no

Font
Theme

"စီနီယာဇွန်ဘီရဲ့ခေါင်းထဲကနေအဏုမြူ ကျောက်တုံးတွေကိုထုတ်ရတာမနေ့ကထက်ပိုလွယ်လာတယ်"ဖန်ဟောင်ကစိတ်လှုပ်ရှားစွာဖြင့်ဇွန်ဘီရဲ့ခေါင်းထဲကနေတူးဆွကာတောက်ပသောအမူရာဖြင့်  အဏုမြူကျောက်တုံးကိုတူးထုတ်လိုက်သည်။သူ့အမှုရာကဘယ်လောက်ထိကြောက်စရာကောင်းနေလဲဆိုတာကိုသူ့ကိုယ်တိုင်သတိမထားမိပေ။                       ကံကောင်းထောက်မစွာဖြင့်သူမျက်နှာမှာmaskတပ်ထားသောကြောင့်အဝေးကလူများသည်သူ့မျက်နှာ     ပေါ်ရှိတောက်ပသောအပြုံးကိုမမြင်နိုင်ပေ။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။

"ဒီဇွန်ဘီတွေကဇွန်ဘီဖြစ်တာအချိန်ကြာသွားလို့ဖြစ်မယ်"ဘာဘဲဖြစ်ဖြစ်ခုနောက်ပိုင်းတွင်ဇွန်ဘီတိုင်းရဲ့       ခေါင်းထဲမှာတစ်ခုစီရှိနေကြပြီဖြစ်သည်။

သူတို့နှစ်ယောက်သားဓာက်ငွေ့ရုံ၏တံခါးမှဝင်ရောက်ကာနောက်ဘတ်ရှိဓာက်ငွေ့တိုင်ကီခြံဝန်းထဲသို့သွားခဲ့သည်။သူတို့ဓာက်ငွေ့တိုင်ကီများဆီသို့မရောက်ခင်လမ်းတစ်လျှောက်ရှိဇွန်ဘီများကိုသတ်ခဲ့သည်-မနေ့ညကတာဝန်ကျဝန်ထမ်းများသည်သူတို့ထွက်ပြေးတုန်းကတံခါးများကိုပိတ်ရန်မေ့သွားကြသည်။

ဒီနေ့ခတ်တွင်ပိုက်လိုင်းဓာက်ငွေ့သည်နေရာတိုင်းတွင်ရှိသော်လည်းဂတ်စ်ဘူးများအတွက်အလွန်ကြီးမားသောစျေးကွတ်ရှိနေတုန်းဖြစ်သည်။မိုဘိုင်းဆိုင်စီပွားရေးလုပ်နေကြသောတစ်ထပ်တိုက်အခန်းငယ်တွင်နေထိုင်ကြသူများ၊သဘာဝဓာက်ငွေ့မရှိသောအငှားအိမ်များနှင့်သဘာဝဓာက်ငွေ့မရှိသောဆင်ခြေဖုံးဧရိယာများတွင်လတိုင်းဓာက်ငွေ့တိုင်ကီများကို အစားထိုးရန်လိုအပ်သည်။တိုင်ကီကကြီးတာကော     သေးတာကောပုံစံအမျိုးမျိုးရှိ ပြီးခြံဝင်းထဲတွင်      အများအပြားရှိနေသည်။

သူတို့နှစ်ယောက်သားဘယ်တိုင်ကီကပြည့်လဲဆို      တာကိုရှာဖွေရန်ဘေးတိုက်ကြည့်လိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်ကြည့်ပြီးဟဲဇီကျုံး၏              နေရာလွတ်ထဲသို့ပစ်ချလိုက်သည်။

ခြံဝင်းထဲကဓာက်ငွေ့တိုင်ကီတွေကို ဖယ်ရှားပြီးနောက်သိပ်မကျယ်တဲ့အခန်းတစ်ခုကို တွေ့လိုက်ရသည်။ထိုအခန်းတွင်အချို့တိုင်ကီ အလွတ်တွေကိုဖြည့်သည့်ဓာက်ငွေ့ဖြည့်ကရိယာရှိသည်။ခဏလောက်လေ့လာပြီးနောက်            နှစ်ယောက်သားထပ်မံစုဆောင်းရန်အတွက်                       တစ်ယောက်ကဖြည့်ပြီးကျန်တစ်ယောက်က စုဆောင်းသည်။နှစ်နာရီကြာပြီးနောက် ထိုဧရိယာတစ်ဝိုက်သည်လုံးဝရှင်းလင်းသွားသည်။

ဓာက်ငွေ့ကုမ္ပဏီကထွက်လာပြီးနောက်သူတို့ အဝတ်အစားဆိုင်သို့မောင်းလာခဲ့ကြသည်။   လမ်းတစ်လျှောက်တွင်အရင်နေ့ကထက်ပိုပြီးအပြင်ထွက်ရဲတဲ့လူများရှိလာပေမယ့်အများစုကဇွန်ဘီတွေ  နဲ့ပြည့်နေတဲ့လမ်းကိုရှောင်ပြီးအစားအစာကိုသာ      ရှာဖွေကြသည်။လူအများစုရဲ့ပန်းတိုင်က စူပါးမားကတ်၊စားသောက်ဆိုင်နှင့်ဆေးဆိုင်များသာ    ဖြစ်ကြသည်။အဝတ်အစားဆိုင်မှာလူရှင်းနေပြီး                  အထပ်တိုင်းမှာနှေးကွေးစွာဒယိမ်းဒယိုင်သွားနေတဲ့   ဇွန်ဘီအနည်းငယ်သာရှိသည်။

အပြင်လူမရှိသောကြောင့်ဟဲဇီကျုံးသည်ယဉ်ကျေးမနေတော့ဘဲတစ်ထပ်ပြီးတစ်ထပ်သွားခဲ့သည်။         အမျိုးသားအဝတ်မပြောနဲ့ကလေးအဝတ်အစားနှင့်အမျိုးသမီးအဝတ်အစားတွေကိုပါသူကနေရာလွတ်ထဲသို့ထည့်ပစ်သည်။

ပစ္စည်းတွေကိုလွတ်လွတ်လပ်လပ်စုဆောင်းနိုင်     သောအကျိုးဆက်အနေကတော့ဆိုင်ခန်းငယ်များကိုပါနေရာလွတ်ထဲသို့မတော်တဆ စုဆောင်းမိသွားခြင်းဖြစ်သည်။

အထပ်ပေါင်းများစွာကိုဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးသည်လုံခြုံသောလမ်းမှအောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ဖန်ဟောင်ကအပြင်က အခြေနေကိုစောင့်ကြည့်ရန်မှန်ပြောင်းကို အသုံးပြုခဲ့ပြီးဟဲဇီကျုံးသည်စွမ်းအားအလွန်အကျွံ  သုံးစွဲခြင်းကြောင့်မူးဝေနေရာမှပြန်လည်ကောင်းမွန်ရန်အတွက်နေရာလွတ်ထဲကရေကိုတစ်ငုံစာ ယူသောက်ရန်အတွက်အခွင့်ရေးရခဲ့သည်။

"စီနီယာလမ်းပေါ်မှာဇွန်ဘီအကောင်နှစ်ဆယ် သုံးဆယ်လောက်ရှိတယ်ကျွန်တော်တို့စူပါးမားကတ်ကိုသွားဖို့အခြေနေကိုသွားစစ်ကြည့်ကြမလား"

အနီးဆုံးစူပါမားကတ်ကြီးသည်သူတို့နှင့်မီတာနှစ်ရာမှသုံးရာခန့်ကွာဝေးသောလမ်းဆုံနှစ်ခုခန့်တွင် ရှိသည်။သူတို့ဒီကနေမောင်းသွားရင်ငါးမိနစ်ထက် မနည်းကြာနိုင်သော်လည်းစူပါးမားကတ်အနီးနား တွင်လူအများကြီးစုရုံးနေလောက်သည်။

"ဟင့်အင်းလမ်းထောင့်ကဆေးဆိုင်ကိုဘဲ သွားကြတာပေါ့"ဟဲဇီကျုံးကပတ်ဝန်းကျင်     အခြေနေကိုလေ့လာရန်သူ့ရဲ့မှန်ဘီလူးကို အသုံးပြုပြီးနောက်ဆုံးဖြတ်ချက်ချလိုက်သည်။

ကမ္ဘာပျက်ကပ်မတိုင်ခင်သူ့အပြင်ထွက်ပြီးဆေးဆိုင်ကိုဖြတ်သွားတိုင်းအသုံးများတဲ့ဆေးဝါးတွေကို               ဝယ်ရန်ကြိုးစားခဲ့သည်။ဒါတောင်မှသူအများကြီးမစုမိပေ။အထူးသဖြင့်ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူလို့ရသောဆေးဝါးများကိုပမာဏအများကြီး   ဝယ်ယူလို့မရနို်င်ပေ။နောက်နှစ်ရက်နေရင်းFမြို့က နေထွက်သွားဖို့ဆုံးဖြတ်ထားသောကြောင့် တက်နိုင်သမျှဒီလိုအရာတွေကိုစုဆောင်းထားတာ ကောင်းသည်။

သူ့လိုက်ဖမ်းတာမခံရသေးတုန်းကAမြို့မှာအဖျားကျ ဆေး၏စျေးနှုန်းသည်သုံးရက်စာရိက္ခာလောက်အထိ စျေးနှုန်းမြှင့်တက်လာခဲ့သည်။ထိုအပြင်အများစုသည်ရောင်းချရန်ပင်ဆန္ဒမရှိပေ။

သူ့မေးစေ့ကိုပွတ်လိုက်ရင်းFမြို့အစွန်မှာဆေးဝါး      စက်ရုံတစ်ခုရှိတာကိုသူသိသည်။အဲ့ကိုလည်း ကွေ့ပတ်ပြီးသွားရုံမျှသာဖြစ်သည်။ သွားကြည့်ဖို့ကွေ့ပတ်ပြီး သွားသင့်လား။

ကားဆီသို့ပြေးသွားရန်နှစ်ယောက်သားအချိန်ယူပြီးလမ်းတွင်ဒယိမ်းဒယိုင်ဖြင့်သွားနေသော ဇွန်ဘီနှစ်ကောင်ကိုသတ်ပစ်လိုက်သည်။ တုံဆိုင်းမနေဝံ့ဘဲဟဲဇီကျုံးသည်ဇွန်ဘီနှစ်ကောင်၏ခေါင်းကိုနေရာလွတ်ထဲသို့ပစ်ထည့်လိုက်သည်။ နေရာလွတ်ထဲသို့ခေါင်းတွေရောက်သွားသည် နှင့်တပြိုင်နက်တောက်ပသောအလင်းတန်းတစ်ခု ပျံ့လွှင့်သွားသည်ကိုတွေ့လိုက်ရသည်။        

ဇွန်ဘီခေါင်းတွေရဲ့ဦးခေါင်းခွံ့ကိုဖွင့်စရာမလိုဘဲ နေရာလွတ်ထဲကိုတိုက်ရိုက်ပစ်ချလိုက်ရင်လည်း စုပ်ယူနိုင်တာလား?? ဒီလိုလုပ်ရတာပိုလွယ်သွားတာဘဲမဟုတ်လား  ။

ဦးခေါင်းနှစ်လုံးကိုလွှင့်ပစ်လိုက်ပြီးသူကကားတံခါးကိုဖွင့်လိုက်သည်။"နေရာလွတ်ကဇွန်ဘီခေါင်းထဲက ကျောက်တုံးကိုတိုက်ရိုက်စုပ်ယူနိင်တယ်ပုံဘဲနောက်ပိုင်းကျရင်ငါတို့ခေါင်းကိုဖွင့်ပြီးထုတ်စရာမလိုတော့ဘူး"

ဖန်ဟောင်၏မျက်လုံးသည်အံ့ဩမှုကြောင့်ပြူးကျယ်သွားပြီး"မိုက်လိုက်တာ!!"

ဟဲဇီကျုံးကခေါင်းညိတ်လိုသည်။နေရာလွတ်ထဲသို့              ပစ္စည်းများကိုစုဆောင်းသည့်အခါတွင်သူသည်             အရာဝတ္ထုများကိုကိုယ်တိုင်ထိရမည်ဖြစ်သော်လည်း            လက်အိတ်သို့မဟုတ်လက်နက်များကဲ့သို့သော ကြားခံပစ္စည်းများမှတစ်ဆင့်လည်းထိတွေ့ပြီး စုဆောင်းနိုင်သည်။

အကယ်လို့လေထဲကနေအရာဝတ္ထုတွေကိုယူလို့ရ ရင်ပိုကောင်းသည်။

နှစ်ယောက်သားကားကိုစတင်မောင်းလိုက်ပြီး ဆေးဆိုင်ဆီသို့အမြန်မောင်းသွားခဲ့ကြသည်။မိနစ်အနည်းငယ်အတွင်းဆေးဆိုင်တံခါးဝသို့ရောက်ရှိလာ ကြသည်။

ကားကိုရပ်လိုက်ပြီးဇွန်ဘီတွေကိုသတ်ဖြတ်ကာဇွန်ဘီခေါင်းတွေကိုနေရာလွတ်ထဲသို့စုဆာင်းလိုက်ပြီး စုပ်ယူပြီးသွားသောအခါအဏုမြူကျောက်တုံးမရှိ တော့တဲ့ဇွန်ဘီခေါင်းများကိုလွှင့်ပစ်လိုက်သည်-သူ့တို့ရဲ့လုပ်ငန်းစဉ်တစ်ခုလုံးသည်တစ်ချက်တည်း ဖြင့်ချောမွေ့စွာပြီးမြောက်သွားသည်။အရှိုန်က အရမ်းမြန်နေတာကြောင့်အနီးနားမှာလူတွေ ရှိနေရင်တောင်သူတို့ရှင်းရှင်းလင်းလင်းမြင်ဖို့ မဖြစ်နိုင်ဘဲသူတို့မျက်လုံးတွေမူးဝေသွားတာ ဖြစ်မယ်လို့သာထင်ကြမှာဖြစ်သည်။

နှစ်ယောက်သားဆေးဆိုင်ရဲ့တံခါးကနေမဝင်ဘဲ     ပြတင်းပေါက်ကသာတွယ်တက်သွားလိုက်သည်။        အော်ဟစ်သံတွေနှင့်စင်ကိုရိုက်နေတဲ့အသံတွေ-အထဲမှာတစ်စုံတစ်ယောက်ရှိနေသည်။

ကမ္ဘာပျက်ကပ်အစောပိုင်းတွင်အသက်ရှင်ကျန်ရစ်သူများနှင့်တွေ့နိုင်ချေသည်အရမ်းများသည်။ ဟဲဇီကျုံးကဆေးဆိုင်ထဲတွင်ထူဆန်းသောလက်နက်မျိုးစုံကိုကိုင်ဆောင်ထားကြသောအမျိုးသားနှင့်အမျိုးသမီးများကိုတွေ့လိုက်ရသည်။အဲဒီမှာ စုစုပေါင်း၇ယောက်သို့၈ယောက်ရှိသည်။

အစကတော့လူတွေကအံ့ဩတုန်လှုပ်သွားပြီး                 တွားသွားတက်လာတာကဇွန်ဘီမဟုတ်ဘဲလူမှန်းသိလိုက်မှသာအနည်းငယ်သတ်သာရာရသွားသည်။

စင်တွေကအနည်းငယ်ရှုပ်ပွနေပြီး ဆေးတော်တော်များများကမရှိတော့ပေ။ထိုလူတွေကစုဝေးနေကြပြီးသူတို့ရှိရာနေရာ၏ထောင့်တွင် ပလက်စတစ်အိတ်အများအပြားရှိနေသည်။ထိုအိတ်များ၏အပေါ်ကတံဆိပ်သည်ဟဲဇီကျုံးတို့သွားဖို့စီစဉ်ထားတဲ့အနီးနားကစူပါးမားကတ်၏တံဆိပ် ဖြစ်သည်။

အဖျားကျဆေး၊ရောင်းရမ်းမှုကိုသက်သာစေသော ဆေးများနှင့်စင်ပေါ်ရှိပတ်တီးလိပ်များသည်အားလုံးပြောင်ရှင်းနေပြီးဘာမှမကျန်တော့ပေ။ဟဲဇီကျုံးက    မျက်ခုံးပင့်လိုက်ပြီးတစ်ခြားသူတွေမမြင်နိုင်တဲ့ နေရာတစ်ခုဆီသို့လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာအောက်ရှိအံ့ဆွဲအသေးလေးကိုဖွင့်လိုက်သည်။ထိုအထဲမှာတော့ အမျိုးမျိုးသောဆေးများအပြည့်ရှိနေသေးသည်။

ဟဲဇီကျုံးသည်အံဆွဲတစ်ခုပြီးတစ်ခုတိတ်တဆိတ်ရှာဖွေကာနေရာလွတ်ထဲသို့ပစ်ထည့်နေပြီးဖန်ဟောင်ကသူကိုကွယ်ရန်ဘေးမှာရပ်နေခဲ့သည်။ထိုလူများသည်သူတို့ကစင်ပေါ်ရှိဆေးမျိုးစုံကို ကောက်ယူနေသည်ဟုသာထင်သွားကြသည်။

အချိန်နှင့်အမျှလမ်းအပြင်ဘတ်တွင်ကားများ ဖြတ်သန်းသွားသောအသံ၊လိုက်ဖမ်းနေသော အသံများနှင့်အော်ဟစ်သံများကိုကြားနေရသည်။

ဟဲဇီကျုံးကဆေးများကိုစုဆောင်းခဲ့ပြီးနောက်ခန်းဆီသို့လျှောက်သွားလိုက်သည်။သစ်သား လေးထောင့်ကွတ်အတန်းများတွင်အမျိုးမျိုးသောတရုတ်ဆေးဖတ်ဝင်အပင်များနှင့်ပြည့်နေသည်။     အချို့သောအံဆွဲငယ်များကိုဆွဲထုတ်ထားခြင်း သို့မဟုတ်မြေပြင်ပေါ်တွင်ကျနေခြင်းနှင့် အမျိုးမျိုးသောဆေးဝါးပစ္စည်းများသည် နေရာတစ်ခုလုံးပြန့်ကျဲနေသည်။

သူဘာမှမလုပ်ဘဲအဲ့အစားသူ့ဘေးနားကအခန်းကိုသွားလိုက်သည်။တံခါးအတွင်းဘတ်တွင် ဝန်ထမ်းနားနေခန်းဖြစ်သည်။

ဟုတ်ပါတယ်-ဂိုထောင်

ဖန်ဟောင်သည်အပြင်ဘတ်သို့စောင့်ကြည့်နေပြီးသူကိုမျက်လုံးမှိတ်ပြကာသူစုဆောင်းနေစဉ်အတွင်း မျက်ရိပ်ပြနေသည်။

ဟဲဇီကျုံးသည်ကြင်နာစွာဖြင့်အထဲတွင်စက်ဝိုင်းပုံစံပတ်သွားလိုက်သည်။                                     အထဲတွင်ဘာမှမကျန်ရှိတော့ပေ………………

"ကျွန်တော်တို့ဒီနေ့ဘဲမြို့ပြင်ကိုသွားကြမလား ဒါမှမဟုတ်မနက်ဖြန်သွားမလား"ဂိုထောင်ကနေထွက်လာရင်းသူအချိန်ကိုကြည့်လိုက်သည်။ခုက နေ့ခင်းနှစ်နာရီတောင်ရှိနေပြီဖြစ်သည်။

"ဒါမှမဟုတ်ကျွန်တော်တို့လမ်းမှာဘဲနားဖို့နေရာရှာ  ကြမလား"ဖန်ဟောင်ကခဏလောက်စဉ်စားပြီး သူ့ကိုမေးလိုက်သည်။ဟဲဇီကျုံးရဲ့နေရာလွတ်က           အလွယ်တကူရှာတွေ့နိုင်တဲ့နေရာမျိုးမှာအထဲကို             ဝင်ရောက်ရန်မသင့်တော်ပေ။ပွင့်လင်းသောနေရာတစ်ခု၌စခန်းချခြင်းသည်ပုန်းကွယ်လို့ပြီး သေးငယ်သောအခန်းလေးတွေရှိတဲ့ သီးသန့်ဆန်သောအချို့နေရာတွေနှင့် မနှိုင်းယှဉ်နိုင်ပေ။

အပြင်မှာရုန်းရင်းဆန်ခတ်မှုတွေဖြစ်လာသော ကြောင့်နှစ်ယောက်သားအမြန်ပြေးထွက်လာသည်။

လူအနည်းငယ်သည်ဆေးဆိုင်ထဲသို့ပြေးဝင်လာပြီးမှ ဆေးဆိုင်ထဲတွင်လူများရှိနေကြောင်းကိုတွေ့လိုက်ရသည်။နှစ်ဖတ်စလုံးထိန့်လန့်သွားကြသည်။

အဲ့ဒီနောက်မှတော့လူသုံးယောက်သည်လှည့်ပြီး တံခါးကိုအပြင်းထန်ပိတ်ကာပြတင်းကာများကို           ဆွဲချလိုက်သည်။

"တကျွိကျွိ"ဖြင့်ဇွန်ဘီများသည်တံခါးကိုကုတ်ခြစ်နေသည်။အခြားဇွန်ဘီများကလည်းတံခါးကို"တဝုန်းတဗိုင်းဗိုင်း"မြည်အောင်လှုပ်ယမ်းနေကြသည်။              "ဂါးဂါး…ဂါးဂါး"မေးစရာမလိုလောက်အောင် အဆောက်အဦးကိုဇွန်ဘီများဝိုင်းထားကြသည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်တစ်ယောက်ကို တစ်ယောက်ကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက်မိသည်။ကြည့်ရတာတံခါးကပိတ်ဆို့သွားပုံရသည်။

နှစ်ယောက်သားတွယ်တက်ခဲ့ကြသည့်ပြတင်းပေါက်ဆီသို့လျှောက်သွားလိုက်သည်။ကံကောင်းထောက်မစွာဖြင့်ဘေးဘတ်ရှိလမ်းကိုမပိတ်ဆို့ရသေးသော်လည်းဇွန်ဘီများတဖြည်းဖြည်းစုဝေးနေကြသည်ကိုတွေ့နိုင်သည်။

"သွား!!!"ဟဲဇီကျုံးသည်ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပြီးပြတင်းပေါက်ဘောင်ကိုဆွဲကာ ခုန်ဆင်းလိုက်ပြီးသူ့နောက်မှခုန်ဆင်းလာသော ဖန်ဟောင်ကိုလှမ်းပွေ့လိုက်သည်။

နောက်မှရောက်လာသောလူများသည်ဇွန်ဘီများကိုဆွဲဆောင်ခဲ့ခြင်းကြောင့်အခန်းထဲမှာအရင်ကတည်းကရှိနေသောလူများသည်ဒေါသတကြီးစိုက်က်ကြည့်နေကြသည်။နောက်ကျမှရောက်လာသောသူများသည်အပြင်ဘတ်တွင်ဇွန်ဘီများစုဝေးနေခြင်း၏               အကြောင်းပြချက်ဖြစ်သည်။လူတစ်ချို့က လိမ္မာပါးနပ်စွာဖြင့်အခန်းထဲကတင်းမာမှုကိုရိပ်မိ  သည်။

လူတစ်ချို့ကဟဲဇီကျုံးတို့ပြတင်းပေါက်ကနေထွက်သွားတာကိုမြင်လိုက်ကြပြီးကပျာကယာသွားကြည့်ရန်ပြတင်းပေါက်ဆီသို့တိတ်တဆိတ်လျှောက်သွား ကြသည်။

ကားတံခါးကိုဖွင့်လိုက်ပြီးကားထဲသို့အမြန်ဝင်ကာ    အရှိုန်မြှင့်၍မောင်းထွက်သွားကြသည်။နောက်ပိုင်းတွင်လူအုပ်စုတစ်စုသည်လည်းစူပါးမားကတ်မှ လွတ်မြောက်လာပုံရသည်။စူပါးမားကတ်မှ ရှည်လျားသောဇွန်ဘီတန်းကြီးသည်ဖြည်းဖြည်းချင်း တစ်နေရာထဲ၌ဆုံစည်းသွားကြသည်။

ကား၏အသံသည်ဇွန်ဘီအချို့ကိုလှုပ်ရှားရန်           ဆွဲဆောင်ခဲ့သည်။အဲ့အချိန်မှာဘဲဇွန်ဘီများ၏အာရုံကိုပိုမိုဆွဲဆောင်နိုင်သော"ဒိုင်းကနဲ"မြည်သံကြီး သည်ဆေးဆိုင်မှရုတ်တရက်ထွက်ပေါ်လာသည်။

ဟဲဇီကျုံးသည်ဇွန်ဘီများပိုမိုစုဝေးလာသည်နေရာကနေအဝေးသို့ပိုမိုလျင်မြန်စွာမောင်းထွက်ခဲ့ပြီးသူ့တို့ကားသည်လမ်ဆုံကြီးတစ်ခုတွင်ကွေ့လိုက်သောအခါအခြားကားများကလည်းလိုက်ကွေ့လိုက်ကြ သည်။

လူတွေကအရမ်းထိန့်လန့်တုန်လှုပ်နေကြသောအခါတခြားသူများလုပ်တာဟာအကောင်းဆုံးရွေးချယ်မှုလားဆိုတာမသိတာတောင်မသိစိတ်ဖြင့်လိုက်လုပ်    နေကြသည်။

ထို့ကြောင့်ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့သည် ခဏအကြာတွင်၎င်းတို့နောက်တွင်"အမြှီး"တစ်ခုလိုတစ်သီတစ်တန်းကြီးလိုက်ပါလာသည်ကိုတွေ့လိုက်ရသောအခါအလွန်စိတ်ပျက်သွားကြသည်။တစ်ချို့ကလမ်းပေါ်မှာထွက်ပြေးနေစဉ်အတွင်း မတော်တဆဖမ်းမိသွားကြပြီးအချို့ကလည်း လမ်းပါ်တွင်အင်ဂျင်သံကြားသဖြင့် ထွက်ပြေးလိုသောကြောင့်လိုက်သွားကြသည်။

သွေးအန်စေတဲ့အရာကတော့လမ်းမှာဖြတ်သွားတဲ့ကားတစ်စီးနှစ်စီးလောက်ဖြတ်သွားတာကိုမြင်တဲ့အခါသူတို့ကအမှီမလိုက်ချင်ကြပေမယ့်ယာဉ်တန်းကြီးတစ်ခုဖြတ်သွားသည်ကိုမြင်သောအခါလွတ်မြောက်လိုသူများသည်လေကဲ့သို့လိုက်လာကြသည်။

"စီနီယာ….ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ" ဖန်ဟောင်သည်နောက်ကြည့်မှန်ကိုကြည့်လိုက်ပြီးဘာမှကိုမပြောချင်တော့ပေ။

"မြို့ပြင်ကိုသွားကြတာပေါ့"သူ့အစတုန်းကတော့ညမှာအနားယူဖို့မြို့ထဲမှာနေရာရှာချင်သော်လည်းအခုကသူနောက်မှကားတွေအများကြီးရှိနေသည်။ဒီလူအုပ်စုကမိုက်မဲစွာဖြင့်သူ့နောက်ကိုလိုက်လာပြီး          သူ့ရပ်လိုက်တဲ့အခါလိုက်ရပ်သည်။သူနိုးလာတဲ့အခါသေချာပေါက်သူတို့ကိုဇွန်ဘီတွေအပြင်ကနေဝိုင်းရံနေမှာသေချာသည်။

ဖန်ဟောင်ကဒေါသထွက်လွန်းလို့ပါးတွေပါဖောင်းလာပြီးဒီအရူးတွေကတော့!!!ဘာဖြစ်လို့ငါတို့နောက်ကိုလိုက်လာကြတာလဲ?!

ရှေ့ကကားနောက်ကိုနောက်ကကားအုပ်စုက အသည်းအသန်လိုက်မောင်းလာကြသည်။ပြီးတော့   နောက်ကနေလည်းဇွန်ဘီတွေကသူတို့ရဲ့လည်ပင်းကိုဆန့်ပြီးအော်ဟစ်ကာလိုက်ဖမ်းနေကြသည်။

ဒီလိုမြင်ကွင်းမျိုးသည်ကြောက်စရာကောင်းသော်လည်းဟာသအရိပ်အမြွတ်တောင်မှပါဝင်နေသေးသည်။

ဟဲဇီကျုံးကဆီဂိတ်ကိုကြည့်လိုက်သည်။ကံကောင်းစွာဖြင့်တိုင်ကီထဲမှာဆီအပြည့်ရှိနေပြီးAမြို့ကိုသွားရန်အတွက်လုံလောက်သည်။ငယ်စဉ်ကတည်းက     သူနေခဲ့သောမြို့သည်Aမြို့နှင့်မဝေးတဲ့အတွက် ကျေးဇူးတင်မိသည်။

သူတို့နှစ်ဦးသည်မြို့အပြင်ဘတ် အဝေးပြေးလမ်းမကြီးသို့တစ်လျှောက်လုံး ကားမောင်းလာရင်းလမ်းတစ်လျှောက်တွင်ပျံကျဲ နေသောကားအပျက်အစီးများကိုရှောင်ရန်အတွက်အခါအားလျော်စွာလမ်းမပေါ်မှာဒယိမ်းဒယိုင် လျှောက်သွားနေကြတဲ့ဇွန်ဘီအချို့ကိုတိုက်သွားကြသည်။

ရံဖန်ရံခါလမ်းဘေးနှစ်ဖက်တွင်အော်ဟစ်သံများ        ထွက်ပေါ်လာသည်။အစားစာရှာဖို့ထွက်လာတဲ့ အသက်ရှင်ကျန်ရစ်သူများ၏ကံမကောင်းမှုသာဖြစ်သည်။

ဟဲဇီကျုံးတို့အတွက်ကံကောင်းတာကတော့ သူ့ရွှေးချယ်သောလမ်းများသည်အတော်အတန် ဝေးလံသောလမ်းဖြစ်ပြီးလမ်းပေါ်တွင်ရှုပ်ထွေးသော         အတားအဆီးများစွာမရှိခဲ့ပေ။ထို့ကြောင့်သူသည်      မြို့ပြင်ကိုချောချောမွေ့မွေ့မောင်းထွက်နိုင်ခဲ့သည်။

အမြန်လမ်းအဝင်ပေါက်မှာနေထိုင်သူများမရှိတော့သည်မှာတော်တော်ကြာပြီဖြစ်သည်။လမ်းကို ပိတ်ထားသည့်ဂိတ်အတန်းများသည် ကျိုးကျနေသောကြောင့်လမ်းတွေကပွင့်နေသည်။ကားအနည်းငယ်ရှိနေပေမယ့်လည်း အကြောင်းပြချက်အချို့ကြောင့်လမ်းကိုဖြတ်သန်းခကောက်သည့်ရုံကိုဝင်တိုက်မိနေကြသည်။ ဖြတ်သန်းခကောက်သည့်ဂိတ်များစွာကို ဖြတ်သန်းပြီး နောက်အနီးနားမှာခြေဦးတည့်ရာ            ဒယိမ်းဒယိုင်လျှောက်သွားနေသည့် ဇွန်ဘီအနည်းငယ်ကိုသာတွေ့လိုက်ရသည်။

ဟဲဇီကျုံးသည်ပိတ်ဆို့ထားခြင်းမရှိတဲ့ဂိတ်တစ်ခုကို          ရွှေးချယ်လိုက်ပြီးမောင်းဝင်သွားလိုက်သည်။   အနောက်ကတကောက်ကောက်လိုက်လာသောယာဉ်တန်းကြီးသည်လည်းဘာမပြောညာမပြောနဲ့ လိုက်ပြီးမောင်းဝင်လာသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment