no

Font
Theme

"သွမ့်ဇီကကိုယ်ပျောက်လို့ရတာလား"

"မဟုတ်ဘူး၊ဖောက်ထွင်းမြင်နေရရုံဘဲ!!!"ဟဲဇီကျုံးသည်သူ့ရဲ့စားစရာကိုလျစ်လျူရှုပြီးသူ့လက်ထဲက ထမင်းထည့်ထားတဲ့ပန်းကန်ကိုဘေးသို့ဖယ်ကာ ရုတ်တရက်ပျောက်ကွယ်သွားတဲ့သွမ့်ဇီကိုဂရုတစိုက်လေ့လာလိုက်သည်။


သွမ့်ဇီ၏ပုံသဏ္ဍန်ကောက်ကြောင်းလေးသည်ထိုနေရာမှာရှိနေသေးပေမယ့်သွမ့်ဇီ၏အသွင်အပြင်ကိုမြင်နိုင်ရုံမျှသာဖြစ်သည်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးသည်ရေနဲ့တူလာပြီးတော်တော်လေးဖောက်ထွင်းမြင်နေရပေမယ့်ထိုကဲ့သို့ဖောက်ထွင်းမြင်နေရသောပုံစံသည်သိပ်မပြည့်စုံသေးပေ။အကယ်လို့တစ်စုံတစ်ယောက်ကအာရုံစိုက်ပြီးမကြည့်ဘူးဆိုရင်အဆင်ပြေပေမယ့်သေသေချာချာကြည့်လိုက်တဲ့အခါအနည်းငယ်ကွဲလွဲမူနှင့်ခန္ဓာကိုယ်ပုံစံကောက်ကြောင်းအရာလေးကို မြင်နိုင်သည်။


"အဲ့တာက…….အလုပ်ဖြစ်လောက်တယ်"နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားတက်သရောခေါင်းညိမ့်လိုက်သည်။


ညသန်းခေါင်အချိန်တွင်ထူးဆန်း၍ဖောက်ထွင်းမြင် နေရသောအရာလေးသည်ဗီလာဧရိယာမှတောင်ဘက်ဂိတ်သို့ခုန်ထွက်လာခဲ့သည်။


"ဖတ်၊ဘုတ်၊ဘုတ်"


"ဟမ်အဲ့ဒါဘာအသံလဲ"ကင်းလှည့်နေကြသော စစ်သားအုပ်စုသည်ရုတ်တရက်ရပ်လိုက်ပြီးသူ့တို့ရဲ့ သေနတ်များကိုချိန်လိုက်ကာပတ်ပတ်လည်ကို စစ်ဆေးလိုက်သည်။

"မင်းနားကြားမှားတာမြန်းလား"


"ငှက်တစ်ကောင်လား"


"ဘယ်ငှက်ကအဲ့လိုအသံမျိုးအော်လို့လဲအဲ့တာက ဗီဒီယိုဂိမ်းထဲကတစ်ခုခုအသံနဲ့တူတယ်"


"ဘယ်သူ့ကဂိမ်းကစားနေလို့လဲ"


"အခြေစိုက်စခန်းမှာကလျှပ်စစ်ဓာက်အားကိုကန့်သတ်ထားတယ်ဘယ်သူ့ကညသန်းခေါင်ကြီးမှာအသုံး ဖြုန်းကြီးပြီးဂိမ်းကစားမှာလဲ"


ထိုအုပ်စုသည်အချိန်ကြာကြီးပတ်ပတ်လည်မှာရှာဖွေခဲ့ပေမယ့်သူတို့ထူးဆန်းတာဘာတစ်ခုမှမတွေ့ရပေ။ယခုအခြေစိုက်စခန်းရှိအပင်များသည်အပြင်ကလိုဘဲညိုးနွမ်းခြောက်သွေ့နေသည်။အခြေစိုက် စခန်းအတွင်းတွင်လူနေအဆောက်အအုံများမှလွဲ၍ ဘာမှမရှိပေထို့ကြောင့်သဘာဝကျစွာပင်ငှက်များကလည်းမရှိပေ။


အချိန်အတော်ကြာအောင်ရှာဖွေစစ်ဆေးပြီးနောက်သူတို့ထူးဆန်းသည့်မည့်သည့်အရာမှရှာမတွေ့ခဲ့ပေ။ထိုစစ်သားများသည်သူတို့နားအူသွားပြီးနားကြား မှားတာလို့သာယူဆနိုင်ကြသည်။တစ်ချိန်တည်းမှာ တစ်အုပ်စုလုံးနားကြားမှာတာသည်ကျောချမ်းဖွယ် ကောင်းသော်လည်းသူ့တို့ယခုနေထိုင်နေသောထူးဆန်းသည့်ကမ္ဘာကြီးသည်အရာအားလုံးကွဲပြားခြားနားနေသည်။လူသားများသည်လူသားစားသော မကောင်းဆိုးဝါးအဖြစ်သို့ပြောင်းလဲသွားခြင်းနှင့် ယှဉ်ရင်ထူးဆန်းသောအသံသည်ဘာမှမဟုတ်တော့ပေ။


ကင်းလှည့်ပြီးငါးမိနစ်ခန့်အကြာတွင်အမှောင်ကျ သောထောင့်တစ်ခုအတွင်းကလေထုသည်တွန့်လိမ်လာပြီးမူလကမမြင်ရသောတစ်စုတစ်ခုသည်ရုတ်တရက်ထွက်ပေါ်လာသည်။


လေထုအစုအဝေးသည်ဘယ်ဘက်သို့တွန့်လိမ်သွား ပြီးညာဘက်သို့ကြည့်လိုက်ကာ၎င်းသည်တောင်ဘက်သို့မခုန်သွားခင်ဘယ်သူ့မှမရှိကြောင်းအတည်ပြုလိုက်သည်။

ပြာတွေကိုသယ်ဆောင်ထားသောထရပ်ကားသည် အမှိုက်စသည်ကိုမီးရှို့ဖျက်စီးရန်မီးပြင်ဖိုမှတောင်ဘက်ဂိတ်သို့မောင်းလာခဲ့သည်။မြောက်ဘက်ဂိတ်စောင့်ဆိုင်းဧရိယာအတွင်းမှဒုက္ခသည်များသည်ရုတ်တရက်ဇွန်ဘီများဖြစ်လာသောကြောင့် ယခင်ကအရေအတွက်မများပြားသော်လည်းအခုချိန်တွင်မီးရှို့သည်မီးပြင်းဖိုများသည်တစ်နေ့လုံးအကြိမ်ပေါင်းများစွာလည်ပတ်နေရသောပြီးပြာများကိုသယ်ယူပို့ဆောင်ရတာလည်းများလာသည်။


ယာဉ်မောင်းထိုင်ခုံဘေးနားမှာထိုင်နေသောလူသည်သူ့မျက်လုံးများကိုပွတ်လိုက်ပြီးနောက်ကြည့်မှန်သို့ အမှတ်တမဲ့ကြည့်လိုက်သည်။ကားအနောက်ဘက်ကတွန့်လိမ်ရှုံတွနေသောလေထုကိုဝိုးတိုးဝါးတား မြင်လိုက်ပုံရသည်။


"ဟမ်?"


"ဘာဖြစ်လို့လဲ"ကားမောင်းနေတဲ့သူ့ကအမြန်မေးလိုက်သည်။သူတို့သည်အခြေစိုက်စခန်းမှအသက်ရှင် ကျန်ရစ်သူများဖြစ်သည်။ပြာတွေကိုသယ်ယူပို့ဆောင်သောအလုပ်သည်အကျိုးအမြတ်များသောကြောင့်သာဒီလိုမျိုးကံမကောင်းစေသောအလုပ်ကိုလုပ်နေရတာဖြစ်သည်။ထို"အလောင်း"များသည်အလွန် ကြောက်စရာကောင်းပြီးအလုပ်လုပ်တိုင်းကျောချမ်းစရာကောင်းသောခံစားချက်ကြီးကိုရရှိသောကြောင့် သူတို့ရဲ့အာရုံကြောများသည်မသိစိတ်အရအမြဲတမ်းတင်းမာနေသည်။


"မဟုတ်ပါဘူး…….အလင်းပြန်ပြီးမျက်လုံးဝါးသွားတာဖြစ်မယ်"အရှေ့ကခရီးသည်ထိုင်ခုံတွင်ထိုင်နေ သောသူသည်သူ့မျက်လုံးများကိုသေချာစေရန်ပွတ်သပ်လိုက်သည်။ဘာကိုမှမမြင်ရပေမယ့်…..လေထုကချာလည်လှည့်နေပုံရသည်။


"ကြောင်တောင်တောင်လုပ်မနေနဲ့….မင်းဘာမြင်လိုက်တာလဲ"ကားမောင်းနေသူသည်သူ့ခြေထောက်များအားအင်မရှိတော့သလိုခံစားခဲ့ရသည်။မရှင်းပြနိုင်ပေမယ့်တစ်စုံတစ်ခုကိုသူ့အရင်တုန်းကမြင်ခဲ့ဖူးတဲ့အရာတိုင်းထက်ပိုကြောက်နေမိသည်။


"မဟုတ်ဘူး၊ငါကြောင်ကြောင်တောင်လုပ်နေတာမဟုတ်ဘူး၊အဲ့တာကတံလျှပ်၊လေပူ၊ရေအခိုးအငွေ့နဲ့တူတယ်"အမျိုးသားသည်ခဏလောက်စဉ်းစားလိုက်ပြီးသူ့ပေါင်ကိုရိုက်လိုက်ကာ"ဟုတ်တယ်!!!အဲလို ခံစားချက်မျိုးဆောင်းတွင်းမှာပြတင်းပေါက်ကနေ တစ်ခါတစ်ရံလေနွေးနွေးလေးတိုက်တာလောက် ကောင်းတာမရှိတာမျိုး၊အဲ့တာကလေပူလေပြင်းတစ်ခုဘဲ!!!"


ကားမောင်းသူသည်ခဏလောက်အံ့ဩသွားကာသူ မျက်နှာကရှုံမဲ့သွားသည်"အဲ့တာကပြတင်းပေါက် ပေါ်ကိုမိုးစက်လေးတွေကျတာဖြစ်လောက်တယ်….မင်းနည်းနည်းလေးအကြောက်လွန်နေတာမဟုတ်ဘူးလား၊ဘာလို့အရမ်းအံ့ဩနေတာလဲ"

"ငါပြောတယ်မဟုတ်ဘူးလား၊ငါမျက်လုံးတွေ  ခဏလောက်ဝါးသွားတာဖြစ်မယ်လို့မင်းဘဲထပ်မေး နေပြီးတော့!!"နှစ်ယောက်သားငြင်းခုံနေခဲ့ပြီးတောင်ဘက်ဂိတ်သို့မောင်းသွားသည်။


သွမ့်ဇီသည်သက်တောင့်သက်သာနှင့်မျက်လုံးမှိတ်လိုက်ပြီးထရပ်ကားပေါ်မှပြာပုံပေါ်တွင်ညသန်းခေါင်ရဲ့လေပြေလေညင်းများတဖျက်ဖျက်တိုက်ခတ်နေသည်။ကားရပ်သွားသည်နှင့်ကားအနောက်ဘက်မှာရှိသောတစ်ဝက်လောက်ပြည့်နေတဲ့တွင်းကြီးဆီသို့ ခုန်ဆင်းလိုက်ကာဘယ်သူမှမရှိတဲ့နေရာတစ်ခုကို  ရှာတွေ့တဲ့အထိအကြိမ်အနည်းငယ်ခုန်လိုက်ကာ နေရာလွတ်ထဲသို့ဝင်လိုက်သည်။


"မင်းပြန်ရောက်လာပြီလား"သွမ့်ဇီသည်ခေါင်းညိတ်လိုက်ပြီးမျက်လုံးလေးတွေကိုမှေးထားကာသူ့ မားမားရဲ့ညင်သာသောပွတ်သပ်မူကိုဇိမ်ခံနေသည်။

ဟဲဇီကျုံးကအချိန်ကိုတွက်ချက်လိုက်သည်။တစ်နာရီခွဲကြာသွားပြီဆိုတော့မနက်ခင်းနှစ်နာရီလောက်ရှိ လောက်ပြီသူသည်သွမ့်ဇီကိုနောက်တစ်ကြိမ် နေရာလွတ်အပြင်သို့ထွက်ခိုင်းလိုက်သည်။အပြင်တွင်ဘယ်သူမှမရှိကြောင်းကိုအတည်ပြုပြီးမှသွမ့်ဇီက နေရာလွတ်ထဲသို့ပြန်ဝင်လာခဲ့ပြီးခိုးဝင်ရန်ဟဲဇီကျုံးကိုနေရာလွတ်အပြင်သို့ခေါ်သွားလိုက်သည်။

ဟဲဇီကျုံးကအမဲရောင်ကိုဝတ်ဆင်ထားခဲ့ပြီးအနီးနားတွင်လူမရှိကြောင်းအတည်ပြုလိုက်သည်။သူတို့သည်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပြာများကိုသယ်ယူပိုဆောင်ခဲ့သောကြောင့်ပြာတွေကိုမြှုပ်ထားတဲ့တွင်းရဲ့နေရာကိုသိသည်။မှောင်နေတာကိုအခွင့်ကောင်းယူ ပြီးသူကပြာတွင်းအနီးသို့တိတ်တဆိတ်လျှောက် သွားလိုက်ကာသူ့လက်အိတ်တွေကိုချွတ်လိုက်ပြီး စတင်လုပ်ကိုင်ခဲ့သည်။


တစ်ညလုံးဟဲဇီကျုံးနှင့်ဖန်ဟောင်သည်သူ့တို့ရဲ့ စိတ်စွမ်းအင်ကုန်ဆုံးသွားတဲ့အထိအသုံးပြုပြီးရင် တစ်လှည့်စီသွမ့်ဇီကိုအပြင်ခေါ်ထုတ်ခိုင်းလိုက်သည်။သူတို့သည်နေရာလွတ်ရဲ့စည်းမျည်းစည်းကမ်းများကိုအသုံးချခဲ့ပြီးသူတို့အလှည့်ပြောင်းတဲ့အကြိမ်တိုင်း ဗီလာမှာအနားယူခဲ့သည်။တောင်ဘက်ဂိတ်သို့ အဏုမြူကျောက်တုံးစုဆောင်းရန်သွမ့်ဇီခေါ်ထုတ်သွားသောလူသည်နေရာလွတ်ထဲသို့ပြန် လာပြီးဗီလာအတွင်းမှာရှိတဲ့အခြားလူနှင့်နေရာလဲလှယ်လိုက်သလိုမျိုးဖြစ်သည်။


အကြိမ်တိုင်းနေရာလွတ်ထဲကကောင်းကင်သည် ကမ္ဘာပျက်ကပ်မတိုင်ခင်ကမီးရှုးမီးပန်းပွဲတော်လိုမျိုးတောက်ပလင်းထိန်သောသလင်းကျောက်အလွှာ လေးတစ်ခုထွက်ပေါ်နေပြီးတောက်ပလွန်းသော ကြောင့်စိတ်ကူးယဉ်နေတာနဲ့တောင်တူသည်။


သူတို့နှစ်ဦးကိုအနည်းငယ်နောင်တရစေသောအရာမှာအဏုမြူကျောက်တုံးပမာဏအများကြီး စုဆောင်းခဲ့တာတောင်အရင်တစ်ခေါက်ကလို အဖြူရောင်မြူခိုးငွေ့များ(နေရာလွတ်အဆင့်တက်သွားလို့ထွက်ပေါ်လာတဲ့မြူခိုးများ)မရှိပေ။ နောက်ထပ်အဆင့်မြှင့်တက်အောင်အဏုမြူကျောက်တုံးဘယ်လောက်များများစုပ်ယူရန်လိုအပ်သလဲဆိုတာကိုမသိပေ။


အခြေစိုက်စခန်းအပြင်ဘက်ရှိတွင်းကြီးကိုစစ်ထုတ်ရန်သူတို့နှစ်ယောက်နှစ်ညလောက်အချိန်ယူခဲ့ရသည်။ဒီနှစ်ရက်တွင်သူတို့နှစ်ယောက်သည်အိပ်စက်ရန်အတွက်နေခင်းဘက်တွင်နေရာလွတ်အတွင်းမှာနေခဲ့ပြီးညဘက်တွင်အဏုမြူကျောက်တုံးများကို စုဆောင်းရန်အပြင်ထွက်ခဲ့သည်။ကျန်အချိန်များတွင်နှစ်ကိုယ်တူကျင့်ကြံခြင်း၊ကိုယ်ခံပညာလေ့ကျင့်ခြင်းနှင့်အသီးအနှံများကိုရိတ်သိမ်းခြင်း၊ပစ္စည်းများကိုပြုပြင်ခြင်းများဖြင့်အချိန်ကုန်ဆုံးခဲ့သည်။


နေရာလွတ်ထဲကအသီးအရွတ်နှင့်အသီးနှံ့များကို ရိတ်သိမ်းပြီးတာနဲ့တစ်ပြိုင်နက်ခဏလောက်တော့သိမ်းဆည်းဖို့အလုပ်ရှုပ်သည်။ကံကောင်းစွာဖြင့်ရိတ်သိမ်းရသောပမာဏသည်အလွန်အံ့အားသင့် စရာကောင်းသောပမာဏဖြစ်သော်လည်းပိုနေသော အရာများကိုကြက်နှင့်မွေးမြူရေးတိရစ္ဆာန်များက စားသုံးသောကြောင့်သူတို့ရှိမှာအရမ်းကြီးစုပုံမနေ ပေ။ဖန်ဟောင်သည်နေရာလွတ်ထဲတွင်နေအလင်း ရောင်ရရှိသည်ကို အခွင့်ကောင်းယူပြီးအသီးအနှံ့ တစ်ချို့ကိုရွေးချယ်ကာနေရာလွတ်ထဲသို့ဝင်ရန် အဆင်မပြေတဲ့အချိန်တွင်အပြင်မှာစားရန်အတွက် အသီးများကိုနေလှန်းကာသစ်သီးခြောက်ပြုလုပ်ပြီး အိတ်သေးသေးလေးတွေနဲ့ထည့်ကာသိုလှောင်ထားသည်။


သူတို့အရင်ကအပြင်ထွက်သောအခါအများအားဖြင့် သူတို့နှစ်ယောက်ဘဲလှုပ်ရှားသော်လည်းလမ်းပေါ်တွင်တခြားသူများနှင့်တွေ့ဆုံခြင်းကိုရှောင်လွှဲလို့ မရပေ။သူတို့ဘေးနားတွင်တခြားသူများရှိနေတဲ့  အချိန်တွင်အသီးအနှံများထွက်ပေါ်လာခြင်းသည် အတော်လေးအဆင်မပြေကြောင်းသိရှိခဲ့သည်။ အသီးနှံ့များကိုအတုံးအသေးလေးတွေလှီးဖြတ်ပြီး အိတ်ထဲတွင်ထည့်ပြီးစားသုံးနိုင်သော်လည်းလက်ဆက်သောအသီးနှံများကိုစားသုံးခြင်း၏မွေးရနံနှင့်ဝါး နေသောအသံကိုအပြည့်အဝဖုံးမကွယ်ထားနိုင်ပေ။ ထိုကြောင့်အပြင်မှာစားသုံးရန်အတွက်သစ်သီးအချို့ကိုအခြောက်လှန်းဖို့စဉ်းစားခဲ့တာဖြစ်သည်။


ထို့အပြင်သူသည်အမဲသားခြောက်၊ဝက်သားခြောက်နှင့်ဝက်သားမျှင်များဖြင့်အခြားကယ်လိုရီများသော မုန့်များကိုလည်းပြုလုပ်ခဲ့သည်။

အဏုမြူကျောက်တုံးကိစ္စသည်နှစ်ရက်လောက်ကြာခဲ့သည်။နှစ်ရက်ကြာပြီးနောက်သူတို့သည်မစ်ရှင်ခန်းမသို့သွားကာသူတို့အပြင်ထွက်နေစဉ်တွင်လုပ်ဆောင်ရန်သင့်တော်သောတာဝန်ရှိမရှိကိုသွားကြည့်လိုက်သည်။


အခြေစိုက်စခန်းတွင်အဖွဲ့များစွာရှိသော်လည်း အများစုမှာလေ့ကျင့်မူများစွာမရှိဘဲယာယီဖွဲ့စည်း ထားသည့်ယာယီအသင်းဖြစ်သည်။အသင်းတစ် သင်းစီမှာရှိတဲ့လူအရေတွက်သည်မတူညီသော ကြောင့်ထိထိရောက်ပူပေါင်းဆောင်ရွတ်ရန်ခက်ခဲသည်။အခြေစိုက်စခန်းအပြင်ဘက်တွင်အန္တရယ်အလွန်များပြီးစစ်တပ်မှဦးဆောင်လမ်းပြသောမစ်ရှင်မဟုတ်ပါကအကျိုးသက်ရောက်မူရှိရန်ခက်ခဲသည်။


ဖန်ဟောင်နှင့်ဟဲဇီကျုံးသည်ကွန်ပြူတာတွင်ထုတ် ပြန်ထားသည့်တာဝန်များကိုကြည့်နေခဲ့ပြီးဖန်ဟောင်သည်ထိုထဲမှတစ်ခုကိုလက်ညိုးထိုးပြလိုက်သည် "ဒီတစ်ခုကကျွန်တော်တို့သွားမည့်နေရာနဲ့နီးတဲ့မြို့ တောင်ဘက်ကကုန်သည်လမ်းကိုသွားဖို့လိုအပ်တယ်"ယခုချိန်တွင်သူတို့မှာထောက်ပံရေးပစ္စည်းများ မနည်းပါးသော်လည်းကိုယ်ထည်ခိုင်ခံသောကား များနှင့်အသုံးဝင်သောလက်နက်များနည်းပါးလျက်ရှိသည်။ဖန်ဟောင်ညွှန်ပြလိုက်တဲ့တာဝန်သည်ကားအရောင်းပြခန်းကိုဖြတ်သန်းသွားရမှာဖြစ်သည်။ တာဝန်ရဲ့ရည်ရွယ်ချက်သည်Aမြို့ရှိကြီးမားသော စူပါးမားကတ်ကြီးဖြစ်သည်။ဒီတာဝန်ကိုစီစဉ်သူသည်စူပါးမားကတ်ဂိုဒေါင်၏သော့ရှိပုံရသည်။


ဟဲဇီကျုံးကခေါင်းခါလိုက်သည်"ဒီမင်ရှင်ရဲ့တည်နေရာကမြို့ထဲတအားရောက်လွန်းတယ်မလုံခြုံဘူး"သူတို့နှစ်ယောက်ရဲ့အသက်ကိုကယ်ဆယ်ဖို့နေရာလွတ်ရှိရင်တောင်မှအခုချိန်သည်မြို့လည်ခေါင်ကိုသွားဖို့ ကောင်းမွန်သောအချိန်မဟုတ်ပေ။ကားတွေက ထိုနေရာမှာရှိနေပြီးအထဲကိုဘယ်သူမှမဝင်သရွေ့ အမြဲတမ်းရှိနေမှာဖြစ်သည်။သို့သော်လည်းဇွန်ဘီ များနှင့်တိုက်ခိုက်ဖို့ပူးပေါင်းဆောင်ရွတ်မည့်လူတွေရဲ့သဘောတရားကိုမသိနိုင်သောကြောင့်ထို့ကဲ့သို့ သောသူစိမ်းများနှင့်မြို့ထဲသို့သွားခြင်းသည်အလွန်အန္တာရယ်များသည်။


"အဲ့ဆိုကျွန်တော်တို့ဘယ်မစ်ရှင်ကိုလုပ်ကြမလဲ၊ အနီးနားကရွာတွေကိုသွားရှင်းလင်းမယ့်မစ်ရှင်လုပ် ကြမလား"Aမြို့ရဲ့ပတ်ပတ်လည်တွင်မရေတွက်နိုင် သောရွာများနှင့်မြို့ငယ်များရှိပြီးသတိရှိသောအဖွဲ့ များစွာသည်ထိုနေရာကိုသွားရန်ရွှေးချယ်ကြသော ကြောင့်အရေအတွက်တော့ကန့်သတ်ထားသည်။


ဟဲဇီကျုံးကခဏလောက်ရှာဖွေလိုက်ပြီးတော့ လုပ်ဆင့်သင့်သည့်မစ်ရှင်တစ်ခုကိုတွေ့လိုက်သည်"ဒါကိုရွှေးကြရေအောင်"

"စစ်တပ်နဲ့အတူလုပ်ဆောင်ရမယ့်မစ်ရှင်လား"


စစ်တပ်နှင့်အတူအလုပ်လုပ်ခြင်းသည်လုံခြုံရေးမြှင့်မားသော်လည်းစစ်တပ်နှင့်အတူစူပါးမာကတ်ကြီး များ၊စျေးဝယ်စင်တာများနှင့်အခြားနေရာများတွင် ပစ္စည်းများစုဆောင်းရန်တာဝန်ရှိသောထောက်ပံပို့ ဆောင်ရေးဝန်ထမ်းများလိုက်ပါလာမှာဖြစ်သည်။ထို့ကြောင့်စစ်တပ်နောက်မှာလိုက်လာသောအဖွဲ့များသည်အထဲမှာကျန်ခဲ့သမျှကိုစုဆောင်းရန်အတွက် အနီးနားကလူနေအိမ်များကိုသာသွားနိုင်မှာဖြစ်သည်။


အိမ်တစ်အိမ်မှာစုဆောင်းထားတဲ့အစားအစာဘယ် လောက်ရှိမှာမို့လို့လဲ။ပြီးတော့ထိုတာဝန်သည်အသင်းတစ်သင်းကသူတို့ရရှိလာတဲ့ပစ္စည်းတွေရဲ့၇၀%ကို စစ်တပ်ဆီလွဲပြောင်းပေးဖို့လိုအပ်သေးသည်။


စစ်တပ်ကရှင်းလင်းရေးလုပ်ငန်းစဉ်ကိုလုပ်မည့် အစားမြို့ပြဧရိယာထက်အစားအသောက်ကိုပို စုဆောင်းလေ့ရှိသည့်အနီးနားကခရိုင်များနှင့်ရွာများကိုရှင်းလင်းရန်လူအများစုကိုအဖွဲ့ဖွဲ့ဖို့လိုလားကြသည်။

မစ်ရှင်ကိုညွှန်ပြပြီးနောက်ဟဲဇီကျုံးသည်ဖုန်းကိုဖွင့်လိုက်ကာအရင်ကသူ့saveလုပ်ခဲ့တဲ့မှတ်တမ်းတွေကို ဖွင့်လိုက်သည်။သူတို့မစ်ရှင်ထမ်းဆောင်မည့်နေရာအတွင်းတွင်နေရာတစ်ခုရှိသည်။


ဖန်ဟောင်ကဟဲဇီကျုံးလက်ထဲကဖုန်းရဲ့screenကို ကြည့်ခဲ့ပြီးနောက်ရုတ်တရက်ခေါင်းညိတ်ကာ"အို ကေ!!!အဲ့ကိုသွားကြရအောင်!!"

နောက်တစ်နေ့မနက်ခင်း၆နာရီတွင်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်အရှေ့ဘက်ဂိတ်သို့ကားမောင်းသွားလိုက်သည်။ယာဉ်များစွာသည်ပတ်ပတ်လည်တွင် စုဝေးနေသည်။အရှေ့ဘက်တွင်သံချပ်ကာယာဉ်များနှင့်လက်နက်ခဲယမ်းများသယ်ဆောင်ထားသော စစ်တပ်ထရပ်ကားများရှိပြီးအနောက်ဘက်တွင် စစ်တပ်နှင့်လိုက်မည့်ကိုယ်ပိုင်အဖွဲ့၏ကားများပြန့်ကျဲနေသည်။


စစ်တပ်အဖွဲ့ကကားများသည်ဒီနေရာကိုအရင်ရောက်လာခဲ့ပြီးစစ်တပ်ကားများ၏နောက်ကလွတ်နေ သောနေရာများတွင်စစ်တပ်နောက်ကလိုက်မည့် အဖွဲ့အားလုံးစုဝေးနေသည်။စစ်တပ်နောက်က လိုက်မည့်အဖွဲ့များခေါင်းဆောင်များသည်စစ်တပ် ဝန်ထမ်းများကိုအရင်သတင်းပို့ဖို့လိုအပ်သည်။အကုန်လုံးသည်မစ်ရှင်ခန်းမတွင်စာရင်းသွင်းပြီးသားဖြစ် သော်လည်းစစ်တပ်စစ်ဆင်ရေးတစ်ခုအတွင်း မစ်ရှင်လိုအပ်ချက်များသည်အလွန်မြှင့်မားသည်။ထိုထဲကတစ်ခုသည်-အကယ်လို့အသင်းများသည် သက်မှတ်ထားသောအချိန်မတိုင်ခင်ရောက်ရှိလာပြီး စာရင်းသွင်းခြင်းမပြုပါကသူတို့သည်တာဝန်ကို လက်လျှော့လိုက်သည်ဟုအလိုလျောက်သတ်မှက်လိုက်မှာဖြစ်သည်။


ထို့အပြင်စာရင်းမသွင်းထားသောအသင်းများကို မစ်ရှင်တွင်ပူပေါင်းရန်ခွင့်ပြုမှာမဟုတ်ဘဲတွေ့ရှိပါကတရားမဝင်သောအကျိုးမြတ်များကိုအခြေစိုက်စခန်းအပိုင်အဖြစ်သိမ်းယူသွားမှာဖြစ်သည်။တစ်စုံတစ်ယောက်ကပစ္စည်းများစုဆောင်းရန်စစ်တပ်နှင့်အတူတူအလုပ်တွဲလုပ်ပြီးစစ်ဆင်ရေးပြီးဆုံးသွားလို့ထိုနေရာသို့ပြန်သွားချင်တယ်ဆိုရင်တောင်ဘယ်သူမှဂရုစိုက် မည်မဟုတ်ပေ။ဒါပေမယ့်တစ်စုံတစ်ခုရှာတွေ့ နိုင်မလားဆိုတာကကံပေါ်မှာဘဲမူတည်သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment