများကာအသုံးပြုသည့်ပမာဏကလည်း     မနည်းပေ။အထူးသဖြင့်ကမ္ဘာပျက်ကပ်တွင်အခြေစိုက်စခန်းထဲမှာပစ္စည်းများရှိသောလူများစွာသည်  ထိုအရာများကိုလှဲလှယ်ရန်နေရာမရှိပေ။

ကမ္ဘာပျက်ပြီးနောက်အပင်များသည် နေရာအနှံ့အပြားတွင်သေဆုံးကုန်ကြပြီးအိမ်သာသုံး စက္ကူများပြုလုပ်သည့်ကောက်ပဲသီးနှံရိုးတံများသည်လည်းကြမ်းတမ်းကာအသုံးပြုဖို့ခက်ခဲသည်။ သန္ဓေပြောင်းအပင်တွေကနေပြုလုပ်ထားသည့်  အိမ်သာသုံးစက္ကူများသည်လူတွေကိုဇွန်ဘီအဖြစ် ပြောင်းစေမလားဆိုတာကိုဘယ်သူသိမှာလဲ။

အကယ်လို့အိမ်သာသုံးစက္ကူတွေကနေရာအရမ်း မယူဘူးဆိုရင်နေရာလွတ်စွမ်းအင်အသုံးပြုသူများ အတွက်အိမ်သာသုံးစက္ကူများသည်သိမ်းဆည်းရန် ကောင်းမွန်သောပစ္စည်းဖြစ်ကြောင်းကို-အာမခံနိုင်တယ်!!

ကံမကောင်းစွာဖြင့်နေရာလွတ်စွမ်းရည်အသုံးပြုသူ အများစုသည်ထိုအရာကစားလို့မရသောကြောင့် ပစ္စည်းများကိုစုဆောင်းတဲ့အခါ၎င်းကိုလျစ်လျူရှု ထားသည်။အိမ်သာသုံးစက္ကူမရှိခြင်းရဲ့အကျပ်ရိုက် ခြင်းကိုလူတွေကြုံရတဲ့နောက်ပိုင်းမှသာ၎င်းရဲ့ တန်ဖိုးကိုသိလာကြသည်။အရည်သွေးမြင့်အိမ်သာသုံးစက္ကူတွေရဲ့တန်ဖိုးကတဟုန်ထိုးမြှင့်တက်လာ ပြီး၎င်းမှာစီးကရက်စ်၊ဝိုင်၊လက်ဖတ်ရည်ကဲ့သို့သော ဇိမ်ခံပစ္စည်းများတွင်ပါဝင်လာသည်။

ဖန်ဟောင်သည်အိမ်သာသုံးစက္ကူအပေါ်တစ်စုံတစ် ယောက်၏နက်နဲသောအချစ်ကိုနားမလည်နိုင်ပေ။သူ့ကသူ့ရဲ့စီနီယာ၊ခင်ပွန်း၊အချစ်လေးကထိရောက် ကြီးမားသောအကျိုးမြတ်ကိုရယူရန်ပြည့်စုံတဲ့ လမ်းကြောင်းအစီစဉ်ရှိနေပြန်ပြီလို့တွေးခဲ့သည်။ ဘာဘဲဖြစ်ဖြစ်သူတို့နေရာလွတ်ထဲက မြေအောက်ထပ်မှာနေရာအလွတ်တွေအများကြီးရှိ သောကြောင့်အပိုပစ္စည်းတွေကိုစုဆောင်းလည်း နေရာအများကြီးမယူပေ။

"သေချာကိုင်ထားကိုယ်တို့တစ်ခုခုကိုတိုက်မိနိုင်တယ်"ယိမ်းနွဲ့နေသောပုံရိပ်(ဇွန်ဘီ)များပေါ်လာသည်နှင့်အမျှဟဲဇီကျုံးသည်အာရုံစိုက်ပြီးလမ်းပေါ်ရှိ အတားဆီးတစ်ချို့ကိုရှောင်ရှားခဲ့သည်-စွန့်ပစ်ထားသောကားများ၊ပြိုကျနေသောကျောက်တုံးများအခြားရာများနှင့်အရှေ့တွင်ဟိုတစ်စုဒီတစ်စုဖြစ်နေကြသောဇွန်ဘီများ

အခြေစိုက်စခန်းထဲမှာရက်အနည်းငယ်လောက်နေ ပြီးနောက်ဖန်ဟောင်သည်၎င်း၏အရင်ကကြုံတွေ့ခဲ့ရတာတွေကိုအိပ်မက်ဆိုးအဖြစ်မှတ်ယူလုနီးပါးဖြစ်ခဲ့သည်။ဒါပေမယ့်အခုတော့ဒီစိတ်ပျက်စရာကောင်းတဲ့အရာတွေနဲ့ထပ်မံရင်ဆိုင်ရကာသူ့ဘေးနားရှိ   ကားခေါင်မိုင်းလက်ကိုင်ကိုသတိကြီးကြီးဆုပ်ကိုင်ထားရပြန်သည်။

ဟဲဇီကျုံးသည်သူ့ရှောင်နိုင်သမျှဇွန်ဘီကိုသူ့ရှောင်ပြီးမရှောင်နိုင်ရင်တိုက်ချသွားလိုက်သည်။

ကားပေါ်ကဆင်းပြီးဇွန်ဘီတွေကိုသက်ပြီးအဏုမြူ ကျောက်တုံးကိုစုဆောင်းဖို့အတွက်တော့??သူတို့ကအခုမှမြို့အစွန်ပိုင်းကိုဝင်ရုံဘဲရှိသေးသောကြောင့် အကယ်လို့သူတို့လမ်းမှာဇွန်ဘီကိုသတ်လိုက်ရင်    ဘယ်လောက်ကြာအောင်သူတို့သတ်နေရမှလဲဆို    တာကိုမသိနိုင်ပေ။ပိုသင့်တော်တဲ့နေရာတစ်ခုကို ရောက်ဖို့စောင့်တာပိုကောင်းသည်။

ကားသည်မြို့Fကိုသွားသည့်လမ်းကြောင်းနှင့်ဆင်တူသောအရှေ့တောင်ဘတ်သို့မောင်းနှင်းသွားသော်လည်းအရင်ကFမြို့ကနေAမြို့ကိုသွားဖို့အသုံးပြုသည့်လမ်းနှင့်မတူပေ။ဟဲဇီကျုံးအရင်ဘဝတုန်းကAမြို့ကိုသွားတုန်းကလမ်းဖြစ်သည်။

လမ်းသစ်သို့လှည့်ပြီးနောက်ယာဉ်မောင်းကိုပြောင်းလိုက်ကာဟဲဇီကျုံးကမှန်ဘီလူးကနေအရှေ့ကလမ်းပေါ်တွင်လမ်းတစ်ခုလုံးတယ်လီဖုန်းတိုင်ဖြင့်ပိတ်ဆို့ နေသည်ကိုတွေ့လိုက်ရသည်။.

"ရပ်ဦး"တယ်လီဖုန်းတိုင်ကိုတွေ့တော့ဟဲဇီကျုံး တစ်ခုခုမှားနေသလိုခံစားမိကာမှန်ပြောင်းဖြင့်     လမ်းနှစ်ဘတ်ကိုချက်ချင်းစစ်ဆေးလိုက်သည်။ သူတို့ရပ်လိုက်သည့်နေရာတွင်ဇွန်ဘီများ၏  အရိပ်ယောင်မရှိပေ၊လမ်းဘေးရှိမြောင်းဘေးတွင် သာဇွန်ဘီအနည်းငယ်လှဲလျောင်းနေတာကိုသာ တွေ့လိုက်ရသည်။

ဖန်ဟောင်ကတယ်လီဖုန်းတိုင်ကိုသာသတိပြုမိပြီး             သံသယဖြင့်မေးလိုက်သည်"စီနီယာကျွန်တော်တို့        အဲ့တာကိုသွားရွှေ့ကြမလား"

ဟဲဇီကျုံးသည်ပစ်မှတ်ကိုရှာဖွေနေဆဲဖြစ်ပြီးလမ်း တစ်ဖတ်မှာရှိတဲ့အိမ်ငယ်တစ်အိမ်နောက်တွင်ကား အမြောက်အမြားရှိနေတာကိုတွေ့လိုက်ရသည်။ တယ်လီဖုန်းတိုင်နဲ့မနီးမဝေးကျောက်တုံးကြီးရဲ့ အနောက်တွင်ပုန်းနေသည့်ပုံသဏ္ဌာန်နှစ်ခုလည်းရှိ သေးသည်။ထိုလူများသည်တောင်နှင့်မြောက်ကို ဖြတ်သွားသည့်လူတွေကိုပစ်မှတ်ထားနေပုံရပြီး    ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ရဲ့ကားကိုသတိမထားမိ ပေ။

"ဓားပြတိုက်နေတာဘဲ"ယနေ့ချိန်တွင်အလျင်အမြန် တုံ့ပြန်ပြီးခုခံကာကွယ်ကာမြို့အများစုတွင်ယာယီလုံခြုံရေးအခြေစိုက်စခန်းများကိုတည်ထောင်ခဲ့ကြသည်။၎င်းတို့အနက်Aမြို့၏စစ်တပ်အင်အားသည်             နိုင်ငံမြောက်ပိုင်းတစ်ဝက်တွင်အသန်မာဆုံးဖြစ်ပြီး လုံခြုံရေးမှာလည်းအမြင့်ဆုံးဖြစ်သည်။

အန္တာရယ်နှင့်ကြုံတွေ့သောအခါစစ်တပ်၏အကူအညီကိုရှာဖွေတက်ကြသောကြောင့်Aမြို့နဲ့နီးပြီး   အဝေးပြေးလမ်းမပေါ်သွားနိုင်သူအများစုသည် အကူအညီအတွက်မြို့Aသို့ထွက်ပြေးလာကြသည်။  ထိုကြောင့်Aမြို့ကိုဦးတည်သွားသည့်လမ်းသည်        လူသွားလူလာအများဆုံးဖြစ်ပြီးဓားပြတိုက်ရန်    အတွက်အကောင်းဆုံးနေရာဖြစ်သည်။ 

"ဓားပြတိုက်တာ"ဖန်ဟောင်ကလန့်သွားပြီးမှန်ပြောင်းကိုကောက်ကိုင်ကာအရှေ့ကိုသေချာကြည့်လိုက်သည်။ထိုအချိန်တွင်ကားတစ်စီးသည်အဝေးပြေးလမ်းမ၏တခြားတစ်ဖတ်ကနေလာနေသည်။

ဒီလမ်းသည်Aမြို့ရဲ့အဓိကလမ်းမကြီးထဲကတစ်ခုဖြစ်သည်။တာင်ဘတ်တွင်လမ်းမရှိသောကြောင့်အနီး  နားကမြို့အများစုသည်မြို့ထဲသို့ဝင်ရန်မြောက်ဘတ်ကနေကွေ့သွားရသည်။ 

ချည်းကပ်လာသောယာဉ်တန်းသည်ကားခြောက်စီးသို့မဟုတ်ခုနစ်စီးလောက်ရှိသည်။အရှေ့ကလမ်းမှာ ပိတ်ဆို့နေတာကိုတွေ့သောကြောင့်တယ်လီဖုန်းတိုင်ဆီသို့လျှောက်လာကြသည်။အမျိုးသားအများစုသည်စိတ်ဆိုးမာန်ဆိုးဖြင့်တံခါးကိုဖွင့်ပြီးလျှောက်လာကြသည်။

ဟဲဇီကျုံးသည်ကျောက်တုံးနောက်ကလူတွေကို အကူညီပေးချင်သကဲ့သို့လမ်းတစ်ဖတ်ရှိအိမ်ကလူတွေလည်းစတင်လှုပ်ရှားနေတာကိုတွေ့လိုက်ရသည်။

"သွားကြရအောင်"

"သွားမယ်"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီးအရှေ့သို့ညွှန်ပြကာ"တိုက်ခိုက်ဖို့ပြင်ဆင်ထား"

ဖန်ဟောင်ကပဟေဋိဖြစ်သွားသော်လည်းဟဲဇီကျုံး ရဲ့ညွှန်ကြားချက်အတိုင်းကားကိုစက်နှိုးလိုက်ပြီး        ပိတ်ဆို့နေသောလမ်းဆီသို့မောင်းလိုက်သည်။

ကားပေါ်ကဆင်းလာသောအမျိုးသားသည်ဓားပြတွေနဲ့ရင်ဆိုင်နေရသောကြောင့်သူတို့ကအပြန်အလှန်တိုက်ခိုက်နေကြသည်။ဓားပြအဖွဲ့ဝင်များသည်လည်းအမဲလိုက်ရန်ထွက်လာကြသည်။အခုချိန်မှာလူတွေဒီလောက်ထိမလျော်မကန်လုပ်လိမ့်မည်လို့သူတို့မထင်ထားခဲ့ဘူး။သူတို့က၎င်းတို့ရောက်လာတဲ့အထိမစောင့်ဘဲသူတို့ရဲ့ရဲဘော်ရဲဘတ်တွေကိုကူညီဖို့ အမြန်သွားခဲ့သည်။

ကားမောင်းလာတဲ့အဖွဲ့သည်အမျိုးသားတစ်ယောက်ကိုထိုးကြိတ်ပြီးလွင့်ထွက်သွားအောင်လုပ်လိုက်သည်ကိုတွေ့လိုက်ရသည်။ကားမောင်းနေတဲ့ ဖန်ဟောင်သည်မျက်လုံးပြူးသွားပြီး"သူ..သူကလူတွေကိုလွှင့်ထွက်အောင်လုပ်လိုက်တယ်"

"တိုက်ခိုက်ရေးစွမ်းအင်ရှိတဲ့စွမ်းရည်နိုးထသူဖြစ်လိမ့်မယ်"ကားပေါ်ကဆင်းလာတဲ့လူတွေထဲကနေ သူ့အရင်ဘဝတုန်းကတွေ့ဆုံခဲ့တဲ့ရင်းနှီးနေတဲ့လူတွေရဲ့မျက်နှာကိုမြင်လိုက်သည်။Aမြို့မှာသေးငယ်တဲ့အဖွဲ့များစွာရှိပေမယ့်အရမ်းအများကြီးရှိတာမျိုး တော့မဟုတ်ပေ။သူ့ကoverloardအဖွဲ့မှာအချိန်တစ်ခုကြာအောင်ရှိခဲ့ပြီးတာဝန်များကိုလွှဲပြောင်းပေးခံ ရသောအခါစွမ်းအားအသုံးပြုသူအဖွဲ့များစွာနှင့်အဖွဲဝင်များစွာကိုတွေ့ဆုံခဲ့ရသည်။ယာဉ်တန်းထဲကလူအများစုသည်သူ့အရင်ဘဝတုန်းကတွေ့ဆုံခဲ့ဖူးသည့်လူများဖြစ်ကြသည်။

သူတို့သည်စွမ်းရည်အသုံးပြုသူများဖြစ်သောကြောင့်   တယ်လီဖုန်းတိုင်လောက်နဲ့သူတို့ကမရပ်တန့်ပေ။ကားပေါ်ကဆင်းလာသောအခါသူတို့ရဲ့ကြမ်းတမ်းတဲ့အသွင်အပြင်ကိုကြည့်ပြီးသူတို့သည်တိုက်ခိုက်ရန် မငြင်းဆန်သူများဖြစ်ကြသည်။

သူတို့ကားရောက်သောအခါအဖွဲ့နှစ်ခုကလူများသည်တိုက်ခိုက်နေတုန်းဖြစ်သည်။ယာဉ်တန်းက လူများသည်စွမ်းရည်ရှိပြီးဓားပြအချို့တွင်သေနတ်ဂရှိသည်။မပြင်ဆင်ထားတဲ့လူတစ်ယောက်သည်"ဘန်း"ခနဲဖြင့်ပြိုင်ဘတ်ဆီကနေသူ့ခြေထောက်ကိုအပစ်ခံလိုက်ရသည်။

သေနတ်သံကြောင့်နှစ်ဖတ်စလုံးကလူများခဏ လောက်ရပ်သွားကြပြီး ခွန်အားစွမ်းရည်အသုံးပြုသူကလမ်းတစ်ဖတ်မှာရှိတဲ့ကျောက်တုံးကြီးကိုရုတ်တရက်မပြီးသေနတ်နဲ့ ပစ်လိုက်တဲ့သူကိုမပစ်ခင်အထိတဒင်္ဂလောက်မတိုးသာမဆုတ်သာအခြေနေဖြစ်သွားသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment